← Chapters

ချင်ပါရှန်

Vol. 98 Ch. 1028

ချင်ပါရှန်

Vol. 98 Ch. 1028

“ဟားဟား... ကြည့်ရတာ မိုးကောင်းကင်ကတောင် ဆက်ပြီးတော့ ကြည့်မနေနိုင်တော့ဘူးနဲ့ တူတယ်” ချင်ပါရှန်ဟာ အရူးပမာ ရယ်မောလိုက်ပါတယ်။ သူ့ရယ်သံက မုန်းတီးမှုတွေနဲ့ ပြည့်နှက်နေပါတယ်။

ကောင်းကင်ဘုံဝင် ကျင့်ကြံသူတွေဟာ မျက်နှာအမူအရာ ပြောင်းလဲသွားပေမဲ့ မကြောက်ပါဘူး။ သူတို့တွေဟာ နှစ်ထောင်ချီ ရှင်သန်ခဲ့ပြီးပြီမလို့ မုန်တိုင်းမျိုးစုံကို တွေ့ကြုံဖူးပါတယ်။ ဒါကြောင့် သူတို့တွေဟာ ကောင်းကင်ပြင် ရုတ်တရက် ပြောင်းလဲတာနဲ့ ချင်ပါရှန်ကို အလွတ်ပေးမှာ မဟုတ်ပါဘူး။

ဝတ်ရုံဖြူဟာ အကြီးအကဲဟာ ပထမဆုံး တိုက်ခိုက်ပါတယ်။ ဝတ်ရုံဖြူ အကြီးအကဲဟာ အင်္ကျီလက်စထဲက ဓားပျံကို ထုတ်ယူပြီး ချင်ပါရှန်ကို တိုက်ခိုက်လိုက်ပါတယ်။

“ခြိမ်း...”

လျှပ်စီးတစ်ကြောင်းဟာ ကောင်းကင်ကနေ ဆင်းသက်ပြီး ဝတ်ရုံဖြူ အကြီးအကဲရဲ့ ဓားပျံကို ကွဲကြေသွားစေပါတယ်။ အဲဒီနောက် ချင်ပါရှန်ရဲ့ ခန္ဓာကိုယ်ပေါ်က ကန့်သတ်စည်းတွေကိုလည်း ဖျက်ဆီးလိုက်တာကြောင့် ချင်ပါရှန်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ကပ်ထားတဲ့ အင်းစမတွေ အကုန်လုံး ပြာအတိ ကျသွားပါတယ်။

ချင်ပါရှန် မှင်တက်သွားသလို ကောင်းကင်ဘုံဝင် ကျင့်ကြံသူတွေလည်း မှင်တက်သွားပါတယ်။ ကြည့်နေတဲ့လူ အကုန်လုံး မှင်တက်သွားကြတာပါ။

အဲဒီနောက် အေးစက်တဲ့ အမျိုးသမီးအသံ တစ်သံဟာ လောကတစ်ခွင် ပဲ့တင်ထပ်သွားပါတယ်။

“သေမျိုးတွေကများ ဟန်မိသားစုရဲ့ သွေးစည်းကို စော်ကားရဲတယ်၊ နင်တို့ ယုံမလားတော့ မသိဘူး၊ ငါ ဒီမော်တယ်ကမ္ဘာကို ဖျက်ဆီးချင်ရင် အင်မော်တယ်တွေတောင် မတားနိုင်ဘူး”

ဟန်လင်ရဲ့ အသံဟာ အလွန်တရာမှ ဗိုလ်ကျလွန်းပါတယ်။ ဒီအသံထဲမှာ ပါဝင်နေတဲ့ ဒေါသက သေမျိုးကမ္ဘာရဲ့ အပူချိန်ကို ရုတ်တရက် ကျဆင်းသွားစေပါတယ်။

လူတိုင်း ထိတ်လန့်သွားကြပါတယ်။ ကောင်းကင်ဘုံဝင် ကျင့်ကြံသူတွေလည်း အတူတူပါပဲ။ ဒါက သူတို့တွေ ခုခံနိုင်တဲ့အရာ မဟုတ်ပါဘူး။

‘ဟန်မိသားစု...’ ဝတ်ရုံဖြူ အကြီးအကဲဟာ ဧကရာဇ်ကို ကြည့်လိုက်တဲ့အခါ ဧကရာဇ်ရဲ့ မျက်နှာက အထိတ်တလန့် ဖြစ်သွားတာကို တွေ့လိုက်ရပါတယ်။

“ဂျူနီယာ... ကလဲ့စားချေ၊ နင့်ကို တားဆီတဲ့လူမှန်သမျှ ရုပ်နာမ်နှစ်ပါးစလုံး ဖျက်ဆီးခံရမယ်၊ ကလဲ့စားချေပြီးရင် ကျင့်ကြံအားထုတ်ဖို့ ငါနဲ့ အထက်ကမ္ဘာကို လိုက်ခဲ့ချည်”

ဟန်လင်ရဲ့ စကားသံကြောင့် ချင်ပါရှန်ရဲ့ မျက်လုံးထဲမှာ ကြမ်းတမ်းတဲ့ အရိပ်အယောင်တွေ ပြန်ပေါ်လာပါတယ်။

ချင်ပါရှန်ဟာ တုန်တုန်ယင်ယင်နဲ့ မတ်တတ်ရပ်ပြီး မိဖုရားခေါင်ကြီးဆီ လျှောက်သွားပါတယ်။

ကျင့်ကြံသူတစ်စုကြားက မိဖုရားခေါင်ကြီးဟာ ကြောက်လန့်လွန်းလို့ မျက်နှာမှာ သွေးမရှိတော့ပါဘူး။ ခြေလည်း မခိုင်ဘဲ ကြမ်းပြင်ပေါ် လဲကျသွားပါတယ်။

မိဖုရားခေါင်ကြီးဟာ ချင်ပါရှန်က သူ့ဆီကို တစ်လှမ်းချင်းလျှောက်လာတဲ့အတွက် ကြောက်ရွံ့တကြား အော်ဟစ်ပြီး အကူအညီ တောင်းခံပါတယ်။

မိဖုရားခေါင်ကြီးကို စောင့်ကြပ်နေတဲ့ ကျင့်ကြံသူတွေဟာ အသက်မရှူရဲတဲ့အထိ ကြောက်လန့်နေတာ ဖြစ်တဲ့အတွက် ချင်ပါရှန်ကို ဘယ်သူက တိုက်ခိုက်ရဲမှာလဲ။ ဒီကျင့်ကြံသူတွေဟာ ဟန်လင်ရဲ့ တန်ခိုးစွမ်းအားကြောင့် အင်မော်တယ်တွေ ဒေါသထွက်နေတယ်လို့ ထင်မြင်သွားပါတယ်။ ဒါကြောင့် မိဖုရားခေါင်ကြီးကို ဂရုမစိုက်နိုင်တော့ဘဲ ကြောက်လန့်တကြား ထွက်ပြေးကြပါတယ်။

ကောင်းကင်ဘုံဝင် ကျင့်ကြံသူတွေဟာ ဝတ်ရုံဖြူ အကြီးအကဲကို ကြည့်လိုက်ပါတယ်။ ဝတ်ရုံဖြူ အကြီးအကဲရဲ့ မျက်နှာဟာ မည်းမှောင်နေပါတယ်။ ဝတ်ရုံဖြူ အကြီးအကဲဟာ စကားတစ်လုံးမှ မပြောသလို ဘာအမိန့်မှလည်း မပေးပါဘူး။ ဝတ်ရုံဖြူ အကြီးအကဲက သူ့မျိုးဆက်ကို ဆက်ကျန်စေချင်တယ်ဆိုတာ ထင်ရှားပါတယ်။

ချင်ပါရှန်ဟာ ဧကရာဇ်ကို ကျော်သွားပါတယ်။ ဧကရာဇ်ဟာ ချက်ချင်း နောက်လှည့်ပြီး ကတုန်ကယင် ပြောလိုက်ပါတယ် “သား... ရပ်.. လိုက်.. ပါ”

ချင်ပါရှန်ဟာ ဧကရာဇ်ရဲ့ စကားကို ဂရုမစိုက်ဘဲ မိဖုရားခေါင်ကြီးဆီ လျှောက်သွားပြီး လက်သီးနဲ့ ထိုးလိုက်ပါတယ်။

အားနည်းလှတဲ့ မိဖုရားခေါင်ကြီးဟာ ချင်ပါရှန်ရဲ့ လက်သီးချက်ကို ဘယ်လိုလုပ်ပြီး ခုခံနိုင်မှာလဲ။ နေရာမှာတင် တစ်ချက်တည်း ဘဝဇာတ်သိမ်းသွားပါတယ်။

ချင်ပါရှန်ဟာ ကောင်းကင်ပေါ်က ကျင့်ကြံသူတွေကို မော့ကြည့်ပြီး ဒေါသတကြီး အော်ပြောလိုက်ပါတယ် “ဟန်မိသားစု ဘိုးဘေး... သူတို့ကို ကျွန်တော့်အတွက် သတ်ပေးလို့ရမလား”

“မင်း...”

ဝတ်ရုံဖြူ အကြီးအကဲဟာ လန့်ပြီး ဒေါသထွက်သွားပါတယ်။ သူက ချင်ပါရှန် ကလဲ့စားချေတာကို မျက်စိမှိတ်ပေးခဲ့ပေမဲ့ ချင်ပါရှန်က သူတို့ကို သတ်ချင်နေတယ် မဟုတ်ပါလား။

“ကောင်ပြီလေ...” ဟန်လင်ရဲ့ အသံကြောင့် ကောင်းကင်ဘုံဝင် ကျင့်ကြံသူတွေ အထိတ်တလန့် ဖြစ်သွားကြပါတယ်။

ဝတ်ရုံဖြူ အကြီးအကဲဟာ ချက်ချင်း အော်ပြောလိုက်ပါတယ် “ဒီကောင်လေးကို အရင်သတ်”

ကောင်းကင်ဘုံဝင် ကျင့်ကြံသူတွေဟာ တစ်ယောက်ပြီး တစ်ယောက် တိုက်ခိုက်လိုက်ပါတယ်။ စွမ်းအားမျိုးစုံဟာ ချင်ပါရှန်ကို ကျရောက်လာပါတယ်။ ချင်ပါရှန်ဟာ စွမ်းအားကြီးပေမဲ့ ဓမ္မစွမ်းအား မရှိပါဘူး။ ဒါ့အပြင် အပြင်းအထန် ဒဏ်ရာရထားတာကြောင့် ဒီစွမ်းအားတွေကို မရှောင်တိမ်းနိုင်ပါဘူး။

ဒါပေမဲ့ ဒီစွမ်းအားတွေဟာ ချင်ပါရှန်နဲ့ ထိတွေ့ခါနီးမှာ မီးခိုးလို ပျောက်ကွယ်ကုန်ပါတယ်။

အဲဒီနောက် ကောင်းကင်ယံမှာ စူးစူးဝါးဝါး အော်ဟစ်သံတွေ ဆူညံသွားပြီး ကောင်းကင်ဘုံဝင် ကျင့်ကြံသူ အကုန်လုံး ပြုတ်ကျကုန်ပါတယ်။

ချင်ပါရှန်ဟာ သွားပေါ်အောင် ရယ်လိုက်ပြီး စိတ်သက်သာရာ ရသွားပါတယ်။

ဧကရာဇ်ဟာ ဒီမြင်ကွင်းကို ကြောင်တောင်တောင် ကြည့်ပြီး အလွန်တရာမှ နောင်တရသွားပါတယ်။

ဧကရာဇ်ဟာ ကိုယ်လုပ်တော်ဟန် အေးခဲဆောင်ဆီ မသွားခင် ပြောခဲ့တဲ့စကားကို ရုတ်တရက် ပြန်တွေးမိလိုက်ပါတယ်။

“အရှင်မင်းကြီး... အရှင်မင်းကြီးက မိဖုရားခေါင်ကြီး မိသားစုရဲ့ အာဏာကို လိုချင်တာနဲ့ လိုချင်တာကို ကျွန်မကို စွန့်ပစ်တယ်၊ နောက်ကျလို့ ကျွန်မတို့ ဟန်မိသားစုက ဘိုးဘေးတွေကို သွားရှာရင် အရှင်မင်းကြီး သေချာပေါက် နောင်တရလိမ့်မယ်”

အဲဒီတုန်းက ဧကရာဇ်ဟာ ဘဝင်မြင့်နေတာမလို့ ကိုယ်လုပ်တော်ဟန်ရဲ့ စကားကို ပေါ့ပေါ့တန်တန်ပဲ သဘောထားခဲ့ပါတယ်။ ဒါပေမဲ့ အခု ပြန်တွေးကြည့်တဲ့အခါမှာတော့ ဧကရာဇ်ဟာ သူ့လောက်တုံးတဲ့လူ ဒီကမ္ဘာမှာ မရှိတော့ဘူးလို့ ခံစားလိုက်ရပါတယ်။

ဒီတုံးအမှုက ချင်မိသားစုကို ထာဝရ ပျက်သုန်းစေပါပြီ။

တတိယ တာအိုစက်ကွင်း။

ချင်ပါရှန်ဟာ အဝတ်အစားအသစ် လဲထားပြီး ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေ ပျောက်ကာ အညစ်အကြေးတွေလည်း သန့်စင်သွားပါပြီ။ ချင်ပါရှန်ရဲ့ ခန္ဓာကိုယ်က ထောင်ထောင်မောင်းမောင်း ရှိပေမဲ့ ယောက်ျားချော ချောတာမလို့ အရင်လိုမျိုး ကြမ်းတမ်းရက်စက်တဲ့အသွင် မရှိတော့ပါဘူး။

ရှင်းဟုန်ရွှမ်၊ ချင်းလွမ်အာနဲ့ တာအိုစက်ကွင်းထဲက တပည့်တွေဟာ ချင်ပါရှန်ကို ဝိုင်းထားပါတယ်။ ဒါကပဲ ချင်ပါရှန်ကို မသက်မသာ ဖြစ်စေပါတယ်။

“ကျွတ်..ကျွတ်... ယောက်ျားရဲ့ မျိုးဆက်လို့ မပြောရဘူး၊ တကယ်ကို ကြည့်ကောင်းတယ်”

“မျိုးဆက်တွေက အဝေးကြီး ကွာနေပါပြီ”

ချင်ပါရှန်ဟာ ဘိုးဘေးနှစ်ယောက်ကို ရင်ဆိုင်ရတာကြောင့် အလွန်တရာမှ ရင်ထိတ်ပြီး စကားမပြောရဲပါဘူး။

ဒီအချိန်မှာပဲ ဟန်လင် လျှောက်လာပြီး အပြုံးနဲ့ ပြောလိုက်ပါတယ် “မေမေ... သူ့ကို ခက်ခဲအောင် မလုပ်ပါနဲ့၊ လွန်ခဲ့တဲ့သုံးလေးရက်ကဆို သူက စိတ်မနှံ့လို့ ကလေးလိုပဲ နေခဲ့တာ၊ ဘယ်လိုလုပ်ပြီး မေမေ စ,တာကို ခံနိုင်မှာလဲ”

ရှင်းဟုန်ရွှမ်နဲ့ ချင်းလွမ်အာဟာ ကောင်းကင်တာအိုနဲ့ ဝေးခဲ့တာ အတော်ကြာခဲ့ပြီမလို့ အဲဒီက အခြေအနေတွေကို မတွက်ချက်နိုင်ပါဘူး။ သူတို့က မဟာတာအိုပညာရှိချုပ်တွေ မဟုတ်ပါဘူး။

ရှင်းဟုန်ရွှမ်နဲ့ ချင်းလွမ်အာဟာ ဟန်လင်ရဲ့ စကားကြောင့် စိတ်ဝင်စားသွားပြီး ချင်ပါရှန်ရဲ့ ဘဝအကြောင်းကို မေးမြန်းပါတယ်။

ဟန်လင်ဟာ ဘာမှ မဖုံးကွယ်ဘဲ ချင်ပါရှန်ရဲ့ အတိတ်အကြောင်းကို အမှန်အတိုင်း ပြောပြလိုက်ပါတယ်။ ချင်ပါရှန်ရဲ့ ဇာတ်လမ်းကို ကြားပြီး ရှင်းဟုန်ရွှမ်နဲ့ ချင်းလွမ်အာဟာ မခံမရပ်နိုင် ဖြစ်သွားကြပါတယ်။

ချင်ပါရှန်ကတော့ တိတ်ဆိတ်သွားပါတယ်။ သူ ဘာတွေးနေတယ်ဆိုတာ သူကလွဲပြီး ဘယ်သူ သိနိုင်မှာလဲ။

အဲဒီနောက် ဟန်လင်ဟာ ချင်ပါရှန်ကို ဟန်ကျွယ်ရဲ့ တာအိုဘုံကျောင်းဆီ ခေါ်သွားပါတယ်။

ချင်ပါရှန်ဟာ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အခါ ပါးစပ်အဟောင်းသား ဖြစ်သွားပါတယ်။ ချင်ပါရှန်ဟာ ဒီလောက်ပြီးပြည့်စုံတဲ့ ရုပ်ရည်မျိုး ရှိနေလိမ့်မယ်လို့ လုံးဝ ထင်မထားခဲ့ပါဘူး။

ဟန်လင် “ဒါက ငါ့အဖေ၊ ဟန်မိသားစု ဘိုးဘေးတွေရဲ့ ဖခင်လို့လည်း ပြောလို့ရတယ်၊ နင်တို့ ဟန်မိသားစုရဲ့ ဘိုးဘေးက ကောင်းကင်တာအိုပညာရှိ ဟန်ယွင်ကျင်းပဲ”

‘ကောင်းကင်တာအိုပညာရှိ...’ ချင်ပါရှန်ဟာ တအံ့တဩ ဖြစ်သွားပါတယ်။ ချင်ပါရှန်ဟာ ‌ကောင်းကင်တာအိုပညာရှိက ဘာမှန်း မသိပေမဲ့ နာမည်ကို ကြည့်ပြီး ကြီးကျယ်တဲ့ အရာတစ်ခုခုလို့ တွေးလိုက်ပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံး မဖွင့်ပါဘူး။ ဟန်လင်ဟာ ချင်ပါရှန်ကို ကျန်တဲ့ ဟန်မိသားစုအကြောင်း စပြီးတော့ ပြောပြပါတယ်။

ချင်ပါရှန်ဟာ ဟန်လင်ပြောပြတဲ့ ဟန်မိသားစု မျိုးဆက်တွေ အကြောင်းကို နားထောင်ရင်း တိတ်ဆိတ်နေပါတယ်။ ချင်ပါရှန်ဟာ အံ့အားလည်း သင့်သလို ရင်ထဲမှာလည်း တော်တော်လေး မသက်မသာ ဖြစ်သွားပါတယ်။

ဟန်လင် ပြောလို့ ပြီးသွားတဲ့အခါ ချင်ပါရှန်က မနေနိုင်ဘဲ မေးလိုက်ပါတယ် “ဟန်မိသားစုက ဒီလောက်ထိ စွမ်းအားကြီးရင် သူတို့ရဲ့ မျိုးဆက်တွေကို ဘာဖြစ်လို့ ဒုက္ခခံခိုင်းရတာလဲ၊ ကျွန်တော်တောင် ဒီလိုခံစားရရင် တခြားလူတွေလည်း ဒီလိုခံစားရမှာပဲ”

ဟန်လင်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ဟန်မိသားစုမှာ မျိုးဆက်တွေ မရေမတွက်နိုင်အောင် ရှိတယ်၊ ဟန်မိသားစုက မင်းတို့ကို ဘဝ ပေးပြီးပြီ၊ မင်းတို့ရဲ့ ဘဝတစ်ခုလုံးကို လိုက်ကာကွယ်ဖို့ ဟန်မိသားစုမှာ တာဝန်မရှိဘူး၊ သေမျိုးတွေထဲမှာ ဘယ်သူကများ စွမ်းအားမကြီးတဲ့ ဘိုးဘေး မရှိလို့လဲ”

“ဒါဆို ကျွန်တော့်ကို ဘာဖြစ်လို့ ကူညီတာလဲ၊ ကျွန်တော်ရဲ့ အရည်အချင်းကြောင့်လား...” ချင်ပါရှန်က မေးလိုက်ပါတယ်။

“မင်းရဲ့ အရည်အချင်းကိုလည်း ငါ ပေးထားတာ၊ မဟုတ်ရင် မင်းက အခုအချိန်အထိ စိတ်မနှံ့ဘဲ တစ်ဘဝလုံး ခွေးလိုဝက်လို နေရမှာ”

ဒီစကားကို ပြောလိုက်တဲ့လူက ဟန်ကျွယ်ပါ။ ဟန်ကျွယ်ရဲ့ အသံက တည်ငြိမ်ပေမဲ့ စကားလုံးနဲ့ ဖော်ပြလို့မရတဲ့ အရှိန်အဝါ ပါဝင်နေတဲ့အတွက် ချင်ပါရှန်ကို ပိုပြီးတော့ ရင်ထိတ်သွားစေပါတယ်။

ချင်ပါရှန်ဟာ ဟန်ကျွယ်ကို ကြည့်လိုက်တဲ့အခါ ဟန်ကျွယ်က မျက်လုံးဖွင့်ပြီး သူ့ကို စိုက်ကြည့်နေတာ တွေ့လိုက်ရတဲ့အတွက် လန့်ဖျပ်သွားပြီး ခေါင်းကို ချက်ချင်း ငုံ့လိုက်ပါတယ်။

ဟန်လင်ဟာ သူ့အဖေကို တအံ့တဩ ကြည့်လိုက်ပါတယ် ‘အရည်အချင်းက ပေးလို့ရတာလား...’

ဟန်ကျွယ်ဟာ ချင်ပါရှန်ကို စိုက်ကြည့်ပြီး ပြောလိုက်ပါတယ် “ဟန်မိသားစုမှာ တပည့်တွေ အများကြီးရှိတယ်၊ မင်း ငါ့ရဲ့ ရွေးချယ်မှုကို ခံရတာက ငါ မင်းကို ကြိုက်နှစ်သက်လို့ မဟုတ်ဘူး၊ မင်းရဲ့ ကံကြမ္မာကြောင့်ပဲ၊ ငါက ငါ့ရဲ့ မျိုးဆက်တွေကို မျှမျှတတပဲ ဆက်ဆံတယ်၊ ဘယ်သူပဲ ရွေးချယ်ခံရခံရ ဒါက သူတို့ရဲ့ ကိုယ်ပိုင် အခွင့်အရေးပဲ၊ မင်း ဘာမှစိုးရိမ်စရာ မလိုဘူး၊ ဒါပေမဲ့ ငါ ဟန်မိသားစုကို ဘာအကြွေးမှ တင်မနေဘူးဆိုတာ မှတ်ထားချည်၊ ငါ့ကြောင့်သာ မဟုတ်ရင် ဟန်မိသားစုက တည်တောင် မတည်ရှိနိုင်ဘူး”

ချင်ပါရှန်ဟာ ဘာမှ ပြန်မပြောနိုင်ပါဘူး။ ချင်ပါရှန်ဟာ သူ့စကားတွေက ကျိုးကြောင်း မဆီလျော်မှန်း သိတာကြောင့် ငြိမ်ကျသွားပါတယ်။

ချင်ပါရှန်ဟာ မော့ကြည့်ပြီး မေးလိုက်ပါတယ် “ဘိုးဘေး... ကျွန်တော် ဘိုးဘေးအတွက် ဘာလုပ်ပေးဖို့ လိုလဲ”

“အခုအချိန်ကစပြီး မင်း ငါ့သမီးဆီမှာ အမှုထမ်းရမယ်”

ချင်ပါရှန်ဟာ ဟန်လင်ကို ကြည့်လိုက်ပါတယ်။

ဟန်လင်ဟာ ပြုံးလိုက်ပါတယ် “မစိုးရိမ်ပါနဲ့၊ နင် ဒီမှာ ကျင့်ကြံအားထုတ်လို့ရတယ်၊ ငါ မွေးကတည်းက ကျင့်ကြံအားထုတ်လာတာ နှစ်ဆယ်သန်းချီ ရှိသွားပြီ၊ ငါ့ဘဝမှာ နှစ်ခါပဲ အပြင် ထွက်ဖူးသေးတယ်၊ ဘာအန္တရာယ်မှ မကြုံဖူးသေးဘူး”

ချင်ပါရှန်ဟာ ခေါင်းညိတ်လိုက်ပြီး စိတ်ထဲမှာလည်း လန့်သွားပါတယ်။

‘နှစ်ဆယ်သန်းချီ’

အဲဒီနောက် ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ဆက်ကျင့်ကြံပါတယ်။

ဟန်လင်ဟာ မတ်တတ်ရပ်ပြီး ချင်ပါရှန်နဲ့ ထွက်ခွာသွားပါတယ်။ အဲဒီနောက် ဟန်လင်ဟာ တာအိုဘုံကျောင်းဘေးမှာ ချင်ပါရှန်အတွက် တာအိုဘုံကျောင်း တစ်ကျောင်း ဆောက်ပေးပါတယ်။

ဟန်လင်ဟာ ချင်ပါရှန်ကို ကျင့်စဉ်ပေးပြီးတာနဲ့ “ကိစ္စမရှိရင် ငါတို့ရဲ့ တာအိုဘုံကျောင်းဆီ မလာနဲ့၊ ငါ့အဖေက အမြဲတမ်း ဂူအောင်းကျင့်ကြံနေတာ၊ တစ်ခါ ဂူအောင်းကျင့်ကြံရင် နှစ်ငါးသန်း ကြာတယ်၊ နင့်ရဲ့ ကျင့်ကြံမှုမှာ အပိတ်အဆို့တွေ့ရင် ငါကိုယ်တိုင် သင်ကြားပေးမယ်၊ နင် ပျင်းရင် အဲဒီတပည့်တွေဆီ သွားလို့ရတယ်၊ ဒါပေမဲ့ နင့်ရဲ့ အချိန်အများစုကို ကျင့်ကြံအားထုတ်ရင်း ကုန်ဆုံးဖို့ ငါမျှော်လင့်ပါတယ်”

“နင်ရဲ့ သိက္ခာကို ထိခိုက်စေတယ်ဆိုပေမဲ့ ပြောသင့်တာတစ်ခုတော့ ပြောရဦးမယ်၊ နင့်အမေ အဲဒီလိုမျိုး ဖြစ်ပျက်ခဲ့တာက နင် အားနည်းလွန်းလို့ပဲ၊ ပြန်လည်မွေးဖွားခြင်း စက်ဝန်းက အဆုံးမရှိဘူး၊ သူ ပြန်လည်မွေးဖွားနိုင်တယ် ဆိုတာကိုတော့ ငါ အာမခံပေးနိုင်တယ်”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters