← Chapters

မဟာတာအိုကမ္ဘာရဲ့ ထိပ်ဆုံး

Vol. 100 Ch. 1045

မဟာတာအိုကမ္ဘာရဲ့ ထိပ်ဆုံး

Vol. 100 Ch. 1045

ဝရုန်းသုန်းကား ဟင်းလင်းပြင်။

လေထဲမှာ ဓမ္မစွမ်းအားကနေ ဖြစ်တည်လာတဲ့ သိပ်သည်းတဲ့ မြူခိုးတွေ ပြည့်နှက်နေပါတယ်။ ဘေးဘီဝန်းကျင်ကို လျှောက်ကြည့်ရင်လည်း နေရာတိုင်းမှာ နက်ရှိုင်းမှု မတူညီတဲ့ အာကာသ အက်ကြောင်းတွေ ရှိနေပါတယ်။ တချို့အက်ကြောင်းတွေဆိုရင် ဗလာနယ်မြေရဲ့ ဖျော့တော့မှုတောင် ပေါ်နေပါတယ်။

ဟန်ဟွမ်ဟာ အန္တိမမူလ ဝိညာဉ်ချွေဓားနှစ်လက်ကို လက်ထဲမှာ ကိုင်ထားပါတယ်။ ဟန်ဟွမ်ဟာ သွေးနီဝတ်ရုံနဲ့ အနုစိတ်လွန်းတဲ့ ငွေရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားပါတယ်။ ခါးမှာလည်း အနီရောင် ခါးစည်းကြိုးကို ချည်နှောင်ထားပါတယ်။ သူ့ရဲ့ ဆံပင်ရှည်တွေက လေထဲမှာ လူးလွန့်နေပြီး အဝေးက တိုက်ခိုက်နေတဲ့ ရုပ်သွင်ကို အေးစက်စွာ စိုက်ကြည့်နေပါတယ်။

ဒီရုပ်သွင်က လုံးဝ မည်းနက်ပြီး ထူးဆန်းတဲ့ ရောင်ဝါဖြူ ဝန်းရံထားပါတယ်။ သူ့နောက်မှာ ရန်ငြိုးစိတ်ဝိညာဉ် မြောက်မြားစွာရဲ့ ပုံရိပ်ယောင်တွေ ရှိနေပြီး ဒီရန်ငြိုးစိတ်ဝိညာဉ်တွေက ဒီရုပ်သွင်ရဲ့ ကျောနဲ့ ဆက်သွယ်နေသလို ဒီရုပ်သွင်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရုန်းကန်နေသလိုမျိုး ထင်မြင်ရစေပါတယ်။

အရပ်ဆယ်မျက်နှာက မဟာတာအိုပညာရှိ အကုန်လုံးလည်း တိုက်ခိုက်တာ ရပ်သွားကြပါတယ်။

“ဒါ ဘာကြီးလဲ” ကျောက်ရွှမ်ယွမ်ဟာ မျက်မှောင်ကြုတ်ပြီး မေးလိုက်ပါတယ်။ ဒါပေမဲ့ ဘယ်သူမှ သူ့ကို ပြန်မဖြေပါဘူး။ အတွေ့အကြုံများလှပါတယ်ဆိုတဲ့ လောင်တန်ဟာ ဒီထူးဆန်းတဲ့ ရုပ်သွင်ကို စိုက်ကြည့်နေပါတယ်။

ဒီအဖြူရောင်ချီ အနက်ရောင်ကိုယ်နဲ့ ရုပ်သွင်က နတ်ထူးဆန်းပါ။

နတ်ထူးဆန်းက အမင်္ဂလာ မကောင်းဆိုးဝါးတွေကို အစာလို သဘောထားတာပါ။ သက်ရှိမဟုတ်ပေမဲ့ အရည်အချင်း အကုန်လုံးကို ဖိနှိပ်နိုင်တဲ့ ကြောက်မက်ဖွယ် အစွမ်းအစ ရှိပါတယ်။

ဟန်ယဲ့က မတိုးမကျယ် ပြောလိုက်ပါတယ် “သတိထားကြ၊ ဒီဟာက နည်းနည်းထူးဆန်းတယ်၊ အသက်ဓာတ်လည်း မရှိတော့ သေချာပေါက် သက်ရှိ မဟုတ်ဘူး”

ဟန်ပါရှန်ဟာ ခေါင်းကုတ်ပြီး “ဒါက အထွတ်အထိပ်နိယာမတွေကနေ ဖြစ်ပေါ်လာတဲ့ အရာများလား”

“ငါလည်း သေချာမသိဘူး၊ ဘာပဲဖြစ်ဖြစ် ငါတို့တွေ သူတို့နှစ်ယောက် အသေအကြေတိုက်တာကို ထိုင်ကြည့်ကြမယ်၊ ဒီလိုမှပဲ ငါတို့အတွက် အခွင့်အရေး ရှိလာနိုင်လိမ့်မယ်” ဟန်ယောင်ဟာ ခပ်တိုးတိုး ပြောပြီး ဟန်ဟွမ်ကို လှမ်းကြည့်လိုက်ပါတယ်။

ဟန်ယောင် တစ်ယောက်တည်း မဟုတ်ပါဘူး။ တိတ်ဆိတ်ဂိုဏ်းသားတွေလည်း အတော်လေး လှုံ့ဆော်ခံလိုက်ရပါတယ်။

သူတို့တွေ ဟန်ဟွမ်ကို ဝိုင်းတိုက်ပြီး ရှုံးနိမ့်တာက ဒါ ပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး။ မဟာတာအိုပညာရှိ တစ်ရာကျော်နဲ့ မဟာတာအိုပညာရှိချုပ် ဆယ်ပါးကျော် ပူးပေါင်းတာတောင် ဟန်ဟွမ် ဖိနှိပ်တာကို ခံရတုန်းပါ။

ဒီခံစားချက်က တော်‌တော်လေးကို နေရထိုင်ရ ခက်စေပါတယ်။ အရည်အချင်း ရှိလေလေ ပိုပြီးတော့ ခံစားရလေလေပါပဲ။ ဥပမာပေးရရင် ကျောက်ရွှမ်ကွမ်းနဲ့ ဝေ့လန်ရှန်မိဟာ ဟန်ဟွမ်ကို မျက်လုံးနီကြီးတွေနဲ့ ဝါးစားမတတ် ကြည့်နေကြပါတယ်။

ဟန်ဟွမ်ဟာ နတ်ထူးဆန်းကို ငုံ့ကြည့်လိုက်ပါတယ် “မင်းက ဘာလဲ”

နတ်ထူးဆန်းဟာ သွားပေါ်အောင် ပြုံးလိုက်ပါတယ် “ငါ မင်းနဲ့ အရမ်းရင်းနှီးတယ်၊ ဒါပေမဲ့ မင်း ငါ့ကိုတစ်ခါမှ မမြင်ဖူးခဲ့ဘူး”

‘အရမ်းရင်းနှီးတယ်...’ ဟန်ဟွမ်ဟာ နတ်ထူးဆန်းရဲ့ စကားကို နားမလည်နိုင်တာကြောင့် မျက်မှောင်ကြုတ်သွားပါတယ်။ ဟန်ဟွမ်ဟာ နှစ်သန်း ၈၀ ကျော် ရှင်သန်ခဲ့တာမလို့ သူတွေ့ခဲ့တဲ့ သက်ရှိတွေကို မရေမတွက်နိုင်အောင်ပါပဲ။ ဘယ်လိုလုပ်ပြီး လူတိုင်းကို မှတ်မိနိုင်မှာလဲ။

‘အရင်တုန်းက ငါတွေ့ခဲ့တဲ့ အားနည်းတဲ့ တစ်ကောင်လား၊ အခုမှ တခြားလူတစ်ယောက်လို လုံးဝ ပြောင်းလဲသွားတာလား...’

‘ဒါပေမဲ့ ဒီကောင်ရဲ့ ရောင်ဝါက ထူးဆန်းလွန်းတယ်၊ ငါ့ကို တစ်ခါမှ မခံစားရဖူးတဲ့ ချောက်ချားမှုကို ခံစားရစေတယ်’

နတ်ထူးဆန်း “ဟီးဟီး... ငါလည်း ဒီ အထွတ်အထိပ် နိယာမကို လိုချင်တယ်၊ မင်း ငါ့ကို ပေးနိုင်မလား”

ဟန်ဟွမ် “ဟွန်း... မင်းအရည်အချင်းပေါ် မူတည်တယ်”

စကားဆုံးတာနဲ့ နတ်ထူးဆန်းဟာ ဟန်ဟွမ်ရှေ့ ပေါ်လာပါတယ်။ နတ်ထူးဆန်း ပတ်လည်က အဖြူရောင်ချီဟာ ဧရာမ ပိုက်ကွန်အသွင် ပြောင်းလဲပြီး ကောင်းကင်ကို ဖုံးအုပ်ကာ ဟန်ဟွမ်ကို လွှမ်းမိုးသွားပါတယ်။

အဖြစ်အပျက်တွေက မြန်ဆန်လွန်းတဲ့အတွက် တခြား မဟာတာအိုပညာရှိတွေဟာ တုံ့ပြန်ချိန်တောင် မရလိုက်ပါဘူး။ ဒါပေမဲ့ ဘယ်သူမှ ဟန်ဟွမ်ကို မစိုးရိမ်ကြပါဘူး။

“ဝုန်း...”

အဖြူရောင်ချီဟာ အားကောင်းတဲ့ အင်အားတစ်ခုရဲ့ ပိုင်းဖြတ်ခြင်းကို ခံလိုက်ရပါတယ်။

ဟန်ဟွမ်ဟာ အန္တိမမူလ ဝိညာဉ်ချွေဓားကို ညာလက်မှာကိုင်ပြီး နတ်ထူးဆန်းကို ထိုးဖောက်လိုက်ပါတယ်။ နတ်ထူးဆန်းဟာ ရုတ်တရက်ဆိုသလို သွေးလိုနီရဲတဲ့ မျက်လုံးတစ်စုံကို ဖွင့်ကြည့်လိုက်ပါတယ်။ ဟန်ဟွမ်ဘေးက အာကာသဟာ ဟန်ဟွမ်ကို ဖျစ်ညှစ်ပြီး နက်ရှိုင်းတဲ့ အာကာသဆီ ဆွဲယူလိုက်ပါတယ်။

ဟန်ဟွမ်ဟာ တိုက်ပွဲအတွေ့အကြုံ များနေပြီမလို့ အထိတ်တလန့် မဖြစ်ပါဘူး။ အန္တိမမူလ ဝိညာဉ်ချွေဓားကို ထိန်းချုပ်ပြီး အာကာသအလွှာတွေကို ဆုတ်ဖြဲပစ်ပါတယ်။

ဟန်ဟွမ်ဟာ နတ်ထူးဆန်း ပုန်းနေတဲ့နေရာကို လျင်မြန်စွာ ရှာတွေ့သွားပြီး အသေသတ်ပါတယ်။

ချက်ချင်းဆိုသလို နတ်ထူးဆန်းဟာ ဟန်ဟွမ်နောက်မှာ ပေါ်လာပါတယ်။ မြောက်များလှစွာသော ရန်ငြိုးစိတ်ဝိညာဉ်တွေဟာ အော်ဟစ်ပြီး ဟန်ဟွမ်ကို ဝိုင်းတိုက်ခိုက်ကြပါတယ်။

မသိမသာနဲ့ ဟန်ဟွမ်ဟာ အားကောင်းတဲ့ ကံစွမ်းအားက သူ့ခန္ဓာကိုယ်ကို ကန့်သတ်ထားတာ ခံစားမိလိုက်ပြီး ခန္ဓာကိုယ် လှုပ်ရှားဖို့ ခက်ခဲသွားပါတယ်။

ဟန်ဟွမ်ဟာ သူ့ခန္ဓာကိုယ်ထဲက လျှို့ဝှက်ဆန်းကြယ်ပြီး အားကောင်းတဲ့ အမျိုးအမည်မသိ စွမ်းအားကို စုစည်းကာ ကံတရားစွမ်းအားကို ချေဖျက်ပါတယ်။ ဒါပေမဲ့ ပုံရိပ်ယောင်က ထပ်ပြီး တိုက်ခိုက်တာကြောင့် ဟန်ဟွမ်ဟာ ပြန်လည်မွေးဖွားခြင်း စက်ဝန်းထဲ နစ်မြုပ်သွားပါတယ်။

ဟန်ဟျွယ် ပုံရိပ်ယောင်ထဲမှာ ရှိနေတုန်း နတ်ထူးဆန်းက ချက်ချင်း တိုက်ခိုက်ပါတယ်။ ဒါပေမဲ့ ဟန်ဟွမ်ဟာ အန္တိမမူလဝိညာဉ်ချွေဓားကို အလိုလို ဝှေ့ယမ်းပြီး နတ်ထူးဆန်းကို ထပ်သတ်ပါတယ်။

နတ်ထူးဆန်းဟာ သူ့ခန္ဓာကိုယ်ကို ပြန်ခဲပြီး ရေရွတ်လိုက်ပါတယ် “ဒီကောင်လေးက တကယ်ကို သာမန်မဟုတ်ဘူး၊ သူ့သားလို့ မပြောရဘူး”

သူ့စကားကို အလွန်ဝေးကွာတဲ့နေရာက ခုနစ်ရောင်ခြယ်ရေအိုင်မှာ ရှိနေတဲ့ ဟန်ကျွယ်ဟာ ကြားလိုက်ရပါတယ်။ ဟန်ဟွမ်ရဲ့ စွမ်းဆောင်ရည်က တကယ်ကို မဆိုးပါဘူး။ အဆုံးမဲ့ ပုံရိပ်ယောင်ထဲ ဆွဲသွင်းခံရတာတောင် အလိုလိုသိစိတ်ကို မှီခိုပြီး ရန်သူကို သတ်နိုင်တယ် မဟုတ်ပါလား။

မကြာခင်မှာပဲ ဟန်ဟွမ်ဟာ နတ်ထူးဆန်းရဲ့ ဆန်းကြယ်စွမ်းအားကနေ လွတ်မြောက်ပြီး နတ်ထူးဆန်းနဲ့ ထပ်တိုက်ပါတယ်။

သူတို့နှစ်ယောက်ဟာ လောလောဆယ်မှာတော့ လက်ရည်မျှနေကြပါတယ်။ ဘယ်သူမှ အသာစီး မရကြပါဘူး။

တခြားတစ်ဖက်မှာတော့ မဟာတာအိုပညာရှိတွေနဲ့ မဟာတာအိုပညာရှိချုပ်တွေဟာ အထွတ်အထိပ် နိယာမအတွက် ထပ်တိုက်ခိုက်ကြပါတယ်။

ဟန်ဟွမ် မပါတဲ့အတွက် သူတို့ အောင်မြင်ဖို့ အခွင့်အရေးက ပိုကြီးသွားပါတယ်။

ဟန်ဟွမ်ဟာ သူ့အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပါတယ်။ နတ်ထူးဆန်းက စွမ်းအားကြီးပေမဲ့ ဟန်ဟွမ်ကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး။ အန္တိမမူလစွမ်းအားကြောင့် တာအိုဖန်တီးရှင်အောက်မှာ ဟန်ဟွမ်ကို ဘယ်သူမှ အနိုင်ယူနိုင်မှာ မဟုတ်ပါဘူး။

နတ်ထူးဆန်းရဲ့ စွမ်းအားက မကြာခင် ကုန်သွားတော့မှာပါ။ ဒါပေမဲ့ ဒါကို တခြားလူတွေကို မမြင်နိုင်ကြပါဘူး။

ဟန်ကျွယ်ဟာ အကြည့်ကို ပြန်ရုပ်သိမ်းပြီးနောက် ချန်ယွီနဲ့ နတ်မိမယ်ရှီရွှမ်တို့ကို ထပ်ပြီးတော့ အဖော်ပြုပါတယ်။ ခုနစ်ရောင်ခြယ်ရေအိုင်ထဲမှာ သဘာဝ ရတနာတွေ အများကြီး ရှိနေပါတယ်။

အထူးသဖြင့် ရေအိုင်ရဲ့ အောက်ခြေမှာပါ။ သဘာဝ ရတနာတွေကနေ ဖြစ်တည်လာတဲ့ ဆန်းပြားတဲ့ တောအုပ်တစ်အုပ် ရှိနေပါတယ်။ သက်ရှိအများကြီးဟာ ဒီနေရာမှာ နေထိုင်ကြပါတယ်။ အများစုကတော့ အသွင်ပြောင်းပြီးပါပြီ။

သူတို့ရဲ့ တာဝန်က သဘာဝ ရတနာတွေကို ကာကွယ်ဖို့ပါ။ သူတို့ကိုတော့ ရေအိုင် အပြင်ဘက်မှာရှိတဲ့ စွမ်းအားကြီး တည်ရှိမှုတွေက ကာကွယ်ပေးပါတယ်။ နောက်ဆုံးမှာတော့ သဘာဝ ရတနာတွေက စွမ်းအားကြီး တည်ရှိမှုတွေရဲ့ လက်ထဲပဲ ရောက်သွားပါတယ်။

လေးငါးဆယ်နာရီ နေပြီးတဲ့နောက်မှာတော့ နတ်မိမယ်ရှီရွှမ်နဲ့ ချန်ယွီအာဟာ ရွှေကြာပန်းတစ်ပွင့်စီ ခူးယူလိုက်ပါတယ်။ ဒီကြာပန်းမှာ ကြီးမားတဲ့ ကံတရား အထောက်အပံ့ ရှိတာကြောင့် ဒီရတနာကို ရရှိလိုက်တာက သူတို့ရဲ့ ကံတရား အထောက်အပံ့ကို တိုးစေနိုင်ပါတယ်။

ကံတရား အထောက်အပံ့က လျှို့ဝှက်ဆန်းကြယ်ပြီး နက်နဲပါတယ်။ ကံတရားလိုပဲ ဉာဏ်မမီလောက်အောင် နက်နဲပါတယ်။ သေမျိုးတွေအတွက်တော့ ကံတရား အထောက်အပံ့က ကံကောင်းမှုတစ်ခုပါ။

ဟန်ကျွယ်ဟာ သူတို့သုံးယောက်စလုံး ရေအိုင်ထဲက ထွက်ခွာသွားတဲ့အခါ ခုနစ်ရောင်ခြယ် ရေအိုင်ထဲက သက်ရှိတွေအပေါ်မှာ သုံးထားတဲ့ ပုံရိပ်ယောင်ကို ပြန်ဖယ်ရှားလိုက်ပါတယ်။

နောက်နှစ် သုံးလေးထောင်အတွင်း ဟန်ကျွယ်တို့ သုံးယောက်ဟာ ရှီထျန်အနှံ့ ခရီးနှင်ပြီး ရှီထျန်ရဲ့ အံ့ဖွယ်တွေကို ကြည့်ရှုခံစားပါတယ်။

အထွတ်အထိပ် နိယာမအတွက် တိုက်ပွဲကတော့ ဆက်ဖြစ်ပွားပါတယ်။ ဟန်ကျွယ်တို့ သုံးယောက် တောင်ထိပ်တစ်ရာအင်မော်တယ်မြစ်ဆီ ပြန်ရောက်တာတောင် မပြီးသေးပါဘူး။

ဒီအတောအတွင်း ဟန်ကျွယ်တို့ သုံးယောက်ရဲ့ ဆက်ဆံရေးဟာ နွေးထွေးသွားပါတယ်။ နတ်မိမယ်ရှီရွှမ်နဲ့ ချန်ယွီအာဟာလည်း ဟန်ကျွယ်ရဲ့ ဆိုလိုရင်းကို နားလည်တာကြောင့် စိတ်ကောင်းဝင်နေကြပါတယ်။

ဟန်ကျွယ်ဟာ အချိန်ယူပြီး ချန်ယွီအာကို အဖော်ပြုပေးပါတယ်။ ဒီလိုလုပ်ဖို့ နတ်မိမယ်ရှီရွှမ်က အကြံပေးတာပါ။ ဟန်ကျွယ်နဲ့ ချန်ယွီအာဟာ နှစ်သုံးလေးဆယ်ကြာအောင် အတူနေကြပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ နတ်မိမယ်ရှီရွှမ်ဆီကို ရောက်လာပါတယ်။ သူတို့နှစ်ယောက်ကြားမှာတော့ ဘာမှမဖြစ်ပါဘူး။ တာအိုပဲ ဆွေးနွေးကြပါတယ်။

“ငါ မဟာတာအိုရရင် နင်နဲ့ အတူနေပါ့မယ်” နတ်မိမယ်ရှီရွှမ်က ညင်သာစွာ ပြောလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ရတယ်၊ မင်းသဘောပဲ၊ ငါတို့တွေက သေမျိုးတွေမှ မဟုတ်တော့တာ၊ တစ်ဦးနဲ့ တစ်ဦး အဖော်ပြုပေးတာက ဘယ်လုပ်ဆောင်ချက်ထက်မဆို ပိုပြီးတော့ အရေးပါတယ်”

နတ်မိမယ်ရှီရွှမ်ဟာ ပြုံးလိုက်ပါတယ် “သိပ်မကြာတော့ပါဘူး၊ နင် နောက်တစ်ခါ ဂူအောင်းကျင့်ကြံရာက ထွက်လာရင် ငါ မဟာတာအိုပညာရှိ ဖြစ်ပါပြီ”

ဟန်ကျွယ်ဟာ ပြုံးပြီး ခေါင်းညိတ်လိုက်ပါတယ်။ အဲဒီနောက် အတန်ကြာအောင် စကားပြောပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ နတ်မိမယ်ရှီရွှမ်ဆီက ထွက်ခွာလာခဲ့ပါတယ်။

ဟန်ကျွယ်ဟာ တတိယ တာအိုစက်ကွင်းကို ပြန်ရောက်တာနဲ့ ချက်ချင်း ဂူအောင်းကျင့်ကြံပါတယ်။

ရှန်ဝေါ်ကတော့ အသွင်တူ လက်ရည်စမ်းပွဲကို စွဲစွဲလမ်းလမ်း ဖြစ်နေတုန်းပါ။

ရှန်ဝေါ်ရဲ့ ပြိုင်ဘက်တွေ အကုန်လုံးက တာအိုပညာရှိအဆင့်ချည်းပါပဲ။ ရှန်ဝေါ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲက လောကဦးပဋိပက္ခ တာအိုပညာရှိတွေကို တစ်ခါတည်း စိန်ခေါ်ပြီး နည်းမျိုးစုံနဲ့ အနိုင်ကျင့်ပါတယ်။ သူ့မျက်နှာကလည်း ပြုံးပျော်နေပါတယ်။

ရှန်ဝေါ်ဟာ ဟန်ကျွယ်က အသွင်တူ လက်ရည်စမ်းပွဲရဲ့ တိုက်ပွဲတွေကို ထောက်လှမ်းနိုင်တယ်ဆိုတာ မသိပါဘူး။ မဟုတ်ရင် ဒီလိုမျိုး လုပ်ရဲမှာ မဟုတ်ပါဘူး။

ဟန်ကျွယ်ကလည်း ရှန်ဝေါ်ရဲ့ အပျော်တွေကို မဖျက်ဆီးဘဲ လွှတ်ထားလိုက်ပါတယ်။

နှစ်သောင်းချီကြာတဲ့အခါမှာတော့ ရှီထျန်ရဲ့ ဝရုန်းသုန်းကား တိုက်ပွဲဟာ ပြီးဆုံးသွားပါတယ်။

ဟန်ဟွမ်ဟာ အထွတ်အထိပ် နိယာမကို ရရှိသွားပြီး သူ့နာမည်က ရှီထျန်တစ်ခုလုံးကို တုန်လှုပ်သွားစေပါတယ်။ ဒီတစ်ကြိမ်မှာ ဟန်ဟွမ်ဟာ သက်ရှိအကုန်လုံးကို အနိုင်ယူလိုက်တာပါ။ ထိပ်တန်းပါရမီရှင်လို့ ခံယူထားကြတဲ့ လူတွေလည်း အရှုံးကို လက်ခံပြီး ဟန်ဟွမ်ကို ထပ်မနှောင့်ယှက်ကြတော့ပါဘူး။

ဟန်ဟွမ်ဟာ အထွတ်အထိပ် နိယာမနှစ်ပါးကို လက်ထဲမှာ ကိုင်ထားပါတယ်။ တစ်ခုက ပဋိပက္ခဖြစ်ပြီး ကျန်တစ်ခုက ရှီထျန်ကပါ။

ဟန်ဟွမ်ရဲ့ ရောင်ဝါကလည်း ထိပ်ဆုံးကို ရောက်ရှိသွားပါတယ်။ ပဋိပက္ခနဲ့ ရှီထျန် နှစ်ခုစလုံး ဒါကို အာရုံခံစားနိုင်ပါတယ်။ ဟန်ဟွမ်ကလည်း သက်ရှိအားလုံး မသိမှာစိုးတဲ့အတွက် ပေါ်တင်ကြွားတာပါ။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters