← Chapters

တာအိုတစ်

Vol. 59 Ch. 790

တာအိုတစ်

Vol. 59 Ch. 790

‘သူပုန်တွေ၊ သစ္စာဖောက်တွေနဲ့ ရှုပ်နေတဲ့ ကောင်းကင်မဟာမိတ်အဖွဲ့တဲ့လား’ ချင်မူ ဇဝေဇဝါ တွေးနေမိသည်။

အမိကမ္ဘာမြေသည် ကောင်းကင်မဟာမိတ်အဖွဲ့က သူမကို လုပ်ကြံသတ်ဖြတ်ခဲ့‌သောကြောင့် မြေဝိညာဉ်ဖြင့် သစ်မြစ်များအထဲတွင် ပုန်းအောင်းနေခဲ့ရသည်ဟု ဆိုခဲ့၏။

အမိကမ္ဘာမြေက သတင်းနောက်တစ်ခုကိုလည်း ဖော်ပြသွားခဲ့သည်။ ယင်းက ကောင်းကင်မဟာမိတ်အဖွဲ့သည် သူမကို သတ်ဖြတ်ပြီးနောက် သူမ၏ကမ္ဘာဦးသစ်ပင်ကို ခုတ်ဖြတ်ခဲ့သည့်အကြောင်း ဖြစ်ပေသည်။

ဤသတင်းနှစ်ခုအရ ကောင်းကင်မဟာမိတ်အဖွဲ့၏ လက်ထဲသို့ ကမ္ဘာဦးသစ်ပင် ရောက်ရှိသွားခဲ့သည်ဟု ချင်မူ သုံးသပ်နိုင်ခဲ့သည်။ ‌ကောင်းကင်မဟာမိတ်အဖွဲ့အတွင်းရှိ အင်အားကြီးမားသော လူတစ်ယောက်က ဗြဟ္မဗုဒ္ဓ၏ အိမ်မက်လမ်းစဉ်မှတစ်ဆင့် အဆင့်မြှင့်ထားသည့် အဆန်းတကြယ်ကျင့်စဉ်ကို သုံးပြီး ကမ္ဘာဦးသစ်ပင်မှ အခြားအမိကမ္ဘာမြေကို မွေးဖွားစေခဲ့ခြင်းသာ ဖြစ်လိမ့်မည်။

သို့တိုင်အောင် ယန်ချီလင်းဟု ခေါ်သော မိန်းကလေးက ကောင်းကင်မဟာမိတ်အဖွဲ့မှ မဟုတ်ကြောင်း ပြောနေသည်။

သူမသည် ကောင်းကင်မဟာမိတ်အဖွဲ့မှ မဟုတ်လျှင် အခြားအမိကမ္ဘာမြေကို ကောင်းကင်မဟာမိတ်အဖွဲ့မှ ဖန်တီးထားခြင်း မဟုတ်နိုင်တော့‌‌ပေ။ အခြားတစ်ယောက်မှ ဖန်တီးထားခြင်း ဖြစ်သည်။

ဤကိစ္စက အလွန်ထူးဆန်းလာချေပြီ။

အမိကမ္ဘာမြေကို လုပ်ကြံခဲ့သူက ကောင်းကင်မဟာမိတ်အဖွဲ့ မဟုတ်ခြင်းလော...

သို့သော် အမိကမ္ဘာမြေက သူမကို သတ်ခဲ့သည့်လူအား အဘယ်သို့ပြု၍ အမှတ်မှားနိုင်မည်နည်း။

‘ဒါမှမဟုတ် ကောင်းကင်မဟာမိတ်အဖွဲ့ သူ့ကို သတ်လိုက်ပြီးတဲ့နောက်မှာ အခြားတစ်ယောက်က ‌ကမ္ဘာဦးသစ်ပင်ကို ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ လက်ထဲကနေ လုယူလိုက်တာများလား’ ချင်မူ နားမလည်နိုင်တော့ပေ။

ကောင်းကင်မဟာမိတ်အဖွဲ့သည် အမိကမ္ဘာမြေကိုပင် သတ်ပစ်နိုင်ခဲ့သည့်အတွက် သေချာပေါက် အင်အားကြီးမားလိမ့်မည်။ မည်သူက သူတို့ဆီမှ ကမ္ဘာဦးသစ်ပင်ကို လုယူနိုင်မည်နည်း။

‘ဒါပေမဲ့ ယန်ချီလင်းဆီတဲ့ ဒီမိန်းကလေးဆီကနေ သဲလွန်စတွေ ရှာလို့ရတယ်’

ချင်မူ တောင်ထွတ်ဆီသို့ မော့ကြည့်လိုက်သည်။ ယန်ချီလင်း အကောင်းဆုံးကောင်းကင်နတ်သိုင်းများကို ထုတ်ဖော်ပြသရွေ့ နောက်ကွယ်မှ ကြိုးကိုင်နေသူ၏ သဲလွန်စများ ကျန်ခဲ့လိမ့်မည်။

ယန်ချီလင်းက တောင်ထွတ်ပေါ်မှ လမ်းလျှောက်ဆင်းလာပြီး အပြုံးတစ်ခုဖြင့် ပြော၏။ “ဂိုဏ်းသခင်၊ ငါ ဘယ်ကလဲ နင် ခန့်မှန်းနေစရာ မလိုပါဘူး... နင် ဘယ်လောက်ပဲ ထက်မြက်ထက်မြက်၊ ငါ့ရဲ့ဇစ်မြစ်ကို နင် ဘယ်တော့မှ မခန့်မှန်းနိုင်ဘူး... နင့်ကို ကြည့်ဖို့အပြင် တခြားကိစ္စ ရှိသေးတယ်... အဲဒါက လူတစ်ယောက်ကို ခေါ်သွားဖို့ပဲ”

ချင်မူ မျက်ဝန်းများ လေးနက်သွားသည်။ “ဘယ်သူ့ ခေါ်သွားဖို့လဲ”

ယန်ချီလင်း၏အကြည့်သည် သူ့မျက်နှာမှ ကုန်းစွန်းယန်၏ မျက်နှာဆီသို့ ‌ရွေ့လျားသွားပြီးနောက် ကောင်းကင်နတ်အရှင်ယွီဆီ ရောက်သွား၏။

“လန်ယွီထျန်း၊ ကောင်းကင်နတ်အရှင်ယွီ”

သူမက ခပ်လွင်လွင် ရယ်လိုက်သည်။ “နင့်နောက်လိုက်နေရင် ကောင်းကင်နတ်အရှင်ယွီအတွက် အနာဂတ်ပျောက်နေလိမ့်မယ်... နင်က သူ့ပါရမီတွေကို ဖြုန်းတီးနေတာပဲ... ဒါပေမဲ့ သူ ငါ့နောက် လိုက်ရင်တော့ သူ့ရဲ့ အလားအလာတွေကို အပြည့်အဝ ဖွင့်လှစ်ပေးနိုင်မယ့် အကောင်းဆုံးဆရာကို ငါ ရှာပေးနိုင်တယ်... နောက်တစ်ချိန်ကျ သူက သေချာပေါက် တောက်ပလာလိမ့်မယ်”

ယန်ချီလင်းသည် အလွန်ချောမော၏။ သူမ၏အလှက အဘွားစစ်နှင့် တီရီယွဲ့အောက် မနိမ့်ကျပေ။ သေမျိုးလူကမ္ဘာသို့ နတ်သက်ကြွေကျလာသော နတ်သမီးလေးနှယ် ထင်ရသည်။ သို့သ်ော ချင်မူက သူမကို အာရုံမရှိ။ သူ့မျက်ဝန်းများက လေးနက်လာပြီး သူ့အရှိန်အဝါသည်ပင် တည်ငြိမ်လာ၏။

နဂါးချီလင်မှာ နောက်နှစ်လှမ်း ဆုတ်သွားသည်။ အိမ်မွေးတိရစ္ဆာန်သည် သခင့်အကြောင်း အသိဆုံးမဟုတ်ပါ၏လော။ နဂါးချီလင် ချင်မူ့အကြောင်း ကောင်းကောင်းသိသည်။ ချင်မူ ငြိမ်သက်သွားလေလေ၊ သူ၏သတ်ဖြတ်လိုစိတ်က အားကောင်းလာလေလေ ဖြစ်ပေသည်။

ဤမိန်းကလေးက စည်းကျော်လိုက်ပြီဖြစ်၍ ချင်မူ၏သတ်ဖြတ်လိုစိတ် ထွက်ပေါ်လာချေပြီ။

ငြိမ်သက်နေသော ချင်မူသည် သားကောင်ကို စိုက်ကြည့်နေသော သားရဲကြီးတစ်ကောင်နှင့် တူ၏။ အချိန်မရွေး ထသတ်ပစ်နိုင်သည်။

“မင်းက အများကြီး သိထားတာပဲ”

ချင်မူ့အသံက ခြောက်ကပ်နေသည်။ “မင့်အရွယ်နဲ့ မသိသင့်သေးတာတွေ အများကြီး သိထားတော့ မင်း ဘယ်ကလာသလဲ ငါ ပိုချင်လာတယ်”

ယန်ချီလင်းက နားသယ်စပ်မှ ကျနေသော ဆံပင်လေးများကို ဆော့ရင်း အပြုံးတစ်ခုဖြင့် ပြော၏။ “ငါ နင့်ကို အနိုင်ယူနိုင်ရင် ကောင်းကင်နတ်အရှင်ယွီကို ‌ခေါ်သွားမယ်... ဒီအပေးအယူကို ဘယ်လိုသဘောရလဲ”

“ကောင်းကင်နတ်အရှင်ယွီက သက်မဲ့ပစ္စည်းတစ်ခုမဟုတ်ဘူး... ငါ အလေးစားဆုံး သက်ရှိလူသားတစ်ယောက်”

ချင်မူ့လေသံက ကြမ်းတမ်းခက်ထန်လာသည်။ “လူတစ်ယောက်က သူ့ကို ငါ့လက်ထဲ အပ်ထားတာ... ဒီတာဝန်မရှိရင်တောင် သူ့ကို သက်မဲ့ပစ္စည်းလို ဆက်ဆံချင်တဲ့ ဘယ်သူ့ကိုမှ ငါ သည်းမခံဘူး”

ယန်ချီလင်းသည် ခေါင်းလေး ငဲ့‌စောင်း၍ သူ့ကို ကြည့်သည်။ “နင့်ကြည့်ရတာ ပြဿနာတစ်ခုခု ရှိနေတဲ့ပုံပဲ... နင်က ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဂိုဏ်းသခင်ချင်ပဲ ဟုတ်ပုံမရဘူး... နင်သာ ဂိုဏ်းသခင်ချင်ပဲ ဆိုရင် ကောင်းကင်နတ်အရှင်ယွီအပေါ် ဒီလိုခံစားချက်တွေ ရှိမှာမဟုတ်ဘူး”

ချင်မူက အနိမ့််အမြင့်မရှိသော လေသံဖြင့် ပြောလိုက်၏။ “ဖက်တီးနဂါး၊ သူတို့ကို ဝေးဝေး ခေါ်သွား”

နဂါးချီလင်မှာ ပခုံးပေါ်မှ ဝန်ထုပ်ကြီး ပြုတ်ကျသွားသကဲ့သို့ စိတ်သက်သာရာရသွားပြီး ကုန်းစွန်းယန်၊ ကောင်းကင်နတ်အရှင်ယွီနှင့် ရေချီလင်တို့ကို ဝေးနိုင်သမျှ ဝေးဝေးသို့ ခေါ်သွားသည်။ သူက ခပ်တိုးတိုး ပြောလေသည်။ “ဂိုဏ်းသခင် ဒေါသထွက်နေပြီ... ငါတို့ မြေစာပင် မဖြစ်အောင် ဒီနေရာကနေ မြန်မြန်ထွက်သွားကြစို့”

ကုန်းစွန်းယန် သိချင်စိတ်ဖြင့် မေးလိုက်မိသည်။ “ငါတို့ အမိကမ္ဘာမြေအတုရဲ့ ဒီတပည့်ကို အတူတိုက်ခိုက်ရင် မနိုင်ဘူးလား... ဘာလို့ ထွက်သွားမှာလဲ”

နဂါးချီလင် ခပ်တိုးတိုး ပြောလိုက်၏။ “အဲဒီပြုံးနေတဲ့ မိန်းကလေးဘေးက အခြွေအရံတွေကို မေ့သွားပြီလား”

ကုန်းစွန်းယန်မှာ တခဏ မှင်သက်သွားပြီးနောက်မှ သဘောပေါက်သွားတော့သည်။ ယန်ချီလင်၏ အခြွေအရံများ ရှိသေးသည် မဟုတ်ပါလော။

နဂါးချီလင် ပြောလိုက်သည်။ “အဲဒီအခြွေအရံတွေရဲ့ အစွမ်းအစက ဖုန့်ချိုးယွင်အောက် မနိမ့်ကျဘူး... မဟုတ်ရင် ယန်ချီလင်း ဒီနေရာအထိ ဘယ်လိုလုပ် ရောက်လာနိုင်မှာလဲ... အမိကမ္ဘာမြေနှစ်ယောက်ရဲ့ ကောင်းကင်နတ်သိုင်းတွေကြောင့် အစိတ်စိတ်အမြွှာမြွှာ ဖြစ်နေလောက်ပြီ... အဲဒီအခြွေအရံတွေ အနားပတ်ဝန်းကျင်မှာ ရှိနေလောက်တယ်... ငါတို့ပေါင်းတိုက်ရင် သူတို့က ငြိမ်ငြိမ်နေမယ်ထင်လား... ပြီးတော့ ပေါင်းတိုက်ရင်တောင် သူတို့ကို မယှဉ်နိုင်ဘူး... ဂိုဏ်းသခင်ရဲ့ ရည်ရွယ်ချက်က သူ့ကို မ‌စောင့်ဘဲ ငါတို့ ဒီနေရာကနေ ထွက်သွားနိုင်ဖို့ပဲ”

ရေချီလင်က ပြောသည်။ “ဒါပေမဲ့ သူက ဝေးဝေးသွားဖို့ပဲ ပြောတာလေ... ထွက်သွားဖို့မှ မပြောတာ”

နဂါးချီလင် သရော်တော်တော် ပြောလိုက်၏။ “ခင်ဗျားက ဂိုဏ်းသခင်အကြောင်း ကျုပ်ထက်ပဲ သိနိုင်ဦးမလား... သူ အဲဒီလိုပြောလိုက်တဲ့ ရည်ရွယ်ချက်က အခြွေအရံမိန်းမတွေ အငိုက်မိသွားအောင် ပြောတာ... သူတို့ သတိထားမိတဲ့အချိန်မှာ ကျုပ်တို့ ထွက်သွားပြီးသား ဖြစ်နေလိမ့်မယ်... ဂိုဏ်းသခင်က ခင်ဗျားသခင်အတွက် အခုလို လုပ်ပေးနေတာ”

ကောင်းကင်နတ်အရှင်ယွီက စိုးရိမ်ပူပန်စွာ မေးသည်။ “ဒါဆို ငါ့အစ်ကိုကြီး အန္တရာယ်ဖြစ်မှာလား”

“ဖြစ်မှာပေါ့... ဒါပေမဲ့ သူ မဟုတ်ဘူး”

နဂါးချီလင်က အလျင်အမြန် ပြောလိုက်သည်။ “အန္တရာယ်ထဲ ရောက်သွားတာက အဲဒီမိန်းကလေးပဲ .. ဂိုဏ်းသခင်ရဲ့ လူသတ်ချင်စိတ်က နိုးနေပြီ”

ကုန်းစွန်းယန် တုန်လှုပ်သွားတော့သည်။ “အဲဒီမိန်းကလေးက ဒီလောက်လှတာကို သူက သတ်ရက်ပါ့မလား”

နဂါးချီလင်သည် သူတို့ကို ခေါ်၍ အမြန်ဆုံး ပြေးနေရာမှ ပြောလိုက်၏။ “ဂိုဏ်းသခင်ရဲ့ မျက်လုံးထဲမှာ သူက မလှဘူး... ဒီတော့ သတ်ရက်တာပေါ့”

ကုန်းစွန်းယန် အလေးအနက် မေးလိုက်မိသည်။ “ဒါပေမဲ့ သူက တကယ် လှတယ်လေ... ငါတောင် နိမ့်ကျသလို ခံစားရတယ်”

နဂါးချီလင်က ထောင့်ချိုးတစ်ခုဖြင့် နိမ့်စောင်းနေသော တောင်များကို အကာကွယ်ယူကာ ပြေးနေသည်။ သူက ခေါင်းယမ်းကာ ပြောလိုက်၏။ “သူ့ရင်သားက ပိစိလေး... ဂိုဏ်းသခင်က ရင်သားသေးတဲ့ မိန်းကလေးတွေကို လှတယ်မမြင်ဘူး”

ကုန်းစွန်းယန် မျက်လုံးများ ဝိုင်းစက်သွာပြီး သူမကိုယ်သူမ ငုံ့ကြည့်လိုက်မိသည်။ သူမမှာ ရင်သားနေရာရှိ အဝတ်စကို ကိုင်ရင်း အနည်းငယ် စိတ်ပျက်နေတော့သည်။

စောင်းနေသော တောင်ထွတ်အောက်တွင်...

ချင်မူ၏အရှိန်အဝါသည် အနည်းငယ်မျှ စိမ့်ထွက်မလာဘဲ ငြိမ်သက်နေ၏။ ချီသွေးတို့လည်း စိမ့်ထွက်နေခြင်းမရှိ၊ အရာအားလုံး တည်ငြိမ်အေးဆေးလျက်သာ...။

ယန်ချီလင် မျက်တောင်လေးများ ပုတ်ခတ်မိသည်။ အဘယ်ကြောင့် ချင်မူ ဤမျှသာမန်ဖြစ်သွားမှန်း သူမ မသိပေ။ သူ့အသွင်သည် သာမန်လူသားတစ်ယောက်နှင့် တူလာ၏။

ရုတ်တရက် သူမ သဘောပေါက်သွားသည်။ ‘ငြိမ်သက်မှု.... ဒါ သိုင်းတာအိုပဲ’

သူမအတွေး ဤနေရာအရောက်တွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ သူမ၏နားဘေး၌ ထွက်ပေါ်လာသည်။ ချင်မူ ခြေတစ်လှမ်းတည်းဖြင့် ကိုက်သုံးရာကို ဖြတ်သန်းကာ သူမ၏မျက်နှာတည့်တည့်သို့ ရောက်လာချေပြီ။

သူတို့နှစ်ယောက်အကြားရှိ လေထုမှာ ရုပ်သဏ္ဍာန် ဖွဲ့တည်လာသည့်တိုင်အောင် ဖိသိပ်ခံလိုက်ရပြီး မှန်တစ်ချပ်လို ကြေမွသွားတော့သည်။ ကြေမွနေသော လေနံရံအနောက်တွင် ချင်မူ့မျက်နှာသည် ငြိမ်သက်နေသော ရေတွင်းအိုကြီးပမာ ခံစားချက်ကင်းမဲ့နေ၏။

ယန်ချီလင်း အံ့အားသင့်သွားပြီး ဗျိုင်းမလေးသဖွယ် ကြော့ရှင်းလှပစွာ နောက်သို့ ခုန်လိုက်သည်။ သူမက ကောင်းကင်ထက်သို့ ပျံတက်ကာ စောင်းနေသော တောင်ထွတ်၌ ဆင်းသက်လိုက်သည်။ “နင်က အမိကမ္ဘာမြေရဲ့ တပည့်မဟုတ်ဘူးလား... ဘာလို့ သိုင်းတာအိုရဲ့ ကောင်းကင်နတ်သိုင်းကို သုံးနေတာလဲ”

သူမ တောင်ထွတ်အပေါ် ဆင်းသက်လိုက်သည့်အချိန်မှာပဲ ကျောနောက်မှ နွေးခနဲ ခံစားလိုက်ရသည်။ ချင်မူက သူမအနောက်သို့ ရောက်လာခဲ့ပြီး ကျောအား မှီထားလေသည်။ သူသည် သူမနှင့် တစ်ချိန်တည်းမှာပင် တောင်ထွတ်ဆီသို့ ရောက်လာခဲ့ခြင်း ဖြစ်၏။

“သိုင်းတာအိုရဲ့ အသေသတ်သိုင်းကွက်ပါလား”

ယန်ချီလင်းက တခစ်ခစ် ရယ်လိုက်ပြီး သူမ၏ သံလိုက်ဆွဲအား ကောင်းကင်အလင်းတန်းများက သံလိုက်ဆွဲအား ကောင်းကင်ဓားမနှစ်လက်အသွင် ဖွဲ့တည်လိုက်သည်။

ချင်မူက ဆန်းပြားသော ခြေလှမ်းခြေကွက်များနှင့် လှုပ်ရှားသွားသည်။ သူ့လက်ထဲရှိ ဓားက နေရာလွတ်များဆီသို့ တစ်ချက်ပြီးတစ်ချက် ထိုးစိုက်နေသည်။

သူ ရွေ့လျားသည့်အခါ ယန်ချီလင်းကလည်း နှလုံးသားနေရာကို ဖော်ပြမိမည်စိုးသဖြင့် သူ၏ခြေလှမ်းခြေကွက်များအတိုင်း လှုပ်ရှားနေသည်။ ချင်မူ ထိုးစိုက်ခဲ့သည့် နေရာလွတ်များမှာ သူမခန္ဓာကိုယ် ရွေ့လျားသွားမည့် နေရာများ အတိအကျ ဖြစ်နေချေသည်။

ချလွင် ချလွင်

သံလိုက်ဆွဲအား ကောင်းကင်ဓားမနှစ်လက်၏ နိမ့်ချည်မြင့်ချည် လှုပ်ရှားမှုများနှင့်အတူ ဓားချင်းထိခတ်သံများ ထွက်‌ပေါ်လာသည်။ ယန်ချီလင်းက ဓားရောင်ပြေးဝင်လာသည့် နေရာမှန်သမျှ အတိအကျ ဟန့်တား၍ ပြန်တွန်းထုတ်နိုင်သည်။

ချင်မူ့လက်ထဲရှိ ဓားက တစ်လက်မှ နှစ်လက်၊ နှစ်လက်မှ လေးလက်အဖြစ် ကွဲထွက်သွားသည်။ မျက်စိတစ်မှိတ်အတွင်း ထောင်ချီသော ဓားပျံများသည် သူတို့နှစ်ယောက်စလုံးကို ဝန်းရံလိုက်၏။

ချင်မူ့အသွင်မှာ လက်တစ်ထောင်ဗုဒ္ဓနှင့် တူသည်။ လေထဲရှိ ဓားပျံများက မတူညီသော ထောင့်များမှ ယန်ချီလင်းကို တိုက်ခိုက်နေကြသည်။ ဓားပျံတစ်လက်စီမှ ထုတ်ဖော်နေသည့် ဓားကွက်များက တစ်ကွက်နှင့်တစ်ကွက် မတူညီပေ။

ယန်ချီလင်းကလည်း ကောင်းကင်ဓားမနှစ်ဖက်ကို လွှဲယမ်းနေပြီး ကောင်းကင်ဓားမများဆီမှ ပျံထွက်လာသည့် သံလိုက်ဆွဲအားဓားမများက လေထဲရှိ ဓားပျံများကို တိုက်ထုတ်နေကြသည်။

တောင်ထွတ်သည် ဧကအနည်းငယ်သာ ကျယ်၏။ လူငယ်လေးနှင့် မိန်းမပျိုလေးသည် လိပ်ပြာလေးနှစ်ကောင်သဖွယ် တင့်တယ်ကြော့ရှင်းစွာ ရွေ့လျားနေကြပြီး အလင်းနှင့်အမှောင်က လျှပ်စီးလက်နေသကဲ့သို့ ဖြတ်ပြေးနေကြသည်။ သူတို့နှစ်ယောက်စလုံး၏ ကိုယ်ဟန်အနေအထားတိုင်းက အတိုင်းထက်အလွန် အန္တရာယ်များပေသည်။

ချင်မူနှင့် ယန်ချီလင်နှစ်ယောက်စလုံး သိုင်းကွက်အသားပေးပညာရပ်၏ အသေသတ်သိုင်းကွက်ကို ဟာကွက်မရှိသည့်အခြေအနေအထိ ကျင့်ကြံထားကြသဖြင့် အန္တရာယ်များသော်လည်း သူတို့၏လှုပ်ရှားမှုတိုင်း ထူးဆန်းစွာ လှပနေသည်။

ရုတ်တရက် သူတို့နှစ်ယောက်၏ ခန္ဓာကိုယ်များ ကွဲသွားပြီး ချင်မူက ချာခနဲ လှည့်လိုက်သည်။ သူ့လက်ထဲတွင် ဓားပျံများ မရှိတော့ပေ။ သူက လက်ဝါးနှစ်ဖက်ဖြင့် ရှေ့သို့ ဖိတွန်းလိုက်သည်။ မရေမတွက်နိုင်သော သံလိုက်သင်္ကေတအမှတ်အသားက သူ့လက်ဝါးနှစ်ဖက်၏ ပတ်ပတ်လည်တွင် လည်ပတ်လာကာ သံလိုက်ဆွဲအား ကောင်းကင်အလင်းတန်းများ ထွက်ပေါ်လာ၏။

သင်္ကေတအမှတ်အသားများက ကြယ်တာရာများ စုဝေးနေသော နဂါးငွေ့တန်းတစ်ခုကို ဖွဲ့တည်လိုက်သည်။ သံလိုက်ဆွဲအား ကောင်းကင်အလင်းတန်းများက ကြယ်တာရာများအကြား ကွန့်မြူးနေချေသည်။

ဤသိုင်းကွက်သည် ချင်မူ တစ်ချက်လေးကြည့်ရုံဖြင့် အဘွားစစ်ဆီမှ သင်ယူခဲ့ရသော ကောင်းကင်နတ်သိုင်း ဖြစ်သည်။

ဤကောင်းကင်နတ်သိုင်းက အဘွားစစ်၏ သံလိုက်ဆွဲအားတာအိုမှ အရင်းခံသည်။ ချင်မူ ထုတ်ဖော်လိုက်သည့်အခါ မယှဉ်သာအောင် ကြောက်စရာကောင်းလှသည့် သံလိုက်ဆွဲအားက အရာအားလုံးအပေါ် ဖိချလိုက်၏။ စောင်းနေသော တောင်ထွတ်မှာ ဧရာမဖိအားကြီးကြောင့် မြေကြီးထဲ နစ်ဝင်နေတော့သည်။

ယန်ချီလင်ကလည်း တစ်ပြိုင်တည်း လှည့်လာကာ အပြုံးတစ်ခုဖြင့် ပြောသည်။ “အမိကမ္ဘာမြေရဲ့ တာအိုဆယ့်နှစ်”

သူမကလည်း လက်ဝါးနှစ်ဖက်စလုံးဖြင့် ရှေ့သို့ တွန်းထုတ်ကာ သံလိုက်ဆွဲအား ကောင်းကင်နတ်သိုင်းတစ်ခု ပို့လွှတ်လိုက်သည်။

ဤမိန်းကလေးသည် ချင်မူနှင့် ထိပ်တိုက် တိုက်ခိုက်နေချေပြီ။

နှစ်ယောက်သား လျင်မြန်စွာ ပြေး၍ ဝင်တိုက်သွားကြသည်။ လက်ဝါးချင်း တိုက်မိသွားသည့်အချိန်တွင် သူတို့၏လက်ဝါးများဆီမှ သံလိုက်ဆွဲအားသည် အလင်းရောင်အသွင်ဖြင့် ဖြာထွက်လာတော့၏။ တောင်ထွတ်မှာ ရွှစ်ခနဲ ပိုင်းဖြတ်ခံလိုက်ရသည်။

သူတို့ခြေထောက်အောက်ရှိ တောင်ထွတ်အပိုင်းက မြေကြီးထဲ ဆက်လက်နစ်ဝင်နေသည်။

ချင်မူက ဒေါသအမျက်တစ်ချောင်းချောင်းဖြင့် ဆံပင်များ မြောက်တက်ပျံဝဲနေလျက် ဟစ်အော်လိုက်၏။ ရုတ်ခြည်းဆိုသလို သူ့အနောက်၌ ချီနှင့်သွေးများ ဖွဲ့တည်လာကာ သမုဒ္ဒရာတစ်စင်းသဖွယ် အုံကြွနေသည်။ တခဏအတွင်း သူ၏ချီနှင့်သွေးကား အဆတစ်ထောင် သိပ်သည်းလာတော့သည်။

“သိုင်းလမ်းစဉ် မဟာဧကရာဇ်ရဲ့ တာအိုတစ်ပါလား”

ယန်ချီလင်း အံ့အားသင့်သွားကာ မတုံ့ပြန်တတ်တော့ပေ။ ချင်မူက လက်ဝါးပြန်ရုတ်ပြီး လက်သီးအသွင်ဖြင့် သူမဆီသို့ ထိုးချလိုက်သည်။ သူ့အနောက်ရှိ ချီနှင့်သွေးများကလည်း ရှေ့သို့ တဟုန်ထိုး စီးဆင်းလာသည်။

ယန်ချီလင်းမှာ အင့်ခနဲ ညည်းတွားကာ နောက်လွင့်သွား၏။ ကောင်းကင်ထဲတွင် ချင်မူ၏ပုံရိပ်များ ပေါ်လာပြီး သိုင်းလမ်းစဉ်၏ သိုင်းကွက်မျိုးစုံဖြင့် သူမအား ထိုးနှက်တော့သည်။

ဘုန်း

တောင်ကြီးတစ်လုံး၏ ခါးလယ်၌ လူပုံစံအပေါက်ကြီးတစ်ပေါက် ပေါက်ထွက်သွားပြီး လူပုံစံအပေါက်၏ အပေါ်၌ လက်သီးရာကြီးတစ်ချက် ထင်းနေသည်။ လက်သီးက တောင်သားထဲ နစ်ဝင်သွားသဖြင့် တောင်တစ်တောင်စလုံး ယိမ်းထိုးလှုပ်ခါနေတော့သည်။

ချင်မူ့ခန္ဓာကိုယ်က ဤအပေါက်၏အရှေ့တွင် ပေါ်လာပြီး လက်တစ်ချောင်းမြှောက်ကာ မျက်ခုံးနှစ်ဖက်ကြားသို့ ဖိလိုက်သည်။ မရေမတွက်နိုင်သော ဓားပျံများ ပျံသန်းလာကာ သူ့အရှေ့တွင် ဓားစက်လုံးတစ်လုံးအဖြစ် စုစည်းသွား၏။

ချင်မူက လက်ချောင်းကို ဓားပမာ အသုံးပြု၍ ရှေ့သို့ ထိုးစိုက်လိုက်သည့်အခါ ဆယ်မိုင်ရှည်သော ဓားရောင်တစ်ချက်က အပေါက်ကို ဖြတ်သန်းပြီး အခြားတစ်ဖက်သို့ ထွက်သွားသည်။

တောက်ပနေသည့် ဓားရောင်ကား နေလုံးကြီးပမာ လင်းထိန်လျက်ရှိသည်။

“ဓားတာအိုရဲ့ တာအိုတစ်”

ယန်ချီလင်း၏အသံက တောင်၏တစ်ဖက်ခြမ်းမှ ထွက်လာသည်။

ချင်မူ့သူငယ်အိမ်များ ကျုံ့သွားပြီး သူက မိုးမခသစ်ရွက်ကို မြှောက်လိုက်သည်။ တတိယမျက်လုံး ပွင့်လာသည်နှင့် တတိယမျက်လုံးဆီမှ အလင်းတန်းတစ်တန်း ထွက်လာ၏။ ထိုအလင်းတန်းက ဓားရောင်နောက်သို့ လျင်မြန်စွာ လိုက်သွားလေသည်။

တစ်ချိန်တည်းမှာပင် သူက လက်မြှောက်ကာ မုဒြာသိုင်းကွက်တစ်ကွက် ဖော်ဆောင်လိုက်သည်။ ကောင်းကင်မီးလျှံသလင်းကျောက်များ အရပ်မျက်နှာတစ်ခွင် ဖြာထွက်သွားပြီး တောင်၏တစ်ဖက်ခြမ်းရှိ ယန်ချီလင်ဆီသို့ ဝင်တိုက်သွားကြသည်။

“ယိုတုမဟာတာအိုရဲ့ တာအိုနှစ်ဆယ့်သုံး၊ ရွှမ်တုမဟာတာအိုရဲ့ တာအိုနှစ်”

ကြောက်မက်ဖွယ်ရာ ထစ်ချုန်းသံများအကြားမှ ယန်ချီလင်၏ အသံသည် ရှင်းလင်းပြတ်သားစွာ ထွက်လာ၏။ “ဂိုဏ်းသခင်ရဲ့ ‌ကောင်းကင်နတ်သိုင်းတွေက အမှန်တကယ် ထူးခြားပါပေတယ်... ဒါဖြင့် တာအိုတစ် ကို မြင်ဖူးလား”

၎

င

၎

၎

All Chapters