ဥပဒေက လက်နက်
Vol. 54 Ch. 802
ကျောက်ရာလီ ထိတ်ထိတ်ပျာပျာ ဖြစ်သွားခဲ့၏။
သူမတို့၏ သူဌေးက လက်အောက် ငယ်သားများအပေါ် တင်းကြပ်မှုတို့ သိပ်မရှိသော်ငြား အမှုဆောင် အရာရှိ တော်တော်များများကတော့ သူတို့ သူဌေးက စိတ်ဆတ်သူ ဖြစ်ကြောင်း သိထားကြလေသည်။
' ငါ ဘော့စ်ကို အပြစ်ပြုမိသွားတာလား... '
" ဘော့စ် .. ကျွန်မ ပြောတဲ့ထဲ မှားတာများ ပါသွားလို့လားရှင့်...." ကျောက်ရာလီ အကဲစမ်း၍ မဝံ့မရဲ မေးမြန်းလိုက်သည်။
" မဟုတ်ပါဘူး... မင်းပြောသွားတာ တော်တော်လေးကောင်းပါတယ်..."လင်းရီ ပြောလိုက်ပြီး " ငါ ဆိုလိုတဲ့ သဘောက တကယ်လို့ မရောင်းရရင် မင်းတို့ကို ဘောနပ်စ်အနေနဲ့ ပေးသွားမှာ... တခြား အဓိပ္ပာယ်နဲ့ ပြောတာ မဟုတ်ဘူး.. ဒီတော့ အတွေးလွန် မနေနဲ့... "
" ဟုတ်ကဲ့ပါ... "
ကျောက်ရာခီ ရင်ထဲ၌ သက်ပြင်းချလိုက်၏။
မသိပါဘူး...ဒီက တော်တော်လေး လန့်သွားတာ...
" ကောင်းပြီ... မင်းတို့ ဒီကိစ္စ ဆက်ပြီး ကိုင်တွယ်ထားလိုက်... မူရင်း ပစ္စည်းတွေရဲ့ ဈေးနှုန်းကို လျော့ပြီး ၀ယ်စရာ မလိုဘူး... ဒီခုက တောင်သူဦးကြီးတွေကို ကူညီဖို့ အတွက်ဆိုတော့ သူတို့ မြိုးမြိုးမြက်မြက်လေးရအောင် ကူညီပေးရမှာပေါ့... အဓိကက စည်သွပ်တဲ့စက်ရုံတွေကိုသာ မြန်မြန်လုပ်ဖို့ ပြောလိုက်... လိုက်စထွင်းစဖို့က အချိန် သိပ်မကျန်တော့ဘူး... "
" နားလည်ပါပြီ ဘော့စ်.. လိုက်စထွင်းစတဲ့ အချိန်ကျရင် ကျွန်မတို့ ဘော့စ်ကို ထောက်ပံ့ပေးဖို့ ရှိနေပါ့မယ်... "ကျောက်ရာလီ အပြုံးလေးဖြင့် ပြောလိုက်၏။
" ဘာကို ထောက်ပံ့မှာ... ငါ့ဘက်က မင်းတို့ ၀န်ထမ်းတွေကို ဘောနပ်စ် အနေနဲ့ ပစ္စည်း တစ်ခုချင်းစီတိုင်းကို တစ်စုံစီ ပေးဖို့ စီစဉ်ထားပြီးသား... မင်းတို့လည်း ကုမ္ပဏီအတွက် တော်တော်လေး ကြိုးစားခဲ့ကြတယ်လေ... "
၎င်းကိုကြားတော့ ကျောက်ရာလီ ရင်ထဲ ထိသွားခဲ့တော့၏။
ဒီလိုမျိုး မွန်မြတ်တဲ့ သူဌေးနဲ့ လာဆုံရတာ နည်းနည်းနောနော ကုသိုလ်ကံလား...
ကလင် ကလင် ကလင် ...
လင်းရီ ဖုန်းသံ မြည်လာခဲ့ပြီး ကျောက်ရာလီလည်း ရုံးခန်းထဲမှ ထွက်ခွာသွားခဲ့၏။
" ဟယ်လို... "
" ဟယ်လို မစ္စတာလင်း... ကျုပ်က ချိန်ရှင်းရဲ့ အေးဂျင့် တိုနီပါ... "
" ဟမ်... တိုနီ...ကျုပ် ဆံပင် ညှပ်ဖို့လည်း မချိန်းထားမိပါဘူး.... "
"မစ္စတာလင်း.. ဒီဟာသက မရယ်ရဘူးနော... "တိုနီမှ ပြောလိုက်ပြီး "တကယ်တော့ ကျုပ်ကို မသိလည်း ကိစ္စမရှိပါဘူး... ကျုပ်တို့ရဲ့ လီချိန်ရှင်းကို သိသရွေ့ အဆင်ပြေတယ်... "
"တကယ်ကို စိတ်မရှိပါနဲ့.. အဲ့ဒီ လီ ဘယ်သူကိုလည်း ကျုပ်တကယ် မသိတာ... နည်းနည်းလေး အသေးစိတ်ကျကျ မိတ်ဆက်ပေးလို့ မရဘူးလား... "
" မစ္စတာလင်း.. ခင်များ လာနောက်နေတာလား... လီချိန်ရှင်းဆိုတာ ဖျော်ဖြေရေး နယ်ပယ်ထဲက ထိပ်တန်း ဆယ်လီတစ်ယောက်လေ... ပြီးတော့ ခင်များက တကယ်ကြီး သူမကို မသိဘူးလို့ ပြောနေတယ်... ခင်များ TV မကြည့်ဖူးဘူးလား... "
တိုနီ၏ အမူအရာမှာ အလွန်အမင်း ချဲ့ကားနေပြီး မယုံကြည်နိုင်ဖွယ်ကောင်းသည့် တစ်စုံတစ်ခုကို ကြားလိုက်ရသည့်နှယ် ပြုမူနေတော့သည်။
"ကျုပ် ပုံမှန်ဆို လူကြီးကားတွေတော့ ကြည့်ဖြစ်တယ်... သူ(မ)က အဲ့ဒီထဲက သရုပ်ဆောင်လား... မဟုတ်ဘူးဆိုရင်တော့ တကယ်ကြီး မသိတာ...."
" မစ္စတာလင်း.. ခင်များ ကိုယ့်နေရာကိုယ် သိရင် ကောင်းမယ်... ခင်များက Douyu ပေါ်မှာ ရေပန်းစားတဲ့ စထွင်မာ တစ်ယောက်ဆိုရင်တောင်မှ ခင်များရဲ့ ရေပန်းစားမှုက ကျုပ်တို့ရဲ့ လီချိန်ရှင်းနဲ့ နှိုင်းယှဉ်လို့ မရဘူး..ခင်များရဲ့ ဟိတ်ကြီးဟန်ကြီး နိုင်တာတွေကို ဒီမှာ လာဖော်ပြမနေနဲ့.. . "တိုနီ ပြောလိုက်ပြီး " နောက်တစ်ခု ခင်များသိထားရမှာက ကျုပ်တို့ သဘောတူလိုက်တယ်ဆိုတာ Douyu ရဲ့ သူဌေးကိုယ်တိုင်က တောင်းဆိုလာခဲ့လို့ပဲ... ခင်များအတွက် ဘယ်လိုပြူမူတာက ပိုကောင်းလဲဆိုတာ ခွဲခြား သိတတ်ဖို့ မျှော်လင့်တယ်... "
"မလုပ်တော့ ယီးဖြစ်လားကွာ... မင်းတို့ကောင်တွေက ငါ့ စထွင်းအခန်းထဲလဲ လာဦးမယ်... အဲ့တာကို ဧည့်သည်လို မနေပဲ ဧည့်ကျယ် ဖြစ်ချင်နေတယ်ပေါ့ ဟုတ်လား.... "
"မစ္စတာလင်း.. ခင်များရဲ့ စရိုက်က ပြောရဆိုရ အဆင်မပြေဘူးပဲ... ကျုပ်တို့ လက်တွဲ လုပ်စရာ အကြောင်း မရှိတော့ဘူး... ကျုပ် ဒီကိစ္စကို ခင်များတို့ ပလတ်ဖောင်းက ဘော့စ်ကို ရှင်းပြလိုက်မယ်... အကျိုးဆက်ကိုတော့ . ခင်များတစ်ယောက်တည်း ရင်ဆိုင်ဖို့သာ ပြင်ထားလိုက်.... "
" သောက်ရူး.... "
လင်းရီ ဖုန်းချလိုက်ပြီး ထိုငနဲအား လျစ်လျူရှုလိုက်၏။
နာမည်ကြီး ဆယ်လီတစ်ယောက်က ရောင်းအားကို တိုးမြင့်ပေးနိုင်သော်လည်း အဆိုပါ ဖျင်ခေါင်းကျယ်သည့် လူတစ်ချို့နှင့်တော့ ဝေးဝေးရှောင်သည်က ကောင်း၏။
ဒေါက် ဒေါက် ဒေါက်...
" ၀င်ခဲ့... "
ထိုအခိုက်အတန့်တွင် တံခါးခေါက်သံ ထွက်ပေါ်လာခဲ့ပြီး ထျန်းရန်မှ ၀င်ရောက်လာခဲ့သည်။
ထျန်းရန်၏ ၀တ်စုံကတော့ နဂိုမူအတိုင်း အဖြူရောင်ရှပ်၊ အနက်ရောင် စကတ်တိုနှင့် စတော်ကင် အနက်တို့အား ၀တ်ဆင်ထား၏။သူမ၏ အနည်းငယ် အသားကြွယ်သည့် ကိုယ်လုံးကိုယ်ပေါက်နှင့် ပေါင်းစပ်လိုက်ချိန်တွင်တော့ ၉၉ ရာခိုင်နှုန်းသော အမျိုးသားတို့အား ဆွဲဆောင်ရန် လုံလောက်လေသည်။
ထျန်းရန်က စာရွက်စာတမ်း တစ်ထပ်ကို ပွေ့ပိုက်ထားပြီး လင်းရီ၏ စားပွဲရှေ့၌ ရပ်နေသည်။
" ဘော့စ်... မနက်ဖြန်ဆို လုံရှင်းက အများပြည်သူပိုင်အဖြစ် စာရင်း၀င်တော့မှာ....ဒါက မနက်ဖြန် အတွက် အချိန်ဇယားတွေပါ.. ပြီးတော့ ခေါင်းလောင်းတီးတဲ့ အခမ်းအနားလည်း ရှိမှာ... ဘော့စ် အဲ့မှာ ပါဦးမလား... "
" ဒီလောက် မြန်မြန်ကြီး စာရင်း၀င်တော့ မလို့လား.... "
ထျန်းရန် သူမ ဆံပင်ကို သပ်လိုက်ပြီး " အမှန်တော့ အဲ့လောက် မမြန်ပါဘူး... ဒါပေမယ့် ဘော့စ်က အလုပ်တွေရှုပ်နေပြီး အာရုံမစိုက်အားတော့ ဥက္ကဌချီက ကြိုပြီး အသိမပေးဖို့ မှာထားတာ.. တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ ဘော့စ်က ကုမ္ပဏီမှာဆိုတော့ ဥက္ကဌချီက ကျွန်မကို လာပြီး မေးခိုင်းလိုက်လို့..."
" ငါ အများရှေ့ မျက်နှာထွက်ပြရတာကို မကြိုက်ဘူး... ခေါင်းလောင်းတီးတဲ့ အခမ်းအနားကိုတော့ ဒါရိုက်တာရှန်းကိုပဲ မေးလိုက်... တကယ်လို့ သူက လုပ်ဖို့ ဆန္ဒရှိတယ်ဆိုရင် သူ့လုပ်ခိုင်းလိုက်.. မရှိရင် တစ်ခြားတစ်ယောက်ကို စီစဉ်လိုက်... "
" နားလည်ပါပြီ... "
လင်းရီ၏ အမြင်ကို မေးမြန်းပြီးနောက် ထျန်းရန် လှည့်ထွက်သွားတော့၏။ သို့သော်လည်း သူမ တံခါး လက်ကိုင်ဘုကို ကိုင်ပြီးနောက် ရုတ်ချည်း ရပ်တန့်သွားခဲ့ပြီး ခေါင်းပြန်လှည့်လာကာ " ကျွန်မ ကြားတာ ဘော့စ်က နှစ်ရက်လောက်နေရင် လိုက်စထွင်းပွဲ လုပ်ဖို့ ရှိတယ်ဆို...."
" အမ်... မင်းနားထဲ ရောက်လောက်တဲ့အထိ နာမည်ကြီးသွားတာလားဟ..."လင်းရီ ငိုရ အခက် ရယ်ရအခက် ဖြစ်သွားခဲ့၏။
" မဟုတ်ပါဘူး... ကျွန်မတို့ အမှုဆောင် အရာရှိတွေပဲ ဒီအကြောင်း သိထားတာပါ... "ထျန်းရန် ပြုံးလိုက်ပြီး "ကိုယ်ဟန်ပြ မော်ဒယ်လုပ်ပေးဖို့ လှတပတ မိန်းမလှလေးတစ်ချို့ ရှာပေးရဦးမလား... "
" အာ.... ဒါက မည်မည်ရရ လိုက်စထွင်းဆိုတော့ ငါ့ကို ထောက်ပံ့ပေးမယ့် တစ်ယောက်ယောက် ရှာပေးနိုင်ရင် ကောင်းတာပေါ့... "
ထျန်းရန် လင်းရီကို ပြုံးပြလိုက်ပြီး " ဘော့စ်.. ကျွန်မရဲ့ လက်ရှိ ၀တ်စုံကို ဘယ်လိုထင်လဲ... ."
" ငါယိုး.... "
လင်းရီ အေးခဲသွားပြီး အနည်းငယ် ကိုးရို့ကားယား ဖြစ်သွားကာ ချောင်းဟန့်၍ " ပုံမှန်စည်းမျဉ်းတွေအရဆို ဘော့စ်တွေကပဲ သူတို့ လက်အောက် ၀န်ထမ်း အမျိုးသမီးတွေကို အသားယူတာပါ... မင်းက အဲ့ဒီစည်းမျဉ်းတွေကို ဆန့်ကျင်ပြီး ငါနဲ့ အိပ်ချင်နေလို့လား... "
ထျန်းရန် ဆန်းကြယ်စွာ ပြုံးလိုက်ပြီး "ဘော့စ်သာ ကျွန်မ မေးခွန်းကို အရင်ဖြေပါ.... အမျိုးသား တစ်ယောက်ရဲ့ အမြင်ရှုထောင့်ကနေပြော..."
" အမ်... အမျိုးသားတစ်ယောက်ရဲ့ အမြင်ရှုထောင့်ကနေဆို ... စကတ်ပိုတိုလိုက်ရင် ပိုကောင်းမယ်... "
" အိုကေ.... " ထျန်းရန် အိုကေ လက်ဟန်ပြု၍ စာရွက်စာတမ်းများနှင့်အတူ ထွက်ခွာသွားခဲ့၏။
လင်းရီ ထျန်းရန်၏ အတွေးကို သဘောမပေါက်နိုင် ဖြစ်နေသည်။
' စကတ်ဘယ်လောက်တိုတို ဘာလုပ်ရမှာ... ငါက နေ့တိုင်း ရုံးခန်းထဲ ရှိနေမှာလည်း မဟုတ်...'
အမှန်တော့ လင်းရီတစ်ယောက် ထျန်းရန်ကဲ့သို့ ၀င့်ဝါသည့် အမျိုးသမီးတစ်ယောက်က ကိုယ်ဟန်ပြ မော်ဒယ်တစ်ယောက်အဖြစ် နေရန် မဖြစ်နိုင်သောကြောင့် သူ ထိုတစ်ချက်ကို ထည့် မစဉ်းစားမိခြင်းပင်။
လင်းရီ ထျန်းရန်အကြောင်း များများတွေးတောမနေပဲ သူ၏ အာရုံကို အလုပ်ထဲသို့ နစ်မြုပ်ထားလိုက်တော့၏။
ချစ်ပ် ၃.၀ အတွက် ကုတ်က ပြီးပြည့်စုံတော့မည် ဖြစ်သောကြောင့် သူ့ဘက်ကမှ မြန်မြန်လက်စသတ်ရန် လိုအပ်လေသည်။
လင်းရီ ကုမ္ပဏီ၌ တစ်နေကုန်ရှိသည်က ရှား၏။ မူလက သူ အေးအေးချမ်းချမ်းနှင့် ကုတ်ရေးချင်နေသော်လည်း ဆယ်မိနစ် တစ်ကြိမ်တိုင်း တစ်စုံတစ်ယောက်က အမြဲတစေ အလုပ်အကြောင်း တင်ပြရန် ရောက်လာခဲ့၏။
တစ်ချို့တစ်လေ ဝန်ထမ်းမိန်းကလေးများကတော့ သူ့ကို အထာတွေ ပေးနေပြီး တစ်ချို့ကတော့ ဘော့စ်နှင့် ရင်းနှီးချင်သောကြောင့်ပင်။ သို့သော်လည်း အများစုကတော့ သူ မည်မျှ ခန့်ညားသည်ကို ကြည့်ရန် အကြောင်းပြချက်ပေးပြီး ရောက်လာကြသူတို့က များ၏။
ရလဒ်အနေနှင့် လင်းရီ နေ့လည်စာပင် မစားနိုင်ပဲ ကျီချင်းရန်၏ နေရာသို့ ပုန်းအောင်းရန် ထွက်ပြေးသွားတော့၏။
ကျီချင်းရန် အပါးတော်နား ရှိနေပြီး လင်းရီလည်း တိတ်ဆိတ်ငြိမ်သက်စွာဖြင့် အလုပ်ထဲ အာရုံစိုက်နေနိုင်ကာ ရလဒ်မှာ သိသိသာသာ ကောင်းမွန်နေတော့သည်။
သို့သော်လည်း မကြာမီ ကျန်းရှောင်ယွီနှင့် လီလင်းတို့ထံမှ ဖုန်းဝင်လာသည်။
ကျန်းရှောင်ယွီကတော့ ရွှမ်းဟုန်မြို့ရှိ အခြေအနေများကို ကိုင်တွယ်ပြီးကြောင်းနှင့် အခြား ဘာမှ မရှိတော့ဘူးဆိုရင် သူမ ကျိုးဟိုင်သို့ ပြန်လာခဲ့တော့မည် ဖြစ်ကြောင်း ပြောကြားလာသည်။
လီလင်း၏ ဖုန်းခေါ်ဆိုလာမှုကတော့ လီချိန်ရှင်း အကြောင်း မေးမြန်းရန်ပင်။
အနှီ ဖြစ်ရပ်ကြောင့် သူမ စိတ်မဆိုးသွားပေ။ 'အဘယ်ကြောင့် ' ဟူသည့် အကြောင်းပြချက်ကိုသာ မေးမြန်း၏။
လင်းရီလည်း သူ့ဘက်က ဆယ်လီ အနုပညာရှင်များ၏ ပံ့ပိုးပေးမှုကို မလိုအပ်ကြောင်း သေချာရှင်းပြပြီးနောက် ကိစ္စမှာ ထိုမျှနှင့် ပြီးဆုံးသွားခဲ့သည်။
ညနေ ငါးနာရီ ဝန်းကျင်ခန့်တွင် ကျီချင်းရန်မှ ကျောဆန့်လိုက်ပြီး သူမမေးကို လက်တစ်ဖက်ဖြင့် ထောက်လျက် စားပွဲပေါ် မှီထားလိုက်ပြီး လင်းရီကို ကြည့်လိုက်သည်။
“ နှစ်သစ်ကူးတောင် ရောက်တော့မယ်… နင် စီစဉ်ထားတာတွေ ရှိလား… ရန်ချိန်ကို ပြန်သွားမှာလား…….”
“ သွားရမှာပေါ့…” လင်းရီ ပြောလိုက်ပြီး “ မင်းကော…. ယောက္ခမကြီးဆီ သွားလည်မှာလား..”
“ ငါတို့က လက်ထပ်မှတ်ပုံတင်တောင် မရှိသေးတာကို နင်က ယောက္ခမကြီးလို့ ခေါ်နေတယ်ပေါ့…”ကျီချင်းရန်မှ ကော့စင်းနေသည့် မျက်တောင်တို့အား ပင့်၍ လင်းရီကို ပြုံးလျက်ကြည့်ရင်း မေးလိုက်သည်။
“ ငါတို့က လက်ထပ်မှတ်ပုံတင် လုပ်ရဦးမှာလားဟ… အဲ့တာ ဘယ်လို လောဂျစ်ကြီးလဲ…”
“ လုပ်ရမှာပေါ့ဟဲ့… လက်ထပ်ပြီး လက်ထပ်မှတ်ပုံတင်ရတာ သဘာဝပဲလေ….”
“ ဟုတ်ပါတယ်… ဒါပေမယ့် မင်းက ဘာလို့ အဲ့လောက်ထိ ဂုဏ်ဆာနေတာ…”
“ ဘာလို့လဲဆိုတော့ လက်ထပ် မှတ်ပုံတင် မရသေးသရွေ့ ငါ့ဘက်က အသာစီးပဲလေ…” ကျီချင်းရန်မှ ဝင့်ကြွားစွာဖြင့် ပြောလိုက်၏။
“ မင်းသဘောက …. ငါတို့လက်ထပ်မှတ်ပုံ မတင်ရသေးရွေ့ ငါ့ဘက်က မင်းကို ဘာမှ လုပ်လို့ မရဘူး… အဲ့ သဘောလား…”
“ ဟုတ်တယ်… “
ကျီချင်းရန် ပြောလိုက်ပြီး “ တကယ်လို့ နင် ငါ့ကုတင်ပေါ် ခိုးတက်လာရဲရင် အဲ့တာ ဥပဒေကို ဆန့်ကျင်တာပဲ ဟွန့်…”
“ ဒီလိုဆိုရင်တော့ ဥက္ကဌကျီက တော်တော်လေး အင်နိုးစန့် ဖြစ်တယ်လို့ ပြောရတော့မှာပဲ..”
“ ငါက ဘယ်မှာ အင်နိုးစန့် ဖြစ်နေလို့….. ငါပြောနေတာ အမှန်ပဲ မဟုတ်ဘူးလား…” ကျီချင်းရန် ဦးမော့လိုက်ပြီး “ ခု ငါ့ဘက်မှာ တရားဥပဒေ ရှိနေပြီဆိုတော့ နင် ပြဿနာရှာဖို့ စဉ်းတောင် မစဉ်းစားနဲ့….”
လင်းရီ ပြုံးလိုက်ပြီး “ ကျိုးဟိုင်မှာ ငါ့ရဲ့ အဆက်အသွယ်တွေနဲ့ ငါတို့ ဓာတ်ပုံနှစ်ပုံကို ရုံးပို့လိုက်တာနဲ့ နာရီဝက်အတွင်း လက်ထပ်မှတ်ပုံတင် ရအောင် လုပ်ခိုင်းလို့ရတယ်…. မင်း ယုံလားတော့မသိဘူး…”