ဆန်းကြယ်ဘိုးဘေး
Vol. 99 Ch. 1038
ရှီထျန်၊ သွေးဖုံးနေတဲ့ တိုက်တစ်တိုက်။
မြေပြင်ဟာ ကွဲကြေပြီး ကောင်းကင်ပြင်ဟာ စုတ်ပြဲနေပါတယ်။ ကာလ-ဒေသ အက်ကြောင်းတွေဟာ မြောက်မြားလှစွာသော ကင်းခြေများတွေလိုမျိုး ကြောက်စရာ ကောင်းလှပါတယ်။
ပေဆယ်သန်းကျော် မြင့်မားတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးဟာ မြေပြင်မှာ မတ်တတ်ရပ်နေပါတယ်။ သူ့ခန္ဓာကိုယ်ကို နဂါးသဏ္ဍာန် ဝိုးတိုးဝါးတား လောကဦးချီက ဝိုင်းထားပါတယ်။ သူ့ရဲ့ဆံပင်တွေက လေထဲမှာ လူးလွန့်နေပြီး ခန္ဓာကိုယ်ကလည်း ကြံ့ခိုင်တောင့်တင်းလှပါတယ်။ သူ့ရဲ့ ချပ်ဝတ်ကတော့ ခြစ်ရာတွေများပြီး အက်ကြောင်းတွေ ပေါ်လာပါတယ်။
ဒီစွမ်းအားကြီးပုဂ္ဂိုလ်ဟာ ဟန်ဟွမ်ပါ။
ဟန်ဟွမ်ဟာ လောကဦးနတ်ဘီလူးရဲ့ ပင်မခန္ဓာကိုယ်ကို အသုံးပြုထားတာပါ။ ဟန်ဟွမ်ရဲ့ရောင်ဝါဟာ သက်တန့်လိုရှိပြီး ကြောက်မက်ဖွယ် ရုပ်သွင်တွေကို ငုံ့ကြည့်နေပါတယ်။
မဟာတာအိုပညာရှိချုပ် ဆယ်ပါးနဲ့ မဟာတာအိုပညာရှိ တစ်ရာကျော်ဟာ အရပ်ရှစ်မျက်နှာကနေ ဟန်ဟွမ်ကို ဝိုင်းပိတ်ထားပါတယ်။ ဒီတိုက်ကိုလည်း အစီအမံ စီရင်ပြီး ပြင်ပလောကနဲ့ အဆက်အသွယ် ဖြတ်ထားပါတယ်။
“ဟန်ဟွမ်... ဒီနေ့က မင်းသေနေ့ပဲ”
“ပဋိပက္ခရဲ့ အနှိုင်းမဲ့ထိပ်ဆုံးပါရမီရှင်တဲ့လား၊ တကယ်ကို အထင်ကြီးဖို့ ကောင်းပါတယ်၊ ဒါပေမဲ့ ကံဆိုးချင်တော့ မင်း ဒီနေ့ ဘဝဇာတ်သိမ်းရတော့မယ်”
“မင်းတို့တွေ သူနဲ့ လေကုန်ခံပြီး ပြောမနေနဲ့၊ ဆန်းကြယ်ဘိုးဘေး လှုပ်ရှားလာလိမ့်မယ်၊ ငါတို့တွေ မြန်မြန်လုပ်ဖို့လိုတယ်”
“ဟားဟား... ဟန်ဟွမ်ကို သတ်လိုက်တာက ပဋိပက္ခရဲ့ လက်တစ်ဖက်ကို ချိုးလိုက်တာပဲ”
“ငါတို့တွေ ဂရုစိုက်သင့်တယ်၊ ဒီကောင်ရဲ့ရောင်ဝါက ထပ်ပြီးတော့ အားကောင်းလာတယ်”
ဟန်ဟွမ်ဟာ အရပ်ရှစ်မျက်နှာကို လာတဲ့ အသံတွေကို နားထောင်ပြီး မိစ္ဆာတစ်ကောင်လို ပြုံးလိုက်ပါတယ်။ ဟန်ဟွမ်ဟာ သူ့ခန္ဓာကိုယ်ထဲက အဆုံးမဲ့ လျှို့ဝှက်ဆန်းကြယ် စွမ်းအားကို အာရုံခံမိတာကြောင့် အလွန်တရာမှ စိတ်လှုပ်ရှားသွားပါတယ်။
‘ဒါက လောကဦး နတ်ဘီလူးရဲ့ စွမ်းအားလား၊ ဒီစွမ်းအားနဲ့ဆို ငါ့ကို ဘယ်သူယှဉ်နိုင်မှာလဲ’ ဟန်ဟွမ်ဟာ စိတ်ထဲမှာ ကြုံးဝါးရင်း မျက်လုံးထဲမှာ သတ်ဖြတ်ငွေ့တွေ ပြည့်နှက်နေပါတယ်။
ဟန်ဟွမ်ဟာ ညာလက်ကို အသာမြှောက်လိုက်တဲ့အခါ ခရမ်းရောင် အလင်းဓားတစ်ချောင်း သူ့ရှေ့မှာ ပေါ်လာပါတယ်။ ဒါက ဟန်ကျွယ်ရဲ့ အန္တိမမူလဝိညာဉ်ချွေဓားပါ။ အရောင်ကတော့ ကွာခြားပါတယ်။
ဟန်ဟွမ်ဟာ မထီမဲ့မြင် ပြုံးလိုက်ပါတယ် “ခွေးသူခိုးတွေ... မင်းတို့ကို လောကဦးနတ်ဘီလူးရဲ့ စွမ်းအားက ဘာလဲဆိုတာ ပြပေးမယ်”
‘လောကဦးနတ်ဘီလူး...’
ရှီထျန်က စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ ရုတ်ရုတ်သဲသဲ ဖြစ်သွားပါတယ်။ လောကဦး နတ်ဘီလူး ဒဏ္ဍာရီတွေက ရှီထျန်မှာလည်း ပျံ့နှံ့နေပါပြီ။ ပဋိပက္ခနဲ့ ရှီထျန် ပေါင်းစပ်တဲ့ သတင်းအပြင် လောကဦးနတ်ဘီလူးကလည်း ဆွေးနွေးမှု အများဆုံး သတင်းတစ်ပုဒ်ပါ။
‘ဒီကောင်မှာ လောကဦးနတ်ဘီလူး စွမ်းအား ရှိတာလား... မဖြစ်နိုင်ဘူး...’
ဟန်ဟွမ်ဟာ အရူးပမာ ရယ်မောပြီး လက်ကို ရုတ်တရက် ဝှေ့ယမ်းလိုက်ပါတယ်။ ခရမ်းရောင် အန္တိမမူလ ဝိညာဉ်ချွေဓားဟာ ကောင်းကင်ယံက မဟာတာအိုပညာရှိရာချီဆီ တစ်ဟုန်ထိုး ပျံသန်းသွားပါတယ်။
ရှီထျန်က မဟာတာအိုပညာရှိတွေ မဟာတာအိုပညာရှိချုပ်တွေကလည်း ဟန်ဟွမ်ကို တစ်ပါးပြီးတစ်ပါး တိုက်ခိုက်ကြပါတယ်။
ဟန်ဟွမ်ဟာ အကြောက်အလန့်မရှိဘဲ အလွန်တရာမှ စိတ်လှုပ်ရှားနေပါတယ်။ ဓမ္မရုပ်တုတွေဟာ ဟန်ဟွမ်ရဲ့ ခန္ဓာကိုယ်မှာ ဆက်တိုက်ခဲလာပါတယ်။ ဟန်ဟွမ်ဟာ လက်ဝါးကို ဘက်ပေါင်းစုံဆီ ဆက်တိုက်ဝှေ့ယမ်းပြီး တန်ခိုးကြီးမား မဟာလက်ဝါးနဲ့ တိုက်ခိုက်ပါတယ်။
“ဝုန်း... ဝုန်း... ဝုန်း...”
လောကကြီး စတင်ပြိုလဲပါတယ်။ ကောင်းကင်မှာ ပုန်းနေတဲ့ ကံတရားမြစ်လည်း ပေါ်လာပြီး အချိန်မရွေး ပျက်စီးသွားနိုင်သလိုမျိုး ပြင်းထန်စွာ ရှုံ့တွသွားပါတယ်။
ဟန်ဟွမ်ဟာ မဟာတာအိုပညာရှိ တစ်ပါးကို လက်နဲ့ဖမ်းပြီး ချေမွပစ်လိုက်တဲ့အခါ မဟာတာအိုပညာရှိ ဘေးနားက မဟာတာအို သင်္ကေတတွေပါ တစ်ခါတည်း ပြာအတိကျကုန်ပါတယ်။
“ဝှစ်...”
ဧရာမ ဓားနက်တစ်စင်းဟာ ဟန်ဟွမ်ရဲ့ နောက်ကျောကို ရုတ်တရက် ထိုးစိုက်လာပါတယ်။ ဒီဓားနက်ကနေ လျှပ်စီးတွေ တရကြမ်း ဖြာထွက်ပြီး ဟန်ဟွမ်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ရစ်ပတ်နှောင်ဖွဲ့ကာ အရူးအမူး ဖျက်ဆီးပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ဟန်ဟွမ်ရဲ့ ဝိညာဉ်တောင် ဒဏ်ရာရသွားပါတယ်။
ဟန်ဟွမ်ဟာ မျက်မှောင်ကြုတ်သွားပြီး လှည့်ကြည့်လိုက်တဲ့အခါ သရဲခေါင်းနဲ့ ကျင့်ကြံသူတစ်ယောက်က ကောင်းကင်ထက်ကနေ မန္တန်သုံးနေတာကို တွေ့လိုက်ရပါတယ်။ ဒီသရဲခေါင်းနဲ့ ကျင့်ကြံသူရဲ့ နောက်မှာတော့ ငရဲပြည်လိုမျိုး မြင်ကွင်းတစ်ခု ရှိနေပါတယ်။
ဟန်ဟွမ်ရဲ့ သတ်ဖြတ်ငွေ့ဟာ ပေါက်ကွဲထွက်သွားပါတယ်။ ဟန်ဟွမ် မျက်လုံးကျဉ်းလိုက်တဲ့အခါ အန္တိမမူလ ဝိညာဉ်ချွေဓား ထပ်မံခဲလာပြီး သရဲခေါင်းနဲ့ ကျင့်ကြံသူဆီ တစ်ဟုန်ထိုး ပျံသန်းသွားပါတယ်။ သရဲခေါင်းနဲ့ ကျင့်ကြံသူ ဘာမှ မတုံ့ပြန်နိုင်ခင်မှာပဲ အန္တိမမူလ ဝိညာဉ်ချွေဓား ထိမှန်ပြီး ရုပ်နာမ်နှစ်ပါးစလုံး ပျက်စီးသွားပါတယ်။
သရဲခေါင်းနဲ့ ကျင့်ကြံသူ သေသွားလို့ တိုက်ပွဲက ရပ်မသွားပါဘူး။ တခြား စွမ်းအားကြီးပုဂ္ဂိုလ်တွေက ဆက်ပြီးတော့ တိုက်ခိုက်နေဆဲပါ။
မဟာတာအိုပညာရှိချုပ် တစ်ပါးဟာ ဓားရှည်ကိုင်ပြီး ကောင်းကင် အက်ကွဲသွားအောင် ခုတ်ပိုင်းလိုက်ပါတယ်။ ဒီအက်ကြောင်းထဲကနေ စီးဆင်းနေတဲ့ မြစ်တစ်စင်း ထွက်ပေါ်လာပါတယ်။ ဒီမြစ်က မိုင်ပေါင်းဘီလီယံချီပြီး ကောင်းကင်တောင် ပြိုလဲသွားတယ်လို့ ခံစားရစေပါတယ်။
ဟန်ဟွမ်ဟာ မော့ကြည့်လိုက်တဲ့အခါ မဟာတာအိုလေးငါးဆယ်ပါးရဲ့ ရောင်ဝါတွေကို ခံစားမိလိုက်ပါတယ်။
‘မဟာတာအိုမြစ်လား... စိတ်ဝင်စားဖို့တော့ ကောင်းသား...’ ဟန်ဟွမ်ဟာ တာအိုအရှင်သခင် ပဋိပက္ခ အစည်းအဝေးမှာ အသုံးပြုခဲ့တဲ့ ဆန်းကြယ်စွမ်းအားကို တွေးမိလိုက်ပါတယ်။
ဒီအချိန်မှာပဲ မဟာတာအိုမြစ်ထဲကနေ ကြောက်မက်ဖွယ် ရုပ်သွင်တစ်သွင် ထွက်ပေါ်လာပါတယ်။ ရေထဲကနေ ခန္ဓာကိုယ် အပေါ်ပိုင်း ထွက်ပေါ်လာတဲ့ ဒီရုပ်သွင်ဟာ ကျိုးပဲ့နေတဲ့ ရှေးဟောင်း ကြေးချပ်ဝတ်ကို ဝတ်ဆင်ထားပြီး လက်လေးဖက် ရှိပါတယ်။ သူ့မျက်နှာကတော့ သစ်သားတုံးလိုပါပဲ။ မျက်လုံးတွေကလည်း အသက်မရှိဘဲ အထီးကျန်ဆန်နေပါတယ်။ သူ့ခေါင်းထက်မှာ နတ်လက်နက်မျိုးစုံ ရှိနေပါတယ်။ ရှေးဟောင်း စစ်မြေပြင်က ပြန်လည်ရှင်သန် ထမြောက်လာတဲ့ ရှေးဟောင်း နတ်ဘုရားတစ်ပါးလိုပါပဲ။
“လောကဦးနတ်ဘီလူး... ငါ မင်းကို အသက်အကြီးဆုံး ပဋိပက္ခနတ်ဘီလူးရဲ့ လက်သီးကို မြည်းစမ်းခွင့်ပေးမယ်”
မဟာတာအိုမြစ်အထက်မှာ ရပ်နေတဲ့ မဟာတာအိုပညာရှိချုပ်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပါတယ်။
“သူ့နာမည်ကို မှတ်ထား... ရှေးအန္တိမနတ်ဘုရားလို့ခေါ်တယ်”
စကားအဆုံးမှာပဲ ရှေးအန္တိမနတ်ဘုရားဟာ မဟာတာအိုမြစ်ထဲက ရုန်းထွက်လာပြီး ဟန်ဟွမ်ဆီ တစ်ဟုန်ထိုး ဆင်းလာပါတယ်။
ဟန်ဟွမ်ဟာ ခုခံဖို့ ပြင်လိုက်ပေမဲ့ အားကောင်းတဲ့ အင်အားတစ်ခုက သူ့ကို မလှုပ်ရှားနိုင်အောင် ရုတ်တရက် နှောင်ဖွဲ့လိုက်ပါတယ်။
ဒီအဖြစ်ကြောင့် ဟန်ဟွမ်ဟာ နှလုံးလှုပ်သွားပါတယ်။
“ဝုန်း...”
မြေပြင်ကွဲကြေပြီး ဖုန်မှုန့်တွေက ကောင်းကင်ယံ ရောက်သွားပါတယ်။ ကောင်းကင်က အရံအတားလည်း ကွဲကြေပြီး အဆုံးမဲ့ အမှောင်ထုက အရာအားလုံးကို ဝါးမျိုလိုက်ပါတယ်။
တတိယ တာအိုစက်ကွင်းထဲက ဟန်ကျွယ်ဟာ ဒီတိုက်ပွဲကို စိတ်ဝင်တစား ကြည့်ရှုပါတယ်။
ရှီထျန်ဘက်က တော်တော်လေး စွမ်းအားကြီးပါတယ်။ ရှီထျန်ကို စောင့်ကြပ်နေတဲ့ စွမ်းအားကြီးပုဂ္ဂိုလ် အများစုက ဟန်ဟွမ်ကို ဝိုင်းတိုက်ဖို့ ရောက်လာကြပါတယ်။
သူတို့ထဲမှာ အစွမ်းအထက်ဆုံးကတော့ ဆန်းကြယ်ဘိုးဘေး ဖြစ်နိုင်ပါတယ်။ ဆန်းကြယ်ဘိုးဘေးက ဟန်ဟွမ်ကို မလှုပ်ရှားနိုင်အောင် ချူပ်နှောင်လိုက်တဲ့အတွက် ဟန်ဟွမ်ဟာ ရှေးအန္တိမနတ်ဘုရား ဖိနှိပ်တာကို ခံလိုက်ရတာပါ။
ဆန်းကြယ် ဘိုးဘေးက တော်တော်လေး စွမ်းအားကြီးပါတယ်။ လောင်ဇီထက်တောင် စွမ်းအားကြီးပါသေးတယ်။ အန္တိမဒဏ်ခတ်နတ်မင်းက ဆန်းကြယ်ဘိုးဘေးနဲ့ တစ်ယောက်ချင်း စီးချင်းထိုးရင် ဆန်းကြယ်ဘိုးဘေးကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး။
ရှီထျန်ရဲ့ အမြင့်ပိုင်း တိုက်ခိုက်အားက အတော်လေးကို အားကောင်းတယ်လို့ ပြောလို့ရပါတယ်။
‘ငါ့သားကို သတ်ဖို့က အဲဒီလောက်မလွယ်ဘူး’
ဟန်ကျွယ်ဟာ ပြုံးလိုက်ပြီး အန္တိမမူလစွမ်းအားကို ဟန်ဟွမ်ဆီ တိုးပို့လိုက်ပါတယ်။
‘ကောင်လေး... မင်း ဘယ်လောက်ထိ တောင့်ခံနိုင်မလဲဆိုတာ ကြည့်ဦးမယ်’
“ဝုန်း...”
အသူရာချောက်လို စစ်မြေပြင်မှာ ပြင်းထန်အားကောင်းတဲ့ အန္တိမမူလစွမ်းအားဟာ ကောင်းကင်ကို ဖုံးနေတဲ့ ဖုန်မှုန့်တွေကို လွင့်ပါး ပျောက်ကွယ်သွားစေပြီး ရှေးအန္တိမနတ်ဘုရားကို ဟင်းလင်းပြင်ဆီ ပြန်တွန်းထုတ်လိုက်ပါတယ်။
“ဒါပဲလား... မင်းတို့တွေရဲ့ ပူးပေါင်းစွမ်းအားက ဒီလောက်ပဲ ရှိတာလား... ဟားဟား...”
ဟန်ဟွမ်ရဲ့ ရယ်မော့သံဟာ ပဲ့တင်ထပ်သွားပါတယ်။ အတောမသတ်နိုင်တဲ့ ဖုန်မှုန့်တွေဟာ လွင့်ပါး ပျောက်ကွယ်သွားပါတယ်။ စစ်မြေပြင်တစ်ခုလုံး ဟင်းလင်းပြင် ဖြစ်သွားပါတယ်။ ပြီးခဲ့တဲ့ ကျယ်ပြောလှတဲ့တိုက်ဟာ လုံးဝ ပျောက်ကွယ်သွားပါပြီ။ ကျောက်တုံလေးတစ်တုံးတောင် ချန်မထားခဲ့ပါဘူး။
အန္တိမမူလ ဝိညာဉ်ချွေဓား နှစ်လက်က ဟန်ဟွမ်ဘေးမှာ ပေါ်လာပါတယ်။ ဟန်ဟွမ်ဟာ အဆုံးမဲ့ နတ်စွမ်းအားနဲ့ ရှေးအန္တိမနတ်ဘုရားကို တက်နင်းလိုက်ပါတယ်။
မဟာတာအိုမြစ်ကို ဆင့်ခေါ်ထားတဲ့ မဟာတာအိုပညာရှိချုပ်ဟာ အမျက်ချောင်းချောင်း ထွက်သွားပါတယ် ”မင်းကိုယ်မင်း ဘာထင်နေတာလဲ”
မဟာတာအိုမြစ်ဟာ လျင်မြန်စွာ စီးဆင်းပြီး ဟန်ဟွမ်ကို ဝိုင်းလိုက်ပါတယ်။ ရှေးအန္တိမနတ်ဘုရားတွေဟာ အကျဉ်းထောင်ထဲကနေ လွတ်သွားသလိုမျိုး မြစ်ထဲကနေ တွားသွား ထွက်လာပါတယ်။
“တော်ပြီ”
ဩဇာအပြည့်နဲ့ အသံတစ်သံ ထွက်ပေါ်လာပြီး ကြာစိမ်းပလ္လင်ပေါ်မှာ ထိုင်နေတဲ့ ဝတ်ရုံဖြူ တာအိုကျင့်ကြံသူတစ်ပါး ဖြည်းညင်းစွာ ဆင်းသက်လာပါတယ်။ သူ့နောက်မှာ တောက်ပတဲ့ နတ်အလင်းရောင်တွေ ဖြာထွက်နေပြီး ဟင်းလင်းပြင်တစ်ခုလုံးကို လင်းထိန်သွားစေပါတယ်။
ဟန်ဟွမ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဒီကောင် လာပြန်ပြီလား...’
ဆန်းကြယ်ဘိုးဘေးကြောင့်သာ မဟုတ်ရင် ကျန်တဲ့ မဟာတာအိုပညာရှိချုပ်တွေ မဟာတာအိုပညာရှိတွေဟာ ဟန်ဟွမ်ကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး။
ဟန်ဟွမ်ဟာ ဆန်းကြယ်ဘိုးဘေးက မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာကို ဆုပ်ကိုင်မိထားတယ်ဆိုတာ ပြောနိုင်ပါတယ်။ ဟန်ဟွမ် တွေ့ကြုံဖူးသမျှ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာရှင်တွေထဲမှာ ဆန်းကြယ်ဘိုးဘေးက အစွမ်းအထက်ဆုံးပါ။
ဆန်းကြယ်ဘိုးဘေးဟာ ကရုဏာကြီးတဲ့ မျက်နှာရှိပြီး မျက်လုံးတွေကို မှိတ်ထားပါတယ်။ သူ့အသားအရေက ကျောက်စိမ်းလို ဖြူဖွေးနေတဲ့အတွက် ရုပ်တုတစ်ခုလိုပါပဲ။
“မင်းစွမ်းအားကို ချန်ထားခဲ့ချည်၊ ငါ မင်းကို အသက်ရှင်ခွင့်ပေးမယ်”
ဆန်းကြယ်ဘိုးဘေးရဲ့ အသံဟာ မငြင်းဆန်ချင်လောက်အောင် ဩဇာအပြည့် ပါနေပါတယ်။
ဒါပေမဲ့ ဟန်ဟွမ်ကတော့ စကားတစ်ခွန်းမဆိုဘဲ တစ်ခါတည်း တိုက်ခိုက်ပါတယ်။ ဟန်ဟွမ်ဟာ အန္တိမမူလ ဝိညာဉ်ချွေဓားနှစ်လက်ကို ထိန်းချုပ်ပြီး ဆန်းကြယ်ဘိုးဘေးကို တိုက်ခိုက်လိုက်ပါတယ်။
အန္တိမမူလဝိညာဉ်ချွေဓားရဲ့ လျင်မြန်လှတဲ့ အမြန်နှုန်းကြောင့် ပုံရိပ်ကျန်တွေ မပျောက်ကွယ်ခင်မှာပဲ ဆန်းကြယ်ဘိုးဘေးရဲ့ ဘေးနှစ်ဖက်ကို ရောက်သွားပါတယ်။
ဒါပေမဲ့ အန္တိမမူလဝိညာဉ်ချွေဓားဟာ ဆန်းကြယ်ဘိုးဘေးရဲ့ ခန္ဓာကိုယ်ကို မထိခိုက်ဘဲ ဖြတ်သွားပါတယ်။ ဆန်းကြယ်ဘိုးဘေးဟာ ဒဏ်ရာတစ်ချက် မရလိုက်ပါဘူး။
ဟန်ဟွမ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဒါက ဒီကောင်ရဲ့ ပင်မခန္ဓာကိုယ် မဟုတ်ဘူးလား...’
ဆန်းကြယ်ဘိုးဘေး “ဒီလောကမှာ ဘယ်စွမ်းအားကမှ ငါ့ကို ထိခိုက်အောင် မလုပ်နိုင်ဘူး၊ အထွတ်အထိပ် နိယာမတောင်...”
စကား မဆုံးခင်မှာပဲ သူ့ခန္ဓာကိုယ်မှာ အက်ကြောင်းတွေ ရုတ်တရက် ပေါ်လာတာကြောင့် ဆန်းကြယ်ဘိုးဘေးဟာ မျက်လုံးဖွင့်လိုက်ပါတယ်။
‘မဖြစ်နိုင်ဘူး...’
‘ဒါ ဘာစွမ်းအားလဲ’
ဆန်းကြယ်ဘိုးဘေးဟာ နှလုံးလှုပ်သွားပြီး သူ့ခန္ဓာကိုယ်ထဲမှာ ကျန်နေခဲ့တဲ့ အန္တိမမူလစွမ်းအားကို ချက်ချင်း ဖိနှိပ်လိုက်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။