ဧကရာဇ်ကြယ် မြင့်တက်မှု
Vol. 98 Ch. 1022
အချိန်ဟာ ပုံမှန်ကုန်ဆုံးပြီး နှစ်နှစ်သန်းကျော် ကြာသွားပါတယ်။
[သင်သည် အသက် သန်း ၄၀ ပြည့်ပြီ ဖြစ်သောကြောင့် သင့်ဘဝတွင် နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းလိုက်ပါပြီ။ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]
[၁။ ဂူအောင်းကျင့်ကြံရာမှထွက်၍ အန္တိမမူလကမ္ဘာကို ပဋိပက္ခ၌ ဖွင့်လှစ်ပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ လောကဦး အပိုင်းအစ တစ်စနှင့် ဖန်တီးရှင် စိတ်ဝိညာဉ် ကျောက်တုံး တစ်တုံးအား ရရှိမည်။]
[၂။ သိုသိုသိပ်သိပ် ဆက်ကျင့်ကြံ၍ ပြဿနာများနှင့် ဝေးဝေးနေပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ လောကဦး အပိုင်းအစ တစ်စနှင့် ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးအား ရရှိမည်။]
[သင်သည် မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှု အခွင့်အရေး တစ်ကြိမ်အား ရရှိပါသည်။]
ဟန်ကျွယ်ဟာ နံပါတ်နှစ်ကို တိတ်တဆိတ် ရွေးချယ်လိုက်ပါတယ်။
ဒီတစ်ကြိမ်မှာတော့ စနစ်က တော်တော်လေး အားကိုးရပါတယ်။ ရွေးချယ်မှု နှစ်ခုစလုံးရဲ့ ဆုလာဘ်တွေက တူညီနေပါတယ်။
လောလောဆယ် ဟန်ကျွယ်ဆီမှာ မဟာတာအို အပိုင်းအစ ရှစ်စ၊ လောကဦး အပိုင်းအစ ခြောက်စနဲ့ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး ငါးတုံး ရှိသွားပါပြီ။ ဟန်ကျွယ်ဟာ အရင်တုန်းက ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံးတွေကို ပဋိပက္ခ နတ်ဘီလူးတွေ မွေးဖွားလာဖို့အတွက် အသုံးပြုခဲ့ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ ပဋိပက္ခ နတ်ဘီလူးအကုန်လုံးက သူတို့ဘာသာ မွေးဖွားလာပြီ ဖြစ်တဲ့အတွက် ဖန်တီးရှင် စိတ်ဝိညာဉ် ကျောက်တုံးတွေ ပိုထွက်လာပါတယ်။
ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံးက ဘယ်အရာကိုမဆို သက်ရှိအဖြစ် ပြောင်းလဲနိုင်ပါတယ်။ ဟန်ကျွယ်ဟာ ဒီကျောက်တုံးက နောက်ကျရင် အသုံးဝင်လာလိမ့်မယ်လို့ ခံစားချက် ရနေပါတယ်။
မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှု အခွင့်အရေးကိုတော့ ဟန်ကျွယ်ဟာ ချက်ချင်း အသုံးမပြုပါဘူး။ ဒီကိစ္စက အလျင်လိုတဲ့ကိစ္စမှ မဟုတ်တာ။
ဟန်ကျွယ်ဟာ ပဋိပက္ခကို စပြီးတော့ အကဲခတ်ပါတယ်။ နှစ်တွေကြာသွားပြီ ဖြစ်တဲ့အတွက် ဟန်ယဲ့နဲ့ ဟန်ယောင်ဟာ ကြီးပြင်းလာကြပါပြီ။ အထူးသဖြင့် ဟန်ယောင်ဟာ ကောင်းကင်ရုံးတော်ရဲ့ မဟာစစ်သူကြီး ဖြစ်လာခဲ့ပြီး သူ့ဩဇာက တော်တော်လေး ကြီးမားပါတယ်။ တချို့က ဟန်ယောင်ဟာ အရင်တုန်းက စစ်သူကြီးဟွမ်လို့ ပြောကြပါတယ်။ တချို့ကျတော့ စစ်သူကြီးဟွမ်ထက်တောင် စွမ်းအားကြီးတယ်လို့ ဆိုကြပါတယ်။
ကောင်းကင်အောင်ပွဲကြယ်ဟာ တိုက်ခိုက်လေလေ စွမ်းအားကြီးလေလေပါပဲ။ ဒါကြောင့် စစ်မြေပြင်မှာ စွမ်းဆောင်ရည်ချင်းယှဉ်ရင် အရင်တုန်းက ဟန်ဟွမ်ဟာ လက်ရှိဟန်ယောင်ကို မမီပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ဟွမ်က ဘယ်တိုက်ပွဲကိုမဆို တစ်ခါတည်း အနိုင်တိုက်ပြီး ဟန်ယောင်ကျတော့ မကြာခဏ အရေးနိမ့်တာတောင် သူ့ရဲ့ ကြီးမားတဲ့ ကံတရား အထောက်အပံ့နဲ့ အခြေအနေကို ပြောင်းပြန်လှန်ပြီး စစ်သားတွေ စိတ်ဓာတ်တတ်ကြွအောင် ဖန်တီးနိုင်တာကြောင့်ပါ။
ဟန်ကျွယ်ဟာ ဟန်ယောင်ရဲ့ စွမ်းဆောင်ရည်ကို အတော်လေး ကျေနပ်အားရပါတယ်။ သူ့ရဲ့ နှစ်တစ်သောင်း သင်ကြားမှုက အလကားဟဿ မဖြစ်ဘူးလို့လည်း ခံစားလိုက်ရပါတယ်။ ဟန်ယောင်ဟာ ကောင်းကင်အောင်ပွဲကြယ်ရဲ့ စွမ်းအားကို ကွက်ကွက်ကွင်းကွင်းမြင်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ဟန်ယဲ့ကလည်း အတူတူပါပဲ။ ဟန်ယဲ့ဟာ တာအိုအရှင်သခင်တို့ လေးယောက်နောက်ကို လိုက်ပြီး အကုသိုလ်ကံရှိတဲ့ သက်ရှိတွေကို နေရာတကာမှာ သတ်ဖြတ်ပါတယ်။ သူ့ကျင့်ကြံမှုကလည်း ဟန်ယောင်ထက် မနိမ့်ဘဲ နည်းနည်းလေးတောင် သာနေပါသေးတယ်။
တာအိုအရှင်သခင်တို့ လေးယောက်က နည်းနည်း ကံမကောင်းဘူးလို့ ပြောလို့ရပါတယ်။ ဘယ်သွားသွား တိုက်ခိုက်ရတာချည်းပါပဲ။ အရင်တုန်းက လေးယောက်တစ်ဖွဲ့က အခုတော့ ငါးယောက်တစ်ဖွဲ့ ဖြစ်လာပါပြီ။ အရင်ကနဲ့ မတူတာက ပြင်းပြင်းထန်ထန် ဒဏ်ရာရတာ မရှိသလောက် နည်းသွားတာပါ။ တစ်ကျော့ပြန်လာတာလို့ ပြောလို့ရပါတယ်။
ဟန်ကျွယ်ဟာ ဘေးနားက ဟန်လင်ကို ကြည့်လိုက်ပါတယ်။ ဟန်လင်ရဲ့ ကျင့်ကြံမှုကလည်း တိုးတက်လာပါတယ်။ ဟန်ကျွယ်ဟာ သူ့သမီး အပြင်ထွက်ပြီး တိုက်ခိုက်မဲ့အချိန်ကို မျှော်ကြည့်မိလိုက်ပါတယ်။
ဒါပေမဲ့ ဟန်လင် အပြင်ထွက်ချင်ရင် ဟန်ကျွယ်အနေနဲ့ အဆုံးမဲ့ခေတ် ရောက်လာအောင် လုပ်ဖို့ လိုပါတယ်။ မဟုတ်ရင် သူ့သမီးက အလွယ်တကူ ဖိနှိပ်ခံရမှာပါ။
ဒါပေမဲ့ ဟန်ကျွယ်ဟာ လောလောဆယ်မှာ ဖန်တီးမှုသခင် အဆင့်ကိုရောက်ဖို့ နဝမပဋိပက္ခကို မှီခိုရမလား ဒါမှမဟုတ် လောကဦး နတ်ဘီလူးကိုပဲ ဗလာနယ်မြေ ကွဲကြေအောင်လုပ်ခိုင်းရမလား မသိသေးပါဘူး။
ဟန်လင်ဟာ ဟန်ကျွယ်ရဲ့ အကြည့်ကို ခံစားမိတာကြောင့် မျက်လုံးဖွင့်ကြည့်ပြီး မေးလိုက်ပါတယ် “ဖေဖေ... ဘာဖြစ်လို့လဲ”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ဖေဖေက သမီး အပြင်ထွက်ရင် ဘယ်လောက် ပွဲဆူသွားမလဲလို့ တွေးနေတာ”
“ဖေဖေကလည်း ဘာတွေပြောနေမှန်း မသိဘူး၊ သမီး အပြင်ထွက်ရင်တောင် ဘာဖြစ်လို့ ရုတ်ရုတ်သဲသဲ ဖြစ်ရမှာလဲ၊ သမီးက အဲဒီလိုလူစားမျိုး မဟုတ်ပါဘူး”
ဟန်ကျွယ်ဟာ ပြုံးရုံသာ ပြုံးလိုက်ပါတယ်။
အဲဒီနောက် သားအဖနှစ်ယောက်ဟာ စကားခဏပြောပြီးမှ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ကြပါတယ်။
ဟန်ကျွယ်ဟာ ခေါင်းထဲကို အတွေးတစ်ခု ရုတ်တရက် ဝင်လာတာကြောင့် စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “ငါ့သမီးဟန်လင်က ထိပ်ဆုံးအချိန်ကိုရောက်ရင် ဘယ်လိုဖြစ်နေမလဲ”
[သက်တမ်း ၁၀၀ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
‘ဂလု... နဝမပဋိပက္ခနဲ့တောင် သွားညီနေပါလား...’
‘အထင်ကြီးဖို့ကောင်းလိုက်တာ’
ဆက်တွက်မယ်။ ဆက်တွက်မယ်။
ဟန်ကျွယ်ဟာ စိတ်လှုပ်ရှားမှုကို ဖိနှိပ်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ရဲ့ သိစိတ်ဟာ ပုံရိပ်ယောင်ထဲ ဝင်သွားပါတယ်။
ဟန်ကျွယ် မျက်လုံးဖွင့်လိုက်တဲ့အခါ ဗလာနယ်မြေထဲ ရောက်နေတာကို တွေ့လိုက်ရပါတယ်။ လက်တွေ့လောကနဲ့ မတူညီတာက ဒီအနာဂတ်မှာ မရေမတွက်နိုင်တဲ့ စကြဝဠာတွေ ပေါလောမျောနေတာပါ။ အနက်ရောင် ဟင်းလင်းပြင်တိုင်းဟာ မရေမတွက်နိုင်တဲ့ ကြယ်တွေရှိရင်ရှိ မဟုတ်ရင် ကျယ်ပြောလှတဲ့ မဟာတာအိုကမ္ဘာတွေချည်းပါပဲ။
ဟန်ကျွယ်ဟာ အပေါ်ကို မော့ကြည့်ပြီး စိတ်ထဲမှာ ဝမ်းသာပျော်ရွှင်သွားပါတယ်။
အဆုံးမဲ့ခေတ်။
အဆုံးမဲ့ခေတ်က ပဋိပက္ခထက် ပိုကျယ်ပြောပြီး ပိုခမ်းနားပါတယ်။
ဟန်ကျွယ်ဟာ မဟာတာအို အထွတ်အထိပ်အဆင့်ကို ရောက်ရှိပြီးတဲ့နောက် ပဋိပက္ခကို လှောင်ချိုင့်တစ်ခုလိုမျိုး မြင်လာခဲ့ပါတယ်။
မကြာခင်မှာပဲ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး ဆင်းသက်လာပါတယ်။ သူ့ခန္ဓာကိုယ်က နတ်အလင်းရောင်တွေ တောက်ပနေပြီး မဟာတာအိုကမ္ဘာ ခုနစ်ပါးက ခြေထောက်အောက် ဘေးနှစ်ဖက်နဲ့ ခေါင်းထက်မှာ တည်ရှိနေပါတယ်။ ဟန်ကျွယ်ဟာ ဒီရုပ်သွင်ကို မော့ကြည့်လိုက်ရပါတယ်။
‘ဟန်လင်လား...’
ဟန်ကျွယ်ဟာ မင်လင်းမယ်တော်ကို တွေးမိလိုက်ပါတယ်။ ဟန်လင်က မင်လင်းမယ်တော်ကို ပွားယူထားသလိုပါပဲ။
ဟန်လင်ဟာ ဟင်းလင်းပြင်ထဲမှာ မျောပါနေပုံရှိပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ ငွေရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားပါတယ်။ သူမရဲ့ ကြာအင်္ကျီဟာ နတ်အလင်းရောင်တွေလို လူးလွန့် လှုပ်ရှားနေပါတယ်။ သူမရဲ့ ဆံနွယ်ရှည်တွေကလည်း သရဖူအောက်မှာ ရေတံခွန်လိုမျိုး ပြန့်ကျဲနေပါတယ်။ ဘေးနားမှာရှိနေတဲ့ မဟာတာအိုကမ္ဘာ ခုနစ်ပါးက သူမဟာ အထွတ်အထိပ် ပြိုင်ဘက်ကင်းတဲ့ တည်ရှိမှုဖြစ်ကြောင်း ပြသနေပါတယ်။
ဘယ်တောက်တောင် မြင့်မြတ်ပြီး စိုးမိုးခြယ်လှယ် လိုက်လဲ။
နောက်ဆုံးတော့ ဟန်ကျွယ်ဟာ လောကဦးဧကရာဇ်ကြယ်ရဲ့ ဂုဏ်ကျက်သရေကို တွေ့မြင်လိုက်ရပါပြီ။
ဟန်ကျွယ်ဟာ ဟန်လင်ရဲ့ရှေ့မှာရှိနေတဲ့ ရုပ်သွင်နှစ်သွင်ကို ရုတ်တရက် တွေ့မြင်သွားပါတယ်။ ဒီရုပ်သွင်နှစ်သွင်က ပေပေါင်းဘီလီယံကျော် မြင့်မားပြီး စိုးမိုးနိုင်စွမ်းလည်း မြင့်ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်က ဟန်လင်ရှေ့မှာ တောင်ခြေက ကျောက်တုံးနှစ်တုံးလိုပါပဲ။ အရမ်း အရမ်းကို သေးငယ်လှပါတယ်။
ဒီရုပ်သွင်နှစ်သွင်က ဟန်ယဲ့နဲ့ ဟန်ယောင်ပါ။
ဟန်ယဲ့ဟာ ချပ်ဝတ်နက်ကို ဝတ်ဆင်ထားပြီး ဟန်ယောင်ကတော့ ငွေရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားပါတယ်။ တစ်ယောက်က မည်းပြီး တစ်ယောက်က ဖြူပါတယ်။ ယင်-ယန် နှစ်ဖက်လိုပါပဲ။
‘ကျွတ်..ကျွတ်... ဒီကောင်မလေးက ငါ့စကားတော့ နားထောင်သားပဲ၊ ဒီကောင်စုတ်လေး နှစ်ကောင်ကို တကယ် လက်ခံလိုက်တယ်’
ဟန်ကျွယ်ဟာ စိတ်ထဲမှာ ရယ်မောလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဟန်လင်ရဲ့ သဘောထားကို တော်တော်လေး ကျေနပ်သွားပါတယ်။ အနည်းဆုံး ဟန်လင်က သူ့စကားကို နားထောင်တယ် မဟုတ်ပါလား။
ဟန်ကျွယ်ဟာ ဟန်လင်က ဟန်ယဲ့နဲ့ဟန်ယောင်ရဲ့ အရည်အချင်းတွေကို မနာလိုဖြစ်ပြီး သည်းမခံမှာကို တကယ် စိုးရိမ်နေခဲ့တာပါ။ ဟန်ကျွယ်ဟာ သူတို့သုံးယောက်ကို ကြည့်လေလေ သဘောကျလေလေပါပဲ။
ဧကရာဇ်ကြယ်၊ သတ်ဖြတ်ကြယ်၊ အောင်ပွဲကြယ်။
ဒီသုံးခုဟာ ကောင်းကင်ကနေ စီစဉ်ထားတဲ့ အတွဲလိုပဲ။ လိုက်ဖက်ညီလှပါတယ်။
ဟန်ကျွယ်ဟာ ဟန်လင်တို့သုံးယောက်က ဘယ်သွားနေတာလဲဆိုတာကို သိချင်သွားပါတယ်။ ဒီအချိန်မှာပဲ ဟန်လင်ဟာ ရုတ်တရက် ရပ်တန့်ပြီး ညာလက်ကို မြှောက်ကာ ဖြည်းဖြည်းချင်း လက်သီးဆုပ်လိုက်ပါတယ်။ ရုတ်ခြည်းဆိုသလို ဟန်ကျွယ်ခေါင်းထက်က ဗလာဟင်းလင်းပြင်ဟာ စုတ်ပြဲသွားပါတယ်။
ဟန်ကျွယ် မော့ကြည့်လိုက်တဲ့အခါ အာကာသ အက်ကြောင်းထဲမှာ မဟာတာအိုကမ္ဘာတစ်ခုကို တွေ့မြင်လိုက်ရပါတယ်။ မရေမတွက်နိုင်တဲ့ သက်ရှိတွေဟာ အက်ကြောင်းအစွန်းကို စောင့်ကြပ်နေကြပြီး အချိန်မရွေး တိုက်ခိုက်ဖို့ အသင့်ဖြစ်နေကြပါတယ်။
“မိစ္ဆာမျိုးနွယ်စုရဲ့ ကံတရား အထောက်အပံ့က အဆုံးသတ်သွားပြီ၊ ဒါတောင် နင်တို့က မဆုံးနိုင်အောင် ပြဿနာရှာတုန်းပဲ၊ ဒီနေ့ နင်တို့တွေ သေမင်းတံခါးဝမှာ ရုန်းကန်းဖို့ နေစရာနေရာတောင် မရှိစေရဘူး”
“ကောင်းကင်အောင်ပွဲကြယ်... အန္တိမသတ်ဖြတ်ကြယ်... လာ...”
ဟန်လင်ရဲ့အသံဟာ ခံစားချက်ကင်းမဲ့ပြီး ခမ်းနားထည်ဝါလှပါတယ်။
“ရှိပါတယ်... ရှိပါတယ်...”
ဟန်ယဲ့နဲ့ ဟန်ယောင်ရဲ့ တစ်ပြိုင်နက်တည်း အော်သံက ဟန်ကျွယ်ခေါင်းထက်မှာရှိတဲ့ အာကာသ အက်ကြောင်းကို ပြင်းထန်စွာ လှုပ်ခတ်သွားစေပြီး ပိုကျယ်သွားစေပါတယ်။
ပုံရိပ်ယောင်လည်း ကွဲကြေသွားပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး ဘာပြောရမှန်း မသိတော့ပါဘူး။ ဟန်ကျွယ်ဟာ သက်တမ်း ၁၀၀ ထရီလီယံတောင် သုံးထားတာမလို့ ဘာဆက်ဖြစ်မလဲဆိုတာကို မြင်ချင်ပါသေးတယ်။
ဒီပုံရိပ်ယောင်က တိုတောင်းပေမဲ့ သတင်းအချက်အလက်တွေ အများကြီး ပါဝင်နေပါတယ်။ ဟန်လင်က အဆုံးမဲ့ခေတ်မှာ အခွင့်အာဏာ တော်တော်ရှိပုံပါပဲ။ မဟာတာအိုကမ္ဘာတစ်ခုကို ဖျက်ဆီးချင်လို့ ဖျက်ဆီးနေတယ် မဟုတ်ပါလား။
‘ကျွတ်..ကျွတ်... နောက်ဘယ်လောက်ကြာမှမှန်း မသိပေမှန်း တကယ်ကို မဟာတာအိုကမ္ဘာတွေ အများကြီးပဲ...’
ဟန်ကျွယ်ဟာ အလောသုံးဆယ် ဖြစ်သွားပါတယ်။ သူ စွမ်းအားကြီးလာတဲ့အချိန်မှာ တခြားလူတွေကလည်း ထိုင်နေတာ မဟုတ်ပါဘူး။ လောလောဆယ်မှာ တာအိုဖန်တီးရှင် ငါးပါးပဲ ရှိသေးပေမဲ့ နောက်ကျ ဘယ်နှပါးရှိလာမယ်ဆိုတာ ဘယ်သူမှ အတပ်မပြောနိုင်ပါဘူး။
‘နဝမပဋိပက္ခက တကယ်ကြီး ဖန်တီးရှင်သခင် ဖြစ်သွားတာလား...’ ဟန်ကျွယ်ဟာ နှလုံးခုန် မြန်သွားပါတယ် ‘မဖြစ်ဘူး... ငါ မြန်မြန် ကျင့်ကြံအားထုတ်ရမယ်၊ ငါ နဝမပဋိပက္ခကို လိုက်မီဖို့တောင် အများကြီး လိုသေးတယ်’
ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး စကျင့်ကြံပါတယ်။
ကောင်းကင်တာအို၊ ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်၊ မြင့်မြတ်သော ဟန်နန်းတော်။
ဟန်ချင်းအာက အပြုံးနဲ့ ပြောလိုက်ပါတယ် “မောင်လေးငါး... ဒီလောက်နှစ်တွေကြာတာတောင် နင် အခုထိ မဟာတာအိုကို မရယူနိုင်သေဘူး၊ နင်က ငါတို့ဟန်မိသားစုအတွက် နည်းနည်း အရှက်ရစရာပဲ”
စားပွဲရဲ့ ထိပ်ဆုံးမှာ ထိုင်နေတာက လီယောင်ရဲ့သား ဟန်ယွင်ကျင်းပါ။
အစ်မရဲ့ စနောက်မှုကို ခံရတဲ့ ဟန်ယွင်ကျင်းဟာ မတတ်နိုင်တဲ့ လေသံနဲ့ “ကျွန်တော်မှာ အစ်ကိုတွေ အစ်မတွေလို အရည်အချင်းမရှိဘူးလေ၊ အဲဒီတော့ ကျွန်တော် မဟာတာအိုကို မရယူနိုင်တာ ပုံမှန်ပဲ၊ ဒါပေမဲ့ ကျွန်တော်ရဲ့ မျိုးဆက် ဟန်ယောင်က ဟန်မိသားစုကို အရှက်မရစေပါဘူး”
ဟန်ချင်းအာနဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ ကျန်းကျွယ်ရှီက ပြုံးလိုက်ပါတယ် “ဟန်ယောင်က တကယ်ကို စွမ်းအားကြီးတာ၊ သူက ညီလေးဟွမ်လိုမျိုး အရည်အချင်းရှိတယ်၊ ကောင်းကင်ဧကရာဇ်က သူ့ကို တော်တော်လေး ကြိုက်တယ်”
ဟန်ချင်းအာရဲ့ စိန်းစိန်းဝါးဝါး အကြည့်ကြောင့် ကျန်းကျွယ်ရှီဟာ ကူကယ်ရာမဲ့စွာ ရယ်မောလိုက်ရပါတယ်။ ဘာမှလည်း ထပ်မပြောတော့ပါဘူး။
ဟန်ယွင်ကျင်းက သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “အစ်မသုံးနဲ့ အစ်ကိုကျန်းက ဒီကိုလာတာ ဘာကိစ္စရှိလို့လဲ”
မြန်မာပြည် ငြိမ်းချမ်းပါစေ။