← Chapters

လမ်းဆုံး

Vol. 141 Ch. 1971

လမ်းဆုံး

Vol. 141 Ch. 1971

ရွှစ်...ရွှစ်...

မီးအရင်းအမြစ်က အဆက်မပြတ် ထွက်နေ၏။ ကျန်းရီသည် မီးအရင်းအမြစ် ကုန်သွားမည်ကို လုံးဝ မကြောက်ပေ။ ဤတစ်ကြိမ်တွင် သူ စင်မြင့်ထက်သို့ မရောက်နိုင်ပါက နောက်ထပ် အခွင့်အရေး ထပ်ရတော့မည် မဟုတ်ပါ။

မီးအရင်းအမြစ် အနည်းငယ်သာ ကျန်တော့သည်။ မူလတွင်လည်း ကျန်းရီထံ၌ မီးအရင်းအမြစ် မီးတောက်လုံး ဒါဇင်ကျော်သာ ရှိခဲ့သည်။ ၎င်းတို့ကို ချွေတာသုံးစွဲလျှင်လည်း ယခုတစ်ခေါက် သုံးပြီးသွားလျှင် နောက်တစ်ကြိမ်သုံးရန် များစွာကျန်မည် မဟုတ်ချေ။ ထို့ကြောင့် ၎င်းတို့အားလုံးကို တစ်ကြိမ်တည်း သုံးပစ်ရန် ကျန်းရီ ဆုံးဖြတ်လိုက်သည်။

ဝုန်း...ဝုန်း...ဝုန်း...

ပေါက်ကွဲသံများက ကျယ်၍ ကျယ်၍ လာ၏။ ကျန်းရီလည်း ပို၍ ပို၍ စိတ်လှုပ်ရှားလာသည်။ သူ လက်ရောခြေပါ အသုံးပြုကာ တက်နေပေသည်။ ထိုစဉ် သူ့ကို ပို၍ စိတ်ပူစေမည့် အရာတစ်ခု ဖြစ်လာ၏။ နွယ်အိုများက ပို၍သန်မာလာကြလေသည်။

နွယ်အိုများသည် ကျန်းရီကို မရစ်ပတ်နိုင်သေးဘဲ မီးအရင်းအမြစ်ကြောင့် မီးလောင်သွားနေသော်လည်း ကျန်းရီ အထစ်ကိုးဆယ်သို့ ရောက်သွားလျှင် နွယ်အိုများက အလွန်သန်မာလာနိုင်သည်။ ထိုအခါကျလျှင် မီးအရင်းအမြစ်က ၎င်းတို့ကို လောင်ကျွမ်းနိုင်ပါဦးမည်လော။

မီးက သစ်သားကို နိုင်၏။

နွယ်အိုများမှာလည်း သစ်သားဓာတ်ထဲတွင် ပါသည်။ သို့သော် ဤနေရာမှ နွယ်အိုများက အဘယ်ကြောင့် ထိုမျှသန်မာနေရသနည်း။ ၎င်းတို့က အစီအရင်များကြောင့် ပိုသန်မာနေခြင်းလော။ သို့သော် ကျန်းရီသည် ၎င်းနွယ်အိုများပေါ်တွင် မည်သည့်အစီအရင်ကိုမှ မခံစားမိပေ။

“အား... ကျန်းရီ၊ ကျွန်မ ဆက်ပြီး တောင့်မခံနို်ငတော့ဘူး။ ကျွန်မ ရှင့်ကိုပဲ အားကိုးလိုက်တော့မယ်...”

ကျန်းရီ အတွေးနက်နေစဉ်တွင် ‌အော်သံတစ်သံကို ကြားလိုက်ရ၏။ ထို့နောက် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ နောက်ဆုံးတွင် ကျန်းရီသည် လူတစ်ယောက် လိမ့်ဆင်းသွားသံကို ကြားလိုက်ရပေသည်။

ရှားယွီက ဆက်တောင့်မခံနိုင်တော့ပေ။

လင်းဖေးရှန်းက တောဆိတ်မသေမျိုးမိစ္ဆာသွေးကို သုံးခဲ့ခြင်းဖြစ်မည်။ ၎င်းမိစ္ဆာသွေးက ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားများကိုပင် သတ်နိုင်ရာ ဤကဲ့သို့ အနီးကပ်တိုက်ပွဲတွင် ရှားယွီတစ်ယောက် ဒဏ်ရာရ၍ လိမ့်ကျသွားခြင်းမှာ သာမန်သာ ဖြစ်သည်။

“ရှားယွီ... အဆင်ပြေလား”

ကျန်းရီ အော်ပြောလိုက်၏။ အကယ်၍ ရှားယွီသာ သေသွားလျှင် လူသားမျိုးနွယ်အတွက် အဆုံးအရှုံးကြီးသွားပေလိမ့်မည်။ ထို ထူးကဲသော အမျိုးသမီးသည် အမှန်အမှားကို ခွဲခြားနိုင်၏။ သူမက မိုးပြာမဟာဧကရာဇ်၏ တပည့်ဖြစ်သော်လည်း သူမဆရာ၏ အမိန့်များကို အကြွင်းမဲ့ နာခံသည် မဟုတ်ပေ။ သူမတွင် ကိုယ်ပိုင်အတွေးအခေါ်များ ရှိသည်။ သူမက ဟယ်နုန်ယင်းကဲ့သို့ ဖြောင့်မတ်သော နှလုံးသားပိုင်ရှင်တစ်ယောက်ပင်။ အနာဂတ်တွင် သူမသည် တမလွန်ဘုံမျိုးနွယ်နှင့် တိုက်ခိုက်ရာ၌ လူသားမျိုးနွယ်ဘက်မှ ထောက်တိုင်တစ်ခု ဖြစ်လာနိုင်သည်။ ထို့ကြောင့် သူမ သေသွားမည်ကို ကျန်းရီ မလိုလားပါ။

“ကျွန်မ မသေသေးပါဘူး။ သတိထားပါ”

ရှားယွီ၏ အားနည်းနေသောအသံ ထွက်ပေါ်လာသည်။ ထို့နောက် အသံတိတ်သွားလေသည်။ ကျန်းရီ အတန်ငယ် စိတ်အေးသွားရ၏။ သူ ခြေရောလက်ပါ သုံး၍ လျင်မြန်စွာ တက်သွားလိုက်သည်။ တစ်ချိန်တည်းမှာပင် မီးအရင်းအမြစ်ကို အဆက်မပြတ်သုံး၍ လင်းဖေးရှန်းနှင့် ဧကရာဇ်ငယ်ရွေတို့ သူ့ကို မတိုက်ခိုက်နိုင်ရန် တားဆီးထားလိုက်လေသည်။

မီးအရင်းအမြစ်၏ အပူချိန်က အလွန်ကြောက်စရာကောင်းသည်။ ကျန်းရီသည် လှေကားထစ် အထစ်ခုနစ်ဆယ်သို့ ရောက်နေပြီဖြစ်သည်။ သူ ထုတ်လွှတ်နေသော မီးအရင်းအမြစ်မီးတောက်များက စင်မြင့်ပေါ်မှ အပူချိန်ကို ကြောက်မက်ဖွယ် မြင့်တက်လာစေသည်။ လင်းဖေးရှန်းနှင့် ဧကရာဇ်ငယ်ရွေတို့ပင် စင်မြင့်စွန်းနားသို့ ကပ်မလာဝံ့ကြပေ။ လင်းဖေးရှန်းက စင်မြင့်စွန်းသို့ မကပ်နိုင်ရာ သူ့ကိုလည်း ‌တောဆိတ်မသေမျိုးမိစ္ဆာသွေးနှင့် တိုက်ခိုက်နိုင်မည် မဟုတ်ချေ။

ခုနစ်ဆယ့်ငါးထစ်...

အထစ်ရှစ်တယ်...

လင်းဖေးရှန်းနှင့် ဧကရာဇ်ငယ်ရွေတို့ စင်မြင့်စွန်းနားကို မကပ်ဝံ့ကြသေးပါ။ ကျန်းရီ ပို၍ စိတ်လှုပ်ရှားလာသည်။ နွယ်အိုများကို လောင်ကျွမ်းရန် ပိုခက်ခဲလာပြီဖြစ်သော်လည်း ၎င်းကို လောင်ကျွမ်းနိုင်နေသေးသည်။ သူသာ စင်မြင့်ထက်သို့ ရောက်နိုင်မည်ဆိုလျှင် ရလဒ်ကို ဆုံးဖြတ်ပြီးသား ဖြစ်သွားပေလိမ့်မည်။

“ကျန်းရီ... အဲ့နွယ်အိုတွေက ပိုပြီး သန်မာလာပြီ။ ရှင်က ဆက်တက်လာရဲသေးတယ်ပေါ့လေ၊ ဆွဲခေါ်ခံလိုက်ရမှာ မကြောက်ဘူးလား။ ဘေးနံရံတွေထဲမှာ ကြောက်စရာ မိစ္ဆာသစ်ပင်တွေ ရှိတယ်။ ရှင် ဆွဲသွင်းခံလိုက်ရရင် သေလိမ့်မယ်”

“ကျန်းရီ... ရှင် တက်လာတော့ရော ဘာလုပ်နိုင်မှာလဲ။ ဆိုးတာက ပိုဆိုးသွားတာပဲ ရှိမှာ။ ကျွန်မ ရှင်နဲ့အတူ အသေခံပစ်မှာ”

“ကျန်းရီ.. ကျွန်မကို ဖိအားမပေးနဲ့နော်။ ရှင် ကျွန်မကို ဖိအားပေးရင် ကျွန်မ တကယ် ရှင့်ကို ကျွန်မနဲ့အတူ သေရွာကို ခေါ်သွားမှာ”

လင်းဖေးရှန်း၏ အသံက အဆက်မပြတ် ထွက်ပေါ်လာနေ၏။ သူမ၏ အသံမှာ တဖြည်းဖြည်း လော၍လာသည်။ သူမသည် ကောင်းကင်ရတနာကို မသန့်စင်နိုင်သလို အဝေးသို့လည်း ယူမသွားနိုင်ပေ။ ထို့ပြင် သူမက အတန်ငယ် လန့်နေပုံလည်းရသည်။ အကယ်၍ ကျန်းရီ စင်မြင့်ထက်သို့ တက်လာလျှင် အကျိုးဆက်များက တွေးမကြည့်နိုင်အောင် ဖြစ်သွားမည် မဟုတ်ပါလား။ သို့သော် သူမ စင်မြင်စွန်းသို့ မကပ်ဝံ့သေးပါ။ မီးအရင်းအမြစ်က အလွန်ကြောက်မက်ဖွယ်ကောင်းပေသည်။

လင်းဖေးရှန်းက စိတ်လှုပ်ရှားလာလေ၊ ကျန်းရီ စိတ်အေးလာလေပင်။ သူ တစ်ထစ်ချင်း ဆက်တက်လိုက်သည်။ အပေါ်ပိုင်းတွင် နွယ်အိုများက အမှန်ပင် ပို၍ သန်မာလာကြသည်။ မီးအရင်းအမြစ်မှာ ၎င်းတို့ကို လောင်ကျွမ်းနိုင်သေးသော်လည်း စွမ်းအင် လျင်မြန်စွာ ကုန်ဆုံးလာသည်။ ထို့ကြောင့် စင်မြင့်ထက်သို့ ရောက်လျှင် သူ့တွင် မီးအရင်းအမြစ်မီးတောက်လုံးများစွာ ကျန်တော့မည် မဟုတ်ဟု ကျန်းရီ တွေးလိုက်သည်။

ရှစ်ဆယ့်ငါးထစ်...

အထစ်ကိုးဆယ်...

ကျန်းရီ၏ ခန္ဓာကိုယ်ပေါ်သို့ သက်ရောက်နေသော မြေဆွဲအားက ပို၍ ပို၍ ကြောက်မက်ဖွယ်ကောင်းလာ၏။ သူ၏ အမြန်နှုန်းကလည်း နှေး၍လာသည်။ ထိုနေရာရှိ နွယ်အိုများ၏ သန်မာမှုကလည်း ကျန်းရီကို တုန်လှုပ်စေပေသည်။

မီးအရင်းအမြစ်မှာ လျင်မြန်စွာ ကုန်ဆုံးနေ၏။ ၎င်းက နွယ်အိုများကို လောင်ကျွမ်းနိုင်နေသေးသော်လည်း ကျန်းရီ အထက်သို့ ဆက်တက်လျှင် အခြေအနေက မည်သို့ ဖြစ်သွားမည်နည်း။ သူ ကိုးဆယ့်ကိုးထစ်သို့ ရောက်မှ မီးအရင်းအမြစ်က နွယ်အိုများကို မလောင်ကျွမ်းနိုင်တော့လျှင် မည်သို့ လုပ်မည်နည်း။

‘နှစ်ဘက်လုံးက လမ်းဆုံးတွေချည်းပဲလား။ ငါ လုံးဝ အပေါ်တက်လို့ မရဘူးလား။ ဒီနွယ်အိုတွေကို ဘာနဲ့လုပ်ထားတာလဲ။ ဘာလို့ ဒီလောက်သန်မာနေရတာလဲ။ အဲ့နွယ်အိုတွေအပေါ်မှာ ဘာအစီအရင်မှ မရှိပါဘူး။ ဒီလောကထဲမှာ အဲ့လောက်သန်မာတဲ့ နွယ်ပင်တွေ ရှိတယ်လား’

ကျန်းရီ နားမလည်နိုင်ပေ။ သို့သော် သူ့တွင် တွေးတောနေရန် အချိန်လည်း မရှိပါ။ လက်ရှိတွင် သူ နောက်ပြန်မဆုတ်နိုင်တော့ပေ။ မီးအရင်းအမြစ်က ကုန်တော့မည်ဖြစ်သည်။ သူ တုံ့ဆိုင်းနေလျှင် သုံးခဲ့သော မီးအရင်းအမြစ်များကို ဖြုန်းတီးလိုက်သလို ဖြစ်သွားပေလိမ့်မည်။

ကိုးဆယ့်သုံးထစ်၊ ကိုးဆယ့်ငါးထစ်...

ထိုအခိုက်တွင် ပြောင်းလဲမှုတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာ၏။

“ကျန်းရီ သေပေတော့...”

လင်းဖေးရှန်းက အော်လိုက်သည်။ မီးအရင်းအမြစ်၏ အပူချိန်ကို တောင့်ခံ၍ လူနှစ်ယောက် စင်မြင့်စွန်းသို့ ရောက်လာကြသည်။ ကျန်းရီ သူတို့ကို မော့ကြည့်လိုက်ပြီးနောက် ရုတ်ခြည်း တုန်လှုပ်သွားသည်။

စင်မြင့်စွန်းသို့ ရောက်လာသူများမှာ ပိယန်နှင့် ကိုယ်လုပ်တော်ဟွာတို့ပင်။ သူတို့နှစ်ယောက်စလုံး ကျန်းရီဆီ ခုန်ချလိုက်ကြသည်။ လေထဲမှာပင် သူတို့ မီးလောင်ကျွမ်းသွားကြသည်။ သူတို့က သူတို့ကိုယ်သူတို့ ဖောက်ခွဲပစ်တော့မည် ဖြစ်ကြောင်း ထင်ရှားပေသည်။

ဧကရာဇ်ငယ်ရွေက ပိယန်နှင့် ကိုယ်လုပ်တော်ဟွာတို့ကို ထိန်းချုပ်၍ သူတို့ကိုယ်သူတို့ အသေခံခိုင်းခြင်းပင်။ သူသည် ထိုနှစ်ယောက်၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမှုအား သုံး၍ ကျန်းရီကို တိုက်ခိုက်လိုခြင်းဖြစ်သည်။

ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်သမားနှစ်ယောက်၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်မှုက မည်မျှအားကောင်းမည်နည်း။ ကျန်းရီ သေချာပင် မပြောနိုင်။ သို့သော် သူ မိုးမြေစွမ်းအားကို မသုံးလျှင်မူ သေချာပေါက် ပေါက်ကွဲမှုကြောင့် သေသွားပေလိမ့်မည်။ မိုးမြေစွမ်းအားကို သုံးလိုက်လျှင် သူ့ရုပ်ခန္ဓာက ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်၏ ရုပ်ခန္ဓာနှင့် ယှဉ်နိုင်သွားသည်။ သူ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသွားလျှင်ပင် နတ်ဘုရားသစ်ရွက်ကို သုံး၍ ဒဏ်ရာကုသနိုင်ပေလိမ့်မည်။

ပြဿနာမှာ...

ကျန်းရီ ထိုနေရာတွင် မိုးမြေစွမ်းအားကို သုံးလိုက်သည်နှင့် အဆတစ်သန်း မြေဆွဲအားက သူ့အပေါ် ပိကျလာမည်ဖြစ်သည်။ ထိုသို့ဖြစ်လာလျှင် သူ မီးအရင်းအမြစ်ကို ဆက်ထုတ်နိုင်တော့မည် မဟုတ်ပါ။ ခန္ဓာကိုယ်ကိုပင် မလှုပ်နိုင်ရာ မီးအရင်းအမြစ်ကို မည်သို့ ထုတ်မည်နည်း။

မီးအရင်းအမြစ် မရှိတော့လျှင် လင်းဖေးရှန်းနှင့် ဧကရာဇ်ငယ်ရွေတို့က စင်မြင့်စွန်းသို့ ချက်ချင်း ရောက်လာပေလိမ့်မည်။ ကျန်းရီက စင်မြင့်ပေါ်သို့ ရောက်ရန် ပေတစ်ရာလောက်သာ လိုတော့သည်။ ထို့ကြောင့် လင်းဖေးရှန်းက တောဆိတ်မသေမျိုးမိစ္ဆာသွေးကို သုံး၍ ကျန်းရီကို အလွယ်တကူ သတ်ပစ်နိုင်လေသည်။

လမ်းဆုံးတစ်ခု...

ကျန်းရီ၏ ဦးနှောက်က လျင်မြန်စွာ အလုပ်လုပ်လာ၏။ သူ လင်းဖေးရှန်း၏ ထောင်ချောက်ထဲ ထပ်ကျသွားပြီဖြစ်ကြောင်း သဘောပေါက်သွားသည်။ လင်းဖေးရှန်းက တတွတ်တွတ် ပြောနေခဲ့ခြင်းမှာ ကြောက်၍မဟုတ်၊ မတိုက်ခိုက်ရဲ၍ မဟုတ်ပေ။ သူမက ကျန်းရီ ဆက်တက်လာအောင် ရည်ရွယ်ချက်ရှိရှိ အော်ပြောနေခဲ့ခြင်းသာ။ ယခုတွင် ကျန်းရီတစ်ယောက် လမ်းဆုံးသို့ ရောက်သွားပေပြီ။

ယခုမှ ကျန်းရီ ပြန်ဆုတ်လိုလျှင်ပင် ဆုတ်နိုင်တော့မည် မဟုတ်ပါ။ ပတ်ပတ်လည်တွင် နွယ်အိုများ ရှိနေသည်။ သူ ပြန်ဆုတ်လိုက်လျှင် သေချာပေါက် နွယ်အိုများ၏ ရစ်ပတ်မှုကို ခံရပေလိမ့်မည်။ လင်းဖေးရှန်းမှာ အရာအားလုံးကို တွက်ချက်ထားပေသည်။

‘မိန်းမတစ်ယောက်ရဲ့ နှလုံးသားက အကောက်ကျစ်ဆုံးပဲ’

ကျန်းရီသည် လင်းဖေးရှန်း၏ အစွမ်းကို လျှော့မတွက်တော့သော်လည်း သူမ၏ ဉာဏ်နီဉာဏ်နက်ကိုမူ လျှော့တွက်ခဲ့မိပြန်သည်။ သို့သော် သေရေးရှင်ရေး အခိုက်အတန့်တွင် သူ ရုတ်တရက် အကြံတစ်ခု ရလိုက်၏။ သူ လွတ်လမ်းတစ်ခုကို တွေးမိသွားပေပြီ။

ကျန်းရီ ရုတ်ခြည်းပင် မီးအရင်းအမြစ်ကို သိမ်းလိုက်ပြီး နွယ်အိုများကို သူ့အား ရစ်ပစ်ခွင့်ပေးလိုက်သည်။ သူ မိုးမြေစွမ်းအားကိုလည်း မသုံးဘဲ နတ်ဘုရားသစ်ရွက်ကို ထုတ်၍သာ ၎င်းအတွင်းသို့ ကောင်းကင်စွမ်းအားတစ်တန်း ထည့်သွင်းလိုက်သည်။ နတ်ဘုရားသစ်ရွက် တောက်ပလာပြီး ထိုအလင်းက သူ့တစ်ကိုယ်လုံးနှင့် ပတ်ပတ်လည်မှ နွယ်အိုများကို လွှမ်းခြုံသွားသည်။

ဝုန်း...ဝုန်း...

ပိယန်နှင့် ကိုယ်လုပ်တော်ဟွာတို့သည် မီးရှူးမီးပန်းများအလား ပေါက်ကွဲသွား၏။ ထို့ကြောင့် ကျန်းရီ၏ကိုယ်ကို ရစ်ပတ်ထားသော နွယ်အိုများလည်း တစ်လွှာပြီးတစ်လွှာ ပေါက်ကွဲသွားသည်။ ကြောက်မက်ဖွယ် အဟုန်က ကျောက်စင်မြင့်တစ်ခုလုံးကို တုန်ခါသွားစေသည်။ ကျယ်လောင်သော ပေါက်ကွဲသံနှစ်သံမှာလည်း ခန်းမထဲတွင် ပဲ့တင်ထပ်နေလေသည်။

“ကျန်းရီ...”

ရှားယွီက ခန်းမ၏ ထောင့်တစ်နေရာသို့ ဆုတ်သွားပြီးပြီဖြစ်သည်။ သူမက အပြင်းအထန် ဒဏ်ရာရထား၍ အခြေအနေများကို မစူးစမ်းနိုင်ခဲ့ပါ။ ယခုတွင်မူ ပေါက်ကွဲမှုကြောင့် သူမ စင်မြင့်ဆီသို့ လှမ်းကြည့်လိုက်သည်။ ကျန်းရီက နွယ်အိုများ၏ ရစ်ပတ်မှုကို ခံထားရပြီး ပိယန်နှင့် ကိုယ်လုပ်တော်ဟွာတို့ကို သူတို့ကိုယ်သူတို့ ဖောက်ခွဲပစ်လိုက်သည်ကို သူမ မြင်လိုက်ရပေသည်။

နွယ်အိုများက တစ်လွှာပြီးတစ်လွှာ ပေါက်ကွဲထွက်နေသော်လည်း မြင့်မြတ်သောအလင်း၏ လွှမ်းခြုံမှုအောက်တွင် လျင်မြန်စွာ ပြန်ကောင်းလာနေပြီး ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားနှစ်ယောက်၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်မှု အဟုန်ကို အပြည့်အဝ တားဆီးပေးနေ၍ ရှားယွီ အတန်ငယ်တော့ စိတ်အေးသွားသည်။

သို့သော်...

ကျန်းရီက နတ်ဘုရားသစ်ရွက်ကို သုံး၍ နွယ်အိုများကို ကုသပေးနေသော်လည်း မိုးမြေစွမ်းအားကိုတော့ မသုံးခဲ့ပေ။ ထို့ကြောင့် သူ့ခန္ဓာကိုယ်က နွယ်အိုများ၏ ဘေးနံရံမှ မည်းနက်နေသော တံခါးပေါက်ထဲသို့ ဆွဲခေါ်သွားမှုကို ခံနေရသည်။

“အာ...”

လင်းဖေးရှန်းနှင့် ဧကရာဇ်ငယ်ရွေတို့ စင်မြင့်စွန်းကို လျင်မြန်စွာ ရောက်လာကြ၏။ ကျန်းရီက ဘေးနံရံမှ မည်းနက်သော တံခါးထဲ ဆွဲခေါ်ခံနေရသည်ကို သူမတို့ မြင်လိုက်ရသည်။ လင်းဖေးရှန်း၏ လက်ထဲတွင် တောဆိတ်မသေမျိုးမိစ္ဆာသွေး ရှိနေသည်။ သို့သော် သူမ၏ ပစ်မှတ်က ပျောက်သွားပေပြီ။

ရွှီး...

‌ဘေးနံရံမှ အစီအရင်များက လင်းလက်လာ၏။ ထို့နောက် တံခါး၊ နွယ်အိုများနှင့် ကျန်းရီတို့ ပျောက်ကွယ်သွားကြသည်။ လှေကားထစ်များပေါ်၌ ပိယန်နှင့် ကိုယ်လုပ်‌တော်ဟွာတို့၏ အသားစများနှင့် သွေးများသာ ကျန်ခဲ့လေသည်။

All Chapters