အတုလား၊ အစစ်လား၊ သံသယများနှင့် မသင်္ကာမှုများ
Vol. 59 Ch. 786
နတ်ကောင်းကင်ခန်းမအတွင်း၌
အခြေအနေ တင်းမာနေသည်။
ဤနေရာသည် ယခင်က ချုံဧကရာဇ်ခေတ်၏ မြောက်ကောင်းကင်ဘုံ ဖြစ်ခဲ့ပြီး နတ်ကောင်းကင်ခန်းမက ဝန်မင်းများနှင့် ညီလာခံသဘင်ကျင်းပရာ နေရာဖြစ်၏။ ထို့ကြောင့် ပင်မခန်းမ၏အတွင်းပိုင်းမှာ ကျယ်ဝန်းချေသည်။
ယခုတွင် ဤပင်မခန်းအတွင်းတွင် အရွယ်အစားမျိုးစုံရှိသော နတ်ဘုရားများ ရောက်နေကြကာ ခန်းမထဲ၌ ဗျပ်စောင်းစွမ်းရည်ချင်း ပြိုင်ဆိုင်နေသည့် ‘အမျိုးသားနှင့် အမျိုးသမီး’ ဆီသို့ စိုးရိမ်ထိတ်လန့်စွာ ကြည့်နေကြသည်။ သူတို့၏ သံစဉ်လှိုင်းဂယက်များ သူတို့ထံ လာရောက်ထိမှန်မည်ကို ကြောက်ရွံ့နေကြ၏။
ဗျပ်စောင်းသံသည် ခန်းမထဲတွင် ငြိမ့်ညောင်းသာယာစွာ စီးမျောပျံ့လွင့်လျက် ရှိ၏။ တီးခတ်နေသူများက စာပေသမားတစ်ယောက်နှင့် ဇာမဏီနတ်မင်းချီရှားယွီ ဖြစ်သည်။ စာပေသမား၏အနောက်တွင် မြည်းတစ်ကောင် ရပ်နေပြီး ချီရှားယွီ၏အနောက်၌မူ ပုစွန်ဆီရောင် ယှက်သမ်းတောက်ပနေသော ဇာမဏီငှက်အမွှေးအတောင်သဏ္ဍာန် တိမ်တိုက်များ ပျံဝဲနေသည်။
တစ်ယောက်က အရှေ့၊ တစ်ယောက်က အနောက်၌ ဖြစ်ကာ မည်သူမျှ သူတို့အနားမရှိကြပေ။ သန်မာအားအကောင်းဆုံး နတ်ဘုရားတစ်ပိုင်းများပင်လျှင် သူတို့နှင့်ဝေးရာ၌ ရပ်နေကြသည်။
စာပေသမား၏ ဗျပ်စောင်းသံက အချုပ်အနှောင်ကင်းမဲ့လျက် လွတ်လပ်ပေါ့ပါးသည်။ ဗျပ်စောင်းသံစဉ်များက သူမကို လှည့်ပတ်ရစ်ဝဲနေပြီး စာပေသမားတွင် လက်ပွားများစွာ ပေါက်နေသကဲ့သို့ ထင်ရသည်။ နိမ့်ချည်မြင့်ချည် လှုပ်ရှားနေသော သူမ၏လက်ချောင်းများနှင့်အတူ ရင်သပ်ရှုမောဖွယ် လက်ဟန်နည်းစနစ်များကို မြင်ရ၏။ အဟန့်အထည်၊ တီးခတ်နေသောပုံစံ... နှစ်မျိုးစလုံး၌ သူမသည် ပြီးပြည့်စုံပြီး ဟာကွက်မရှိတော့ပေ။
အခြားတစ်ဖက်တွင် ချီရှားယွီသည် ဣန္ဒြေသိက္ခာအပြည့်ဖြင့် တည်ငြိမ်လေးနက်၏။ သူမတွင် စာပေသမားကဲ့သို့ လက်ဟန်နည်းစနစ်များစွာ မရှိပေ။ သူမ၏ဗျပ်စောင်းက ရိုးရှင်းသည်။ သို့တိုင်အောင် အဆုံးမဲ့သော ခံစားချက်များ ပြည့်နှက်နေ၏။
စာပေသမား၏ နည်းစနစ်များက ပြိုင်ဘက်ကင်းသောကြောင့် ချီရှားယွီပင် သူမကို မယှဉ်နိုင်ပေ။ အဟန့်အထည်ပိုင်းတွင် ချီရှားယွီအနေဖြင့် အပြည့်စုံဆုံး ဥပမာမဟုတ်သော်လည်း ခံစားချက်အရာတွင် စာပေသမားထက် သာ၏။ စာပေသမား၏ ဗျပ်စောင်းသံတွင် ခံစားချက်များ ကိန်းဝပ်နေပါသော်လည်း ချီရှားယွီကဲ့သို့ ရသစုံသော ခံစားချက်များ မရှိပေ။
သူတို့၏ဗျပ်စောင်းသံစဉ်နှစ်ခုက တစ်ခုနှင့်တစ်ခု တိုက်ခိုက်နေသဖြင့် နှစ်ယောက်အကြားရှိ နေရာဟင်းလင်းပြင်မှာ တဖြည်းဖြည်း တွန့်ခေါက်လာသည်။ တစ်ချက်တစ်ချက် ဆန့်တန်းသွားတတ်ပြီး တစ်ချက်တစ်ချက် အလွှာအထပ်ထပ် ဖွဲ့တည်လာတတ်၏။
နေရာဟင်းလင်းပြင်ထဲတွင် ဂီတသံစဉ်သင်္ကေတများ ကခုန်လွင့်မျောနေသည်ကို သာမန်မျက်စိဖြင့်ပင် မြင်ရလေသည်။
အချိန်ကြာလာသည့်အခါ စာပေသမား ဇာမဏီနတ်မင်းချီရှားယွီကို မယှဉ်နိုင်တော့။ သူမ၏ပညာရပ်လေးခုက တစ်လောကလုံးတွင် ပြိုင်ဘက်ကင်းသော အဆင့်သို့ ရောက်နေပြီဖြစ်သော်လည်း ခံစားချက်ကင်းမဲ့နေမှုက သူမကို နောက်တစ်ဆင့်မတက်နိုင်အောင် ဆွဲထားသည်။
ခိုင်ဧကရာဇ်ခေတ်၏ ကောင်းကင်ဆရာသခင်လေးပါစလုံးသည် ကျွမ်းကျင်သောနယ်ပယ်တွင် အောင်မြင်မှုကိုယ်စီ ရရှိထားကြ၏။ သို့သော် စာပေသမားအတွက် သူမ၏အကျင့်စရိုက်က ဟာကွက်ဖြစ်နေသည်။ ထို့ကြောင့် ချစ်ရဲ၊ မုန်းရဲ၊ ခံစားရဲသော ချီရှားယွီအောက် နိမ့်ကျနေသည်။
သူမ၏အားနည်းချက် သိသိသာသာ ပေါ်လွင်လာသည့်အချိန် မြည်းက မြည်းမိစ္ဆာဘုရင်တစ်ပါးအသွင် ပြောင်းလဲလိုက်သည်။ သူက ပါးစပ်ဟလျက် ကျယ်လောင်စွာ ဟီလိုက်၏။
စူးရှလှသော မြည်းဟီသံကြောင့် အမျိုးသမီးနှစ်ယောက်စလုံး၏ ဗျပ်စောင်းသံစဉ်များ ဖရိုဖရဲဖြစ်သွားကြသည်။
ခန်းမထဲရှိ နတ်ဘုရားတစ်ပိုင်းများဖြစ်စေ၊ နတ်ဘုရားများဖြစ်စေ၊ အားလုံး သူတို့နှစ်ယောက်ဆီသို့ ထိတ်လန့်ကြောက်ရွံ့စွာ ကြည့်နေကြရာမှ မြည်းကိုလည်း အနည်းငယ် ကြောက်လန့်သွားကြတော့သည်။
ဗျပ်စဉ်းတိုက်ပွဲက တီးခတ်သူနှစ်ယောက်အပေါ်သို့သာ ပစ်မှတ်ထား၍ တော်သေးသည်။ သူတို့ကိုသာ ပစ်မှတ်ထားခဲ့လျှင် ဤခန်းမအတွင်းရှိ အဆင့်မြင့်သိုင်းပညာရှင်အတော်များများ သေဆုံးသွားလိမ့်မည်။
သို့သော် မျက်နှာအမူအရာတစ်ချက် မပြောင်းသွားသော လူခြောက်ယောက်၊ ခုနစ်ယောက်ခန့်လည်း ကျန်သေးသည်။ သူတို့၏သိုင်းအဆင့်က မြင့်မားလွန်းသောကြောင့် စာပေသမားကိုသော်လည်းကောင်း၊ ချီရှားယွီကိုသော်လည်းကောင်း မကြောက်ကြပေ။
“ဟားဟားဟားဟား နောက်ဆုံးတော့ ငါ ရှုံးရသေးတာပါပဲ”
စာပေသမားသည် ဗျပ်စောင်းကို သိမ်း၍ ဇာမဏီနတ်မင်းချီရှားယွီဆီသို့ ဦးညွှတ်အရိုအသေပေးလိုက်၏။ “ဇာမဏီနတ်မင်းရဲ့ အစွမ်းအစတွေက ထူးခြားပါပေတယ်... နှစ်တွေအများကြီးကြာတာတောင် မင်းက ငါ့ထက် သာနေတုန်းပဲ”
“ကောင်းကင်ဆရာသခင်ကျစ်ချင်းက ယဉ်ကျေးလွန်းနေပါပြီ”
ချီရှားယွီကလည်း မတ်တပ်ရပ်၍ ပြန်နှုတ်ဆက်လိုက်သည်။ သူမ၏မျက်ဝန်းများမှာ လှုပ်ခတ်နေပြီး စာပေသမားကို ကြောက်လန့်နေ၏။ စာပေသမားနှင့် သူသေ၊ ကိုယ်သေ မတိုက်ခိုက်ချင်သောကြောင့် သူမက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “အမိကမ္ဘာမြေတောင် ပေါ်မလာသေးခင် ကျွန်မတို့ တိုက်ခိုက်ပြီးသွားပြီဆိုတော့ ကိုယ့်ကိုယ်ကို အရူးလုပ်နေသလို ဖြစ်မသွားဘူးလား”
စာပေသမား၏အကြည့်က အဆင့်မြင့်သိုင်းပညာရှင်များကို ဝေ့ဝဲကြည့်ရှုလိုက်သည်။ သူမက ပြုံးလျက် ပြောလေသည်။ “ပြင်ပကောင်းကင်နတ်ဘုံဆီက သံတမန်တွေ၊ ချုံဧကရာဇ်ဓားနတ်ဘုရား၊ အမိကမ္ဘာမြေရဲ့ လက်အောက်ငယ်သားတွေနဲ့ ဇာမဏီနတ်မင်း၊ ခိုင်ဧကရာဇ်ရဲ့ကောင်းကင်ဆရာသခင်... ကျုပ်တို့အားလုံး ဒီကို ရောက်လာကြတယ်... အန္တရာယ်တွေ ပြည့်နေတဲ့ လမ်းကို ဖြတ်ပြီး ခရီးနှင်လာခဲ့ရတာအောင် အိမ်ရှင်က ဒီမှာ မရှိနေဘူး... ဒါက ဘာသဘောများလဲ”
ဇာမဏီနတ်မင်းချီရှားယွီက ပြုံးလျက် ဝေ့ဝဲကြည့်ရှုလိုက်သည်။ “ဟုတ်တယ်... အမိကမ္ဘာမြေ သေဆုံးသွားတာ ကြာပြီဆိုတဲ့ ကောလဟာလတွေ ကျွန်မ ကြားဖူးတယ်... အခု သူက ကမ္ဘာဦးဘုံနဲ့အတူ ပြန်ပေါ်လာတဲ့အပြင် လက်အောက်ငယ်သားတွေကိုလည်း ဆင့်ခေါ်ခဲ့တယ်... ကျွန်မက ကောင်းကင်နတ်ဘုံရဲ့ ဇာမဏီနတ်မင်းဆိုပေမယ့် ငယ်ရွယ်စဉ်တုန်းက အမိကမ္ဘာမြေဆီမှာ အလုပ်အကျွေး ပြုခဲ့ဖူးပါတယ်... ဒါကြောင့် ကျွန်မ ဂါဝရပြုဖို့ ဒီကို လာခဲ့တာပဲ... အမိကမ္ဘာမြေကို မမြင်သေးတာတော့ စိတ်ပျက်မိပါတယ်”
ရုတ်တရက် သူမအကြည့်သည် ဓားတစ်လက်ကို ကျောနောက်တွင် လွယ်လျက် ရိုးရိုးရှင်းရှင်းသာ ဝတ်ဆင်ထားသော ပိုင်ချွီအာအပေါ် ရောက်သွား၏။ ပိုင်ချွီအာက သူမကို ပြန်ကြည့်နေသည်။
ချီရှားယွီ ရင်ထဲတွင် မလုံမလဲစိတ် ဖြစ်လာသဖြင့် အကြည့်လွှဲလိုက်ရာ နတ်ဓားမတစ်လက် လွယ်ထားသည့် လက်တစ်ဖက်ပြတ် လူတစ်ယောက်နှင့် အကြည့်ချင်း ဆုံသွားသည်။ သူက မဆိုစလောက် ခေါင်းညိတ်ပြသည်။
ချီရှားယွီလည်း ခေါင်းပြန်ညိတ်ပြပြီး တွေးလိုက်မိ၏။ ‘ကောင်းကင်ဓားမလော့လည်း ဒီရောက်နေပြီဆိုတော့ ကောင်းကင်နတ်ဘုံက တခြားအဆင့်မြင့်သိုင်းပညာရှင်တွေလည်း ရောက်နေပြီ.... အမိကမ္ဘာမြေက သေသွားပြီမဟုတ်လား... ကောင်းကင်နတ်ဘုံက အမိကမ္ဘာမြေရဲ့ နာမည်ကို အသုံးချပြီး အဆင့်မြင့်သိုင်းပညာရှင်တွေကို တစ်ခါတည်း မြှားထုတ်နိုင်အောင် ထောက်ချောက်ဆင်ထားတာများလား’
ခန်းမထဲ၌ လူကောင်း၊ လူဆိုးများ ရောနေသည်။ နတ်ဘုရားတစ်ပိုင်းများဖြစ်စေ၊ နတ်ဘုရားများဖြစ်စေ သူတို့အားလုံးတွင် ရည်ရွယ်ချက်ကိုယ်စီ ရှိကြ၏။
နတ်ဘုရားတစ်ပိုင်းများအကြားတွင် ကြောက်မက်ဖွယ်ရာ သိုင်းပညာရှင်များကိုပင် မြင်တွေ့ရသည်။ သူတို့၏အစွမ်းအစများက သူမအောက် နိမ့်ကျသော်လည်း အရေအတွက်က မနည်းပေ။ အကုန်လုံးနှင့် ရင်ဆိုင်ရန် ခက်၏။
ခန်းမအပြင်၌ စနစ်တကျ စီတန်းထားကြသော နတ်ဘုရားတစ်ပိုင်းများ မရေမတွက်နိုင်အောင် ရှိသည်။ သူတို့က အမိန့်အတွက် စောင့်စားနေသည့် စစ်သည်တော်များသဖွယ် နတ်ကောင်းကင်ခန်းမအပြင်တွင် ငြိမ်သက်စွာ ရပ်နေကြသည်။
ရုတ်တရက် ခန်းမ၏နောက်ကျောဘက်မှ အသံတစ်သံ ထွက်လာသည်။ “အားလုံးကို စောင့်ခိုင်းလိုက်ရတာ တောင်းပန်ပါတယ်... အမိကမ္ဘာမြေ မကြာခင် ရောက်လာတော့မှာပါ”
ခန်းမအတွင်းရှိ ထင်ရှားကျော်ကြားသော အဆင့်မြင့်သိုင်းပညာရှင်များ အသံလာရာဆီသို့ လှမ်းကြည့်လိုက်သည့်အခါ ခန်းဆီးလိုက်ကာနောက်မှ ထွက်လာသော မိန်းမငယ်လေးများကို မြင်လိုက်ရ၏။ သူတို့က မိန်းကလေးတစ်ယောက်ကို ခြံရံထားကြသည်။
ထိုမိန်းကလေးတွင် နူးညံ့သိမ်မွေ့သည့် အသွင်အပြင်နှင့် နှင်းဆီနီလေးလို နှုတ်ခမ်းဖူးဖူးလေး ရှိသည်။ သူ အခြွေအရံမိန်းကလေးများနှင့်အတူ ခန်းဆီးလိုက်ကာနောက်မှ စစချင်း ထွက်လာတုန်းက သူမ၏မျက်နှာတစ်ခြမ်းကိုသာ သူတို့ မြင်ရသည်။ သူမမျက်နှာလေး လှည့်လာသည့်အခါ အားလုံး ရင်ထဲတွင် လှုပ်ခတ်သွားကြပြီး ရေရွတ်မိလိုက်ကြ၏။ “လှလိုက်တာ”
မိန်းကလေး၏ခေါင်းနောက်တွင် ရောင်ခြည်တော်စက်ဝန်းတစ်ခု ကွန့်မြူးနေသည်။ သူမက အားလုံးကို နှုတ်ဆက်လေသည်။ “အဲဒီအချိန်တုန်းက ကျွန်မဆရာ အမိကမ္ဘာမြေ ဒဏ်ရာအပြင်းအထန် ရခဲ့တာနဲ့ ကမ္ဘာဦးဘုံကို ချိတ်ပိတ်ဖို့အပြင် ရွေးချယ်စရာမရှိခဲ့ဘူး... အခု ကမ္ဘာဦးဘုံ ပြန်ပေါ်လာပြီဆိုတော့ ကျွန်မဆရာက အင်အားတွေကို ပြန်စုစည်းပြီး ဦးပြန်မော့ဖို့ အားလုံးကို ဆင့်ခေါ်လိုက်တာပါ”
“ကျွန်မဆရာတဲ့လား... ဒီမိန်းကလေးက အမိကမ္ဘာမြေရဲ့ တပည့်လား” အားလုံး ရင်ထဲတွင် လှုပ်ရှားသွားကြသည်။
ချီရှားယွီက ထိုမိန်းကလေးကို ကြည့်၍ အပြုံးတစ်ခုဖြင့် ပြောသည်။ “ခဏလောက် စောင့်လိုက်ရလို့ အပန်းမကြီးပါဘူး... ဒါပေမဲ့ အမိကမ္ဘာမြေ တပည့်လက်ခံထားတာ တို့ ဘာလို့မသိလိုက်ပါလိမ့်... အမိကမ္ဘာမြေက ဘယ်တော့မှ တပည့်လက်မခံဘူး.... မြောက်ကောင်းကင်ဘုံရဲ့ ချုံဧကရာဇ်တွေကလည်း အလွန်ဆုံး သူ့သား၊ သူ့သမီးတွေလောက်ပဲ... မင်းက တပည့်ဆိုတော့ တို့ နည်းနည်းဇဝေဇဝါ ဖြစ်မိတယ်”
မိန်းကလေးက ပြုံးသည်ဆိုရုံသာ ပြုံးလိုက်၏။ “အမိကမ္ဘာမြေက အရင်တုန်းက တပည့်လက်မခံခဲ့ပေမယ့် ဒဏ်ရာအပြင်းအထန် ရခဲ့ပြီးတဲ့နောက်ပိုင်း ကျွန်မကို သူ့တပည့်အဖြစ် လက်ခံခဲ့တာပါ... ဇာမဏီနတ်မင်းက ကျွန်မဆရာရဲ့ ရထားလုံးကို ဆွဲပေးရတဲ့ အစေအပါးလေးပဲလေ.... ဘယ်သိပါ့မလဲ”
ချီရှားယွီ ဒေါသကို မြိုသိပ်၍ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “အမိကမ္ဘာမြေ ထွက်လာမှ ဒီကိစ္စကို ရှင်းတာပေါ့”
ပိုင်ချွီအာက နူးညံ့သိမ်မွေ့စွာ မေးလေသည်။ “အစ်မတော်၊ အမိကမ္ဘာမြေရဲ့ တပည့်ဖြစ်ကြောင်း ဘယ်လိုသက်သေပြမှာလဲ”
မိန်းကလေးက သူမဆီသို့ ကြည့်၍ ပြုံးလျက် ပြော၏။ “ကောင်းကင်ဘုံအတုရဲ့ ဓားနတ်ဘုရားပိုင်လည်း ရောက်နေတာကိုး... ကျွန်မခေါင်းအနောက်က ရောင်ခြည်တော်စက်ဝန်းက အမိကမ္ဘာမြေဆီက ကောင်းချီးပါ .... အို၊ နာ၊ သေဘေးက ကင်းလွတ်ပြီး ကြီးပွားတိုးတက်စေမယ့် ကောင်းချီးပေါ့... ဒါနဲ့ မလုံလောက်ဘူးလား”
ပိုင်ချွီအာ သူမ၏ခေါင်းအနောက်ရှိ ရောင်ခြည်တော်စက်ဝန်းကို ကြည့်လိုက်သော်လည်း အတုလား၊ အစစ်လား မပြောတတ်ပေ။
“ရောင်ခြည်စက်ဝန်းတစ်ခုတည်းနဲ့ အတုလား၊ အစစ်လား ဆုံးဖြတ်ဖို့ မလုံလောက်ဘူး”
ကောင်းကင်ဓားမလော့ဆီမှ စကားသံ ထွက်လာသည်။ “အမိကမ္ဘာမြေရဲ့ ကောင်းကင်နတ်သိုင်းတွေက ထူးခြားတယ်... သူက အရှုပ်ထွေးဆံး တာအိုနဲ့ သိုင်းကွက်တွေ ပိုင်ဆိုင်ထားတဲ့ ရှေးဟောင်းနတ်ဘုရားတွေထဲက တစ်ယောက်ပဲ... အရှင်မင်းကြီးတောင် အမိကမ္ဘာမြေကို လေးစားရတယ်... မင်း အမိကမ္ဘာမြေရဲ့ ကောင်းကင်နတ်သိုင်းတွေကို တတ်မြောက်ထားလား”
ထိုမိန်းကလေးက သူ့ကို ကြည့်ပြီး အပြုံးတစ်ခုဖြင့် ပြော၏။ “ကောင်းကင်ဘုံအတုရဲ့ လက်တစ်ဖက်ပြတ် ကောင်းကင်ဓားမလော့.... အမိကမ္ဘာမြေရဲ့ မဟာတာအို ၃၆ ခုမှာ ၃၆ လုံး ကျွန်မ တတ်မြောက်ထားတယ်”
စာပေသမားက ပြုံးလျက် ဝင်ပြောသည်။ “စကားလုံးတွေက သက်သေမဟုတ်ဘူး မိန်းကလေး”
“ကောင်းကင်ဘုံအတုရဲ့ ကောင်းကင်ဆရာသခင်ကျစ်ချင်း၊ ကျေးဇူးပြုပြီး စိတ်မရှည်မဖြစ်ပါနဲ့... ကျွန်မက အတုဖြစ်ဖြစ်၊ အစစ်ဖြစ်ဖြစ် ဘာအရေးလဲ... ခဏနေလို့ အမိကမ္ဘာမြေ ရောက်လာရင် အတုလား၊ အစစ်လား သိမသွားနိုင်ဘူးလား”
စာပေသမား၏ရင်ထဲတွင် လှုပ်ခတ်သွားတော့သည်။ ‘သူက ငါ့အကြောင်းတောင် သိတယ်လား... ငါက ခိုင်ဧကရာဇ်ခေတ်က လူတစ်ယောက်ပဲ... အဲဒီအချိန်တုန်းက အမိကမ္ဘာမြေက သေဆုံးနေပြီ... ကမ္ဘာဦးကောင်းကင်နတ်ဘုံလည်း ချိတ်ပိတ်ခံထားရပြီ... မဟာမြို့ပျက်ပဲ ကျန်တော့တာကို သူက ငါ့အကြောင်း ဘယ်လိုသိတာလဲ... သူ့အသက်ကြည့်ရတာလည်း သိပ်မကြီးသေးဘူး၊ သိုင်းအဆင့်လည်း မမြင့်မားဘူး... မကောင်းဆိုးဝါးအိုကြီးလည်း မဟုတ်တော့ ငါ့အကြောင်း မသိနိုင်ဘူး ... သူက တောင်ကောင်းကင်ဘုံ၊ ပြင်ပကောင်းကင်နတ်ဘုံနဲ့ ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံတို့ကို ကောင်းကင်ဘုံအတုတွေလို့ ပြောသွားတယ်... ဒါဆို အမိကမ္ဘာမြေဘက်က ချုံဧကရာဇ်ကောင်းကင်နတ်ဘုံဆီက များလား... အမိကမ္ဘာမြေက အသက်ရှင်နေသေးပြီး ခိုင်ဧကရာဇ်ခေတ်မှာ ဖြစ်ပျက်ခဲ့တာတွေကို မြေကြီးအောက်ကနေ တိတ်တဆိတ် စောင့်ကြည့်နေတာ ဖြစ်နိုင်မလား”
ရုတ်တရက် နဂါးခေါင်းနတ်ဘုရားတစ်ပိုင်းက အလေးအနက် ပြောသည်။ “ငါကိုယ်တိုင် အမိကမ္ဘာမြေ အသတ်ခံလိုက်ရတာ မြင်ခဲ့ရပြီးပြီး... သူ့ရုပ်ခန္ဓာက အပိုင်းပိုင်း ဖြတ်တောက်ခံလိုက်ရပြီး နှလုံးသားကို ဓား ထုတ်ချင်းဖောက်သွားခဲ့တာ... သူ အသက်ရှင်နေသေးတာ မဖြစ်နိုင်ဘူး... ပြီးတော့ မိန်းကလေး၊ အမိကမ္ဘာမြေအယောင်ဆောင်ပြီး ငါတို့ကို ဆင့်ခေါ်လိုက်တာက သေဒဏ်နဲ့ပဲ ချေလို့ရမယ့် ပြစ်မှုမြောက်တယ်”
မိန်းကလေးသည် သူ့ကို ကြည့်၍ လေးနက်တည်ကြည်စွာ ပြော၏။ “ရှေးဟောင်းနဂါးမင်းပါလား... အမိကမ္ဘာမြေက အတိုက်ခိုက်ခံခဲ့ရပြီး ဒဏ်ရာအပြင်းအထန် ရခဲ့ပေမယ့် ရှေးအကျဆုံး အထွတ်အမြတ်နတ်ဘုရားတစ်ပါးအနေနဲ့ ဘယ်လိုလုပ်ပြီး အဲဒီလောက် လွယ်လွယ်သေနိုင်မှာလဲ... ရှေးဟောင်းနဂါးမင်း၊ မြေအောက်ဘုံအရှင်သခင် ဒါမှမဟုတ် ကောင်းကင်နယ်စားမင်း သေသွားပြီလို့ စိတ်ကူးကြည့်နိုင်လား”
နဂါးခေါင်းနတ်ဘုရားတစ်ပိုင်းက တခဏ တွေးသွားသည်။ “မကြည့်နိုင်ဘူး... ဒါပေမဲ့ အမိကမ္ဘာမြေ သေသွားတာကို ငါကိုယ်တိုင် မြင်ခဲ့ရတာ....”
မိန်းကလေးက ပြုံးလိုက်သည်။ “ရှင့်မျက်လုံးနဲ့ မြင်ခဲ့ရတာက အမှန်ဟုတ်ချင်မှလည်း ဟုတ်မှာပေါ့... အမိကမ္ဘာမြေက အသက်ရှင်နေသေးတယ်... နှစ်ပေါင်းများစွာ အနားယူပြီးတဲ့နောက်မှာ သူ ဒဏ်ရာတွေကနေ သက်သာလာပြီး အားလုံးကို ဒီနေ့ ဆင့်ခေါ်နိုင်ခဲ့ပြီလေ... အမိကမ္ဘာမြေရဲ့ တပည့်၊ ကျွန်မကို မယုံချင်လို့ ရတယ်... ဒါပေမဲ့ အမိကမ္ဘာမြေရဲ့ ကိုယ်အစစ် ကိုယ်တိုင် ရောက်လာရင် ရှင်တို့ ယုံဖို့အပြင် တခြားရွေးစရာမရှိပါဘူး”
ဤအချိန်တွင် ခန်းမအပြင်မှ ရယ်သံ ထွက်လာသည်။ “အစ်မတော်က အမိကမ္ဘာမြေရဲ့ တပည့်ဟုတ်လား... ငါ့ဆရာ အမိကမ္ဘာမြေ တပည့်မတစ်ယောက် လက်ခံလိုက်တာ ငါက ဘာလို့မသိလိုက်တာပါလိမ့်”
အားလုံး နောက်လှည့်ကြည့်လိုက်ကြပြီး စာပေသမား ရင်ထဲ ဒိန်းခနဲ ခုန်သွား၏။ ‘ဒီကလေး ဒီကို ဘာအတွက် ရောက်လာတာတုန်း... ကောင်းကင်နဲ့မြေကြီးရဲ့ အတိမ်အနက်ကို သူ မသိဘူးပဲ’
သူမအနောက်ရှိ မြည်းက အံ့အားသင့်သွားသော အမူအရာဖြင့် ခပ်တိုးတိုး မေးလေသည်။ “ဟွီး ဟွီး”
စာပေသမား ခေါင်းညိတ်၍ ဒေါသကို မြိုသိပ်ထားရသည်။ “ဟွီး ... အဲဒါ သူ့အသံ... အဲဒီခွေးကောင်လေး အမိကမ္ဘာမြေရဲ့ တပည့်အယောင်ဆောင်ပြီး ဒီကို ဘယ်လိုသတ္တိနဲ့ ဝင်လာရဲတာလဲ”
ပိုင်ချွီအာမှာလည်း သူ့အသံကြားလျှင် တစ်ကိုယ်လုံး တောင့်တင်းသွားကာ မယုံနိုင်ဖြစ်သွားတော့သည်။ သူမက လှည့်လိုက်ပြီး ငေးငိုင်နေသော မျက်ဝန်းများဖြင့် ခန်းမအပြင်သို့ ကြည့်လိုက်၏။ “နင့်အသံ... နင့်အသံ ... ပြန်ပေါ်လာပြီ... ဒါ ထင်ယောင်မှားတာ မဟုတ်ဘူး...”
လက်တစ်ဖက်ပြတ် ကောင်းကင်ဓားမလော့၏အနောက်ရှိ ဓားအိမ်ထဲမှ ကောင်းကင်ဓားမသည် တဝှမ်ဝှမ် အော်မြည်ကာ အလွန်စိတ်လှုပ်ရှားနေ၏။
လော့ဝူရွှမ်လည်း ဣန္ဒြေမဆည်နိုင်လောက်အောင် စိတ်လှုပ်ရှားလာပြီး ခန်းမအပြင်သို့ လှမ်းကြည့်လိုက်သည်။ သူက တစ်ယောက်တည်း ကြိတ်ရယ်နေသည်။ “နှစ်ပေါင်းလေးသောင်း... နှစ်ပေါင်းလေးသောင်းလုံး ငါ မင်းကို စောင့်နေခဲ့ရတာကွ... မင့်အသံကို ငါ ဘယ်တော့မှ မေ့မရဘူး... ငါ့ဓားကို ဝင့်လိုက်တိုင်း မင့်ပုံရိပ်က ငါ့စိတ်ထဲမှာ ပေါ်လာတယ်... မင်းအသံကို ငါ့နားဘေးမှာ ကြားရတယ်”
နတ်ကောင်းကင်ခန်းမအရှေ့တွင် ချီလင်ခေါင်းနှင့် နတ်ဘုရားတစ်ပိုင်းသည် တောက်ပြောင်နေသော ကြိုးတစ်ချောင်းကို ဆွဲလျက် ဧရာမသတ္တဝါကြီးတစ်ကောင်ကို ခန်းမထဲသို့ ခေါ်လာ၏။
ထိုသတ္တဝါကြီးက အလွန်ခံ့ညားပြီး ရှိန်စဖွယ်ကောင်းသည့် အသွင်အပြင်ဖြင့် နဂါးတစ်ပိုင်း၊ ချီလင်တစ်ပိုင်း ဖြစ်ပေသည်။
နဂါးချီလင်၏ ခေါင်းကြီးအပေါ်တွင် အမျိုးသမီးတစ်ယောက်က သစ်သားဓားတစ်လက်ကို ကိုင်ထားသည်။ နေအလင်းတန်းများက သူမခန္ဓာကိုယ်ကို လှည့်ပတ်၍ ကွန့်မြူးနေပြီး နေရောင်တို့သည် ရောင်စုံဇာမဏီငှက်များ မီးတောက်မီးလျှံများဖြင့် ဝင့်ကြွားပျံဝဲနေယောင် ထင်ရ၏။
ခေါင်းအနောက်၌ တအိအိလှုပ်ရှားနေသော ရောင်ခြည်စက်ဝန်းတစ်ခုနှင့် အမျိုးသမီးတစ်ယောက်လည်း ရှိသည်။ ရောင်ခြည်စက်ဝန်းအထဲတွင် အပင်ပေါက်လေးတစ်ပင် ရှိနေပြီး သူမလက်ထဲတွင်မူ မြင်းမြီးယပ် ကိုင်ထားသည်။ သူမသည် အပြစ်ကင်းဖြူစင်သည့် အသွင်အပြင်နှင့် လူငယ်လေးတစ်ယောက်၏ ပခုံးပေါ် ခေါင်းတင်ထား၏။
လူငယ်က အနည်းငယ် ပျင်းရိုနေသကဲ့သို့ အကြည့်ဖြင့် ဧကရာဇ်ပလ္လင်အရှေ့ဆီ မိန်းကလေးဆီ ကြည့်သည်။ သူက ပြုံးနေသော်လည်း ပြုံးနေသည်နှင့် မတူပေ။ နဂါးချီလင်၏ ခေါင်းအပေါ်မှပင် ထ၍ မနှုတ်ဆက်ဘဲ ပြောသည်။ “အမှန်သာဆို ငါ မင်းကို အစ်မတော်လို့ ခေါ်သင့်ပေမယ့် အမိကမ္ဘာမြေက မင်းကို တပည့်အဖြစ် လက်မခံဖူးတာ သနားစရာပဲ... မင်းက ဘယ်သူလဲ”
နတ်ကောင်းကင်ခန်းမထဲ၌ ဆူဆူညံညံအသံများ ကျွက်ကျွက်စီသွားတော့သည်။
ရေချီလင်မှာ နတ်ဘုရားများကို မြင်လျှင် တုန်ရီလာသည်။ သူ့ခြေထောက်များမှာ ခွေကျတော့မလို ဖြစ်နေသော်လည်း သူက အားတင်း၍ နဂါးချီလင်ကို ဧကရာဇ်ပလ္လင်ဆီသို့ ဆွဲသွားသည်။ ‘ကောင်းကင်နတ်ဘုံ... ဒါက ချုံဧကရာဇ်ကောင်းကင်နတ်ဘုံ... ကောင်းကင်နတ်ဧကရာဇ် ထိုင်တော်မူတဲ့ ဧကရာဇ်ပလ္လင်က အရှေ့မှာ... ဧကရာဇ်ပလ္လင်အဆင့်ကို နီးနီးကပ်ကပ် မြင်ရတဲ့အထိ ငါ့ကံကောင်းမှုတွေ ဘယ်က ရောက်လာတာပါလိမ့်”
နဂါးချီလင်က သမ်းဝေရင်း ဝေ့ဝဲကြည့်ရှုနေသည်။ သူက လျှာထုတ်၍ နှုတ်ခမ်းပါးနား သပ်ပြီး ခက်ထန်ကြမ်းကြုတ်သောပုံစံ ဖမ်းနေ၏။ ‘ဒီမှာ အဆင့်မြင့်သိုင်းပညာရှင်တွေ အများကြီးပဲ... တစ်ယောက်ကတင် ငါ့ကို သေအောင် ရိုက်သတ်နိုင်တယ်... ဒါပေမဲ့ မိုးပြိုကျရင်တောင် ဂိုဏ်းသခင် ရှိပါသေးတယ်....’
ဧကရာဇ်ပလ္လင်အရှေ့ရှိ မိန်းကလေးမှာ အံ့အားသင့်နေပြီး မတုံ့ပြန်နိုင်သေးပေ။
နဂါးချီလင်က ဧကရာဇ်ပလ္လင်အရှေ့သို့ ရောက်လာကာ ရပ်လိုက်သည်။
ချင်မူ ထရပ်ပြီး မိန်းကလေးကို အပေါ်စီးမှ ငုံ့ကြည့်၏။ သူက အပြုံးမဟုတ်သော အပြုံးဖြင့် ပြောလိုက်သည်။ “အစ်မတော်၊ ဖြေရှင်းချက်လေး ပေးနိုင်မလား”
မိန်းကလေး၏ မျက်နှာပေါ်ရှိ အံ့အားသင့်နေသည့် အမူအရာသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူမက တခစ်ခစ် ရယ်လေသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းသခင်၊ ချင်မူ ချင်ဖုန်းကျင့် ... နင်က ဘယ်တုန်းက အမိကမ္ဘာမြေရဲ့ တပည့်ဖြစ်လာတာလဲ.. လိမ်ရင်လည်း ကြည့်လိမ်စမ်းပါ”
စာပေသမားက မြည်း၏ကျောပေါ်မှ အိတ်လေးတစ်အိတ် ဖြုတ်ယူလိုက်သည်။ ‘ကြည့်ရတာ ဒီကလေးကို ငါ ကယ်မှ ရတော့မယ်ထင်တယ်... အယောင်ဆောင်မယ်ဆိုလည်း ရုပ်တော့ ပြောင်းပါဟ... ဒီလိုဝင်လာတော့ ဘူးပေါ်သလို မပေါ်ဘဲ နေမလား’
“ငါက အတုပေါ့ ဟုတ်လား” ချင်မူ ကျယ်လောင်စွာ ရယ်မောလိုက်၏။
“နင်က အတုပဲ”
လော့ဝူရွှမ်၏အသံက တစ်လုံးချင်း ဟိန်းထွက်လာ၏။ “ချုံဧကရာဇ်ခေတ်က မိတ်ဆွေဟောင်းကြီး၊ မင့်ဓားနဲ့ လူငယ်တစ်ယောက်ရဲ့ လက်တစ်ဖက် ဖြတ်ပစ်ခဲ့တဲ့ ညကို မှတ်မိသေးလား”
ချင်မူက လှည့်ကြည့်ပြီး လော့ဝူရွှမ်ကို မြင်သွားသည်။ ထို့နောက် ဝိညာဉ်အစောင့်တပ်ဖွဲ့အတွင်းရှိ လူငယ်များဆီ ကြည့်လိုက်သည့်အခါ အားလုံး လက်တစ်ဖက်ပြတ်နေသော ယောက်ျားလေး၊ မိန်းကလေးများ ဖြစ်နေကြောင်း တွေ့လိုက်ရ၏။
သို့သော် ကျဲ့ဟွလီကိုလည်း မြင်လိုက်ရသဖြင့် ချင်မူ ရင်ထဲတွင် လေးလံသွားတော့သည်။ ‘ဖုရွေ့လော်၊ ခင်ဗျား ပုန်ကန်သေးတယ်ပေါ့လေ....’
သူ့အကြည့်က လော့ဝူရွှမ်ကို လျစ်လျူရှုထားပြီး လူအုပ်ကြားတွင် အဖော်မဲ့စွာ ရပ်နေသော မိန်းကလေးတစ်ယောက်ဆီ ရောက်သွားသည်။
နှစ်ယောက်သား အကြည့်ချင်းဆုံသွားသည်နှင့် ချင်မူ့ပတ်ဝန်းကျင်ရှိ အရာအားလုံး ပျောက်ကွယ်သွားသယောင် ထင်ရသည်။ နေထွက်မည့်အချိန်ကို စောင့်ရင်း ဤမိန်းကလေး၏ဘေးတွင် ရှိနေခဲ့သော ညသို့ ပြန်ရောက်သွားသည့်အလား ခံစားလိုက်ရ၏။
၎
င
၎
၎