ဆန်းကြယ် ကံတရားစာအုပ်၊ ကြမ္မာဆိုးစာအုပ်
Vol. 98 Ch. 1029
ချင်ပါရှန်ဟာ သူ့မယ်တော် ပြန်လည် မွေးဖွားနိုင်တယ်လို့ ကြားလိုက်ရတဲ့အတွက် အလွန်တရာမှ စိတ်လှုပ်ရှားသွားပါတယ်။
ဟန်လင်က ဆက်ပြောပါတယ် “ဒီနေ့ကစပြီး နင့်မျိုးရိုးနာမည်က ဟန်ပဲ”
ချင်ပါရှန်ဟာ ခေါင်းညိတ်လိုက်ပါတယ် “ကျွန်တော်လည်း ချင်မျိုးရိုးနာမည်ကို မုန်းတယ်”
ချင်ပါရှန်ဟာ သူ့နာမည်ကို ဟန်ပါရှန်လို့ ပြောင်းပြီး ဟန်လင် လက်အောက်မှာ ကျင့်ကြံအားထုတ်ပါတယ်။
ဟန်ကျွယ်အတွက်တော့ ဒီကိစ္စက သေးသေးလေးပါ။ နောက်ကျရင် မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှုရဲ့ ရွေးချယ်ခံရသူတွေကို ဒီအတိုင်း လုပ်လို့ရပါတယ်။ ဟန်ကျွယ် ကိုယ်တိုင် ပျိုးထောင်စရာ မလိုပါဘူး။
ဖန်တီးမှုက အလွန်တရာမှ ထူးခြားနေရင်တော့ တစ်မျိုးပေါ့။
ဟန်ကျွယ် စိတ်မပျက်ရပါဘူး။ ဟန်ပါရှန်ဟာ တတိယ တာအိုစက်ကွင်းထဲ ရောက်လာပြီးနောက် ကျင့်ကြံမှုကိုပဲ အာရုံစိုက်ပြီး တာအိုဘုံကျောင်းထဲက ထွက်ခဲလှပါတယ်။
မျက်တောင်တစ်ခတ်အတွင်း အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။
[သင်သည် အသက် သန်း ၆၀ ပြည့်ပြီ ဖြစ်သောကြောင့် သင့်ဘဝတွင် နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းလိုက်ပါပြီ။ သင့်တွင် အောက်ပါ ရွေးချယ်မှုများ ရှိသည်။]
[၁။ ဂူအောင်းကျင့်ကြံရာမှ ထွက်၍ ပဋိပက္ခ၌ အန္တိမမူလကမ္ဘာကို ဖွင့်လှစ်ပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ လောကဦး အပိုင်းအစ တစ်စနှင့် ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးအား ရရှိမည်။]
[၂။ သိုသိုသိပ်သိပ် ဆက်ကျင့်ကြံ၍ ပြဿနာများနှင့် ဝေးဝေးနေပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ လောကဦး အပိုင်းအစ တစ်စနှင့် ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးအား ရရှိမည်။]
ရွေးချယ်မှု နှစ်ခုလုံးရဲ့ ဆုလာဘ်က အတူတူပါပဲ။ ဟန်ကျွယ်ဟာ ဒီဟာကို စနစ်ရဲ့ ပုံမှန်ပေးတဲ့ လက်ဆောင်လို့ သဘောထားပါတယ်။
ဟန်ကျွယ်ဟာ နံပါတ်နှစ်ကို တိတ်တဆိတ် ရွေးချယ်လိုက်ပါတယ်။
[သင်သည် သိုသိုသိပ်သိပ် ဆက်ကျင့်ကြံမည်ကို ရွေးချယ်ခဲ့သောကြောင့် မဟာတာအို အပိုင်းအစ တစ်စ၊ လောကဦး အပိုင်းအစ တစ်စနှင့် ဖန်တီးရှင် စိတ်ဝိညာဉ် ကျောက်တုံး တစ်တုံးအား ရရှိပါသည်။]
ဟန်ကျွယ်ဟာ ဟန်ပါရှန်ရဲ့ တာအိုဘုံကျောင်းကို ကြည့်လိုက်ပါတယ်။ နှစ်ငါးသန်း ကျင့်ကြံအားထုတ်ပြီးနောက် ဟန်ပါရှန်ရဲ့ ကျင့်ကြံမှုက လွတ်လပ်မှုအဆင့်ကို ရောက်ရှိသွားခဲ့ပါပြီ။
တာအိုစက်ကွင်းထဲက စိတ်ဝိညာဉ်ချီက ပဋိပက္ခရဲ့ ဘယ်နေရာထက်မဆို ပိုသိပ်သည်းပါတယ်။ ဒါကြောင့် ဟန်ကျွယ်အမြင်မှာ ဟန်ပါရှန်ရဲ့ တိုးတက်မှုက နည်းနည်း နှေးနေပါသေးတယ်။
ဟန်လင်ဟာ ကျင့်ကြံအားထုတ်ရင်း အလုပ်များနေတာမလို့ ဟန်ပါရှန်ကို သုံးကြိမ်ပဲ သင်ပေးရပါသေးတယ်။ ဒါကြောင့် ဒီလောက်ပဲ တိုးတက်တာက ဟန်ပါရှန်ကို အပြစ်ပြောလို့ မရပါဘူး။ အရင်တုန်းက ဟန်ကျွယ်မှာ စနစ်ရဲ့ ကူညီမှု ရှိခဲ့တယ် မဟုတ်ပါလား။
ဟန်ကျွယ်ဟာ စာစောင်တွေကို ဖွင့်ကြည့်လိုက်ပါတယ်။
မကြာသေးခင်က စာစောင်တွေဟာ အလွန်တရာမှ ဝရုန်းသုန်းကား နိုင်လှပါတယ်။ အကုန်လုံးလိုလို တိုက်ခိုက်မှုတွေချည်းပါပဲ။ တိတ်ဆိတ်ဂိုဏ်းသား အချင်းချင်းတောင် တစ်ယောက်ကို တစ်ယောက် ပြန်တိုက်ခိုက်ကြပါတယ်။
ကျိုးဖန်ဟာ လီတောက်ခုံးနဲ့ တိုက်ခိုက်ခဲ့ပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။
ဟန်ထော်နဲ့ ဟွမ်ဇွမ်တျန်လည်း တိုက်ခိုက်ပြီး နှစ်ယောက်စလုံး ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိသွားကြပါတယ်။
တာအိုအရှင်သခင်တို့ လေးယောက်ဟာ မကြာသေးခင်ကမှ ပဋိပက္ခကို ပြန်ရောက်လာပါတယ်။ ဟန်ယဲ့နဲ့ ဟန်ယောင်ကလည်း တစ်ကြိမ်မက တိုက်ခိုက်ကြပြီး အကြိမ်တိုင်းမှာ နှစ်ယောက်စလုံး ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိကြပါတယ်။
ဟန်ကျွယ်ဟာ ကြားထဲကနေ ဖျန်ဖြေပေးဖို့ စိတ်ကူး မရှိပါဘူး။ ဒီတပည့်တွေက ကြီးပြင်းလာပါတယ်။ ပညာဖလှယ်တာပဲ ဖြစ်စေ တကယ် တိုက်ခိုက်တာပဲ ဖြစ်စေ ဟန်ကျွယ် ဂရုမစိုက်ပါဘူး။
စာစောင်တွေကို ဖတ်ပြီးတာနဲ့ ဟန်ကျွယ်ရဲ့ အကြည့်ဟာ ပဋိပက္ခဆီ ရောက်ရှိသွားပါတယ်။
ဟန်ကျွယ်ဟာ ပဋိပက္ခ စိတ်ဝိညာဉ်တွေ အများကြီး တိုးလာတာကို ရှာတွေ့သွားပါတယ်။ အထွတ်အထိပ် နိယာမ ခုနစ်ပါးကလည်း အရွယ်အစား ကြီးလာပါတယ်။ မဟာတာအို သုံးထောင်ကလည်း ပိုပြီးတော့ လေးလံလာပါတယ်။
ဒီအကြောင်းကြောင့်ပဲ ပဋိပက္ခထဲက အင်အားစု အသီးသီးဟာ သူတို့တွေ ပဋိပက္ခရဲ့ ကံတရား အထောက်အပံ့ကို ဖန်တီးနေတယ်ထင်ပြီး ပိုပြီးတော့ တိုက်ခိုက်ကြပါတယ်။ အန္တိမဒဏ်ခတ်နတ်မင်းတာင် ဒီလိုတွေးပါတယ်။
ဟန်ကျွယ်ပဲ နဝမပဋိပက္ခက စွမ်းအား ပိုကြီးလာတယ်ဆိုတာကို သိပါတယ်။
နဝမပဋိပက္ခ ဖန်တီးရှင်သခင် ဖြစ်လာတော့မယ်ဆိုတဲ့ အတွေးက ဟန်ကျွယ်ကို ရင်တုန်စေပါတယ်။
တာအိုဖန်တီးရှင်တောင် အလွန်တရာ ကြောက်ဖို့ကောင်းနေပါပြီ။ ဖန်တီးရှင်သခင်က ဘယ်လောက်ထိ စွမ်းအားကြီးမလဲဆိုတာ ဘယ်သူ သိနိုင်မှာလဲ။ တာအိုစက်ကွင်းရဲ့ အရံအတားက ဖန်တီးရှင်သခင် အဆင့်ပဲ ရှိပါတယ်။ နဝမပဋိပက္ခ ဖန်တီးရှင်သခင် ဖြစ်သွားရင် သူ့ကို လုံးဝ တားဆီးနိုင်မလားဆိုတာက မသိနိုင်သေးပါဘူး။
ဟန်ကျွယ်ဟာ အကြံကြီးတစ်ခု ရသွားပါတယ်။ အဲဒါကတော့ နဝမပဋိပက္ခကို ကျိန်စာတိုက်ဖို့ပါ။
ကြမ္မာဆိုးစာအုပ်က အန္တိတာအိုရတနာမလို့ ကျိန်စာ မတိုက်နိုင်တဲ့လူ မရှိပါဘူး။
ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “နဝမပဋိပက္ခက သူ ဖန်တီးရှင်သခင် ဖြစ်သွားရင် ငါ့ကို အကောက်ကြံမှာလား၊ ဥပမာ ငါ့ကို ဖိနှိပ်တာမျိုးပေါ့”
[သက်တမ်း ၁၀၀ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[မှန်ပါသည်။]
‘ဒီကောင်က လက်စသတ်တော့ ခွေးဝဲစားပဲ’
တကယ်တော့ ဒါက အဓိပ္ပာယ်ရှိပါတယ်။ နဝမပဋိပက္ခသာ တကယ် ကြင်နာတယ်ဆိုရင် ပဋိပက္ခသိစိတ်နဲ့ သဏ္ဍာန်မဲ့နတ်မင်းက အခုလိုမျိုး သနားစရာကောင်းတဲ့ အခြေအနေကို ရောက်နေမှာ မဟုတ်ပါဘူး။
“ငါ ကြမ္မာဆိုးစာအုပ်နဲ့ နဝမပဋိပက္ခကို ကျိန်စာတိုက်ရင် ရှာတွေ့ခံရနိုင်လား”
[အန္တိမတာအိုရတနာသည် တာအိုဖန်တီးရှင် အဆင့် ရှိသည်။ နဝမပဋိပက္ခသည် ကြမ္မာဆိုးစာအုပ်ကို တိုက်ရိုက် မတွက်ချက်နိုင်သော်လည်း ကောက်ချက်ချနိုင်သည်။]
စနစ်ရဲ့ အဖြေကြောင့် ဟန်ကျွယ်ဟာ ဆန်းကြယ် ကံတရား စာအုပ်ကို အသုံးချဖို့ တွေးမိလိုက်ပါတယ်။
‘ဆန်းကြယ် ကံတရားစာအုပ်နဲ့ သက်ရှိအားလုံးရဲ့ နားလည်မှုကို ပြောင်းလဲပြီး အမှောင်သခင်ကြီး တကယ်ရှိတယ်လို့ ထင်သွားအောင် လုပ်လိုက်ရင် နဝမပဋိပက္ခက သူ့ကို ကျိန်စာတိုက်တာ ငါလို့ ကောက်ချက်ချနိုင်မှာ မဟုတ်တော့ဘူး’
‘ဟုတ်တယ်...’
‘ကွက်တိပဲ’
ဟန်ကျွယ်ဟာ ချက်ချင်းပဲ ဟန်ပါရှန်ကို ရက်အနည်းငယ် သင်ကြားပေးဖို့ ဟန်လင်ကို တာဝန်ပေးလိုက်ပါတယ်။ နောက်ကျရင် သူကိုယ်တိုင် တာအိုဟောကြားမယ်လို့လည်း ပြောလိုက်ပါတယ်။
တာအိုဘုံကျောင်းထဲကနေ ဟန်လင် ထွက်သွားတာနဲ့ ဟန်ကျွယ်ဟာ ဆန်းကြယ် ကံတရားစာအုပ်ကို ထုတ်ယူပြီး စတင် အသုံးပြုလိုက်ပါတယ်။
“ငါ သက်ရှိအားလုံး နဝမပဋိပက္ခအပါအဝင် လူတိုင်းကို အမှောင်သခင်ကြီး တကယ်ရှိတယ်လို့ ထင်စေချင်တယ်၊ အမှောင်သခင်ကြီးက ငါ ဟန်ကျွယ်နဲ့ ဘာမှ မပတ်သက်ဘူး”
[သက်တမ်း ကောဋိ ပကောဋိ တစ်သိန်း ကုန်ဆုံးပါမည်။ ဆက်လက် လုပ်ဆောင်လိုပါသလား။]
‘များလှချည်လား...’
ဒါပေမဲ့ ဒီတန်ဖိုးက ဟန်ကျွယ်ရဲ့ သက်တမ်း တစ်ဝက်နဲ့ နှိုင်းယှဉ်ရင် နည်းပါးနေပါသေးတယ်။
ဟန်ကျွယ် ပထမဆုံး ဆန်းကြယ် ကံတရား စာအုပ်ကို စသုံးတုန်းက သူ့သက်တမ်းဟာ ကောဋိ ပကောဋိ တစ်သိန်းတောင် မရှိပါဘူး။ အခု ဟန်ကျွယ်ဆီမှာ ဗိန္ဒု ၁၂၀ ကျော် သက်တမ်းရှိတဲ့အတွက် ဒီသက်တမ်းက ပါမွှားလေးလို့ ပြောလို့ရပါတယ်။
ဟန်ကျွယ်ဟာ ဆက်လက် လုပ်ဆောင်ဖို့ ရွေးချယ်လိုက်ပါတယ်။
ဆန်းကြယ် ကံတရား စာအုပ်ကနေ နတ်အလင်းရောင်တွေ ဖြာထွက်လာပါတယ်။ ဒီရောင်ဝါက ဟန်ကျွယ်ကို ရင်တုန်စေတုန်းပါ။
အန္တိမ အကောင်းစား ရတနာလို့ မပြောရပါဘူး။
နတ်အလင်းရောင် ပျောက်ကွယ်သွားလို့ ဟန်ကျွယ် ကြာချိန်ကို ကြည့်လိုက်တဲ့အခါ နှစ်သန်းတစ်ရာ ဖြစ်သွားတာကို တွေ့လိုက်ရပါတယ်။
ဟန်ကျွယ် နောက်တစ်ခါ ဆန်းကြယ် ကံတရားစာအုပ်ကို ထပ်သုံးချင်ရင် သူ အသက် သန်း ၁၆၀ ပြည့်တဲ့အထိ စောင့်ရမှာပါ။
ဟန်ကျွယ်ဟာ ပြုံးပြီး ဆန်းကြယ် ကံတရားစာအုပ်ကို သိမ်းလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ကျိန်စာမတိုက်ရတာ အတော်ကြာခဲ့ပြီမလို့ အတော်လေး စိတ်လှုပ်ရှားနေပါတယ်။
ဟန်ကျွယ်ဟာ အားနည်းတဲ့လူထက် သူ့ထက် စွမ်းအားကြီးတဲ့ တည်ရှိမှုကို ပိုပြီးတော့ ကျိန်စာတိုက်ချင်ပါတယ်။
‘နဝမပဋိပက္ခရေ... မင်း အဆင်သင့် ဖြစ်ပြီလား...’
‘မင်း အရင်ဆုံး ဖန်တီးရှင်သခင် ဖြစ်လာမဲ့အကြံကို လက်လွှတ်လိုက်ပေတော့...’
ဟန်ကျွယ်ဟာ နဝမပဋိပက္ခကို ကျိန်စာစတိုက်ပါတယ်။ အန္တိမတာအိုရတနာ ဖြစ်တာကြောင့် ကြမ္မာဆိုးစာအုပ်ဟာ တည်ရှိမှု အကုန်လုံးကို ကျိန်စာတိုက်နိုင်ပါတယ်။
ကျိန်စာစွမ်းအားဟာ ပေါက်ကွဲထွက်ပြီး အလင်းနက်တွေ ဖြာထွက်လာတာကြောင့် ဟန်ကျွယ်ရဲ့ မျက်နှာကို မိစ္ဆာဆန်ကာ ကြောက်ဖို့ကောင်းသွားစေပါတယ်။ ဟန်ကျွယ်ဟာ အရင်လိုမျိုး မြင့်မြတ်တည်ကြည်တဲ့ ရုပ်သွင် မဟုတ်တော့ပါဘူး။
ငါးရက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ သက်တမ်းဟာ စပြီးတော့ လျင်မြန်စွာ လျော့ကျပါတယ်။
ဟန်ကျွယ်ဟာ ကိုယ်ရေးအကျဉ်းကို ဖွင့်ကြည့်ပြီး စိုက်ကြည့်ပါတယ်။ နဝမပဋိပက္ခက နဝမပဋိပက္ခပါပဲ။ ဟန်ကျွယ်ရဲ့ သက်တမ်း လျော့ကျနှုန်းက အလွန်တရာမှကို မြန်ဆန်ပါတယ်။
နှစ်သန်းတစ်ရာ။
တစ်ဘီလီယံ။
၁၀ ဘီလီယံ။
၁၀၀ ဘီလီယံ။
၁ ထရီလီယံ။
ဟန်ကျွယ်ဟာ ကျိန်စာတိုက်ရတာကို နှစ်သက်တဲ့ ခံစားချက်ထဲ နစ်မျောသွားပါတယ်။
ဟန်ကျွယ်ဟာ ကျိန်စာတိုက်ရင်း အတိတ်ကို ပြန်တွေးမိလိုက်ပါတယ်။ ဟန်ကျွယ် မေ့ထားခဲ့တဲ့ ရန်သူတွေဟာ သူ့စိတ်ထဲမှာ တစ်ယောက်ပြီး တစ်ယောက် ပြန်ပေါ်လာပါတယ်။
ဟန်ကျွယ်ဟာ သူတို့ကို တကယ်ပဲ သတိရပါတယ်။
ဘေးနားက တာအိုဘုံကျောင်းမှာတော့ ဟန်ပါရှန်ဟာ စိတ်လေးလက်လံ ဖြစ်နေပါတယ်။ ဟန်ကျွယ်က သူ့ကို တာအိုဟောကြားတော့မယ် ဆိုတဲ့ အတွေးကြောင့် ဟန်ပါရှန်ဟာ တော်တော်လေး ရင်တုန်ပန်းတုန် ဖြစ်သွားပါတယ်။
ဟန်ပါရှန်ဟာ တာအိုစက်ကွင်းကို စရောက်တုန်းက ဟန်ကျွယ်က အတော်လေး စွမ်းအားကြီးမှန်း သိပေမဲ့ သူစိတ်ကူးနိုင်တာထက် သာလွန်နေလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။ ဟန်လင် ကျင့်ကြံမှုအဆင့်တွေနဲ့ ပဋိပက္ခအကြောင်းကို ရှင်းပြပြီးကတည်းက ဟန်ပါရှန်ဟာ သူ ဧရာမ အခွင့်အရေးကြီးကို ရလိုက်မှန်း သိသွားခဲ့ပါတယ်။
ဟန်လင်ဟာ ဟန်ပါရှန်ရဲ့ လေးလံမှုကို သတိထားမိတာကြောင့် ပြုံးလိုက်ပါတယ် “မကြောက်ပါနဲ့၊ ငါ့အဖေက နင့်ကို ကိုက်မစားပါဘူး”
“ဘိုးဘေး... ကနဦးဘိုးဘေးရဲ့ အတိတ်ကို ပြောပြလို့ရမလား”
ဟန်လင်ဟာ ပြုံးပြီး ခေါင်းညိတ်ကာ သူသိထားတာကို ပြောပြပါတယ်။
ဟန်ပါရှန်ဟာ လေးလေးနက်နက် နားထောင်ပါတယ်။
ဟန်ပါရှန်ဟာ ကနဦးဘိုးဘေးက သေမျိုးဘဝကနေ စတင်ပြီး ပဋိပက္ခကို ထိန်းချုပ်နိုင်တဲ့အထိ တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းလာတာကို သိလိုက်ရကတည်းက ဟန်ကျွယ်ကို ကြည်ညို လေးစားသွားပါတယ်။
ဟန်ပါရှန်ဟာ သူ့အတွေ့အကြုံက ဘာမှမဟုတ်ဘူးလို့ ခံစားလိုက်ရပါတယ်။ သူ့အဖေက သူ့ကို ကောင်းကောင်းမွန်မွန် မဆက်ဆံပေမဲ့ အနည်းဆုံးတော့ မွေးမြူခဲ့ပါတယ်။ ဒါပေမဲ့ ကနဦးဘိုးဘေးရဲ့ မိဘတွေကတော့ ငယ်ရွယ်စဉ်ကတည်းက စွန့်ပစ်ခဲ့တဲ့အတွက် ကနဦးဘိုးဘေးဟာ တစ်ကိုယ်တည်း ရှင်သန်ခဲ့ရပါတယ်။ ဟန်မိသားကို ဖန်တီးနိုင်တဲ့အထိ ကနဦးဘိုးဘေးက သူ့ဘာသာ ကြိုးစား အားထုတ်ခဲ့တာပါ။
ဟန်ပါရှန်ဟာ ကနဦးဘိုးဘေးနဲ့ စတွေ့တုန်းက စောဒက တက်ခဲ့တာကို ပြန်တွေးမိပြီး ရှက်သွားပါတယ်။
ဟန်ပါရှန်ဟာ ကနဦးဘိုးဘေး သူ့ကို ရွေးချယ်တာက ကံတရား အထောက်အပံ့ကြောင့် မဟုတ်ဘဲ ဘဝချင်းဆင်လို့လို့ ရုတ်တရက် ခံစားလိုက်ရပါတယ်။
ဟန်လင်ဟာ ဟန်ကျွယ် အတိတ်ကို ပြောပြီးတဲ့အခါ ပြုံးလိုက်ပါတယ် “အဲဒါကြောင့် နင် ကြိုးကြိုးစားစားနဲ့ ကျင့်ကြံအားထုတ်ရမယ်၊ ငါ့ဖေဖေကို စိတ်မပျက်စေနဲ့၊ ဖေဖေက နင့်ကို ငါ့ဆီမှာ အမှုထမ်းခိုင်းဖို့ မဆုံးဖြတ်ခင်ကတည်းက နင့်ကို အရည်အချင်း ပေးခဲ့တာ”
ကောဋိ ပကောဋိ = တစ်နောက်တွင် သုည ၂၈ လုံး
ဗိန္ဒု = တစ်နောက်တွင် သုည ၅၆ လုံး
မြန်မာပြည် ငြိမ်းချမ်းပါစေ။