ဧကရာဇ်တစ်ပါးရဲ့ မာနတရား
Vol. 97 Ch. 1020
[သင့်မြေးတပည့် ဟန်ယောင်သည် သင့်မိတ်ဆွေ မိစ္ဆာ ကောင်းကင်ဧကရာဇ်၏ လမ်းညွှန်မှုဖြင့် ဆန်းကြယ်စွမ်းအား တစ်မျိုးကို သင်ကြား တတ်မြောက်သွား၏။]
[သင့်သားဟန်ဟွမ်သည် သာလွန်မဟာတာအိုကမ္ဘာသို့ ဝင်ရောက်သွားသည်။]
[သင့်မိတ်ဆွေ အန္တိမဒဏ်ခတ်နတ်မင်းသည် သာလွန်မဟာတာအိုကမ္ဘာသို့ ဝင်ရောက်သွားသည်။]
[သင့်မိတ်ဆွေ ဝေ့လန်ရှန်မိသည် မဟာတာအို ဆန်းကြယ်စွမ်းအားတစ်မျိုးကို သုံးသပ်နားလည်ပြီး ကံတရား အထောက်အပံ့ များစွာ တိုးတက်သွား၏။]
[သင့်သားဟန်ထော်သည် ကျိန်စာတိုက်ခံခဲ့ရ၏။]
[သင့်တပည့် ကျန်းကျွယ်ရှီသည် ဆန်းကြယ်စွမ်းအားတစ်မျိုးကို ဖန်တီးပြီး ကိုယ်ပွားသန်းချီ ပြန်လည်မွေးဖွားခြင်း စက်ဝန်းထဲသို့ ကျရောက်သွား၏။]
[သင့်မိတ်ဆွေ ပန်ကူးသည် သာလွန်မဟာတာအိုကမ္ဘာထဲသို့ ဝင်ရောက်သွားသည်။]
‘သာလွန်မဟာတာအိုကမ္ဘာ...’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘သဏ္ဍာန်မဲ့နတ်မင်းက ဖိနှိပ်ခံထားရတာ မဟုတ်ဘူးလား... ဘာဖြစ်လို့ သူ့မဟာတာအိုကမ္ဘာထဲ ဝင်လို့ရနေတာလဲ... ဒါ ထောင်ချောက်ပဲ ဖြစ်ရမယ်’
နံပါတ်တစ်နတ်မင်းဟာ ပဋိပက္ခအစည်းအဝေး ပြီးကတည်းက မဟာတာအို နတ်စိတ်ဝိညာဉ်တွေ ဖိနှိပ်တာကို ခံခဲ့ရပါတယ်။ သိစိတ်မဲ့ မဟာတာအိုကမ္ဘာကိုလည်း ပဋိပက္ခရဲ့ အင်အားစု အသီးသီးက ကျူးကျော်ကြတဲ့အတွက် သိစိတ်မဲ့မဟာတာအိုကမ္ဘာဟာ ပဋိပက္ခရဲ့ ကံတရား အထောက်အပံ့ စွန်းထင်းနေပါတယ်။ နှစ်သန်း နှစ်ဆယ်ကျော် ပဋိပက္ခ အင်အားစုရဲ့ ကျူးကျော်မှုအောက်မှာ သိစိတ်မဲ့ မဟာတာအိုကမ္ဘာက ပဋိပက္ခနဲ့ ပေါင်းစပ်လုနီး ဖြစ်နေပါပြီ။
‘နဝမပဋိပက္ခက တာအိုဖန်တီးရှင် နှစ်ပါးကို ဖိနှိပ်ထားတုန်း သူတို့ရဲ့ မဟာတာအိုကမ္ဘာတွေကို ပေါင်းစပ်ချင်တာလား... ဒါဆို...’
ဟန်ကျွယ်ရဲ့ အတွေးသာ မှန်ကန်ခဲ့မယ်ဆိုရင် နဝမပဋိပက္ခက ရက်စက်လွန်းတယ်လို့ ပြောလို့ရပါတယ်။ ဒီအကွက်က တာအိုဖန်တီးရှင်နှစ်ပါးရဲ့ ကျင့်ကြံမှုတွေကို အဆင့်ကြီးတစ်ဆင့် လျော့ကျစေမှာပါ။ ဟန်ကျွယ်အနေနဲ့ နဝမပဋိပက္ခ ပစ်မှတ်ထားတာကို မခံချင်ဘူးဆိုရင် အန္တိမမူလကမ္ဘာရဲ့ တည်ရှိမှုကို လုံးဝ လူသိခံလို့ မဖြစ်ပါဘူး။
ဟန်ကျွယ်ဟာ သာလွန်မဟာတာအိုကမ္ဘာကို အတော်လေး စိတ်ဝင်စားတဲ့အတွက် ကိုယ်ပွားဖန်တီးပြီး စုံစမ်းစေပါတယ်။ ပင်မခန္ဓာကိုယ်ကတော့ အခုအချိန် တာအိုစက်ကွင်းထဲမှာနေတာ အကောင်းဆုံးပါ။
“ဖေဖေ ဘာတွေးနေတာလဲ”
ဟန်လင်ရဲ့အသံ ထွက်ပေါ်လာပါတယ်။ ဟန်လင်ရဲ့ အသံက နည်းနည်း စိတ်လှုပ်ရှားနေပါတယ်။
ဟန်ကျွယ်ဟာ သူ့သမီးကို တစ်ချက်ကြည့်လိုက်ရုံနဲ့ သူ့သမီး ဘာတွေးနေတယ်ဆိုတာ သိလိုက်ပါတယ် “လာ...”
သားအဖနှစ်ယောက်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲ ဝင်လိုက်ပြီး နောက်တစ်စက္ကန့်မှာပဲ နှစ်ယောက်စလုံး မျက်လုံးဖွင့်လိုက်ကြပါတယ်။
ဟန်လင်းဟာ သက်ပြင်းချလိုက်ပါတယ် ‘အလုပ်မဖြစ်ပြန်ဘူး’
ဟန်လင်ဟာ ဟန်ကျွယ်ကို မော့ကြည့်ပြီး ပြောလိုက်ပါတယ် “ဖေဖေ... ဘာမှမလုပ်နဲ့၊ သမီးကို တိုက်ခိုက်ခွင့်ပေး... သမီးရဲ့ ဆန်းကြယ်စွမ်းအားကို စမ်းကြည့်ချင်လို့”
ဟန်ကျွယ်မှာ သဘောတူဖို့ကလွဲပြီး တခြား ရွေးချယ်စရာ မရှိပါဘူး။
တစ်နာရီကြာတဲ့အခါ အသွင်တူ လက်ရည်စမ်းပွဲ ပြီဆုံးသွားပါတယ်။
ဟန်လင်ဟာ သက်ပြင်းချလိုက်ပါတယ် “ဖေဖေ... ဖေဖေက တကယ်ကို စွမ်းအားကြီးတာပဲ၊ သမီးရဲ့ ဧကရာဇ်စစ်သား ဆယ်သန်းက အစီအမံဖွဲ့ပြီး တိုက်ခိုက်တာတောင် ဖေဖေရဲ့ ဝတ်ရုံကို မချိုးဖျက်နိုင်ဘူး”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ဖေဖေက သမီးရဲ့ ဖေဖေလေ... ဒီလောက်တော့ ရှိရမှာပေါ့”
ဟန်လင်ဟာ နှုတ်ခမ်းတွန့်လိုက်ပါတယ် “ဖေဖေ... သမီး ပဋိပက္ခ အစည်းအဝေးမှာ ဝင်ပြိုင်ရင် အနှိုင်းမဲ့ထိပ်ဆုံးနေရာကို ရနိုင်မယ်လို့ ထင်လား”
“အို... သမီးက ဝင်ပြိုင်ချင်လို့လား”
“သမီးရဲ့ တွက်ချက်မှုအရ ဟန်ယဲ့နဲ့ ဟန်ယောင်က သေချာပေါက် ဝင်ပြိုင်မှာ၊ အဲဒါကြောင့် သမီး သူတို့ကို အဖော်ပြုသင့်လား စဉ်းစားနေတာ”
ဟန်ကျွယ်ဟာ မျက်လုံးပင့်တက်သွားပါတယ် ‘ဒါက မိန်းမတစ်ယောက်ရဲ့ စိတ်လား...’
ဟန်ကျွယ်ဟာ ဟန်လင်က ဟန်ယောင်နဲ့ ဟန်ယဲ့ကို အမြင်မကြည်ဘူးဆိုတာ သိပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ကို ဟန့်တားဖို့အတွက် ဟန်လင်က ပဋိပက္ခ အစည်းအဝေးထဲ ဝင်ပြိုင်ချင်လိမ့်မယ်လို့တော့ မျှော်လင့်မထားခဲ့ပါဘူး။
ဟန်လင်ဟာ ပါးစပ်ကို လက်နဲ့ကာပြီး တခစ်ခစ် ရယ်လိုက်ပါတယ် “ဖေဖေ... သမီးက ဖေဖေကို စနေတာ၊ ဖေဖေက အဲဒီကောင်စုတ်လေးနှစ်ကောင်ကို တန်ဖိုးထားတယ်ဆိုတာ သမီးသိပါတယ်၊ သမီးက ဘာဖြစ်လို့ ဖိနှိပ်ရမှာလဲ”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “သမီးကလည်း သူတို့ရဲ့ ဘိုးဘေးပဲ၊ သူတို့ကို တန်းတူတွေလို မဆက်ဆံနဲ့၊ သူတို့တွေ ကြီးပြင်းလာရင် သမီးရဲ့ ရည်ရွယ်ချက် အောင်မြင်ဖို့ အကူအညီ ဖြစ်စေလိမ့်မယ်”
လောကဦး ဧကရာဇ်ကြယ်က ဧကရာဇ်အဖြစ် မွေးဖွားလာတာပါ။
ဟန်ကျွယ်ဟာ ဟန်လင်ရဲ့ အသွင်အပြင်ကိုကြည့်ပြီး အလိမ်မခံပါဘူး။ ဟန်လင်က လိမ္မာတယ်လို့ ထင်ရပေမဲ့ မောက်မာမှုက ရင်ထဲမှာ အမြဲတမ်း ရှိနေပါတယ်။ ဟန်လင်ရဲ့ အတွေးတွေကို ခန့်မှန်းဖို့က ဟန်ကျွယ်အတွက် သိပ်မခက်လှပါဘူး။ ဟန်လင် သူ့ကို အမြဲတမ်း စိန်ခေါ်တာက သူ့ကို အနိုင်ယူနိုင်ရင် ပဋိပက္ခကို စိုးမိုးနိုင်ပြီဆိုတာ သိနေလို့ မဟုတ်ပါလား။
ဟန်လင်ဟာ သူ့အဖေရဲ့ စကားကြောင့် အတွေးများသွားပါတယ်။
ဟန်ကျွယ်ကတော့ စာစောင်တွေကို ဆက်ပြီးတော့ ဖတ်ပါတယ်။ နှစ်ငါးသန်းတောင် ကြာသွားပြီ ဖြစ်တဲ့အတွက် စာစောင်တွေကို တောင်လိုပုံနေပါတယ်။ ပြောရရင် စာစောင်တိုင်းက ဘဝတစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဒီအစိတ်အပိုင်းက ကပ်ဘေးရော အခွင့်အရေးရော ဖြစ်နိုင်ပါတယ်။
ဟန်ကျွယ် စာစောင်တွေကို ဖတ်လို့ပြီးသွားပေမဲ့ ဟန်လင်ကတော့ အတွေးရေယာဉ်ကြောထဲ မျောနေတုန်းပါ။ ဒါကြောင့် ဟန်ကျွယ်လည်း မတ်တတ်ရပ်ပြီး သူ့တာအိုလက်တွဲဖော်တွေဆီ သွားလည်ပါတယ်။
နှစ်လေးငါးခြောက်ဆယ် ကြာပြီးနောက်။
ဒုတိယ တာအိုစက်ကွင်းမှာ ဟန်ကျွယ်ဟာ ပဋိပက္ခ နတ်ဘီလူး ဒါဇင်ကျော်နဲ့ မျက်နှာချင်းဆိုင်ထိုင်ပြီး တာအိုဆွေးနွေးနေပါတယ်။
နှစ်တွေလည်း ကြာပြီဖြစ်တဲ့အတွက် ပဋိပက္ခ နတ်ဘီလူး အကုန်လုံး မဟာတာအိုပညာရှိတွေ ဖြစ်ကုန်ကြပါပြီ။ ထက်ဝက်ကျော်လောက်ကတော့ မဟာတာအို အထွတ်အထိပ်အဆင့်ကို ရောက်ရှိသွားကြပါပြီ။ ဒီလိုဖြစ်ရတာက သူတို့ရဲ့ အရည်အချင်းအပြင် ဒုတိယ တာအိုစက်ကွင်းရဲ့ စိတ်ဝိညာဉ်ချီကြောင့်လည်း ပါပါတယ်။
မုရုံချီ “ဆရာဘိုးဘိုး... မကြာသေးခင်က ကျွန်တော်ရဲ့ ဝိညာဉ်နက်ထဲမှာ ကမ္ဘာတစ်ခု ဖြစ်တည်လာတယ်၊ ဒီကမ္ဘာက ကျွန်တော်ရဲ့ ကျင့်ကြံမှုနဲ့ နီးနီးကပ်ကပ် ဆက်နွှယ်နေတယ်၊ အဲဒါ ဘာဖြစ်လို့လဲ”
မုရုံချီဟာ ပဋိပက္ခအစည်းအဝေးမှာ ကမ္ဘာစွမ်းအားကို မြင်တွေ့ခဲ့ရပါတယ်။ ကမ္ဘာရဲ့ စွမ်းအားက တကယ်ကို စွမ်းအားကြီးတာပါ။ ဒါပေမဲ့ အဲဒီတုန်းက မုရုံချီဟာ ဒါဟာ ဆန်းကြယ်စွမ်းအားပဲလို့ ထင်မြင်ခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ ဒါက ဆန်းကြယ်စွမ်းအား မဟုတ်ဘဲ အဆင့်တစ်ဆင့်ဆိုတာကို သဘောပေါက်သွားပါတယ်။
ဟန်ကျွယ် “မင်း မဟာတာအို အထွတ်အထိပ်အဆင့်ထက် ကျော်လွန်ချင်ရင် ကမ္ဘာတစ်ခု ဖန်တီးဖို့လိုတယ်၊ အရင်တုန်းက ပဋိပက္ခရဲ့ အကြွင်းမဲ့ပါရမီရှင် ဆယ်ပါး တိုက်ခိုက်ခဲ့တဲ့နေရာက သိစိတ်မဲ့ မဟာတာအိုကမ္ဘာပဲ၊ အဲဒါက သာလွန်တည်ရှိမှုတစ်ခုရဲ့ ကမ္ဘာပဲ”
တစုန်ကောင်းကင်ဟာ နှလုံးလှုပ်သွားပါတယ် “အဲဒါဆို ပဋိပက္ခလည်း...”
ဟန်ကျွယ်ဟာ ပြုံးပြီး ခေါင်းညိတ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဒုတိယ တာအိုစက်ကွင်းထဲမှာမလို့ နဝမပဋိပက္ခကို ထောက်လှမ်းမိမှာကို မစိုးရိမ်ပါဘူး။
ဟန်ကျွယ်ဟာ ဒီအခွင့်အရေးကို အသုံးချပြီး သူ့တပည့်ရင်းတွေကို မဟာတာအိုကမ္ဘာနဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေ ပြောပြဖို့ စီစဉ်ထားပါတယ်။ သူတို့အကုန်လုံးက ဟန်ကျွယ် ယုံကြည်ရတဲ့လူတွေပါ။ ပဋိပက္ခ နတ်ဘီလူးတွေရဲ့ အရည်အချင်းက ထက်မြက်လွန်းပေမဲ့ ဟန်ကျွယ်ရဲ့ ဦးဆောင်လမ်းပြမှုသာ မရှိရင် သူတို့တွေ ဒီအဆင့်ကို ရောက်ဖို့က မလွယ်လှပါဘူး။
ဟန်ကျွယ်ဟာ မဟာတာအိုကမ္ဘာနဲ့ ပတ်သက်ပြီး သူ နားလည်ထားတာတွေကို ရှင်းပြလိုက်တဲ့အခါ ပဋိပက္ခ နတ်ဘီလူး ဒါဇင်ကျော်ဟာ အတွေးနက်သွားကြပါတယ်။
အတန်ကြာတဲ့အခါမှာတော့...
ဝူတောက်ကျန့်က သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “သခင်... အဲဒါဆို သခင်ရဲ့ မဟာတာအိုကမ္ဘာကရော...”
ဟန်ကျွယ်ဟာ ပြုံးပြီး ဘာမှ ထပ်မပြောတော့ပါဘူး။
ငရဲကြက်နက်က အော်ပြောလိုက်ပါတယ် “အပိုတွေ လျှောက်မမေးနဲ့၊ ဒီမေးခွန်းကို ပြန်ဖြေရရင် အဖြေက မရှိဘူးပဲ၊ တခြားလူတွေလည်း ဒီအတိုင်းပဲ ဖြေကြ၊ သိစိတ်မဲ့ မဟာတာအိုကမ္ဘာက ဘယ်လောက်တောင် ကျယ်လဲ၊ အဲဒီလောက် ကျယ်တာတောင် ပဋိပက္ခအောက်မှာ ဖိနှိပ်ခံရတယ်၊ ဒါကို ကြည့်ခြင်းအားဖြင့် ပဋိပက္ခရဲ့သခင်က စိတ်သဘောထား ကျဉ်းမြောင်းတယ်ဆိုတာ အသိသာကြီး၊ သူသာ ရှာတွေ့သွားရင်...”
နတ်ဘီလူးတွေဟာ နှလုံးလှုပ်သွားကြပြီး ဝူတောက်ကျန့်ရဲ့ မျက်နှာလည်း သွေးဆုတ်သွားပါတယ်။
ဟန်ကျွယ် “မင်းတို့တွေ နောက်ကျ ပဋိပက္ခကို ခရီးသွားရင် ဂရုစိုက်ဖို့ လိုလိမ့်မယ်၊ မင်းတို့ရဲ့ ကျင့်ကြံမှုအဆင့်က သက်ရှိအားလုံးအထက်မှာ ရှိနေတယ်လို့ ထင်ရပေမဲ့ ဒီပဋိပက္ခက အတော်လေး သူစိမ်းဆန်တာကို မင်းတို့ အာရုံခံမိမှာပါ၊ အမြင့်ကို ရောက်လေလေ မင်းတို့ရဲ့ နားလည်မှုတွေလည်း များလေလေ ဖြစ်သင့်တယ်၊ နိယာမအများကြီးနဲ့ တည်ရှိမှုတစ်ချို့က စိတ်ကူးလို့မရတဲ့အရာတွေ၊ ဒီစိတ်ကူးလို့မရတဲ့ တည်ရှိမှုတွေရဲ့ နောက်ကွယ်မှာ ငါတို့အကုန်လုံးထက် ကျော်လွန်တဲ့ သာလွန်တည်ရှိမှုတစ်ခု ရပ်နေသေးတယ်”
နတ်ဘီလူးတွေဟ ခေါင်းညိတ်လိုက်ကြပါတယ်။
ကောင်းကင်နက္ခ နတ်ဘီလူး “ကျွန်တော်တို့တွေ အပြင်မထွက်ဘူး၊ နောက်ကျ ကျွန်တော်တို့တွေ ပျင်းလာရင် တစ်ယောက်ရဲ့ မဟာတာအိုကမ္ဘာထဲ တစ်ယောက် ဝင်နေလိမ့်မယ်၊ ကျွန်တော်တို့တွေ ဆရာသခင်အတွက် ပြဿနာမဖြစ်စေရပါဘူး”
တခြား ပဋိပက္ခ နတ်ဘီလူးတွေကလည်း ခေါင်းညိတ်ကြတဲ့အတွက် ဟန်ကျွယ်ဟာ အတော်လေး ကျေနပ်အားရသွားပါတယ်။ သူတို့တွေ မဟာတာအိုကမ္ဘာ ပျိုးထောင်ဖို့က အချိန် အများ အများကြီး လိုအပ်မှာပါ။
လေးငါးဆယ်နှစ် ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ တတိယ တာအိုစက်ကွင်းဆီ ပြန်ပြီး ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။ ရုတ်တရက် ဟန်ကျွယ်ဟာ ကြယ်စကြဝဠာထဲမှာရှိတဲ့ ဟုန်ကျွင်းကို တွေးမိလိုက်ပါတယ်။
ဟန်ကျွယ် လှမ်းကြည့်လိုက်တဲ့အခါ ဟုန်ကျွင်းက ကြယ်စကြဝဠာထဲမှာ မရှိတော့တာကို တွေ့လိုက်ရပါတယ်။ ဒါပေမဲ့ လျူပေ့ကတော့ ရှိနေပါသေးတယ်။
ဟန်ကျွယ် တွက်ချက်ကြည့်တဲ့အခါ ဟုန်ကျွင်းက လွတ်လပ်မှုတာအိုပညာရှိ ဖြစ်သွားပြီးနောက် ကြယ်စကြဝဠာထဲကနေ ထွက်ခွာသွားတာကို တွေ့လိုက်ရပါတယ်။ လောလောဆယ်မှာတော့ ဟုန်ကျွင်းဟာ ပဋိပက္ခရဲ့ ထောင့်တစ်နေရာမှာ တာအိုဟောကြားပြီး သူ့သင်ကြားမှုကို ဖြန့်ကြက်နေပါတယ်။
ဟုန်ကျွင်းက တာအိုဘိုးဘေး ပြန်လာဖို့ ပြင်ဆင်နေတာ ဖြစ်လိမ့်မယ်လို့ ဟန်ကျွယ် ခန့်မှန်းလိုက်ပါတယ်။ ဟန်ကျွယ်ဟာ တာအိုဘိုးဘေး ဘာလိုချင်လဲဆိုတာကို အခုထိ နားမလည်နိုင်သေးပါဘူး။ ကောင်းကင်တာအိုနဲ့ ပဋိပက္ခ ငြိမ်းချမ်းနေတာတောင် တာအိုဘိုးဘေးက ပြန်ပေါ်မလာသေးပါဘူး။
ဖြစ်နိုင်ခြေကတော့ တာအိုဘိုးဘေး တည်ထောင်ထားတဲ့ မဟာတာအိုကမ္ဘာက စွမ်းအားကြီးလွန်းလို့ နဝမပဋိပက္ခ ရှာတွေ့သွားမှာကို ကြောက်နေတာလည်း ဖြစ်နိုင်ပါတယ်။
[ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်သည် သင့်အား အိပ်မက်ပေးလို၏။ လက်ခံမည်လော။]
ရုတ်တရက် ပေါ်လာတဲ့ အသိပေးချက်ကို ကြည့်ပြီး ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်က သေမျိုးကမ္ဘာကို ရာထူးချခံထားရတာ မဟုတ်ဘူးလား... ဘယ်လိုလုပ်ပြီး ငါ့ကို အိပ်မက်ပေးနိုင်တာလဲ... နှစ်သန်း ၂၀ ကြာသွားလို့ ပြန်ပြီးတော့ အင်အားကြီးလာတာလား...’
ဟန်ကျွယ်ဟာ တဒင်္ဂ တုံ့ဆိုင်းသွားပေမဲ့ အိပ်မက်ကို လက်ခံဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အိပ်မက်နယ်မြေက ဗလာနယ်မြေပါ။ ဟန်ကျွယ်ဟာ အထွတ်အထိပ်နိယာမရဲ့ နတ်အလင်းရောင်တွေ ဖုံးလွှမ်းနေတဲ့ ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ကို တွေ့လိုက်ရပါတယ်။
နှစ်ယောက်စလုံး တိတ်ဆိတ်သွားပါတယ်။
တစ်ခဏကြာမှ ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်က စကားစပါတယ် “လောကဦး နတ်ဘီလူး ပေါ်လာဖို့ အချိန်ကျပြီ”
မြန်မာပြည် ငြိမ်းချမ်းပါစေ။