← Chapters

နတ်ထူးဆန်း ပြန်ပေါ်လာခြင်း

Vol. 100 Ch. 1044

နတ်ထူးဆန်း ပြန်ပေါ်လာခြင်း

Vol. 100 Ch. 1044

ရှီထျန်က ဝရုန်းသုန်းကား ဖြစ်နေပေမဲ့ တချို့နေရာတွေမှာပဲ ဖြစ်တာပါ။ တချို့နေရာတွေမှာတော့ အေးအေးချမ်းချမ်း ရှိနေပါသေးတယ်။

ဟန်ကျွယ်တို့ သုံးယောက်ဟာ ရှီထျန်အစွန်းက မဟာကမ္ဘာတစ်ခုဆီ ရောက်ရှိသွားပါတယ်။ ဒီမဟာကမ္ဘာက နဂါးငွေ့တန်းမှာရှိတဲ့ ကမ္ဘာမြေလိုပါပဲ။ ဟင်းလင်းပြင်ရဲ့ ထောင့်တစ်နေရာမှာ တိတ်တဆိတ် လဲလျောင်းပြီး အထီးကျန်ကာ လှပလှပါတယ်။

ဒီကမ္ဘာထဲမှာရှိတဲ့ သက်ရှိတွေကတော့ အတော်လေး အားနည်းပါတယ်။ အစွမ်းအထက်ဆုံး သက်ရှိက အင်မော်တယ်ဧကရာဇ် အဆင့်ပဲ ရှိပါတယ်။ သူတို့တွေ အေးချမ်းနေတာ သိပ်ပြီး အံ့ဩစရာတော့ မရှိပါဘူး။

ဒါပေမဲ့ သူတို့ကို မျိုးတုံးချင်တဲ့ စွမ်းအားကြီး ကျင့်ကြံသူနဲ့တွေ့ရင် သူတို့တွေ ဖျက်ဆီးခံရတဲ့ ကပ်ဘေးကနေ လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။

ဟန်ကျွယ်တို့သုံးယောက်ဟာ ဒီကမ္ဘာထဲ ဝင်လိုက်ပါတယ်။ ကောင်းကင်တာအိုလိုပဲ မြောက်များလှစွာသော သေမျိုးကမ္ဘာတွေဟာ ဒီကမ္ဘာနားမှာ စုစည်းနေကြပါတယ်။ ဒီကမ္ဘာမှာလည်း လူသားတွေ အုပ်စိုးကြပါတယ်။ တိတိကျကျ ပြောရရင် သူတို့တွေက ရှန်တျန်တာအိုခန္ဓာကိုယ်ရှိတဲ့ မျိုးနွယ်စုပါ။ ကမ္ဘာမတူတော့ နာမည်ကတော့ ကွဲပြားခြားနားပါတယ်။

ဟန်ကျွယ်တို့သုံးယောက်ရဲ့ ကျင့်ကြံမှုနဲ့ ဒီကမ္ဘာရဲ့ ဘာသာစကားကို တိုက်ရိုက် နားလည်နိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် ဆက်သွယ်ပြောဆိုရာမှာ ဘာအခက်အခဲမှ မရှိပါဘူး။

ဟန်ကျွယ်တို့ သုံးယောက်ဟာ ပထမဆုံး သေမျိုးကမ္ဘာတစ်ခုထဲ ဝင်ရောက်ပြီး ခရီးသွားကြပါတယ်။

ဟန်ကျွယ်ဟာ သူတို့နဲ့ စကားပြောဆိုရင်း ရှီထျန်နက်ထဲကို လှမ်းကြည့်လိုက်ပါတယ်။

နောက်ထပ် ဧရာမ တိုက်ပွဲကြီးတစ်ပွဲ ဖြစ်ပွားပြန်ပါပြီ။

ဟန်ကျွယ်ဟာ တရင်းတနှီးရှိတဲ့ လူတွေကို တွေ့မြင်လိုက်ရပါတယ်။ ဟန်ထော်၊ ယီတျန်၊ ဟန်ဟွမ်၊ ဟန်ယဲ့၊ ဟန်ယောင်၊ တာအိုအရှင်သခင်၊ ကျောက်ရွှမ်ယွမ်၊ ဟန်ပါရှန်၊ ကျောက်ရွှမ်ကွမ်း၊ ဟွမ်ဇွမ်တျန်၊ ဂျိရှင်းရှန် စတဲ့လူတွေပါ။

သူတို့အကုန်လုံးက အထွတ်အထိပ် နိယာမအတွက် တိုက်ခိုက်နေကြတာပါ။

တိုက်ခိုက်ရင်းနဲ့ လူတိုင်းဟာ ဟန်ဟွမ်ကို ဝိုင်းတိုက်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ဟွမ်က စွမ်းအားကြီးလွန်းလို့ပါ။ ဟန်ထော်တောင် သူ့ညီနှစ်က သူ့ကို ကျော်လွန်သွားပြီဆိုတာ ဝန်မခံလို့ မရပါဘူး။

ဟန်ကျွယ်တို့ သုံးယောက်ဟာ မြို့တစ်မြို့ဆီ ရောက်သွားပြီး ဒီနေရာရဲ့ ယဉ်ကျေးမှုကို ခံစားပါတယ်။ သူတို့ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ ဒီနေရာမှာ ပြဿနာတွေ့ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ တကယ်လို့ တစ်ယောက်ယောက်က ရန်စလာခဲ့ရင်လည်း အတွေးတစ်ချက်နဲ့ ဖြေရှင်းနိုင်ပါတယ်။

ဟန်ကျွယ်တို့သုံးယောက် ကမ္ဘာတစ်ထောင်ကျော် လျှောက်သွားပြီးတာတောင် ရှီထျန်နက်ထဲက ဝရုန်းသုန်းကား တိုက်ပွဲဟာ ဆက်ပြီးတော့ ဖြစ်ပွားနေတုန်းပါ။

ဟန်ကျွယ်တို့ သုံးယောက်ဟာ ဘာမှလုပ်စရာမရှိတာနဲ့ ချောက်ကမ်းပါးတစ်ခုမှာ ရပ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး အလင်းမျက်နှာပြင်တစ်ခု ဖန်တီးကာ ဝရုန်းသုန်းကား တိုက်ပွဲကို ပြသပါတယ်။

နတ်မိမယ်ရှီရွှမ်နဲ့ ချန်ယွီအာဟာ ဝရုန်းသုန်းကား တိုက်ပွဲကို စိတ်ဝင်တစား ကြည့်ရှုလိုက်ပါတယ်။

ချန်ယွီအာဟာ ဟန်ယောင် ဆန်းကြယ်စွမ်းအား ထုတ်သုံးတာကို ကြည့်ပြီး သက်ပြင်းမချဘဲ မနေနိုင်ပါဘူး “အချိန်က တော်တော် အကုန်မြန်တာပဲ၊ မောင်လေးဟန်ရဲ့ မျိုးဆက်တွေတောင် ဒီလောက်ထိ စွမ်းအားကြီးနေပြီ”

နတ်မိမယ်ရှီရွှမ်ဟာ ပြုံးလိုက်ပါတယ် “ဟုတ်တယ်၊ ငါတို့တွေက ဝါ,အများကြီး ကွာနေပေမဲ့ အတွေ့အကြုံချင်း ယှဉ်မယ်ဆိုရင် ငါတို့တွေ သူတို့ကို မမီဘူး”

နတ်မိမယ်ရှီရွှမ်ဟာ ဟန်ကျွယ်ကို ညင်သာစွာ ကြည့်လိုက်ပါတယ်။ သူမဘဝမှာ အကြီးမားဆုံး ကံတရား အထောက်အပံ့က ဟန်ကျွယ်ကို တပည့်အဖြစ် လက်ခံခဲ့တာပါ။

ချန်ယွီအာဟာ သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “မောင်လေးဟန်... နောက်ဆုံးမှာ ဘယ်သူရယ်နိုင်မယ်လို့ ထင်လဲ... ဟွမ်အာ၊ ထော်အာ ဒါမှမဟုတ် တခြားမျိုးဆက်တွေလား၊ အဲဒီဟန်ယောင် ဟန်ယဲ့နဲ့ ဟန်ပါရှန်တို့က ပူးပေါင်းတိုက်ရင် တော်တော်လေး စွမ်းအားကြီးတယ်”

“ပုံမှန်အတိုင်းဆို ဟွမ်အာပဲ နိုင်လိမ့်မယ်၊ ဒါပေမဲ့ ဒီနိယာမကို ရဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူး”

“ဘာဖြစ်လို့လဲ၊ သူ နိုင်ရင်တောင် မရနိုင်ဘူးလား”

“မရနိုင်ဘူး၊ ဒီနောက်ကွယ်မှာ အကြံအစည်ရှိတယ်၊ ဒီမဟာတာအိုကမ္ဘာကို ဖန်တီးထားတဲ့ တည်ရှိမှု ပါဝင်ပတ်သက်နေတယ်၊ သူ့ကျင့်ကြံမှုအဆင့်က သာမန်မဟုတ်တော့ နာမည်လည်း ပြောလို့မရသလို သူ့အကြောင်းလည်း ဆွေးနွေးလို့ မဖြစ်ဘူး၊ အဲဒီတော့ သူ့နာမည်ကို မပြောတော့ဘူး”

ဟန်ကျွယ်ရဲ့ အဖြေကြောင့် ချန်ယွီအာနဲ့ နတ်မိမယ်ရှီရွှမ်ဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ပါတယ်။

ရှီထျန်က ပဋိပက္ခနဲ့ နှိုင်းယှဉ်လို့ရတဲ့ တည်ရှိမှုပါ။ ဒီလိုကမ္ဘာမျိုးကို စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးက ဖန်တီးထားတယ် ဆိုတဲ့အတွက် နတ်မိမယ်ရှီရွှမ်တို့ နှစ်ယောက်ဟာ ဆက်ပြီး မတွေးရဲတော့ပါဘူး။

‘တကယ်ကြီး ဖန်တီးရှင်နတ်ဘုရား ရှိနေတာလား’

ချန်ယွီအာက စပ်စုလိုက်ပါတယ် “မောင်လေးဟန်က ဘယ်အဆင့်ကို ရောက်နေပြီလဲ၊ ရှီထျန်ကို ဖန်တီးထားတဲ့ သာလွန်တည်ရှိမှုနဲ့ ယှဉ်နိုင်ပြီလား”

“ယှဉ်နိုင်ရုံလေးပါ၊ သူက ကျွန်တော်ထက် နှစ်ပေါင်း မြောက်များစွာ ကျင့်ကြံအားထုတ်ခဲ့တာလေ၊ သူသေကိုယ်သေ တိုက်ခိုက်ရင် ကျွန်တော် သူ့ကို မနိုင်လောက်ဘူး”

ချန်ယွီအာဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ချန်ယွီအာဟာ ဟန်ကျွယ်က အစွမ်းအထက်ဆုံးလို့ ထင်ထားခဲ့တာပါ။ ဟန်ကျွယ်ထက် စွမ်းအားကြီးတဲ့လူ ရှိနေလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။

“ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက တကယ်ကို နှိမ့်ချတာပဲ၊ မင်းရဲ့ အရည်အချင်းက ငါ့ကို ကျော်လွန်ပါပြီ”

အသံတစ်သံ ဟန်ကျွယ်နားထဲကို ဝင်လာပါတယ်။ ဒီအသံပိုင်ရှင်က အနန္တဖျက်ဆီးရှင်သခင် ရှီထျန်ဆိုတာကို ဟန်ကျွယ် သိပါတယ်။

ဟန်ကျွယ်ဟာ စိတ်ထဲကနေပဲ ပြန်ပြောလိုက်ပါတယ် “တာအိုရောင်းရင်း မစိုးရိမ်ပါနဲ့၊ ကျုပ်က ဒီနေရာမှာ လာပျော်တာပါ၊ ရှီထျန်ကို ဒုက္ခမပေးပါဘူး”

အနန္တဖျက်ဆီးရှင်သခင်ရဲ့ အသံက ထပ်မံ ထွက်ပေါ်လာပါတယ် “ငါလည်း အဲဒီလိုပဲ မျှော်လင့်ပါတယ်၊ အငယ်လေးတွေက ကမူးရှူးထိုးနဲ့ ရိုင်းပျမှာကို ငါ စိုးရိမ်နေတာ”

“တာအိုရောင်းရင်း အတွေးလွန်နေပြီ၊ ငါလည်း တာအိုရောင်းရင်းက ငါ့ရဲ့ မဟာတာအိုကမ္ဘာကို ဖျက်ဆီးမှာ ကြောက်တာပဲ”

အနန္တဖျက်ဆီးရှင်သခင် ရှီထျန်က ဟွန်းခနဲ့ နှာမှုတ်ပြီး ဘာမှ ထပ်မပြောတော့ပါဘူး။

အစကနေ အဆုံးအထိ ချန်ယွီအာနဲ့ နတ်မိမယ်ရှီရွှမ်ဟာ ဒီစကားပြောဆိုမှုကို ကြားဖို့နေနေသာသာ သတိတောင် မထားမိလိုက်ပါဘူး။ သူတို့တွေဟာ တိုက်ပွဲကို ရင်တထိတ်ထိတ်နဲ့ ကြည့်နေကြပါတယ်။

သူတို့နှစ်ယောက်ရဲ့ ကျင့်ကြံမှုက သိပ်မမြင့်မားတဲ့အတွက် တိုက်ပွဲအခြေအနေကို အသေးစိတ် မမြင်နိုင်ဘဲ ဘယ်သူက အသာစီးရတယ်ဆိုတာကို ပြောနိုင်ရုံပဲ ရှိပါတယ်။

ဟန်ဟွမ်ဟာ မဟာတာအိုပညာရှိ တစ်ရာ‌ကျော်ကို တစ်ကိုယ်တော် တိုက်ခိုက်ပါတယ်။ သူက အတော်လေးကို ဗိုလ်ကျပါတယ်။ သူ့စွမ်းအားက ပြိုင်ဘက်တွေထက် အများကြီးသာတာ သိသာလှပါတယ်။

ဟန်ကျွယ်တို့သုံးယောက်ဟာ ဒီတိုက်ပွဲကို လေးငါးဆယ်နာရီ ကြည့်ပြီးတဲ့အခါမှာတော့ ရှေ့ဆက် ခရီးနှင်ကြပါတယ်။ ရှီထျန်ထဲမှာ အံ့ဩစရာတွေ အများကြီး ရှိပါတယ်။

လေးငါးဆယ်ရက် ကြာတဲ့အခါမှာတော့ သူတို့သုံးယောက်ဟာ ခုနစ်ရောင်ခြည် ဖြာထွက်နေတဲ့ ဟင်းလင်းပြင်ထဲက ရေအိုင်တစ်အိုင်ဆီ ရောက်ရှိသွားပါတယ်။ ဟုတ်ပါတယ်။ ဒီရေအိုင်က ဟင်းလင်းပြင်ထဲမှာ တည်ရှိနေတာ ဖြစ်ပြီး မိုင်ပေါင်း ဘီလီယံချီ ကျယ်ဝန်းပါတယ်။ မြေသားနဲ့ တောအုပ်ဟာ ရေအိုင်ကို စက်ဝိုင်းပုံဝိုင်းပြီး ဖြစ်တည်နေပါတယ်။

ဟန်ကျွယ်ဟာ ဒီရေအိုင်ထဲမှာ အလွန်တရာ သိပ်သည်းတဲ့ စိတ်ဝိညာဉ်ချီ ပါဝင်နေတာကို ခံစားမိပါတယ်။ ဒါတင်မကသေးပါဘူး။ ဒီရေအိုင်ရဲ့ နက်ရှိုင်းတဲ့ တစ်နေရာမှာ ကာလ-ဒေသ မဟာတာအိုလည်း ပုန်းအောင်း တည်ရှိနေပါတယ်။

တခြားစကားနဲ့ ပြောရရင် ဒီရေအိုင်က အတိတ်နဲ့ အနာဂတ်ကို ဆက်သွယ်ထားတဲ့အတွက် ကာလသုံးပါးကို ခရီးနှင်လို့ ရပါတယ်။

“လှလိုက်တာ” ချန်ယွီအာဟာ အံ့ဩတကြီး ဖြစ်သွားပါတယ်။

ဒီခရီးစဉ်က ချန်ယွီအာရဲ့ ကျေးဇူးကြောင့် ပျင်းစရာ မကောင်းပါဘူး။ ဟန်ကျွယ်ဟာ နတ်မိမယ်ရှီရွှမ်နဲ့ သမီးတစ်ယောက် မွေးထားတယ်လို့တောင် ခံစားလိုက်ရပါတယ်။

နတ်မိမယ်ရှီရွှမ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ဒီထဲမှာ အားကောင်းတဲ့ ရောင်ဝါတွေ အများကြီး၊ ‌ရှောင်သွားရအောင်”

ချန်ယွီအာဟာ လက်ဝှေ့ယမ်းပြီး ပြောလိုက်ပါတယ် “ဆရာ... ဘာတွေ တွေးနေတာလဲ၊ မောင်လေးဟန် ရှိနေမှတော့ ဘာကြောက်စရာ ရှိလို့လဲ၊ ရှီထျန်ရဲ့ အရှင်သခင်က ဒီထဲမှာ အိပ်နေမှာမလို့လား”

နတ်မိမယ်ရှီရွှမ်ဟာ ချီတုံချတုံ ဖြစ်တုန်းပါပဲ။ နတ်မိမယ်ရှီရွှမ်ဟာ ဟန်ကျွယ်ကို ကြည့်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “အထဲမှာ မဟာတာအိုပညာရှိတစ်ပါးနဲ့ သူ့လက်တွဲဖော်တစ်ပါး ပုန်းနေတယ်၊ သူတို့က သိပ်ပြီး စွမ်းအားမကြီးပါဘူး၊ ငါတို့တွေ သွားကြည့်လို့ရတယ်”

ဒီတော့မှ နတ်မိမယ်ရှီရွှမ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ ဟန်ကျွယ်က ဒီလိုပြောမှတော့ အထဲက တည်ရှိမှုကို ဂရုမစိုက်ဘူးဆိုတာ သေချာပါတယ်။

လွတ်လပ် တာအိုပညာရှိတွေ အတွက် မဟာတာအိုပညာရှိနဲ့ မဟာတာအိုပညာရှိချုပ်က ဘာကွာခြားမှုမှ မရှိပါဘူး။ ဒါကြောင့် နတ်မိမယ်ရှီရွှမ်ဟာ အထဲမှာရှိတဲ့ တည်ရှိမှုက ဟန်ကျွယ်ကို ခြိမ်းခြောက်နိုင်လား မသိတာကြောင့် ချီတုံချတုံ ဖြစ်နေခဲ့တာပါ။

ဟန်ကျွယ်တို့သုံးယောက်ဟာ ခုနစ်ရောင်ခြယ် ရေအိုင်ထဲ လျင်မြန်စွာ ဝင်လိုက်ပါတယ်။ အထဲမှာ ပုန်းအောင်းနေတဲ့ တည်ရှိမှုတွေဟာ သူတို့သုံးယောက်ကို လုံးဝ အာရုံမခံမိပါဘူး။ ဒီလိုဖြစ်ရတာက ဟန်ကျွယ်ရဲ့ လက်ချက်ကြောင့်လို့ ချန်ယွီအာနဲ့ နတ်မိမယ်ရှီရွှမ်ဟာ ခန့်မှန်းမိပါတယ်။

တခြားလူရဲ့ နယ်မြေထဲကို တခြားလူ မသိပဲ ဝင်နိုင်တာက နည်းတဲ့စွမ်းအား မဟုတ်ပါဘူး။ နတ်မိမယ်ရှီရွှမ်တို့ နှစ်ယောက်ဟာ ရေအိုင်ထဲ စိတ်ဝင်တစား လိုက်ကြည့်နေတုန်း ဟန်ကျွယ်ရဲ့ အတွေးကတော့ တခြား ရောက်သွားပါတယ်။

ဟန်ဟွမ်ဟာ ဟန်ကျွယ်ရဲ့ အန္တိမမူလစွမ်းအားကို ထပ်ပြီးတော့ ငှားယူပါတယ်။ ဟန်ဟွမ် ပေါက်ကွဲမှာစိုးတဲ့အတွက် ဟန်ကျွယ်ဟာ အန္တိမမူလစွမ်းအားကို သတိကြီးကြီးထားပြီး ထိန်းချုပ်လိုက်ပါတယ်။

အန္တိမမူလ စွမ်းအား တစ်စွန်းတစ်စကတောင် ဟန်ဟွမ်ရင်ဆိုင်နေရတဲ့ ဘေးအန္တရာယ်ကို ဖြေရှင်းဖို့ လုံလောက်ပါတယ်။

အဲဒီအချိန်မှာပဲ ဟန်ဟွမ်ရဲ့ လက်ထဲမှာ လျှို့ဝှက်ဆန်းကြယ်ပြီး ထူးဆန်းတဲ့ တည်ရှိမှုတစ်ခု ပေါ်လာတာကို ဟန်ကျွယ် တွေ့လိုက်ရပါတယ်။

ဟန်ကျွယ်ဟာ ဒီတည်ရှိမှုကို ရင်းနှီးတယ်လို့ ခံစားလိုက်ရပါတယ်။

‘ဒါ နတ်ထူးဆန်း မဟုတ်ဘူးလား’

ဟန်ကျွယ်ဟာ နတ်ထူးဆန်းကို လွှတ်ပေးလိုက်တာ အတော်ကြာသွားခဲ့ပါပြီ။ ပထမတော့ နတ်ထူးဆန်းဟာ ပြန်လာပါသေးတယ်။ နောက်တော့ လုံးဝ ပျောက်သွားပါတယ်။ ဟန်ကျွယ်ဟာ တွက်ချက်ကြည့်တဲ့အခါ နတ်ထူးဆန်း ဘေးအန္တရာယ် မကျရောက်ဘူးဆိုတာကို သိရတဲ့အတွက် ဆက်ပြီး ဂရုမစိုက်ဘဲ ပစ်ထားခဲ့ပါတယ်။

နတ်ထူးဆန်းက အမင်္ဂလာ မကောင်းဆိုးဝါးနဲ့ အတော်လေး ဆင်တူပါတယ်။ သက်ရှိအားလုံးက သူ့ကို မမြင်နိုင်ပေမဲ့ သူက သက်ရှိအားလုံးကို တိုက်ခိုက်နိုင်ပါတယ်။ လက်ရှိ နတ်ထူးဆန်းက ရုပ်ခန္ဓာတောင် ရထားပါတယ်။

ဟန်ကျွယ်ဟာ သူ အာရုံမစိုက်မိတဲ့ အတောအတွင်း နတ်ထူးဆန်းက ဒီလောက်ထိ ကြီးပြင်းလာလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။ နတ်ထူးဆန်းက အခုအချိန်မှာ မဟာတာအိုပညာရှိချုပ် ဖြစ်နေပါပြီ။ နောက်ပြီး သူ့ခန္ဓာကိုယ်ကလည်း တစ်ခုခု မူမမှန်ပါဘူး။

ဟန်ဟွမ်ရဲ့ တိုက်ခိုက်မှုက နတ်ထူးဆန်းရဲ့ ခန္ဓာကိုယ်ကို တစ်ချက်တည်း ဖျက်ဆီးနိုင်ပေမဲ့ နတ်ထူးဆန်းဟာ ချက်ချင်း အကောင်းအတိုင်း ပြန်ဖြစ်သွားပါတယ်။ မသေနိုင် ဖျက်ဆီးလို့ မရနိုင်တဲ့ ခန္ဓာကိုယ်လိုပါပဲ။ အကောင်းအတိုင်း ပြန်ဖြစ်တဲ့ အလျင်ကလည်း အရမ်းကို မြန်ဆန်လွန်းပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters