← Chapters

ဟန်ဟွမ် နာမည်ကြီးခြင်း

Vol. 99 Ch. 1031

ဟန်ဟွမ် နာမည်ကြီးခြင်း

Vol. 99 Ch. 1031

“ဟန်ဟွမ် ဖြစ်တော့ရော ဘာဖြစ်လဲ၊ အဲဒီတုန်းကသာ အထွတ်အထိပ် နိယာမတွေ တိုက်ခိုက်မခံခဲ့ရရင် အနှိုင်းမဲ့ထိပ်ဆုံးနေရာကို သူ ရဖို့က မသေချာဘူး”

ဟွမ်ဇွမ်တျန်ဟာ ဟွန်းခနဲ နှာမှုတ်လိုက်ပါတယ်။ ဟွမ်ဇွမ်တျန်ဟာ ဒီအကြောင်းကို ပြန်တွေးမိတိုင်း မကြိတ်နိုင်မခဲနိုင် ဖြစ်နေတုန်းပါ။

တခြားခေါင်းဆောင်တွေကလည်း ဟွမ်ဇွမ်တျန်ကို ထောက်ခံကြပါတယ်။

“ဟုတ်တယ်၊ ဘာကြောက်စရာ ရှိလို့လဲ”

“ဟန်ဟွမ်က ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ သားဆိုရင်တောင် ငါတို့တွေ သူ့အအသက်ကို ထိခိုက်အောင် မလုပ်ရင် ဘာကိစ္စမှ မရှိဘူး၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက နိယာမတွေကို ကျော်လွန်ပြီး ကလေးတွေ မရေမတွက်နိုင်အောင် ရှိတယ်၊ ဟန်ထော်ကိုပဲ ကြည့်... ဘယ်နှခါတောင် အသက်အန္တရာယ် ကြုံဖူးပြီလဲ၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ လှုပ်ရှားတာကို ငါ တစ်ခါမှ မမြင်မိဘူး”

“ဟန်ဟွမ်က စွမ်းအားကြီးပေမဲ့ တစ်ယောက်တည်း...”

“ဟုတ်တယ်၊ ရှုံဟွာအင်အားစုထဲမှာ ထိပ်သီး ကျင့်ကြံသူတွေ အများကြီး ရှိတယ်၊ ဟန်ဟွမ်က ဘယ်လောက်ပဲ စွမ်းအားကြီးကြီး ငါတို့တွေ သူ့ကို အရေအတွက်နိုင်နဲ့ အနိုင်ပိုင်းလို့ရတယ်”

“ဟားဟား... ငါပထမဆုံး မြောက်ပိုင်းပဋိပက္ခကို တပည့်တွေ စေလွှတ်ပြီး စုံစမ်းခိုင်းလိုက်မယ်၊ မြောက်ပိုင်းပဋိပက္ခ ရှန်သခင်ရဲ့ ဇာစ်မြစ်က လျှို့ဝှက်ဆန်းကြယ်တယ်လို့ ပြောတယ်၊ ဒါပေမဲ့ သူ့မှာ ထက်မြက်တဲ့ အရည်အချင်းတွေ ရှိတယ်၊ တစ်ခါတုန်းက မဟာတာအိုပညာရှိ ဒါဇင်ကျော်ကို တစ်ယောက်တည်း တိုက်ခိုက်ပြီး အလွယ်တကူ အနိုင်ယူခဲ့ဖူးတယ်”

ဟွမ်ဇွမ်တျန်ဟာ ခေါင်းဆောင်တွေရဲ့ စကားကို ကြားလိုက်ရတဲ့အခါ ပြုံးမိလိုက်ပါတယ်။

ဒီလောက် စွမ်းအားကြီးတဲ့ပုဂ္ဂိုလ်တွေ ရှိနေတဲ့အတွက် ပဋိပက္ခက မကြာခင်မှာပဲ သူ့လက်ထဲကို ရောက်လာတော့မှာပါ။

ဟွမ်ဇွမ်တျန် “ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ပေါ်လာခဲတယ်ဆိုပေမဲ့ ငါတို့တွေ မျက်နှာသာပေးရမှာပဲ၊ ငါတို့တွေ ဟန်ဟွမ်ကို တိုက်ခိုက်တဲ့အခါ လမ်းတစ်လမ်း ချန်ထားဖို့ လိုတယ်၊ ငါတို့တွေက စွမ်းအားကြီးပေမဲ့ ပဋိပက္ခထဲမှာပဲ ရှိသေးတယ်၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ပဋိပက္ခကို ကျော်လွန်သွားပြီ”

ခေါင်းဆောင်တွေဟာ ခေါင်းညိတ်လိုက်ပါတယ်။ တကယ်တော့ သူတို့တွေဟာ ဟွမ်ဇွမ်တျန်က ဘာမှ မပြောရင်တောင် ဟန်ဟွမ်က ဘာကို ကိုယ်စားပြုလဲဆိုတာ သိပါတယ်။

ဒီအကြောင်းကြောင့်လည်း မြောက်ပိုင်းပဋိပက္ခ ရှန်သခင်က ဟန်ဟွမ်ကို အကောင်းဆုံး ကြိုးစားပြီး စည်းရုံးနေတာပါ။

ဘိုးဘေးရှီတျန် “လက်တလောမှာ ကောင်းကင်ရုံးတော်ရဲ့ အရှိန်အဟုန်ကိုလည်း လျှော့တွက်လို့ မရဘူး၊ အဲဒီဟန်ယောင်က အတော်လေး စွမ်းအားကြီးတယ်၊ သူ့ကို စည်းရုံးသိမ်းသွင်းဖို့ နည်းလမ်းရှာရမယ်”

ရှီတုတောက် “ဟီးဟီး... အဲဒါ ငါ့တာဝန်ထား... ကောင်းကင်ရုံးတော်ရဲ့ နာမည်ကြီးလာတဲ့ စစ်နတ်ဘုရား အသစ်က ဘယ်လောက်ထိ စွမ်းအားကြီးလဲဆိုတာ ကြည့်ရသေးတာပေါ့”

တခြားခေါင်းဆောင်တွေလည်း ရယ်မောလိုက်ကြပါတယ်။ ဘယ်သူမှ ရှီတုတောက်နဲ့ မတိုက်ခိုက်ပါဘူး။ ဟန်ယောင်က စွမ်းအားကြီးတယ် ဆိုပေမဲ့ သူတို့မျက်လုံးထဲကို လောလောဆယ် မဝင်နိုင်သေးပါဘူး။

ကောင်းကင်ရုံးတော်။

စိတ်ဝိညာဉ်နန်းတော်ရဲ့ နတ်ဘုရားခန်းမမှာ တာအိုအရှင်သခင်တို့တတွေ မတ်တတ်ရပ်ပြီး မိစ္ဆာကောင်းကင်ဧကရာဇ်ကို အပြုံးနဲ့ ကြည့်နေပါတယ်။ သူတို့နောက်မှာတော့ စစ်နတ်ဘုရားတချို့နဲ့ ပညာရှင်အင်မော်တယ်တွေ ရပ်နေကြပါတယ်။ ဟန်ယောင်လည်း ပါပါတယ်။

ဟန်ယဲ့နဲ့ ဟန်ယောင်ဟာ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြပါတယ်။ သူတို့နှစ်ယောက်ရဲ့ အကြည့်ကြားထဲ လူဝင်ရပ်ရင် ပြာကျနိုင်ပါတယ်။

မိစ္ဆာ ကောင်းကင်ဧကရာဇ်က အပြုံးနဲ့ ပြောလိုက်ပါတယ် “လက်ရှိ ပဋိပက္ခက တော်တော်လေး ခက်ခဲလာပြီ၊ မင်းတို့တွေ ငါ့ရဲ့ ကောင်းကင်ရုံးတော်မှာ ဘာဖြစ်လို့ ခဏလောက် မနေကြတာလဲ၊ ကောင်းကင် မက်မွန်ပွဲတော်က ရောက်ခါနီးပြီ”

လောင်တန်ဟာ ပြုံးလိုက်ပါတယ် “ကောင်းပြီလေ... ဒီလိုလှပတဲ့ ပွဲတော်ကို လက်လွှတ်ခံလို့ မဖြစ်ဘူး”

လောင်တန်ဟာ ကျောက်ရွှမ်ယွမ်ကို တစ်ချက် ကြည့်လိုက်ပါတယ်။ ကျောက်ရွှမ်ယွမ်ဟာ ချက်ချင်း နားလည်ပြီး လောင်တန်စကားကို ထောက်ခံပါတယ်။

တာအိုအရှင်သခင်ဟာ မျက်မှောင်ကြုတ်သွားပေမဲ့ မငြင်းပါဘူး။

ကျန်းယီကတော့ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။

ဟန်ယဲ့ဟာ မပျော်မရွှင် ဖြစ်သွားပါတယ် “ကောင်းကင် မက်မွန်ပွဲတော်က ဘယ်လောက်တောင် ကောင်းနေလို့လဲ၊ ကျွန်တော် ဟန်ယောင်ကို မကြိုက်ဘူး၊ ကျွန်တော်တို့ ထွက်သွားသင့်တယ်”

ဟန်ယောင်ကလည်း အပြောမခံပါဘူး “မင်းက နောက်တစ်ခါ အ‌ဆော်ခံချင်နေတာလား”

“ဟီးဟီး... မင်း ငါ့ကို ဘယ်တုန်းက အနိုင်ရဖူးလို့လဲ”

“မင်း ငါနဲ့တိုက်တိုင်း ဘယ်တုန်းက အသာစီးရလို့လဲ”

“အပိုတွေ ပြောမနေနဲ့၊ အပြင်ထွက်ပြီး တိုက်ရအောင်”

မိစ္ဆာ ကောင်းကင်ဧကရာဇ် “တော်တော့... မင်းတို့နှစ်ယောက် မပင်ပန်းသေးဘူလား၊ ငါတောင် ကြည့်ရုံနဲ့ ပင်ပန်းလှပြီ၊ ယဲ့အာ လာတိုင်း ယောင်အာနဲ့ တိုက်ခိုက်တယ်၊ မင်းတို့နှစ်ယောက်က ဟွမ်အာနဲ့ ထော်အာထက်တောင် ပိုပြိုင်တယ်၊ မင်းတို့နှစ်ယောက်က သဘာဝ ရန်သူတွေလို့တောင် ငါ သံသယ ဝင်မိတယ်”

ဟန်ယောင်ဟာ ဟွန်းခနဲ နှာမှုတ်လိုက်ပါတယ် “သူနဲ့ မတန်ဘူး”

ဟန်ယဲ့ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို ကြည့်ပြီး မေးလိုက်ပါတယ် “အရှင်မင်းကြီး... ဘိုးဘေးဟန်ဟွမ်က ဘယ်တော့ ပြန်လာမှာလဲ”

ဟန်ယောင်က သရော်လိုက်ပါတယ် “မင်းကိုယ်မင်း ဘိုးဘေးဟန်ဟွမ်နဲ့ တိုက်ခိုက်နိုင်တယ်လို့ ထင်နေတာလား”

ဟန်ယဲ့ မြင့်တက်လာတာနဲ့ သူ့နောက်ခံကလည်း အလိုလို ပေါ်လာပါတယ်။ တစ်ခေတ်တည်း စင်ပြိုင် ပေါ်ထွန်းလာတဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်နှစ်ပါးက တစ်မိသားစုကတည်းကပါ။ ဒါကြောင့်လည်း သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် မကြိုက်ဘဲ အမြဲတမ်း ပြိုင်ဆိုင်နေတာ ဖြစ်နိုင်ပါတယ်။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဟန်ယဲ့ရဲ့ နောက်ခံကို မြင်နိုင်ပါတယ်။ ဒါ့အပြင် မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဟန်ယဲ့ရဲ့ စိတ်ထဲရှိတဲ့အတိုင်း လျှောက်လုပ်တဲ့ အမူအကျင့်ကို နှစ်သက်ပါတယ်။ အဲဒါကြောင့် ဟန်ယဲ့ကို ဟန်ယောင်ထက်တောင် ပိုပြီးတော့ ချစ်ပါတယ်။ ကောင်းကင်ရုံးတော်ကို ဟန်ယဲ့လာတိုင်း နွေးနွေးထွေးထွေး ကြိုဆိုတာချည်းပါပဲ။

တာအိုအရှင်သခင် “တော်ပြီ ဟန်ယဲ့... ကောင်းကင်ရုံးတော်မှာ အရှင်မင်းကြီးရဲ့ မျက်နှာကိုလည်း ကြည့်ဦး၊ အရှင်မင်းကြီးက ဟန်မိသားစု ကနဦးဘိုးဘေးရဲ့ ကျေးဇူးရှင်”

ဟန်ယဲ့ဟာ ဆက်ပြောချင်ပေမဲ့ တာအိုအရှင်သခင်ရဲ့ စကားကို ကြားလိုက်ရတဲ့အခါ ပါးစပ်ပိတ်သွားပါတယ်။

ဟန်ယောင်ကလည်း ဘာမှ ထပ်မပြောတော့ပါဘူး။ ဟန်ယောင်ဟာ ဟန်ယဲ့နဲ့တွေ့မှ ကလေးလို ဖြစ်သွားတာပါ။ ကျန်တဲ့လူတွေကိုတော့ ယဉ်ယဉ်ကျေးကျေးပဲ ဆက်ဆံပါတယ်။

ဒီအချိန်မှာပဲ...

“မိစ္ဆာ ကောင်းကင်ဧကရာဇ်... ငါက ရှုံဟွာအင်အားစုရဲ့ ရှီတုတောက်ပဲ၊ ကောင်းကင်ရုံးတော်ကို အထူးတလည် စိန်လာခေါ်တာ၊ ခင်ဗျားလက်အောက်မှာရှိတဲ့ အစွမ်းအထက်ဆုံး စစ်နတ်ဘုရားကို လွှတ်လိုက်ချည်၊ မဟုတ်ရင် ငါရှီတုတောက်က ခင်ဗျားရဲ့ စိတ်ဝိညာဉ်နန်းတော်ကို ပြားပြားဝပ်အောင် လုပ်ပစ်မယ်... ဟားဟား...”

အလွန်တရာမှ မောက်မာလွန်းတဲ့ ရယ်သံတစ်သံဟာ ခန်းမ အပြင်ဘက်ကနေ ထွက်ပေါ်လာပါတယ်။ ဒီရယ်သံက လောကကြီးကို တုန်လှုပ်သွားစေတဲ့ မိုးခြိမ်းသံလိုပါ။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မျက်မှောင် ကြုတ်သွားပါတယ်။

ဟန်ယောင်က ဒေါသတကြီး အော်ပြောလိုက်ပါတယ် “နာမည်မရှိတဲ့ ကောင်ကများ ကောင်းကင်ရုံးတော်ကို ရန်လာစရဲတယ်”

ဟန်ယောင်ဟာ ချက်ချင်း ရွှေရောင် သက်တန့်အသွင် ပြောင်းလဲပြီး အပြင်ထွက်သွားပါတယ်။

တာအိုအရှင်သခင်ဟာ ပြုံးလိုက်ပါတယ် “ရှုံဟွာအင်အားစုက ကောင်းကင်ရုံးတော်ကို ပစ်မှတ်ထားပြီနဲ့ တူတယ်၊ ကြည့်ရတာ ကောင်းကင်ရုံးတော်က ပြန်ပြီးတော့ စည်ကားလာတော့မယ်နဲ့ တူတယ်”

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ခေါင်းခါလိုက်ပါတယ် “သူတို့တွေ ကောင်းကင်ရုံးတော်ကို ပစ်မှတ်ထားတာ မဟုတ်ဘူး”

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ခန်းမအပြင်ဘက်ကို လှမ်းကြည့်လိုက်ပါတယ်။

‘ရှီတုတောက်... တကယ်ကို မိတ်ဆွေဟောင်းတွေ ပြန်တွေ့တာပဲ’

.....

အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။

မျက်တောင်တစ်ခတ်အတွင်း နှစ်ငါးသန်း ကြာသွားပါတယ်။

ဒုတိယ အကြိမ်မြောက် ကျင်းပမဲ့ ပဋိပက္ခအစည်းအဝေးက စတင်ခါနီးနေပါပြီ။ ဒီတစ်ခါတော့ ဟန်ကျွယ်ဟာ ပဋိပက္ခအစည်းအဝေးကို သွားတက်ဖို့ အစီအစဉ် မရှိပါဘူး။ အန္တိမဒဏ်ခတ်နတ်မင်း တစ်ပါးတည်းကိုပဲ ဦးစီးခိုင်းမှာပါ။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ အဆင့်တက်ဖို့ နီးကပ်နေပါပြီ။ နောက်ထပ် နှစ်တစ်သန်းလောက်ဆိုရင် ဟန်ကျွယ်ဟာ တာအိုဖန်တီးရှင် အလယ်အဆင့်ကို တက်နိုင်တော့မှာပါ။

ဟန်ကျွယ်ဟာ စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။ စာစောင်ပါ အကြောင်းအရာတွေက အတော်လေးကိုမှ စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ အကုန်လုံးနီးပါး တိုက်ခိုက်တဲ့ အကြောင်းတွေချည်း မဟုတ်ပါလား။

လီတောက်ခုံး၊ ဟွမ်ဇွမ်တျန်၊ ဘိုးဘေးရှီတျန်နဲ့ တခြားလူတွေဟာ ဟန်ဟွမ် လက်ချက်နဲ့ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားကြပါတယ်။

ဟန်ထော်နဲ့ ယီတျန်ကလည်း ပြန်လှုပ်ရှားလာပြီး ပဋိပက္ခ အောက်ခြေမှာရှိတဲ့ မိစ္ဆာတွေကို နှိမ်နင်းကြပါတယ်။

စိတ်ဝင်စားဖို့ ကောင်းတာက အဋ္ဌမပဋိပက္ခ လူဝင်စား ကျောက်ရွှမ်ကွမ်းဟာ မူမမှန်လောက်အောင်ကို လှုပ်ရှားလာပါတယ်။ ကျောက်ရွှမ်ကွမ်းဟာ စကြဝဠာဘုရင်ကိုတောင် အနိုင်တိုက်လိုက်ပါတယ်။ နှစ်သန်းငါးဆယ် ကျင့်ကြံအားထုတ်ပြီးနောက် ကျောက်ရွှမ်ကွမ်းဟာ မဟာတာအိုပညာရှိချုပ် ဖြစ်လာပြီး ပဋိပက္ခရဲ့ ထိပ်ဆုံးကို ရောက်ရှိလာပါတယ်။

ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ကတော့ သူ့ရဲ့ နတ်ခန္ဓာကိုယ်ကို ဆေးကြောပြီးရုံပဲ ရှိပါသေးတယ်။ ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ဟာ နေရာတကာမှာ တာအိုဟောကြားပြီး စစ်သားတွေ စုဆောင်းပါတယ်။

ပဋိပက္ခက တကယ်ကို စည်ကားလာတာပါ။

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ်။ အထူးသဖြင့် ဟန်ဟွမ်ရဲ့ စွမ်းဆောင်ရည်က သူ့ကို စိတ်မပျက်စေပါဘူး။

လောကဦး နတ်ဘီလူးက သူ့ကံတရား အထောက်အပံ့ တိုးလာတာနဲ့ ဘယ်လိုလုပ်ပြီး ပြိုင်ဘက်မကင်းဘဲ နေမှာလဲ။

ဟန်ကျွယ်ဟာ ပဋိပက္ခကို ကြည့်လိုက်တဲ့အခါ ဟန်ဟွမ်ရဲ့ အရှိန်အဟုန်က အလွန်တရာမှ ကြီးမားတာကို တွေ့လိုက်ရပါတယ်။ ဟန်ဟွမ်ဟာ ရှုံဟွာအင်အားစု တစ်ခုလုံးကို တစ်ကိုယ်တည်း အနိုင်ယူပြီး ပဋိပက္ခကို တုန်လှုပ်သွားစေပါတယ်။ လောကဦး နတ်ဘီလူး နာမည်ကလည်း သူ့ခေါင်းပေါ် ကျလာပါတယ်။

ဟန်ကျွယ်ဟာ စာစောင်တွေ ဖတ်ပြီးတာနဲ့ ဟွမ်ဇွမ်တျန်ကို အိပ်မက်ပေးလိုက်ပါတယ်။

အိပ်မက်နယ်မြေမှာ ဟွမ်ဇွမ်တျန်က ဟန်ကျွယ်ကို အခွင့်အရေး လိုချင်လားလို့ ထုံးစံအတိုင်း မေးမြန်းပါတယ်။ ဟန်ကျွယ် စစ်မှန်ကြောင်း အတည်ပြုပြီးမှ ဟွမ်ဇွမ်တျန်ဟာ သတိ လွှဝာ်လိုက်ပါတယ်။

“သခင်... ကျွန်တော်နဲ့ ဟန်ဟွမ် ကိစ္စကြောင့် ရောက်လာတာလား...” ဟွမ်ဇွမ်တျန်ဟာ ကသိကအောက် မျက်နှာနဲ့ မေးမြန်းရင်း သက်ပြင်းချလိုက်ပါတယ်။

လွန်ခဲ့တဲ့ နှစ်တစ်သန်းကျော်က တိုက်ပွဲဟာ ရှုံဟွာအင်အားစုအတွက်တော့ တကယ် အရှက်ရစရာပါ။ သူတို့က သူတို့စွမ်းအားနဲ့ ဟန်ဟွမ်ကို ထိပ်ဆုံးဆီ တွန်းပို့ပေးပြီး ဒဏ္ဍာရီတစ်ပုဒ် ဖြစ်စေခဲ့ပါတယ်။

ဟန်ကျွယ် “ငါက မင်းအတွက် ရောက်လာတာ၊ အဆင်ပြေရဲ့လား”

ဟွမ်ဇွမ်တျန်ဟာ ရင်ထဲ ထိသွားပါတယ် “ရှုံဟွာ အင်အားစုက နယ်ချဲ့တာကို ရပ်ပြီး အနားယူနေတယ်၊ ကျွန်တော်လည်း ကျင့်ကြံအားထုတ်ပြီး မဟာတာအိုကမ္ဘာ ဖန်တီးချင်တယ်”

ဟွမ်ဇွမ်တျန်ဟာ တဒင်္ဂတုံ့ဆိုင်းသွားပြီးမှ ဆက်ပြောပါတယ် “မူလလောကဦး ပြောတာတော့ ပဋိပက္ခထက် သိပ်မနိမ့်ကျတဲ့ မဟာတာအိုကမ္ဘာ နှစ်ပါးက ပဋိပက္ခဆီ ဦးတည်လာနေတယ်တဲ့၊ သူတို့တွေ ပဋိပက္ခနဲ့ ဝင်တိုက်ပြီးရင် ဘယ်တုန်းကမှမရှိခဲ့တဲ့ ခေတ်တစ်ခေတ် ပေါ်လာမယ်လို့ ပြောတယ်၊ အဲဒါ အမှန်ပဲလား”

‘မူလလောကဦး... ဒီကောင်က မဟာတာအိုကမ္ဘာတွေကို ထောက်လှမ်းနိုင်တာလား...’

ဟန်ကျွယ်ဟာ မူလလောကဦးကို စိတ်ဝင်စားသွားပါတယ်။ အရင်တုန်းက ဟန်ကျွယ်ကြောင့်သာ မဟုတ်ရင် မူလလောကဦးက လောကဦးနတ်ဘီလူး အသွင်ပြောင်းလဲနိုင်တဲ့ ပထမဆုံး ပဋိပက္ခသက်ရှိ ဖြစ်လာမှာပါ။ နောက်ဆုံးမှာတော့ မူလလောကဦးဟာ ဟွမ်ဇွမ်တျန်နဲ့ ပေါင်းစပ်သွားခဲ့ပါတယ်။

‘မဟာတာအိုကမ္ဘာနှစ်ပါးက အနန္တဖျက်ဆီးရှင်သခင် ရှီထျန်နဲ့ အလျှို့ဝှက်ဆုံး တာအိုဖန်တီးရှင်ရဲ့ ကမ္ဘာနှစ်ခုလား...’

‘မဟုတ်သေးပါဘူး... အနန္တဖျက်ဆီးရှင်သခင် ရှီထျန်က ပဋိပက္ခကို ကိုယ်တိုင် ဖျက်ဆီးချင်တာ မဟုတ်ဘူးလား...’

ဟန်ကျွယ်ဟာ ချီတုံချတုံ ဖြစ်သွားပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters