← Chapters

လောကဦး နတ်ဘီလူး ဖြစ်ချင်ကြခြင်း

Vol. 98 Ch. 1030

လောကဦး နတ်ဘီလူး ဖြစ်ချင်ကြခြင်း

Vol. 98 Ch. 1030

ဟန်ပါရှန် အရမ်းကြည်ညိုလေးစားတဲ့ ဟန်ကျွယ်ဟာ နဝမပဋိပက္ခကို ကျိန်စာတိုက်နေပါတယ်။

ဟန်ကျွယ်ရဲ့ သက်တမ်းဟာ အလွန်လျင်မြန်စွာ လျော့ကျပါတယ်။

၁၀၀ ကွာဒလီယံ။

၁၁၀ ကွာဒလီယံ။

နဝမပဋိပက္ခရဲ့ တန်ဖိုးထက် ကျော်လွန်သွားပါပြီ။

[သင့်ကျိန်စာကြောင့် နဝမပဋိပက္ခ၏ တာအိုနှလုံးသားသည် ဖရိုဖရဲ ဖြစ်ပြီး မဟာတာအိုကမ္ဘာ နိယာမများ လှုပ်ခတ်သွား၏။]

‘နဝမပဋိပက္ခရဲ့ မဟာတာအိုကမ္ဘာက ပဋိပက္ခမလား...’

ဟန်ကျွယ် မော့ကြည့်လိုက်တဲ့အခါ ပဋိပက္ခအထက်က မဟာတာအိုသုံးထောင်ဟာ ပြင်းထန်စွာ လှုပ်ခတ်နေတာကို တွေ့လိုက်ရပါတယ်။ အထွတ်အထိပ် နိယာမ ခုနစ်ပါးတောင် မသိမသာ တုန်ခါသွားပါတယ်။

‘ဒီလောက်နဲ့ မလုံလောက်သေးဘူး...’

ဟန်ကျွယ်ရဲ့ မျက်လုံးတွေဟာ အကြင်နာမဲ့သွားပါတယ်။ ဟန်ကျွယ်ဟာ နဝမပဋိပက္ခကို တစ်ခုခုဖြစ်အောင် ကျိန်စာတိုက်ဖို့ ကျိန်ဆိုလိုက်ပါတယ်။ ဒါမှ နဝမပဋိပက္ခက ဖန်တီးရှင်သခင် အဆင့်ကို ခပ်မြန်မြန် မတက်လှမ်းနိုင်မှာပါ။

၅၀၀ ကွာဒလီယံ။

ကောဋိ တစ်သောင်း။

[သင့်ကျိန်စာကြောင့် နဝမပဋိပက္ခ၏ နက်ရှိုင်းသော တာအိုနှလုံးသား တစ်နေရာတွင် အတွင်းနတ်ဆိုးများ ပေါ်လာ၏။ မဟာတာအိုကမ္ဘာတွင်လည်း အတွင်းနတ်ဆိုးများ စတင် ထွက်ပေါ်လာ၏။]

‘မရသေးဘူး...’

ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ကျိန်စာတိုက်ပါတယ်။

ဟန်ကျွယ်ဟာ ကျိန်စာတိုက်တာ အရမ်းများသွားမှာ စိုးတဲ့အတွက် ကိုယ်ရေးအကျဉ်းကို မျက်တောင်မခတ် စိုက်ကြည့်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်ဟာ အဆင့်တက်ဖို့ အခွင့်အရေးကို ခံစားမိနေပါပြီ။ အဆင့်တက်သွားတာနဲ့ ဟန်ကျွယ်ဟာ ဆုံးရှုံးသွားတဲ့ မူလသက်တမ်းကို ပြန်ရမှာပါ။

ကောဋိ နှစ်သောင်း။

[သင့်ကျိန်စာကြောင့် နဝမပဋိပက္ခ၏ ကျင့်ကြံမှု လှုပ်ခတ်သွားပြီး မဟာတာအိုကမ္ဘာလည်း စတင် ကွဲကြေလာ၏။]

ဟန်ကျွယ်ဟာ ချက်ချင်းပဲ ကျိန်စာတိုက်တာ ရပ်လိုက်ပါတယ်။

ကျင့်ကြံမှု ယောက်ယက်ခတ်သွားအောင် လုပ်လိုက်တာက နဝမပဋိပက္ခရဲ့ တိုးတက်မှုကို နှောင်ဖွဲ့လိုက်တယ်လို့ ပြောလို့ရပါတယ်။ ဟန်ကျွယ်ဟာ သူ ဆက်ပြီးတော့ ကျိန်စာတိုက်ရင် ပဋိပက္ခ ပျက်စီးသွားမှာကို စိုးရိမ်ပါတယ်။

ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ပြန်သိမ်းပြီး လှမ်းကြည့်လိုက်တဲ့အခါ ပဋိပက္ခရဲ့ အစွန်းမှာ အက်ကြောင်းတွေ ပေါ်လာာတာကို တွေ့လိုက်ရပါတယ်။ အက်ကြောင်းတွေက သိပ်သည်းထူထပ်ပြီး ပိုးကောင်ကြီးတစ်ကောင် တွန့်လိမ်ရှုံ့တွနေသလိုပါပဲ။

ဒါတင် မကသေးပါဘူး။ ပဋိပက္ခရဲ့ အောက်ခြေမှာလည်း မိစ္ဆာရောင်ဝါတွေ အများကြီး ထွက်ပေါ်လာပြီး အရွယ်အစားမျိုးစုံရှိတဲ့ ထူးဆန်းတဲ့ နတ်ဆိုးတွေ ဖြစ်တည်လာပါတယ်။ ဒါတွေက အတွင်းနတ်ဆိုးပါ။

‘ကျွတ်..ကျွတ်... ဒါက နည်းနည်းတော့ ကြောက်ဖို့ကောင်းသားပဲ’

ဒီနတ်ဆိုးတွေက အတော်လေး အားကောင်းပါတယ်။ လွန်ခဲ့တဲ့ နှစ်သန်း ၅၀ ကသာဆိုရင် ပဋိပက္ခတစ်ခုလုံး မျှော်လင့်ချက် ကင်းမဲ့သွားမှာပါ။ ဒါပေမဲ့ လက်ရှိပဋိပက္ခအတွက်တော့ အချိန်တိုတစ်ခုပဲ လှိုင်းထန်စေမှာပါ။

ဟန်ကျွယ်ဟာ ဟန်လင်ဆီ အသံလွှင့်လိုက်ပါတယ်။ မကြာခင်မှာပဲ ဟန်လင်ဟာ ဟန်ပါရှန်ကိုခေါ်ပြီး တာအိုဘုံကျောင်းထဲ ဝင်လာပါတယ်။

ဟန်ပါရှန်ဟာ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အခါ ဒူးထောက်ပြီး တရိုတသေ ဦးချလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ဘာမှမပြောဘဲ တာအိုစတင် ဟောကြားပါတယ်။

စက်ဝိုင်းပုံ စင်မြင့်တွေဟာ ကောင်းကင်ပြာအောက်က တိမ်တိုက်တွေကြားမှာ ဝဲပျံနေပါတယ်။ မဟာတာအို နတ်စိတ်ဝိညာဉ် တစ်ရာကျော်ဟာ အမြင့်ဆုံး စင်မြင့်ပေါ်မှာ စုဝေးနေကြပါတယ်။ ဒဏ်ခတ်သမားတွေလည်း ရောက်နေကြပါတယ်။ တိတိကျကျ ပြောရရင် အကြွင်းမဲ့ဆယ်ပါးစလုံး စုဝေး ရောက်ရှိနေကြတာပါ။

အကြွင်းမဲ့ပါရမီရှင် ဆယ်ပါးထဲက ဘယ်သူမှ မဟာတာအို နတ်စိတ်ဝိညာဉ် ဖြစ်လာဖို့ မငြင်းဆန်ခဲ့ပါဘူး။

အန္တိမဒဏ်ခတ်နတ်မင်းဟာ နေရာမှာ ပေါ်လာပြီး မတိုးမကျယ် ပြောလိုက်ပါတယ် “ပဋိပက္ခ ပြဿနာတက်ပြီ၊ တိုက်ခိုက်ဖို့ ပြင်ဆင်ကြတော့”

မင်လင်းမယ်တော်က မေးလိုက်ပါတယ် “အန္တိမနတ်ဘုရား... ဘာက ပြဿနာ ဖြစ်စေတာလဲ”

တခြား မဟာတာအို နတ်စိတ်ဝိညာဉ်တွေလည်း ရင်ထိတ်နေကြပါတယ်။ မဟာတာအိုသုံးထောင် ရုန်းရင်းဆန်ခတ် ဖြစ်ပြီး ပဋိပက္ခထဲမှာ အက်ကြောင်းတွေ ပေါ်လာပါတယ်။ ပဋိပက္ခရဲ့ အောက်ခြေမှာလည်း အမျိုးအမည် မသိရတဲ့ နတ်ဆိုးတွေ ပေါ်လာပါတယ်။

အကုန်လုံးက နိမိတ်ဆိုးချည်းပါပဲ။ မဟာတာအို နတ်စိတ်ဝိညာဉ်တွေဟာ ဝရုန်းသုန်းကား ပြိုင်ဆိုင်မှုနဲ့ ကျရောက်လာတော့မဲ့ မဟာတာအို အနန္တကပ်ဘေးကို တွေးမိလိုက်ပါတယ်။

‘ဒါက မဟာတာအို အနန္တကပ်ဘေးရဲ့ နိမိတ်များလား...’

အန္တိမဒဏ်ခတ်နတ်မင်း “ငါလည်း သေချာမသိဘူး၊ ပဋိပက္ခ ဖွဲ့စည်းပုံက သူ့နိယာမနဲ့သူ သူ့ကံနဲ့သူ၊ ငါတို့တာဝန်က ပဋိပက္ခကို ကာကွယ်ဖို့ပဲ၊ ပဋိပက္ခ ပြဿနာတက်ရင် ငါတို့တွေက အဲဒီ ပြဿနာကို အမြစ်ပြတ် သုတ်သင် ရှင်းလင်းရမယ်၊ ပဋိပက္ခ ဝရုန်းသုန်းကား ဖြစ်ရင် ငါတို့တွေ ပြေလည်အောင် ဖြေရှင်းရမယ်”

ဒီစကားတွေက အဓိပ္ပာနှစ်မျိုး ထွက်နေပါတယ်။ တချို့ မဟာတာအို နတ်စိတ်ဝိညာဉ်တွေဟာ စိတ်ထဲမှာ လန့်သွားကြပါတယ် ‘အန္တိမဒဏ်ခတ်နတ်မင်းက ငါတို့ရဲ့ လတ်တလော လှုပ်ရှားမှုတွေကို မကြိုက်တဲ့ သဘောလား...’

ဒီမဟာတာအို နတ်စိတ်ဝိညာဉ်တွေဟာ ချက်ချင်း မတ်တတ်ရပ်ပြီး တိုက်ခိုက်ဖို့ တောင်းဆိုပါတယ်။ သူတို့တွေက အကျိုးဆောင်ပြီး အပြစ်ကြွေးဆပ်ချင်တာပါ။

အန္တိမဒဏ်ခတ်နတ်မင်းကလည်း မငြင်းပါဘူး။

မကြာခင်မှာပဲ မဟာတာအို နတ်စိတ်ဝိညာဉ်တွေဟာ တစ်ပါးပြီး တစ်ပါး ထွက်ခွာသွားတဲ့အတွက် ဟန်ဟွမ်ပဲ ကျန်နေခဲ့ပါတယ်။

အန္တိမဒဏ်ခတ်နတ်မင်းဟာ ဟန်ဟွမ်ကို အကဲခတ်ပြီး မျက်မှောင်ကြုတ်သွားပါတယ် “မင်း တစ်ခုခု မှားနေတယ်၊ ဘာဖြစ်တာလဲ”

ရွှေဝတ်ရုံနဲ့ ဟန်ဟွမ်ဟာ မောက်မာမှုကို မဖုံးကွယ်နိုင်ပါဘူး။ ဟန်ဟွမ်က မောက်မာရုံတင် မကပါဘူး။ ဗိုလ်ကျစိုးမိုးတဲ့ ဖိအားကိုလည်း ထုတ်လွှတ်နေပါတယ်။ ဟန်ဟွမ်ကိုယ်တိုင်က မဖုံးကွယ်ချင်တာလည်း ပါပါတယ်။

နတ်စိတ်ဝိညာဉ်တွေဟာ ဒါကို သတိထားမိတာ ကြာပါပြီ။ ဒါပေမဲ့ ဒီနှစ်တွေဟာ ဟန်ဟွမ်က ရက်စက်လွန်းတဲ့အတွက် နတ်စိတ်ဝိညာဉ်တွေဟာ ဟန်ဟွမ်ကို ရန်မစရဲကြပါဘူး။

ဟန်ဟွမ်ဟာ ပြုံးလိုက်ပါတယ် “ကျွန်တော် ဘာမှ မဖြစ်ပါဘူး၊ မစိုးရိမ်ပါနဲ့၊ အခု ကျွန်တော် လောကဦး နတ်ဘီလူးဆိုတာ သက်သေပြနိုင်ပြီလား”

လွန်ခဲ့တဲ့နှစ်တွေမှာ ဟန်ဟွမ်ဟာ နေရာစုံ လျှောက်တိုက်ခိုက်ပြီး ပဋိပက္ခထဲက နာမည်ကျော် ကျင့်ကြံသူတွေကို အနိုင်ယူခဲ့ပါတယ်။ ဒါကြောင့် ဟန်ဟွမ်ဟာ ကြီးမားတဲ့ ဂုဏ်သတင်းကို ရရှိပြီး ပြိုင်ဘက်ကင်း ပါရမီရှင်ကနေ အနှိုင်းမဲ့ စွမ်းအားကြီးပုဂ္ဂိုလ် တစ်ပါးအဖြစ် အသိအမှတ် ပြုခံရပါတယ်။

ပဋိပက္ခထဲက ကျင့်ကြံသူ အများစုအတွက် ဟန်ဟွမ်ဟာ ထိပ်ဆုံး ငါးနေရာမှာ ရှိနေပါတယ်။

အန္တိမဒဏ်ခတ်နတ်မင်းက မတတ်နိုင်တဲ့ လေသံနဲ့ “လောကဦး နတ်ဘီလူး လုပ်ဖို့က လွယ်တာ မဟုတ်ဘူး၊ မဟာကံဝန်ကို ထမ်းဆောင်ရလိမ့်မယ်၊ နောက်ပြီး မဟာတာအို အနန္တကပ်ဘေးက အခုထိ ရောက်လာသေးတာ မဟုတ်ဘူး”

အန္တိမဒဏ်ခတ်နတ်မင်းဟာ တခြားသူသာဆိုရင် ငြင်းမှာ မဟုတ်ပါဘူး။ အန္တိမဒဏ်ခတ်နတ်မင်းဟာ ပါရမီရှင်တွေ တိုက်ခိုက်ပြီး လောကဦး နတ်ဘီလူး ထွက်ပေါ်လာဖို့ကို မစောင့်နိုင်တော့ပါဘူး။ ဒါပေမဲ့ ဟန်ဟွမ်က ဟန်ကျွယ်ရဲ့ သားအရင်းပါ။ အဲဒါကြောင့် အန္တိမဒဏ်ခတ်နတ်မင်းဟာ လက်လွတ်စပယ် မလုပ်ရဲပါဘူး။

‘မတော်လို့ ဟန်ဟွမ် စတေးခံလိုက်ရရင်...’

အန္တိမဒဏ်ခတ်နတ်မင်းဟာ ရှေ့ဆက် မတွေးရဲတော့ပါဘူး။

ဟန်ဟွမ်က မေးလိုက်ပါတယ် “မဟာတာအို အနန္တကပ်ဘေးက ဘယ်တော့ ရောက်လာမှာလဲ”

“ငါလည်း သေချာမသိဘူး၊ စောင့်ကြည့်ရမှာပဲ”

ဟန်ဟွမ်ဟာ တိတ်ဆိတ်သွားပါတယ်။ တဒင်္ဂ တွေးတောပြီးနောက် ဟန်ဟွမ်ဟာ တစ်ဖက်လှည့်ကာ ထွက်ခွာသွားပါတယ်။

အန္တိမဒဏ်ခတ်နတ်မင်းဟာ ထွက်ခွာသွားတဲ့ ဟန်ဟွမ် မြင်ကွင်းကနေ ပျောက်ကွယ်သွားတဲ့အခါ သက်ပြင်းချမိလိုက်ပါတယ်။

တတိယ တာအိုစက်ကွင်း၊ တာအိုဘုံကျောင်းအတွင်း။

တာအိုဟောကြားတာ ပြီးလို့ ဟန်ပါရှန် ထွက်ခွာသွားပြီး နှစ်တစ်ထောင်အကြာမှာ အန္တိမဒဏ်ခတ်နတ်မင်းက ဟန်ကျွယ်ကို အိပ်မက်ပေးပါတယ်။

ဟန်ကျွယ်ဟာ အိပ်မက်ကို လက်ခံပြီး အန္တိမဒဏ်ခတ်နတ်မင်းရဲ့ ဟန်ဟွမ်အကြောင်း ရှင်းပြတာကို နားထောင်ပါတယ်။ အန္တိမဒဏ်ခတ်နတ်မင်းရဲ့ စကားဆုံးတဲ့အခါ ဟန်ကျွယ်က အန္တိမဒဏ်ခတ်နတ်မင်းကို ဝင်မပါဘဲနဲ့ ထိုင်ကြည့်နေဖို့ ပြောလိုက်ပါတယ်။

သူ့သားက ဆုံးဖြတ်ချက် ပြတ်သားနေတဲ့အတွက် ဟန်ကျွယ်ဟာ တာအိုအရှင်သခင်ကို လောကဦး နတ်ဘီလူး လုပ်ခိုင်းမဲ့ အစီအစဉ်ကို ဖျက်လိုက်ပါတယ်။

အိပ်မက်အဆုံးသတ်သွားတဲ့အခါ ဟန်ကျွယ်ဟာ တာအိုအရှင်သခင်တို့ကို ကြည့်လိုက်ပါတယ်။

တာအိုအရှင်သခင်တို့ ငါးယောက်က တော်‌တော်လေး လွတ်လပ်ပါတယ်။ ပဋိပက္ခရဲ့ ရှုခင်းတိုင်းကို ကြည့်ချင်သလိုမျိုး နေရာစုံကို လျှောက်သွားပါတယ်။

ဟန်ကျွယ်ဟာ တခြားလူတွေကိုလည်း ကြည့်လိုက်ပါတယ်။ စိတ်ဝင်စားစရာ ကိစ္စ တစ်ခုတော့ ရှိပါတယ်။ အဲဒါက ဟန်ဟွမ်အပြင် တခြားလူတွေလည်း လောကဦး နတ်ဘီလူး ဖြစ်ချင်ကြတာပါ။ ဒီထဲမှာ ကျိုးဖန်၊ ဟွမ်ဇွမ်တျန်၊ တာအိုအရှင်သခင်၊ ဝေ့လန်ရှန်မိ၊ ကျောက်ရွှမ်ချွမ် စတဲ့လူ‌တွေ ပါပါတယ်။

ဒီသွေးနားထင် ရောက်နေတဲ့ ကောင်တွေက သူတို့သာ လောကဦး နတ်ဘီလူးဆိုရင် မဟာတာအို အနန္တကပ်ဘေးရဲ့ မဟာကံဝန်ကို တောင့်ခံနိုင်လိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။

ဟန်ကျွယ်ဟာ ဆွံ့အသွားပါတယ်။

အရင်တုန်းက ဟန်ကျွယ်ဟာ သူ လောကဦး နတ်ဘီလူးဆိုတာကို တခြားလူ‌တွေ ရှာတွေ့သွားပြီး ပြဿနာရှာခံရမှာကို ကြောက်လန့်ခဲ့ပါတယ်။ ဒါပေမဲ့ အခု‌တော့ လောကဦး နတ်ဘီလူး ဖြစ်ချင်တဲ့ လူတွေက အများကြီး ဆိုတာကို ဟန်ကျွယ် သိလိုက်ရပါတယ်။

‘ဒီကောင်တွေက တကယ်ကို သတ္တိရှိတာပဲ’

ဟန်ကျွယ်ဟာ ပြုံးလိုက်ပြီး ဘယ်သူက လောကဦး နတ်ဘီလူးအဖြစ် အသိအမှတ် ပြုခံရမလဲဆိုတာကို မျှော်ကြည့်မိလိုက်ပါတယ်။

ဟန်ကျွယ်ဟာ မတွက်ချက်ပါဘူး။ အခုအချိန်မှာ ဟန်ကျွယ် မသိနိုင်တာက ပိုပို နည်းလာပါတယ်။ အကုန်လုံးကို သိနေရင် ပျော်စရာ မကောင်းတော့ပါဘူး။

အန္တရာယ်ကတော့ တာအိုစက်ကွင်း ရှိနေတဲ့အတွက် ဟန်ကျွယ်ဟာ ဘာကိုမှ မကြောက်ပါဘူး။

လက်ရှိမှာ ဟန်ကျွယ်ကို ဖိနှိပ်နိုင်တာက တစ်ယောက်ပဲ ရှိပါတယ်။

နဝမပဋိပက္ခပါ။

နဝမပဋိပက္ခကို ကျော်တက်နိုင်တာနဲ့ ဟန်ကျွယ်ဟာ ပြိုင်ဘက်ကင်းပါပြီ။

ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး စတင် ကျင့်ကြံပါတယ်။

.....

လျှို့ဝှက်နယ်မြေတစ်ခုမှာ မြူခိုးတွေ ထူထပ်ပြီး အလွန်တရာမှ မှောင်မည်းနေပါတယ်။

ဒီနေရာမှာ ရုပ်သွင်တွေ စုဝေးနေကြပါတယ်။

ဟွမ်ဇွမ်တျန်၊ လီတောက်ခုံး၊ ဘိုးဘေးရှီတျန်၊ ရှီတုတောက်၊ ကျင်းတျန်ကုန်းနဲ့ ရှုံဟွာအင်အားစုက တခြားခေါင်းဆောင် အကုန်လုံးပါ။

ဟွမ်ဇွမ်တျန်ဟာ အကုန်လုံးကို ဝေ့ကြည့်ပြီး မတိုးမကျယ် ပြောလိုက်ပါတယ် “လောလောဆယ် ငါတို့မှာ ပန်းတိုင်တစ်ခုပဲ ရှိတယ်၊ အဲဒါက မြောက်ပိုင်းပဋိပက္ခကို အနိုင်ပိုင်းဖို့ပဲ၊ ငါ လောကဦး နတ်ဘီလူး ဖြစ်ချင်တယ်၊ ငါ ကြီးမားတဲ့ ကံတရား အထောက်အပံ့ကို လိုချင်တယ်၊ ဒီမဟာတာအို အနန္တကပ်ဘေးက ခေတ်သစ်တစ်ခုရဲ့ အစပဲ”

“အနာဂတ်မှာ ပဋိပက္ခ ကွဲကြေပြီး တကယ်ကို အဆုံးမဲ့သွားလိမ့်မယ်၊ ပဋိပက္ခနဲ့ ယှဉ်နိုင်တဲ့ မဟာတာအိုကမ္ဘာတွေ မရေမတွက်နိုင်အောင် ပေါ်လာလိမ့်မယ်၊ ရှုံဟွာအင်အားစုလည်း ကမ္ဘာတစ်ခု ရှိရလိမ့်မယ်၊ အဲဒီခေတ်မှာလည်း ပြိုင်ဆိုင်မှုတွေ ရှိမှာပဲ”

“မင်းတို့လည်း နားလည်မှာပါ၊ ကပ်ဘေးထိန်းချုပ်သူက ငါတို့ကို အမြဲတမ်း အနှောင့်အယှက်ပေးနေတဲ့ ကျိန်စာတစ်ခုလိုပဲ၊ ဒါက အခုအချိန်မှာ ငါတို့ရဲ့ စွမ်းအား ဖြစ်နေပေမဲ့ ငါတို့တွေ သတိကြီးကြီးထားဖို့ လိုတယ်”

ရှုံဟွာအင်အားစုရဲ့ ခေါင်းဆောင်တွေက ဟွမ်ဇွမ်တျန်ရဲ့ စကားကို ထောက်ခံကြပါတယ်။

လီတောက်ခုံး “အဲဒီဟန်ဟွမ်က စွမ်းအားကြီးလွန်းတယ်၊ နောက်ပြီး သူက မြောက်ပိုင်းပဋိပက္ခနဲ့ ဆက်ဆံ‌ရေး ကောင်းနေတယ်၊ ဒါ ကောင်းတဲ့ကိစ္စ မဟုတ်ဘူး”

ကောဋိ = တစ်နောက်တွင် သုည ၁၄ လုံး

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters