← Chapters

တာအိုအရှင်သခင်၏ ရည်မှန်းချက်

Vol. 99 Ch. 1037

တာအိုအရှင်သခင်၏ ရည်မှန်းချက်

Vol. 99 Ch. 1037

ဖန်တီးရှင်ဧကရာဇ် ရုံးတော်ရဲ့ မြင့်တက်မှုက ရှုံဟွာအင်အားစုရဲ့ အာရုံကိုပဲ ဆွဲဆောင်တာ မဟုတ်ပါဘူး။ သူ့ဂုဏ်သတင်းက ရှီထျန်ထိတောင် ပျံ့နှံ့သွားပါတယ်။

နှစ်သန်းချီကြာပြီးနောက် ပဋိပက္ခနဲ့ ရှီထျန်ဟာ အစမ်းပေါင်းစပ်နေပါပြီ။ မဟာတာအိုကမ္ဘာနှစ်ပါးရဲ့ ကံတရား အထောက်အပံ့ဟာလည်း ပဋိပက္ခရဲ့ ဦးဆောင်မှုအောက်မှာ ပေါင်းစပ်လာပါတယ်။

ကောင်းကင်ရုံးတော်၊ နတ်ဘုရားခန်းမ။

အင်မော်တယ် နတ်ဘုရားတွေ စုဝေးပြီး ဖန်တီးရှင်ဧကရာဇ် ရုံးတော်အကြောင်း ဆွေးနွေးနေကြပါတယ်။

“နတ်စစ်သူကြီးဟန်ယောင်က ကောင်းကင်ရုံးတော်ကို သစ္စာဖောက်သွားတယ်၊ သူ ကူညီနေတဲ့ ဒီဧကရာဇ်က ဘယ်သူလဲ”

“ဖန်တီးရှင်ဧကရာဇ်ရုံးတော်က တော်တော်လေး စွမ်းအားကြီးတယ်၊ ဟန်ယောင် ဟန်ယဲ့ ဟန်ပါရှန် အကုန်လုံးက ဟန်မျိုးနွယ်ချည်းပဲ၊ အဲဒီဧကရာဇ်က တကယ်ပဲ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိများလား”

“မဖြစ်နိုင်ဘူး၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ပဋိပက္ခ အထက်မှာ၊ နောက်ပြီး သူ့သား နှစ်ယောက်က ဒဏ်ခတ်သမားတွေလေ”

“ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ ကလေးတွေက အတူစုစည်းပြီး ပဋိပက္ခကို စိုးမိုးချင်တာ ဖြစ်ရမယ်၊ ဒီလောက်အားကြီးတဲ့ နောက်ခံရှိမှတော့ သူတို့တွေ ရည်မှန်းချက် ကြီးလာမှာပဲလေ”

ဟိန်တျန် ကောင်းကင်စစ်သူကြီးဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို ကြည့်လိုက်တဲ့အခါ မိစ္ဆာ ကောင်းကင်ဧကရာဇ်က ပြုံးနေတာကို တွေ့လိုက်ရပါတယ်။

“တော်တော့” မိစ္ဆာကောင်းကင်ဧကရာဇ်ရဲ့ စကားကြောင့် ခန်းမထဲက အင်မော်တယ် နတ်ဘုရားတွေဟာ တိတ်ဆိတ်သွားကြပါတယ်။

ဟန်ဟွမ်၊ ဝေ့လန်ရှန်မိ၊ ကျောက်ရွှမ်ကွမ်း၊ ဟန်ယောင်နဲ့ တခြားပြိုင်ဘက်ကင်း ပါရမီရှင်တွေရဲ့ ဦးဆောင်မှုကြောင့် လက်ရှိ ကောင်းကင်ရုံးတော်ရဲ့ အုတ်မြစ်ဟာ အတော်လေးကို နက်နဲနေပါပြီ။ ပါရမီရှင်တွေနဲ့ ထိပ်သီးကျင့်ကြံသူတွေလည်း ကြီးပြင်းလာကြပါပြီ။ ကောင်းကင်ရုံးတော်ဟာ ပဋိပက္ခရဲ့ နယ်မြေသုံးခုကို ထိန်းချုပ်ထားတာမလို့ သာလွန်အင်အားစုလို့ ယူဆလို့ရပါတယ်။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာလည်း မဟာတာအိုပညာရှိ ဖြစ်လာခဲ့ပါပြီ။

“ဖန်တီးရှင်ဧကရာဇ် ရုံးတော်ကို မစိုးရိမ်နဲ့၊ ငါနဲ့ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက မိတ်ဆွေရင်းတွေ၊ ငါ ဟန်ယောင်ကို သူ့ဆီက ငှားခဲ့တာ၊ ဟန်ယောင်က ကောင်းကင်ရုံးတော်အတွက် အများကြီး အကျိုးဆောင်ပြီးပြီ၊ အခု သူ့အတွက် သူတိုက်ခိုက်တာဆိုတေ့ သူ့ကို အပြစ်တင်စရာ မလိုဘူး၊ မင်းတို့တွေ နောက်ကျ ပဋိပက္ခထဲမှာ သူနဲ့တွေ့ရင် မထီမဲ့မြင် မလုပ်ကြနဲ့”

အင်မော်တယ် နတ်ဘုရားတွေဟာ သဘောတူလိုက်ကြရပါတယ်။

အင်မော်တယ်အို တစ်ပါးက ရှေ့ထွက်ပြီး လက်သီးဆုပ်ကာ လျှောက်တင်ပါတယ် “အရှင်မင်းကြီး... ကျွန်တော်တို့တတွေ ရှီထျန်ဆီ စေလွှတ်လိုက်တဲ့ ကောင်းကင်စစ်သားတွေနဲ့ အဆက်အသွယ် ပြတ်သွားတယ်၊ သူတို့တွေ တစ်ခုခုဖြစ်မှာကို ကျွန်တော် စိုးရိမ်မိတယ်”

မိစ္ဆာ ကောင်းကင်ဧကကရာဇ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ဒီလိုဆိုရင် ရွှေဂိုဏ်းရဲ့ နတ်စစ်သူကြီးငါးပါးကို လက်ရွေးစင် စစ်သား ရှစ်ထောင်နဲ့ စေလွှတ်ပြီး သင့်တော်တဲ့နေရာမှာ တပ်စခန်းနဲ့ ရွှေ့ပြောင်းအစီအမံကို ချက်ချင်း ဆောက်လုပ်ခိုင်းချည်”

မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ စကားဆုံးတာနဲ့ ရွှေရောင်ချပ်ဝတ်နဲ့ နတ်စစ်သူကြီးငါးပါးဟာ ရှေ့ထွက်ပြီး အမိန့်တော်ကို တညီတညွတ်တည်း လက်ခံပါတယ်။ အဲဒီနောက် ခန်းမထဲကထွက်ပြီး စစ်သားတွေကို သွားဆင့်ခေါ်ပါတယ်။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ တခြားအစီအစဉ်တွေကို စတင်ပြီးတော့ လုပ်ဆောင်တဲ့အတွက် ကောင်းကင်ရုံးတော် တစ်ခုလုံးကို ဂယက်ထသွားစေပါတယ်။

.....

ရှီထျန်။

ဒီနေရာက ဟင်းလင်းပြင်ဟာ ပဋိပက္ခနဲ့တော့ သိပ်မကွာပါဘူး။ တာအိုအရှင်သခင်၊ ကျောက်ရွှမ်ယွမ်၊ ကျန်းယီနဲ့ လောင်တန်ဟာ ရှေးဟောင်းမျှော်စင်တစ်စင်ကို စီးနင်းထားပါတယ်။

ကျောက်ရွှမ်ယွမ်ဟာ သက်ပြင်းချလိုက်ပါတယ် “အဲဒီကောင်လေး ဟန်ယဲ့ ဘယ်လိုနေလဲ မသိဘူး၊ သူမရှိတာကို ငါအခုထိ ကျင့်သား မရသေးဘူး”

ကျန်းယီဟာ ပြုံးလိုက်ပါတယ် “ငါတို့ကို အဖော်ပြုဖို့ မင်းဘာလို့ သားတစ်ယောက်လောက် မမွေးတာလဲ”

ကျောက်ရွှမ်ယွမ်ဟာ ကျန်းယီကို တစ်ချက် ကြည့်လိုက်ပါတယ် “ငါက အချစ်များပေမဲ့ နှောင်ကြိုးဖွဲ့မခံချင်ဘူး၊ မင်းကရော... နတ်ရွှေကျီးကန်း မိသားစုကို ပြန်မတည်ထောင်ချင်ဘူးလား”

“ဟမ်... ငါလည်း မင်းလိုပဲ”

“ပြီးခဲ့တဲ့တစ်ခေါက်မှာ တွေ့ခဲ့ရတဲ့ အဲဒီကောင်မလေးက မင်းနဲ့ မခွဲနိုင်မခွာနိုင် ဖြစ်နေတာကို၊ မင်း ဘာဖြစ်လို့ ငြင်းလိုက်တာလဲ”

“ငါ့မှာ နေရာ အတည်တကျ မရှိဘူး၊ ဘာလို့ သူ့ရဲ့အချိန်တွေကို ဖြုန်းနေဦးမှာလဲ၊ ငါ သူ့ကို ခေါ်သွားလို့ရတာလည်း မဟုတ်ဘူး၊ နောက်ပြီး သူက ငါ့ကို ချစ်တာ မဟုတ်ဘူး၊ ငါရဲ့ စွမ်းအားကို ချစ်တာ”

“အဲဒီလိုဆိုရင်တောင် မင်း သူနဲ့ ချစ်ကြည်နူးလို့ရတာပဲ၊ ဘာဖြစ်လို့ တစ်ခါတည်း ငြင်းလိုက်တာလဲ၊ နှမြောဖို့ကောင်းတယ်”

“ငါက မင်းလို မဟုတ်ဘူး”

လောင်တန်ဟာ သူတို့ရဲ့ ဘာမဟုတ်တာလေးနဲ့ ငြင်းခုံတာကို ကျင့်သားရနေပါပြီ။

တာအိုအရှင်သခင်ဟာ ရှေ့ကို လှမ်းကြည့်ပြီး ပြောလိုက်ပါတယ် “ငါတို့တွေ ပဋိပက္ခ၊ သိစိတ်မဲ့၊ သာလွန်၊ ရှီထျန်... ဒီမဟာတာအိုကမ္ဘာလေးပါးရဲ့ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာတွေကို စုစည်းရင် ဘယ်လိုဖြစ်လာမယ်လို့ ထင်လဲ”

လောင်တန်ဟာ ပြုံးလိုက်ပါတယ် “တွေးမနေနဲ့၊ ဘယ်သူမှ မလုပ်နိုင်ဘူး၊ အဲဒါသာ အောင်မြင်ရင် မင်း ပြိုင်ဘက်ကင်းပြီ၊ မင်းဆရာတောင် မင်းကို ယှဉ်နိုင်မှာ မဟုတ်လောက်ဘူး”

တာအိုအရှင်သခင်ဟာ ပြုံးလိုက်ပါတယ် “ငါ ကြိုးစားကြည့်ချင်တယ်၊ ငါ သာလွန်မဟာတာအိုကမ္ဘာနဲ့ သိစိတ်မဲ့ မဟာတာအိုကမ္ဘာရဲ့ အထွတ်အထိပ် နိယာမ စွမ်းအားကို ဖြတ်ယူပြီးပြီ၊ ရှီထျန်ပဲ ကျန်တော့တယ်၊ နောက်ထပ် မဟာတာအိုကမ္ဘာတွေများ ရှိသေးလား မသိဘူး”

လောင်တန်ဟာ ခေါင်းခါလိုက်ပါတယ် “ငါလည်း သေချာမသိဘူး၊ သိစိတ်မဲ့ မဟာတာအိုကမ္ဘာ ပေါ်လာကတည်းက ငါတို့တွေ သိတာ နည်းနည်းပဲ ရှိသေးတာကို ငါ သဘောပေါက်လိုက်တယ်၊ မဟာတာအိုကမ္ဘာတိုင်းက အထွတ်အထိပ် တည်ရှိမှုတစ်ခုကို ကိုယ်စားပြုရင် ကျင့်ကြံမှုရဲ့ အဆုံးသတ်ကို စိတ်ကူးနဲ့တောင်ရောက်ဖို့ မလွယ်တော့ဘူး”

တာအိုအရှင်သခင်ဟာ သက်ပြင်းချလိုက်ပါတယ် “ဆရာသခင်က ဒီလောက် စွမ်းအားကြီးနေတာတောင် ကျင့်ကြံအားထုတ်နေတုန်းပဲ၊ ဆရာသခင်တောင် ကျင့်ကြံမှုထိပ်ဆုံးနဲ့ အဝေးကြီးလိုသေးတယ်ဆိုရင် ငါတို့က ပိုလို့တောင် ဝေးသေးတာပေါ့”

လောင်တန်ဟာ ခေါင်းညိတ်လိုက်ပါတယ်။

“ဘာပဲဖြစ်ဖြစ် ငါတို့တွေ ရှီထျန် အထွတ်အထိပ် နိယာမရဲ့ စွမ်းအားကို ရရမယ်၊ အရင်အတိုင်းပဲ အဘိုးကြီး ခင်ဗျားက အစီအမံဆွဲ၊ ကျောက်ရွှမ်ယွမ်နဲ့ ကျန်းယီက ကျူးကျော်သူတွေကို ဟန့်တားပေး၊ ငါ အထွတ်အထိပ် နိယာမစွမ်းအားကို ဖြတ်ယူတာ အောင်မြင်ရင် မင်းတို့ကို ပြန်သင်ပေးမယ်”

တာအိုအရှင်သခင်ဟာ ညွှန်ကြားလိုက်ပါတယ်။ အစကနေ အဆုံးအထိ တာအိုအရှင်သခင်ဟာ ဒီအဖွဲ့ရဲ့ ခေါင်းဆောင်ပါ။ လောင်တန်တောင် သူ့စကားကို နားထောင်ရပါတယ်။

ကျောက်ရွှမ်ယွမ်ဟာ ခေါင်းကုတ်လိုက်ပါတယ် “ရှီထျန် ကျင့်ကြံသူတွေက ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်ရတာပဲ၊ ငါ စိတ်ရှိလက်ရှိ မတိုက်ခိုက်ရတာ အတော်ကို ကြာခဲ့ပြီ၊ ပြိုင်ဘက်ကင်းတော့လည်း အထီးကျန်လွန်းတယ်”

ကျန်းယီဟာ လက်ပိုက်ပြီး နှုတ်ခမ်းမဲ့လိုက်ပါတယ် “အရှက်မရှိလိုက်တာ”

ဘယ်လိုပဲ ပြောပါစေ ကျန်းယီရဲ့ မျက်လုံးထဲမှာ မျှော်လင့်ချက်ရောင်ခြည် ယှက်သမ်းသွားတာကတော့ သေချာပါတယ်။

သူတို့တွေအတွက် ပဋိပက္ခထဲမှာ ပြိုင်ဘက်တွေ့ဖို့က အတော်လေးကို ခက်ခဲပါတယ်။ သူတို့ထက် စွမ်းအားကြီးတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး ရှိနိုင်ပေမဲ့ သူတို့ကိုတော့ မယှဉ်နိုင်ပါဘူး။ စွမ်းအားကြီးတိုင်း တိုက်ခိုက်ရည်ကောင်းတာ မဟုတ်ပါဘူး။

အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။ ပဋိပက္ခရဲ့ အခြေအနေကလည်း ပြောင်းလဲသွားပါတယ်။ လူသစ်တွေ ပိုပိုပေါ်လာပြီး လောကကြီးကို စိုးမိုးကြပါတယ်။ စွမ်းအားကြီးပုဂ္ဂိုလ်ဟောင်းတွေနဲ့ နယ်မြေအရှင်တွေတောင် သေဆုံးကြပါတယ်။ အတော်လေးကို စည်ကားတယ်လို့ ပြောလို့ရပါတယ်။

တိုက်ခိုက်ရတာ ကြိုက်နှစ်တဲ့လူတွေ အတွက်တော့ ဒါက ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ ရွှေခေတ်ပါ။ လုံလောက်တဲ့ စွမ်းအားရှိတာနဲ့ သူတို့နာမည်ကို သမိုင်းမှာ ရေးထိုးပြီး လောကကြီးကို တုန်လှုပ်စေနိုင်ပါတယ်။

ဟန်ကျွယ်ဟာတော့ ပုံမှန်အတိုင်းပဲ နှစ်ငါးသန်း ဂူအောင်းကျင့်ကြံပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး ကျေနပ်စွာ ပြုံးလိုက်ပါတယ်။ အန္တိမမူလကမ္ဘာ ဗလာနယ်မြေထဲ ရောက်သွားပြီးနောက် ဟန်ကျွယ်ဟာ စိတ်ရှိသလို ပြန်ပြီးတော့ ကျင့်ကြံအားထုတ်နိုင်သွားပါတယ်။ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုအလျင်ဟာလည်း အရင်အတိုင်း ပြန်ဖြစ်သွားပါတယ်။

အန္တိမမူလကမ္ဘာရဲ့ တိုးတက်မှုက ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုကို တိုးတက်စေသလို ဟန်ကျွယ်ကလည်း သူ့ဓမ္မစွမ်းအားကို အန္တိမမူလစွမ်းအားအဖြစ် သန့်စင်နိုင်ပါတယ်။

ဟန်ကျွယ်ကလွဲလို့ တခြားသက်ရှိတွေဟာ မဟာတာအို အထွတ်အထိပ်အဆင့်ကို ရောက်ရင် တရားထိုင်ပြီး ကျင့်ကြံမှုတိုးအောင် လုပ်လို့ မရတော့ပါဘူး။ တာအိုဖန်တီးရှင်တွေလည်း အတူတူပါပဲ။ သူတို့တွေက သူတို့ရဲ့ ကျင့်ကြံမှု တိုးတက်ဖို့ သူတို့ရဲ့ မဟာတာအိုကမ္ဘာကိုပဲ အားကိုးရပါတယ်။

မဟာတာအိုကမ္ဘာရဲ့ အုတ်မြစ်က သန်မာလေလေ ဖန်တီးသူက မဟာာအိုကမ္ဘာရဲ့ စွမ်းအားကို ပိုပြီး စုပ်ယူနိုင်လေလေပါပဲ။ ဒီလိုဆိုတော့ တစ်ဖက်သတ် စုပ်ယူတာ မဟုတ်ပါဘူး။ အချင်းချင်း ထောက်ပံ့ပြီး အောင်မြင်မှုကို ရယူတာပါ။

ဟန်ကျွယ်ဟာ စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။

ဟန်လင်၊ ဟန်ယဲ့၊ ဟန်ယောင်နဲ့ ဟန်ပါရှန်တို့ဟာ လွန်ခဲ့တဲ့ နှစ်ငါးသန်းအတွင်း အလွန်တရာမှ လှုပ်ရှားကြပါတယ်။ ဟန်လင်ဟာ ဖန်တီးရှင်ဧကရာဇ် ရုံးတော်ကို တည်ထောင်ပြီး အဓိက ကံတရား အထောက်အပံ့တွေကို ရရှိထားပါတယ်။

တာအိုအရှင်သခင်တို့ လေးယောက်ကတော့ ရှီထျန်ထဲဝင်ပြီး နောက်ထပ် မြောက်မြားစွာသော တိုက်ခိုက်မှုတွေကို ဖြစ်ပေါ်စေပါတယ်။ သူတို့လေးယောက်ဟာ လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးရဲ့ ဖိနှိပ်မှုကြောင့် ပြင်းပြင်းထန်ထန်လည်း ဒဏ်ရာရရှိသွားကြပါတယ်။

ဟန်ကျွယ်ဟာ တာအိုအရှင်သခင်တို့ လေးယောက် မသေနိုင်ဘူးဆိုတာကိုတော့ ယုံကြည်ပါတယ်။ ကျင့်ကြံမှု မြင့်လေလေ အသက်ကို ပိုပြီးတော့ တန်ဖိုးထားလေလေပါပဲ။ သူ့တပည့်ရင်းတွေက သေဘေးတွေ့ရင် သေချာပေါက် ဖိတ်ခေါ်ပညာရပ်ကို အသုံးပြုမှာပါ။

မိတ်ဆွေတွေထဲမှာ ထက်ဝက်ကျော်က ရှီထျန်ထဲ ဝင်ရောက်သွားကြတာကြောင့် ဟန်ကျွယ်ဟာ ဘာဆက်ဖြစ်လာမလဲဆိုတာကို မျှော်ကြည့်မိလိုက်ပါတယ်။

စာစောင်တွေကို ဖတ်ပြီးနောက် ဟန်ကျွယ်ဟာ မတ်တတ်ရပ်ပြီး တာအိုဘုံကျောင်း အပြင်ဘက် ထွက်သွားပါတယ်။

နှစ်တစ်ရာကျော်မှပဲ ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းထဲ ပြန်ရောက်လာပါတယ်။ ဟန်ကျွယ်ဟာ ဂူအောင်းကျင့်ကြံဖို့ ပြင်လိုက်ပေမဲ့ တစ်စုံတစ်ခုကို ခံစားမိလိုက်တာကြောင့် မသိမသာ နှလုံးလှုပ်သွားပါတယ်။

တစ်ယောက်ယောက်က သူ့ရဲ့ အန္တိမမူလစွမ်းအားကို ငှားယူလိုက်တာပါ။

ဟန်ဟွမ်။

အန္တိမမင်းဆိုးဒေါသကြယ်။

ဟန်ဟွမ် ဒီအခွင့်အရေးကို ရပြီးကတည်းက ပထမဆုံးအကြိမ် ဟန်ကျွယ်ရဲ့ စွမ်းအားကို ငှားယူတာပါ။ ဟန်ဟွမ်ရဲ့ စွမ်းအားက ပဋိပက္ခထဲမှာ ထိပ်ဆုံးမလို့ သူ့ကို ဒီအဆင့်ထိရောက်အောင် ဘယ်သူမှ ဖိအားမပေးနိုင်ခဲ့ပါဘူး။

ဒီ‌အတောအတွင်း ဟန်ဟွမ်က ရှီထျန်ထဲမှာမလို့ ဘယ်လို စွမ်းအားကြီးပုဂ္ဂိုလ်က ဟန်ဟွမ်ကို ဒီအဆင့်ထိရောက်အောင် ဖိအားပေးနိုင်လဲဆိုတာ ဟန်ကျွယ် သိချင်သွားပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters