← Chapters

ရူးသွပ်မှု သေးသေးလေးနှင့် ပျော်ရွှင်မှု

Vol. 54 Ch. 803

ရူးသွပ်မှု သေးသေးလေးနှင့် ပျော်ရွှင်မှု

Vol. 54 Ch. 803

ကျီချင်းရန် နှုတ်ခမ်းလေး ပွင့်အာသွားခဲ့၏။ သူမ အသွင်က လင်းရီ ထိုသို့ ပြောလိမ့်မည်လို့ မျှော်လင့်မထားသည့် ပုံပင်။

“ အဓိပ္ပာယ် မရှိတာ… ငါက ဘာလို့ နင် ဖြစ်စေချင်တဲ့အတိုင်း ဖြစ်ခွင့်ပေးရမှာ….”

လင်းရီ ကျီချင်းရန်ထံ လှမ်းလာခဲ့ပြီး ချစ်စဖွယ် သူမ ပါးဖောင်းဖောင်းလေးကို ဖျစ်ညစ်လိုက်ပြီး “ ဥပဒေက ငါ့လက်ထဲမှာလေ…. မင်း လက်ထဲမှာမှ မဟုတ်တာ….”

“ နင် ငါ့ကို အနိုင်ကျင့်နေတာပဲ….” ကျီချင်းရန် မကျေမနပ် ပါးဖောင်းလိုက်ပြီး “ ဒီလိုလုပ်ရပ်က အပျိုစင် မိန်းကလေးကို အတင်းအဓမ္မ ပြန်ပေးဆွဲတာနဲ့ အတူတူပဲ … နင် ပြောတဲ့ ပုံစံအတိုင်းဆို နင်က နင် လက်ထပ်ချင်တဲ့သူနဲ့ လက်ထပ်လို့ ရနေပြီလေ…”

လင်းရီ ကျီချင်းရန်ကို လက်မောင်းအတွင်းသို့ ဆွဲထည့်လိုက်ပြီး “ လုံရှင်းက မနက်ဖြန်ဆို စာရင်းဝင်တော့မှာ… နေ့ကောင်းရက်သာပဲ… အဲ့ဒီနေ့ လက်ထပ်မှတ်ပုံတင်ကြမလား…”

“ ဟွန့်…” ကျီချင်းရန် တစ်ဖက်သို့ လှည့်လိုက်ပြီး “ ဒီလို ကိစ္စမျိုးက နင်ဆုံးဖြတ်ရမယ့် ကိစ္စမှ မဟုတ်တာ… နောက်ဆုံး ပြောပိုင်ခွင့်က ငါ့လက်ထဲမှာ မဟုတ်ဘူးလား…”

“ ကြည့်ရတာတော့ ဆုံးဖြတ်ပြီးပြီနဲ့တူတယ်…” လင်းရီ ပြုံးလိုက်ပြီး “ ဒါပေမယ့် အဲ့ဒီ စက္ကူစာရွက်က သိပ်ပြီး လက်တွေ့မကျဘူး… ဆိုတော့ ပိုပြီး လက်တွေ့ကျတာလေး လုပ်ရအောင်….”

“ ဘယ်လိုမျိုးလဲ….”

“ ယွမ်ယွမ် မနေ့က ပြောသွားတယ် မဟုတ်ဘူးလား…. ပထမ အကြိမ်ဆိုတာ အမှတ်တရ ဖြစ်နေရမယ်တဲ့… ရုံးခန်းထဲမှာဆို တော်တော်လေး အမှတ်တရဖြစ်ဖို့ ကောင်းတယ်…”

“ နင်… လူယုတ်မာ… ငါ့ကိုလွှတ်…”

“ မလွှတ်နိုင်ပါဘူး… ဒီလိုမျိုး အခွင့်အရေး ရဖို့ဆိုတာ လွယ်တာမှတ်လို့… ဘာလို့ လွယ်လွယ်နဲ့ လွှတ်ပေးလိုက်ရမှာ….”

ကျီချင်းရန် ရှက်သွေးဖြန်းသွားခဲ့ပြီး လင်းရီ ရင်ဘက်ထဲသို့ ခေါင်းအပ်ထားလိုက်သည်။ လင်းရီနှင့် အကြည့်ချင်း မဆုံဝံ့ ဖြစ်နေရှာသည်။

“ ဘာလို့ လောနေရတာ.. ငါ နင်နဲ့ တစ်သက်လုံး အတူနေဖို့ ဆုံးဖြတ်ထားပြီးပြီကို အနှေးနဲ့ အမြန် ငါက နင့်အပိုင် ဖြစ်လာမှာကိုပဲ…”

လင်းရီ ရင်တစ်ချက် ခုန်သွားခဲ့သည်။ သူ့ပခုံးပေါ်ရှိ တာဝန်က ရုတ်ချည်း ပိုမို လေးပင်လာသည့် သယောင်ပင်။

“ ဒါ ဝန်ခံတာလား….”

“ နင်က ဘယ်လို ထင်နေလို့လဲ… အရူးရဲ့….”

“ အိုက်ယား…. ဒီအခြေအနေထိ ရအောင် အစပျိုးထားပြီးမှတော့ ဘာမှမလုပ်လိုက်ရဘူးဆိုရင် နှမြောစရာကြီး….”

ကျီချင်းရန် ဘာမျှ မပြော။ သူမ ကိုယ်ကို လိမ်၍ လင်းရီ ရင်ခွင်ထဲ၌ ထထိုင်လိုက်၏။ ထို့နောက် သူမ လက်မောင်းများကို လင်းရီ လည်ပင်းသို့ သိုင်းဖက်ထားလိုက်ပြီး တစိုက်မတ်မတ် နမ်းရှိုက်လိုက်၏။

အကယ်၍ ကျီချင်းရန် အချစ်ကြောင့် ရင်မခုန်မိဟု ပြောမည်ဆိုပါက မုသားဆိုရာ ကျပေလိမ့်မည်။

သို့သော်လည်း လင်းရီ သူမ၏ နောက်ဆုံး အကာအကွယ်လေးကို ထိုးဖောက်ဖျက်ဆီးမည့် အရေးအတွက် အနည်းငယ် မပြင်ဆင်ထားရသေးချေ။

ထို့နောက် နှစ်ဦးသား ရုံးခန်းထဲတွင် အချိန်တစ်ချို့ ကုန်ဆုံး၍ အိမ်သို့ပြန်လာကြလေသည်။

အိမ်ကို ရောက်တော့ ညစာအတွက် အလှည့်ကျသူကတော့ လင်းရီပင်။ ကျီချင်းရန် ရေမိုးချိုး၍ ပြန်လာပြီး လင်းရီနှင့် နှစ်ယောက်အတူ မြိန်သည့် ညစာကို သုံးဆောင်လိုက်ကြ၏။

နောက်တစ်နေ့ နံနက်ခင်းတွင်တော့ လင်းရီ ပုံမှန်အတိုင်း ကျီချင်းရန်ကို ချောင်ရန်အုပ်စုသို့ လိုက်ပို့ပေးသည်။ သို့သော်လည်း ချောင်ရန် အုပ်စုသို့ ရောက်ရှိပြီးနောက် ယခင်နည်းတူ ချက်ချင်း မထွက်ခွာချေ။ ထိုအစား ချစ်ပ် ၃.၀ ၏ ပြဿနာများကို ကိုင်တွယ်ရန် ပြင်ဆင်လိုက်၏။

ကျီချင်းရန်ကလည်း ဝမ်းသာအားရနှင့် ခွင့်ပြုပေးသည်။ လင်းရီ သူမအနား ရှိနေတော့ သူမ၏ စိတ်အခြေအနေမှာ သာလွန်၍ ကောင်းမွန်နေတော့၏။

“ ဘာတွေ ငေးကြည့်နေတာ…” ကျီချင်းရန် မာယာမျက်စောင်းတို့ ခဲ၍ မေးမြန်းလိုက်သည်။

“ မင်း ယူနီဖောင်း လဲတော့မှာမလား… ငါကူဝတ်ပေးမယ်လေ….”

“ ဟွန့်…. နင်တော့ မကောင်းတဲ့ကောင် ဖြစ်ချင်နေပြန်ပြီ…” ကျီချင်းရန် သူမခေါင်းကို မော့ထားလိုက်ပြီး “ ငါ့ ယူနီဖောင်းက အရင်အတိုင်းပဲ… နင်ထွေထူး ကြည့်စရာ ဘာမှ မရှိဘူး… နင် ရွေးပေးနိုင်တာဆိုလို့ ငါ့ စတော်ကင်အရောင်နဲ့ ဒေါက်ဖိနပ် စတိုင်ပဲ ရှိမှာ…”

“ အဲ့တာဆို အနက်ပဲပေါ့… “

“ ငါ ပိုက်ကွန်လို စတော်ကင်အနက်လေးတောင် ဝယ်ထားသေးတယ်… ဒါပေမယ့် နင့်ကြည့်ရတာ သိပ်ကြိုက်မယ့် ပုံလည်း မပေါ်ပါဘူး… နှမြောစရာပဲ…”

“ ဟမ်… အဲ့လို ဒီဇိုင်းမျိုး ရှိတယ်လား…” လင်းရီ မျက်လုံးအရောင် လက်သွားခဲ့ပြီး “ စမ်းဝတ်ကြည့်လေ…”

“ ဘာကိစ္စ စမ်းဝတ်ကြည့်ရမှာ…” ကျီချင်းရန် ရှက်ကိုးရှက်ကမ်းဖြစ်စွာဖြင့် ပြန်ရန်တွေ့လိုက်ပြီး “ အဲ့တာက အိမ်မှာ…. ည ရောက်မှ ဆက်ပြောကြမယ်…”

“ ဒါပေါ့ ဒါပေါ့.. ဟီးဟီး….”

ကျီချင်းရန် ခေါင်းကို ဘဝင်ခိုက်စွာဖြင့် ခါယမ်းလိုက်၏။ သူမအတွက်တော့ သူမ၏ ဝတ်စုံက သူမ မြတ်နိုးသူကို ဆွဲဆောင်နိုင်မည်ဆိုပါက ပျော်ရွှင်ရမည့် ကိစ္စပင် မဟုတ်ပါလော။

အလုပ် ယူနီဖောင်း လဲပြီးနောက် ကျီချင်းရန် သူမ စားပွဲသို့ ပြန်လာပြီး “ ငါ ယွမ်ယွမ်ဆီက ကြားတာ ခေါင်းလောင်းတီးတဲ့ အခမ်းအနားက မနက်ဆယ်နာရီမှာဆို…. နင် မကြည့်ချင်တာ သေချာလား….”

“ ထွေထူးကြီးလည်း မဟုတ်ပါဘူးကွာ… ငါ မပါလည်း ဖြစ်တယ်…”

လင်းရီအဖို့ လုံရှင်းမှာ စီးပွားရေး မြောက်မြားစွာထဲမှ တစ်ခုဖြစ်သောကြောင့် ဂရုမစိုက်သည်က သဘာဝကျလေသည်။ ၎င်းကို ကျီချင်းရန်ကလည်း နားလည်သည်။

“ နင် ယွမ်ယွမ်နဲ့ ကောင်းကျုံးယွမ်တို့က အတွဲတွေ ဖြစ်သွားနိုင်မယ်လို့ ထင်လား….”

လုံရှင်း စာရင်း ဝင်သည်ထက် ကျီချင်းရန် ပို၍ အလေးထားသည်က ဟော်ယွမ်ယွမ်၏ ကိုယ်ရေးကိုယ်တာ ပြဿနာများပင်။

အစ်မကြီး အမိရာဆိုသကဲ့သို့ သွေးသားမတော်စပ်သော်ငြား ညီမသဖွယ် ချစ်ခင်ရသူဖြစ်သောကြောင့် သူမလည်း ယွမ်ယွမ်မှ သာယာကောင်းမွန်သည့် မိသားစုတစ်ခု ပိုင်ဆိုင်နိုင်ဖို့ရာ မျှော်လင့်မိပေသည်။

“ ငါလည်း တပ်အပ်တော့ မပြောနိုင်ဘူး… ဒါပေမယ့် ကောင်းကြီး ကြည့်ရတာတော့ တော်တော်လေး အလေးအနက် ထားတဲ့ပုံပဲ…” လင်းရီ ပြောလိုက်ပြီး “ အဲ့ကောင် အတိတ်တုန်းက တော်တော်လေး မြှာပွေခဲ့တယ်ဆိုပေမယ့် ခု ပြောင်းလဲနေပါပြီ… မဟုတ်လို့ကတော့ ငါ ယွမ်ယွမ်ကို လာပြီး ရိသဲ့သဲ့ လုပ်ခွင့်ပြုမယ်ထင်လား….”

“ ငါ စိတ်ပူနေတာ အဲ့တာ မဟုတ်ဘူး… အဓိကက ယွမ်ယွမ် ဘယ်လို စဉ်းစားထားလဲ ဆိုတာပဲ…”

“ မင်းတို့နှစ်ယောက် တမြန်မနေ့ညက စကားပြောခဲ့ကြတယ် မဟုတ်ဘူးလား… ဒီအကြောင်း မမေးလိုက်ဘူးလား…”

“ ယွမ်ယွမ်က နည်းနည်းလေးပဲ ပြောသွားတာ… ဒါကြောင့်မို့ သူ့အရင် အချစ်ဦးနဲ့ သံယောဇဉ်ပြတ်သွားပြီဆိုတာတော့ သေချာတယ်… ပြီးတော့ ချီရှန်းကျောက် အပေါ်မှာလည်း ဘာခံစားချက်မှ ရှိမနေဘူး..” ကျီချင်းရန် ပြောလိုက်ပြီးနောက် “ စကားမစပ် သူ့ အရင် ရည်းစားဟောင်းက ခု လုံရှင်းမှာမလား… နင်သူ့ကို ဘာမှမလုပ်တော့ဘူးလား…”

“ နှစ်ယောက်လုံးက သူစိမ်းတွေလိုတောင် ဖြစ်နေပြီကို ငါက ဘာသွားလုပ်ရမှာ ….” လင်းရီ ပြောလိုက်ပြီး “ တကယ်လို့ ငါတို့က ဝင်စွက်ဖက်ပြီး ကိုင်တွယ်လိုက်မယ်ဆိုရင် ငါတို့ဘက်က အပြစ်ရှိသလို ဖြစ်သွားမှာ… ဆန့်ကျင်ဘက် လွှတ်ထားပြန်တော့လည်း တစ်နေ့ ယွမ်ယွမ်က သူ့သူဌေးဖြစ်လာတယ်ဆိုတာ သိရင် သူကပဲ မျက်နှာအကြီးစား ဖြတ်ရိုက်ခံလိုက်ရမှာ….”

“ နင် အဲ့လိုမျိုး ဖြစ်တာကို မြင်ချင်နေတာမလား…” ကျီချင်းရန် စောဒကတက်လိုက်ပြီးနောက် သက်ပြင်းချလျက် “ ကြည့်ရတာ ယွမ်ယွမ်က ဘယ်လိုမှ ချိန်းတွေ့ဖို့ကို စိတ်မဝင်စားဘူးပဲ…. ငါတို့ ဘယ်လိုလုပ်ကြမှာ….”

“ ငါသတိထားမိတာ ကြာပြီ… ယွမ်ယွမ်က အချစ်ရေးကို စိတ်မဝင်စားဘူး… သူ စိတ်ဝင်စားတာ ပိုက်ဆံပဲ..”

“ အဲ့လိုဆို ကောင်းကျုံးယွမ်နဲ့ ယူလိုက်တာ မကောင်းဘူးလား…. သူလည်း ဟွာရှမှာရှိတဲ့ ဘီလီယမ်နာ မိသားစုကပဲလေ…”

"ဒါပေမယ့် သူက သူများ ပိုက်ဆံကျတော့ မလိုချင်ဘူး.. ငါ့ကိုသတ်ပြီး ငါ့ပိုက်ဆံတွေပဲ အပိုင်သိမ်းချင်နေတာ...."

လင်းရီ စကားကို ကြားတော့ ကျီချင်းရန် ခိုးခိုးခစ်ခစ် ရယ်မောလိုက်ပြီး “ ယွမ်ယွမ်ကို အနိုင်ကျင့်ဖို့ နင့်ကို ဘယ်သူပြောလို့လဲ…. ကြည့်ရတာ သူ နင့်ကို သတ်ဖို့ မစောင့်နိုင်တော့ဘူးနဲ့တူတယ်…”

“ ဒါကြောင့်မို့ သတိထားနေရတာပေါ့… အဲ့ယွမ်ယွမ် ငါ့ကို မသတ်နိုင်ခင် ငါက လက်ဦးမှု ရယူထားမှာ ဖြစ်မှာ…”

ထို စကားပြောရင်းဖြင့် လင်းရီ၏ အမူအရာမှာ အေးခဲသွားခဲ့၏။ သူ ရုတ်တရက် ရာဝမ်းကျွန်း၌ ကောင်းကျုံးယွမ်၏ အဘွားက ကင်ဆာ ရောဂါကို ခံစားနေရပြီး သူမ အသက်ရှင်နိုင်သည့် နေ့ရက်တို့က လက်ချိုးရေတွက်၍ ရနေပြီဖြစ်ကြောင်းကို လှမ်း သတိရသွားခဲ့သည်။

“ လင်းရီ…. နင်ဘာတွေ ငိုင်နေတာ…” ကျီချင်းရန် လက်တို့လိုက်၏။

“ ဘာလင်းရီတုန်း… ငါကဖြင့် မင်းမိဘတွေနဲ့တောင် စကားပြောပြီးပြီကို နာမည် အပြည့် ခေါ်နေတုန်းပေါ့….”

“ သိဘူး… ငါခေါ်ချင်သလို ခေါ်မှာပဲ…”

“ ယောက်ျားလို့ ခေါ်ကြည့်လေ…” လင်းရီ ၀မ်းသာအားရ လေသံဖြင့် ပြောလိုက်ပြီး “ တစ်ခါပဲ ခေါ်ကြည့်…”

“ တော်ပါ…” ကျီချင်းရန် မျက်နှာ နီရဲသွားခဲ့ပြီး “ နင့်ကို မစ္စတာလင်းလို့ပဲ ခေါ်မယ်…”

“ အဲ့လိုကျတော့ သူစိမ်းဆန်သွားပြီလေ… တကယ်လို့ သူများတွေ ငါ့ကို မစ္စတာလင်းလို့ ခေါ်ရင် ငါက လူတိုင်းရဲ့ ယောက်ျား ဖြစ်သွားမှာပေါ့…”

“ မတူပေါင်…” ကျီချင်းရန် ပြောလိုက်ပြီး “ သူများတွေက နင့်ကို လေးစားသမှုနဲ့ ခေါ်တာ… ငါကျ ချစ်စနိုးနဲ့ ခေါ်တာ…”

“ ပြီးရော…. ဒါဆို ငါလည်း မင်းကို ခုက စပြီး ဥက္ကဌကျီလို့ပဲ ခေါ်တော့မယ်…”

ထိုအခါ ကျီချင်းရန် စားပွဲကို ဗြန်းခနဲ မြည်အောင် ရိုက်နှက်လိုက်ပြီး “ မရဘူး… နင် ငါ့ကို သူဌေးကတော်လို့ ခေါ်ရမယ်….”

“ မင်း ဒါကြီးကတော့ ကျိုးကြောင်း မဆီလျော်တာပဲ…”

“ ဂရုမစိုက်ဘူး… နင်ငါ့ကို အဲ့လိုမျိုးပဲ ခေါ်ရမယ်…”

“ အိုကေ အိုကေ… မင်း သဘောအတိုင်းပဲ…”

အမှန်တော့ ကျီချင်းရန် အလိုချင်ဆုံးက လင်းရီ သူမကို မိန်းမ သို့မဟုတ် ပူတူးတူးလေး ဟု ခေါ်စေချင်သည်။

သို့သော်လည်း သူမ အကျယ်ကြီး ထုတ်ပြောရမှာကို ရှက်ရွံ့နေမိ၏။

“ နင် ငါမေးတာကို မဖြေရသေးဘူးနော်… ဘာလို ငိုင်နေတာ… နင်ဘာတွေ စဉ်းစားနေတာလဲပြော…”

All Chapters