← Chapters

အမှောင်သခင်ကြီးရဲ့ ဒဏ္ဍာရီ

Vol. 100 Ch. 1041

အမှောင်သခင်ကြီးရဲ့ ဒဏ္ဍာရီ

Vol. 100 Ch. 1041

“ကျွန်တော်ထက် ဘဝဆိုးတဲ့လူ ရှိတာ သေချာလို့လား” ရှန်ဝေါ်ဟာ မှင်တက်သွားပြီး မယုံတယုံ မေးလိုက်ပါတယ်။ ဟန်ကျွယ်က ဟန်ပါရှန်ရဲ့ ဘဝအကြောင်းကို ပြန်ပြောင်း ပြောပြတဲ့အခါမှာတော့ ရှန်ဝေါ်ဟာ ဘာမှ မပြောနိုင်တော့ပါဘူး။

“ကြိုးစားကျင့်ကြံပြီး မင်းရဲ့ ပန်းတိုင်စစ်ကို ရှာဖွေချည်၊ ငါ့ကို စိတ်မပျက်စေနဲ့” ဟန်ကျွယ်ဟာ အဓိပ္ပာယ်ပါပါ ပြောလိုက်ပါတယ်။

ရှန်ဝေါ်ဟာ မနေနိုင်ဘဲ မော့ကြည့်လိုက်တဲ့အခါ အကြောင်းရင်းတချို့ကြောင့် ဟန်ကျွယ်ရဲ့ အပြုံးဟာ မြင့်မြတ်ပြီး အထက်တန်း ကျလွန်းတယ်လို့ ခံစားလိုက်ရပါတယ်။

ကနဦးဘိုးဘေးနဲ့ ယှဉ်ရင် သူက စိတ်သဘောထား သေးသိမ်လွန်းတယ်လို့ ရှန်ဝေါ် ခံစားလိုက်ရပါတယ်။ သူက စိတ်သဘောထား သေးသိမ်လွန်းတဲ့အတွက် ကနဦးဘိုးဘေးနားမှာနေပြီး ကျင့်ကြံအားထုတ်ဖို့ မထိုက်တန်ပါဘူး။

ရှန်ဝေါ်ဟာ ဟန်မိသားစုအကြောင်းကို သိပြီးပါပြီ။ ဟန်မိသားစုမှာ မျိုးဆက်ပေါင်း မြောက်များစွာရှိပြီး နှစ်ဆယ်သန်းချီအောင် လက်ဆင့်ကမ်းလာခဲ့တာပါ။ အနန္တကမ္ဘာမှာ သူ့ထက် အရည်အချင်းပိုရှိတဲ့ သူ့ထက် ဘဝပိုဆိုးတဲ့ မျိုးဆက်တွေ ရှိနေမှာ သေချာပါတယ်။

ဒီလိုအခြေအနေမှာတော့ ကနဦးဘိုးဘေးက သူဆိုတဲ့ ရှန်ဝေါ်ကို ရွေးချယ်ခဲ့တယ် မဟုတ်ပါလား။

ဒီအချိန် အမျိုးအမည်မသိတဲ့ ခံစားချက်တစ်မျိုး ရှန်ဝေါ်ရဲ့ ရင်ထဲမှာပေါ်လာပြီး သူ့ရဲ့ လက်မခံလိုမှုတွေ မုန်းတီးမှုတွေကို လွင့်ပါး ပျောက်ကွယ်စေပါတယ်။

ရှန်ဝေါ်ဟာ လေးလေးနက်နက် ပြောလိုက်ပါတယ် “ကနဦးဘိုးဘေး... ကျွန်တော် ကနဦးဘိုးဘေး စိတ်မပျက်ရအောင် ကြိုးစားအားထုတ်ပါ့မယ်”

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “မင်းရဲ့ ကိုယ်ပိုင် စွမ်းအားကို အာရုံခံနိုင်ပြီလား”

ရှန်ဝေါ် “အာရုံခံနိုင်ပါပြီ၊ ဒါပေမဲ့ အဲဒီစွမ်းအားက ဝိုးတိုးဝါးတား နိုင်လွန်းတယ်၊ ဒီစွမ်းအားက ကနဦးဘိုးဘေး ပြောသလိုမျိုး ကံတရားတာအိုနဲ့ တူတယ်၊ ဒီစွမ်းအားကိုသုံးပြီး ကျွန်တော် ပဋိပက္ခနဲ့ ယင်ယန်ကို ထောက်လှမ်းနိုင်တယ်၊ ဒါပေမဲ့ ကျွန်တော်အတွက် အလုပ်ဖြစ်အောင် အသုံးမချနိုင်သေးဘူး၊ ကျွန်တော်ပြောတာက တိုက်ခိုက်နိုင်စွမ်းအဖြစ် ပြောင်းလဲတာကို ပြောတာ”

ဟန်ကျွယ် “ပဋိပက္ခမှာ အလွန်တရာမှ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး ရှိတယ်၊ သူက ပဋိပက္ခနဲ့ ရှီထျန် နှစ်ခုစလုံးမှာ အလျှို့ဝှက်ဆုံး အဆန်းကြယ်ဆုံး တည်ရှိမှုပဲ၊ သူ့ကို အမှောင်သခင်ကြီးလို့ ခေါ်တယ်၊ သူ့ရဲ့ မူလအသွင်ကို ဘယ်သူမှ မမြင်ဖူးဘူး၊ ဒါပေမဲ့ စွမ်းအားကြီးပုဂ္ဂိုလ် အများကြီးကို သူက သေအောင် ကျိန်စာတိုက်ခဲ့တယ်”

ဟန်ကျွယ်ဟာ ရှန်ဝေါ်ကို အမှောင်သခင်ကြီးအကြောင်း တခြားလူတွေရဲ့ ရှုထောင့်ကနေ ပြောပါတယ်။

ရှန်ဝေါ်ဟာ အံ့အားသင့်သွားပါတယ်။

‘ကျိန်စာနဲ့ တာအိုရယူပြီး လောကကို တုန်လှုပ်စေခဲ့တာလား...’

‘ဒီလိုတည်ရှိမှုမျိုးက တကယ် ရှိနေခဲ့တာလား’

“ငါ့ကိုလည်း အမှောင်သခင်ကြီးက ကျိန်စာတိုက်ခဲ့တယ်၊ အဲဒါကြောင့် ကံတရားစွမ်းအားကို မင်းဆီ လက်ဆင့်ကမ်းပေးတာ၊ ငါ မင်းကို သူ့လို တည်ရှိမှုမျိုး ဖြစ်စေချင်တယ်၊ နောက်ကျလို့ အမှောင်သခင်ကြီး ငါ့ကို ကျိန်စာတိုက်ရင် မင်း ငါ့ကိုကူပြီး ကျိန်စာ ပြန်တိုက်ပေးချည်”

ဟန်ကျွယ်ရဲ့ စကားကြောင့် ရှန်ဝေါ်ရဲ့ သွေးတွေဟာ ဆူပွက်သွားပါတယ်။

ကနဦးဘိုးဘေးက ကျင့်ကြံဖို့ ပန်းတိုင်ပေးလိုက်တာ ဖြစ်တဲ့အတွက် ရှန်ဝေါ်ဟာ စိတ်မလှုပ်ရှားဘဲ မနေနိုင်ပါဘူး။

ကနဦးဘိုးဘေးက သူ့ကို ဘာလို့ ခေါ်ယူလဲဆိုတာ နားလည်ပြီးနောက် ရှန်ဝေါ်ဟာ စိတ်ပျက်ခြင်းမရှိဘဲ ပိုပြီးတော့ ကျေးဇူးတင်သွားပါတယ်။

ကနဦးဘိုးဘေးက ဒီလိုမျိုး စွမ်းအားကြီး တည်ရှိမှုကို တိုက်ခိုက်ဖို့ သူ့ကို ရွေးချယ်ခဲ့တယ်မဟုတ်ပါလား။ သူ့အပေါ် ဘယ်လောက်တောင် အမြင့်ကြီးတွေးထားလိုက်မလဲ။

ရှန်ဝေါ်ဟာ လက်သီးကို ကျစ်နေအောင် ဆုပ်လိုက်ပါတယ် “ကျွန်တော် ကံတရားစွမ်းအားကို အသုံးပြုပြီး ကနဦးဘိုးဘေးနဲ့ လူတိုင်းကို သေချာပေါက် ကာကွယ်ပါ့မယ်”

ရှန်ဝေါ်ပြောတဲ့ လူတိုင်းက ဟန်မိသားစုနဲ့ မျိုးဆက်တွေနဲ့ တိတ်ဆိတ်ဂိုဏ်း တပည့်တွေပါ။ ဒီနေ့တွေမှာ ရှန်ဝေါ်ဟာ တခြားလူတွေနဲ့ တွေ့ဆုံခဲ့ရပြီး တခြားလူတွေက သူ့အပေါ် ရင်းရင်းနှီးနှီး ဆက်ဆံတဲ့အတွက် ရှန်ဝေါ်ဟာ အချိန်အကြာကြီး မခံစားခံရတဲ့ ဆွေမျိုးသားချင်း ခံစားချက်ကို ပြန်ခံစားလိုက်ရပါတယ်။ ရှန်ဝေါ်ဟာ ဒီခံစားချက်ကို အရမ်းတန်ဖိုးထားပါတယ်။

ဟန်ကျွယ်ဟာ ရှန်ဝေါ်ရဲ့ ခေါင်းကို ပွတ်သပ်လိုက်တဲ့အတွက် ရှန်ဝေါ်ရဲ့ မျက်နှာဟာ နီရဲသွားပါတယ်။ ရှန်ဝေါ်ဟာ အသက် ငါးသန်း ပြည့်ခါနီးပြီဆိုပေမဲ့ သူ့စိတ်က ငယ်ငယ်လေးပဲ ရှိပါသေးတယ်။ ဒီနှစ်တွေမှာ တစ်ချိန်လုံး ဂူအောင်း ကျင့်ကြံအားထုတ်နေတာ ဖြစ်တဲ့အတွက် ဘာအတွေ့အကြုံအသစ်မှ မရရှိခဲ့ပါဘူး။

“မင်းက ငါ့ရဲ့ မျက်နှာသာအပေးခံရဆုံး တပည့်ပဲ၊ ငါ မင်းကို ယုံကြည်တယ်” ဟန်ကျွယ်ဟာ ညင်သာစွာ ပြုံးလိုက်ပါတယ်။

ဟန်ကျွယ်ရဲ့ စကားနဲ့ အပြုအမူကြောင့် ရှန်ဝေါ်ဟာ စိတ်လှုပ်ရှားလွန်းပြီး တစ်ကိုယ်လုံး တောက်လောင်နေသလို ခံစားလိုက်ရပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ ရှန်ဝေါ်ကို ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ခိုင်းပါတယ်။ ကျင့်ကြံမှု အခြေအနေထဲ ဝင်ရောက်သွားပြီးနောက် ရှန်ဝေါ်ဟာ လျင်မြန်စွာ ငြိမ်သက်သွားပါတယ်။

ဟန်ကျွယ်ဟာ ပြုံးလိုက်ပြီး စာစောင်တွေကို စစစ်ဆေးပါတယ်။

[သင့်သား ဟန်ဟွမ်သည် ရှီထျန်မှ ကျင့်ကြံသူများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၈၀၉၂၂၃၂၁

[သင့်မိတ်ဆွေ မိစ္ဆာ ကောင်းကင်ဧကရာဇ်သည် ကျိန်စာတိုက်ခံခဲ့ရ၏။]

[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် ရှီထျန်မှ လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]

[သင့်တပည့် ဂျိရှင်းရှန်သည် ရှီထျန် ကံတရားမြစ်ထဲသို့ ဝင်ရောက်သွားသည်။]

[သင့်မိတ်ဆွေ အန္တိမဒဏ်ခတ်နတ်မင်းသည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

[သင့်သမီး ဟန်လင်သည် သက်ရှိသန်းတစ်ရာကျော်၏ သက်ဝင်ယုံကြည်မှုကို ရရှိပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]

[သင့်မိတ်ဆွေ လီ‌တောက်ခုံးသည် ဓားတာအိုမြစ်နှင့် ပေါင်းစပ်ပြီး မဟာတာအိုကမ္ဘာကို တည်ထောင်လိုက်သောကြောင့် ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]

[သင့်မိတ်ဆွေ မင်လင်းမယ်တော်သည် ချွမ်တု မဟာတာအိုကမ္ဘာသို့ ဝင်ရောက်သွားသည်။]

အတော်လေး လှုပ်လှုပ်ရှားရှား ရှိနေတုန်းပါ။

စာစောင်တိုင်းက သတင်းအချက်အလက်တွေ အများကြီး ပါဝင်နေပါတယ်။ ဟန်ကျွယ်ဟာ အပြောင်းလဲကြီး ပြောင်းလဲမဲ့ ဇာတ်လမ်း ဇာတ်ကွက်မျိုးကိုတောင် တွေးမိလိုက်ပါတယ်။ စာစောင်တွေထဲမှာ ပါဝင်တဲ့ အကြောင်းအရာတွေက အတော်လေးကို စိတ်ဝင်စားစရာ ကောင်းပါတယ်။

ဟန်ကျွယ်ဟာ ရုတ်တရက်ဆိုသလို မနာလို ဖြစ်သွားပါတယ်။

သူတို့တွေရဲ့ ကျင့်ကြံမှုက ဟန်ကျွယ်ကို မမီတဲ့အတွက် အခုလိုမျိုး ဘဝအတွေ့အကြုံတွေ ရရှိနိုင်တာပါ။ ဟန်ကျွယ်ဟာ သူတို့လိုမျိုး စိတ်ထင်တိုင်း ကြဲချင်ပေမဲ့ သူ့မှာ ဘာနောက်ခံမှ မရှိပါဘူး။ သူ့တပည့်ရင်းတွေနဲ့ မျိုးဆက်တွေက နောက်မှာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိဆိုတဲ့ သူ ရှိနေပါတယ်။

ဒါပေမဲ့ ဟန်ကျွယ်ကတော့ လမ်းတစ်လျှောက်လုံး စနစ်ကိုသာ အားကိုးအားထားပြုပြီး စွမ်းအားကြီးလာအောင် ကြိုးစားခဲ့ရတာပါ။ သူ့ရဲ့ လက်ရှိအဆင့်ထက် အရမ်းစွမ်းအားကြီးတဲ့ ရန်သူကို ရင်ဆိုင်ရရင် သေနိုင်ခြေ ရှိခဲ့ပါတယ်။

ဒါကြောင့် ဟန်ကျွယ်ဟာ လမ်းမှန် လျှောက်လှမ်းနိုင်ခဲ့တာကို အတော်လေး ဂုဏ်ယူမိပါတယ်။ အပြင်မထွက်တာက စွမ်းအားကြီးရန်သူတွေနဲ့ ထိတွေ့ဖို့ အခွင့်အလမ်း နည်းပါးသွားတယ် မဟုတ်ပါလား။

ဟန်ကျွယ်ဟာ ပြိုင်ဘက်ကင်းမဖြစ်ခင် အများကြီး အာရုံမစိုက်ခံချင်တဲ့အတွက် သိုသိုသိပ်သိပ် နေထိုင်ခဲ့တာပါ။

ဟန်ကျွယ်ဟာ စာစောင်တွေ ဖတ်ပြီးနောက် အန္တိမမူလကမ္ဘာကို အာရုံစိုက်လိုက်ပါတယ်။

အန္တိမမူလကမ္ဘာဟာ ပဋိပက္ခ၊ ရှီထျန်တို့နဲ့ အတော်လေး အလှမ်းဝေးနေပါသေးတယ်။ မဟာတာအိုပညာရှိချုပ်တွေပဲ ဗလာနယ်မြေထဲကို ဝင်နိုင်တယ်ဆိုပေမဲ့ မဟာတာအိုပညာရှိချုပ်တွေတောင် ဗလာနယ်မြေရဲ့ နက်ရှိုင်းတဲ့ဒေသကို မဝင်ရဲကြပါဘူး။

တာအိုဖန်တီးရှင်တွေကလည်း အန္တိမမူလကမ္ဘာကို မတိုက်ခိုက်တဲ့အတွက် အရာအားလုံးက တည်ငြိမ်နေပါတယ်။ ဒါပေမဲ့ ဒါက အန္တိမမူလကမ္ဘာရဲ့ ပတ်ဝန်းကျင်မှာပါ။

အန္တိမမူလကမ္ဘာထဲမှာတော့ ဘယ်တုန်းကမှ မရှိခဲ့တဲ့ သဘောထား ကွဲလွဲမှုတစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။ သက်ရှိတွေ ပိုပိုမွေးဖွားလာသလို ရှကျဲ့မျိုးနွယ်စုနဲ့ ပဋိပက္ခ နတ်ဘီလူးတွေကလည်း နေရာတိုင်းမှာ တာအိုဟောကြားတာကြောင့် ကျင့်ကြံသူတွေလည်း ပိုပို ပေါ်ထွက်လာပါတယ်။ ဒီကျင့်ကြံသူတွေ စွမ်းအားကြီးလာတဲ့ အခါမှာတော့ ရည်မှန်းချက်လည်း ကြီးလာကြပါတယ်။

တချို့က မကောင်းတာလုပ်ဖို့ မွေးဖွားလာကြပြီး တချို့ကျတော့ အရမ်း သွေးဆာကြပါတယ်။ တချို့ကျတော့ သူတို့ရဲ့ အရည်အချင်းရဲ့ ကန့်သတ်မှုကြောင့် ရင်းမြစ်တွေကို စပြီးတော့ ဓားပြတိုက်လာကြပါတယ်။

အခြေအနေမျိုးစုံ ဖြစ်ပေါ်လာတဲ့အတွက် သဘောထားကွဲလွဲမှုတွေ အရှုပ်အရှင်းတွေလည်း ဖြစ်ပေါ်လာပါတယ်။

ဟန်ကျွယ်ဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး တခြားအတွေးတော့ မရှိပါဘူး။ ဟန်ကျွယ်ဟာ ဒီလိုအဖြစ်အပျက်တွေကို မြင်ရတဲ့အတွက် ပျော်တောင် ပျော်ပါသေးတယ်။ ဟန်ကျွယ်ဟာ ဒီကိစ္စကို ရှကျဲ့မျိုးနွယ်စုနဲ့ အန္တိမမူလဝိညာဉ် မျိုးနွယ်စုထဲ အပ်လိုက်မှာပါ။ ဝရုန်းသုန်းကား ဖြစ်ပြီးမှ ဖွဲ့စည်း တည်ဆောက်နိုင်မှာ မဟုတ်ပါလား။

သက်ရှိတွေ ရှိနေသမျှ ကာလပတ်လုံး တိုက်ပွဲက ရှိနေဦးမှာပါ။ သေးငယ်တာနဲ့ ကြီးမားတာပဲ ကွာပါတယ်။

ဟန်ကျွယ်ဟာ အန္တိမမူလကမ္ဘာ ကပ်ဘေး မရင်ဆိုင်ရရင် ဘာကိုမှ ဂရုစိုက်မှာ မဟုတ်ပါဘူး။ ဟန်ကျွယ် လိုချင်တာက အန္တိမမူလကမ္ဘာထဲမှာရှိတဲ့ သက်ရှိအားလုံးကို လမ်းညွှန်ဖို့ပါ။

ဟန်ကျွယ်ဟာ နတ်ဘုရားတွေက ဘာဖြစ်လို့ သေမျိုးတွေရဲ့ ဒုက္ခကို ဂရုမစိုက်လဲဆိုတာ နားလည်နေပါပြီ။ သူကိုယ်တိုင်က သေမျိုးတွေ ရှုတ်ချတဲ့ အဲဒီလိုနတ်ဘုရားမျိုး ဖြစ်နေပြီ မဟုတ်ပါလား။

အလွန်တရာတောက်ပတဲ့ ခန်းမထဲမှာ ထိပ်ဆုံးကို မမြင်နိုင်အောင် မြင့်မားလွန်းတဲ့ ကျောက်တိုင်နှစ်တန်းဟာ ကောင်းကင်တွေကို ဆက်သွယ်ထားတဲ့ မဟာတာအိုအဖြစ် တည်ရှိနေပါတယ်။ ဒီမဟာတာအိုရဲ့ အဆုံးမှာတော့ ပေတစ်ထောင်ကျော် မြင့်မားတဲ့ ရုပ်သွင်ဟာ ကျောက်စိမ်းပလ္လင်ပေါ် ထိုင်နေပါတယ်။

ဒီရုပ်သွင်က တခြားတော့ မဟုတ်ပါဘူး။ ဟန်လင်ပါ။

ဟန်လင်ဟာ ရွှေဝတ်ရုံကို ဝတ်ဆင်ပြီး တည်ကြည်နေပါတယ်။ သူမရဲ့ ဆံနွယ်ရှည်တွေက ပလ္လင်ပေါ်မှာ ပြန့်ကျဲနေပြီး သူမဟာ နဂါးဖီးနစ်သရဖူကို ဆောင်းထားပါတယ်။ ဟန်လင်ဟာ အရာအားလုံးကို ဖန်တီးခဲ့တဲ့ ရှေးဟောင်း နတ်ဘုရားတစ်ပါးလိုပါပဲ။

တိတ်တဆိတ် တရားထိုင်နေတဲ့ ဟန်လင်ဟာ ဂုဏ်ကျက်သရေရှိပြီး မြင့်မြတ်လှပါတယ်။

ဒီအချိန်မှာပဲ အောက်က ကျယ်ပြောလှတဲ့ ခန်းမထဲမှာ လူသုံးယောက် ပေါ်လာပါတယ်။ ဟန်ယောင်၊ ဟန်ယဲ့နဲ့ ဟန်ပါရှန်တို့ပါ။

သူတို့သုံးယောက်ရဲ့ ရောင်ဝါကလည်း ပြိုင်ဘက်ကင်း စစ်နတ်ဘုရားတွေလို ကြောက်ဖို့ကောင်းပြီး ဗိုလ်ကျစိုးမိုးလွန်းလှပါတယ်။ သူတို့သုံးယောက်ဟာ ဟန်လင်ရှေ့မှာ ဒူးထောက်ပြီး အရိုအသေ ပေးလိုက်ပါတယ်။

ဟန်ယောင် “အရှင်မင်းကြီး... ရှီထျန်ကနေ အထွတ်အထိပ် နိယာမတွေ ခွာယူခံလိုက်ရပြီ၊ အင်အားစု အသီးသီးကလည်း မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာကို လိုချင်လို့ အထွတ်အထိပ်နိယာမအတွက် သွားတိုက်ခိုက်နေကြပြီ၊ ကျွန်တော် ဖန်တီးရှင်ဧကရာဇ်ရုံးတော်ကို ကိုယ်စားပြုပြီး ဒီတိုက်ပွဲမှာ ဝင်တိုက်ချင်ပါတယ်”

ဟန်ယဲ့ “ဟွန်း... ဒီတိုက်ပွဲက ဖန်တီးရှင်ဧကရာဇ်ရုံးတော်ရဲ့ ဂုဏ်သတင်းအတွက် အရေးပါတယ်၊ ငါတို့တွေ အစွမ်းအထက်ဆုံး အင်ပါယာစစ်သူကြီးကို စေလွှတ်ဖို့လိုတယ်၊ အဲဒီတော့ ငါ သွားမယ်”

ဟန်ပါရှန် “ဟီးဟီး... မင်းက စွမ်းအားကြီးပေမဲ့ ငါ့လောက် ဗိုလ်မကျဘူး၊ လောကကို တုန်လှုပ်စေချင်ရင် ငါ့စွမ်းအားကို ထုတ်ပြဖို့ လိုသေးတယ်”

သူတို့သုံးယောက်ဟာ ပေါ်တင် ယှဉ်ပြိုင်ကြပါတယ်။ တစ်ယောက်မှ တစ်ယောက်ကို တစ်ယောက် အရှုံးမပေးချင်ကြပါဘူး။

ဟန်လင် “နင်တို့သုံးယောက်လုံး အတူတူသွားချည်၊ နင်တို့တွေ အထွတ်အထိပ် နိယာမကို ရမှဖြစ်မယ်၊ ငါ့အစ်ကိုနှစ်ကို ရင်ဆိုင်ရရင်တောင် အလျှော့ပေးစရာ မလိုဘူး”

ဟန်ယဲ့ဟာ ပြုံးလိုက်ပါတယ် “ဘိုးဘေးဟန်ဟွမ်လား... ကျွန်တော် သူနဲ့ လက်ရည်စမ်းချင်နေတာ ကြာပြီ”

ဟန်ယောင်နဲ့ ဟန်ပါရှန်ကလည်း ဟန်ဟွမ်နဲ့ တိုက်ခိုက်နိုင်ဖို့ မျှော်လင့်တဲ့ မျက်နှာထားတွေ ဖြစ်သွားကြပါတယ်။

သူတို့သုံးယောက်ဟာ ဟန်ဟွမ်ရဲ့ စွမ်းအားအစစ်အမှန်ကို တစ်ခါမှ မမြင်ဖူးပါဘူး။ ဒါပေမဲ့ ဟန်ဟွမ်ရဲ့ ဂုဏ်သတင်းက မိုးခြိမ်းသံလို ကျယ်လောင်တဲ့အတွက် စိန်ခေါ် တိုက်ခိုက်ချင်နေကြတာပါ။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters