← Chapters

အဝါရောင်ချီနဲ့ ခေါင်း

Vol. 98 Ch. 1024

အဝါရောင်ချီနဲ့ ခေါင်း

Vol. 98 Ch. 1024

ဟန်ကျွယ်ဟာ ဟန်ယဲ့ရဲ့ ပြုမူလုပ်ဆောင်ချက်တွေကို ဘာမှတ်ချက်မှ မပေးလိုပါဘူး။ သူသာ အဲဒီ မဟတာအိုကမ္ဘာကို သာလွန်သွားတဲ့ သက်ရှိဆိုရင် ဟန်ယဲ့ကို သေအောင် မုန်းမိမှာပါ။ ဒါပေမဲ့ ကျင့်ကြံမှုရှုထောင့်ကနေ ကြည့်ရင် ဘာမှပြောစရာ မရှိပါဘူး။

လူသားတွေဟာ တခြားမျိုးနွယ်စုတွေကို မွေးမြူပြီး အမြတ်ထုတ်ရတာကို နှစ်သက်ပါတယ်။ သူတို့တွေက လုပ်အားနဲ့ အစားအစာ ရင်းမြစ်ဆိုရင်လည်း မမှားပါဘူး။ အဲဒါကြောင့် ဟန်ယဲ့ရဲ့ ပြုမူလုပ်ဆောင်ချက်က သိပ်ဆိုးတာတော့ မဟုတ်ပါဘူး။

ဟန်ယဲ့က သူ့ကို ထိခိုက်အောင်မလုပ်ရင် ဟန်ကျွယ်ဟာ ဟန်ယဲ့ရဲ့ကိစ္စတွေမှာ ဝင်ပါမှာ မဟုတ်ပါဘူး။

ဟန်ယဲ့ရဲ့ ကျင့်ကြံမှုအဆင့်က အလွန်လျင်မြန်စွာ တက်လာပါတယ်။ ဒီလိုဖြစ်ရတာက သတ်ဖြတ်တာအပြင် တာအိုအရှင်သခင်တို့ လေးယောက်ရဲ့ ကျေးဇူးတွေကြောင့်ပါ။ တာအိုအရှင်သခင်တို့ လေးယောက်ဟာ ဟန်ယဲ့ကို သူတို့သိသမျှ အရာအားလုံး သင်ပေးပြီး မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာ နားလည်မှုတွေတောင် ပြောပြကြပါတယ်။

ဟန်ကျွယ်ဟာ တာအိုအရှင်သခင်တို့ လေးယောက်ကို အတော်လေး ကျေနပ်အားရပါတယ်။ တာအိုအရှင်သခင်တို့တွေဟာ နှစ်ပေါင်းသန်းချီကြာတာတောင် သူတို့ရဲ့ ဘဝကို မမေ့ဘူး မဟုတ်ပါလား။

လောင်တန်ကလည်း အကောက်မကြံပါဘူး။ ကိုယ်ပွားနဲ့ ပင်မခန္ဓာကိုယ်က သီးခြားရပ်တည်နေပုံပါပဲ။

ဟန်ကျွယ်ဟာ တခြားတပည့်တွေကို ကြည့်လိုက်ပါတယ်။ ကျိုးဖန်၊ ကျန်းကျွယ်ရှိ၊ လုံဟောင်၊ ဖန်းလျန်နဲ့ တခြားသူတွေဟာ သူတို့ဟာနဲ့သူတို့ အဆင်ပြေနေကြပါတယ်။

ဟန်ထော်နဲ့ ဟန်ဟွမ်ကတော့ ကျင့်ကြံအားထုတ်ရင်း အလုပ်များနေပေမဲ့ ဟန်ချင်းအာကတော့ ကျန်းကျွယ်ရှီနဲ့အတူ လျှောက်သွားနေပါတယ်။

ဟန်ကျွယ်ဟာ ပင်မတာအိုစက်ကွင်းဆီ ရွှေ့ပြောင်းသွားလာပြီး ဟန်ယိုကို ခေါ်လိုက်ပါတယ်။

ဟန်ယိုက ရှကျဲ့မျိုးနွယ်စု တစ်သောင်းရဲ့ ခေါင်းဆောင်ပါ။ အရင်တုန်းက မှော်မျိုးနွယ်စုဟာ ကောင်းကင်တာအိုကနေ နှင်ထုတ်ခံခဲ့ရပါတယ်။ မှော်မျိုးနွယ်စုကို ဆုံးရှုံးသွားတဲ့အတွက် ဧကရီဟုတ်ထိုဟာ ရှကျဲ့မျိုးနွယ်စုကို တည်ထောင်ပြီး အလွန်တရာ ထက်မြက်တဲ့ အရည်အချင်းကို ပေးအပ်ခဲ့ပါတယ်။ ရှကျဲ့မျိုးနွယ်စုဟာ အလွန်တရာ ထက်မြက်တဲ့ အရည်အချင်းကို ရရှိခဲ့ပေမဲ့ မျိုးပွားနိုင်စွမ်းကို ဆုံးရှုံးခဲ့ပါတယ်။ ဒါကြောင့် အခုအချိန်အထိ ရှကျဲ့မျိုးနွယ်စုဝင် တစ်သောင်းက တိုးမလာပါဘူး။ ဒါပေမဲ့ သူတို့တွေက တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲမှာပဲ တစ်ချိန်လုံး နေနေကြတဲ့အတွက် အထိအခိုက် အပျက်အစီး တစ်ယောက်မှ မရှိပါဘူး။

ဟန်ယိုဟာ ဟန်ကျွယ်ကို ထပ်တွေ့လိုက်ရတဲ့အတွက် အလွန်စိတ်လှုပ်ရှားသွားပါတယ်။ နှစ်သန်းချီကြာသွားပြီ ဖြစ်တဲ့အတွက် ဟန်ယိုဟာ ဟန်ကျွယ်ရဲ့ သွင်ပြင်ကို မေ့လုနီးပါး ဖြစ်နေပါပြီ။ ဟန်ယိုဟာ ဟန်ကျွယ်က သူ့ကို မှတ်မိနေလိမ့်ဦးမယ်လို့ ထင်မထားခဲ့ပါဘူး။

ဟန်ကျွယ်ဟာ ပထမဆုံး ဟန်ယိုရဲ့ အခြေအနေကို မေးမြန်းပါတယ်။ ဒီလိုမေးမြန်းမှုကြောင့် ဟန်ယိုဟာ ဟန်ကျွယ်ကို အတော်လေး ကျေးဇူးတင်သွားပါတယ်။

“ဟန်ယို... ရှကျဲ့မျိုးနွယ်စု တစ်သောင်းကို ငါ့လက်အောက်မှာရှိတဲ့ ကမ္ဘာတစ်ခုထဲ ရွှေ့ချင်တယ်၊ မင်းတို့တွေ နတ်ဘုရားလုပ်ပြီး သက်ရှိအားလုံးကို လမ်းပြစေချင်တယ်၊ မင်း ဘယ်လိုသဘောရလဲ” ဟန်ကျွယ်ဟာ အပြုံးကို ရုပ်သိမ်းပြီး လေးလေးနက်နက် မေးလိုက်ပါတယ်။

ဟန်ယိုက ချက်ချင်းပဲ အဖြေပြန်ပေးပါတယ် “ဂိုဏ်းချုပ်... ရှကျဲ့မျိုးနွယ်စုက ဂိုဏ်းချုပ်နောက်ကို အစဉ်ထာဝရ လိုက်မှာပါ”

ရှကျဲ့မျိုးနွယ်စု အတွက် ဟန်ကျွယ်ဟာ ဂိုဏ်းချုပ်တစ်ပါးတင် မဟုတ်ပါဘူး။ အဖေဆိုလည်း ဟုတ်ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ တိတ်ဆိတ်ဂိုဏ်းက စွမ်းအားကြီးလွန်းတဲ့အတွက် သူတို့တွေဟာ ဟန်ကျွယ်နားကို မကပ်နိုင်တော့ပါဘူး။

ဟန်ကျွယ်ဟာ ရှကျဲ့မျိုးနွယ်စုကို ချက်ချင်း စုစည်းခိုင်းပါတယ်။

နေ့ဝက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ရှကျဲ့မျိုးနွယ်စု တစ်သောင်းကို အန္တိမမူလကမ္ဘာထဲက အသက်ဓာတ် နတ်ဘီလူးနား ပို့လိုက်ပါတယ်။ ဟန်ကျွယ်ဟာ သူတို့ကို သင့်သင့်မြတ်မြတ်နေပြီး အန္တိမမူလကမ္ဘာကို အတူတူ အုပ်ချုပ်ဖို့ ပြောလိုက်ပါတယ်။

အသက်ဓာတ် နတ်ဘီလူးက လောလောဆယ် အန္တိမမူလကမ္ဘာထဲမှာ အစွမ်းအထက်ဆုံး နတ်ဘီလူး ဖြစ်ပါတယ်။ အသက်ဓာတ် နတ်ဘီလူးက မဟာတာအိုအဆင့်ကို ရောက်နေပါပြီ။ ရှကျဲ့မျိုးနွယ်စု အများစုက လွတ်လပ်တာအိုပညာရှိတွေမလို့ အသက်ဓာတ် နတ်ဘီလူးကို အကူအညီ ပေးနိုင်ကြပါတယ်။

အသက်ဓာတ် နတ်ဘီလူးဟာ ဟန်ကျွယ် ‌စောင့်ကြည့်နေမှန်း သိတာကြောင့် ရှကျဲ့မျိုးနွယ်စုတွေကို အနိုင်မကျင့်ရဲပါဘူး။ ဒါ့အပြင် ဟန်ကျွယ်ဟာ အသက်ဓာတ် နတ်ဘီလူးကို စောင့်ကြည့်နေခဲ့တာ ကြာပါပြီ။ အသက်ဓာတ်နတ်ဘီလူးက နူးညံ့သိမ်မွေ့ပြီး သူ့ရုပ်ဆင်းသွင်ပြင်လို မကြမ်းတမ်းပါဘူး။

ဟန်ကျွယ်ဟာ ညွှန်ကြားစရာရှိတာ ညွှန်ကြားပြီးတာနဲ့ တတိယ တာအိုစက်ကွင်းဆီ ပြန်ပါတယ်။ ဟန်ကျွယ်ဟာ သူ့တာအိုဘုံကျောင်းထဲ မပြန်ခင် တာအိုလက်တွဲဖော်တွေနဲ့ နှစ်တစ်ရာကျော် မြူးထူးပျော်ပါးလိုက်ပါသေးတယ်။

ဟန်ကျွယ်ဟာ ကြယ်စကြဝဠာကို ကြည့်လိုက်ပါတယ်။ လက်ရှိ ကြယ်စကြဝဠာဟာ မျိုးနွယ်စုတွေနဲ့ ပြည့်နေပြီး အလွန်တရာမှ စည်ကား သိုက်မြိုက်နေပါတယ်။ လျူပေ့က ဒီစကြဝဠာကို အုပ်ချုပ်ဖို့ တပည့်တစ်သုတ်ကို ပျိုးထောင်ပြီးတာနဲ့ တတိယ တာအိုစက်ကွင်းဆီ ပြန်လာပြီး အေးအေးဆေးဆေး ကျင့်ကြံအားထုတ်နေပါတယ်။

နှစ်တွေလည်း ကြာသွားပြီ ဖြစ်တဲ့အတွက် လျူပေ့ဟာ အရင်လိုမျိုး အာဏာကို မမက်မောတော့ပါဘူး။ နောက်ဆုံးတော့ လျူပေ့ဟာ ဟန်ကျွယ်ရဲ့ ကြိုးစားမှုတွေကို နားလည်သွားပါပြီ။ ကျင့်ကြံမှုကသာ ထာဝရတည်တာပါ။ အာဏာက ရေတိုပျော်ရွှင်မှုပဲ ပေးနိုင်ပါတယ်။

ဟန်ကျွယ်ဟာ တစ်ခဏကြည့်ပြီးတာနဲ့ ဆက်ကြည့်ချင်စိတ် မရှိတော့ပါဘူး။ ကြယ်စကြဝဠာကို သူဖန်တီးထားတာဆိုပေမဲ့ ပဋိပက္ခ ဝါးမျိုတာခံရပြီး ပဋိပက္ခနဲ့ ပေါင်းစပ်သွားပါပြီ။ ပဋိပက္ခ ကံတရား အထောက်အပံ့နဲ့ ဆက်သွယ်သွားပြီ ဖြစ်တဲ့အတွက် ဟန်ကျွယ်ပိုင်တဲ့ ကြယ်စကြဝဠာ မဟုတ်တော့ပါဘူး။

ဟန်ကျွယ်ဟာ နောက်ကျရင် အန္တိမမူလကမ္ဘာကိုပဲ အာရုံစိုက်တော့မှာပါ။

အဲဒီနောက် ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ဆက်ကျင့်ကြံပါတယ်။

.....

ဗလာနယ်မြေ။

ဟန်ဟွမ်ဟာ တိတ်တဆိတ် တရားထိုင်နေပါတယ်။ ဒီနေရာရဲ့ အရပ်ဆယ်မျက်နှာမှာ ဘာဆိုဘာမှ မရှိပါဘူး။ စိတ်ဝိညာဉ်ချီတောင် မရှိပါဘူး။ အန္တိမဒဏ်ခတ်နတ်မင်းဟာ ရုတ်တရက် ပေါ်လာပြီး ဟန်ဟွမ်ကို အကဲခတ်လိုက်ပါတယ်။ အန္တိမဒဏ်ခတ်နတ်မင်းဟာ ဟန်ဟွမ်ကို မနှိုးပါဘူး။

ဟန်ဟွမ်ကလည်း အန္တိမဒဏ်ခတ်နတ်မင်းရဲ့ ရောင်ဝါကို အာရုံခံမိပေမဲ့ မျက်လုံးဖွင့်မကြည့်ဘဲ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။

‘လောကဦး နတ်ဘီလူး... ငါ ဘယ်ကို သွားရှာရမှာလဲ’ အန္တိမဒဏ်ခတ်နတ်မင်းဟာ စိတ်ထဲမှာ တွေးတောရင်း ရုတ်တရက် မျက်လုံးတွေ အရောင် တောက်သွားပါတယ် ‘ဟန်ဟွမ်က အသင့်တော်ဆုံးပဲ မဟုတ်ဘူးလား...’

ဟန်ကျွယ်က ပဋိပက္ခ နတ်ဘီလူး ဖြစ်တဲ့အတွက် ဘယ်သက်ရှိကမှ ဟန်ဟွမ်ကို လောကဦး နတ်ဘီလူးလို့ မထင်ကြပါဘူး။ လောကဦး နတ်ဘီလူးက ဘယ်လိုလုပ်ပြီး ပဋိပက္ခ နတ်ဘီလူးကနေ မွေးဖွားလာနိုင်မှာလဲ။

‘လောကဦး နတ်ဘီလူးက တကယ်မှ မရှိတာ၊ ငါ ဘယ်မှာ သွားရှာရမှာလဲ၊ သခင်စကားအတိုင်းဆို ငါ ကြိုက်တဲ့လူကို ရွေးလို့ရတာပဲ... ဒီလိုဆို ဟန်ဟွမ်က အသင့်တော်ဆုံးပဲ’

‘မဟုတ်သေးဘူး... ဒါက မဟာတာအိုအနန္တကပ်ဘေးနဲ့ ပတ်သက်နေတယ်၊ လောကဦး နတ်ဘီလူးက နယ်ရုပ်ဖြစ်လာနိုင်တယ်၊ ရှေးခေတ်ကတည်းက ကပ်ဘေးကို လှုံ့ဆော်တဲ့ ပါရမီရှင်မှန်သမျှ ဇာတ်သိမ်းကောင်းတာ မဟုတ်ဘူး’

အန္တိမဒဏ်ခတ်နတ်မင်းက ပြောလိုက်ပါတယ် “ဟန်ဟွမ်... ငါ မင်းကို လာရှာတာက မဟာတာအို အနန္တကပ်ဘေးကြောင့်ပဲ”

ဟန်ဟွမ်ဟာ မျက်လုံးဖွင့်ပြီး မေးလိုက်ပါတယ် “မဟာတာအို အနန္တကပ်ဘေးလား... ပြောပါ”

“မဟာတာအို အနန္တကပ်ဘေးက အစပျိုးနေပြီ၊ ဒီအစပျိုးတဲ့ ဖြစ်စဉ်က နှစ်ဆယ်သန်း ကြာနိုင်သလို နှစ်သန်းတစ်ရာကျော်လည်း ကြာနိုင်တယ်၊ ငါတို့တွေ မဟာတာအိုကပ်ဘေး ရောက်မလာခင် လောကဦးနတ်ဘီလူးကို ရှာဖို့လိုတယ်” အန္တိမဒဏ်ခတ်နတ်မင်းက တစ်လုံးချင်း ပြောလိုက်ပါတယ်။

ဟန်ဟွမ်ဟာ မျက်နှာအမူအရာ ပြောင်းလဲမသွားပေမဲ့ နိုးနိုးကြားကြား ဖြစ်သွားပါတယ်။

ဟန်ဟွမ်ရဲ့ လက်ရှိကျင့်ကြံမှုနဲ့ သူ့သွေးစည်းက ဘာလဲဆိုတာကို သိနိုင်တာမလို့ ဟန်ဟွမ်ဟာ သူ့ကိုယ်သူ လောကဦး နတ်ဘီလူးမှန်း သိနေပါပြီ။

ဒီအကြောင်းကြောင့်လည်း ဟန်ဟွမ်ဟာ ကျားကုတ်ကျားခဲ ကျင့်ကြံအားထုတ်နေတာပါ။ လောကဦး နတ်ဘီလူးက ပဋိပက္ခနတ်ဘီလူးတွေထက် တစ်ဆင့်ပိုမြင့်ပါတယ်။ ဒါပေမဲ့ ပဋိပက္ခအစည်းအဝေးမှာ ဟန်ဟွမ်ဟာ အနှိုင်းမဲ့ထိပ်ဆုံးနေရာကို ရရှိခဲ့ပေမဲ့ နောက်မှာရှိတဲ့ အကြွင်းမဲ့ ပါရမီရှင်ဆယ်ပါးကို အပြတ်အသတ် အနိုင်ရခဲ့တာ မဟုတ်ပါဘူး။ သူတို့တွေကို အင်အားစုအသီးသီးက တစ်တန်းတည်း သတ်မှတ်ထားကြတုန်းပါ။ ဒါကို ဟန်ဟွမ်ဟာ ဘယ်လိုမှ သည်းမခံနိုင်ပါဘူး။

ဟန်ဟွမ်ဟာ ပဋိပက္ခနတ်ဘီလူးတွေထက် အဆင့်မြင့်တဲ့ လောကဦး နတ်ဘီလူးမလို့ မာနကလည်း ရှိပါတယ်။

ဟန်ဟွမ် “ရှာနေတာ ရပ်လိုက်တော့၊ ငါက လောကဦး နတ်ဘီလူးပဲ”

အန္တိမဒဏ်ခတ်နတ်မင်းဟာ နှလုံးလှုပ်သွားပါတယ် “လောကဦး နတ်ဘီလူးက မဟာတာအို အနန္တကပ်ဘေးရဲ့ အဓိကသော့ချက်ပဲ၊ မင်း ဟန်ဆောင်မနေနဲ့၊ ငါ မင်းကို လာရှာတာက ငါ့ကို ကူပြီး ရှာပေးစေချင်လို့ပဲ”

ဟန်ဟွမ်ဟာ မတ်တတ်ရပ်ပြီး အန္တိမဒဏ်ခတ်နတ်မင်းကို စိုက်ကြည့်လိုက်ပါတယ် “ငါက လောကဦးနတ်ဘီလူးပဲ၊ မင်းပြောတဲ့ ဘေးအန္တရာယ်ကို ငါ သိတယ်၊ ဒါပေမဲ့ ငါမကြောက်ဘူး၊ လောကဦး နတ်ဘီလူးကို ရှာနေတာ ရပ်လိုက်တော့”

အန္တိမဒဏ်ခတ်နတ်မင်းဟာ တိတ်ဆိတ်သွားပါတယ်။

ဟန်ဟွမ်ဟာ အန္တိမဒဏ်ခတ်နတ်မင်းရဲ့ သဘောထားကို ကြည့်ပြီး ဒေါသ ပိုထွက်သွားပါတယ် “ဘာလဲ... မင်းက ငါ့ကို မယုံတာလား”

အန္တိမဒဏ်ခတ်နတ်မင်းဟာ မချိပြုံး ပြုံးလိုက်ပါတယ် “ငါ မင်းကို ယုံပါတယ်၊ အခုတော့ ဘာကိစ္စမှ မရှိသေးဘူး၊ ကျင့်ကြံမှုကိုသာ အာရုံစိုက်၊ မဟာတာအိုအနန္တကပ်ဘေးက အခုအထိ နိမိတ်မပြသေးဘူး”

စကားဆုံးတာနဲ့ အန္တိမဒဏ်ခတ်နတ်မင်းဟာ ပျောက်ကွယ်သွားပါတယ်။

တရားထိုင်နေတဲ့ ဟန်ဟွမ်ရဲ့ မျက်လုံးကနေ ခရမ်းရောင်ကို ထုတ်လွှတ်လာပါတယ် ‘မဟာတာအို အနန္တကပ်ဘေး... ဒါက ငါ ဒီထက်မြင့်မားတဲ့ အဆင့်ကို ထိုးဖောက်ဖို့ အခွင့်အရေးတစ်ခု ဖြစ်နိုင်တယ်’

ဟန်ဟွမ်ဟာ လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး မဟာတာအို အနန္တကပ်ဘေး ရောက်လာမဲ့အချိန်ကို မျှော်ကြည့်မိလိုက်ပါတယ်။

ဟန်ဟွမ်ရဲ့ ဝိညာဉ်နက်ထဲမှာ ကမ္ဘာတစ်ခု ဖြစ်တည်ပြီးပြီဆိုပေမဲ့ လောကဦး ပဋိပက္ခအဖြစ် ပြောင်းလဲဖို့ကတော့ အချိန်အများကြီး လိုပါသေးတယ်။ ဟန်ဟွမ်ဟာ အဲဒီလောက် အချိန်အကြာကြီး မစောင့်ချင်ပါဘူး။ အခု မဟာတာအို အနန္တကပ်ဘေးက သူ့ကို မျှော်လင့်ချက်ရောင်ခြည်လေး ပေးလိုက်ပါတယ်။

ဟန်ဟွမ် အတွေးများနေတုန်း သူ့နောက်မှာ အဝါရောင်ချီငွေ့တွေ ပေါ်လာပါတယ်။ အဝါရောင်ချီတွေဟာ တဖြည်းဖြည်း များပြားလာပြီး လူသားအသွင် ခဲသွားပါတယ်။

ဟန်ဟွမ်ဟာ တစ်ခုခုမှားနေတယ်လို့ ခံစားမိလိုက်တာကြောင့် ရုတ်တရက် နောက်လှည့်ကြည့်လိုက်တဲ့အခါ သူ့ရှေ့မှာ အဝါရောင်ချီ ပတ်လည်ဝိုင်းနေတဲ့ ခေါင်းတစ်ခေါင်းကို တွေ့လိုက်ရပါတယ်။ သူတို့နှစ်ယောက်က တစ်ပေခွဲလောက်ပဲ ဝေးကွာတော့တာပါ။

ဒီခေါင်းရဲ့ ဆံပင်တွေက ချည်ခင်ထွေးလို ရှုပ်ပွနေပြီး မျက်နှာကလည်း ကြက်သွေးရောင်ရှိတဲ့ သရဲတစ်ကောင်လို နီရဲနေပါတယ်။ မျက်ဆံတွေကတော့ မြွေလိုလို ကင်းမြီးကောက်လိုလိုနဲ့ သူ့ကို စိုက်ကြည့်နေပါတယ်။

ဟန်ဟွမ်ဟာ ထိတ်လန့်ခြင်းမရှိဘဲ တည်တည်ငြိမ်ငြိမ်နဲ့ ပြန်မေးလိုက်ပါတယ် “မင်းက ဘယ်သူလဲ”

အဝါရောင်ချီနဲ့ ခေါင်းဟာ မိစ္ဆာလို ပြုံးလိုက်ပါတယ် “လောကဦး နတ်ဘီလူး... မင်း ပဋိပက္ခထဲမှာပဲ ဆက်နေတော့မှာလား”

ဟန်ဟွမ်ဟာ မျက်လုံးကျဉ်းလိုက်ပါတယ် “မင်းက ငါ့ကို လွန်ခဲ့တဲ့ နှစ်သန်းချီမှာ ထောက်လှမ်းနေခဲ့တာမလား”

“ဟုတ်တယ်၊ မင်း လောကဦးပဋိပက္ခကို ဖန်တီးချင်ရင် ငါ မင်းကို ကူညီနိုင်တယ်”

“အို... ဒါဆို မင်းက ဘာလိုချင်တာလဲ”

“မင်းလိုပဲ... ငါ့မှာလည်း ငါ ဖန်တီးထားတဲ့ ကမ္ဘာတစ်ခုရှိတယ်၊ အဲဒီကမ္ဘာကို ပဋိပက္ခက ဖိနှိပ်ထားလို့ ငါ ဘာမှ မလုပ်နိုင်ဘူး”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters