← Chapters

အထွတ်အထိပ် နိယာမအတွက် တိုက်ခိုက်ကြခြင်း

Vol. 100 Ch. 1042

အထွတ်အထိပ် နိယာမအတွက် တိုက်ခိုက်ကြခြင်း

Vol. 100 Ch. 1042

“နင်တို့သုံးယောက် အတူတူ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်၊ ငါ နင်တို့တွေ ယှဉ်ပြိုင်တာကို ခွင့်ပြုပေမဲ့ အဲဒါက နင်တို့ကြားထဲမှာပဲ ခွင့်ပြုတာ၊ ဘုံရန်သူကို ရင်ဆိုင်ရရင် နင်တို့သုံးယောက်လုံး စည်းလုံးဖို့ လိုတယ်၊ ငါ ပြောတာကို နားလည်လား”

ဟန်လင်ရဲ့ အသံက ဘာခံစားချက်မှ မပါပေမဲ့ အလွန်တရာမှ ဖိနှိပ်ချုပ်ချယ်ပါတယ်။

ဟန်ယဲ့တို့သုံးယောက်ဟာ ခေါင်းညိတ်ပြီး စိတ်လိုက်မာန်ပါ မလုပ်မဲ့အကြောင်း ကတိပေးကြပါတယ်။

ဟန်လင်ဟာ ညွှန်ကြားစရာရှိတာ ထပ်ညွှန်ကြားပါတယ်။ အဲဒီနောက်မှာတော့ ဟန်ယဲ့တို့ သုံးယောက်စလုံး ခန်းမထဲကနေ ထွက်ခွာသွားကြပါတယ်။

ဟန်လင်ဟာ ဟန်ယဲ့တို့ ထွက်ခွာသွားတာကို ကြည့်နေရင်း မှန်တစ်ချပ်ကို ထုတ်ယူလိုက်ပါတယ်။ ဒီမှန်က ရွှေရောင်ရှိပြီး မှောင်မိုက်နေပါတယ်။

ဟန်လင်ဟာ တိတ်တဆိတ် တစ်စုံတစ်ခုကို ရွတ်ဆိုလိုက်ပါတယ်။

မကြာခင်မှာပဲ အရိပ်တစ်ရိပ် မှန်ထဲကနေ တွားသွားထွက်လာပါတယ်။ ဒီအရိပ်က ဟန်လင်ရဲ့ ဧကရာဇ် စစ်သားပါ။ ဧကရာဇ်စစ်သားဟာ အလင်းတန်အသွင် ပြောင်းလဲပြီး အဝေးကို ပျံသန်းသွားပါတယ်။

ဟန်လင်ဟာ ပြုံးပြီး မျက်လုံး ပြန်မှိတ်လိုက်ပါတယ်။

ရှီထျန်၊ အသူရာချောက်။

လေထဲမှာ မြူခိုးတွေ ထူထပ်နေတာကြောင့် တောင်တန်းတွေကို ဝိုးတိုးဝါးတားပဲ တွေ့မြင်နိုင်ပါတယ်။ ဧရာမအလင်းမြစ်တစ်စင်းဟာ လေထဲမှာ ပေါလောမျောပြီး တိတ်တဆိတ် စီးဆင်းကာ မိုင်ပေါင်းဘီလီယံချီကို အလင်းရောင် ဆောင်ကြဉ်းပေးနေပါတယ်။

တာအိုအရှင်သခင်၊ ကျောက်ရွှမ်ယွမ်၊ ကျန်းယီနဲ့ လောင်တန်တို့ဟာ ပျံသန်းလာပြီး ဒီမြစ်ကြီးရှေ့မှာ ရပ်လိုက်ပါတယ်။

လောင်တန်က တအံ့တဩ ပြောလိုက်ပါတယ် “ရှီထျန်က တကယ်ကို အံ့ဩဖို့ကောင်းတယ်၊ အထွတ်အထိပ် နိယာမတစ်ပါးက တကယ်ကြီး ကျဆုံးရတယ်လို့၊ ဒီလိုမျိုး အခြေအနေကို ငါ ပဋိပက္ခထဲမှာ တွေးတောင် မတွေးရဲဘူး”

ကျန်းယီဟာ ခေါင်းခါလိုက်ပါတယ် “ငါ့အထင် ဒါက ထောင်ချောက်ပဲ၊ လက်တလော ပဋိပက္ခက ရှီထျန်ထဲမှာ သောင်းကျန်းနေတာ၊ ဒီအထွတ်အထိပ် နိယာမ ကျဆုံးတာက ပဋိပက္ခ ကျင့်ကြံသူအများစုကို ဆွဲဆောင်မိမှာပဲ၊ ချောင်းမြောင်းတိုက်ခိုက်ရင် အားလုံးကို တစ်ချက်တည်းနဲ့ ဖျက်ဆီးနိုင်လောက်တယ်”

ကျောက်ရွှမ်ယွမ်ဟာ ပြုံးလိုက်ပါတယ် “အဲဒီလောက် မလွယ်ဘူး၊ ညီလေးဟွမ်က ရှီထျန်ကို တစ်ယောက်တည်း သောင်းကျန်းခဲ့တာ၊ ရှီထျန်က သူတို့အင်အားကို ဘယ်လိုစုစည်းပြီး ပဋိပက္ခကို ချေမှုန်းနိုင်မှာလဲ”

ကျန်းယီဟာ ကျောက်ရွှမ်ယွမ်ရဲ့ စကားက အဓိပ္ပာယ် ရှိတယ်လို့ ခံစားလိုက်ရပါတယ်။

တာအိုအရှင်သခင်ကတော့ အထွတ်အထိပ်နိယာမကို စိုက်ကြည့်ပြီး တစ်စုံတစ်ခုကို တွေးတောနေပါတယ်။

လောင်တန်ဟာ စကားပြောဖို့ ပြင်လိုက်စဉ်မှာပဲ အားကောင်းတဲ့ ရောင်ဝါတစ်ဝါ ရောက်ရှိလာပါတယ်။

“ငါ မဟာကောင်းကင် နတ်ဘုရားဘုရင်က ဒီအထွတ်အထိပ် နိယာမကို လိုချင်တယ်”

အားကောင်းတဲ့ အော်သံတစ်သံ ပဲ့တင်ထပ်သွားပါတယ်။ မဟာကောင်းကင် နတ်ဘုရားဘုရင်က ပထမအကြိမ် ပဋိပက္ခ အစည်းအဝေးရဲ့ အကြွင်းမဲ့ပါရမီရှင်ဆယ်ပါးထဲက တစ်ပါးပါ။

တာအိုအရှင်သခင်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ တာအိုအရှင်သခင်ဟာ မဟာကောင်းကင် နတ်ဘုရားဘုရင်ကို မှတ်မိပါတယ်။ တာအိုအရှင်သခင်ဟာ မဟာကောင်းကင် နတ်ဘုရားဘုရင်ကို တော်တော်လေး မကြည်တာပါ။ ဒီနေ့ ဒီနေရာမှာ မဟာကောင်းကင် နတ်ဘုရားဘုရင်နဲ့ တွေ့ရလိမ့်မယ်လို့ တာအိုအရှင်သခင် ထင်မထားခဲ့ပါဘူး။

သန့်ရှင်းစင်ကြယ်တဲ့ ဝတ်ရုံဖြူနဲ့ မဟာကောင်းကင် နတ်ဘုရားဘုရင်ဟာ နဂါးဖြူကို စီးနင်းထားပါတယ်။ ဒီနဂါးဖြူက ပေတစ်သောင်းကျော် ရှည်လျားပြီး သူ့လက်သည်းတွေက တိမ်တွေပေါ်နင်းကာ မြူခိုးတွေကို စီးနင်းထားပါတယ်။ ကြည့်ရတာ ဂုဏ်ကျက်သရေရှိပြီး ဗိုလ်ကျလွန်းပါတယ်။

မဟာကောင်းကင် နတ်ဘုရားဘုရင်ဟာ တာအိုအရှင်သခင်ကို ကြည့်ရင်း ပြုံးလိုက်ပါတယ် “ဒါက ပဋိပက္ခအစည်းအဝေးမှာ တစ်ဝက်တစ်ပျက် ရှုံးသွားတဲ့ မြင်းနက်မဟုတ်လား၊ ကျွတ်..ကျွတ်... မင်း ပြင်ပအားကို ထပ်ပြီးတော့ လိုချင်နေပြန်ပြီလား၊ တာအိုနှလုံးသားပျောက်ပြီး မင်းကိုယ်မင်း မဆုံးရှုံးအောင်လည်း ဂရုစိုက်ဦး”

စကားတွေက အလွန်တရာမှ ယုတ်မာတဲ့အတွက် တာအိုအရှင်သခင်ရဲ့ မျက်လုံးတွေမှာ သတ်ဖြတ်ငွေ့တွေ ပေါက်ကွဲထွက်လာပါတယ်။

စကားတစ်လုံး မဆိုဘဲ တာအိုအရှင်သခင်ဟာ မဟာကောင်းကင် နတ်ဘုရားဘုရင်ကို တိုက်ခိုက်လိုက်ပါတယ်။ ကျန်းယီလည်း တာအိုအရှင်သခင်နောက်ကို လိုက်သွားပါတယ်။

ကျောက်ရွှမ်ယွမ်ကတော့ တိုက်ခိုက်ခြင်းမရှိဘဲ အထွတ်အထိပ် နိယာမကို ကြည့်ကာ လောင်တန်ကို မေးလိုက်ပါတယ် “အဘိုးကြီး... ဒီအထွတ်အထိပ်နိယာမက ဘယ်စွမ်းအားကို ကိုယ်စားပြုတယ်လို့ ထင်လဲ”

“ဝုန်း...”

မဟာတာအိုပညာရှိချုပ်သုံးပါးရဲ့ အပြင်းအထန် တိုက်ခိုက်မှုကြောင့် လောကကြီး တုန်လှုပ်ပြီး လောကမှာရှိတဲ့ မိစ္ဆာမြူတွေ ပြင်းထန်စွာ လည်လာပါတယ်။

လောင်တန်ဟာ အထွတ်အထိပ် နိယာမကို စိုက်ကြည့်ပြီး ပြောလိုက်ပါတယ် “ရောင်ဝါက ကျယ်ပြောပြီး မကြမ်းတမ်းဘူး၊ ကံတရားနဲ့ ပတ်သက်တဲ့ ကံတရား အထောက်အပံ့ ဖြစ်နိုင်တယ်”

ဒီအချိန်မှာပဲ အားကောင်းတဲ့ ရောင်ဝါတွေဟာ အရပ်ဆယ်မျက်နှာကနေ ဒီအသူရာချောက်ဆီ ရောက်လာကြပါတယ်။

ကျောက်ရွှမ်ယွမ်နဲ့ လောင်တန်ဟာ နှလုံးလှုပ်သွားကြပါတယ်။

“သေစမ်း... ဘာဖြစ်လို့ ဒီလောက် မြန်ရတာလဲ”

ကျောက်ရွှမ်ယွမ်ဟာ ခပ်တိုးတိုး ကြိမ်းမောင်းပြီး နဂါးသွေးနဲ့ သွန်းလုပ်ထားတဲ့ အနီရောင် ဓားတစ်ချောင်းကို ထုတ်ယူကာ တိုက်ခိုက်ဖို့ ပြင်လိုက်ပါတယ်။

တခြားတစ်ဖက်မှာတော့...

ဟန်ယွီ၊ ချင်လင်း၊ ဝေ့လန်ရှန်မိ၊ ဂျိရှင်းရှန်နဲ့ ကျောက်ရွှမ်ကွမ်းတို့ဟာ အစိမ်းရောင်အလင်းတန်းကို စီးပြီး ဟင်းလင်းပြင်မှာ လျင်မြန်စွာ ခရီးနှင်နေကြပါတယ်။

ကျောက်ရွှမ်ကွမ်းဟာ ရှေ့ကို စိုက်ကြည့်ပြီး ပြောလိုက်ပါတယ် “တိုက်ပွဲက စနေပြီ၊ အနည်းဆုံး မဟာတာအိုပညာရှိချုပ် ဆယ်ပါးကျော်တယ်၊ မဟာတာအိုပညာရှိ အရေအတွက်လည်း ဆက်တိုက် တိုးလာတယ်၊ အခုတောင် သုံးဆယ်ကျော်နေပြီ”

ဟန်ယွီဟာ သက်ပြင်းချလိုက်ပါတယ် “အထွတ်အထိပ် နိယာမအတွက် တိုက်ခိုက်တာက တကယ်ကို ကြမ်းတမ်း ပြင်းထန်တာပဲ”

ဂျိရှင်းရှန်ဟာ ပြုံးလိုက်ပါတယ် “ဒီမြင်ကွင်းက သေမျိုးဘဝတုန်းက အချိန်ကို သတိပြန်ရစေတယ်၊ ငါနဲ့ ဖန်းလျန်က နေရာစုံကို လျှောက်သွားပြီး ရန်သူဘယ်လောက်များများ တိုးဝင်ရဲခဲ့တယ်”

အတိတ်က အဖြစ်အပျက်တွေဟာ ဂျိရှင်းရှန်ရဲ့ မျက်လုံးထဲမှာ လျင်မြန်စွာ ပေါ်လာပါတယ်။

“ဒါဆို စီနီယာနဲ့ တာအိုပညာရှိ ဖန်းလျန်ရဲ့ ဆက်ဆံရေးက ဘာဖြစ်လို့...” ချင်လင်းက တအံ့တဩ မေးလိုက်ပါတယ်။ ဒီမေးခွန်းကြောင့် ချင်လင်းဟာ ဟန်ယွီ စိန်းစိန်းဝါးဝါး ကြည့်တာကို ခံလိုက်ရပါတယ်။

ဂျိရှင်းရှန်ဟာ ပြုံးလိုက်ပါတယ် “လူတွေက ရည်မှန်းချက် မတူဘူးလေ၊ အက်ကြောင်းတစ်ခု ပေါ်လာတာနဲ့ ပျောက်ဖို့ ခက်သွားပြီ၊ နှစ်ဖက်က ပြန်တည့်ချင်ရင်တောင် မင်းတို့အငယ်တွေကို ဂရုစိုက်ရသေးတယ်၊ အထူးသဖြင့် ကိုယ်နဲ့ ရင်းနှီးတဲ့လူတွေ ပါဝင်ပတ်သက်နေရင်ပေါ့”

ချင်လင်း၊ ဝေ့လန်ရှန်မိနဲ့ ကျောက်ရွှမ်ကွမ်းဟာ အတွေးများသွားကြပါတယ်။

“တော်ပြီ၊ ဒီကိစ္စကို မပြောဘဲ နေကြရအောင်၊ ဒီတစ်ခါ အထွတ်အထိပ် နိယာမက ကိစ္စက တော်တော်ကြီးတယ်၊ အချိန်ရောက်လာရင် အကောင်းဆုံးသာ ကြိုးစားချည်၊ ဒါပေမဲ့ မရနိုင်ဘူးဆိုရင် သူသေကိုယ်သေ တိုက်ခိုက်စရာ မလိုဘူး၊ ငါ ပြောတာ နားလည်လား” ဂျိရှင်းရှန်ဟာ လက်ဝှေ့ယမ်းပြီး အပြုံးနဲ့ ပြောလိုက်ပါတယ်။ သူ့အကြည့်ကတော့ ဝေ့လန်ရှန်မိနဲ့ ကျောက်ရွှမ်ကွမ်းဆီ ရောက်သွားပါတယ်။

ကျောက်ရွှမ်ကွမ်းက ဝင့်ကြွားတဲ့ မျက်နှာနဲ့ “ကျွန်တော်က အနှိုင်းမဲ့ထိပ်ဆုံး ပါရမီရှင်၊ ပြိုင်ဘက်ကင်းတယ်”

ဝေ့လန်ရှန်မိ “ဟွန်း... မင်းက တော်တော် မောက်မာတာပဲ၊ ငါ့ ဒီပဋိပက္ခအစည်းအဝေးမှာ ဝင်မပြိုင်လို့ပါ၊ မဟုတ်ရင် မင်း ဒီလောက်လွယ်လွယ်နဲ့ အနှိုင်းမဲ့ထိပ်ဆုံးနေရာကို ရနိုင်မှာ မဟုတ်ဘူး”

ကျောက်ရွှမ်ကွမ်းဟာ တဟားဟား ရယ်မောလိုက်ပါတယ်။ သူ့ရယ်သံက ဘာကိုဆိုလိုလဲဆိုတာ သူပဲ သိပါလိမ့်မယ်။

အထွတ်အထိပ် နိယာမဆီ သွားနေကြတာက သူတို့တင် မဟုတ်ပါဘူး။ တခြား ပဋိပက္ခ အင်အားစုတွေလည်း အပြေးသွားနေကြပါတယ်။ လက်ရှိ ရှီထျန်က ပဋိပက္ခရဲ့ စားသောက်ပွဲလိုပါပဲ။ အင်အားစုအသီးသီးက ပိုင်းဖြတ်ပြီး တိုက်ခိုက်နေကြတာပါ။

…

နှစ်ငါးသန်းကြာပြီးနောက်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဂူအောင်းကျင့်ကြံနေစဉ်အတွင်း တိုက်ပွဲကြီးတွေ ဖြစ်ပွားတယ်လို့ အကြိမ်များစွာ ခံစားခဲ့ရပါတယ်။

ဒီတိုက်ပွဲတွေက ရှီထျန်မှာတင် မဟုတ်ပါဘူး။ ပဋိပက္ခမှာရော ဖြစ်ပွားတာပါ။ အန္တိမဒဏ်ခတ်နတ်မင်းတောင် ပါပါတယ်။ ဒါပေမဲ့ အန္တိမဒဏ်ခတ်နတ်မင်းနဲ့ သူ့တပည့်တွေက ဖိတ်ခေါ်ပညာရပ်ကို အသုံးမပြုတဲ့အတွက် ဟန်ကျွယ်က ဆက်ပြီးတော့ ဂူအောင်းကျင့်ကြံခဲ့တာပါ။

[သင့်တပည့် တာအိုအရှင်သခင်သည် သင့်မိတ်ဆွေ ကျောက်ရွှမ်ကွမ်း၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။]

[သင့်တပည့် တာအိုအရှင်သခင်သည် သင့်မိတ်ဆွေ ဝေ့လန်ရှန်မိ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

[သင့်တပည့် ကျန်းယီသည် သင့်မျိုးဆက် ဟန်ယွီ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

[သင့်တပည့် တာအိုအရှင်သခင်သည် သင့်သား ဟန်‌ထော်၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]

[သင့်သား ဟန်ထော်သည် သင့်မျိုးဆက် ဟန်ယဲ့၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

[သင့်သား ဟန်ထော်သည် သင့်မျိုးဆက် ဟန်ယောင်၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့သည်။]

[သင့်မျိုးဆက် ဟန်ယောင်သည် သင့်ရန်သူ ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့သည်။]

‘အို ဘုရားရေ... ဒီကောင်တွေ ရူးသွားကြပြီလား...’

ဟန်ကျွယ်ဟာ မနေနိုင်တာကြောင့် ဒီဝရုန်းသုန်းကား ဖြစ်လွန်းတဲ့ တိုက်ပွဲကို တွက်ချက်ကြည့်လိုက်တဲ့အခါ ရှီထျန်ရဲ့ အထွတ်အထိပ် နိယာမအတွက် တိုက်ခိုက်ကြတယ် ဆိုတာကို သွားတွေ့ပါတယ်။

ဒီအထွတ်အထိပ်နိယာမကို ဟန်ကျွယ်တောင် တွက်ချက်လို့မရတဲ့ အင်အားတစ်စုံက ထိန်းချုပ်ထားပါတယ်။

‘အနန္တဖျက်ဆီးရှင်သခင်... တော်တော် အောက်တန်းကျတာပဲ’

နှစ်ပေါင်း ထောင်ချီ တိုက်ခဲ့ကြတာတောင် ပဋိပက္ခက ဘယ်သူမှ အထွတ်အထိပ်နိယာမကို မရရှိကြပါဘူး။ အဲဒီအစား အကုန်လုံး ဒဏ်ရာကိုယ်စီ ရကုန်ကြပါတယ်။

ဒီအထွတ်အထိပ်နိယာမဟာ အပိုင်းသုံးထောင်ကွဲပြီး အနန္တဖျက်ဆီးရှင်သခင် ရှီထျန်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှီထျန်နဲ့ နေရာစုံကို ပြန့်ကျဲထွက်သွားပါတယ်။ နောက်နှစ် ၂ သန်းအတွင်း ဒီအပိုင်းအစသုံးထောင်က သက်ရှိအားလုံးရဲ့ ဆန္ဒတိုင်းကို ဖြည့်ဆည်းပေးနိုင်တဲ့ နတ်သလင်းကျောက်တွေ ဖြစ်လာတဲ့အတွက် နောက်ထပ် ရုတ်ရုတ်သဲသဲ ဖြစ်လာပြန်ပါတယ်။

ဟန်ကျွယ်ဟာ ပဋိပက္ခက ရှီထျန်နဲ့ ပေါင်းစပ်ပြီးတဲ့အခါ နယ်မြေတွေက ကျယ်ပြန့်လာတာကို ရှာတွေ့သွားပါတယ်။ ဖန်တီးမှုအသစ်တွေနဲ့ ထူးဆန်းတဲ့ နယ်မြေတွေလည်း ပဋိပက္ခမှာ ပေါ်ထွက်လာပါတယ်။ ပဋိပက္ခ စိတ်ဝိညာဉ်ချီကလည်း ပုံမှန် တိုးလာပါတယ်။

ချွမ်တုကမ္ဘာသာ ရောက်လာရင် ပဋိပက္ခက နောက်တစ်ဆင့်ကို ရောက်တဲ့အထိ တိုးတက်သွားမှာပါ။ အခုပုံစံအရတော့ တာအိုဖန်တီးရှင်လေးပါးက နဝမပဋိပက္ခကို အညံ့ခံလိုက်ပုံပါပဲ။ မဟုတ်ရင် သူတို့ မဟာတာအိုကမ္ဘာတွေ ဝါးမျိုခံရတာကို ဒီအတိုင်းထိုင်ကြည့်နေမှာ မဟုတ်ပါဘူး။

အနန္တဖျက်ဆီးရှင်သခင် ရှီထျန်က ပဋိပက္ခကို အကောက်ကြံနေတယ်ဆိုပေမဲ့ သူ့နည်းလမ်းတွေက သေးလွန်းတဲ့အတွက် ဘာအရာမှ ရောက်မှာ မဟုတ်ပါဘူး။ ပဋိပက္ခကိုလည်း တားဆီးနိုင်မှာ မဟုတ်ပါဘူး။ အများဆုံး သူ့ဒေါသကို ပဋိပက္ခသက်ရှိတွေဆီ ပုံချရုံပဲ တက်နိုင်မှာပါ။

“ကနဦးဘိုးဘေး... ကျွန်တော် ကျိန်စာစွမ်းအားကို သုံးသပ်နားလည်ပြီးပြီ၊ ကျွန်တော် တစ်ယောက်ယောက်ကို ကျိန်စာတိုက်ဖို့လိုလား၊ ဘယ်သူ့ကို ကျိန်စာတိုက်ရမလဲဆိုတာသာ ပြောပါ” ရှန်ဝေါ်ရဲ့အသံဟာ စိတ်လှုပ်ရှားမှုနဲ့ မျှော်လင့်ချက်တွေ ပြည့်နှက်နေပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters