← Chapters

ဖန်တီးရှင်ဧကရာဇ် ရုံးတော်

Vol. 99 Ch. 1036

ဖန်တီးရှင်ဧကရာဇ် ရုံးတော်

Vol. 99 Ch. 1036

ဟန်ယဲ့နဲ့ ဟန်ယောင်ဟာ နောက်နှစ်တစ်သောင်းမှ ကြယ်စကြဝဠာဆီ ရောက်လာပါတယ်။ ဟန်ကျွယ်ဟာ သူတို့နှစ်ယောက်ကို တတိယ တာအိုစက်ကွင်းထဲ ရွှေ့လိုက်ပါတယ်။

ဟန်ယဲ့နဲ့ ဟန်ယောင်ကို တစ်ယောက်ကို တစ်ယောက် အမြင်မကြည်ပေမဲ့ ဟန်ကျွယ်ရှေ့မှာမလို့ စိတ်လိုက်မာန်ပါ မလုပ်ကြပါဘူး။

ဟန်ကျွယ်ဟာ ဟန်ပါရှန်ကိုပါခေါ်ပြီး တာအိုဘုံကျောင်းထဲမှာ စုဝေးလိုက်ပါတယ်။

ဟန်ယောင်နဲ့ ဟန်ယဲ့ဟာ ဟန်ပါရှန်ကို သိထားပြီးပြီမလို့ အသာခေါင်းညိတ်ပြကြပါတယ်။ အဲဒီနောက် သူတို့နှစ်ယောက်ရဲ့ အကြည့်ဟာ ဟန်လင်ဆီ ရောက်သွားပါတယ်။ နှစ်ယောက်လုံးက မာနကြီးပြီး မောက်မာသူတွေမလို့ ဟန်လင်ဆီမှာ အမှုမထမ်းလိုကြပါဘူး။

ဟန်ကျွယ် “မင်းတို့တွေ အသွင်တူ လက်ရည်စမ်းပွဲထဲကို အရင်ဝင်... ဟန်ယောင်၊ ဟန်ယဲ့၊ ဟန်ပါရှန်... မင်းတို့သုံးယောက်က ဟန်လင်ကို တိုက်ခိုက်ချည်၊ မင်းတို့သုံးယောက်က သူ့ကိုနိုင်ရင် သူ့ဆီမှာ အမှုထမ်းစရာ မလိုဘူး”

ဟန်ယောင်တို့သုံးယောက်ဟာ မှင်တက်သွားပြီး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပါတယ်။

ဟန်ယဲ့ဟာ လက်သီးဆုပ်လိုက်ပါတယ် “ပူးပေါင်းစရာ မလိုဘူး၊ ကျွန်တော် တစ်ယောက်တည်းနဲ့ ရတယ်”

ဟန်ကျွယ်ဟာ ဘာမှထပ်မပြောတော့ဘဲ လေးယောက်စလုံးကို အသွင်တူ လက်ရည်စမ်းပွဲထဲ ဆွဲသွင်းပြီး တိုက်ခိုက်ခိုင်းပါတယ်။

ဟန်လင်တို့ လေးယောက်စလုံး မျက်လုံးမှိတ်သွားပါတယ်။

မကြာခင်မှာပဲ ဟန်ယဲ့တို့သုံးယောက်ဟာ လှုပ်ရွလာပါတယ်။ အချိန်ကြာလာတာနဲ့ သူတို့ရဲ့ မျက်နှာတွေဟာ ပျက်ယွင်းလာပါတယ်။ ဟန်လင်ကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ။

နောက်ထပ် အချိန်တစ်ခု ကုန်ဆုံးသွားပါတယ်။

ဟန်ယဲ့၊ ဟန်ယောင်နဲ့ ဟန်ပါရှန်တို့ တုန်တက်သွားပါတယ်။

အသွင်တူ လက်ရည်စမ်းပွဲလည်း အဆုံးသတ်သွားပါတယ်။

လေးယောက်စလုံး ပြိုင်တူ မျက်လုံးဖွင့်လိုက်ကြပါတယ်။ ဟန်ယဲ့နဲ့ ဟန်ယောင်ဟာ ဟန်လင်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်ပါတယ်။ ဟန်ပါရှန်ကတော့ ကျင့်သားရနေပြီမလို့ ကူကယ်ရာမဲ့စွာ ပြုံးလိုက်ပါတယ်။

‘ငါ လွတ်အောင် မပြေးနိုင်သေးဘူးပဲ’

ဟန်ပါရှန်ရဲ့ အကြည့်ဟာ ဟန်ကျွယ်ဆီ ရောက်သွားတဲ့အခါ သူ ဘယ်တော့မှ မမေ့နိုင်တဲ့ မြင်ကွင်းကို သတိရသွားပါတယ်။

ကြောက်မက်ဖွယ် အလင်းဓားခုနစ်ပါး၊ ဖိအား၊ နာကျင်မှု။

တွေးကြည့်ရုံနဲ့တင် ကျောချမ်းဖို့ ကောင်းလှပါတယ်။

ဟန်လင်က အပြုံးနဲ့ မေးလိုက်ပါတယ် “မင်းတို့သုံးယောက် ငါ့ဆီမှာ အမှုထမ်းလိုပြီလား”

ဟန်ယောင်ဟာ တိတ်ဆိတ်နေပါတယ်။ ဆိတ်ဆိတ်နေခြင်းက ဝန်ခံခြင်းပဲ မဟုတ်ပါလား။

ဟန်ယဲ့ကတော့ ဟွန်းခနဲ နှာမှုတ်ပြီး “ကျွန်တော် အရှုံးပေးတယ်”

ဟန်ယဲ့ဟာ ချက်ချင်း ဒူးထောက်ပြီး လက်သီးဆုပ်လိုက်ပါတယ်။ အဲဒီနောက် ဟန်ယောင်နဲ့ ဟန်ပါရှန်လည်း မတတ်နိုင်ဘဲ လိုက်လုပ်ရပါတယ်။

ဟန်ကျွယ် “ဟန်ယဲ့က အန္တိမသတ်ဖြတ်ကြယ်၊ ဟန်ယောင်က ကောင်းကင်အောင်ပွဲကြယ်၊ ဟန်ပါရှန်က အန္တိမမြေဆွဲအားကြယ်၊ ဟန်လင်က လောကဦး ဧကရာဇ်ကြယ်ပဲ”

‌’လောကဦး ဧကရာဇ်ကြယ်’

ဟန်ယဲ့နဲ့ ဟန်ယောင်ဟာ နှလုံးလှုပ်သွားပါတယ်။ ဟန်ယောင်က မနေနိုင်ဘဲ မေးလိုက်ပါတယ် “ဘိုးဘေးဟန်လင်က လောကဦး နတ်ဘီလူးလား”

လောကဦးနတ်ဘီလူး ဒဏ္ဍာရီက ပဋိပက္ခမှာ ပျံ့နှံ့နေပါပြီ။ အင်အားစုအသီးသီး နယ်မြေအတွက် တိုက်ခိုက်ကြတာကလည်း လောကဦး နတ်ဘီလူး ဖြစ်လာဖို့ပဲ မဟုတ်ပါလား။

ဟန်ကျွယ် “မဟုတ်ဘူး၊ လောကဦး နတ်ဘီလူးက မင်းတို့ရဲ့ဘိုးဘေး ဟန်ဟွမ်ပဲ၊ ငါ့ရဲ့ မဟာတာအိုကမ္ဘာမှာ ကြယ်ပေါင်း မြောက်များစွာရှိတယ်၊ မင်းတို့ရဲ့ မဟာဖန်တီးမှုတွေက ငါ့ရဲ့ ကြယ်စွမ်းအားတွေကို အသုံးပြုပြီး ဖြစ်တည်လာတာ”

ဟန်ယောင်တို့ဟာ ဟန်ကျွယ်ကို တအံ့တဩ ကြည့်လိုက်ကြပါတယ်။ ဟန်လင်တောင် အံ့အားသင့်သွားပါတယ်။

ဟန်လင်ဟာ သူ့အဖေက အရည်အချင်း ပေးနိုင်တယ်လို့ ခန့်မှန်းထားတာ ကြာပါပြီ။ တကယ် မှန်နေလိမ့်မယ်လို့တော့ ထင်မထားခဲ့ပါဘူး။

ဟန်ယောင်နဲ့ ဟန်ယဲ့ဟာ နက်နက်နဲနဲ တွေးလိုက်ပါတယ် ‘ဒါဆိုရင်တော့ ငါတို့ အားကိုးတဲ့ အရည်အချင်းက ကနဦးဘိုးဘေး ပေးထားတာပဲ’

“သတ်ဖြတ်ကြယ်၊ ကောင်းကင်ကြယ်၊ မြေဆွဲအားကြယ်က ဧကရာဇ်ကြယ်ကို လောကကြီး သိမ်းပိုက်နိုင်အောင် ကူညီကြလိမ့်မယ်”

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဒီစကားတွေက ဟန်လင်ဘက်လိုက်မှန်း သိပေမဲ့ စိတ်မရှိပါဘူး။

ဟန်ယောင်နဲ့ ဟန်ယဲ့ကလည်း အသုံးချခံရတယ်လို့ မခံစားရပါဘူး။ ဖြစ်သင့်တယ်လို့ပဲ ခံစားရပါတယ်။

ဟန်ယဲ့က မေးလိုက်ပါတယ် “ဘိုးဘေးဟန်ဟွမ်က လောကဦး နတ်ဘီလူးဆိုတော့ ကျွန်တော်တို့ ဘိုးဘေး ဟန်လင်ကို ကူညီနိုင်လိမ့်မယ်လို့ ဘာဖြစ်လို့ ထင်ရတာလဲ”

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “သူ့နောက်ကိုလိုက်၊ သူက မကြာခင်မှာ မင်းတို့ကို အဖြေပေးလိမ့်မယ်၊ လောကဦးနတ်ဘီလူးက အရည်အချင်းရှိတာ၊ အစွမ်းအထက်ဆုံးကို ကိုယ်စားမပြုဘူး”

“ငါ မင်းတို့ကို နှုတ်ဆက်လက်ဆောင်အနေနဲ့ တာအိုဟောကြားပေးမယ်”

ဟန်ကျွယ်ဟာ တစ်ခါတည်း တာအိုဟောကြားပါတယ်။ တာအိုအသံက ဟန်လင်တို့ လေးယောက်ကို ထိုးထွင်းသိမြင်တဲ့ အခြေအနေဆီ ဆွဲခေါ်သွားပါတယ်။ ဟန်လင်တောင် တုံ့ပြန်ချိန် မရလိုက်ပါဘူး။

နှစ်တစ်ထောင်ကြာတဲ့အခါမှာတော့...

ဟန်လင်တို့ လေးယောက်ဟာ တာအိုစက်ကွင်းထဲက ထွက်ခွာပြီး ပဋိပက္ခမှာ ခရီးနှင်ပါတယ်။

ဟန်ကျွယ်ဟာ ဟာလာဟင်းလင်း ဖြစ်သွားတဲ့ တာအိုဘုံကျောင်းကို ကြည့်ပြီး ရုတ်တရက် မသက်မသာ ဖြစ်သွားပါတယ်။ သူ့ကို နှစ်ဆယ်သန်းပေါင်းချီအောင် အဖော်ပြု‌ပေးခဲ့တဲ့ သမီးက နောက်ဆုံးတော့ ထွက်ခွာသွားခဲ့ပါပြီ။

ဟန်ကျွယ်ဟာ မျက်လုံးကျဉ်းလိုက်ပါတယ်။ တာအိုဘုံကျောင်းထဲမှာ ရုပ်သွင်တွေ ပေါ်လာပါတယ်။ ဒီရုပ်သွင်တွေ အကုန်လုံးက ကိုယ်တုံးလုံး လူပျို အပျိုတွေပါ။ သူတို့တွေက ဟန်ကျွယ် လောကဦးပဋိပက္ခ မဟာဖန်တီးမှုနဲ့ ဖန်တီးထားတဲ့ မျိုးနွယ်စုပါ။

"ဒီအချိန်ကစပြီး မင်းတို့က အန္တိမမူလဝိညာဉ် မျိုးနွယ်စုပဲ” ဟန်ကျွယ်က ပြောလိုက်ပါတယ်။

ဟန်ကျွယ်ရဲ့ စကားဆုံးတာနဲ့ သူ့မြင်ကွင်းထဲမှာ စာကြောင်းတွေ ပေါ်လာပါတယ်။

[အန္တိမမူလဝိညာဉ် မျိုးနွယ်စု: လောကဦးပဋိပက္ခ မဟာဖန်တီးမှုဖြင့် ဖန်တီးခဲ့ပြီး အန္တိမမူလကမ္ဘာ၏ ဖန်တီးမှုစွမ်းအား ပါဝင်သည်။ ဤမျိုးနွယ်စုသည် အန္တိမမူလကမ္ဘာ၌ သေခြင်းကင်းကာ မပျက်စီးနိုင်သော တည်ရှိမှု ဖြစ်ပြီး အန္တိမမူလကမ္ဘာ၏ မဟာတာအိုသုံးထောင်အား ထိန်းချုပ်နိုင်သည်။]

လက်ရှိ အန္တိမမူလဝိညာဉ် မျိုးနွယ်စုမှာ မျိုးနွယ်စုဝင် ၁၈ ယောက် ရှိပါတယ်။ သူတို့ရဲ့ အရည်အချင်းက အန္တိမမူလကမ္ဘာထဲမှာ ထိပ်တန်းဖြစ်ပြီး ပဋိပက္ခနတ်ဘီလူးတွေထက် မနိမ့်ကျပါဘူး။ အရေးအကြီးဆုံးက သူတို့တွေဟာ မဟာတာအိုသုံးထောင်ကို ထိန်းချုပ်နိုင်ပြီး နိယာမစွမ်းအားကို သူတို့ရဲ့ နတ်စွမ်းအားအဖြစ် ပြောင်းလဲနိုင်ပါတယ်။

ဟန်ကျွယ်ဟာ သူတို့ကို ကျင့်စဉ်တွေ စသင်ပေးပါတယ်။

နှစ်တစ်ထောင် ကြာတဲ့အခါမှာတော့...

ဟန်ကျွယ်ဟာ အန္တိမမူလဝိညာဉ် မျိုးနွယ်စုကို အန္တိမမူလကမ္ဘာဆီ ပို့လိုက်ပါတယ်။ သွားပို့ပြီး ပြန်လာတာက ဟန်ကျွယ်အတွက် အသက်ရှူကြိမ်သုံးလေးကြိမ်ပဲ ကြာပါတယ်။

ဟန်ကျွယ်ဟာ ကမ္ဘာဖျက်ကြာနက်ပေါ်ထိုင်ရင်း ကြမ္မာဆိုးစာအုပ်နဲ့ ကောင်းကင်တာအို စိတ်ဝိညာဉ် ကျောက်တုံးကို ထုတ်ယူလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို အဆင့်မြှင့်ချင်တာပါ။

[သတိပေးချက်: အန္တိမ အကောင်းစား ရတနာသည် ကိုယ်ပိုင်ပစ္စည်း ပြုမရပါ။ အဆင့်မြှင့်မှု အောင်မြင်သည်နှင့် ကြမ္မာဆိုးစာအုပ်သည် သင်၏ ကန့်သတ်အမှတ်အား ဖြတ်တောက်လိမ့်မည်။]

ဟန်ကျွယ်ဟာ တုံ့ဆိုင်းသွားပါတယ်။

‘ထားလိုက်ပါတော့... ဒီလိုဆိုမှတော့ မမြှင့်တော့ဘူး...’

ကြမ္မာဆိုးစာအုပ်က စွမ်းအားကြီးလွန်းပါတယ်။ ထိန်းချုပ်မရရင် တစ်ခုခုဖြစ်မှာကို ဟန်ကျွယ် စိုးရိမ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကြမ္မာဆိုးစာအုပ်က သုံးရတာ တန်နေပါပြီ။

ဟန်ကျွယ်ဟာ ကောင်းကင်တာအို စိတ်ဝိညာဉ် ‌ကျောက်တုံးကို ပြန်သိမ်းလိုက်ပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ နဝမပဋိပက္ခကို ကျိန်စာ စတိုက်ပါတယ်။ ဟန်ကျွယ်ဟာ နဝမပဋိပက္ခကို ဖန်တီးရှင်သခင် မြန်မြန်ဖြစ်ခွင့် မပေးနိုင်ပါဘူး။

ငါးရက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ သက်တမ်းဟာ စတင်လျော့ကျပါတယ်။ ဟန်ကျွယ်ဟာ အစွမ်းကုန် ကျိန်စာတိုက်ပါတယ်။

ပဋိပက္ခအစွန်း ထပ်မံ ကွဲကြေတဲ့အခါ ပဋိပက္ခအောက်ခြေမှာ မိစ္ဆာနတ်ဆိုး မြောက်မြားစွာ ပေါ်လာပါတယ်။

ဟန်ကျွယ်ဟာ ကျိန်စာတိုက်တာ ရပ်လိုက်ပါတယ်။ နဝမပဋိပက္ခရဲ့ ကျင့်ကြံမှုက နောက်တစ်ခါ လှုပ်ခတ်သွားပြီမလို့ ဖန်တီးရှင်သခင်အဆင့်‌ရောက်ဖို့ ပိုဝေးသွားပါပြီ။

ဟန်ကျွယ်ဟာ အနန္တဖျက်ဆီးရှင်သခင် ရှီထျန်ကိုတော့ ကျိန်စာမတိုက်ပါဘူး။ ပစ်မှတ်များလွန်းရင် ပြဿနာကို ဆွဲဆောင်မိမှာ ကြောက်လို့ပါ။

အခုက နဝမပဋိပက္ခ တစ်ယောက်တည်း ကျိန်စာတိုက်ခံရတာ ဖြစ်တဲ့အတွက် သံသယဝင်စရာ ပစ်မှတ်တွေ အများကြီး ဖြစ်နေပါတယ်။

‘ငါ မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှုကို သုံးသင့်လား...’

ဟန်ကျွယ်ဟာ တဒင်္ဂ ဝေခွဲမရ ဖြစ်သွားပြီးနောက် သိမ်းထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ အရင်ဆုံး ဂူအောင်းကျင့်ကြံဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဗာဟီရကိစ္စတွေကြောင့် ဟန်ကျွယ်ဟာ ကျင့်ကြံဖို့ အချိန်တစ်ခု နှောင့်နှေးသွားခဲ့ပါတယ်။ မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှုကိုတော့ နောက်ကျမှ အသုံးပြုဖို့ ဆုံးဖြတ်လိုက်ပါတယ်။

လျှို့ဝှက်နယ်မြေ။

ဟွမ်ဇွမ်တျန်ဟာ ယဇ်ပလ္လင်ပေါ် ထိုင်နေပါတယ်။ ယဇ်ပလ္လင်ရဲ့ ပတ်လည်မှာတော့ ထူးဆန်းတဲ့ ကိုယ်ဟန်နဲ့ လူသားလိုလို နတ်ဆိုးလိုလို ရုပ်တုတွေ ရှိနေပါတယ်။

ရုပ်သွင်တစ်သွင်ဟာ ဟွမ်ဇွမ်တျန်နောက်မှာ ပေါ်လာပြီး ဒူးထောက်လိုက်ပါတယ် “ရှုံဟွာအရှင်... ပဋိပက္ခထဲမှ မကြာသေးခင်က အင်အားစုကြီးတစ်စု ပေါ်လာတယ်၊ သူတို့မှာ မဟာတာအိုပညာရှိချုပ် သုံးပါးရှိပြီး တော်တော်လေးကိုမှ စွမ်းအားကြီးတယ်၊ သတင်းအရ မဟာတာအိုပညာရှိချုပ် နှစ်ပါးက အကြွင်းမဲ့ ပါရမီရှင်ဆယ်ပါးထဲမှာ ပါတဲ့ ဟန်ယဲ့နဲ့ ဟန်ယောင်ပဲ”

ဟွမ်ဇွမ်တျန်ဟာ မျက်လုံးပွင့်လာပြီး မျက်မှောင်ကြုတ်သွားပါတယ် “ခေါင်းဆောင်က ဘယ်သူလဲ”

“ကျွန်တော်လည်း သေချာမသိဘူး၊ နာမည်ပဲ သိရသေးတယ်”

“ဘာနာမည်လဲ”

“ဧကရာဇ်ပါ”

“ဧကရာဇ်တဲ့လား”

ဟွမ်ဇွမ်တျန်ဟာ တွက်ချက်ကြည့်ပေမဲ့ ဧကရာဇ်နာမည်ပဲ သိထားတာကြောင့် တွက်ချက်မှု မအောင်မြင်ပါဘူး။

“တစ်ဖက်လူရဲ့ ရည်ရွယ်ချက်က ဘာလဲ”

“ကျွန်တော်လည်း သေချာ မသိဘူး၊ ဧကရာဇ်က ဖန်တီးရှင်ဧကရာဇ် ရုံးတော်ကို တည်ထောင်ပြီး ထူးချွန်ထက်မြက်တဲ့ ကျင့်ကြံသူတွေကို တရစပ် ခေါ်ယူနေတယ်၊ သူတို့တွေက နယ်မြေတစ်ခုကို အတင်း သိမ်းပိုက်ပြီး မဟာတာအိုငါးပါးရဲ့ ပိုင်ဆိုင်မှုကိုတော့ ရသွားကြတယ်၊ ဘယ်စွမ်းအားကြီးပုဂ္ဂိုလ်မဆို လာစိန်ခေါ်လို့ ရတယ်လို့လည်း ကြော်ငြာထားတယ်”

ဟွမ်ဇွမ်တျန်ဟာ အတွေးနက်သွားပါတယ်။

လတ်တလောမှာ အင်အားစုတွေ အများကြီး ပေါ်လာပေမဲ့ ဒီအင်အားစုက ဟန်ယဲ့နဲ့ ဟန်ယောင် ပါဝင်နေတဲ့အတွက် ဟွမ်ဇွမ်တျန်ဟာ ပေါ့ပေါ့လေး သဘောမထားရဲပါဘူး။

‘သခင်ရဲ့ အစီအစဉ်များလား... ဖြစ်နိုင်တယ်... ဒါဆို သခင်က ဘာလုပ်ချင်တာလဲ’

ဟွမ်ဇွမ်တျန် “မင်းသွားလို့ရပြီ၊ ဖန်တီးရှင်ဧကရာဇ် ရုံးတော်ကို လူလွှတ်ပြီး သေချာ စောင့်ကြည့်ထားချည်”

“ဟုတ်ကဲ့ပါ”

ရုပ်သွင်ဟာ ပျောက်ကွယ်သွားပါတယ်။

ဟွမ်ဇွမ်တျန် မန္တန်သုံးလိုက်တဲ့အခါ သူ့ခန္ဓာကိုယ်ထဲကနေ ရုပ်သွင်တစ်သွင် ထိုးထွက်လာပါတယ်။ မူလလောကဦးကလွဲပြီး ဘယ်သူ ဖြစ်နိုင်ဦးမှာလဲ။

မူလလောကဦးဟာ ဝိညာဉ်ခန္ဓာပဲ ရှိပြီး မျက်နှာကို ထုတ်မပြပါဘူး။

“ဟွမ်ဇွမ်တျန် ငါ စိတ်ထင့်နေတာ ပိုအားကောင်းလာတယ်၊ မင်း ပြင်ဆင်ထားဖို့ လိုပြီ” မူလလောကဦးက မတိုးမကျယ် ပြောလိုက်ပါတယ်။ သူ့အသံက လေးလံမှုတွေ ပြည့်နေပါတယ်။

“ဘယ်လို ပြင်ဆင်မှာလဲ”

“ငါ့အတိုင်း လောကဦးနတ်ဘီလူး အသွင် ပြောင်းလဲချည်”

မြန်မာပြည် ငြိမ်းချမ်းပါ‌စေ။

All Chapters