လျှို့ဝှက်ဆန်းကြယ် အရိပ်နက်
Vol. 100 Ch. 1046
အနန္တကမ္ဘာရဲ့ မှောင်မိုက်တဲ့ ဟင်းလင်းပြင်မှာ မြောက်မြားလှစွာသော ပုံရိပ်ယောင်တွေဟာ ပန်းပွင့်လို ဖူးပွင့်လာပါတယ်။ ဒီပုံရိပ်ယောင်တွေဟာ ဘာမှမရှိဘဲ ကြီးထွားလာပြီး မီးရှူးမီးပန်းလို ပျောက်ကွယ်သွားကြပါတယ်။
ဟန်ဟွမ်ဟာ ဒီကြားထဲမှာ ရှိနေပါတယ်။ မတူကွဲပြားတဲ့ သက်တန့်ရောင်နှစ်ရောင်ဟာ ဟန်ဟွမ်ရဲ့ ခန္ဓာကိုယ်ကို ဝိညာဉ်နှစ်ပါးလိုမျိုး လွှမ်းခြုံထားပါတယ်။
ဟန်ဟွမ်ဟာ ဖြည်းဖြည်းချင်း မျက်လုံးဖွင့်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။
“ဘာလို့ ပေါင်းစပ်လို့ မရတာလဲ” ဟန်ဟွမ်ဟာ တစ်ကိုယ်တည်း ရေရွတ်ပြီး စိတ်ထဲမှာ သံသယတွေ ပြည့်နှက်သွားပါတယ်။
ဟန်ဟွမ်ဟာ အထွတ်အထိပ် နိယာမတွေက သဟဇာတ မဖြစ်ဘူးဆိုတာကို မယုံပါဘူး။ သင့်လျော်တဲ့ နည်းလမ်းကို ရှာမတွေ့သေးဘူးလို့ပဲ ခံယူထားပါတယ်။ သူ့ကျင့်ကြံမှုက ဆက်ပြီးတော့ မတိုးတဲ့အတွက် ဟန်ဟွမ်ဟာ တခြားနည်းလမ်းကိုပဲ ရှာဖွေရပါတယ်။
ဟန်ဟွမ်ဟာ သူ့ဝိညာဉ်နက်ထဲမှာ ကိုယ်ပိုင်ကမ္ဘာကို တည်ဆောက်ပြီးပါပြီ။ ဒါပေမဲ့ ဒီကမ္ဘာ မဟာတာအိုကမ္ဘာ ဖြစ်လာဖို့က အချိန်အများကြီး ကြာဦးမှာပါ။ ကြာလွန်းလို့ ဟန်ဟွမ်ဟာ မဖြစ်နိုင်ဘူးလို့တောင် ခံစားရပါတယ်။
သူ့ဝိညာဉ်နက်ထဲက ကမ္ဘာ ရှီထျန်နဲ့ ပဋိပက္ခ အရွယ်အစားအထိ ကြီးပြင်းလာဖို့က သမုဒ္ဒရာတွေ ခမ်းခြောက်တာလောက် မရိုးရှင်းပါဘူး။
ဟန်ဟွမ်ဟာ သူ့သွေးစည်းထဲမှာ ပုန်းအောင်းနေတဲ့ လျှို့ဝှက်ဆန်းကြယ် စွမ်းအားကို တွေးမိလိုက်ပါတယ် ‘ငါ ဒီစွမ်းအားကို အမှီပြုပြီး အထွတ်အထိပ် နိယာမနှစ်ပါးကို ပေါင်းစပ်ကြည့်ရင်ရော...’
ဟန်ဟွမ်ဟာ ချက်ချင်းပဲ ကြိုးစားကြည့်ပါတယ်။ ဟန်ဟွမ် အန္တိမမူလစွမ်းအားကို သုံးလိုက်တာနဲ့ အထွတ်အထိပ် နိယာမနှစ်ပါးဟာ စပြီးတော့ ပေါင်းစပ်လာပါတယ်။ ပေါင်းစပ်တဲ့ ဖြစ်စဉ်က အတော်လေး နှေးကွေးတယ်ဆိုပေမဲ့ ပေါင်းစပ်တာက အမှန်ပါ။
‘တကယ်ကို ငါ မသိမ်းပိုက်နိုင်တဲ့အရာ မရှိဘူးပဲ’ ဟန်ဟွမ်ဟာ ပြုံးလိုက်ပြီး အထွတ်အထိပ် နိယာမနှစ်ပါး ပေါင်းစပ်တဲ့ ဖြစ်စဉ်ကို ဝမ်းသာအားရ ခံစားပါတယ်။
ဒါပေမဲ့ ဒီအချိန်မှာပဲ အန္တိမမူလစွမ်းအားက ရုတ်တရပ် ရပ်တန့်သွားတာကြောင့် ဟန်ဟွမ် မှင်တက်သွားပါတယ်။ ဟန်ဟွမ် ဘယ်လိုပဲ ကြိုးစားကြိုးစား အန္တိမမူလစွမ်းအားကို ဆက်ပြီးတော့ မဆင့်ခေါ်နိုင်တော့ပါဘူး။
ဒီခံစားချက်က တော်တော်လေး နေရထိုင်ရ ခက်လှပါတယ်။
ဟန်ဟွမ်ဟာ ထိတ်လန့်သွားပါတယ် ‘ဒီစွမ်းအားကို အထွတ်အထိပ် နိယာမက ဝါးမျိုသွားတာလား...’
‘မဖြစ်နိုင်ဘူး... ဒီစွမ်းအားက ပြိုင်ဘက်ကင်းတယ်’
ဟန်ဟွမ်ဟာ စိတ်ငြိမ်ငြိမ်ထားပြီး ဆက်ကြိုးစားကြည့်ပါတယ်။
နှစ်သုံးလေးရာ ကြာတဲ့အခါမှာတော့ ဟန်ဟွမ်ဟာ လျှို့ဝှက်ဆန်းကြယ် စွမ်းအားကို ထပ်ပြီးတော့ အာရုံခံမိလိုက်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဟန်ဟွမ် အထွတ်အထိပ် နိယာမတွေကို ပေါင်းစပ်တဲ့အခါ လျှို့ဝှက်ဆန်းကြယ် စွမ်းအားက ပျောက်မသွားတော့ပါဘူး။
ဟန်ဟွမ်ဟာ စိတ်သက်သာရာ ရသွားသလို တစ်ချိန်တည်းမှာလည်း တစ်စုံတစ်ခုကို နားလည်လိုက်ပါတယ်။
‘ငါ ဒီစွမ်းအားကို မထိန်းချုပ်နိုင်တာနဲ့ဘဲ စိတ်လွတ်ကိုယ်လွတ် ဖြစ်လို့ မဖြစ်ဘူး၊ မဟုတ်ရင် နောက်ကျလို့ သေရေးရှင်ရေး တိုက်ပွဲမှာ ဒီစွမ်းအား ရုတ်တရက် ပျောက်ကွယ်သွားတာနဲ့ ငါ သေလိမ့်မယ်’
ဟန်ဟွမ်ဟာ တုန်လှုပ်ချောက်ချားမှုကို ရုတ်တရက် ခံစားလိုက်ရပါတယ်။
‘ဒီစွမ်းအားက ထောင်ချောက်များလား...’
‘ဒါက ငါ့ကို မောက်မာလာအောင်လုပ်ပြီး သူ့အပေါ် မှီခိုလာအောင် လုပ်တာ၊ ငါ အရေးတကြီး လိုအပ်လာတဲ့ အချိန်ကျမှ သစ္စာဖောက်ချင်တာ ဖြစ်နိုင်တယ်’
ဒီဖြစ်နိုင်ခြေက မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။
ဟန်ဟွမ်ဟာ ဖြစ်နိုင်ခြေ မြောက်မြားစွာကို တွေးမိလိုက်ပါတယ်။ ရန်သူ့ရဲ့ ထောင်ချောက်၊ သူ့အဖေရဲ့ မျက်နှာသာပေးမှု အစရှိသဖြင့်ပေါ့။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ဟန်ဟွမ်ဟာ ဒီစွမ်းအားကို နောက်ကျရင် အလွယ်တကူ အသုံးမပြုဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။
သူ လုံးဝ မထိန်းချုပ်နိုင်ခင် အထိပေါ့။
.....
[သင်သည် အသက် သန်း ၉၀ ပြည့်ပြီ ဖြစ်သောကြောင့် သင့်ဘဝတွင် နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းလိုက်ပါပြီ။ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]
[၁။ ဂူအောင်းကျင့်ကြံရာမှထွက်၍ အန္တိမမူလကမ္ဘာ အခြားမဟာတာအိုကမ္ဘာများကို ဝါးမျိုနိုင်အောင် ကူညီပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ လောကဦး အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် စနစ်၏ လုပ်ဆောင်ချက်တစ်ချက်အား အဆင့်မြှင့်တင်ရန် အခွင့်အရေး တစ်ကြိမ် ရရှိမည်။]
[၂။ မူလရည်ရွယ်ချက်အတိုင်း သိုသိုသိပ်သိပ် ဆက်ကျင့်ကြံပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ လောကဦး အပိုင်းအစ တစ်စနှင့် ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးအား ရရှိမည်။]
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး နံပါတ်နှစ်ကို တိတ်တဆိတ် ရွေးချယ်လိုက်ပါတယ်။
စနစ်ရဲ့ လုပ်ဆောင်ချက်ကို အဆင့်မြှင့်နိုင်တဲ့ အခွင့်အရေးက တန်ဖိုးရှိပေမဲ့ ပြဿနာအများကြီးကိုလည်း ဆွဲခေါ်လာမှာပါ။ လောလောဆယ်မှာ ဟန်ကျွယ်ဟာ ရန်သူ မလိုချင်သေးပါဘူး။
နှစ်သန်းဆယ်ချီ ကျင့်ကြံအားထုတ်ပြီးနောက် ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုဟာ ထပ်တိုးသွားပါတယ်။ အန္တိမမူလ နတ်ဘီလူးအပေါ် နားလည်မှုလည်း သိမ်မွေ့နက်နဲသွားပါတယ်။ ဟန်ကျွယ်ရဲ့ စိတ်ထဲမှာလည်း အန္တိမမူလကမ္ဘာက ဆက်တိုက် ကျယ်ပြန့်နေတာကလွဲရင် ပိုပိုပြီးတော့ ပြီးပြည့်စုံလာပါတယ်။
ဟန်ကျွယ်ဟာ ပဋိပက္ခကို အကဲခတ်လိုက်တဲ့အခါ ပဋိပက္ခကလည်း ပိုပြီး အင်အားကြီးလာတာကို ရှာတွေ့သွားပါတယ်။
သာလွန်၊ သိစိတ်မဲ့၊ ရှီထျန် စတဲ့ မဟာတာအိုကမ္ဘာတွေရဲ့ ကူညီမှုကြောင့် ပဋိပက္ခရဲ့ တိုးတက်မှုနှုန်းဟာ အရင်ကထက် အများကြီး ပိုမြန်လာတာ ဖြစ်ပါတယ်။ ပဋိပက္ခကို ကြည့်ရုံနဲ့ နဝမပဋိပက္ခရဲ့ အခြေအနေကို ပြောနိုင်ပါတယ်။
ဟန်ကျွယ်ဟာ ရှန်ဝေါ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်က တာအိုဘုံကျောင်းဆီ သွားပါတယ်။ အဲဒီနောက် ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး နဝမပဋိပက္ခကို ကျိန်စာတိုက်ပါတယ်။
ဟန်ကျွယ်ဟာ သူကျိန်စာတိုက်တာကို ဘယ်သူမှ အသိမခံပါဘူး။ သူ့မိန်းမနဲ့ ကလေးတွေကိုလည်း အသိမခံပါဘူး။ ရှန်ဝေါ်နားမှာ ကျိန်စာမတိုက်တာကလည်း ရှန်ဝေါ်က မူလကျိန်စာကြယ် ဖြစ်နေတာကြောင့်ပါ။
ရင်းနှီးတဲ့ ထိတွေ့မှုက ဟန်ကျွယ်ကို ပြုံးသွားစေပါတယ်။
‘ဟင်း... ငါက တာအိုဖန်တီးရှင် ဖြစ်တာတောင် ရက်စက်တုန်းပါပဲလား...’
ကျိန်စာတိုက်တာက အရှက်မရှိဘူးဆိုပေမဲ့ စိတ်ကိုတော့ တကယ် ကျေနပ်စေပါတယ်။
ဟန်ကျွယ်ဟာ သူ့ရဲ့ ကိုယ်ရေးအကျဉ်းကို စစ်ဆေးပြီးတာနဲ့ အစွမ်းကုန် ကျိန်စာ စတိုက်ပါတယ်။ ဟန်ကျွယ်ဟာ သူ့သက်တမ်းကို ဆက်ပြီးတော့ ဂရုစိုက်စရာ မလိုတော့ပေမဲ့ လွန်လွန်ကျွံကျွံ သုံးစွဲမိမှာစိုးတဲ့အတွက် သတိကြီးကြီး ထားနေတုန်းပါ။
ဘယ်လောက်ပဲ ပေါပေါ လွန်လွန်ကျွံကျွံသုံးရင် တစ်နေ့ ကုန်သွားမှာပါ။
ငါးရက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ သက်တမ်းဟာ လျင်မြန်စွာ လျော့ကျသွားပါတယ်။
နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးသွားပါတယ်။ ဟန်ကျွယ်ဟာ နဝမပဋိပက္ခရဲ့ တာအိုနှလုံးသား ဖရိုဖရဲဖြစ်တာနဲ့ ကျိန်စာတိုက်တာကို ရပ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ နဝမပဋိပက္ခရဲ့ ကျင့်ကြံမှုကို နှောင့်နှေးစေချင်ရုံပါ။ သေအောင် ကျိန်စာတိုက်ချင်တာ မဟုတ်ပါဘူး။
နဝမပဋိပက္ခ သေသွားရင် ပဋိပက္ခနဲ့ ကောင်းကင်တာအိုထဲမှာရှိတဲ့ သက်ရှိအကုန်လုံး သေဆုံးသွားမှာပါ။ ဒါကြောင့် ဟန်ကျွယ်ဟာ နဝမပဋိပက္ခကို သေအောင် ကျိန်စာမတိုက်တာပါ။ ဟန်ကျွယ်ဟာ ငြိမ်းချမ်းရေးကို မြတ်နိုးပါသေးတယ်။
ဟန်ကျွယ်ဟာ ပြိုင်ဘက်ကင်းသွားရင် သက်ရှိအားလုံးကိုရော တခြားကျင့်ကြံသူတွေကိုရော ဖိနှိပ်မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ပြန်သိမ်းပြီး တတိယ တာအိုစက်ကွင်းဆီ ပြန်ပါတယ်။
ရှန်ဝေါ်ဟာ ကျင့်ကြံရာက နိုးနေပြီး ဆက်ပြီးတော့ မကျင့်ကြံပါဘူး။ ရှန်ဝေါ်ဟာ ဟန်ကျွယ်ကို တွေ့တာနဲ့ ချက်ချင်း မတ်တတ်ရပ်ပြီး မေးလိုက်ပါတယ် “ကနဦးဘိုးဘေး... ဘိုးဘေး ဘယ်သွားတာလဲ”
“ဟမ်...” ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ်။
ရှန်ဝေါ်ဟာ တုန်လှုပ်ချောက်ချားသွားပြီး ချက်ချင်း ပြောလိုက်ပါတယ် “ကျွန်တော်က ကနဦးဘိုးဘေး ဘယ်သွားမှန်း မသိလို့ စိုးရိမ်သွားရုံပါ...”
‘ငါက တော်တော် မာနကြီးလာတာပဲ၊ ဘယ်လိုလုပ်ပြီး ကနဦးဘိုးဘေးကို မေးခွန်းထုတ်ရဲရတာလဲ’
“ငါ တပည့်တွေကို သွားကြည့်တာ၊ ငါ့မှာ ဒီလိုမျိုး တာအိုစက်ကွင်းတွေ အများကြီး ရှိတယ်၊ တပည့်တွေကလည်း မရေတွက်နိုင်ဘူး” ဟန်ကျွယ်ဟာ နေရာမှာထိုင်ရင်း သာမန်ကာလျှံကာ ပြောလိုက်ပါတယ်။
ရှန်ဝေါ်ဟာ ဟန်ကျွယ်ကို နက်နက်ရှိုင်းရှိုင်း ကြည်ညိုလေးစားသွားပါတယ်။
“ကနဦးဘိုးဘေး... ကျွန်တော် ကျိန်စာကို လေ့လာနေတုန်း ကြောက်စရာကောင်းတဲ့ လူတစ်ယောက်ကို ရှာတွေ့ခဲ့တယ်၊ အမှောင်သခင်ကြီးက ကံတရားရဲ့ အဆုံးသတ်မှာ ဖြစ်ဖို့များတယ်၊ အရမ်းကြောက်ဖို့ကောင်းတယ်၊ သူ့နောက်ကျောကို ကြည့်ရုံနဲ့ ကျွန်တော် တုန်လှုပ်ချောက်ချားပြီး ဒူးထောက်ချင်စိတ် ပေါက်သွားတယ်”
ရှန်ဝေါ်ရဲ့ စကားကြောင့် ဟန်ကျွယ်ဟာ စပ်စုလိုက်ပါတယ် “အမှောင်သခင်ကြီးက ဘာနဲ့တူလဲ”
ရှန်ဝေါ်ဟာ လက်ဝှေ့ယမ်းပြီး သူမြင်ခဲ့တဲ့အရာကို ဖော်ပြပါတယ်။
ဟန်ကျွယ်ဟာ ပုံရိပ်ယောင်ထဲမှာ အရိပ်နက်တစ်ခု ပေါ်လာတာကို တွေ့လိုက်ရပါတယ်။ နေမင်းကြီးရဲ့ ရှေ့မှာ ရပ်နေသလိုမျိုး သူ့မျက်နှာကို မမြင်ရပါဘူး။ ဒါ့အပြင် သူ့ရုပ်သွင်ကလည်း ဝိုးတိုးဝါးတား နိုင်လွန်းပါတယ်။ ဒီအသွင်နဲ့ ဟန်ကျွယ်နဲ့ လားလားမှ မသက်ဆိုင်ပါဘူး။
ဟန်ကျွယ်ဟာ တွက်ချက်ကြည့်တဲ့အခါ တွက်ချက်လို့မရတာကို ရှာတွေ့သွားပါတယ်။ ဒီအဖြစ်ကြောင့် ဟန်ကျွယ်ဟာ စိတ်ဝင်စားသွားပါတယ်။
“ရှန်ဝေါ်မြင်ခဲ့တဲ့ အရိပ်နက်က ဘယ်သူလဲ”
[ကံတရားအား တွက်ချက်မရပါ။ တည်ရှိခြင်း ကင်းနိုင်သကဲ့သို့ အန္တိမတာအိုရတနာလည်း ဖြစ်နိုင်သည်။]
“ကြမ္မာဆိုးစာအုပ်က နောက်တစ်အုပ် ရှိသေးလား”
[ကံတရားအား တွက်ချက် မရပါ။]
ဟန်ကျွယ်ဟာ နည်းမျိုးစုံသုံးပြီး လှည့်ပတ်မေးပေမဲ့ ဘာအဖြေမှ မရပါဘူး။ ဒါက စိတ်ဝင်စားဖို့တော့ ကောင်းပါတယ်။
ဟန်ကျွယ်ဟာ နဝမပဋိပက္ခကိုတောင် တွက်ချက်နိုင်ပါတယ်။ ဒါကြောင့် အခုဟာက နဝမပဋိပက္ခထက် ပိုပြီး လျှို့ဝှက်ဆန်းကြယ်တယ်ဆိုတာ ကောက်ချက်ချလို့ရပါတယ်။
ဟန်ကျွယ်ဟာ စနစ်ကို ဘယ်သူက အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်လဲဆိုတာ ထပ်မေးလိုက်ပါတယ်။ သက်တမ်း ၁၀ ကွာဒလီယံ ကုန်ဆုံးပြီးတဲ့အခါမှာတော့ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်က နဝမပဋိပက္ခပဲ ဖြစ်နေသေးတာကို ဟန်ကျွယ် သိလိုက်ရပါတယ်။
‘ဒါဆိုရင် ဒီလူက အနာဂတ်က လာတာလား...’ ဟန်ကျွယ်ဟာ အတွေးနက်သွားပါတယ်။
ရှန်ဝေါ်ဟာ အဲဒီအချိန်တုန်းက သူခံစားခဲ့ရတာ ဖိအားကို ဥပမာပေးပြီး ပြောပါတယ်။
“အဲဒီလူက မင်းကို အာရုံမခံမိဘူးလား” ဟန်ကျွယ်က မေးလိုက်ပါတယ်။
ရှန်ဝေါ်က ခေါင်းခါလိုက်ပါတယ် “အာရုံမခံမိလောက်ဘူး၊ ကျွန်တော် သူ့ကို မြင်လိုက်ရတာနဲ့ ကြောက်လွန်းလို့ ကျွန်တော်ရဲ့ စိတ်ဆန္ဒကို အမြန်ပြန်ရုပ်လိုက်တယ်၊ ကျွန်တော် ထပ်ပြီး မကြည့်ရဲတော့ဘူး”
“ဘာမှမဖြစ်ဘူး၊ ဆက်ကျင့်ကြံချည်၊ ဒါက မင်းလျှောက်ရမဲ့ လမ်းပဲ”
တစ်ခုခုဖြစ်ရင် ဟန်ကျွယ်ဟာ အကြွင်းမဲ့ သန့်စင်ခြင်းနဲ့ ရှန်ဝေါ်ကို သန့်စင်ပစ်မှာပါ။ ဒါ့အပြင် ဟန်ကျွယ်ဟာ ရှန်ဝေါ်ရဲ့ ဝိညာဉ် တစ်ပိုင်းတစ်စကိုလည်း နှုတ်ယူပြီး သိမ်းထားပါတယ်။ မတော်တဆဖြစ်ခဲ့ရင် ပြန်ရှင်နိုင်အောင်ပါ။ ဒါကြောင့် ဘာမှစိုးရိမ်စရာ မရှိပါဘူး။
“ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ”
ရှန်ဝေါ်ဟာ ခေါင်းညိတ်လိုက်ပေမဲ့ ချီတုံချတုံ ဖြစ်ဆဲပါပဲ။
ဟန်ကျွယ်ကတော့ စာစောင်တွေကို စပြီးတော့ စစ်ဆေးလိုက်ပါတယ်။
ကနဦးဘိုးဘေးက သူ့ကို ဂရုမစိုက်တော့တဲ့အတွက် ရှန်ဝေါ်ဟာ ချက်ချင်းပဲ ပြောလိုက်ပါတယ် “ကနဦးဘိုးဘေး... ကျွန်တော် မဟာတာအို ရသွားပြီ”
မြန်မာပြည် ငြိမ်းချမ်းပါစေ။