ခံစစ်နဲ့ တန်ပြန်တိုက်ခိုက်မယ်…
Vol. 54 Ch. 796
“ တီချယ်… တကယ်လို့ ကျွန်မတို့ အဲ့လိုလုပ်မယ်ဆိုရင် ထိုင်တယန့်ကို ဆန့်ကျင်တာနဲ့ အတူတူပဲ မဟုတ်ဘူးလား… အဲ့လိုဆို ကျွန်မတို့အတွက်လည်း အကျိုးမရှိဘူးလေ….”
လင်းရီ ပြုံးပြီး ခေါင်းညိမ့်လိုက်၏။ ဝမ်ရန်က မရင့်ကျက်သေးသော်လည်း ဘာမျှ မသိနားမလည်သည်တော့ မဟုတ်သေးချေ။ အနည်းဆုံးတော့ ဘော့စ်ပြောသမျှကို ဟုတ် တစ်လုံးနှင့် မနာခံပဲ တိုင်ပင်ဖော် ရသေးလေသည်။ ယင်းက သူမ ကုမ္ပဏီအတွက် စဉ်းစားပြီး ပြဿနာများကို မြင်ယောင်သည်ဆိုသည့် သဘောပင်။
“ ငါတို့က ထိုင်တယန့်နဲ့ ယှဉ်ဖိုက်မှာ မဟုတ်ဘူး… ဘာမှစိတ်မပူနဲ့… ငါပြောတဲ့ အတိုင်းသာ လုပ်လိုက်…” လင်းရီ ပြောလိုက်ပြီး “ မင်း ရေးပြီးရင်သာ ငါ့ဆီကို လှမ်းပို့လိုက်…”
“ ဟုတ်.. နားလည်ပါပြီ တီချယ်…”
“ ကောင်းပြီ…မင်း အလုပ် မင်း သွားလုပ်တော့….”
နှစ်ယောက်မှာ ရုံးခန်းထဲမှ ထွက်လာခဲ့ပြီး ဝမ်ရန်မှ အလုပ်ရုံသို့ ပြန်သွားခဲ့၏။ လင်းရီကတော့ သူ့ကားထံ ပြန်လာလေသည်။
သူ ဖုန်းကို ဟိုရွေ့ဒီရွေ့ လုပ်ရင်း နောက်ဆုံး၌ ကျန်းဟိုင်ရုံထံ ဖုန်းဆက်ရန် ဆုံးဖြတ်လိုက်၏။
“ ဟယ်လို…. ဘယ်သူလဲမသိဘူး…”
“ ကောင်းသောညနေခင်းလေးပါ မန်နေဂျာကျန်း… ကျုပ် လင်းယွမ်အုပ်စုရဲ့ ဥက္ကဌ လင်းရီပါ….”
“ အိုး… ဘော့စ်လင်း…. မင်္ဂလာပါ..” ကျန်းဟိုင်ရုံ ယဉ်ကျေးစွာဖြင့် နှုတ်ဆက်လိုက်သည်။
“ မန်နေဂျာကျန်း ခုအချိန်ရလားမသိဘူး… ထမင်းတစ်နပ်လောက် ဖိတ်ကျွေးချင်လို့…. တစ်ချို့ကိစ္စလေးတွေ စကားပြောရင်းပေါ့…”
“ တိုက်ဆိုင်ချင်တော့ ကျုပ်လည်း ခု ဧည့်သည်တစ်ချို့နဲ့ ထမင်းစားနေတာ… ဒါပေမယ့် ဥက္ကဌလင်းဘက်က ပြောစရာရှိတယ်ဆိုရင် ငါးမိနစ်လောက်တော့ အချိန်ရတယ်… ဖုန်းထဲကနေပဲ ပြောကြတာပေါ့…. ငါးမိနစ်တည်း ပေးနိုင်တာတော့ စိတ်မရှိပါနဲ့ဗျာ….”
“ ဖုန်းနဲ့ ပြောလို့က အဆင်မပြေဘူး… မျက်နှာချင်းဆိုင် ပြောမှ အဆင်ပြေမှာ… မဟုတ်ရင် ကိစ္စတွေက သေချာလေး ရှင်းပြလို့ မရဘူးလေ….”
“ အိုက်ယား… အဲ့လိုဆိုရင်တော့ တစ်ခြားနည်းလမ်း မရှိတော့ဘူးနဲ့ တူပါတယ်…. ကျုပ်ကခု ကျိုးဟိုင်မှာ ဆိုပေမယ့် တကယ်ကြီး လာပြီး ထမင်းစားဖို့ အချိန်မရလို့…. ဒီရဲ့ အချိန်းအချက်ကိုတော့ လွဲချော်ရပြီနဲ့ တူတယ်…”
“ အဆင်ပြေပါတယ်… မန်နေဂျာကျန်းက အပျော်တွေလွန်နေတော့ ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်ဦး… လူတစ်ယောက်က ညဉ့်နက်မှ အိပ်ပါများရင် ရုတ်တရက်ကြီး သေတတ်တယ်….”
“ ဟားဟားဟား…. စိုးရိမ်ပေးလို့ ကျေးဇူးပါဥက္ကဌလင်း… ဥက္ကဌလင်း…. ခင်များလည်း အတူတူပါပဲ…. ညတိုင်း code တွေရေးရင်း ညဉ့်နက်မနေနဲ့ဦး… ခင်များလက်အောက်မှာ ဒီလောက်ကြီးတဲ့ စီးပွားရေး လုပ်ငန်းကြီး ရှိနေတာကို တကယ်လို့ တစ်ခုခု ဖြစ်သွားခဲ့မယ်ဆိုရင် ခင်များ ဝန်ထမ်းတွေ မွတ်သိပ်ပြီး သေသွားနိုင်တယ်နော….”
“ ကျေးဇူးပါ… ကျုပ်က ငယ်သေးတယ်လေ… ခင်များထက်တော့ ပိုပြီး အသက်ရှည်ဦးမှာပေါ့….”
ကျန်းဟိုင်ရုံ ဘာမျှပြန်မပြောပဲ ဖုန်းချလိုက်၏။
ကားထဲတွင် လင်းရီ အညောင်းဆန့်လိုက်ပြီး ချောင်ကျင်းချိုးထံ ဖုန်းခေါ်လိုက်သည်။
“ ဟဲလို ဥက္ကဌလင်း…”
ချောင်ကျင်းချိုး၏ လေသံက ထင်မှတ်မထားလောက်အောင် တည်ငြိမ်နေလေသည်။ ယင်းက လင်းရီ စိတ်ကူးထားသည်နှင့် တပ်တပ်စင်အောင် လွဲချော်နေခဲ့၏။
“ ငါ Cisco ကို ဖျက်ဆီးခဲ့တာတောင် ဒီလိုလေသံမျိုးနဲ့ ပြောနိုင်သေးတယ်ဆိုတော့ ငါ အရမ်းဝမ်းသာတာပဲ…”
“ ရှင်က ကျွန်မတို့ ကုမ္ပဏီရဲ့ ရှယ်ယာရှင်၊ ပြီးတော့ ရင်းနှီးမြုပ်နှံသူ… ကျွန်မရဲ့ ပါတနာကို ခက်ခဲအောင် ပြုလုပ်စရာ အကြောင်းမရှိပါဘူး…” ချောင်ကျင်းချိုး ပြောလိုက်၏။
“ ပြီးတော့ ကျွန်မ အခု လုံရှင်းနဲ့ Cisco ရဲ့ အခြေအနေကို ကွဲကွဲပြားပြား နားလည်ပြီးသွားပြီ…”
“ မင်းတို့လို လူမျိုးတွေကို ငါ သဘောအကျဆုံးပဲ…” လင်းရီ ရယ်မောလိုက်ပြီး “ မင်း အခု ဘယ်မှာ… ငါ မင်းနဲ့ ဆွေးနွေးစရာလေးရှိလို့….”
“ AFTER SEVEN “
“ လခွမ်း… အဲ့တာ ဘယ်နေရာတုန်းဟ..”
“ ဘားလေ…. ရှင် မြေပုံမှာ ရှာပြီး လာခဲ့လိုက်…”
“ အိုကေ… အဲ့တာဆို အဲ့မှာ စောင့်နေလိုက်….”
ချောင်ကျင်းချိုး၏ ညွှန်ကြားမှုများအတိုင်း လင်းရီ ဘား၏ လိပ်စာကို ရှာတွေ့သွားခဲ့ပြီး ထိုအတိုင်း မောင်းနှင်လာခဲ့လေသည်။
သို့သော်လည်း သူ ထိုသို့ မထွက်လာမီ ကျီချင်းရန်ကို ဖုန်းဆက်၍ နောက်ကျမှ ပြန်လာမည် ဖြစ်ကြောင်းနှင့် အိမ်တံခါး သေချာပိတ်ပြီး နေရန် မှာကြားလိုက်သည်။
နာရီဝက်ကြာပြီးနောက် လင်းရီ After Seven ဘား ဝင်ပေါက်ဝသို့ ရောက်လာခဲ့၏။
ထိုနေရာက သူ ထင်ထားသည်နှင့် လွဲချော်နေကာ ဆူညံမနေပဲ ငြိမ့်ညောင်းသည့် တီးလုံးသံနှင့် တည်ငြိမ်အေးချမ်းနေသည်။
သူ ကားကို ပါကင်ထိုးပြီးနောက် တံခါးဖွင့်လိုက်၏။ ထိုအခါ ဘားရှေ့တန်းတွင် ကျော့ရှင်းစွာ ထိုင်နေပြီး နိုင်ငံခြားသား တစ်ယောက်နှင့် ခွက်ချင်းတိုက် စကားပြောနေသည့် ချောင်ကျင်းချိုးကို မြင်လိုက်ရသည်။
“ ဘရို… မင်း လစ်လိုက်တော့… ငါဒီ အမျိုးသမီးကို မျက်စိကျသွားပြီ…”လင်းရီ နိုင်ငံခြားသား၏ ပခုံးကို ပုတ်၍ ပြောလိုက်၏။
ချောင်ကျင်းချိုးမှာ အရက်တော်တော်လေး သောက်ထားပြီး မျက်ဝန်းများကလည်း အနည်းငယ် ထွေနေလေသည်။
“ မင်း ဘာတွေ လာပြောနေတာ… ငါ ဘာတစ်လုံးမှ နားမလည်ဘူး…” နိုင်ငံခြားသား၏ အမူအရာမှာ ချဲ့ကားလွန်းနေပြီး သရုပ်ဆောင်သည့် စကေးကတော့ ပြီးပြည့်စုံသည်။
“ မင်း ဟွာရှစကား နားမလည်လည်း ကိစ္စမရှိဘူး… ငါ အင်္ဂလိပ်လို ပြောတတ်တယ်…” လင်းရီ ပြောလိုက်ပြီး “ မင်းမြေနိုးလိုက်….”
“ sh*t !”
နိုင်ငံခြားသားမှ ဒေါသတကြီးဖြင့် မတ်တပ်ရပ်လိုက်၏။
လင်းရီ သူ၏ အိတ်ဆောင်ဓားဖြင့် နိုင်ငံခြားသား၏ လည်ကို တစ်ချက်ရှပ်လိုက်သည်။
သို့နှင့် နိုင်ငံခြားသားမှာ ချက်ချင်း လဲကျပြီး သတိလစ်သွားခဲ့လေသည်။
“ သောက်ရူး…. ငါနဲ့ ရန်လာဖြစ်ချင်နေတယ်ပေါ့လေ…”
“ ဆရာ.. ကျုပ်တို့ ဘားက ငြိမ်းချမ်းပြီး လိုက်လျောညီထွေရှိတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးထားတာပါ.. တကယ်လို့ ကျုပ်တို့ ဧည့်သည်ကို ဒီလိုမျိုး ပြုမူချင်တယ်ဆိုရင်တော့ ကျေးဇူးပြုပြီး ထွက်သွားပေးပါ…” ဘာတင်ဒါမှ ပြောလိုက်၏။
လင်းရီ သူ့အိတ်ကပ်ထဲနှိုက်ပြီး ဘူဂတီကားသော့ကို ယူ၍ စားပွဲပေါ်သို့ ခပ်ကြမ်းကြမ်း ပစ်ချပြလိုက်၏။
“ ဆရာ.. ကျေးဇူးပြုပြီး ခဏလေးစောင့်ပေးပါဗျ… ကျုပ် တစ်ယောက်ယောက်ခေါ်ပြီး ဒီလူကို သယ်သွားခိုင်းလိုက်ပါ့မယ်….”
“ တစ်နေရာသွားကြစို့….”
“ ကောင်းပြီလေ…. “ ချောင်ကျင်းချိုး ပြုံးလိုက်၏။
ဘားထဲရှိ အခြားအမျိုးသားများကတော့ လင်းရီကို ငေးကြောင်ကြည့်နေကြလေသည်။
ခု လူတွေက ကောင်မလေး ပိုးပန်းတဲ့ နေရာမှာ ဒီလောက်တောင် တည့်တိုးဆန်နေပြီလားဟ..
သူ့ကားသော့လေးပဲ ပြဖို့လိုတယ်..
နှစ်ယောက်သား ဘား၏ ထောင့်တစ်နေရာကို ရောက်တော့ ချောင်ကျင်းချိုးမှ ထူးမနားသည့် လေသံဖြင့် “ ရှင်ဘာသောက်မလဲ.. ကျွန်မတိုက်မယ်…”
“ ကားမောင်းမှာဆိုတော့ သောက်လို့မရဘူး..”
“ ရှင်က ဂရုစိုက်နေသေးတယ်ပေါ့…” ချောင်ကျင်းချိုး လင်းရီကို ကြည့်လိုက်ပြီး “ ကျိုးဟိုင်မှာ ဘယ်သူက ရှင့်ကို လမ်းတားရဲမှာမို့လို့….”
“ မင်းဘာတွေ လာပြောနေတာ… ငါဆိုတဲ့ကောင်က နိုင်ငံကြီးသား ပီသသူကွ… နိုင်ငံ့စည်းမျဉ်းကို လိုက်နာရတယ်….”
“ ရှင်သာ နိုင်ငံကြီးသား ပီသသူဆိုလို့ကတော့ ကမ္ဘာပေါ်မှာ နိုင်ငံကြီးသား မပီသသူတောင် မရှိလောက်တော့ဘူး..” ချောင်းကျင်းချိုး စောင်းကာငင်ကာဖြင့် ပြောလိုက်၏။
“ ရှင် အရင်တစ်ခေါက် ကျွန်မကို လာရှာတုန်းက ဆေးဝါး ကုမ္ပဏီကြီးတွေကို ရိုက်စားလုပ်ဖို့ လုပ်တယ်… ခုလည်း ရောက်လာပြန်ပြီဆိုတော့ ဒီတစ်ခါ ဘယ်သူ့အလှည့်လဲ…”
“ ထိုင်တယန့် …”
“ ထိုင်တယန့်….” ချောင်ကျင်းချိုး အံ့အားသင့်သွားခဲ့ပြီး “ ထိုင်ဝမ်းက ထိုင်တယန့်လား….”
“ အင်း… သူတို့ပဲ….”
……………………….
သူချောင်ကျင်းချိုးနှင့် စကားပြောပြီးတော့ အချိန်က ညသန်းခေါ်ကျော်နေချေပြီ။
ဘားမှ ထွက်လာခဲ့ပြီးနောက် လင်းရီ ကားထံသို့ ပြန်၍ ဟော်ယွမ်ယွမ်ကို ဖုန်းဆက်လိုက်သည်။
“ ဘာဖြစ် ရှိလို့လဲ….”
ဟော်ယွမ်ယွမ် လင်းရီဖုန်းကို ဖြေလိုက်ပြီး သူမလေသံကလည်း အံ့အားသင့်နေဟန်ပင်။
“ မအိပ်သေးဘူးပေါ့..”
“ ဘယ်အိပ်နိုင်မှာ …. ကုမ္ပဏီမှာ ဒီလောက် အလုပ်ရှုပ်နေတာကို ခု အစီရင်ခံစာ ရေးနေတာ…”
“ အပိုတွေ မပြောစမ်းနဲ့… ငါခု TV သံတွေ ကြားပါတယ်.. မင်း ဒရာမာတွေ ကြည့်နေတာမလား…”
“ ရှီးပဲ.. ရှင်က အမှန်အတိုင်း ပြောရမှ ကျေနပ်မှာလား…. ကျွန်မတို့ နှစ်ယောက်ကြားမှာ မျက်နှာသား နည်းနည်းလောက်လေး ပေးလို့မရဘူးလား…” ဟော်ယွမ်ယွမ် စောဒကတက်လိုက်ပြီး “ ပြော… ညဉ့်နက်သန်းခေါင်ကြီး ဖုန်းဆက်လာတာ ဘာကိစ္စဖြစ်လို့လဲ….”
“ မစ်ဆူ စီးပွားရေး အုပ်စုကနေ ရင်းနှီးမြုပ်နှံလာတဲ့ အမေရိကန် ဒေါ်လာ သန်းလေးဆယ်က မနက်ဖြန် မနက် ရှစ်နာရီကျရင် အကောင့်ထဲ ဝင်လာလိမ့်မယ်… လုံရှင်းရဲ့ နာမည်အောက်ကနေ အများပြည်သူကို အသိပေးတဲ့ တရားဝင် ဆောင်းပါး ထုတ်ပြန်ပြီး ထုံးဟွာက မစ်ဆူအုပ်စုရဲ့ ဒေါ်လာ သန်းလေးဆယ်ကို ရရှိကြောင်း ပြောလိုက်… ဆောင်းပါးကိုတော့ PR ဌာနက လူတွေကို ရေးခိုင်းလို့ရတယ်.. နောက်မှ ပြန်စစ်လိုက်…” လင်းရီ ပြောလိုက်ပြီး “ အိုး … ဟုတ်သား.. ထုံးဟွာအီလက်ထရောနစ်က လုံရှင်းအောက်ကနေ ခွဲထွက်ထားတယ်ဆိုတာကိုလည်း ပြောဖို့ မေ့မနေနဲ့ဦး… အထူးသဖြင့် ဘဏ္ဍာရေးနဲ့ အခွန်ပိုင်းဆိုင်ရာတွေမှာပေါ့…”
“ အသေးမွှားလေးပါ… မနက်ဖြန် မနက် အစောကျရင် ဒီကိစ္စ ကိုင်တွယ်ဖို့ ကုမ္ပဏီကို သွားလိုက်မယ်……”
ဘဏ္ဍာရေးနှင့် အခွန်ခွဲဝေခြင်းက အတော်လေး ကရိကထ များသည့် အလုပ်ဖြစ်သော်လည်း လင်းယွမ်အုပ်စု၏ အရွယ်အစား ၊ ကျိုးဟိုင်ရှိ လင်းရီ၏ လွှမ်းမိုးမှုနှင့် ဆိုပါက ဖုန်းလေးတစ်ကော ဆက်ရုံမျှနှင့် အဆင်ပြေနိုင်သည်။
အကယ်၍များ တစ်စုံတစ်ယောက်က ၎င်းကို လျစ်လျူရှုပြီး နှောင့်နှေးရန် ကြိုးပမ်းခဲ့ပါက နေ့မကူးခင် ကျိန်းသေပေါက် အလုပ်ထုတ်ခံရလိမ့်မည်။
“ ကောင်းပြီလေ… ဒါဆို ငါမင်းကို စိတ်ချမယ်နော…”
“ စိတ်ချထားလိုက်… ဒီတာဝန်ကို ကျေပွန်စေရမယ်…” ဟော်ယွမ်ယွမ် အာမခံနေသည့် လေသံဖြင့် ပြောလိုက်ပြီး “ တကယ်လို့ တခြား ဘာမှ မရှိတော့ဘူးဆိုရင် ဖုန်းချလိုက်တော့မယ်နော်… ဒီမှာ ဒရာမာက ကောင်းခန်းရောက်နေလို့….”
“ ဘာကို ကောင်းခန်းရောက်နေတာ… နာရီကိုလည်း တစ်ချက်ကြည့်လိုက်ဦး… ညဉ့်နက်တဲ့အထိ နေတာ ကျန်းမာရေး ထိခိုက်တယ်..”
ဟော်ယွမ်ယွမ် ရယ်မောလိုက်ပြီး “ ဂရုစိုက်ပေးလို့ ကျေးဇူးပဲ ဘော့စ်…. ဒီတစ်ခန်းတည်းရယ်… ပြီးရင် အိပ်တော့မှာ….”
“ မင်းကျန်းမာရေးကို စိုးရိမ်လို့ ပြောနေတာ မဟုတ်ဘူး… မင်း နောက်ကျအောင် နေပြီး ရုတ်တရက် ဂိသွားခဲ့ရင် ငါ့စီးပွားရေး နှောင့်နှေးနေမှာစိုးလို့ ပြောနေတာ…”
“ သပပဲ ဘော့စ်…”