← Chapters

မိန်းမပျိုဧကရာဇ်နှင့်တွေ့ဆုံခြင်း

Vol. 84 Ch. 1176

မိန်းမပျိုဧကရာဇ်နှင့်တွေ့ဆုံခြင်း

Vol. 84 Ch. 1176

အခန်း (၁၁၇၆) မိန်းမပျိုဧကရာဇ်နှင့်တွေ့ဆုံခြင်း

အစောပိုင်းတွင် အနက်ရောင်နတ်ဘုရားရုပ်တုကြီး၏မျက်ဝန်းများက တင်းကျပ်စွာ မှေးမှိတ်ထားသော်လည်း အနီးပတ်ဝန်းကျင်နှင့် ဝေးကွာသည့်နေရာများအားလုံးသို့ စိတ်အာရုံလှိုင်းလုံးများ ဖြန့်ကျက်ထားသည်။

မြေကမ္ဘာလျှို့ဝှက်စည်းတံဆိပ်ကို အသုံးပြုထားသည့်အတွက် သူ၏စိတ်အာရုံလှိုင်းလုံးများက ငလျင်လှိုင်းလုံးများပမာ ပျံ့နှံ့သွား၏။

တစ်ချိန်တည်းမှာပင် ပျံ့နှံ့သွားသော ငလျင်လှိုင်းလုံးများတစ်လျှောက် ပတ်ဝန်းကျင်တွင်ဖြစ်ပျက်နေသော အရားအားလုံးက ကွက်ကွက်ကွင်းကွင်းဖြင့် အသေးစိတ်ပုံရိပ်များအဖြစ် သူ၏စိတ်အာရုံထဲတွင် ပြန်ပေါ်လာသည်။

အဝေးတစ်နေရာအထိ စိတ်အာရုံလှိုင်းလုံးများက လှုပ်ခတ်နေသေးသည်။

အချို့လှိုင်းလုံးများက ကြီးမားသည် ၊ အချို့လှိုင်းလုံးများက သေးငယ်သည် ၊ အချို့က ကာလရှည်ကြာထင်ကျန်ရစ်ပြီး အချို့ကတော့ တစ်ခဏအတွင်း ပျောက်ကွယ်သွားသည်။

ဖြစ်စဉ်ပုံရိပ်များအားလုံးက ရန်ကျောက်ကဲစိတ်အာရုံထဲတွင် လျှပ်ပြက်သည့်ပမာ ရိပ်ခနဲရိပ်ခနဲ ဖြတ်သန်းသွားသည်။

သူက နတ်ဆိုးများကြားမှ တိုက်ပွဲများကို လျစ်လျူရှုလိုက်သည်။

နတ်ဆိုးများအားလုံးက ပြင်ပကမ္ဘာကို ဝါးမျိုလိုစိတ်ရှိကြသော်လည်း ငရဲကိုးထပ်တွင်လည်း နတ်ဆိုးများအကြား ရန်ပွဲများ ရှိနေဆဲဖြစ်ပြီး အလွန်တရာ ရက်စက်ကြမ်းကြုတ်လှသည်။

သို့သော် ထိုအရာများအားလုံးက ရန်ကျောက်ကဲ စိတ်ဝင်စားသည့်အရာများ မဟုတ်ပေ။

သူအရေးစိုက်သည်က ငရဲကိုးထပ်သို့ရောက်ရှိနေသည့်လူများဖြစ်ပြီး ငရဲကိုးထပ်နှင့် အေးစိမ့်စမ်းချောင်း နယ်နိမိတ်တွင် ဖြစ်ပျက်နေသော အဖြစ်အပျက်များ ဖြစ်သည်။

အမှန်တော့ လူသားများ ငရဲကိုးထပ်သို့ဝင်ရောက်ခြင်းမှာ ရှားပါးဖြစ်ရပ် ဖြစ်သည်။ ထို့ကြောင့် ရန်ကျောက်ကဲအနေဖြင့် ခြေရာခံနိုင်ရန် ခဲယဉ်း၏။

သို့ပေသိ ငရဲကိုးထပ် နယ်ခြားဒေသများကတော့ လူသားများဝင်ရောက်လာလျှင် စွမ်းအားအတက်အကျများ ဖြစ်ပေါ်လာလေ့ ရှိသည်။

အလျှင်အမြန်ပြောင်းလဲနေသည့် စိတ်အာယုံလှိုင်းဂယက်ပုံရိပ်များထဲမှ အပြောင်းအလဲများကို ရန်ကျောက်ကြ အာရုံခံလိုက်ပြီး အဆုံးသတ်မှာတော့ စွမ်းအားအတက်အကျဖြစ်ပေါ်နေသည့် နေရာတစ်ခုအား ရွေးချယ်လိုက်သည်။

ထို့နောက် အနက်ရောင်နတ်ဘုရားရုပ်တုကြီးက မျက်လုံးများဖွင့်ကြည့်လာပြီး သူ၏ အမြင်စွမ်းအားဖြင့် ရန်ကျောက်ကဲအား လမ်းညွှန်ပေးသည်။

အနက်ရောင်နတ်ဘုရားရုပ်တုကြီး၏ တန်ခိုးစွမ်းအားကို ဖြန့်ကျက်ပြီးနောက် ရန်ကျောက်ကဲက သူ၏ရောင်ဝါကို ထိန်းချုပ်ကာ ထိုလမ်းကြောင်းအတိုင်း အလျှင်အမြန် ထွက်ခွာသွားသည်။

ငရဲကိုးထပ်ဆိုသည်က အထက်ဘုံကမ္ဘာထက်ပင် ပိုမိုကျယ်ပြောသော နေရာတစ်ခု ဖြစ်လေရာ ရန်ကျောက်ကဲမှာ သူရောက်ရှိလိုသော နေရာတစ်ဖက်စွန်းသို့ရောက်ရှိရန် အချိန်အတန်ကြာအောင် ခရီးရှည်နှင်ခဲ့ရသည်။

သို့သော် ပထမဆုံး သူရွေးချယ်ခဲ့သည့်နေရာက သူရှာဖွေသည့်နေရာ မဟုတ်ကြောင်း သိရှိလိုက်ရသည်။

သူရှာဖွေသည့်အရာက ညတွင်းချင်းရှာတွေ့နိုင်သည့်အရာမဟုတ်ဘဲ အချိန်ပေးရမည့်ကိစ္စတစ်ခုဖြစ်ကြောင်း နဂိုကပင် သိရှိထားရာ ရန်ကျောက်ကဲအနေဖြင့် စိတ်ဓာတ်ကျခြင်း မရှိပေ။

သူ ဆက်လက်ရှာဖွေရင်း ယခင်တစ်ခေါက်က ဖန်းယွင်ရှန်းကို ခြေရာခံခဲ့သည့် အေးစိမ့်စမ်းချောင်းနယ်မြေသို့ပင် နောက်တစ်ကြိမ် ရောက်ရှိလာခဲ့သည်။

ဤနေရာကို ပြန်လည်ရှာတွေ့ခြင်းက ရန်ကျောက်ကဲအား အအေတာ်လေး အံ့အားသင့်သွားစေသည်။

အကြောင်းမှာ ရာဟုကြယ်ထက်ယံအရှင်သခင်၏အရိပ်အောက်သို့ကျရောက်နေသည့် ဖန်းယွင်ရှန်းသည် ဤနယ်မြေသို့ နောက်တစ်ခေါက် ပြန်လည်ရောက်ရှိလာကြောင်း သဲလွန်စများ တွေ့လိုက်ရသောကြောင့် ဖြစ်၏။

သို့သော် ဤနေရာသို့ ပြန်လာရန် ရည်ရွယ်သူက ဖန်းယွင်ရှန်း၏အသိစိတ်လား ၊ ကျန်းရွှင်ဟွား၏ အသိစိတ်လားဆိုသည်ကတော့ ရှင်းလင်းစွာ မသိနိုင်ပေ။

ရန်ကျောက်ကဲနှင့် အခြားသူများ ရှာဖွေခြင်းကို ရှောင်ရှားရန်အတွက် အန္တရယ်အများဆုံးနေရာတွင် လာရောက်ရှောင်တိမ်းခြင်းက အန္တရယ်အကင်းဆုံးဖြစ်သည် မဟုတ်ပါလား။

ယခင်တစ်ခေါက်က ရန်ကျောက်ကဲနှင့် လွှမ်းခြုံဧကရာဇ်တို့ ငရဲကိုးထပ်နက်ရှိုင်းရာသို့ ဝင်ရောက်ရှာဖွေခဲ့ကြသည့်တိုင် ကံမကောင်းစွာဖြင့် သူမကို ရှာမတွေ့ခဲ့ပေ။

ဖန်းယွင်ရှန်းက ဤ အေးစိမ့်စမ်းချောင်းနယ်မြေသို့ နောက်တစ်ခေါက်ပြန်လာခဲ့သော်လည်း ယခုတော့ ပြန်လည် ထွက်ခွာသွားခဲ့ပြီ ဖြစ်၏။

သို့ပေသိ ဖန်းယွင်ရှန်း ချန်ထားခဲ့သောခြေရာများကိုကြည့်ရင်း ရန်ကျောက်ကဲ သဲလွန်စအချို့ ရရှိလိုက်သည်။

“သူတို့နှစ်ယောက်လုံး ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေမှာပဲ ရှိနေတုန်းလား ၊ ပြီးတော့ ကျန်းရွှင်ဟွား ပစ်မှတ်ထားတဲ့ နတ်ဆိုးက ဘယ်သူများလဲ”

ရန်ကျောက်ကဲ တွေးလိုက်သည်။

“အဲဒီ နတ်ဆိုးက မိစ္ဆာနတ်ဘုရား (၁၂)ပါးနဲ့ အဆင့်တူတဲ့ နတ်ဆိုးတစ်ယောက်များလား”

ကျန်းရွှင်ဟွားဆိုသည်က ဒဏ္ဍာရီထဲမှ အကြောင်းအရာများထက်ပိုပြီး ကြောက်မက်ဖွယ် ကောင်းသူတစ်ယောက်ဖြစ်ကြောင်း ရန်ကျောက်ကဲ သိရှိခဲ့သည်။

ထို့ကြောင့် ၎င်း သံမဏိမိန်းမပျိုကို ရန်ကျောက်ကဲ လျှော့မတွက်ခဲ့ပေ။

မည်သို့ပင်ဖြစ်စေ သူမ၏လုပ်ရပ်က အလွန်ရိုင်းစိုင်းကြမ်းတမ်းသည်ဟု ဆိုရပေမည်။

“ဓားနတ်ဆိုး ယင်းရှီယန် သေဆုံးသွားပြီးတဲ့နောက် ဒြပ်စင်ငါးပါးမှာ သတ္တုပလ္လင်ကိုပိုင်ဆိုင်တဲ့နတ်ဆိုးများ နောက်ထပ် လူပြန်ဝင်စားတာလား မသိဘူး...”

ရန်ကျောက်ကဲ တွေးလိုက်သည်။

ဖန်းယွင်ရှန်းနှင့်ပတ်သက်ပြီး မည်သည့်သဲလွန်စမှ မတွေ့ရတော့သဖြင့် ရန်ကျောက်ကဲ ပင့်သက်တစ်ချက်ရှိုက်ပြီး သူ့စိတ်ကိုစုစည်းကာ ယခင်အစီအစဉ်အတိုင်း နက္ခတ်ဧကရာဇ်အား ဆက်လက်ရှာဖွေလိုက်သည်။

မြေကမ္ဘာလျှို့ဝှက်စည်းတံဆိပ်က အလုပ်လုပ်နေဆဲ ဖြစ်သည်။

မှားယွင်းသောနေရာများစွာကို ရောက်ရှိပြီးနောက် အဆုံးသတ်မှာတော့ မူမမှန်မှုတစ်ခုကို ရန်ကျောက်ကဲ အာရုံခံလိုက်နိုင်သည်။

“လူနှစ်ယောက် ရှိနေတာပဲ... တစ်ယောက်က ကျောက်စိမ်းကောင်းကင်တောင်ထွတ်က ကျင့်ကြံသူပဲ”

ရန်ကျောက်ကဲ မျက်လုံးများမှေးစင်းရင်း တွေးလိုက်သည်။

“ကျောက်စိမ်းကောင်းကင်တောင်ထွတ်ကဆိုတော့... ဘယ်သူဖြစ်နိုင်မလဲ... နက္ခတ်ဧကရာဇ်လား ဒါမှမဟုတ် မိန်းမပျိုဧကရာဇ်လား...”

ရန်ကျောက်ကဲ ခြေလှမ်းများရပ်တန့်ရင်း အတန်ကြာစဉ်းစားပြီးနောက် ရှေ့ဆက်လျှောက်လာခဲ့သည်။

သူ့ပတ်ဝန်းကျင်မှ ငရဲကိုးထပ် နတ်ဆိုးချီစွမ်းအားများ တဖြည်းဖြည်းအားနည်းလာပြီး ငရဲကိုးထပ်နှင့် အေးစိမ့်စမ်းချောင်းနယ်မြေတစ်ခု၏ နယ်ခြားဒေသသို့ ရောက်ရှိသွားသည်။

ရန်ကျောက်ကဲ ရှေ့ဆက်လျှောက်လာခဲ့ရာ ငရဲကိုးထပ်နယ်မြေကို ကျော်လွန်ပြီး အေးစိမ့်စမ်းချောင်းနယ်မြေဆီသို့ ခြေချနိုင်ခဲ့သည်။

အေးစိမ့်စမ်းချောင်းနယ်မြေသို့ ရောက်ရှိသွားသည်နှင့် နတ်ဆိုးချီစွမ်းအားများက လျော့နည်းသွားသည်ဖြစ်ရာ အနက်ရောင်နတ်ဘုရားရုပ်တု ပုံစံဖြင့် မဟုတ်လျှင်တောင်မှ အမတချီစွမ်းအားစီးကြောင်းများ စီးဆင်းနေကြောင်း ယောင်ဝါးဝါး အာရုံခံနိုင်သည်။

ရန်ကျောက်ကဲ မျက်ခုံးများတွန့်ချိုးလိုက်ပြီး ရှေ့ဆက်လျှောက်လာခဲ့သည်။

အဝေးတစ်နေရာတွင် တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားနေကြောင်း မသိမသာ အာရုံခံမိသည်။ ထိုနေရာနှင့် အတော်လေး နီးကပ်လာသည့်အခါ ရန်ကျောက်ကဲ ခြေလှမ်းများ ရပ်တန့်လိုက်သည်။

ပွင့်ပွင့်လင်းလင်းပြောရလျှင် သူ ထိုနေရာမှ ရုတ်တရက် လှည့်ထွက်လုနီးပါးပင် ဖြစ်သွားရသည်။

အဘယ်ကြောင့်ဆိုသော ဤ အေးစိမ့်စမ်းချောင်းနယ်မြေတွင် ရောက်ရှိနေသူမှာ နက္ခတ်ဧကရာဇ်မဟုတ်ဘဲ အထက်ဘုံကမ္ဘာ ၊ ခွန်လွန်တောင် ၊ ကျောက်စိမ်းကောင်းကင်တောင်ထွတ်မှ မိန်းမပျိုဧကရာဇ်’ကျဲ့မင်ခုန်’ ဖြစ်ကြောင်း သိရှိသွားသောကြောင့် ဖြစ်၏။

“ဒါပေမဲ့ နက္ခတ်ဧကရာဇ်ကို ကိုယ့်ဟာကိုယ် မျက်စိစုံမှိတ်ရှာဖွေနေတာထက် မိန်းမပျိုဧကရာဇ်ကို မေးကြည့်လိုက်တာ ပိုပြီး ထိရောက်နိုင်တယ်”

ရန်ကျောက်ကဲ ရေရွတ်လိုက်သည်။

“တကယ်တော့ နက္ခတ်ဧကရာဇ်ကိုတွေ့ရင် ငါ့မှာ သူ့ကိုရှာဖွေရတဲ့ အကြောင်းပြချက်ကောင်းကောင်းရှိတယ် ၊ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက ချူးလီလီ စာပေးလိုက်တဲ့အကြောင်းပြောပြလိုက်ရုံပဲ ၊ ဒါပေမဲ့ ဒီအကြောင်းကို မိန်းမပျိုဧကရာဇ်သိသွားရင်တော့ ပြဿနာတက်နိုင်တယ်”

ချူးလီလီနှင့် မိန်းမပျိုဧကရာဇ်ကြားမှ အဖြစ်အပျက်များကို ရန်ကျောက်ကဲ စိတ်မဝင်စားပေ။ သူက ကျဲ့မင်ခုန်နှင့် ချူးလီလီကြားမှ အရှုပ်အထွေးများကြားသို့ မဝင်ရောက်လိုပေ။

သို့ပေသိ နက္ခတ်ဧကရာဇ်ကို ရှာဖွေရန် အရေးကြီးနေချိန် မိန်းမပျိုဧကရာဇ် အမျက်ရှမည်ကို စိုးရိမ်ပူပန်သည်မှာ ပညာရှိသော ရွေးချယ်မှု မဟုတ်ပေ။

ရန်ကျောက်ကဲ မတ်တတ်ရပ်လျှက် စဉ်းစားနေချိန်မှာပင် အဝေးဆီမှတိုက်ပွဲက သူ့အနားသို့ နီးကပ်လာသည်။

တိုက်ခိုက်နေသူ နှစ်ယောက်မှာလည်း ရန်ကျောက်ကဲ ရောက်ရှိလာကြောင်း မသိမသာ အာရုံခံမိဟန် ရှိ၏။

သူတို့က ရန်ကျောက်ကဲနှင့် နီးကပ်လာပြီး အမှောင်ထုထဲမှ ပုံရိပ်နှစ်ခု ထွက်ပေါ်လာကြောင်း ရန်ကျောက်ကဲ တွေ့မြင်လိုက်ရသည်။

သူတို့ထဲမှတစ်ယောက်က အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး ညာဘက် လက်ညှိုးထက်တွင် မဟူရာလက်စွပ်တစ်ကွင်း ဝတ်ဆင်ထားသည်။

သူမက အလွန်တရာချောမောလှပသော မိန်းမပျိုတစ်ယောက် ဖြစ်သည့်တိုင် မျက်လုံးများက ဘယ်သောအခါမှ ပွင့်ဟမလာတော့ဟု ထင်မှတ်ရလောက်အောင် မှေးမှိတ်ထားသည်။

ထိုမိန်းမပျိုက အထက်ဘုံကမ္ဘာ ၊ အုပ်စိုးရှင် (၅)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော မိန်းမပျိုဧကရာဇ် ကျဲ့မင်ခုန်မှလွဲပြီးအ ခြားသူမဟုတ်ပေ။

သူမနှင့် တိုက်ခိုက်နေသူက သက်လတ်ပိုင်းလူရွယ်တစ်ယောက်ဖြစ်ပြီး နဂါးနှင့်ကျားပုံစံပါရှိသော တာအိုဝတ်ရုံကို ဝတ်ဆင်ထားသည်။

သူက လေထုထဲတွင် နိမိတ်ပုံရိပ် (၄)ခု ဖန်ဆင်းထားပြီး ဗလာနယ်လှည့်ပြောင်းတိုက်ခိုက်ရင်း မိန်းမပျိုဧကရာဇ်နှင့်အတူ တိုက်ပွဲထဲတွင် ပိတ်မိနေသည်။

ထိုတာအိုဆရာက သူ၏လက်များကိုယှက်လိုက်သည့်အခါ မြေ ၊ ရေ ၊ လေ ၊ မီး ဟူသော ဖြစ်စဉ်လေးရပ် တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာပြီး နဂါး (၄)ကောင်နှင့် ကျား (၄)ကောင်အဖြစ် ပြောင်းလဲသွားသည်။

နဂါးနှင့်ကျား၏ ဦးခေါင်းတစ်ခုစီက ပေပေါင်းတစ်သောင်းခန့် ကြီးမားပြီး ဗလာနယ်တစ်ခုလုံး ပြည့်နက်နေသည်။ လေထုထဲမှ ချီစွမ်းအားများအားလုံး ထို နဂါးနှင့်ကျား ပုံရိပ်ယောင်များ၏ တိုက်ခိုက်မှုကြောင့် ပျက်ဆီးကြေမွလုနီးပါး ဖြစ်နေသည်။

ထိုသူ၏ အသွင်အပြင်နှင့် အသုံးပြုသည့်သိုင်းပညာအား တွေ့မြင်သည်နှင့် မည်သူမည်ဝါဖြစ်ကြောင်း ရန်ကျောက်ကဲ ရိပ်မိလိုက်၏။

ထိုသူက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ စန့်ချင်အဆက်အနွယ် အစစ်အမှန်နတ်ဘုရား မြေကမ္ဘာငြိမ်သက်ဧကရာဇ် ဖြစ်သည်။ အချို့သူများက သူ့ကို ငြိမ်သက်ဧကရာဇ်ဟု ခေါ်ဆိုကြပြီး အချို့ကတော့ နဂါးကျားဧကရာဇ်ဟု ခေါ်ဆိုကြသည်။

အဘယ်ကြောင့်ဆိုသော် သူက နဂါးကျားပုံရိပ်လေးမျိုးကျမ်းစာမှ အသိပညာများအားလုံးကို ကျွမ်းကျင်ပိုင်နိုင်စွာ ကျင့်ကြံထားသောကြောင့် ဖြစ်၏။

စန့်ချင်အဆက်အနွယ်များထဲတွင် နတ်ဘုရားတံခါးကို ဖွင့်လှစ်ရန်အတွက် ဓားသိုင်းအသုံးမပြုသည့် တစ်ပါးတည်းသော ဧကရာဇ်လည်း ဖြစ်သည်။

သူ၏ ကျင့်ကြံခြင်းအခြေခံအုတ်မြစ်မှာ ခိုင်းဟွမ်ကပ်ဘေးကျမ်းစာနှင့် နဂါးကျားပုံရိပ်လေးမျိုးကျမ်းစာ ဖြစ်သည်။

အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ စန့်ချင်အဆက်အနွယ်များအားလုံးက ဝူတန့်မယ်တော်၏မျိုးဆက်မှ ဆင်းသက်လာသူများ ဖြစ်ကြသည်။

သို့သော် ချွင်းချက်အနည်းငယ်တော့ရှိပြီး ငြိမ်သက်ဧကရာဇ်က ထိုချွင်းချက်များထဲမှတစ်ယောက် ဖြစ်၏။

စန့်ချင်အဆက်အနွယ်တည်ထောင်သူဘိုးဘေး လင်ပေါင်ထျန်းကျွင်း၏ တပည့်ရင်းဖြစ်သော သူတော်စင်မ ‘ကျင်းလင်’ ၏ အဆက်အနွယ်မှ ဆင်းသက်လာသူ ဖြစ်သည်။

ရှေးယခင်အချိန် နတ်ဘုရားအုပ်စိုးသည့်ခေတ်ကာလ တိုက်ပွဲများတွင် သူတော်စင်မ ‘ကျင်းလင်’ ကြွေလွင့်သွားခဲ့ပြီး သူမ၏တပည့်များနှင့် အဆက်အနွယ်များစွာသည်လည်း ဒုက္ခရောက်ခဲ့ရသည်ဖြစ်ရာ သူမ၏သိုင်းပညာရပ်များကို ဆက်ခံသူအရေအတွက် လျော့နည်းသွားခဲ့သည်။

မဟာကပ်ဘေးကြီးနောက်ပိုင်းကာလတွင်တော့ သူမ၏အဆက်အနွယ်များ ပို၍ပင် နည်းပါးသွားရတော့၏။

ငြိမ်သက်ဧကရာဇ် ရှေးဟောင်းကျမ်းစာများကို ပြန်လည်ရှာဖွေခဲ့ပြီး သူ‌တော်စင်မ ‘ကျင်းလင်’ ၏ သိုင်းပညာရပ်များကို ပြန်လည်ဖော်ထုတ်ကာ အောင်မြင်မှု ရရှိခဲ့သည်။ ဤသည်က အပြာရောင်ခရီးရှည်ကောင်းကင်ဘုံအတွက် ဖြစ်ရပ်ကောင်းတစ်ခု ဖြစ်လေရာ ငြိမ်သက်ဧကရာဇ်၏ သတင်းများက အထက်ဘုံကမ္ဘာတွင်လည်း ပျံ့နှံ့လျှက် ရှိ၏။

ထို့ကြောင့် ရန်ကျောက်ကဲအနေဖြင့် ငြိမ်သက်ဧကရာဇ်အကြောင်း သိရှိသည်မှာ မဆန်းသော်လည်း လူကိုယ်တိုင် တွေ့ဆုံခြင်းကတော့ ပထမဆုံးအကြိမ် ဖြစ်သည်။

ထို့ပြင် ယခု ငြိမ်သက်ဧကရာဇ်က မိန်းမပျိုဧကရာဇ် ကျဲ့မင်ခုန်နှင့် တိုက်ခိုက်နေခဲ့လေသည်။

All Chapters