← Chapters

အန္တိမ မင်းဆိုးဒေါသကြယ်

Vol. 98 Ch. 1026

အန္တိမ မင်းဆိုးဒေါသကြယ်

Vol. 98 Ch. 1026

ဟန်လင်ဟာ လောင်ဇီကို လှည့်ကြည့်ပြီး နိုးနိုးကြားကြား ဖြစ်သွားပါတယ် “စီနီယာ... ဘာပြောချင်လို့လဲ”

ဟန်လင်ဟာ လောင်ဇီကို အပေါ်ယံပဲ လေးစားတာပါ။

လောင်ဇီ “မိတ်ဆွေလေးရဲ့ ကံတရား အထောက်အပံ့က တစ်မူထူးခြားတယ်၊ မိတ်ဆွေလေးက နောက်ကျရင် ပဋိပက္ခကို သေချာပေါက် အုပ်ချုပ်နိုင်လိမ့်မယ်၊ မိတ်ဆွေလေး ဖန်တီးချင်တဲ့ ကမ္ဘာက မိတ်ဆွေလေးရဲ့ တာအို ဖြစ်လာလိမ့်မယ်၊ မိတ်ဆွေလေး ရွေးချယ်တဲ့အရာက မိတ်ဆွေလေးရဲ့ အနာဂတ်လမ်းအတွက် အရမ်း အရေးကြီးတယ်၊ လမ်းမှားကို မရွေးချယ်မိပါစေနဲ့”

“စီနီယာရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်”

ဟန်လင်ဟာ တရိုတသေ ဦးညွှတ်ပြီး မဟာတာအို သုံးထောင်အောက်ကနေ ထွက်ခွာလာခဲ့ပါတယ်။

ဟန်လင် မဟာတာအို သုံးထောင် တည်ရှိတဲ့ နယ်မြေကနေ ထွက်ခွာတာနဲ့ ဟန်ကျွယ်ဟာ ဟန်လင်ကို တာအိုစက်ကွင်းထဲ ပြန်ရွှေ့လိုက်ပါတယ်။

လောင်ဇီဟာ ဟန်လင် ထွက်သွားတဲ့ အရပ်ကို ကြည့်ရင်း ရေရွတ်လိုက်ပါတယ် “ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက တကယ်ကို အထင်ကြီးဖို့ကောင်းတယ်၊ သူ့သွေးစည်း ဆက်ခံမှုက ဘယ်တုန်းကမှ မရှိခဲ့တဲ့အရာပဲ၊ သူက နိယာမတစ်မျိုးမျိုးကို ဆုပ်ကိုင်မိသွားတာလား”

တတိယ တာအိုစက်ကွင်း။

ဟန်လင်ဟာ ဟန်ကျွယ်ဘေးထိုင်ပြီး လောင်ဇီအကြောင်းကို စောဒကတက်ပါတယ်။ ဟန်လင်ဟာ လောင်ဇီဟာ ဝါကြီးတာကို အမှီပြုပြီး သူ့ကို ဆုံးမစကား ပြောလိုက်တယ်လို့ ခံစားနေရပါတယ်။

“သူ့မှာ သမီးကို ဆုံးမစကားပြောဖို့ ဘာအခွင့်အရေး ရှိလို့လဲ၊ သူ့ကမ္ဘာက တော်တော်ကောင်းတာ ကျနေတာပဲ၊ သူ့မှာ ဘာနာမည်မှလည်း ရှိတာ မဟုတ်ဘူး၊ အရင်တုန်းက ကောင်းကင်တာအိုထဲမှာရှိတဲ့ တာအိုဘိုးဘေးကို ရန်မစရဲခဲ့ဘူး၊ နောက်ပြီး သူ့ရဲ့ စန့်ချွမ်အဂ္ဂကမ္ဘာကိုတောင် မကာကွယ်နိုင်ဘူး၊ ဘယ်လောက်တောင် ရယ်ဖို့ကောင်းလိုက်လဲ”

ဟန်လင်ဟာ တော်တော်လေး မကျေမချမ်း ဖြစ်နေပါတယ်။ ကျင့်ကြံမှုအဆင့်ချင်း တူနေရဲ့သားနဲ့ လောင်ဇီက သူ့ကို အငယ်တစ်ယောက်လို ဆက်ဆံလိုက်တယ် မဟုတ်ပါလား။

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “အနှစ်သာရ ကွဲခြားတာကလွဲရင် မဟာတာအိုကမ္ဘာချင်းက သိပ်ကွာတာ မဟုတ်ဘူး၊ သူက သမီး မဟာတာအိုကမ္ဘာကို ကရုဏာတရားနဲ့ မအုပ်ချုပ်ဘဲ မဟာတာအိုကမ္ဘာထဲက သက်ရှိတွေကို အရုပ်လို သဘောထားပြီး စိတ်တိုင်းကျလုပ်မှာစိုးလို့ ပြောတာ၊ အဲဒီလိုဆို သမီးက အပြင်မှာလည်း ဘာမှဂရုစိုက်တော့မှာ မဟုတ်ဘူးလေ”

ဟန်လင်ဟာ နှုတ်ခမ်းမဲ့သွားပါတယ်။

ဟန်ကျွယ်ဟာ စကားလမ်းကြောင်းပြောပြီး ခရီးအကြောင်း မေးမြန်းပါတယ်။

ဒီအခါမှာတော့ ဟန်လင်ဟာ ချက်ချင်း ပျော်ရွှင်သွားပြီး မဟာတာအို သုံးထောင်ရဲ့ နိယာမစွမ်းအားကို စုပ်ယူပြီး ဖြစ်တဲ့အတွက် သူမ မဟာတာအိုကမ္ဘာအတွက် မဟာတာအိုသုံးထောင် အသစ်ကို ဖန်တီးနိုင်ပြီလို့ ပြန်ဖြေပါတယ်။

မဟာတာအိုက ပဋိပက္ခမှာ တစ်မူထူးခြားတဲ့ တည်ရှိမှုပါ။ တူတဲ့ မဟာတာအို နှစ်ခု မရှိနိုင်ပါဘူး။ ဒါပေမဲ့ ဒီကန့်သတ်မှုက မဟာတာအိုကမ္ဘာကိုတော့ မသက်ရောက်နိုင်ပါဘူး။

လေးငါးနာရီ ကြာတဲ့အခါမှာတော့ သားအဖနှစ်ယောက်ဟာ ကျင့်ကြံမှု အခြေအနေထဲ ဝင်ရောက်သွားကြပါတယ်။

တာအိုစက်ကွင်းထဲက ကျင့်ကြံမှုနှစ်တွေ အလွန်တရာမှ တည်ငြိမ်ပေမဲ့ ပဋိပက္ခကတော့ ဒီလို မဟုတ်ပါဘူး။ မဟာတာအိုပညာရှိတွေ ပိုပို ပေါ်လာတာနဲ့ သည်းခံထားခဲ့ရတဲ့ အရှုပ်အရှင်းတွေ သဘောထား ကွဲလွဲမှုတွေဟာ စပြီးတော့ ပေါက်ကွဲ ထွက်လာပါတယ်။

ရှုံဟွာအင်အားစုကလည်း အစွယ်ထုတ်ပြလာပါတယ်။ ဟွမ်ဇွမ်တျန်ဟာ မဟာတာအိုပညာရှိ ဒါဇင်ကျော် စေလွှတ်ပြီး ရှုံဟွာအင်အားစု တည်ရှိတဲ့ ပဋိပက္ခနယ်မြေကို ဗဟိုထားကာ ဘေးနားပတ်ဝန်းကျင်က ပဋိပက္ခနယ်မြေတွေကို တိုက်ခိုက် ဝါးမျိုပါတယ်။

မြောက်ပိုင်းပဋိပက္ခ ရှန့်သခင်ကလည်း ဧကရာဇ်တာအိုကို အသုံးပြုပြီး နယ်မြေအသီးသီးကို စတင် တိုက်ခိုက်ပါတယ်။ သူ့တန်ခိုးစွမ်းအားက ယှဉ်နိုင်သူ မရှိပါဘူး။

ဝူရှင်းရှစ်ကျဲ့၊ မဟာကောင်းကင် နတ်ဘုရားဘုရင်၊ စကြဝဠာဘုရင်၊ မဟာတာအို ကောင်းကင်က ကျိုးစုန်၊ မိစ္ဆာ ကောင်းကင်ဧကရာဇ်၊ ကျိုးဖန်၊ ပန်ကူးနဲ့ တခြားလူတွေလည်း လောကကို စိုးမိုးနိုင်ဖို့အတွက် တိုက်ခိုက်လာကြပါတယ်။

သူတို့တွေတင် မဟုတ်ပါဘူး။ မဟာတာအို နတ်စိတ်ဝိညာဉ်တွေတောင် ပါဝင် ပတ်သက်လာပါတယ်။

အန္တိမဒဏ်ခတ်နတ်မင်းဟာ ဒီတိုက်ခိုက်မှုကို မတားပါဘူး။ သူလည်း အလိုတူ အလိုပါဆိုတာ သိသာ ထင်ရှားလှပါတယ်။

နတ်စိတ်ဝိညာဉ်ခေါင်းဆောင်က သဘောတူမှတော့ ပဋိပက္ခ ဝရုန်းသုန်းကားဖြစ်တာ ဆန်းတော့ မဆန်းပါဘူး။

စစ်ပွဲစတင်တာ နှစ်တစ်သိန်းကျော် ကြာသွားပါတယ်။ ဒီနေ့မှာတော့ ရှုံဟွာအင်အားစုက လီတောက်ခုံးဟာ လောင်ဇီနဲ့ တိုက်ခိုက်ပါတယ်။ ပြောရရင် အရင်တုန်းက သူတို့နှစ်ယောက်ဟာ ဆရာဘိုးဘိုးနဲ့ မြေးတပည့် ဆက်ဆံရေး ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ ရန်သူတွေ ဖြစ်လာကြတဲ့အတွက် သူတို့နှစ်ယောက်ရဲ့ တိုက်ပွဲကို လူအများကြီးက စိတ်ဝင်စားကြပါတယ်။

ဒီတိုက်ပွဲက လောကကို တုန်လှုပ်စေပြီး ပဋိပက္ခကို ခေါင်းလောင်း ထိုးလိုက်သလိုပါပဲ။ တာအိုစက်ကွင်းထဲက ဟန်ကျွယ်နဲ့ ဟန်လင်တောင် ကျင့်ကြံရာက နိုးသွားကြပါတယ်။

ဟန်ကျွယ်ဟာ တိုက်ပွဲကို တစ်ချက် လှမ်းကြည့်ပြီး ဆက်ကျင့်ကြံပါတယ်။

ဟန်လင်ကတော့ လီတောက်ခုံးနဲ့ လောင်ဇီရဲ့ တိုက်ပွဲကို စိတ်ဝင်တစား ကြည့်ရှုပါတယ်။ ဟန်လင်ဟာ လောင်ဇီ သင်ခန်းစာ ပေးခံရတာကို ကြည့်ပြီး တော်တော်လေး နေသာထိုင်သာ ရှိသွားပါတယ်။

ဒီတိုက်ပွဲက ဆယ်ရက်ကျော် ကြာမြင့်ပြီး နောက်ဆုံးမှာ သရေကျသွားပါတယ်။ ဒီတိုက်ပွဲကြောင့် လီတောက်ခုံးရဲ့ နာမည်ဟာ ပဋိပက္ခထဲမှာ ဟိုလေးတကျော်ကျော် ဖြစ်သွားပြီး ဓားအရှင်ဘွဲ့ ပေးအပ်ခြင်း ခံခဲ့ရပါတယ်။

လီတောက်ခုံးရဲ့ နာမည်ကျော်ကြားမှုနဲ့အတူ ရှုံဟွာအင်အားစုရဲ့ အာဏာကလည်း အမြင့်ဆုံးကို ရောက်ရှိသွားပါတယ်။ ရှုံဟွာအရှင်က အကြွင်းမဲ့ဆယ်ပါးထဲက ပါရမီရှင်တစ်ပါး ဖြစ်ပြီး အခု လီတောက်ခုံးကပါ ပြိုင်ဘက်ကင်း ဓားအရှင် ဖြစ်သွားတဲ့အတွက် ရှုံဟွာအင်အားစု ပစ်မှတ်ထားတာ ခံရတဲ့ အင်အားစုမှန်သမျှ အညံ့မခံရင် တစ်ချိုးတည်း ထွက်ပြေးကုန်ကြပါတယ်။

အင်အားစုကြီးတွေက နယ်မြေအတွက် ပိုပို တိုက်ခိုက်လာကြတဲ့အတွက် ဂူအောင်းကျင့်ကြံနေကြတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေကို ထိတ်လန့်သွားစေပါတယ်။ သူတို့တွေဟာ ပဋိပက္ခက ဘာဖြစ်လို့ ရုတ်တရက်ကြီး ပြောင်းလဲသွားတယ်ဆိုတာကို နားမလည်နိုင်ပါဘူး။

စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ သေချာဂရုတစိုက် တွက်ချက်ကြည့်တဲ့အခါ ဒီဝရုန်းသုန်းကား ဖြစ်မှုက တည်ရှိမှုတစ်ခုကြောင့်ဆိုတာကို ရှာတွေ့သွားပါတယ်။

အဲဒီတည်ရှိမှုကတော့ လောကဦး နတ်ဘီလူးပါ။

မဟာတာအို အနန္တကပ်ဘေး ရောက်လာတော့မယ်လို့ ဘယ်သူက သတင်းဖြန့်လိုက်လဲ မသိပါဘူး။ အားအကောင်းဆုံး ကံတရား အထောက်အပံ့ရှိတဲ့လူက လောကဦး နတ်ဘီလူးအဖြစ် အသွင်းပြောင်းလဲပြီး ပဋိပက္ခထဲမှာ လောကဦး ပဋိပက္ခကို ဖွင့်လှစ်နိုင်မယ်။ ပဋိပက္ခကို ကျော်လွန်ပြီး ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ အထွတ်အထိပ် အဆင့်အတန်းကို ရရှိလိမ့်မယ်လို့ ဆိုပါတယ်။

ပထမတော့ စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ ဒါကို ကောလဟာလလို့ပဲ သဘောထားကြတာပါ။ ဒါပေမဲ့ နောက်ပိုင်း သူတို့တွေ အထွတ်အထိပ် နိယာမခုနစ်ပါးဆီ သွားပြီး တွက်ချက်ကြည့်တဲ့အခါ ဒီလောကဦး နတ်ဘီလူးနဲ့ ပတ်သက်တဲ့ ကောလဟာလတွေက အမှန်ဆိုတာကို ရှာတွေ့သွားကြပါတယ်။

မဟာတာအို အနန္တကပ်ဘေး ကျရောက်လာရင် အားအကောင်းဆုံး ကံတရား အထောက်အပံ့ရှိတဲ့လူက အထွတ်အထိပ် နိယာမခုနစ်ပါးရဲ့ အသိဉာဏ်ဖွင့်ပေးမှုကြောင့် လောကဦး နတ်ဘီလူး ဖြစ်လာမှာပါ။

ဒါကြောင့် ပဋိပက္ခတစ်ခုလုံး ရူးသွပ်သွားကြပါတယ်။ ကျင့်ကြံမှု မြင့်လေလေ ရူးသွပ်လေလေပါပဲ။

မျက်တောင်တစ်ခတ်အတွင်း နောက်ထပ် နှစ်ငါးသန်း ကုန်ဆုံးသွားပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး ပြုံးမိလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နောက်ဆုံးမှာ အဆင့်တက်နိုင်မဲ့ ဖြစ်နိုင်ခြေကို တွေ့လိုက်ရလို့ပါ။

ဟန်ကျွယ်ဟာ နှစ်သန်း ၂၀ ကျင့်ကြံအားထုတ်ပြီးခါမှ အဆင့်လေးတစ်ဆင့် တက်ဖို့ နီးကပ်လာတာပါ။ တာအိုဖန်တီးရှင်အဆင့်က နက်နဲလွန်းပြီး အဆင့်တက်ဖို့က မိုးပေါ် လှေကား ထောင်တက်ရသလိုပါပဲ။

လက်ရှိ အန္တိမမူလကမ္ဘာထဲက နယ်မြေအများစုဟာ စည်စည်ကားကား ဖြစ်လာပါတယ်။ အန္တိမမူလကမ္ဘာဟာ သူ့ဘာသာ ဆက်တိုက် ကျယ်ပြန့်နေပြီး မကြာခင် ပဋိပက္ခကို မီသွားတော့မှာပါ။

ရှကျဲ့မျိုးနွယ်စု တစ်သောင်းကို ထည့်လိုက်တာက အန္တိမမူလကမ္ဘာ ရှေ့ဆက်ဖို့အတွက် အတော်လေးကို အသုံးဝင်ပါတယ်။ ရှကျဲ့မျိုးနွယ်စု တစ်သောင်းဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲမှာ အမြဲတမ်း နေထိုင်ခဲ့တာကြောင့် သင်ပေးတာနဲ့ တာအိုဟောကြားတာကို အလွန်တရာမှ ကျွမ်းကျင်ကြပါတယ်။ သူတို့တွေဟာ အန္တိမမူလကမ္ဘာရဲ့ နေရာတိုင်းမှာ တာအိုဟောကြားတဲ့အတွက် နတ်မျိုးနွယ်စုဆိုပြီး လူသိများလာပါတယ်။

ဟန်လင်ဟာ ဟန်ကျွယ် မျက်လုံးဖွင့်လာတာကို တွေ့လိုက်ရတဲ့အတွက် “ဖေဖေ.... အဲဒီလီတောက်ခုံးက သမီးတို့ တိတ်ဆိတ်ဂိုဏ်းကဆိုတာ တကယ်ပဲလား၊ သမီးကို သူ့အကြောင်း ပြောပြပါလား”

လွန်ခဲ့တဲ့ နှစ်ငါးသန်းက ဖြစ်ပွားခဲ့တဲ့ လီတောက်ခုံးနဲ့ လောင်ဇီရဲ့ တိုက်ပွဲဟာ ဟန်လင်ကို မှင်တက်သွားစေတယ်ဆိုတာ သိသာလှပါတယ်။

ဟန်လင်ဟာ အဆင့်တူရင် ဧကရာဇ်စစ်သားတွေ အားကိုးနဲ့ ဗိုလ်ကျလို့ ရပြီလို့ ထင်ထားခဲ့တာပါ။ အခုတော့ တခြားစွမ်းအားကြီးပုဂ္ဂိုလ်တွေကလည်း အထင်ကြီးဖို့ကောင်းတဲ့ နည်းလမ်းတွေ ရှိနေတာကို ဟန်လင် ရှာတွေ့သွားခဲ့ပါတယ်။

ဟန်လင်ရဲ့ ဧကရာဇ်စစ်သားတွေက ဓမ္မစွမ်းအားပဲ ရှိပြီး ဆန်းကြယ်စွမ်းအားရော မဟာတာအို စွမ်းအားရော မရှိပါဘူး။

ဒါပေမဲ့ ဟန်လင်ဟာ လီတောက်ခုံးကို အသာလေး အနိုင်ယူနိုင်ပါတယ်။ သူမမှာ တခြားအကြံအစည်တစ်ခု ရှိနေရုံပါ။

ဟန်ကျွယ်ဟာ ပြုံးလိုက်ပြီး လီတောက်ခုံးရဲ့ အတိတ်အကြောင်းကို ပြန်ပြောင်း ပြောပြပါတယ်။ ဟန်လင်ကလည်း ဂရုတစိုက် နားထောင်ပါတယ်။

ဟန်ကျွယ်ရဲ့ စကား ဆုံးသွားတဲ့အခါ ဟန်လင်ဟာ ရုတ်တရက် သက်ပြင်းချလိုက်ပါတယ် “တိတ်ဆိတ်ဂိုဏ်းရဲ့ အုတ်မြစ်နဲ့ ပဋိပက္ခကို အုပ်စိုးဖို့က တကယ်ကို မခက်ခဲဘူးပဲ၊ ဖေဖေက ကျင့်ကြံရတာကို နှစ်သက်ပြီး အာဏာအတွက် မတိုက်ခိုက်ချင်လို့ ငြိမ်နေတာကို၊ မဟုတ်ရင် ပဋိပက္ခက ဟန်မိသားစုအပိုင် ဖြစ်နေတာ ကြာပြီ”

“ဖေဖေရဲ့ လင်အာလေးက ပဋိပက္ခကို အုပ်စိုးချင်လို့လား”

ဟန်လင်ဟာ ဧကရာဇ်အဖြစ် မွေးဖွားလာခဲ့တာပါ။ ကျင့်ကြံမှုက ပဋိပက္ခ ထိပ်ဆုံးကို ရောက်ရှိပြီး ရှေ့ဆက်တက်ဖို့ တော်တော်လေး ခက်ခဲသွားတဲ့အခါ ဟန်လင်ရဲ့ ရင်ထဲက ရည်မှန်းချက်ကလည်း တဖြည်းဖြည်း ကြီးထွားလာပါတယ်။

ဟန်လင်ဟာ ချက်ချင်း ခေါင်းခါလိုက်ပါတယ် “မဟုတ်ပါဘူး... သမီးက ဒီအတိုင်း သိချင်ရုံပါ၊ ပဋိပက္ခက အခု တော်တော်လေး စည်ကားနေတယ်၊ မကြာခဏ မဟာတာအိုပညာရှိတွေ တိုက်ခိုက်ကြတယ်၊ တစ်ခါတစ်လေ မဟာတာအိုပညာရှိချုပ်တွေတောင် ပါတယ်”

ဟန်ကျွယ်ဟာ ပြုံးရုံသာ ပြုံးလိုက်ပါတယ်။

ပဋိပက္ခက တကယ်ကို စည်ကားလာတာပါ။ ဒီနောက်ကွယ်မှာ ထောင်ချောက်တစ်ခု ရှိနေနိုင်ပါတယ်။ ဒီထောင်ချောက်က ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်က ဂရုမစိုက်ပါဘူး။

အဆုံးမဲ့ခေတ်က တာအိုဖန်တီးရှင်တိုင်း မြင်ချင်တဲ့အရာပါ။ ဒါကြောင့် ဟန်ကျွယ်ဟာ ဒီရေစီးကြောင်းကို တားမှာ မဟုတ်ပါဘူး။

‘ငါ့မှာ မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှု အခွင့်အရေး နှစ်ကြိမ် ရှိသေးတယ်၊ ငါ သူတို့ကို အသုံးပြုပြီး မဟာတာအို အနန္တကပ်ဘေးကို မီးလောင်ရာ လေပင့်လုပ်ရင် ကောင်းမလား’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။

‘နောက်ပြီး လင်အာက နည်းနည်း မောက်မာလာတယ်၊ ပဋိပက္ခထဲက သက်ရှိတွေကို အမြင့်ကြီး မတွေးတော့ဘူး၊ ဒါ ကောင်းတဲ့ကိစ္စ မဟုတ်ဘူး... ငါ သူ့ကို ဖိအားတချို့ ပေးသင့်တယ်’

ဟန်ကျွယ်ဟာ စိတ်ပိုင်းဖြတ်ပြီးတာနဲ့ မိုးကောင်းကင် ပါရမီရှင် အခွင့်အရေး ဖန်တီးမှုကို သုံးလိုက်ပါတယ်။

[မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှု အခွင့်အရေး တစ်ကြိမ်အား အသုံးပြုပါသည်။ သင့်မျိုးဆက်ထဲ၌ မဟာဖန်တီးမှုတစ်ခု ကျပန်း ပေါ်ပေါက်လာလိမ့်မည်။]

[သင့်သား ဟန်ဟွမ်သည် ရှန်တျန် မဟာဖန်တီးမှု အန္တိမ မင်းဆိုးဒေါသကြယ် နိုးထသွားခဲ့သည်။]

[အန္တိမ မင်းဆိုးဒေါသကြယ်: ရှန်တျန် မဟာဖန်တီးမှု၊ အန္တိမမူလ သာလွန်နိယာမ၏ သနားကြင်နာမှု ပါဝင်သောကြောင့် အန္တိမမူလ သာလွန်နိယာမ၏ စွမ်းအားကို ငှားယူ သုံးစွဲနိုင်သည်။ ဒေါသကြီးလေလေ ငှားယူနိုင်သော စွမ်းအားကြီးလေလေ ဖြစ်သည်။]

ဟန်ကျွယ်ဟာ မှင်တက်သွားပါတယ်။

‘ဟန်ဟွမ်... ဒီကောင်ရဲ့ မဟာဖန်တီးမှုက ငါ့စွမ်းအားကို ငှားယူတာပဲ’

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters