← Chapters

လင်းရီ၏ သံသယများ

Vol. 54 Ch. 808

လင်းရီ၏ သံသယများ

Vol. 54 Ch. 808

ကျီချင်းရန် ပါးစပ်လေး အုပ်လျက် ရယ်မောလိုက်ပြီး “ သွားကြစို့… အပြင်မှာပဲ မတ်တပ်ရပ်ပြီး နေကြတော့မှာလား… အထဲဝင်ပြီး မစားမသောက်ကြတော့လား…”

“ ဟုတ်တယ် ဟုတ်တယ်.. မရီး ပြောတဲ့အတိုင်းပဲ…” ကောင်းကျုံးယွမ် ကိုးရို့ကားယား လေသံဖြင့် ပြောလိုက်၏။

အုပ်စုမှာ ရိဖုန်း ခန်းမထဲသို့ ဝင်ရောက်လာကြပြီး ကြိုတင် ဘွတ်ကင်လုပ်ထားသည့် သီးသန့်ခန်းထဲသို့ ဝင်ရောက်လိုက်ကြသည်။

ထမင်းစားပွဲမှာ ရှည်လျားလှပြီး လင်းရီနှင့် ကျီချင်းရန်တို့က တစ်ဘက်၊ ချင်းဟန်နှင့် လျန်ကျင်းမင်တို့က ဆန့်ကျင်ဘက်ခြမ်းတွင် ထိုင်လိုက်ကြ၏။ ထိုစဉ် ကောင်းကျုံးယွမ်နှင့် ဟော်ယွမ်ယွမ်တို့ကတော့ ဆန့်ကျင်ဘက် မျက်နှာမူလျက်သား ထိုင်နေကြပြီး ကိုးရို့ကားယား လေထုက အနီးတစ်ဝိုက်တွင် ဖြစ်ပေါ်နေကာ ထောင်သောင်းများစွာသော စကားလုံးတို့သည် ပါးစပ်ဖျား၌ ပျောက်ဆုံးနေကုန်တော့၏။

“ အစ်ကိုကြီးလင်း… အစ်ကိုကြီးနဲ့ မရီးတို့ စားချင်တာ မှာကြလေ… ပြောပြီးသား.. ကျွန်တော် ကျွေးမှာနော်…” ကောင်းကျုံးယွမ်မှ မီနူးကို တွန်းပို့လာရင်း ပြောလိုက်သည်။

ထိုအခါ ကျီချင်းရန် ခေါင်းမော့ပြီး မျက်လုံးကို ဟော်ယွမ်ယွမ်ဘက်သို့ စောင်းပြလိုက်ပြီး သူမကို ပေးစေချင်နေသည်။

ကောင်းကျုံးယွမ်မှာ အနည်းငယ် တုံးအအ ရှိသော်ငြား ထိုအခိုက်အတန့်တွင်တော့ ကျီချင်းရန်၏ ဆိုလိုရင်းကို အလွန်လျင်မြန်စွာ သဘောပေါက်သွားခဲ့ပြီး “ ယွမ်ယွမ်… ဒီစားသောက်ဆိုင်က တကယ်မဆိုးဘူးသိလား…. မင်း စားချင်တာမှာလေ….”

“ ငါက အကုန်ရတယ်…. နင်မှာချင်တာ မှာလိုက်…”

“ ဝက်သုံးထပ် ပြုတ်ကျော်နဲ့ ဝက်ခြေထောက်မှာလိုက်လေ….မင်း အကြိုက်တွေပဲမလား...” လင်းရီမှ ရွှတ်နောက်နောက် ၀င်ပြော၏။

“ အာ… ဂျပန် စားသောက်ဆိုင်မှာ အဲ့တာတွေ မှာလို့ ရမယ် မထင်ဘူး.. မျက်နှာချင်းဆိုင်က ဆိုင်မှာ နှစ်ပွဲ သွားမှာလိုက်မယ်လေ…”

“ ဘော့စ်… ရှင် ကျွန်မ သိက္ခာကို လာချမနေနဲ့… ကျွန်မ အဲ့တာတွေ မစားပါဘူးနော်…”

ဖြစ်နိုင်မည်ဆိုပါက ဟော်ယွမ်ယွမ် လင်းရီကို အားပါးတရ လည်ပင်းညစ်ချင်စိတ်များ ဖြစ်ပေါ်နေတော့သည်။

သူများ အရှေ့မှာ ဘာလို့ အရှက်လာခွဲနေရတာလဲ…

“ စားချင်တာကိုပြော… ဘာ ရှက်နေစရာ အကြောင်းရှိလို့…”

“ ကျွန်မက ဂျပန် အစားအသောက်တွေ စားလေ့စားထ မရှိတော့ ဘာက အရသာ ရှိလဲ မပြောတတ်ဘူး… ကောင်းမယ်ထင်သာတာ မှာလိုက်….”

“ ကောင်းကြီးဟျောင့်…. ဟင်းပွဲတိုင်း လာချခိုင်းလိုက်လေကွာ… အဲ့တာမှ ကောင်းမကောင်း မြည်းစမ်းလို့ရမှာပေါ့…” ချင်းဟန်မှ ပြောလိုက်၏။

“ အဲ့လိုလည်း ရသားပဲ…”

ကောင်းကျုံးယွမ် စားပွဲထိုးကို ခေါ်၍ မီနူးပေါ်ရှိ ဟင်းပွဲတိုင်းအား လာချပေးရန် ပြောလိုက်၏။

ထိုအခါ စားပွဲထိုးကောင်လေးမှာ အနည်းငယ် အံ့အားသင့်သွားလေသည်။

ငါ ဒီနေ့တော့ သူဌေးအုပ်စုနဲ့ လာတိုးတာပဲ…. ဘောနပ်စ် ကောင်းကောင်းတော့ ရပြီထင်တယ်...

ကလင် ကလင် ကလင် ….

လင်းရီ သူမှာထားသည့် ဟင်းပွဲများ စောင့်ဆိုင်းနေစဉ် ဖုန်းသံ မြည်လာခဲ့၏။

ထျန်းရန်မှ ဖုန်းဆက်လာခဲ့ခြင်းပင်။

“ ဘာကိစ်စလဲ…”

“ ဘော့စ်… လုံရှင်းရဲ့ ရှယ်ယာတွေက ၅ % အထိ လျော့ကျသွားခဲ့ပြီ… ဒီည ရှယ်ယာ ဈေးကွက် ပိတ်တဲ့အချိန်ကျရင် ဟိုး အကန့်ထိတောင် ထိုးကျဖို့ အလားအလာရှိတယ်….”

“ မနေ့တုန်းကလည်း ဒီအတိုင်းပဲ… ဒီနေ့လည်း အကန့်အသတ်ထိ ထိုးကျဦးမှာလားဟ…”

“ လက်ရှိ အခြေအနေအရဆိုရင်တော့ အဲ့လိုဖြစ်ဖို့များတယ်… အဓိက အကြောင်းပြချက်က ကျွန်မတို့ဘက်က ရပ်တည်မှုကို ထုတ်မပြလို့လေ… လူတွေက ဟုတ်လို့ ငြိမ်ခံနေတယ်ဆိုပြီး အထင်မှားကုန်ကြတာ… ဒါကြောင့်မို့ ခုလို အခြေအနေမျိုး ဖြစ်ပေါ်လာတာပဲ…” ထျန်းရန် ပြောလိုက်ပြီး“ လုံရှင်းက ခု တော်တော်လေး ကျော်ကြားနေပြီလို့ ပြောလို့ရတယ်.. ဒါပေမယ့် မကောင်းသတင်းတွေနဲ့ပေါ့…”

“ ဘာမှ စိတ်လောမနေနဲ့…စိတ်လည်း မပူနဲ့.. မင်းတို့အလုပ် မင်းတို့ ဆက်လုပ်… ဒီကိစ္စအပေါ် သိပ်ပြီးမှ အာရုံ ထားမနေကြနဲ့…”

“ ဟုတ်ကဲ့ပါ ဘော့စ်…”

ညွှန်ကြားချက်များ ရရှိပြီးနောက် ထျန်းရန် ဖုန်းချလိုက်၏။

သို့သော်လည်း လင်းရီကတော့ အနည်းငယ် အလျင်လိုနေလေသည်။ သူ့ စတော့ရှယ်ယာဈေးနှုန်းများ ကျဆင်းနေသောကြောင့် မဟုတ်ပဲ တစ်ဖက်သူ၏ ရွှေ့ကွက်က နှေးတိလေးလံနေသောကြောင့်ပင်။

အင်တာနက်၌ မှတ်ဉာဏ် မရှိ။ ထို့ကြောင့် မကောင်းသတင်းများ ဆက်တိုက် တက်လာနေခြင်း မရှိပါက လုံရှင်း၏ ရှယ်ယာတို့မှာ တဖြည်းဖြည်းပြန်လည် မြင့်တက်လာပေမည်။

ထိုသို့ ဖြစ်လာမည်ဆိုပါက ပျင်းဖို့ ကောင်းသွားချေပြီ။

“ ဘာဖြစ်တာလဲတဲ့…” ချင်းဟန်မှ မေးလိုက်သည်။

“ လုံရှင်း အများပိုင် ကုမ္ပဏီအဖြစ် ကြေညာလိုက်တာ မင်းတို့လည်း သိပါတယ်… ခု ဘယ်ငနွားက လက်ကမျဉ်းနေလဲ မသိဘူး… မနေ့ကတည်းက ရှယ်ယာတွေ ထိုးကျနေတာ ဒီနေ့ဆို အကန့်အသတ်ကိုတောင် ရောက်တော့မယ်..”

“ ရှယ်ယာတွေ ထိုးကျနေတယ်… စာရင်းဝင်ပြီး အဲ့လို ဖြစ်တာဆိုလို့ ဟွာရှမှာ မင်း တစ်ယောက် ရှိမယ်ထင်တယ်….” ချင်းဟန်မှ ရယ်မောလိုက်ပြီး “ နေစမ်းပါဦး.. မင်းဘက်က ပြန်ပြီး ချေပဖို့ အစီအစဉ်မရှိဘူးလို့တော့ ငါ့ လာမပြောနဲ့… အဲ့လောက် ကိစ္စလေးက မင်းအတွက် အသေးအမွှားလေး မဟုတ်ဘူးလား…”

“ ငါ့ စိတ်ထဲ တစ်ဖက်သူက ရည်ရွယ်ချက်ရှိတယ်လို့ ခံစားနေရလို့… သူတို့ဘက်က အချိန်မရွေး ငါ့ဆီ ဆက်သွယ်လာနိုင်တယ်… ဒါကြောင့်မို့ ငါ့ဘက်က အဲ့တာကို စောင့်နေတာ….”

“ မင်း တော်တော် ရက်ရောပါလားကွ… ဒီ နှစ်ရက်တည်းနဲ့တင် မင်း ဆုံးရှုံးလိုက်ရတာ ယွမ် ဘီလီယမ် ၂၀ လောက် ရှိနေပြီ….”

“ အသေးအမွှားလေးပါ…. တကယ်လို့ ငါသာ ဖြစ်ချင်တယ်ဆိုရင် ရှယ်ယာဈေးနှုန်းတွေက မိုးထိုးနေလောက်ပြီ… ငါ လိုချင်တာက ဒီလိုမျိုး ပြဿနာ ရှာနေတဲ့သူက ငါ့ဆီဆက်သွယ်လာမှာကိုပဲ….”

“ ကျွန်မကတော့ ထိုင်တယန့်ကလွဲပြီး ဘယ်သူ့ကိုမှ စဉ်းစားလို့မရဘူး…” ဟော်ယွမ်ယွမ် ပြောလိုက်၏။

“ အမှန်ပဲ…” လင်းရီ ခေါင်းညိမ့်လိုက်ပြီး “ ဒါပေမယ့် ခန့်မှန်းခြေ သပ်သပ်ပါ… ငါတို့ဘက်က အတည်ပြုဖို့ လိုသေးတယ်…”

“ ထိုင်တယန့်က တော်တော်လေးတော့

အံ့အားသင့်ဖို့ ကောင်းတယ်… ဒါပေမယ့် တစ်ချို့အင်အားစုတွေ ပါဝင်လာပြီဆိုရင်တော့ ပြဿနာ မရှိတော့ဘူး…”

“ မဆင်မခြင် လျှောက်မလုပ်နဲ့…” ကျီချင်းရန်မှ ပြောလိုက်ပြီး “ ထိုင်တယန့်ရဲ့ သဘောသဘာဝက တခြား ကုမ္ပဏီတွေနဲ့ တူသာ မဟုတ်ဘူး… သူတို့ရဲ့ ရှယ်ယာရှင် တော်တော်များများက နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေချည်းပဲ.. တကယ်လို့ နင့်ဘက်က စပြီး လှုပ်ရှားလိုက်မယ်ဆိုရင် တစ်ချက်တည်းနဲ့ ကုမ္ပဏီတွေ အများကြီးကို အပြစ်ပြုမိသလို ဖြစ်သွားလိမ့်မယ်…” ကျီချင်းရန်မှ ရှင်းပြလိုက်ပြီး “ နောက်ပြီးတော့ ချစ်ပ်တွေကို ကန်ထရိုက်နဲ့ ထုတ်လုပ်တဲ့ နယ်ပယ်မှာ ထိုင်တယန့်က ဈေးကွက်ကို ထိန်းချုပ်ထားတာ.. သူတို့ဘက်က ဈေးကွက်ကို မှီခိုနေရတာမျိုး မဟုတ်ပဲ ဈေးကွက်က သူတို့ကို မှီခိုနေတာ… သူတို့နဲ့ ယှဉ်နိုင်တဲ့သူဆိုတာ မရှိသေးဘူး… အဲ့လို ကုမ္ပဏီကြီးကို လှုပ်လှုပ်ခတ်ခတ်ဖြစ်အောင် လုပ်ဖို့ဆိုတာ ထင်သလောက် လွယ်ကူမှာ မဟုတ်ဘူး..”

“ မရီးပြောတာ မှန်တယ်..” ကောင်းကျုံးယွမ် ပြောလိုက်ပြီး “ တနေ့တုန်းက အစ်ကိုကြီးလင်း ထိုင်တယန့်နဲ့ ဆက်သွယ်တော့ လင်းယွမ်အုပ်စုရဲ့ နာမည်ကိုလည်း အသုံးမပြုခဲ့ဘူး… နောက်ပြီးတော့ မစ်ဆူစီးပွားရေး အုပ်စုကိုလည်း စတေးခံ သိုးအနေနဲ့ အသုံးချလိုက်တယ်… အဲ့တာတွေကြောင့်သာ မဟုတ်ရင် အခြေအနေတွေက ဒီခုလို လွယ်ကူနေမှာ မဟုတ်ဘူး…”

“ ဒါဆို ငါတို့က ဒီတိုင်းပဲ ငြိမ်ခံနေရတော့မှာပေါ့….” လျန်ကျင်းမင်မှ မခံမရပ်နိုင် ဖြစ်နေသည့် လေသံဖြင့် ပြောလိုက်၏။

“ ဒီတိုင်း ငြိမ်ခံနေမယ် မပြောမိပါဘူး… ခု ငါတို့က ခုခံရင်းနဲ့ ပြန်ပြီး တန်ပြန်တိုက်ခိုက်တမ်း ကစားနေတာ…. ပြန်ပြီး မတုံ့ပြန်ခင်တော့ တစ်ဖက်သူရဲ့ နည်းဗျူဟာကို သိနေရမယ်လေ…”

“ အဲ့တာဆိုလည်း ကောင်းပြီလေ…” လျန်ကျင်းမင်မှ ဆာရှီမီ တစ်ခုကို တူဖြင့် ညှပ်ရင်း “ အကူအညီလိုရင် ကျွန်တော့်ကို လှမ်းခေါ်လိုက်…”

“ ကောင်းပြီ…”

အရေးကြီး ကိစ္စတစ်ချို့ ဆွေးနွေးပြီးနောက် အုပ်စုမှာ စတင်စားသောက်ကြတော့၏။

နှစ်ယောက်ကြား အဆင်ပြေ ချောမွေ့မှု ရှိစေရန်အတွက် ချင်းဟန်နှင့် လျန်ကျင်းမင်တို့မှ အကြီးစား စတေးမှု ပြုကာ သာမန်ဆန်သည့် ကိစ္စတို့ပဲ ပြောဆိုခဲ့ကြသည်။

ညီကိုများအနေနှင့် သူတို့ဘက်က အတတ်နိုင်ဆုံး လမ်းဖောက်ပေးသင့်လေသည်။

အုပ်စု၏ အောင်သွယ် စည်းရုံးမှုအောက်တွင် နှစ်ယောက်မှာ ပိုမိုကောင်းမွန်သည့် အခြေအနေသို့ ရောက်ရှိလာခဲ့ကြ၏။ အနည်းဆုံးတော့ သူတို့နှစ်ယောက်ကြား ထိတွေ့မှုတို့ ရှိလာလေပြီ။

ယခု ပထမဆုံး ခြေလှမ်းကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ခဲ့ပြီဟု ဆိုနိုင်သည်။

၎င်းကိုပဲ လင်းရီ ဇဝေဇဝါ ဖြစ်နေမိတော့၏။

ဟော်ယွမ်ယွမ်က အရင်တုန်းက ရည်းစားထားခဲ့ဖူးတယ်ဆိုတော့ ဘယ်လိုပဲကြည့်ကြည့် သူမမှာ အတွေ့အကြုံ ရှိတယ်လို့တော့ သတ်မှတ်လို့ရတယ် မဟုတ်ဘူးလား…

ဒါပေမယ့် ဘာလို့ သူမရဲ့ အပြုအမူတွေက ကျီချင်းရန်နဲ့ ယှဉ်ရင် အလှမ်းဝေးနေတာ…

ဉာဏ်ရည်ဉာဏ်သွေးက စကားပြောသွားတာများလား…

စားသောက်ပွဲမှာ နှစ်နာရီကျော်သည်အထိ ကြာမြင့်သွားခဲ့၏။

“ ငါတော့ ခဏနေ သွားကဲဦးမှာဆိုတော့ ကားအချောင် လိုက်စီးဖို့ စဉ်းတောင် မစဉ်းစားနဲ့…” လျန်ကျင်းမင်မှ ပြောလိုက်သည်။

“ ငါကောပဲ…” ချင်းဟန် ပြောလိုက်၏။

ထိုအခါ ဟော်ယွမ်ယွမ် လင်းရီကို ကြည့်လိုက်၏။

“ ဟေ့ .. ငါ့ကို အဲ့လို လာကြည့်မနေနဲ့…. ငါက အဆင်ပြေတယ်.. ဒါပေမယ့် မင်းကိုတော့ မတင်ချင်ဘူး…”

“ ရှီးပဲ… အကျင့်ယုတ်တဲ့ ဘော့စ်အစုတ်ပလုတ်….”

“ ထားလိုက်ပါ…. ငါတို့မှာလည်း ကားမရှိတာမှ မဟုတ်တာ..” ကောင်းကျုံးယွမ် ရေရွတ်ပြီးနောက် ဟော်ယွမ်ယွမ်ကို ခေါင်းကုတ်ရင်း ကြည့်လိုက်ပြီး “ မင်း ကုမ္ပဏီ သွားရဦးမှာမလား.. ငါ့ကားနဲ့ လိုက်ခဲ့လိုက်လေ….. ငါလိုက်ပို့ပေးမယ်…”

“ ဒါဆို ကျေးဇူးပါနော်…” ဟော်ယွမ်ယွမ် ဆံပင်ကိုသပ် ခေါင်းလေးငုံ့ရင်း ချိုသာစွာ ပြောလိုက်၏။

“ မလိုပါဘူး…” ကောင်းကျုံးယွမ် လက်ကာ ပြောလိုက်ပြီး “ ဒါနဲ့ ဘာလို့ အစ်ကိုကြီးလင်း ဆီမှာ အလုပ်ဆက်လုပ်နေသေးတာ…. သူက တစ်နှစ် ငါးသန်းပေးတယ်ဆို ငါက ဆယ်သန်းပေးမယ်… ငါတို့ ကုမ္ပဏီမှာ လာလုပ်လေ…”

“ ငိုးပဲ ဟျောင့်တွေ… မင်းတို့ကောင်တွေ ချစ်တာ ကြိုက်တာ တစ်ကဏ္ဍ… ဒါပေမယ့် ငါ့ဝန်ထမ်းကိုတော့ လာမခိုးနဲ့… မဟုတ်ရင် ငါစားပွဲလှန်ပစ်လိုက်မှာ….”

ကျီချင်းရန် ပြုံးလိုက်မိသည်။ လင်းရီက ဟော်ယွမ်ယွမ်ကို အမြဲတစေ လှောင်ပြောင် စနောက်လေ့ရှိသော်လည်း လင်းယွမ်အုပ်စု အတွက်တော့ သူမမှာ အစားထိုး မရသည့် အစိတ်အပိုင်းတစ်ခုဖြစ်လို့နေချေပြီ။

အကယ်၍ တစ်စုံတစ်ယောက်ကသာ သူမကို လာရောက်သိမ်းသွင်းမည်ဆိုပါက သူ တကယ်ကြီး စားပွဲလှန်မိလောက်၏။

( စားပွဲလှန် = အခြေအနေကို ပြောင်းပြန်လှန် )

အံ့အားသင့်ဖို့ ကောင်းစွာဖြင့် ဟော်ယွမ်ယွမ်မှ လင်းရီကို မငြင်းပယ်လိုက်ပေ။ သူမ ကောင်းကျုံးယွမ်၏ ကားထဲသို့ ဝင်၍ လူတိုင်း၏ အကြည့်အောက်တွင် ထွက်ခွာသွားခဲ့လေသည်။

“ ငါတော့ သူတို့နှစ်ယောက်က တော်တော်‌လေး အသွင်တူတယ်လို့ ထင်တာပဲ..” ကျီချင်းရန် ပြောလိုက်၏။

“ အခွင့်အရေး ရှိမှာပါ…” လျန်ကျင်းမင်၏ အသံက ထွက်ပေါ်လာလေသည်။

“ အိုး ဒါနဲ့ ငါတို့ ဆေးရုံ သွားခဲ့တုန်းက ကောင်းကြီးရဲ့ ဝမ်းကွဲနဲ့ တွေ့ခဲ့တယ်မလား… အဲ့ကောင်က ဘာလဲလုပ်တာ….” လင်းရီ မေးမြန်းလိုက်၏။

All Chapters