← Chapters

အသွင်တူလက်ရည်စမ်းပွဲ အဆင့်မြှင့်တင်ခြင်း

Vol. 98 Ch. 1025

အသွင်တူလက်ရည်စမ်းပွဲ အဆင့်မြှင့်တင်ခြင်း

Vol. 98 Ch. 1025

ဟန်ဟွမ်ဟာ အဝါရောင်ချီနဲ့ ခေါင်းရဲ့ စကားကို ကြားလိုက်ရတဲ့အခါ ပြန်မေးလိုက်ပါတယ် “ဒါဆိုမင်းက ဘာလုပ်နိုင်လဲ”

အဝါရောင်ချီနဲ့ ခေါင်းဟာ ပြုံးလိုက်ပါတယ် “မဟာတာအို အနန္တကပ်ဘေး အကြောင်း ဆွေးနွေးကြရအောင်၊ ငါက မင်းရဲ့ အကြီးမားဆုံး အကူအညီ ဖြစ်လာပေးမယ်၊ ငါ နောက်မှာနေပြီး အကျိုးအမြတ်ကိုပဲ မခံစားဘူးကွာ”

ဟန်ဟွမ်ဟာ ပြုံးလိုက်ပါတယ် “ငါနဲ့ ပူးပေါင်းချင်ရင် အရင်ဆုံး မင်းရဲ့ စွမ်းအားကို သက်သေပြ”

“ဝုန်း...”

ဟန်ဟွမ်ရဲ့ ခန္ဓာကိုယ်ထဲကနေ ကြောက်မက်ဖွယ် ရောင်ဝါ ပေါက်ကွဲထွက်လာပါတယ်။ ဟန်ဟွမ်ရဲ့ ခန္ဓာကိုယ် ပတ်လည်မှာ လောကဦးချီက အထပ်ထပ် ရစ်ခွေလာတဲ့အတွက် သူ့ဝတ်ရုံတွေကို အလွန်အမင်း လူးလွန့်သွားစေပါတယ်။

အဝါရောင်ချီနဲ့ခေါင်းဟာ ဖြည်းဖြည်းချင်း နောက်ဆုတ်ပြီး ပြုံးလိုက်ပါတယ် “လောကဦး နတ်ဘီလူးလို့ မပြောရဘူး... ဒီလိုရောင်ဝါက မဟာတာအို အထွတ်အထိပ် အဆင့်ထဲမှာ ပြိုင်ဘက်ကင်းတယ်လို့ ပြောလို့ရတယ်”

ဟန်ဟွမ်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ်။ အဝါရောင်ချီနဲ့ ခေါင်းဟာ အဝါရောင်ချီတွေကို စပြီးတော့ ခဲလိုက်တဲ့အခါ ခေါင်းအောက်ကနေ အသွေးအသားတွေ ထွက်ပေါ်လာပြီး အလွန်လျင်မြန်စွာ ခန္ဓာကိုယ်တစ်ခု ဖြစ်တည်သွားပါတယ်။

ဟန်ဟွမ်ဟာ အဝါရောင်ချီနဲ့ခေါင်းရဲ့ စွမ်းအားကို မြင်ချင်တာကြောင့် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပါတယ်။ ဟန်ဟွမ်ဟာ ပဋိပက္ခ အစည်းအဝေး ပြီးကတည်းက စိတ်ရှိတိုင်း မတိုက်ခိုက်ရတော့တာပါ။

“လောကဦး နတ်ဘီလူး... မင်းရဲ့ အရည်အချင်းက အထင်ကြီးဖို့ကောင်းတာ အမှန်ပဲ၊ ဒါပေမဲ့ ရှေးခေတ်ကနေ စရေရင် ပါရမီရှင် ဘယ်လောက်များများ ထွက်ပေါ်ခဲ့တယ်လို့ မင်းထင်လဲ၊ မင်းက နှစ်လေး သန်းသုံးလေးဆယ်ပဲ ကျင့်ကြံအားထုတ်ရသေးတာ၊ ငါ့အတွက်တော့ မင်းဘဝက သေမျိုးတွေရဲ့ အသက်ရှူရှိုက်စာ တစ်ကြိမ်ပဲ ရှိတယ်” အဝါရောင်ချီနဲ့ခေါင်းက အဓိပ္ပာယ်ပါပါ ပြောလိုက်ပါတယ်။

ဟန်ဟွမ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။

“အရင်ဆုံး တိုက်ခိုက်ကြရအောင်”

.....

နှစ်သန်းချီ ကုန်ဆုံးသွားပါတယ်။

[သင်သည် အသက် သန်း ၅၀ ပြည့်ပြီ ဖြစ်သောကြောင့် သင့်ဘဝတွင် နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းလိုက်ပါပြီ။ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]

[၁။ ဂူအောင်းကျင့်ကြံရာမှ ထွက်၍ ပဋိပက္ခ၌ လောကဦး ပဋိပက္ခကို ဖွင့်လှစ်ပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ လောကဦး အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် အကောင်းစား ရတနာတစ်ပါးအား ရရှိမည်။]

[၂။ သိုသိုသိပ်သိပ် ဆက်ကျင့်ကြံ၍ ပြဿနာများနှင့် ဝေးဝေးနေပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ လောကဦး အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် စနစ်၏ လုပ်ဆောင်ချက်တစ်ခုအား အဆင့်မြှင့်တင်ရန် အခွင့်အရေးတစ်ကြိမ် ရရှိမည်။]

[သင်သည် မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှု အခွင့်အရေး တစ်ကြိမ်အား ရရှိပါသည်။]

‘အင်း... စနစ်ရဲ့ လုပ်ဆောင်ချက်ကို အဆင့်မြှင့်တင်ဖို့ အခွင့်အရေးတစ်ခု... ဒါက အသစ်ပဲ’

နံပါတ်နှစ် ရွေးချယ်မှုမှာ ပေါ်လာတဲ့အတွက် ဟန်ကျွယ်ဟာ ကျေနပ်သွားပါတယ်။ စနစ်က သိတတ်လာတယ် မဟုတ်ပါလား။

ဟန်ကျွယ်ဟာ နံပါတ်နှစ်ကို တစ်ခါတည်း ရွေးချယ်လိုက်ပါတယ်။

[သင်သည် သိုသိုသိပ်သိပ် ဆက်ကျင့်ကြံမည်ကို ရွေးချယ်ခဲ့သောကြောင့် မဟာတာအို အပိုင်းအစ တစ်စ၊ လောကဦး အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် စနစ်၏ လုပ်ဆောင်ချက်တစ်ခုအား အဆင့်မြှင့်တင်ရန် အခွင့်အရေး တစ်ကြိမ် ရရှိပါသည်။]

[ကျေးဇူးပြု၍ အဆင့်မြှင့်လိုသော စနစ်၏ လုပ်ဆောင်ချက်တစ်ခုအား ရွေးချယ်ပေးပါ။]

ဟန်ကျွယ်ဟာ တစ်ခဏ စဉ်းစားပြီးနောက် မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှု လုပ်ဆောင်ချက်ကို ရွေးချယ်လိုက်ပါတယ်။

[မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှု လုပ်ဆောင်ချက်မှာ ထိပ်တန်းအဆင့်ဖြစ်၍ သင် အန္တိမမူလ နတ်ဘီလူးကို ကျော်လွန်မှသာလျှင် အဆင့်မြှင့်နိုင်လိမ့်မည်။ ]

‘တကယ်ကို မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှုက အန္တိမမူလကမ္ဘာနဲ့ ပတ်သက်နေတာပဲ... အန္တိမမူလကမ္ဘာရဲ့ မဟာဖန်တီးမှုက ကျန်းကျွယ်ရှီရဲ့ ပဋိပက္ခ မဟာဖန်တီးမှုထက် မြင့်မားနေတာ အံ့ဩစရာ မရှိပါဘူး’

ဟန်ကျွယ်ဟာ တဒင်္ဂ တွေးတောပြီးနောက် အသွင်တူ လက်ရည်စမ်းပွဲ လုပ်ဆောင်ချက်ကို ရွေးချယ်လိုက်ပါတယ်။ အသွင်တူ လက်ရည်စမ်းပွဲ လုပ်ဆောင်ချက်က အရမ်းကို အသုံးဝင်ပါတယ်။ ဒီလုပ်ဆောင်ချက်ကြောင့် ဟန်ကျွယ်ဟာ သူ့ရန်သူတွေရဲ့ စွမ်းအားကို ကြိုသိပြီး ဘေးအန္တရာယ်တွေကို ‌ရှောင်ရှားနိုင်ခဲ့ပါတယ်။

[အသွင်တူ လက်ရည်စမ်းပွဲ လုပ်ဆောင်ချက်အား အဆင့်မြှင့်တင်လိုပါသလား။]

ဟုတ်တယ်။

[အသွင်တူ လက်ရည်စမ်းပွဲ လုပ်ဆောင်ချက်အား အဆင့်စမြှင့်ပါပြီ။]

ဟန်ကျွယ်ဟာ ဒီအဆင့်မြှင့်တာက အချိန်စောင့်ဖို့ လိုတဲ့အတွက် မဟာတာအို အပိုင်းအစတွေကို ကြည့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ မဟာတာအို အပိုင်းအစ ကိုးစကို စုမိသွားပါပြီ။ ဒါပေမဲ့ ဟန်ကျွယ်အတွက် လောလောဆယ်မှာ နောက်ထပ် မဟာတာအို ဆန်းကြယ်စွမ်းအားကို မလိုတော့ပါဘူး။ ဒါပေမဲ့ နောင်တစ်ချိန် အသုံးဝင်လာနိုင်တဲ့အတွက် ဟန်ကျွယ်ဟာ မဟာတာအို အပိုင်းအစတွေကို သိမ်းဆည်းလိုက်ပါတယ်။

မဟာတာအို အပိုင်းအစ ကိုးစက မဟာတာအို ဆန်းကြယ်စွမ်းအားကို ဖန်တီးနိုင်ရင် မဟာတာအို အပိုင်းအစ ကိုးဆယ့်ကိုးစက ဘာဖန်တီးနိုင်မလဲဆိုတာ ဟန်ကျွယ် သိချင်သွားပါတယ်။

ဟန်ကျွယ်ဟာ ဘာမှလုပ်စရာ မရှိတာနဲ့ အနားယူဖို့ ဆုံးဖြတ်ပြီး ဟန်လင်ကို ကြည့်လိုက်ပါတယ်။ ဟန်လင်ဟာ ဟန်ကျွယ်ရဲ့ အကြည့်ကို အာရုံခံမိတဲ့အတွက် မျက်လုံးဖွင့်လိုက်ပြီး ဟန်ကျွယ်ဆီက စကားကို စောင့်ပါတယ်။

အခုဆိုရင် ဟန်လင်ရဲ့ ကျင့်ကြံမှုက မဟာတာအို အထွတ်အထိပ် ထိပ်ဆုံးအဆင့်ကို ရောက်နေပါပြီ။ တော်တော်ကို မြန်ပါတယ်။

ဒါပေမဲ့ ဟန်ကျွယ်နဲ့ ယှဉ်ရင်တော့ ဟန်လင်ရဲ့ ကျင့်ကြံမှုအလျင်က နှေးကွေးနေပါသေးတယ်။ သားအဖနှစ်ယောက်က နှစ်ဆယ်သန်းချီလေးပဲ ကွာခြားတာပါ။ ဟန်ကျွယ်ဟာ ဟန်လင်ရဲ့ ဒီအရွယ်မှာ တာအိုဖန်တီးရှင် ဖြစ်နေခဲ့ပါပြီ။

“ကျင့်ကြံရတာ အခက်အခဲ တွေ့သေးလား” ဟန်ကျွယ်က မေးလိုက်ပါတယ်။

ဟန်လင် “တွေ့တယ်၊ သမီး ဖန်တီးထားတဲ့ ကမ္ဘာက ဖေဖေပြောတဲ့ မဟာတာအိုကမ္ဘာ ဖြစ်လာဖို့ တော်တော်လေး ခက်တယ်၊ သမီး မဟာတာအို သုံးထောင်ကို မခဲနိုင်ဘူး၊ ဘယ်လိုလုပ်ရမလဲ”

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ဖေဖေ သမီးကို သင်ပေးထားတဲ့ အန္တိမမူလ မဟာတာအိုက မဟာတာအို သုံးထောင်ရဲ့ အမှန်တရားတွေ ပါဝင်နေတယ်၊ သမီး ပဋိပက္ခရဲ့ မဟာတာအိုသုံးထောင် စွမ်းအားကို စုပ်ယူပြီး ကိုယ့်ဘာသာ ရှာဖွေချည်”

ဟန်လင်ဟာ အသိဉာဏ် လင်းလက်သွားပြီး ချက်ချင်း မတ်တတ်ရပ်လိုက်ပါတယ် “ဖေဖေ... သမီး အပြင်ထွက်ချင်တယ်”

ဟန်ကျွယ်ဟာ ပြုံးပြီး ခေါင်းညိတ်ကို ဟန်လင်ကို တတိယ တာအိုစက်ကွင်း အပြင်ဘက် ပို့လိုက်ပါတယ်။

ဟန်လင်ဟာ ပဋိပက္ခထဲက ချက်ချင်း ခုန်ထွက်ပြီး မဟာတာအို သုံးထောင်အောက်ကို ‌ရောက်ရှိသွားပါတယ်။ ပြောရရင် ဒါ ဟန်လင် ပထမဆုံးအကြိမ် အပြင်ကို တစ်ယောက်တည်း ထွက်တာပါ။ ဟန်ကျွယ်ဟာ ဟန်လင်ကို နည်းနည်း စိုးရိမ်တဲ့အတွက် မျက်တောင်မခတ် စိုက်ကြည့်ပါတယ်။

ပဋိပက္ခထဲမှာ ဟန်လင်ကို ယှဉ်နိုင်တဲ့လူက လက်ချိုးရေလို့ ရပါတယ်။ ဟန်ကျွယ် စိုးရိမ်တာက ဟန်လင် အလိမ်မိမှာကိုပါ။ နတ်မိမယ်တွေ ဘယ်လောက်များ သေမျိုးတွေ လိမ်တာကို ခံခဲ့ရလဲ။ ဟန်ကျွယ် ဒီလိုဇာတ်လမ်းတွေကို အများကြီး ကြားဖူးထားပါတယ်။

ဟန်လင်က သူ့ရဲ့ တန်ဖိုးအရှိဆုံး ရတနာလေးပါ။ ဒါကြောင့် ဟန်ကျွယ်ဟာ သေမျိုးတစ်ကောင်က သူ့ရတနာလေးကို ခိုးယူသွားမှာ မလိုချင်ပါဘူး။ ဟန်ကျွယ်ဟာ ဟန်လင်ကို တိတ်တဆိတ် စောင့်ကြည့်ပါတယ်။

ဟန်လင် မဟာတာအိုသုံးထောင်ရဲ့ စွမ်းအားကို စုပ်ယူတာက စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးရဲ့ အာရုံကို လျင်မြန်စွာပဲ ဆွဲဆောင်မိလိုက်ပါတယ်။ ဒါပေမဲ့ အဲဒီစွမ်းအားကြီးပုဂ္ဂိုလ်ဟာ ဟန်လင်ကို မြင်တာနဲ့ ချက်ချင်း နောက်ဆုတ်သွားပါတယ်။ အကြောင်းကတော့ အဲဒီစွမ်းအားကြီးပုဂ္ဂိုလ်ရဲ့ အကြီးအကဲဟာ ပဋိပက္ခအစည်းအဝေးကို တက်ခဲ့တဲ့အတွက် ဟန်လင်ကို မြင်ဖူးတာကြောင့် အဲဒီစွမ်းအားကြီးပုဂ္ဂိုလ်ကို ချက်ချင်း အသံလွှင့်ပြီး ထွက်သွားခိုင်းလိုက်တာပါ။ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ သမီးက သူ အပြစ်ပြုလို့ရတဲ့အထဲ မပါပါဘူး။

မကြာခင်မှာပဲ အန္တိမဒဏ်ခတ်နတ်မင်း ‌ရောက်လာပြီး ဟန်လင်နဲ့ စကား လာပြောပါတယ်။ စွမ်းအားကြီးပုဂ္ဂိုလ်တွေနဲ့ ရှေးဟောင်း တည်ရှိမှုတွေဟာ သူတို့ကို မနှောင့်ယှက်ရဲပါဘူး။

ဟန်လင်ဟာ နိယာမစွမ်းအားကို စုပ်ယူရင်း အန္တိမဒဏ်ခတ်နတ်မင်းနဲ့ စကားပြောပါတယ်။ ဟန်လင်ဟာ သူ့ကိုယ်သူ အငယ်တစ်ယောက်လိုမျိုး သဘောထားပြီး စကားပြောတဲ့အတွက် အန္တိမဒဏ်ခတ်နတ်မင်းက အတော်လေး သဘောကျသွားစေပါတယ်။

နှစ်တစ်ရာကြာတဲ့အခါမှာတော့ ဟန်ဟွမ်နဲ့ ဟန်ထော်ဟာ ဟန်လင်ကို လာတွေ့ပါတယ်။ မောင်နှမတွေ စုမိတော့ စကားဝိုင်းက အဆုံးကို မသတ်တော့ပါဘူး။

တစ်ချိန်တည်းမှာပဲ ဟန်ကျွယ်ရှေ့မှာ စာလုံးတွေ ပေါ်လာပါတယ်။

[အသွင်တူ လက်ရည်စမ်းပွဲအား အောင်မြင်စွာ အဆင့်မြှင့်ပြီးပါပြီ။]

[အသွင်တူ လက်ရည်စမ်းပွဲ: ပြိုင်ဘက်၏ ကျင့်ကြံမှုနဲ့ စွမ်းအားအဆင့်ကို လိုသလို သတ်မှတ်ပြီး တိုက်ခိုက်နိုင်သည်။ အထက်ပိုင်း ကန့်သတ်ချက်မှာ စနစ် တွက်ချက်နိုင်သော သူတို့၏ အတိတ်နှင့် အနာဂတ် ကျင့်ကြံမှု အကန့်အသတ် ဖြစ်သည်။ မဟာတာအိုကမ္ဘာထဲရှိ သက်ရှိအားလုံးကိုလည်း ရှာဖွေနိုင်ပြီး သူတို့၏ စွမ်းအားကို ပုံတူကူးနိုင်သည်။ တိုက်ပွဲရလဒ်သည် ရုပ်နာမ်နှစ်ပါးကို လုံးဝ သက်ရောက်စေမည် မဟုတ်ပါ။ အသုံးပြုနိုင်သော အကြိမ် အရေအတွက်မှာ အကန့်အသတ် မရှိပေ။]

ရန်သူရဲ့ အနာဂတ် ကျင့်ကြံမှု အကန့်အသတ်ကို တွက်ချက်နိုင်တယ်။

မဟာတာအိုကမ္ဘာတစ်ခုလုံးကို ရှာဖွေနိုင်တယ်။

ဟန်ကျွယ်ရဲ့ မျက်လုံးတွေဟာ တောက်ပသွားပါတယ်။

တခြားစကားနဲ့ ပြောရရင် ဟန်ကျွယ်ဟာ ပဋိပက္ခထဲမှာရှိတဲ့ လူတိုင်းရဲ့ ကျင့်ကြံမှုအဆင့်တွေကို ပုံတူကူးပြီး စိတ်ရှိသလို တိုက်ခိုက်နိုင်ပါတယ်။ ဒါ့အပြင် ဟန်ကျွယ်ဟာ သူတို့ရဲ့ အနာဂတ်ကိုယ်တွေနဲ့လည်း တိုက်ခိုက်နိုင်ပါသေးတယ်။

ဟန်ကျွယ်ဟာ စိတ်ကောင်းဝင်သွားပြီး ပဋိပက္ခတစ်ခုလုံးကို ချက်ချင်း ပုံတူကူးကာ အသွင်တူ လက်ရည်စမ်းပွဲထဲ ဝင်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ သက်ရှိအားလုံးကို တစ်ခါတည်း စိန်ခေါ်ပြီး သူတို့ရဲ့ ကျင့်ကြံမှုကို အနာဂတ်မှာ အမြင့်ဆုံးရောက်နိုင်တဲ့ အဆင့်အထိ ထားခိုင်းလိုက်ပါတယ်။

“ဝိုး...”

ဟန်ကျွယ်ဟာ အံ့ဩမှင်တက်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တာအိုဖန်တီးရှင် နှစ်ဆယ်ကျော်နဲ့ မဟာတာအိုပညာရှိ တစ်သိန်းကျော် ပေါ်လာတာကြောင့်ပါ။ ပဋိပက္ခက တကယ်ကို အထင်ကြီးဖို့ ကောင်းပါတယ်။ ဒီလောက် အထင်ကြီးဖို့ကောင်းတဲ့ ပါရမီရှင်တွေ အများကြီး ရှိနေပါတယ်။

တာအိုဖန်တီးရှင် အများစုက ဟန်ကျွယ် ရင်းနှီးတဲ့လူတွေပါ။ တချို့ကိုတော့ ဟန်ကျွယ် လုံးဝ မမြင်ဖူးပါဘူး။

တာအိုဖန်တီးရှင်တချို့က ဟန်ကျွယ်ကို အံ့အားသင့်စေပါတယ် ‘ဒီကောင်တွေက တာအိုဖန်တီးရှင် ဖြစ်လာတာလား... ငါ သူတို့ကို လျှော့တွက်မိခဲ့တာပဲ’

ဟန်ကျွယ်ဟာ တိုက်ပွဲကို အာရုံစိုက်လိုက်ပါတယ်။ ငါးမိနစ်ကြာတဲ့ အခါမှာတော့ ဟန်ကျွယ်ဟာ ပဋိပက္ခထဲမှာရှိတဲ့ သက်ရှိအားလုံးကို ဖျက်ဆီးပစ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဘာဖိအားမှ မခံစားလိုက်ရပါဘူး။

အဲဒီနောက် ဟန်ကျွယ်ဟာ သဏ္ဍာန်မဲ့ နတ်မင်းနဲ့ တိုက်ခိုက်ပါတယ်။ ဟန်ကျွယ်ဟာ သဏ္ဍာန်မဲ့နတ်မင်းရဲ့ အနာဂတ်ကိုယ်က လက်ရှိထက် အများကြီး ပိုစွမ်းမနေတာကို ရှာတွေ့သွားပါတယ်။ ဒီလိုနဲ့ ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲ နစ်မျောသွားပါတယ်။

နှစ်တစ်သောင်း ကြာတဲ့အခါမှာတော့ ဟန်လင်ဟာ နိယာမစွမ်းအားကို စုပ်ယူလို့ ပြီးသွားပြီး ထွက်သွားဖို့ ပြင်လိုက်ပါတယ်။ ဒါပေမဲ့ ဟန်လင်ဟာ အဝေးတစ်နေရာမှာ မဟာတာအို စွမ်းအားကို စုပ်ယူနေတဲ့ ရုပ်သွင်တစ်သွင်ကို ရုတ်တရက် လှမ်းတွေ့လိုက်ပါတယ်။

ဟန်လင်ဟာ သေချာ ကြည့်လိုက်တဲ့အခါ ဒီရုပ်သွင်က လောင်ဇီ ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ ဟန်လင်ဟာ လောင်ဇီရဲ့ ရုပ်သွင်အမှန်ကို ဟန်ကျွယ်ဆီကနေ သိထားတာပါ။ ဟန်လင်ဟာ လောင်ဇီက ပဋိပက္ခရဲ့ ထိပ်တန်း စွမ်းအားကြီးပုဂ္ဂိုလ်ဆိုတာလည်း သိထားပါတယ်။

လောင်ဇီဟာ ဟန်လင်ရဲ့ အကြည့်ကို အာရုံခံမိတာကြောင့် ခေါင်းအသာညိတ်ပြီး နှုတ်ဆက်လိုက်ပါတယ်။ ဟန်လင်ဟာ ဦးပြန်ညွှတ်ပြီး ထွက်သွားဖို့ ပြင်လိုက်ပါတယ်။

“မိတ်ဆွေလေး ဟန်လင်... ငါ ပြောချင်တာ တစ်ခုရှိတယ်၊ ငါ ပြောသင့်တယ်လို့ ထင်လား”

လောင်ဇီရဲ့ အသံဟာ ဟန်လင်ရဲ့ နားထဲကို ဝင်လာပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters