← Chapters

ပဋိပက္ခရဲ့ အောက်စီးကြောင်း

Vol. 98 Ch. 1023

ပဋိပက္ခရဲ့ အောက်စီးကြောင်း

Vol. 98 Ch. 1023

မောင်နှမတွေဆိုပေမဲ့ ဟန်ယွင်ကျင်းနဲ့ ဟန်ချင်းအာက သိပ်မရင်းနှီးပါဘူး။ ဟန်ချင်းအာက တရင်းတနှီး ရှိသလိုမျိုး ပြုမူပေမဲ့ ဟန်ယွင်ကျင်း မျက်စိထဲမှာတော့ အဓိပ္ပာယ်တစ်မျိုး ထွက်နေပါတယ်။ သူတို့နှစ်ယောက်ရဲ့ ကျင့်ကြံမှုက ကွာခြားလွန်းတဲ့အတွက် ဟန်ယွင်ကျင်းနဲ့ ဟန်ချင်းအာဟာ အတူသွားလာခဲပါတယ်။

ဟန်ချင်းအာက အပြုံးနဲ့ ပြောလိုက်ပါတယ် “ငါ နင့်ဆီကိုလာတာက ဟန်မိသားစုထဲမှာ ဟန်ယောင်လိုမျိုး ပါရမီရှင်ရှိလား လာမေးတာ၊ နင်ရဲ့ အစ်ကိုနှစ်က တပည့်လိုချင်နေတယ်၊ ဒါပေမဲ့ သူ့မှာကလေးမရှိတော့ နင့်ဆီကပဲ ရှာရတော့တာပေါ့”

ဟန်ယွင်ကျင်းဟာ နှလုံးလှုပ်သွားပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားပါတယ်။ ဟန်ယွင်ကျင်းဟာ ကောင်းကင်တာအိုပညာရှိ ဖြစ်ပြီး ပဋိပက္ခထဲ သွားဖူးတဲ့အတွက် ဟန်ဟွမ်ရဲ့ ဩဇာအာဏာကို ကြားသိထားပါတယ်။ လက်ရှိ ဟန်ဟွမ်က ပဋိပက္ခရဲ့ ထိပ်တန်း စွမ်းအားကြီးပုဂ္ဂိုလ်လို့ ပြောလို့ရပါတယ်။ ခေတ်တွေကို လက်တစ်ဖက်တည်းနဲ့ ဖုံးအုပ်နိုင်စွမ်းရှိသူပါ။ သူ့ရဲ့ ဆန်းကြယ်စွမ်းအားတွေက စိတ်ကူးယဉ်လို့ရတာထက် ပိုပါတယ်။

ဟန်ယွင်ကျင်း “ကျွန်တော်ရဲ့ ဟန်မိသားစုမှာ ပါရမီရှင်တွေ အများကြီး ရှိတယ်၊ မျိုးဆက်တိုင်းက တစ်ဆက်ပြီးတစ်ဆက် ပိုထက်မြက်လာတယ်၊ အစ်ကိုနှစ်က တပည့်လက်ခံချင်မှတော့ ကျွန်တော် အစွမ်းအထက်ဆုံး ပါရမီရှင်ကို ရွေးပေးမယ်”

ဟန်ချင်းဟာ ချက်ချင်း ဝမ်းသာသွားပြီး ပါးစပ်ကို လက်နဲ့ကာလိုက်ပါတယ် “မောင်လေးငါး... အစ်မသုံးကို စိတ်ပျက်အောင် မလုပ်နဲ့နော်၊ အစ်မက အစ်ကိုနှစ်ကို ကတိပေးထားပြီးပြီ”

ဟန်ယွင်ကျင်းဟာ ပြုံးပြီး ခေါင်းညိတ်လိုက်ပါတယ်။ အဲဒီနောက် ဟန်မိသားစုဆီ ချက်ချင်း အသံလွှင့်လိုက်ပါတယ်။ စီစဉ်စရာရှိတာ စီစဉ်ပြီးတာနဲ့ ဟန်ယွင်ကျင်းက စပ်စုလိုက်ပါတယ် “အစ်ကိုနှစ်က ဘာဖြစ်လို့ တပည့်လက်ခံချင်ရတာလဲ”

ဟန်ချင်းအာဟာ လက်နှစ်ဖက်ဖြန့်ပြီး သူလည်းမသိကြောင်း ပြောပါတယ်။

ကျန်းကျွယ်ရှီ “စွမ်းအားကြီးပုဂ္ဂိုလ်တွေက သိစိတ်မဲ့ မဟာတာအိုကမ္ဘာနဲ့ သာလွန်မဟာတာအိုကမ္ဘာ ပေါ်လာပြီးကတည်းက သူတို့ကိုယ်ပိုင်ကမ္ဘာကို ဘယ်လိုဖန်တီးရမလဲ တွေးနေကြတာ၊ ညီလေးဟွမ်လည်း ဒီထဲမှာပါတယ်၊ သူ့ကမ္ဘာထဲက သက်ရှိအားလုံးကို လမ်းညွှန်ဖို့ လူလိုတယ်၊ ဒီလိုဆို ပြဿနာတွေ လျော့ကျသွားလိမ့်မယ်”

ဟန်ယွင်ကျင်းဟာ အတွေးနက်သွားပါတယ်။ ဟန်ယွင်ကျင်းဟာ မဟာတာအိုကမ္ဘာကို ကြားဖူးပေမဲ့ အကြီးဆုံးကမ္ဘာတစ်ခုလို့ပဲ ထင်ထားခဲ့တာပါ။ ဟန်ယွင်ကျင်းလည်း ကမ္ဘာတစ်ခု ဖန်တီးနိုင်ပါတယ်။ ဒါပေမဲ့ သူဖန်တီးလိုက်တဲ့ ကမ္ဘာနဲ့ သူ့ကျင့်ကြံမှုက တခြားစီပါ။ ပတ်သက်မှု သိပ်ရှိတာ မဟုတ်ပါဘူး။ ဟန်မိသားစုကို အုပ်ချုပ်ရတာနဲ့တင် သူ့မှာ တော်တော်လေး ပင်ပန်းနေပါပြီ။ ဘယ်လိုလုပ်ပြီး ကမ္ဘာတစ်ခုဖန်တီးဖို့ အချိန်ရှိမှာလဲ။

ဟန်ချင်းအာဟာ ဟွန်းခနဲ နှာမှုတ်လိုက်ပါတယ် “အစ်ကိုနှစ်က ရူးတာ၊ သူက သမိုင်းရဲ့ ထိပ်ဆုံးကို ရောက်နေပြီ၊ ဒဏ်ခတ်သမားလည်း ဖြစ်တယ်၊ လက်အောက်မှာလည်း ပဋိပက္ခနယ်မြေတစ်ခု ရှိတယ်၊ ပဋိပက္ခမှာ သူ့ကိုယှဉ်နိုင်တဲ့လူက လက်ချိုးရေလို့ရတယ်၊ အဲဒါကို ဂူအောင်းကျင့်ကြံရင်း အလုပ်များနေတုန်း၊ နောက်ထပ် နှစ်ဆယ်သန်းလောက်သာ ကြာရင် မျိုးဆက်သစ်တွေက သူ့ကို မှတ်မိတော့မှာ မဟုတ်ဘူး၊ အဖေ့ကို အခုလူငယ်တွေ မသိသလိုမျိုးပေါ့၊ လက်ရှိလောကမှာ သက်ရှိဘယ်လောက်များ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို မှတ်မိကြသေးလို့လဲ”

ကျန်းကျွယ်ရှီဟာ ပြုံးလိုက်ပြီး ထောက်လည်း မထောက်ခံသလို ငြင်းလည်း မငြင်းပါဘူး။ အမြင့်မှာ ရပ်လေလေ ပဋိပက္ခအကြောင်းကို ပိုသိလေလေ မဟုတ်ပါလား။

ဟန်ယွင်ကျင်း “အဖေ ဘယ်လိုနေလဲ”

“ငါ ဘယ်လိုလုပ်ပြီး သိမှာလဲ၊ အဖေက အမြဲတမ်း ဂူအောင်းကျင့်ကြံနေတာ၊ ညီမလင်အာပဲ အဖေဘေးနားမှာ အမြဲတမ်း ရှိတာ” ဟန်ချင်းအာက ပြန်ဖြေလိုက်ပါတယ်။

ဟန်ယွင်ကျင်းဟာ ဟန်လင်အကြောင်း ကြားတဲ့အခါ အတွေးနက်သွားပါတယ်။

မကြာခင်မှာပဲ ဟန်မိသားစုရဲ့ တာအိုပညာရှိတစ်ပါးဟာ ရုပ်ရည် ချောမောတဲ့ ပါရမီရှင်တစ်ပါးကို ခေါ်ပြီး ရောက်လာပါတယ်။ ကျန်းကျွယ်ရှီဟာ ဒီပါရမီရှင်ကို အကဲခတ်ရင်း မျက်လုံးထဲမှာ စိတ်ပျက်တဲ့ အရိပ်အယောင်တချို့ ယှက်သမ်းသွားပါတယ်။ သူလည်းပဲ သူ့ကမ္ဘာထဲထည့်ဖို့ ပါရမီရှင်တစ်ပါး ‌ရွေးချယ်ချင်နေတာပါ။

နှစ်ငါးသန်းကြာတဲ့အခါ သေမျိုးကမ္ဘာက မျိုးနွယ်စုတွေ ပြောင်းလဲသွားပါတယ်။ ကောင်းကင်တာအိုမှာ ခေတ်တွေ ပြောင်းသွားသလို ပဋိပက္ခကလည်း တစ်နေ့တစ်ခြား ပြောင်းလဲလို့လာပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး သူ့ရဲ့ ဓမ္မစွမ်းအားကို ခံစားလိုက်ပါတယ်။

အန္တိမမူလကမ္ဘာက မှန်မှန် တိုးတက်လာတဲ့အတွက် ‌အတော်လေးကျယ်ပြောတဲ့ ကမ္ဘာတစ်ခု ဖြစ်နေပါပြီ။ အန္တိမမူလချီဟာ အဆုံးမရှိဘဲ ကမ္ဘာတစ်ခုလုံး ပြည့်နှက်နေပါတယ်။ ပဋိပက္ခနဲ့ နှိုင်းယှဉ်ကြည့်ရင် အန္တိမမူလကမ္ဘာရဲ့ စိတ်ဝိညာဉ်ချီ သိပ်သည်းမှုက အများကြီး ပိုမြင့်ပါတယ်။

ဟန်ကျွယ်ဟာ ပထမဆုံး အသွင်တူ လက်ရည်စမ်းပွဲထဲဝင်ပြီး သဏ္ဍာန်မဲ့နတ်မင်း တစ်ရာကို စိန်ခေါ်ပါတယ်။ ဟန်ကျွယ်ဟာ သဏ္ဍာန်မဲ့နတ်မင်း တစ်ရာကို အသာလေး အနိုင်ယူလိုက်ပါတယ်။

ဟန်ကျွယ်ဟာ သဏ္ဍာန်မဲ့နတ်မင်း နှစ်ရာကို စိန်ခေါ်ပါတယ်။

တစ်နာရီကြာတဲ့အခါမှာတော့ ဟန်ကျွယ် အသာစီး ရသွားပါတယ်။

ဟန်ကျွယ်ဟာ ဒီရလဒ်ကို ကျေနပ်အားရပါတယ်။ ဘာပဲဖြစ်ဖြစ် သဏ္ဍာန်မဲ့နတ်မင်းက တာအိုဖန်တီးရှင် ဖြစ်တဲ့အတွက် ထပ်တိုးတစ်ယောက်တိုင်းက ရိုးရှင်းတာ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်ဟာ နဝမပဋိပက္ခလွဲရင် ဘယ်သူကိုမှ မကြောက်တော့ပါဘူး။

ဟန်ကျွယ်ဟာ လွန်ခဲ့တဲ့ နှစ်တစ်သောင်းက အန္တိမဒဏ်ခတ်နတ်မင်း သူ့ကို အိပ်မက်‌ပေးခဲ့တာကို သတိရသွားပါတယ်။ အဲဒီတုန်းက ဟန်ကျွယ်ဟာ ကျင့်ကြံအားထုတ်ရင်း အလုပ်ရှုပ်နေတာမလို့ အန္တိမဒဏ်ခတ်နတ်မင်းရဲ့ တောင်းဆိုချက်ကို လျစ်လျူရှုထားခဲ့ပါတယ်။

အဲဒါကြောင့် ဟန်ကျွယ်ဟာ အန္တိမဒဏ်ခတ်နတ်မင်းကို အိပ်မက်ပေးလိုက်ပါတယ်။ အိပ်မက်နယ်မြေက ပဋိပက္ခ ဟင်းလင်းပြင်ပါ။

အန္တိမဒဏ်ခတ်နတ်မင်းဟာ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အခါ ချက်ချင်း ဦးညွှတ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ အပြုံးနဲ့ မေးလိုက်ပါတယ် “လတ်တလောမှာ ပဋိပက္ခကလည်း တည်ငြိမ်နေတယ်၊ မဟာတာအို နတ်စိတ်ဝိညာဉ် အရေအတွက်ကလည်း အများကြီး တိုးလာတယ်၊ တခြားအရှင်သခင်တွေနဲ့ ရှေးဟောင်း တည်ရှိမှုတွေကလည်း မင်းစကားကို နားထောင်ကြတယ်၊ ဘာဖြစ်လို့ ငါ့အိပ်မက်ထဲ လာလည်ချင်ရတာလဲ”

အန္တိမဒဏ်ခတ်နတ်မင်း “သခင်ရဲ့ ကျေးဇူးကြောင့် စကြဝဠာထောက်တိုင်လိုမျိုး ဟန်ဟွမ်ကို ကျွန်တော် ရခဲ့တာပါ၊ လက်ရှိ ပဋိပက္ခက ဘယ်တုန်းကမှ မရခဲ့တဲ့ ငြိမ်းချမ်းရေးကို ရထားတယ်ဆိုပေမဲ့ မကြာသေးခင်က ထူးဆန်းတဲ့ကိစ္စတွေ ဖြစ်ပျက်လာခဲ့တယ်၊ ဥပမာပေးရရင် မဟာတာအိုမှာ စိတ်ဝိညာဉ်ရှိလာပြီး အထွတ်အထိပ်နိယာမတွေ လှုပ်ခတ်တာပဲ”

“ရှေးတုန်းက မဟာတာအိုတွေ စိတ်ဝိညာဉ် ဖြစ်လာတယ်ဆိုပေမဲ့ ဒီနှစ်သန်းချီမှာလောက် မများဘူး၊ အထွတ်အထိပ် နိယာမ လှုပ်ခတ်တိုင်း ပဋိပက္ခရဲ့ ထောင့်တစ်နေရာမှာ မျိုးနွယ်စုအသစ်တစ်ခု မွေးဖွားလာတယ်၊ ဒီမျိုးနွယ်စုတွေက ပဋိပက္ခ နတ်ဘီလူးတွေထက် မနိမ့်ကျတဲ့ အရည်အချင်းရှိတယ်၊ နောက်ပြီး သူတို့မှာ အရည်အချင်းမျိုးစုံ ရှိတယ်၊ တချို့က တစ်ကိုယ်တည်းနေပြီး တိုက်ခိုက်ရတာ ကြိုက်တယ်၊ သူတို့တွေက ဝရုန်းသုန်းကားမှုရဲ့ ရင်းမြစ် ဖြစ်လာမှာကို ကျွန်တော် စိုးရိမ်မိတယ်”

ဟန်ကျွယ် “မင်း စိုးရိမ်တယ်ဆိုရင် ဘာလို့ မရှင်းပစ်တာလဲ”

“ကျွန်တော် အဲဒီလိုရှင်းပစ်ချင်ပေမဲ့ လျှို့ဝှက်ဆန်းကြယ် အင်အားစုတစ်စုက ကျွန်တော်ကို တားဆီးထားတယ်၊ အဲဒါကြောင့် ကျွန်တော် ဘာမှမလုပ်နိုင်ဘူး၊ ကျွန်တော်အထင် ပဋိပက္ခသခင်က ကျွန်တော်ကို တားနေတာ ဖြစ်မယ်၊ ဒါပေမဲ့ ပဋိပက္ခသခင်က ကျွန်တော် နတ်စိတ်ဝိညာဉ် ခေါင်းဆောင်ဘွဲ့ ပေးအပ်ထားတာပဲ၊ အဲဒီမျိုးနွယ်စုတွေကို ကာကွယ်ချင်ရင် ကျွန်တော်ကို ဘာဖြစ်လို့ တန်းမပြောရတာလဲ”

အန္တိမဒဏ်ခတ်နတ်မင်းဟာ ချီတုံချတုံ ဖြစ်သွားပြီး ဆက်မပြောတော့ဘဲ ဟန်ကျွယ်ကို စိုက်ကြည့်လိုက်ပါတယ်။

ဟန်ကျွယ် “မင်းပြောတာ မှန်တယ်၊ အဲဒီအင်အားစုက ပဋိပက္ခသခင် မဟုတ်တာ ဖြစ်နိုင်တယ်”

အန္တိမဒဏ်ခတ်နတ်မင်းဟာ နှလုံးလှုပ်သွားပါတယ်။

ဟန်ကျွယ်က ဆက်ပြောပါတယ် “ပဋိပက္ခရဲ့ နောက်ထပ် စီးကြောင်းက လောကဦးနတ်ဘီလူးပဲ၊ သူက မဟာတာအို အနန္တကပ်ဘေးကို လှုံ့ဆော်လိမ့်မယ်၊ သာလွန်တည်ရှိမှုတွေ အကုန်လုံးကလည်း လောကဦးနတ်ဘီလူး ပေါ်လာတာကို စောင့်ဆိုင်းနေကြတာ၊ မင်းလုပ်ရမှာက လောကဦး နတ်ဘီလူးကိုရှာပြီး ကြီးပြင်းလာအောင် ကူညီပေးဖို့ပဲ၊ မဟာတာအိုအနန္တကပ်ဘေး ရောက်လာတာကို မင်း စောင့်ရလိမ့်မယ်”

အန္တိမဒဏ်ခတ်နတ်မင်းဟာ အံ့အားသင့်သွားပါတယ် “လောကဦးနတ်ဘီလူး... အဲဒါက ဒဏ္ဍာရီပဲ မဟုတ်ဘူးလား၊ နောက်ပြီး လောကဦးနတ်ဘီလူးက ပဋိပက္ခကို ဘာဖြစ်လို့ ထိခိုက်အောင် လုပ်ချင်ရတာလဲ”

“ဖန်တီးမှုပြီးရင် ပျက်သုန်းမှုပဲ၊ မင်း သူ့ကိုရှာပြီး ကူညီလိုက်ရုံပဲ” ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပါတယ်။

အန္တိမဒဏ်ခတ်နတ်မင်းဟာ တိတ်ဆိတ်ပြီး တွေးတွေးဆဆ ဖြစ်သွားပါတယ်။

ဟန်ကျွယ်ဟာ ဟန်ဟွမ်က လောကဦးနတ်ဘီလူးဆိုတာကို ညွှန်မပြပါဘူး။ ဟန်ကျွယ်ဟာ ဟန်ဟွမ်ကိုယ်တိုင် သက်သေပြတာကို လိုချင်တာပါ။

“ကျွန်တော် နားလည်ပါပြီ၊ သခင်ရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်”

အန္တိမဒဏ်ခတ်နတ်မင်းဟာ ဦးညွှတ်ပြီး တလေးတစား ပြောလိုက်ပါတယ်။

အဲဒီနောက် အိပ်မက် အဆုံးသတ်သွားပါတယ်။

ဟန်ကျွယ်ရဲ့ သိစိတ်ဟာ အစစ်အမှန်ကို ပြန်ရောက်သွားပါတယ်။ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး ပဋိပက္ခကို ကြည့်လိုက်ပါတယ်။ သူ့ရဲ့ မိတ်ဆွေဟောင်းတွေက အရပ်ဆယ်မျက်နှာမှာ ခေါင်းဆောင်တွေ ဖြစ်လာကြပါပြီ။ သူတို့တွေက အထင်ကြီးဖို့ကောင်းလှပြီး အရင်တုန်းကနဲ့ လုံးဝ မတူတော့ပါဘူး။

‘မဆိုးဘူး...’

ဟန်ကျွယ်ဟာ သူ့ရဲ့လက်ရှိဘဝကို အ‌တော်လေး ကျေနပ်ပါတယ်။ အနာဂတ်ကို စိုးရိမ်စရာမလိုဘူး မဟုတ်ပါလား။

ဟန်ကျွယ်ဟာ အန္တိမဒဏ်ခတ်နတ်မင်းပြောတဲ့ မျိုးနွယ်စုတွေကို လိုက်ကြည့်ပါတယ်။ ဒီမျိုးနွယ်စု ဒါဇင်ကျော်က ပဋိပက္ခရဲ့ အစွန်းတွေမှာ ပြန့်ကျဲတည်ရှိနေပါတယ်။ တစ်ချက်ကြည့်လိုက်ရင် ပဋိပက္ခရဲ့ အစွန်းကနေ အတွင်းဘက်ကို တိုးတက်အောင် လုပ်နေသလိုပါပဲ။

ဒီမျိုးနွယ်စုတွေက ထူးတော့ ထူးဆန်းပါတယ်။ ခန္ဓာကိုယ်မရှိဘဲ ဝိညာဉ်တွေက ပုံဖော်ပြီးသားပါ။ လူသားအသွင်မျိုး လုံးဝနီးပါးကို မရှိပါဘူး။

တစ်ခုသိထားရမှာက လူသားမျိုးနွယ်စုဟာ ရှန်တျန်တာအိုခန္ဓာကိုယ် ရှိပါတယ်။ ဒီခန္ဓာကိုယ်က တာအိုဘိုးဘေး တာအိုပညာရပ်တွေကို လေ့လာပြီး ကျင့်ကြံဖို့ အကောင်းဆုံးခန္ဓာကိုယ် ရရှိအောင် အသွင်ပြောင်းလဲခဲ့တာပါ။ ဒါကြောင့်လည်း နွီဝါက အဲဒီအရာနဲ့ လူသားတွေကို ဖန်တီးပြီး ကောင်းကင်တာအိုမျိုးနွယ်စုအဖြစ် ချီးမြှင်ခဲ့တာပါ။

ဟန်ကျွယ်ဟာ ဒီမျိုးနွယ်စုတွေကို အချိန်ကုန်ခံပြီး တွက်ချက်မနေပါဘူး။ တကယ်လို့ တာအိုဖန်တီးရှင်ရဲ့ အကြံအစည်ဆိုရင်တောင် ဟန်ကျွယ် တိုက်ရိုက်ဝင်ပါလို့ မဖြစ်ပါဘူး။ အခုအချိန်မှာ လူတိုင်းက ကိုယ့်ကိစ္စကိုယ်လုပ်ပြီး ကိုယ့်ဘာသာနေကြတာပါ။ ဒီလိုအရာမျိုးက ဟန်ကျွယ် လိုချင်တာ မဟုတ်ပါလား။

အချိန်သာရှိမယ်ဆိုရင် ဟန်ကျွယ်ထက်မြန်အောင် ဘယ်သူမှ မကျင့်ကြံနိုင်ပါဘူး။

ဟန်ကျွယ်ရဲ့ အကြည့်ဟာ တာအိုအရှင်သခင်တို့ ငါးယောက်ဆီ ကျ‌ရောက်သွားပါတယ်။ တာအိုအရှင်သခင်တို့ ငါးယောက်က သာလွန်မဟာတာအိုကမ္ဘာမှာပဲ ရှိနေပါသေးတယ်။

အခုအချိန်မှာ သာလွန်မဟာတာအိုကမ္ဘာက လုံးဝ ထင်သာမြင်သာ ရှိလာခဲ့ပါပြီ။ အရင်တုန်းက အမှောင်ထဲမှာ ပုန်းအောင်းနေခဲ့ပေမဲ့ အခုတော့ ပဋိပက္ခ ဝါးမျိုတာကို ခံနေရပုံပါပဲ။ ဟန်ကျွယ်ဟာ တစ်ချက်ကြည့်ရုံနဲ့ ကမ္ဘာနှစ်ခု ပေါင်းစပ်နေတာဆိုတာကို ပြောနိုင်ပါတယ်။

သာလွန်မဟာတာအိုကမ္ဘာတင် မဟုတ်ပါဘူး။ သိစိတ်မဲ့ မဟာတာအိုကမ္ဘာကလည်း ပဋိပက္ခနဲ့ ပေါင်းစပ်နေပါတယ်။

ဟန်ယဲ့ တာအိုအရှင်သခင်တို့နောက်ကို လိုက်တာက မှန်တယ်လို့ ပြောလို့ရပါတယ်။ ဟန်ယဲ့ဟာ ဒီနှစ်တွေမှာ တစ်ချိန်လုံးနီးပါး သတ်ဖြတ်နေခဲ့ပါတယ်။ မဟာတာအိုကမ္ဘာထဲမှာတောင် သက်ရှိတွေ မွေးမြူပြီး သူတို့တွေ အင်အားကြီးလာလို့ ထိပ်ဆုံးနေရာအတွက် တိုက်ခိုက်ကြတဲ့အခါ သာမန်လူသားတွေရဲ့ ဘဝကို ဆင်းရဲဒုက္ခရောက်အောင် လုပ်မိရင် မဟာတာအိုကမ္ဘာထဲကို သတ်ဖြတ်ကြယ်အဖြစ် ဆင်းသက်ပြီး အဲဒီလိုလုပ်တဲ့လူတွေကို အထူးတလည် သတ်ဖြတ်ပစ်ပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters