ယင်ယန် ချွမ်တုနတ်မင်း
Vol. 99 Ch. 1033
မင်လင်းမယ်တော်ဟာ ဟန်ဟွမ် ယုံကြည်မှု ရှိနေတာကို ကြည့်ပြီး နှုတ်ခမ်းတွန့်သွားပါတယ်။ မင်လင်းမယ်တော်နဲ့ ဟန်ဟွမ်ဟာ အချိန်အတန်ကြာတဲ့အထိ ဆက်ကြည့်ပြီးမှ ထွက်ခွာသွားပါတယ်။
ရှီထျန် ရောက်လာတဲ့ သတင်းက ပဋိပက္ခ အစည်းအဝေး ပြီးဆုံးတဲ့အခါ ပျံ့နှံ့သွားပါတယ်။
ဒုတိယအကြိမ် ပဋိပက္ခ အစည်းအဝေးက အလွန်တရာမှ စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ အနှိုင်းမဲ့ထိပ်ဆုံးနေရာကို ရသွားတဲ့လူကတော့ ကောင်းကင်တာအိုက ကျောက်ရွှမ်ကွမ်း ဖြစ်ပါတယ်။ အကြွင်းမဲ့ပါရမီရှင် ဆယ်ပါးကတော့ ဟွမ်ဇွမ်တျန်၊ တာအိုအရှင်သခင်, ဟန်ထော်၊ ဝူရှင်းရှစ်ကျဲ့၊ အလယ်ပိုင်းဒေသက ဟန်ဧကရာဇ်၊ ဝေ့နီရှန်တောက်၊ ယီတျန်၊ ဟန်ယဲ့နဲ့ ဟန်ယောင်တို့ ဖြစ်ပါတယ်။
အရင်အစည်းအဝေးမှာ အကြွင်းမဲ့ပါရမီရှင် ဖြစ်ခဲ့တဲ့ ပါရမီရှင်တချို့ကတော့ ဝင်မပြိုင်ကြပါဘူး။ ဥပမာပေးရရင် ကျန်းကျွယ်ရှီ၊ မုရုံချီနဲ့ ကောင်းကင်နက္ခ နတ်ဘီလူးတို့ပါ။
ဘုရင်တစ်ရာ၊ သခင်တစ်ထောင်နဲ့ စစ်သည်တော် တစ်သောင်းထဲမှာလည်း မျက်နှာသစ်တွေ အများကြီး ပေါ်လာပါတယ်။
အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ရဲ့ ကိုယ်ပွားဟာ သူ့တာအိုလက်တွဲဖော်တွေနဲ့ တပည့်ရင်းတွေကို တာအိုစက်ကွင်းဆီ ပြန်ခေါ်ဆောင်လာပါတယ်။ ဟန်ကျွယ်ရဲ့ ပင်မခန္ဓာကိုယ်ကတော့ ဂူအောင်းကျင့်ကြံနေဆဲပါ။
ပဋိပက္ခ အစည်းအဝေးပြီးလို့ နှစ်တစ်သန်း ကြာတဲ့အခါ ဟန်ကျွယ်ဟာ အဆင့်တက်နိုင်သွားပါတယ်။
တာအိုဖန်တီးရှင် အလယ်အဆင့်။
ဖန်တီးမှု ဓမ္မစွမ်းအားဟာ စပြီးတော့ ထိုးတက်လာပါတယ်။ အန္တိမမူလကမ္ဘာဟာလည်း အများကြီး ကျယ်ပြန့်သွားပြီး ကြယ်ပေါင်း မရေမတွက်နိုင်အောင် မွေးဖွားလာပါတယ်။
ဒီနှုန်းအတိုင်းဆို အန္တိမမူလကမ္ဘာက မကြာခင်မှာ ပဋိပက္ခရဲ့ အရွယ်အစားကို ရောက်ရှိတော့မှာပါ။
ဟန်ကျွယ်ဟာ ကျင့်ကြံမှုကို ခိုင်ခံ့အောင်လုပ်ရင်း ကိုယ်ရေးအကျဉ်းကို စစ်ဆေးလိုက်ပါတယ်။
[အမည်: ဟန်ကျွယ်]
[သက်တမ်း: ၆၆,၂၈၁,၀၃၇/ ၁, ၀၁၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉]
[မျိုးနွယ်စု: အန္တိမမူလ နတ်ဘီလူး(အနန္တဧကရာဇ်)]
[ကျင့်ကြံမှု: တာအိုဖန်တီးရှင် အလယ်အဆင့် (ပြီးပြည့်စုံသော တာအိုပညာရှိ)]
[ကျင့်စဉ်: လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအို (မဟာတာအို)၊ ကောင်းကင်စက်ဝန်း ခန္ဓာကိုယ်ကျင့်စဉ်]
[မဟာတာအို: သေခြင်းရှင်ခြင်း မဟာတာအို၊ ကံတရား မဟာတာအို၊ အန္တိမမူလ မဟာတာအို။]
[ခန္ဓာတည်ဆောက်မှု: မူလကနဦးတာအို အန္တိမမူလခန္ဓာကိုယ်]
တာအိုဖန်တီးရှင်လို့ မပြောရပါဘူး။ ဒီအဆင့်တက်မှုက ဟန်ကျွယ်ရဲ့ သက်တမ်းကို တစ်ခါတည်း ဂဏန်း ရှစ်လုံး တိုးသွားစေပါတယ်။
‘အံ့ဖွယ်ပဲ’
ဟန်ကျွယ်ဟာ ဝမ်းသာပီတိ ဂွမ်းဆီထိ ဖြစ်သွားပြီး ကျင့်ကြံမှုကို ခိုင်ခံ့အောင် ဆက်လုပ်ပါတယ်။
နှစ်ငါးသိန်းကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုဟာ ခိုင်မြဲသွားပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ အားကောင်းတဲ့ အင်အားတစ်ခုက သူ့ဝိညာဉ်နက်ထဲမှာရှိတဲ့ အန္တိမမူလကမ္ဘာကို ဆွဲထုတ်နေတယ်ဆိုတာ ခံစားမိလိုက်ပါတယ်။
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။
ဟန်ကျွယ် ကျင့်ကြံအားထုတ်လေလေ ဒီဆွဲထုတ်တဲ့အင်အားက ပိုအားကောင်းလာလေလေပါပဲ။
‘ပဋိပက္ခက ဆက်ပြီးတော့ မကျယ်ပြန့်နိုင်တာ အံ့ဩစရာ မရှိတော့ပါဘူး... ဒီစွမ်းအားက ဗလာနယ်မြေကလာပြီး ပဋိပက္ခရဲ့ တိုးတက်မှုကို ကန့်သတ်ထားတာများလား...’
ဒီအကြောင်းကြောင့် ဟန်ကျွယ်ဟာ ကျင့်ကြံအားထုတ်တာကို ရပ်လိုက်ရပါတယ်။ မဟုတ်လို့ အန္တိမမူလကမ္ဘာ ခုန်ထွက်ပြီး ပဋိပက္ခထဲမှာ တိုးဝှေ့ပေါ်လာရင် နဝမပဋိပက္ခကို သေချာပေါက် ယမ်းပုံမီးကျ ဖြစ်စေမှာပါ။
နောက်နည်းလမ်း တစ်ခုတော့ ရှိပါတယ်။ အဲဒါက အန္တိမမူလကမ္ဘာကို ဗလာနယ်မြေထဲမှာ ထားဖို့ပါ။ ဒါပေမဲ့ ဒီလိုလုပ်တာက အန္တိမမူလကမ္ဘာကို ဖော်ထုတ်လိုက်တာနဲ့ အတူတူပါပဲ။
ဟန်ကျွယ်ဟာ ရွေးချယ်စရာ မရှိတာကြောင့် ကျင့်ကြံအားထုတ်တာရပ်ပြီး ဗလာနယ်မြေဆီ ဦးတည်ဖို့ ဆုံးဖြတ်လိုက်ရပါတယ်။
အတွေးတစ်ချက်နဲ့ ဟန်ကျွယ်ဟာ ကိုယ်ပွားတစ်ခု ဖန်တီးပြီး ဗလာနယ်မြေဆီ ဦးတည်စေပါတယ်။ ဟန်ကျွယ်ဟာ ဒီကိုယ်ပွားထဲကို အန္တိမမူလကမ္ဘာရဲ့ သာလွန်နိယာမ အပိုင်းအစတွေ အများကြီး ထည့်ပြီး ဖြန့်ကြက်ခိုင်းလိုက်ပါသေးတယ်။ ရှင်သန်ဖို့ အခွင့်အလမ်း ပိုများအောင် လုပ်တာပါ။
ဟန်ကျွယ်ရဲ့ ကိုယ်ပွားဟာ သာလွန်နိယာမကို ဖြန့်ကြက်ရင်း ဗလာနယ်မြေမှာ ခရီးနှင်ပါတယ်။
မဟာတာအိုပညာရှိချုပ်တွေဟာ ဗလာနယ်မြေထဲကို အရမ်းမဝင်ရဲပါဘူး။ လမ်းပျောက်ပြီး ပဋိပက္ခဆီ မပြန်နိုင်မှာစိုးလို့ပါ။ ဒါပေမဲ့ တာအိုဖန်တီးရှင်တွေကတော့ ဒီလို မဟုတ်ပါဘူး။ ဟန်ကျွယ်ဟာ ဗလာနယ်မြေတစ်ခုလုံးကို အာရုံမခံနိုင်ပေမဲ့ ပဋိပက္ခကို ရှာဖွေတာလောက်ကတော့ ထမင်းစားရေသောက်ပါ။
ဗလာနယ်မြေဟာ အမြဲတမ်း အထီးကျန်ပြီး အေးစက်နေပါတယ်။
မဟာတာအိုပညာရှိတွေ မဝင်နိုင်တဲ့အတွက် ဗလာနယ်မြေက အထီးကျန်နေတာ အဆန်းတော့ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ရုတ်တရက် တစ်စုံတစ်ခုကို သိချင်လာပါတယ်။
“ဗလာနယ်မြေက သက်ရှိတွေကို မွေးဖွားလာနိုင်လား”
[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
‘တာအိုဖန်တီးရှင် တန်ဖိုးပါလား...’
ဆက်တွက်မယ်။
[လောလောဆယ် မမွေးဖွားနိုင်ပါ။]
‘လောလောဆယ် မမွေးဖွားနိုင်ဘူးဆိုတော့ နောက်ကျ မွေးဖွားလာနိုင်ခြေ ရှိတယ်ပေါ့’
နောက်ထပ် အချိန်အတိုင်းအတာတစ်ခု ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ ပဋိပက္ခဆီ မျောလာတဲ့ မဟာတာအိုကမ္ဘာတစ်ပါးကို ရှာတွေ့သွားပါတယ်။ ဒီမဟာတာအိုကမ္ဘာရဲ့ မျောပါနှုန်းက အလွန်လျင်မြန်ပေမဲ့ ပဋိပက္ခနားကို ရောက်ဖို့တော့ နှစ်သန်းရာချီ လိုပါသေးတယ်။
ဟန်ကျွယ်ဟာ နတ်အာရုံနဲ့ မဟာတာအိုကမ္ဘာကို စစ်ဆေးကြည့်လိုက်တဲ့အခါ အံ့အားသင့်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမဟာတာအိုကမ္ဘာရဲ့ သက်ရှိအရေအတွက်က ပဋိပက္ခထက် အများကြီး နည်းပါးနေပေမဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေရဲ့ ကျင့်ကြံမှုက အတော်လေး အားကောင်းလို့ပါ။
ဒီမဟာတာအိုကမ္ဘာမှာရှိတဲ့ လွတ်လပ် တာအိုပညာရှိတွေ မဟာတာအိုပညာရှိချုပ်တွေက ပဋိပက္ခထက်တောင် ပိုများပါတယ်။ ဒါပေမဲ့ မဟာတာအိုပညာရှိ အရေအတွက်ကတော့ ပဋိပက္ခထက် နည်းပါးပါတယ်။ ပဋိပက္ခက လွန်ခဲ့တဲ့ နှစ်သန်းငါးဆယ်မှာ ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ရဲ့ ဖိနှိပ်မှု မရှိတာကြောင့် မဟာတာအိုပညာရှိ အရေအတွက်ဟာ တစ်ဟုန်ထိုး တက်လာခဲ့ပါတယ်။
ဟန်ကျွယ်ဟာ ပဋိပက္ခကနေ ထွက်ခွာလာခဲ့တုန်းက ရှီထျန်ရဲ့ မဟာတာအိုကမ္ဘာကို သတိထားမိပါတယ်။ အခု နောက်ထပ် မဟာတာအိုကမ္ဘာတစ်ပါးကို ထပ်တွေ့ရပြန်ပါပြီ။
‘ဒါက မူလလောကဦးပြောတဲ့ မဟာတာအိုကမ္ဘာ နှစ်ပါးထင်တယ်၊ မူလလောကဦးက ဒီလောက် အကွာအဝေးကို ထောက်လှမ်းနိုင်လောက်အောင် စွမ်းအားကြီးတာလား... ဒါမှမဟုတ် သူ့နောက်မှာ တခြားတစ်ယောက် ရှိနေတာလား...’
ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “ဒီမဟာတာအိုကမ္ဘာကို ဘယ်သူ ဖန်တီးထားတာလဲ”
[သက်တမ်း ၅ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
‘မြင့်လှချည်လား... အနန္တဖျက်ဆီးရှင်သခင် ရှီထျန်ထက်တောင် များနေသေးတယ်’
ဆက်တွက်မယ်။
ဟန်ကျွယ်ရှေ့မှာ စာကြောင်းတွေ ပေါ်လာပါတယ်။
[ယင်ယန် ချွမ်တုနတ်မင်း: တာအိုဖန်တီးရှင် အလယ်အဆင့်၊ ပဋိပက္ခ နတ်မင်း၊ ခွန့်ပိုင် အစောင့်အရှောက်၊ ခုန်ပုဘိုးဘေး၊ ပဋိပက္ခအား ကျော်လွန်၍ အနှိုင်းမဲ့ ကာလ-ဒေသတွင် တည်ရှိသည်။]
လက်ရှိမှာ ဟန်ကျွယ်ဟာ တာအိုဖန်တီးရှင်ငါးပါးကို သိသွားပါပြီ။ စွမ်းအားကို ကြီးစဉ်ငယ်လိုက်စီရင် ဟန်ကျွယ်သိတဲ့ တာအိုဖန်တီးရှင်ငါးပါးက နဝမပဋိပက္ခ၊ ယင်ယန် ချွမ်တုနတ်မင်း၊ အနန္တဖျက်ဆီးရှင်သခင် ရှန်ထျန်၊ သဏ္ဍာန်မဲ့နတ်မင်းနဲ့ ပဋိပက္ခသိစိတ်တို့ ဖြစ်ပါတယ်။
အားနည်းလေလေ ပဋိပက္ခထဲမှာ နေဖို့ ရာခိုင်နှုန်းများလေလေပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဘာမှလုပ်စရာ မရှိလို့ပါ။ စွမ်းအားကြီးတဲ့ ယင်ယန် ချွမ်တုနတ်မင်းနဲ့ အနန္တဖျက်ဆီးရှင်သခင် ရှီထျန်တို့ကတော့ ကျင့်ကြံအားထုတ်ရင်း အလုပ်ရှုပ်နေတဲ့အတွက် ပဋိပက္ခထဲကကိစ္စတွေကို ဝင်ပါဖို့ အချိန်မရှိပါဘူး။
ဟန်ကျွယ်ဟာ သက်ပြင်းချပြီး ခရီးဆက်နှင်ပါတယ်။ အန္တိမမူလကမ္ဘာထားဖို့ နေရာရှာရဦးမယ် မဟုတ်ပါလား။
ဟန်ကျွယ်ရဲ့ ကိုယ်ပွားက ဗလာနယ်မြေထဲ ခရီးနှင်နေစဉ်မှာ ပင်မခန္ဓာကိုယ်ကလည်း မျက်လုံးဖွင့်လိုက်ပါတယ်။
ဟန်ကျွယ်ရဲ့ ပင်မခန္ဓာကိုယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲဝင်ပြီး သူ့စွမ်းအားကို စမ်းသပ်ပါတယ်။ ဟန်ကျွယ်ဟာ သဏ္ဍာန်မဲ့နတ်မင်း တစ်ထောင်ကို စိန်ခေါ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ အကုန်ထုတ်တိုက်ပြီး သဏ္ဍာန်မဲ့နတ်မင်း တစ်ထောင်ကို အသာလေး အနိုင်ရလိုက်ပါတယ်။
ဒါကြောင့် ဟန်ကျွယ်ဟာ သဏ္ဍာန်မဲ့နတ်မင်း အရေအတွက်ကို တစ်သောင်းထိ တိုးလိုက်ပါတယ်။
အသွင်တူ လက်ရည်စမ်းပွဲထဲမှာ ထပ်ခါထပ်ခါ တိုက်ခိုက်ပြီးနောက် ဟန်ကျွယ်ဟာ သဏ္ဍာန်မဲ့ နှစ်သောင်းအထိ စိန်ခေါ်နိုင်သွားပါတယ်။ သဏ္ဍာန်မဲ့နတ်မင်း နှစ်သောင်းက အတော်လေးကို စွမ်းအားကြီးပါတယ်။ နဝမပဋိပက္ခကို ယှဉ်နိုင်လား မယှဉ်နိုင်လား မသိပေမဲ့ ဟန်ကျွယ်ဟာ သူ့ကိုယ်သူတော့ ကျေနပ်အားရပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ဟန်လင်ကို ကြည့်လိုက်ပါတယ်။
ဟန်လင်ရဲ့ ဧကရာဇ်စစ်သားတွေက တာအိုဖန်တီးရှင် မတိုင်ခင်တော့ အတော်လေး စွမ်းအားကြီးနေတုန်းပါ။ ဟန်လင် တာအိုဖန်တီးရှင် အဆင့်ကို ရောက်ရင် ဒီဧကရာဇ်စစ်သားတွေက ဆက်ပြီးတော့ စွမ်းအားကြီးနေဦးမလားဆိုတာ မသိနိုင်သေးပါဘူး။
တာအိုဖန်တီးရှင်တွေအတွက် ကိုယ်ပွားပေါင်း မရေမတွက်နိုင်အောင်ခွဲထုတ်ပြီး တိုက်ခိုက်ဖို့ဆိုတာက အလွယ်လေးပါ။ သူတို့အတွက် ခက်ခဲတာက ဖန်တီးမှုပဲ ရှိပါတယ်။
ဥပမာပေးရရင် ဟန်ကျွယ်ဟာ ကိုယ်ပွားတွေ မရေမတွက်နိုင်အောင် ခွဲထုတ်နိုင်ပေမဲ့ သူ့ကိုယ်ပွား အကုန်လုံး အန္တိမဝိညာဉ်ချွေဓားကို အသုံးပြုဖို့ကတော့ မဖြစ်နိုင်ပါဘူး။
ဟန်ကျွယ် စိန်ခေါ်တဲ့ သဏ္ဍာန်မဲ့နတ်မင်း နှစ်သောင်းက သူတို့ရဲ့ ဆန်းကြယ်စွမ်းအားတွေကို အသုံးပြုနိုင်ပါတယ်။ ဟန်ကျွယ် သိသလောက်တော့ ဟန်လင်ရဲ့ ဧကရာဇ်စစ်သားတွေက အများဆုံး အစီအမံ ဖော်ဆောင်နိုင်ရုံပါ။
ဟန်လင် တာအိုဖန်တီးရှင် ဖြစ်သွားရင် သူ့ဧကရာဇ်စစ်သားတွေက အသွင်ပြောင်းလဲသွားနိုင်ခြေ မရှိတာတော့ မဟုတ်ပါဘူး။
အသွင်တူ လက်ရည်စမ်းပွဲကို အဆုံးသတ်ပြီးနောက် ဟန်ကျွယ်ဟာ ကျင့်ကြံအားထုတ်ဖို့ ပြင်လိုက်စဉ်မှာပဲ ပဋိပက္ခအစွန်းက တိုက်ပွဲကြီးတစ်ပွဲကို ရုတ်တရက် တွေ့လိုက်ရပါတယ်။
တစ်ယောက်က ဟန်ဟွမ်ပါ။
ဟန်ဟွမ်နဲ့ တိုက်ခိုက်နေတာက ပဋိပက္ခသက်ရှိတော့ မဟုတ်ပါဘူး။ သူ့ရောင်ဝါက ရှီထျန်ဆီက လာတာပါ။
နှစ်ယောက်စလုံးက မဟာတာအိုပညာရှိချုပ်တွေမလို့ တိုက်ပွဲဖိအားက အတော်လေး ပြင်းထန်ပါတယ်။ မဟာတာအို နတ်စိတ်ဝိညာဉ်တွေရဲ့ ကာကွယ်မှုကြောင့်သာ မဟုတ်ရင် ပဋိပက္ခတစ်ခုလုံးကို သက်ရောက်နိုင်ပါတယ်။
ရှီထျန်ရဲ့ မဟာတာအိုကမ္ဘာက ပဋိပက္ခနဲ့ တိုက်ခါနီးနေပါပြီ။ အဲဒီအချိန်ကျရင် မဟာတာအိုကမ္ဘာနှစ်ခုက သက်ရှိတွေ အချင်းချင်း ထိပ်တိုက်တွေ့ကြမှာပါ။
ရှီထျန်ရဲ့ စွမ်းအားကြီးပုဂ္ဂိုလ်က ပဋိပက္ခကို အရင်ဆုံး လာတိုက်ပါတယ်။ သူဟာ သူ့ဆန်းကြယ်စွမ်းအားကို ပြသချင်ပေမဲ့ ဟန်ဟွမ် တားတာကို ခံလိုက်ရပါတယ်။
ဟန်ကျွယ်ဟာ တစ်ခဏ ကြည့်ပြီးနောက် ပျင်းသွားပါတယ်။ ဟန်ကျွယ် မျက်လုံးထဲမှာ ဒီတိုက်ပွဲက ကလေးတွေ ဆော့နေသလိုပါပဲ။
တစ်ချိန်တည်းမှာပဲ ပဋိပက္ခထဲက စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ တိုက်ပွဲမြေပြင်ကို ပိုပို ရောက်လာကြပါတယ်။
ဟန်ဟွမ်ဟာ လုံးလုံးလျားလျား အသာစီးရနေပေမဲ့ တစ်ဖက်လူကို မသတ်ပါဘူး။ ပဋိပက္ခရဲ့ ဩဇာအာဏာကို မြှင့်တင်ချင်တာကြောင့်ပါ။
ဘေးကနေကြည့်နေတဲ့ မဟာတာအို နတ်စိတ်ဝိညာဉ်တွေဟာ လက်ခုပ်လက်ဝါးတီးပြီး ဟန်ဟွမ်ကို အားပေးကြပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။