← Chapters

အနန္တဖျက်ဆီးရှင်သခင် ရှီထျန်

Vol. 98 Ch. 1021

အနန္တဖျက်ဆီးရှင်သခင် ရှီထျန်

Vol. 98 Ch. 1021

“လောကဦး နတ်ဘီလူးက ဘယ်မှာလဲ” ဟန်ကျွယ်က တည်တည်ငြိမ်ငြိမ်ပဲ မေးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ရဲ့ ရည်ရွယ်ချက်ကို စပြီးတော့ စဉ်းစားပါတယ်။

ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ် “ငါလည်း မသိဘူး၊ ဒါပေမဲ့ မင်း တစ်ယောက်ဖန်တီးပြီး မဟာတာအို အနန္တကပ်ဘေးကို ရှေ့ရောက်အောင် လုပ်လိုက်ရင် အဆုံးမဲ့ခေတ်ကို ခပ်မြန်မြန် ရောက်သွားလိမ့်မယ်”

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်ပြီး မေးလိုက်ပါတယ် “အဆုံးမဲ့ခေတ်က ဘာလဲ”

“မဟာတာအိုကမ္ဘာအသီးသီးနဲ့ ယှဉ်တွဲပြီး တည်ရှိနိုင်တာ၊ အဲဒီအချိန်ကျရင် ပဋိပက္ခက တကယ်ကို အဆုံးမဲ့ ဖြစ်သွားလိမ့်မယ်၊ အဲဒီခေတ်ကို ရောက်လာရင် မင်းလည်း နောက်ခြေတစ်လှမ်း ထပ်လှမ်းလို့ ရလိမ့်မယ်၊ အဖေက မင်းကို ဒီအကြောင်း ပြောပြီးလောက်ပါပြီ၊ ငါ ဒီတစ်ခေါက် မင်းကို လာရှာတာက အဖေ ဂူအောင်းကျင့်ကြံနေလို့ပဲ၊ အဲဒါကြောင့် မင်းကိုပဲ လာရှာရတာ”

“ငါတို့ရဲ့ အတိတ်က ကိစ္စတွေကို သင်ပုန်းချေလို့ရတယ်၊ ငါ အဆုံးမဲ့ခေတ်ကို မြန်မြန်ရောက်စေချင်တာက အဆုံးမဲ့ခေတ်ကိုရောက်မှ ငါ သေမျိုးကမ္ဘာကနေ ထွက်ခွာနိုင်မှာမလို့ပဲ”

ဟန်ကျွယ်ဟာ မျက်လုံးကျဉ်းသွားပါတယ် “မင်း ဘာဖြစ်လို့ ဒီလောက် အလျင်လိုနေတာလဲ၊ မင်း အသက်ရှင်ခဲ့တဲ့ အချိန်ကို တွက်ကြည့်ရင် ဒီလိုမဖြစ်သင့်ဘူးမလား”

“ငါ မင်းကို ဖုံးမထားတော့ဘူး၊ အဖေက သာလွန်တည်ရှိမှုနှစ်ခုကို ဖိနှိပ်လိုက်ပေမဲ့ တခြားတည်ရှိမှုနှစ်ခု ကျန်သေးတယ်၊ အဲဒီထဲက သွေးဆာတဲ့ တစ်ယောက်က နိုးထလာတော့မှာ၊ သူနိုးလာတာနဲ့ ပဋိပက္ခထဲက သက်ရှိတွေကို သတ်ပစ်ပြီး သက်ရှိအားလုံးရဲ့ တိုးတက်မှုကို ကန့်သတ်လိမ့်မယ်”

“ငါနဲ့မင်းက ရန်ငြိုးရှိတယ်ဆိုပေမဲ့ ငါက ပဋိပက္ခ တိုးတက်လာတာကို ထိုင်ကြည့်နေခဲ့တာ၊ ငါ ပဋိပက္ခထဲက သက်ရှိတွေ ထပ်ပြီးတော့ အသတ်ခံရတာကို မမြင်ချင်ဘူး၊ အရင်တုန်းကဆို ငါ ဘာမှတတ်နိုင်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ မင်းပေါ်လာတာက ငါ့ကို မျှော်လင့်ချက် ဖြစ်စေတယ်၊ အဖေက မင်းကို အထူးတလည် သည်းခံပြီး အဆုံးမဲ့ခေတ် ဖန်တီးမဲ့ တာဝန်ကို ပေးခဲ့တယ်မလား၊ အဆုံးမဲ့ခေတ် ရောက်တာနဲ့ သက်ရှိတွေက ပဋိပက္ခထဲမှာ ပိတ်မိ‌နေတော့မှာ မဟုတ်ဘူး၊ အဲဒီသွေးဆာတဲ့ သာလွန်တည်ရှိမှုလည်း သက်ရှိတွေကို သတ်ဖြတ်တော့မှာ မဟုတ်ဘူး”

ဟန်ကျွယ်က တအံ့တဩ မေးလိုက်ပါတယ် “ဘာဆိုင်လို့လဲ”

ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ဟာ ပြုံးလိုက်ပါတယ် “အဆုံးမဲ့ခေတ် ရောက်လာရင် မဟာတာအိုကမ္ဘာတွေက လွတ်လပ်သွားလိမ့်မယ်၊ အဲဒါဆို သူက သူ့ရဲ့ မဟာတာအိုကမ္ဘာကို တိုးတက်အောင်လုပ်ရင်း အလုပ်များနေမှာ၊ ဘယ်လိုလုပ်ပြီး ပဋိပက္ခကို အာရုံစိုက်အားမှာလဲ”

“အဲဒါဆို မင်းအဖေက ဘာဖြစ်လို့ သူ့ကို တစ်ခါတည်း မတားတာလဲ”

“ဘာဖြစ်လို့လဲဆိုတော့ အဲဒီသွေးဆာတဲ့ တည်ရှိမှုက သူ့အကြောင်း သူသိပြီး တာအိုပညာရှိအထက်က တည်ရှိမှုတွေကိုပဲ သတ်ပစ်လို့၊ အဖေက သူ့ဂုဏ်သတင်း ထိခိုက်မှာစိုးလို့ ပဋိပက္ခ စွမ်းအားကြီးပုဂ္ဂိုလ်တွေကို မဖိနှိပ်တာ၊ ဒါကို ကောင်းကောင်းကြီး အသုံးချလို့ရတယ်လေ”

ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ရဲ့ အသံဟာ ဒေါသစွက်လာပါတယ်။

ဟန်ကျွယ်ဟာ မျက်မှောင် ထပ်ကြုတ်သွားပါတယ်။ ဟန်ကျွယ်ဟာ နဝမပဋိပက္ခနဲ့ စကားပြောပြီးနောက် မဟာတာအိုကပ်ဘေးနဲ့ အဆုံးမဲ့ခေတ် ရောက်လာတာကို ထိုင်စောင့်လို့ရပြီလို့ ထင်ထားခဲ့တာပါ။ အခုလိုမျိုး နောက်ထပ် တာအိုဖန်တီးရှင်တစ်ပါး ထပ်ပေါ်လာလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။

ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်က ဆက်ပြောပါတယ် “ငါ အဲဒီတည်ရှိမှုနဲ့ ပတ်သက်ပြီး အများကြီးပြောလို့ မရဘူး၊ မဟုတ်ရင် သူ ရှာတွေ့သွားလိမ့်မယ်၊ မင်း အကောင်းဆုံး ကြိုးစားပြီး လောကဦးနတ်ဘီလူးကို ခပ်မြန်မြန် ရွေးချယ်ချည်၊ လောကဦး နတ်ဘီလူး အစစ် မဟုတ်လည်း ကိစ္စမရှိဘူး၊ လောကဦးနတ်ဘီလူးက ဒဏ္ဍာရီတစ်ပုဒ်ပဲမလား၊ မင်း သူ့ကို လောကဦး နတ်ဘီလူး နာမည်ပေးလိုက်ရင် ရပြီ၊ နောက်ပြီး ဒီကလးရဲ့ အရည်အချင်းက မဟာတာအိုကပ်ဘေး ကံတရား အထောက်အပံ့ကို တောင့်ခံနိုင်ရလိမ့်မယ်”

“လောကဦး နတ်ဘီလူးက မဟာတာအိုအနန္တကပ်ဘေးကို ဆက်ခံပြီး ဗလာနယ်မြေကို ကွဲကြေအောင် လုပ်ရလိမ့်မယ်၊ ဗလာနယ်မြေက ပဋိပက္ခကို တကယ် ချည်နှောင်ထားတဲ့ လောကဦးဥပဒေပဲ”

စကားဆုံးတာနဲ့ ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ဟာ အိပ်မက်ကို ခပ်မြန်မြန် အဆုံးသတ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ် ပြောတာ အမှန်ပဲလား”

[သက်တမ်း ၅၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[အမှန်ဖြစ်သည်။]

“ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ပြောတဲ့ တာအိုဖန်တီးရှင်က ဘယ်သူလဲ”

[ကံရေစက်မရှိ၍ တွက်ချက်မရပါ။]

“ဘယ်တာအိုဖန်တီးရှင်က သွေးဆာပြီး တာအိုပညာရှိအထက်က တည်ရှိမှုတွေကို သတ်ပစ်မှာလဲ”

[သက်တမ်း ၂ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

‘ကျွတ်..ကျွတ်... ဒီကောင်က သဏ္ဍာန်မဲ့နတ်မင်း၊ ပဋိပက္ခသိစိတ်တို့ထက်တော့ စွမ်းအားကြီးသားပဲ’

ဟန်ကျွယ်ဟာ ဆက်တွက်ဖို့ ရွေးချယ်လိုက်ပါတယ်။

စာတစ်စောင် ဟန်ကျွယ် မြင်ကွင်းထဲမှာ ပေါ်လာပါတယ်။

[အနန္တဖျက်ဆီးရှင်သခင် ရှီထျန်: တာအိုဖန်တီးရှင် ကနဦးအဆင့်၊ ပဋိပက္ခနတ်မင်း၊ ပထမပဋိပက္ခ အမွေခံ၊ နဝမပဋိပက္ခ၏ တပည့်ရင်း။]

အနန္တဖျက်ဆီးရှင်သခင် ရှီထျန်က တာအိုဖန်တီးရှင် ကနဦးအဆင့်မှာပဲ ရှိပါသေးတယ်။ နဝမပဋိပက္ခရဲ့ ဖိနှိပ်မှုက အတော်လေး အားကောင်းတဲ့အတွက် တာအိုဖန်တီးရှင်သုံးပါးစလုံး ရှေ့ဆက်မတက်နိုင်တာ ဖြစ်ပါလိမ့်မယ်။

အနန္တဖျက်ဆီးရှင်သခင် ရှီထျန်က နဝမပဋိပက္ခရဲ့ တပည့်ရင်းဖြစ်ပြီး ပထမပဋိပက္ခရဲ့ အမွေခံလည်း ဖြစ်တဲ့အတွက် ပဋိပက္ခကို ဆေးကြောခွင့် ရထားတာ အံ့ဩစရာတော့ မရှိပါဘူး။ နဝမပဋိပက္ခက ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ထက် အနန္တဖျက်ဆီးရှင်သခင် ရှီထျန်ကို ပိုပြီး အလေးသာပုံပါပဲ။

ဟန်ကျွယ်ဟာ လောကဦးနတ်ဘီလူးကိစ္စကို အာရုံစိုက်လိုက်ပါတယ်။

ဟန်ဟွမ်က လောကဦးနတ်ဘီလူးဆိုပေမဲ့ တစ်ခေတ်တည်းမှာ ဩချရလောက်တဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေ ထွက်ပေါ်လာပါတယ်။ ဥပမာပေးရရင် တာအိုအရှင်သခင်နဲ့ ကျန်းကျွယ်ရှီတို့လို့ပေါ့။ သူတို့တွေက အနာဂတ်မှာ တာအိုဖန်တီးရှင် ဖြစ်လာမဲ့လူတွေပါ။ တစ်ခုသိထားရမှာက အရင် လောကဦးနတ်ဘီလူးဟာ တာအိုဖန်တီးရှင်အဆင့်ကို မရောက်ခဲ့ပါဘူး။ အဲဒါကြောင့် လောကဦး နတ်ဘီလူးငယ်လေးကို ဒီလိုမျိုး ပါရမီရှင်တွေက နောက်ကနေ အမီလိုက်ဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။

တကယ်တော့ အရည်အချင်းချင်း ယှဉ်ရင် ဟန်ဟွမ်ကို ဘယ်သူမှ ယှဉ်လို့ မရပါဘူး။ ဒါပေမဲ့ တခြားပါရမီရှင်တွေ အကုန်လုံးမှာက ကြီးမားတဲ့ ကံတရား အထောက်အပံ့တွေ ရှိနေပါတယ်။

ဟန်ကျွယ်ဟာ တာအိုအရှင်သခင်ကို တွေးမိလိုက်ပါတယ်။ အနာဂတ် မဟာတာအိုအရှင်သခင်က အဆုံးမဲ့ခေတ် ဖန်တီးရာမှာ အများကြီး အကျိုးဆောင်ခဲ့တဲ့အတွက် မဟာတာအိုအရှင်သခင်ဘွဲ့ အပ်နှင်းခံခဲ့ရပါတယ်။

‘ငါ တာအိုအရှင်သခင်ကို လောကဦး နတ်ဘီလူး လုပ်သင့်လား...’

ဟန်ကျွယ်ဟာ ဒါက အလုပ်ဖြစ်နိုင်တယ်လို့ ခံစားလိုက်ရပါတယ်။ ဒီလိုဆို ဟန်ဟွမ်ကို ကာကွယ်ပြီးသားလည်း ဖြစ်သွားပါလိမ့်မယ်။

ဟန်ဟွမ်က တဲ့တိုးဆန်လွန်ပြီး တာအိုအရှင်သခင်လောက် အတွေ့အကြုံ မရှိပါဘူး။ သူသာ မဟာတာအို အနန္တကပ်ဘေးကို ဖြစ်ပေါ်စေမယ်ဆိုရင် တခြားလူတွေ အသုံးချတာကို ခံရနိုင်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဒီကိစ္စကို အလျင်လိုစရာ မလိုဘူးလို့ ခံစားလိုက်ရပါတယ်။

“အနန္တဖျက်ဆီးရှင်သခင် ရှီထျန်က ပဋိပက္ခကို ဘယ်တော့ ဆင်းသက်မှာလဲ”

[သက်တမ်း ၂ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[၁.၉ ဘီလီယံခန့် လိုသေးသည်။]

‘ဒီလောက်တောင် လိုသေးတာလား... ဒါဆို ဘာအလျင်လိုစရာရှိလဲ’

ဟန်ကျွယ်ဟာ မျက်လုံးပင့်တက်သွားပြီး ဒီကိစ္စကို ခေါင်းထဲက ထုတ်လိုက်ပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။

.....

ကြက်သွေးရောင် ကောင်းကင်အောက်က အဆုံးမဲ့ပင်လင်ပြင်မှာ ဧရာမအရိုးမျိုးစုံ မျောပါနေပါတယ်။ ဒီပင်လယ်ထဲကို ရှေးဟောင်းမျှော်စင်တစ်ခု ရုတ်တရက် ဆင်းသက်လာပါတယ်။ ဒီရှေးဟောင်းမျှော်စင်မှာ တာအိုအရှင်သခင်၊ ကျောက်ရွှမ်ယွမ်၊ ကျန်းယီ၊ လောင်တန်နဲ့ ဟန်ယဲ့တို့ မတ်တတ်ရပ်နေကြပါတယ်။

ဟန်ယဲ့ဟာ လောကခွင်းနတ်လေးကို ကျောမှာလွယ်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပါတယ်။ အဲဒီနောက် သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “ဒါ ဘယ်လိုနေရာလဲ”

ကျောက်ရွှမ်ယွမ်ဟာ ပြုံးလိုက်ပါတယ် “ဒါက လက်တလော နာမည်ကြီးနေတဲ့ ပဋိပက္ခရဲ့ သာလွန်မဟာတာအိုကမ္ဘာပဲ၊ ဒီကမ္ဘာက ပဋိပက္ခလို အဆုံးမဲ့ပြီး ပဋိပက္ခဖိနှိပ်တာကို ခံထားရလို့ အခုလိုမျိုး ခြောက်ကပ်နေတာ”

ဟန်ယဲ့ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ခြောက်ကပ်နေရင် ကျွန်တော်တို့တွေ ဘာလာလုပ်တာလဲ”

ကျန်းယီက ဒေါသတကြီး ပြောလိုက်ပါတယ် “ခြောက်ကပ်တာက သက်ရှိတွေပဲ၊ ဒီနေရာက ပဋိပက္ခနဲ့ ယှဉ်နိုင်မှတော့ မဟာတာအိုသုံးထောင်နဲ့ မြင့်မားတဲ့ နိယာမတွေ ပါဝင်နေတယ်၊ ငါတို့ ဒီနေရာကိုလာတာက အဲဒါတွေ လုယူလို့လာတာ”

‌လောင်တန်ဟာ မုတ်ဆိတ်မွေးကို လက်နဲ့သပ်လိုက်ပါတယ် “ဟုတ်တယ်၊ အတိတ်မှာတုန်းက မဟာတာအိုသုံးထောင်နဲ့ အထွတ်အထိပ် နိယာမခုနစ်ပါးပဲ ရှိခဲ့တယ်၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ ပေါ်ထွန်းမလာခင်တုန်းက မဟာတာအိုပညာရှိတစ်ရာကျော်ပဲ ရှိခဲ့တာ၊ အဲဒီတော့ သူ့ဟာနဲ့သူ လုံလောက်တာပေါ့၊ ဒါပေမဲ့ ပါရမီရှင်ခေတ် လေးငါးခေတ် အပြီးမှာ မဟာတာအိုပညာရှိတွေ ပိုပိုပေါ်လာတယ်၊ ဒီတော့ ပဋိပက္ခရဲ့ မဟာတာအိုက မလုံလောက်ချင်တော့ဘူး၊ အန္တိမဒဏ်ခတ်နတ်မင်းက မဟာတာအိုအကုန်လုံး တစ်ယောက်တည်း အပိုင်သိမ်းတာကို ခွင့်မပြုဘူး၊ အဲဒါကြောင့် စွမ်းအားကြီးပုဂ္ဂိုလ်တွေက တခြား မဟာတာအိုကမ္ဘာနှစ်ခုကို ပစ်မှတ်ထားကြတာ”

ဟန်ယဲ့ဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “ကိုယ်ပိုင်စွမ်းအားကမှ တကယ့် အစစ်အမှန်ပဲ၊ ဒီမဟာတာအိုစွမ်းအားကို သုံးတာက ကိုယ့်ကိုယ်ကိုယ် ဆုံးရှုံးနိုင်တယ်”

လောင်တန်ဟာ ဟန်ယဲ့ကို ကြည့်ပြီး အပြုံးနဲ့ ပြောလိုက်ပါတယ် “မင်းက တကယ်ကို မျက်စိတစ်ဆုံး မြင်တတ်တာပဲ၊ အရင်တုန်းက ရှုံဟွာအရှင် ဟွမ်ဇွမ်တျန်က ဒီကိစ္စကြောင့် အနှိုင်းမဲ့ထိပ်ဆုံးနေရာနဲ့ လွဲခဲ့တယ်”

တာအိုအရှင်သခင်ဟာ မျက်နှာပျက်သွားပါတယ်။

ကျောက်ရွှမ်ယွမ်ဟာ တာအိုအရှင်သခင်ရဲ့ အတွေးကို ထိုးဖောက်မြင်တာကြောင့် စကားလမ်းကြောင်း ပြောင်းလိုက်ပါတယ် “မြန်မြန်လှုပ်ရှားကြ၊ ငါကြားထားတာတော့ ပဋိပက္ခမြောက်ပိုင်းအရှင်က ကြိုရောက်လာပြီး စွမ်းအားကြီးပုဂ္ဂိုလ် အများကြီးကို မောင်းထုတ်လိုက်တယ်တဲ့၊ ဒီကောင်က မဟာတာအိုကို လိုချင်တာ မဟုတ်ဘူး၊ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာကို လောဘကြီးနေတာ”

ကျန်းယီဟာ ခေါင်းညိတ်လိုက်ပြီး ရှေးဟောင်းမျှော်စင်ကို ထိန်းချုပ်ဖို့ ရှေ့ဆက်သွားပါတယ်။

ဟန်ယဲ့ရဲ့ ကျောမှာလွယ်ထားတဲ့ လောကခွင်းနတ်လေးဟာ ရုတ်တရက် တုန်ခါလာတဲ့အတွက် ဟန်ယဲ့ကို မျက်မှောင်ကြုတ်သွားစေပါတယ်။

လောင်တန်ဟာ နတ်လေးကို ကြည့်ပြီး ပြုံးလိုက်ပါတယ် “ကြည့်ရတာ ဒီရတနာလည်း အာရုံခံမိပုံပဲ၊ ငါတို့တွေ တိုက်ပွဲကြီး တိုက်ခိုက်ရလိမ့်မယ်”

တာအိုအရှင်သခင်ဟာ မတ်တတ်ရပ်ပြီး ဝင့်ကြွားစွာ ပြောလိုက်ပါတယ် “ငါ ပြိုင်ဘက်မတွေ့တာ အတော်ကြာခဲ့ပြီ”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters