← Chapters

အင်ပါယာ ထျန်းမျိုးနွယ်

Vol. 64 Ch. 896

အင်ပါယာ ထျန်းမျိုးနွယ်

Vol. 64 Ch. 896

နှစ်မိနစ်မျှ ကြာမြင့်ပြီးနောက် ကောင်းကင် ဖျက်ဆီးသူ တစ်စင်းမှာ စတင်၍ လှုပ်ရှားလာခဲ့၏။ မြေကြီး ရှန့်ထို နှစ်ယောက်၏ နှလုံးသားများက ပိုမို၍ တင်းမာ လာခဲ့ကြသည်။

သူတို့ စိတ်ထဲ ဝင်လာသည့် ပထမဆုံး အတွေးက အင်ပါယာ မျိုးနွယ် အောင်မြင်ပြီ ဟူ၍ပင်။ ကြည့်ရသည်က မိုးကုပ်စက်ဝိုင်း အဂ္ဂိရတ် ရှန့်ထိုမှာ ထာဝရ ဧကရာဇ် ထားရစ်ခဲ့သည့် လောကအံ့ဖွယ် ထုတ်ကုန် ခုနစ်ခုမှ တစ်ခုကို အောင်မြင်ကာ လျှို့ဝှက် ကျိန်စာကို ချိုးဖျက်နိုင်လိုက်သည့်ပုံပင်။

ကြောက်ရွံ့သည့် ခံစားချက်များက သူတို့ နှလုံးသား အတွင်း စိုးမိုး လာခဲ့၏။ ထိုကိစ္စသာ အမှန်ဆိပါက... ကျားကို အတောင်ပံ တပ်ပေးလိုက်သလို ဖြစ်သွားလိမ့်မည် ဖြစ်သည်။ ထိုအရာက ကြယ်ကွင်းပြင် တစ်ခုလုံး စိုးရိမ်ရမည့် အန္တရာယ်လည်း ဖြစ်ပေသည်။

ဝှစ်...

အဖြူရောင် အလင်းတစ်ခုမှာ ကောင်းကင် ဖျက်ဆီးသူ တစ်ခုထံမှ စီးထွက်လာကာ နယ်မြေ ချိပ်ပိတ်ခြင်း ဝင်္ကပါ၏ အနားစွန်းနားသို့ ရောက်ရှိလာခဲ့၏။ ထို့နောက် ၎င်းက အလွန် ချောမော ခန့်ညားသည့် ယောက်ျား တစ်ယောက် အဖြစ် ဖွဲ့စည်းသွားခဲ့သည်။

ထိုယောက်ျားက ချောမောသည့် မျက်နှာ၊ ခပ်ချွန်ချွန် မေးစေ့၊ ဓားသွား ကဲ့သို့ မျက်ခုံးများကို ပိုင်ဆိုင်ထားကာ အဖြူရောင် အင်ပါယာ ဝတ်စုံကို ဝတ်ဆင်ထားသည်။ ရောင်စုံ ကြယ်ပွင့်များမှာ သူ့ဝတ်စုံ တစ်ခုလုံးတွင် လှပစွာ ပြန့်ကျဲနေ၏။ ထိုပုဂ္ဂိုလ်မှ သဘာဝ အတိုင်း မြင့်မြတ် ထည်ဝါသည့် မင်းမျိုးမင်းနွယ် အရှိန်အဝါကို ပိုင်ဆိုင်ထားကာ ကိုယ့်ကိုယ်ကို ယုံကြည်ချက် ပြင်းထန်သည့် ဟန်ပန်မျိုး ရှိ၏။

ကြယ်ကွင်းပြင် တစ်ခုလုံး၏ အမြင့်မြတ်ဆုံးသော ဂုဏ်သရေ အင်ပါယာ သွေးမျိုးဆက်ကို ကိုယ်စားပြုသည့် ထိုပုဂ္ဂိုလ်၏ ရွှေအိုရောင် မျက်လုံးများကို ကြည့်ရင်း မြေကြီး ရှန့်ထို နှစ်ယောက်၏ အတွင်းစိတ်များမှာ တောင့်တင်း သွားကြ၏။

ထျန်းမူယန်...

တောင်ဝင် သွေးမျိုးဆက်၏ အင်ပါယာ ဘုရင် တစ်ဦး...

ထျန်းမူယန်က နယ်မြေချိတ်ပိတ်ခြင်း အတားအဆီးကို အနီးကပ် ကြည့်လိုက်သည်။ သူ့နှုတ်ခမ်းထက်ရှိ မထီတရီ အပြုံးက ပျောက်ကွယ်သွားခြင်း မရှိပါချေ။ တစ်ခဏ ကြာပြီးနောက် သူက ရွှေရောင် တလက်လက် တောက်ပနေသည့် မျက်ဝန်းများဖြင့် မြေကြီး ရှန့်ထို နှစ်ယောက်ကို လှည့်ကြည့်လိုက်သည်။ နယ်မြေ ချိပ်ပိတ်ခြင်း ဝင်္ကပါ ကာရံထားသည့်တိုင် သူ ထိုနှစ်ယောက်ကို ရှင်းလင်း ထင်ရှားစွာ မြင်နိုင်ပေသည်။

“ဒြပ်စင် ကာကွယ်သူဟန်... ကျောက်စိမ်း ဧကရီကျန်း...”

ထျန်းမူချူးက အေးဆေး တည်ငြိမ်စွာပင် နှုတ်ဆက်လိုက်၏။ သူ၏ လေသံက သဘာဝ အတိုင်း ရင့်ကျက်နေကာ မည်သည့် ရန်လိုမှု အရိပ်အယောင်ကိုမှ သယ်ဆောင်ထားခြင်း မရှိပါချေ။ သက်တောင့်သက်သာ ရှိသည့်‌ အော်ရာ တစ်ခုကိုပင် သယ်ဆောင်ထးသေး၏။

ဟန်ယုဟိုင်တို့ နှစ်ယောက်မှာလည်း အလားတူပင် အပြင်ကို ပြဿနာ တစ်စုံတစ်ရာ မရှိပဲ မြင်နိုင်ပေသည်။ သူတို့က တလေးတစားပင် ပြန်လည် နှုတ်ဆက် လိုက်ကြ၏။

“အင်ပါယာ ဘုရင် မူယန်...”

ဗဟုသုတနှင့် အဆင့်အတန်းအရ ဟန်ယုဟိုင်က ဦးဆောင်သူ နေရာကို ယူလိုက်၏။

“အင်ပါယာ ဘုရင် မူယန်... ဘာကိစ္စကြောင့် ကျုပ်တို့ ဒြပ်စင် နယ်မြေကို လာရတာပါလဲ...”

အင်ပါယာ ဧကရာဇ်၏ အမူအရာက ရန်လိုပုံ မရသည့်တိုင် ဟန်ယုဟိုင်ကတော့ ယုံကြည်ခြင်း မရှိပါချေ။ ထျန်းမူယန်က လက်နှစ်ဖက်ကို နောက်ပစ်လိုက်၏။ သူ၏ နှုတ်ခမ်းထက်ရှိ အပြုံးက ပိုမို ပေါ်လွင်လာသည်။

“ကျုပ်တို့ ထျန်းမျိုးနွယ် ဒီကို လာရတာက တော်ဝင် သွေးမျိုးဆက်နဲ့ ပတ်သက်နေပါတယ်... တကယ်လို့ စိတ်မရှိဘူး ဆိုရင် တံခါးကို ဖွင့်ပေးလို့ ရမလား”

“တော်ဝင် သွေးမျိုးဆက်...”

ကျန်းကျိရီက မျက်မှောင်ကြုတ်လိုက်၏။

“ကျုပ်တို့က ခွင့်မပြုဘူး ဆိုရင်ရော...”

ဟန်ယုဟိုင်က မေးခွန်းထုတ်လိုက်၏။ ပုံမှန်အားဖြင့်... ထိုကဲ့သို့ တောင်းဆိုမှုမျိုးကို အစစ်အမှန် ဒြပ်စင်ဂိုဏ်းမှာ ငြင်းဆိုလိမ့်မည် မဟုတ်ပါချေ။ သို့သော်လည်း... မိုးကုပ်စက်ဝိုင်း အဂ္ဂိရတ် ရှန့်ထို အဂ္ဂိရတ် ထုတ်ကုန် ဖော်စပ်မှု အောင်မြင်၊ မမြင် သိချင်နေလေရာ ထိုအရာက စမ်းသပ်မှု တစ်ခု ဖြစ်ပေသည်။

“ခင်ဗျားမေ့နေတာလား ဒြပ်စင် ကာကွယ်သူဟန်... ဒါဆိုလည်း ကျုပ် သတိ‌ပေးရတော့မှာပေါ့လေ... ကျိန်စာ ဆိုတုန်းက တော်ဝင် သွေးမျိုးဆက်နဲ့ ပတ်သက်တဲ့ ကိစ္စတွေ၊ ကျုပ်တို့ရဲ့ အမွေအနှစ်၊ အုပ်စိုးမှုနဲ့ ဆိုင်တဲ့ ပြဿနာတွေ ဆိုရင် ဘယ်နေရာကို မဆို တံခါးမရှိ၊ ဓားမရှိ ဝင်ခွင့် ရှိတယ် ဆိုတဲ့ အချက် ပါတယ်... ခင်ဗျားတို့မှာ ငြင်းဆိုပိုင်ခွင့် မရှိပါဘူး”

ထျန်းမူယန်က အေးဆေးစွာပင် ရှင်းပြလိုက်သည်။

“...”

ဟန်ယုဟိုင်နှင့် ကျန်းကျိရီတို့ နှစ်ယောက်စလုံးမှာ တိတ်ဆိတ်သွားကာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြသည်။ တစ်ယောက် မျက်လုံးများထဲမှ စိုးရိမ်စိတ်ကို တစ်ယောက် ရှင်းလင်းစွာပင် မြင်နိုင်ပေသည်။ ထျန်းမူယန် ပြောသည့် စကားက အမှန်တရားပင် ဖြစ်သည်။

ကိုယ့်ကိုယ်ကို ကာကွယ်ရန် အတွက် ထျန်းမျိုးနွယ်မှာ အထူးအခြေအနေများကို ကျိန်စာ အတွင်း ထည့်သွင်းကာ အင်အားစုတိုင်းကို ကျိန်ဆို စေခဲ့သည်။ ထိုအခြေအနေများနှင့် ကြုံတွေ့ပါက လျှို့ဝှက် ကျိန်စာများမှာ မီးခိုးများလို ပျောက်ကွယ် သွားလိမ့်မည် ဖြစ်သည်။

“ပြဿနာ မရှိဘူး ဆိုရင် နယ်မြေ ချိပ်ပိတ်ထားတဲ့ အတားအဆီးကို မြန်မြန် ဖယ်ပေးလို့ ရမလား... ဒြပ်စင် ကာကွယ်သူဟန်...”

ထျန်းမူယန်က အပြုံးဖြင့် ဆက်လက်၍ ပြောလိုက်၏။ သူ၏ မျက်လုံးများက အစစ်အမှန် ဒြပ်စင်ဂိုဏ်းမှာ ဝင်္ကပါ အကာအကွယ်ကို ဖယ်ရှားပေးလိမ့်မည် ဖြစ်ကြောင်း ကျိန်းသေ ယုံကြည်နေပုံပင်။ အကယ်၍ ဖယ်ရှား မပေးပါက ထိုဂိုဏ်းမှာ တန်ခိုးရှင် အင်အားစုကြီး ဆယ့်ခြောက်ခုတွင် ပထမဆုံး ကျဆုံးရသည့် အင်အားစုကြီး ဖြစ်သွားလိမ့်မည် ဖြစ်သည်။

ဟန်ယုဟိုင်၏ အမူအရာက ဆုံးဖြတ်ရ ခက်သွားဟန် ရ၏။ အနည်းငယ် ချီတုံချတုံ ဖြစ်ပြီးနောက်၌ သူက ပင့်သက် တစ်ချက်ရှိုက်ကာ ပြောလိုက်လေသည်။

“ကျုပ်ကို အချိန် နည်းနည်းလေက်ပေးပါ အင်ပါယာ ဧကရာဇ် မူယန်... အခု ဝင်္ကပါကို ထိန်းချုပ်ထားတာက ကျုပ်တို့ မဟုတ်ဘူး... ဂိုဏ်းထဲမှာ ပြဿနာ‌ နည်းနည်း ရှိနေတယ်... ကျုပ်တို့ လုပ်နိုင်တာ အားလုံး လုပ်ပေးပါ့မယ်... နောက်ပြီး ဒီကိစ္စကို လင်းမျိုးနွယ်နဲ့လည်း ဆွေးနွေးရပါဦးမယ်... အဲဒီ မတိုင်ခင်တော့ အနားယူ နေကြပါဦး...”

ထျန်းမူချူးက လက်ခံဟန်ဖြင့် ခေါင်းညိတ်လိုက်၏။ ထို့နောက် သူက အကြည့်လွှဲကာ ရွှေရောင် တလက်လက် တောက်ပသည့် မျက်လုံးများနှင့် အတူ နယ်မြေ ချိပ်ပိတ်ခြင်း ဝင်္ကပါကိုသာ လေ့လာ နေခဲ့တော့သည်။

မူလဂြိုဟ်ထက်၌...

ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများက အနည်းငယ် သုန်မှုန်နေ၏။ အင်ပါယာ မျိုးနွယ် ရောက်ရှိလာမှုက သူနှင့် ပတ်သက်စရာ အကြောင်း မရှိပါချေ။ သူ အင်ပါယာ မျိုးနွယ်ကို တစ်ခါမှ မထိပါးဖူးချေ။ သူတို့က အဘယ်ကြောင့် လာရသနည်း။

“ခင်ဗျားတို့ နှစ်ယောက် ဘာတွေ မြင်ကြလဲ...”

ဝေ့ဝူယင် ဝူယုနှင့် ဝမ်မင်ယာတို့ကို မေးလိုက်၏။ ထိုအခိုက်၌ ဝမ်မင်ယာမှာ အဆုံးမဲ့ လက်ဟန် ချိပ်စည်းများကို ဖော်ဆောင်နေဆဲ ဖြစ်ကာ ရွှေရောင် နေကြယ် ကိုးခုမှာ သူမ ခန္ဓာကိုယ်ကို ပတ်လည်လှည့်၍ ဝန်းရံ နေခဲ့သည်။ မိန်းကလေး၏ မျက်လုံးများက ရွှေရောင် အလင်းတန်းများနှင့် တောက်ပနေ၏။

“အား..”

ရုတ်တရက် ညီးသံ တစ်ခုနှင့် အတူ မိန်းကလေး၏ ခန္ဓာကိုယ်က စတင် တုန်ရီလာ၏။ သူမက ခပ်မြန်မြန်ပင် လက်ဟန် ချိပ်စည်း အချို့ကို ဖော်ထုတ်လိုက်ရာ နေကြယ် ကိုးခုမှာ ရွှေရောင် အလင်းစက်များ အဖြစ် အရည်ပျော်၍ သူမ ခန္ဓာကိုယ်ကို စက်ဝန်း တစ်ခုလိုမျိုးဖုံးအုပ်သွား၏။

သူမက အလွန် အစွမ်းထက်သည့် အစီအရင် တစ်ခုကို အသက်သွင်းဖို့ ကြိုးစားခဲ့သော်လည်း အဆုံးသတ်၌ ကျရှုံးကာ ‌နောက်ဆက်တွဲ အကျိုးဆက်ကို ပြန်လည် ထိန်းချုပ်ဖို့ ကြိုးစားနေဟန် ရသည်။

ဝူယုက ချက်ချင်းပင် လှုပ်ရှားကာ မိန်းကလေးကို ရွှေရောင် စက်ဝန်း အတွင်းမှ ဆွဲထုတ်လိုက်၏။ မိန်းကလေး၏ မျက်နှာက စက္ကူ တစ်စလို ဖြူရော်နေကာ အနက်ရောင် သွေးကြောများမှာ အရည်ပြားကို ဖောက်ထွင်း၍ပင် ထိုးထိုးထောင်ထောင်နှင့် ထွက်ပေါ်နေသည်။ တစ်ချိန်တည်း၌ သူမ၏ မျက်ဝန်းများမှာ အရောင်၊ အဆင်းနှင့် အလင်းတို့ ကင်းမဲ့နေ၏။

ဝူယုက သူမကို ဝေ့ဝူယင်ထံ လက်လွှဲပေးလိုက်သည်။ ဝေ့ဝူယင် မိန်းကလေးကို ပွေ့ပိုက်လိုက်ရင်း ဧဒင် အမှတ်အသားနှင့် ချိတ်ဆက်ကာ သန့်စင်သည့် အသက်အင်အားများကို လွှဲပြောင်းပေးလိုက်သည်။ တစ်ခဏ အတွင်းမှာပင် မိန်းကလေး၏ မျက်နှာက နှင်းဆီရောင် ပြန်သမ်းလာာ မျက်လုံးများမှာလည်း မူလက ကဲ့သို့ ကြည်လင် ရှင်းလင်းမှုကို ပြန်လည် ရရှိလာခဲ့၏။

“ကျုပ် အကာအကွယ် ဝင်္ကပါရဲ့ အပြင်ဘက်မှာ နောက်ထပ် တံတိုင်း တစ်ခုကို တွေ့ရတယ်... သူတို့က ဒြပ်စင် နယ်မြေကို ချိပ်ပိတ်လိုက်ကြပြီ”

ဝူယုက သုန်မှုန်သည့် လေသံဖြင့် ပြောလိုက်သည်။

“ကျွန်မကတော့ ဘာကိုမှ မမြင်ခဲ့ရဘူး... တောင်းပန်ပါတယ်”

ဝမ်မင်ယာ တောင်းပန်သည့် လေသံဖြင့် ဆိုလိုက်သည်။ ထိုအခိုက်၌ သူမမှာ အလွန်ပင် အားနည်း နေခဲ့ကာ အသံမှာ လေသံသဲ့သဲ့ ကဲ့သို့ တိုးလျလှ၏။ သူ၏ ကျင့်ကြံခြင်း အခြေခံနှင့် ကျွမ်းကျင်မှုက အင်ပါယာ မျိုးနွယ်၏ ရည်ရွယ်ချက်များကို ခန့်မှန်းရန် အလှမ်း ကွာဝေးပေသေးသည်။

“ကျုပ်တို့ ကြိုက်တဲ့ အချိန်ထွက်သွားလို့ ရတယ် မလား သခင်လေး...”

ဝူယုက မေးလိုက်၏။ ဝေ့ဝူယင်မှာ ဟင်းလင်းပြင် ပေါ်တယ်များ ဖန်တီးနိုင်သည့် ထူးခြားသော ကျင့်စဉ် တစ်ခုကို ကျင့်ကြံထားကြောင်း သူသိပေသည်။ သေမျိုးတစ်ပိုင်း အရှင် တစ်ယောက်၏ အမဲလိုက် ခံရတုန်းကရော ထာဝရ အစည်းအရုံး၏ နယ်မြေ ချိပ်ပိတ်ခြင်း ဝင်္ကပါထဲမှ ပိတ်မိနေတုန်းကရော ဝေ့ဝူယင်က သူ့ကို ကယ်ထုတ်နိုင်ခဲ့သည်ချည်းသာ ဖြစ်သည်။

“ထွက်သွားလို့ ရပါတယ်... အဲဒါက ပြဿနာ မဟုတ်ဘူး...”

ဝေ့ဝူယင်က ဆိုလိုက်၏။ အမှန်တကယ် ပြဿနာက.... သူတို့၏ ပစ်မှတ်က သူတို့ ဟုတ်၊ မဟုတ် မသေချာခြင်းပင် ဖြစ်လေသည်။

“တစ်ခုခု ဆိုလည်း ကျုပ်တို့ ပြန်တိုက်လို့ ရတာပဲ...”

ဝူယုက ပြောလိုက်၏။ ဝေ့ဝူယင်က ခေါင်းခါလိုက်သည်။

“မဖြစ်ဘူး... သူတို့က ကြယ်ကွင်းပြင် တစ်ခုလုံးမှာ ထပ်သီး ဖြစ်လာတာ တော်ရုံတန်ရုံ အရည်အချင်းနဲ့ မဟုတ်ဘူး... ခင်ဗျားက အစွမ်းထက်တယ် ဆိုပေမဲ့ မြေကြီးရှန့်ထို အဆင့်ကို ရောက်တာ မကြာသေးဘူး... အခု အချိန် မတန်သေးဘူး”

ထို့အပြင်... အမှန်တရား မျက်လုံးများဖြင့် လောက၏ နောက်ထပ် အပြောင်းအလဲ တစ်စုံကို သူ ခံစားရနေခဲ့သည်။ ထိုအရာက မကောင်းချေ။

မကြာခင်မှာပင် ဟန်ယုဟိုင်မှာ ကောင်းကင်မှ နေ၍ သူတို့ ရှိနေသည့် ခြံဝန်းကလေး အတွင်း ဆင်းသက် လာခဲ့လေ၏။ ထို့နောက် သူက ဝူယုကို သုန်မှုန်သည့် မျက်ဝန်းများနှင့် ကြည့်လိုက်လေသည်။

“သူတို့က ဒီကို ခင်ဗျားအတွက် လာတာ...”

***

All Chapters