← Chapters

အခန်း (၈၂၇)

Vol. 60 Ch. 827

အခန်း (၈၂၇)

Vol. 60 Ch. 827

ကုန်သည်အုပ်စုက သတိထားပြီး ခရီးဆက်လာခဲ့သည်။

ကင်းထောက်အစောင့်များသည် အုပ်စုနှစ်ခုခွဲထားပြီး အဆက်မပြတ် လှုပ်ရှားနေကြသည်။

သို့သော် သူတို့က သုံးရက်ကြာသည်အထိ အနှောင့်အယှက်များနှင့် မတွေ့ခဲ့‌ရပေ။

မိစ္ဆာသားရဲများကိုပင် မတွေ့ရပေ။

“ငါတို့က စောင့်ကြည့်ခံနေရတာလား။ ဒါမှမဟုတ် ....”

ကျောက်ချန်၏မျက်လုံးထဲတွင် ကြောက်ရွံ့စိတ်များဖြတ်ပြေးသွားပြီး တီးတိုးပြောသည်။

“လေပြင်းဓားပြတွေက ရောက်လာကြပြီလား”

လေပြင်းဓားပြများ ....

ကျူကျင်းကုန်သွယ်ရေးအဖွဲ့အစည်းသည် လေပြင်းဓားပြများနှင့် ထိပ်တိုက်ရင်ဆိုင်ရန် သတ္တိမရှိသေးပေ။

လေထုသည် အလွန်တင်းမာလာသည်။

ငှားရမ်းလာခဲ့သော ကျင့်ကြံသူအများစုသည် ယုံကြည်ချက်ပျောက်ဆုံးနေကြသည်။

သူတို့က တာဝန်ကိုလက်လျော့ပြီး ကုန်လှည်းများကိုစွန့်ပစ်၍ အစွမ်းကုန်ထွက်ပြေးသွားလျှင် နှေးကွေးနေမည်မဟုတ်ပေ။

ကံကောင်းစွာဖြင့် အရာအားလုံးက ပုံမှန်အတိုင်း ရှိနေခဲ့သည်။

သူတို့က ရှေ့တွင်ရှိနေသော မိုင်ဆယ်ချီရှည်လျားသည် တောရိုင်းမြေ၏မြို့ကို မြင်လိုက်ရသောအခါတွင် စိတ်သက်သာရာရစွာ သက်ပြင်းချမိကြသည်။ ထိုမြို့၏ မီးတောက်များသည် ကောင်းကင်ကို အလင်းပေးနေကြသည်။

ကုန်သည်အဖွဲ့၏ လူတိုင်းက အနည်းငယ် သက်တောင့်သက်သာရှိသွားကြသည်။

ဟန်မူယဲ့က အဝေးတစ်နေရာသို့ လှမ်းကြည့်သည်။

လေပြင်ဓားပြများ၏ ငြိမ်သက်နေရသောအကြောင်းအရင်းကို သူက သိချင်မိသည်။

ဓား၏မှတ်ဉာဏ်များနှင့် သူ၏ အာရုံခံနိုင်စွမ်းအရ ကျွမ်းကျင်သူတချို့ပါဝင်‌သော လေပြင်းဓားပြများသည် ဤတောရိုင်းမြေတွင် ရှိနေကြသည်။

သို့သော် ထိုဓားပြများသည် ကုန်သည်အဖွဲ့ကို မတိုက်ခိုက်ခဲ့ကြပေ။

‘ကုန်လှည်းတွေက သူတို့ရဲ့ပစ်မှတ် မဟုတ်လို့လား’

ကျောက်ချန်နှင့် တခြားလူများက စန်းဟော်မြို့နှင့် ရင်းနှီးကြသည်။ ထိုမြို့ကို အစိမ်းရောင်၊ အနီရောင် ‌ကျောက်တုံးများဖြင့် တည်ဆောက်ထားပြီး မြင့်မားသော မြို့ဂိတ်တံခါးများကို ပိုင်ဆိုင်ထားသည်။

အနီရောင်၊ အစိမ်းရောင် ကျောက်သားများဖြင့် လမ်းခင်းထားသည့် လမ်းမကြီးသည် မြို့အပြင်ဘက်အထိ ဆန့်ထွက်နေသည်။

မြို့ပတ်ဝန်းကျင်ရှိ မြေသားများသည်လည်း အနီရောင်၊ အစိမ်းရောင် ဖြစ်နေကြသည်။ ထိုအရာသည် မြို့၏လက္ခဏာရပ်တစ်ခု ဖြစ်ပုံရသည်။

မြိုဂိတ်ပေါက်တွင် အမျိုးမျိုးသော သတ္တုရိုင်းများအား သယ်ဆောင်ထားသည့် ကုန်လှည်းများကို မြင်နိုင်သည်။

“ကျူးကျင်းအဖွဲ့ကလား။ ဒီတစ်ခါ ဘယ်လိုပစ္စည်းကောင်းတွေ ပါလာခဲ့လဲ”

မြို့ဂိတ်ပေါက်တွင် စာရင်းစာအုပ်ကို ကိုင်ဆောင်ထားသည့် ကျင့်ကြံသူတစ်ယောက်က သူတို့ကို နှုတ်ဆက်လိုက်သည်။

ထိုလူများသည် အစကတည်းက စောင့်ကြည့်နေပြီး ကုန်လှည်းရောက်လာသောအခါတွင် ချက်ချင်းချဉ်းကပ်လာကြသည်။

“ရွှေနက်သတ္တုရိုင်းတွေ၊ အရည်အသွေးကလည်း ကောင်းတယ်။ ငါက လှည်းတစ်စီးကို ဝိညာဉ်ကျောက်တုံး ၂.၃သန်း ပေးမယ်”

ဗိုက်ပူနေသော သက်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်က ကုန်လှည်း၏မိုးကာစကို လှပ်ကြည့်လိုက်ပြီး တောက်ပနေသောမျက်လုံးများဖြင့် ပြောသည်။

“လူအိုကြီးကျူး၊ မင်းက ဈေးနှိမ့်ပေးနေတာပဲ။ ဘယ်သူရောက်လာတာလဲ ကြည့်လိုက်အုံး။ ကျောက်သခင်လေးပဲ”

ပိန်ပါးသော အကြီးအကဲတစ်ယောက်က ကျောက်ချန်ကိုမြင်လိုက်ပြီး ကြောင်အသွားသည်။ ထို့နောက် ပေါ့ပါးစွာရယ်လိုက်ပြီး ပြောသည်။

ထိုလူများအားလုံးက ကျောက်ချန်ကို သိကြသည်။

ကျောက်ချန်က ရွှေနက်သတ္တုရိုင်းများကို မြို့ဂိတ်ပေါက်တွင် မရောင်းချဘဲ ကျူကျင်းကုန်သွယ်ရေးအဖွဲ့နှင့် ပူးပေါင်းထားသော ပန်းပဲဖိုများဆီသို့ ယူသွားခဲ့သည်။

သူက ကုန်လှည်းအစီးနှစ်ဆယ်၏ တစ်ဝက်ကို တစ်စီးလျှင် ဝိညာဉ်ကျောက်တုံး ၂.၈သန်းဖြင့် တိုက်ရိုက်ရောင်းချခဲ့သည်။ ကျန်သတ္တုရိုင်းများကို သန့်စင်ရန်အတွက် အပ်နှံထားခဲ့သည်။

သန့်စင်ပြီးသာ သတ္တုများကို တခြားနေရာတွင် ရောင်းချနိုင်သည်။ သို့မဟုတ် လက်နက်သန့်စင်ရာတွင်လည်း တိုက်ရိုက်အသုံးချနိုင်သည်။ ထို့ကြောင့် ဈေးပိုရလာလိမ့်မည်။

ငှားရမ်းလာသော အစောင့်များနှင့် ကျင့်ကြံသူများအတွက် လုပ်အားခသည် ဝိညာဉ်ကျောက်တုံးတစ်သန်း မကျော်ခဲ့ပေ။

ထိုကျင့်ကြံသူများအတွက် အရှုံးမရှိပေ။ သူတို့က လမ်းတစ်လျှောက်တွင် လူအင်အားဖြည့်တင်းပေးရုံသာဖြစ်ပြီး တိုက်ပွဲနှင့်လည်း ရင်မဆိုင်ခဲ့ရပေ။ သို့သော် သူတို့က ဝိညာဉ်ကျောက်တုံး ထောင်ချီသော လုပ်အားခကို ရရှိခဲ့ကြသည်။

ငှားရမ်းထားသော ကျင့်ကြံသူများနှင့် ကုန်လှည်းများကို ပြန်လွှတ်လိုက်ပြီး ကုန်သွယ်ရေးအဖွဲ့၏ အစောင့်များကိုသာ ချန်ရစ်ခဲ့သည်။ ဟန်မူယဲ့၊ တုစန်ကျန်းနှင့် တခြားလူများက တည်းခိုခန်းတစ်ခုကို ရှာဖွေပြီး နေထိုင်လိုက်ကြသည်။

ကျောက်ချန်က သူတို့ကို ကျူကျင်းကုန်သွယ်ရေးအဖွဲ့တွင် နေထိုင်ရန် ဖိတ်ခေါ်ခဲ့သော်လည်း ဟန်မူယဲ့က မြို့ထဲတွင် လျှောက်သွားချင်သည်ဟု ပြောခဲ့သည်။

ထို့အပြင် သူ့ကုန်လှည်း၏ သတ္တုရိုင်းများကို သန့်စင်ရန်အတွက် အပ်နှံထားသောကြောင့် အချိန်တိုအတွင်း ရရှိနိုင်မည်မဟုတ်ပေ။

စန်းဟော်မြို့သည် ကမ္ဘာမြေမီးတောက်သွေးကြောကို ပိုင်ဆိုင်ထားသောကြောင့် ပန်းပဲပညာရှင်များ နေထိုင်ရန်အတွက် အလွန်သင့်တော်သည်။

သို့သော် ထိုကမ္ဘာမြေမီးတောက်သွေးကြောသည် အရည်အသွေးနိမ့်ပါးပြီး ကြမ်းတမ်း‌သောကြောင့် လက်နက်ပြုလုပ်ရန်အတွက် မသင့်တော်ဘဲ သတ္တုရိုင်းများကို သန့်စင်ရန်အတွက်သာ သင့်တော်သည်။

“အစ်ကိုဟန်၊ မြို့ထဲမှာ တောရိုင်းမြေရဲ့အပြင်ဘက်က ကုန်သည်အုပ်စု ရောက်နေတယ်။ သူတို့က ရတနာတွေအများကြီးကို သယ်လာတယ်လို့ ပြောကြတယ်”

ကျောက်ချန်က တောက်ပနေသောမျက်လုံးများဖြင့် ပြောသည်။

“သူတို့က သုံးရက်ကြာရင် ဗဟိုရင်ပြင်မှာ ရတနာတွေကို ရောင်းချလိမ့်မယ်”

ကျောက်ချန်က တောရိုင်းမြေ၏ မိုင်ပေါင်းသန်းရှစ်ဆယ်အတွင်း၌ ဗဟုသုတနှင့် ပြည့်စုံသည်ဟု ကိုယ့်ကိုယ်ကိုယ် ယူဆထားသည်။ သို့သော် သူက တောရိုင်းမြေ၏ အပြင်ဘက်သို့ သိပ်မရောက်ဖူးပေ။

တောရိုင်းမြေ၏ အပြင်ဘက်မှရောက်လာသော ကုန်သည်အဖွဲ့၏ ရတနာများကို ဝယ်ယူပြီး ပြန်လည်ရောင်းချလျှင် အလွန်အမြတ်ရလိမ့်မည်။

‘တောရိုင်းမြေရဲ့ အပြင်ဘက်က ကုန်သည်အဖွဲ့လား’

ဟန်မူယဲ့၏ မျက်လုံးထဲတွင် အလင်းတစ်ခု ဖြတ်ပြေးသွားသည်။

သူ့မျက်နှာထားကို မြင်လိုက်ရသောအခါတွင် ကျောက်ချန်က တစ်ခုခုကို နားလည်သွားပုံရပြီး တီးတိုးပြောသည်။

“အစ်ကိုဟန်၊ သူတို့က ရုပ်ဖျက်ထားတဲ့ လေပြင်းဓားပြတွေ ဖြစ်နေလိမ့်မယ်လို့ ထင်လား”

ထိုအချက်သည် မသေချာပေ။

သို့သော် လေပြင်းဓားပြများက အနီးအနားတွင် ပေါ်ထွက်လာကြသောကြောင့် တောရိုင်းမြေ၏အပြင်ဘက်မှ ရောက်လာသော ကုန်သည်အဖွဲ့နှင့် ဆက်သွယ်မှုရှိနိုင်သည်။

‘တကယ်လို့ လေပြင်းဓားပြတွေက ကုန်သည်အဖွဲ့အဖြစ်ဟန်ဆောင်ပြီး ရတနာတွေကို ယူလာခဲ့ရင် တကယ်ပဲ အရောင်းအဝယ်လုပ်ချင်တာလား။ ဒါမှမဟုတ် တခြားရည်ရွယ်ချက် ရှိနေတာလား’

“စန်းဟော်မြို့က မြို့အသေးလေးတစ်ခု မဟုတ်ပေမဲ့ လေပြင်းဓားပြတွေအတွက် သိပ်အရေးမပါဘူးမဟုတ်လား”

“ပြီးတော့ ဒီမြို့က ရတနာတွေကိုလည်း ပိုင်ဆိုင်မထားဘူး။ နာမည်ကြီး လေပြင်းဓားပြတွေက ဒီလိုမျိုး မြို့တစ်မြို့ကို ဂရုစိုက်ပါ့မလား”

ကျောက်ချန်က မျက်မှောင်ကြုတ်လိုက်ပြီး တီးတိုးပြောသည်။

‘အဲဒီတော့ ကျွန်တော်တို့က သူတို့ရဲ့ရတနာတွေကို ကြည့်ပြီး ထိုက်တန်တာရှိရင် တိုက်ရိုက်ဝယ်လိုက်မယ်။ ပြီးတော့ တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါနဲ့ ချက်ချင်းထွက်သွားမယ်”

ကျောက်ချန်က စဉ်းစားကြည့်လိုက်ပြီး ပြောသည်။

“သန့်စင်နေတဲ့သတ္တုရိုင်းတွေကိုတော့ ခဏ ချန်ထားခဲ့တာပေါ့”

ကုန်သည်တစ်ယောက်အနေဖြင့် ကျောက်ချန်က အလွန်ထက်မြက်သော အသိစိတ်နှင့် အရည်အချင်းပို ပိုင်ဆိုင်ထားသည်ဟု ပြောနိုင်သည်။

အကယ်၍ သူတို့က သတ္တုရိုင်းများကို ချန်ထားပြီး ထွက်ခွာသွားလျှင် ဤခရီးမှ အကျိုးအမြတ်ရမည်မဟုတ်ဘဲ အရှုံးပေါ်လိမ့်မည်။

သို့သော် ကျောက်ချန်က ကြွယ်ဝမှုကို ချန်ထားပြီး ထွက်သွားရန် ဆုံးဖြတ်ခဲ့သည်။

သို့သော် ဟန်မူယဲ့၏အမြင်တွင် ကျောက်ချန်က လိုအပ်နေ‌သေးသည်။

သူသာဆိုလျှင် နည်းလမ်းနှစ်ခုဖြင့် ရင်ဆိုင်လိမ့်မည်။

ပထမနည်းလမ်းက ရိုးရှင်းသည်။ ချက်ချင်းထွက်သွားရန် ဖြစ်သည်။

ဒုတိယနည်းလမ်းက မြို၏အင်အားကို စုစည်းပြီး ချက်ချင်းတုံ့ပြန်ရန် ဖြစ်သည်။

ကျောက်ချန်က အင်အားစုကြီးတစ်ခုကို ထိန်းချုပ်ထားပြီး ယှဉ်ပြိုင်မှုများအား ကြုံတွေ့ခဲ့သည့် ဟန်မူယဲ့နှင့် မယှဉ်နိုင်သေးပေ။

“ညီလေးကျောက်၊ တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါက အကောင်းအတိုင်းရှိသေးလားဆိုတာကို လူလွှတ်ပြီး စစ်ဆေးကြည့်သင့်တယ်”

ဟန်မူယဲ့၏စကားကြောင့် ကျောက်ချန်၏မျက်နှာထားက ပြောင်းလဲသွားသည်။

“ပြီးတော့ မြို့ထဲမှာ လတ်တလောဝင်ရောက်လာတဲ့ ကုန်သည်အဖွဲ့တွေကို စုံစမ်းကြည့်လိုက်ပါ”

‌ကျောက်ချန်က မတ်တပ်ရပ်လိုက်ပြီး ထွက်သွားသည်။

နေ့တစ်ဝက်အကြာတွင် ကျောက်ချန်က လူအိုကြီးချူအပါအဝင် အနက်ရောင်ချပ်ဝတ်နှင့် အစောင့်နှစ်ယောက်ကိုခေါ်၍ ပြန်ရောက်လာသည်။

သူ့မျက်နှာထားက တင်းမာနေသည်။

“အစ်ကိုဟန်၊ တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါက လွန်ခဲ့တဲ့လဝက်မှာ မတောတဆမှုကြောင့် ပျက်စီးသွားတယ်။ အခု ပြန်ပြင်နေတယ်။ အကောင်းအတိုင်းပြန်ဖြစ်ဖို့ ဆယ်ရက်လောက်ကြာလိမ့်မယ်”

‘ထင်ထားတဲ့အတိုင်းပဲ’

ဟန်မူယဲ့၏မျက်နှာထားက ပြောင်းလဲမသွားပေ။

တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါက အကောင်းအတိုင်း ရှိနေလျှင် အကြံအစည်များအားလုံး အလကားဖြစ်သွားလိမ့်မည်။

“အဲဒီတော့ အနီးပတ်ဝန်းကျင်မှာရှိတဲ့ ကုန်သည်အဖွဲ့တွေအပြင် မြို့ထဲကို လတ်တလောဝင်ရောက်လာတဲ့ ကုန်သည်အဖွဲ့တွေက လူစိမ်းတွေချည်းပဲပေါ့”

ဟန်မူယဲ့က တည်ငြိမ်စွာပြောသည်။

ကျောက်ချန်က ခေါင်းညိတ်သည်။

လွန်ခဲ့သောလတွင် စန်းဟော်မြို့သို့ ဝင်ထွက်နေသော ကုန်သည်အဖွဲ့များက သိသိသာသာ ပြောင်းလဲမှုမရှိပေ။ ခရီးရှည်ကို ဖြတ်သန်းလာသော ကုန်သည်အဖွဲ့များလည်း ရှားပါးလှသည်။

သို့သော် လူစိမ်းအများအပြားကို မြင်နေရသည်။

ပုံမှန်အတိုင်းဆိုလျှင် ထိုကုန်သည်အဖွဲ့များကို အတွေ့အကြုံပြည့်ဝသော ကုန်သည်များက ဦးဆောင်ပြီး ကုန်သွယ်ရေးလမ်းကြောင်းတွင် သွားလာကြသည်။

“သူတို့က တကယ်ပဲ စန်းဟော်မြို့ကို ပစ်မှတ်ထားနေကြတာလား”

ကျောက်ချန်က တီးတိုးပြောလိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။

“စန်းဟော်မြို့မှာ ကျွမ်းကျင်သူတချို့ ရှိတယ်။ သူတို့ကို သတင်းပို့သင့်လား”

သူက မေးသည်။ လေပြင်းဓားပြများ၏သတင်းသည် ထိတ်လန့်ဖွယ်ကောင်းသော်လည်း ပြန်လည်တုံ့ပြန်ရမည်။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“မင်းက လမ်းတစ်လျှောက်မှာ တွေ့လာတဲ့အရာကို ခန့်မှန်းချက်ထုတ်ပြီး သတင်းပို့နိုင်တယ်”

“လေပြင်းဓားပြတွေရဲ့ ရည်ရွယ်ချက်ကိုတော့ သူတို့ကိုယ်တိုင်ပဲ သိလိမ့်မယ်”

ဟန်မူယဲ့က ဓား၏မှတ်ဉာဏ်မှတစ်ဆင့် တစ်ခုခုရှာဖွေနေပုံရသော လေပြင်းဓားပြများ၏အကြောင်းကို အနည်းငယ်သာ သိခဲ့ရသည်။

ဓားပိုင်ရှင်သည် လေပြင်းဓားပြများကြားတွင် အဆင့်အတန်းနိမ့်ပါးသောကြောင့် ရရှိထားသော သတင်းအချက်အလက်များက အကန့်အသတ် ရှိနေသည်။

ကျောက်ချန်က မြို့၏ ကျွမ်းကျင်သူများဆီသို့ လေပြင်းဓားပြများအကြောင်း သတင်းပေးရန် ထွက်သွားခဲ့သည်။ ထိုအရာသည် မျက်နှာသာပေးမှုဖြစ်ပြီး ကျူကျင်းကုန်သွယ်ရေးအဖွဲ့အတွက် အကျိုးအမြတ်ရှိလိမ့်မည်။

ဟန်မူယဲ့က တည်းခိုဆောင်တွင် တံခါးပိတ်ကျင့်ကြံနေသည်။

သူ၏ အင်မော်တယ်ချီကျင့်ကြံခြင်းသည် ဝိညာဉ်သူငယ် အထွတ်အထိပ်အဆင့်သို့ ရောက်နေသည်။ သူ၏ဝိညာဉ်သည် အစိမ်းရောင်ဓားရှည်အဖြစ် ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်တွင် လှည့်ပတ်နေသည်။

သူက ဝိညာဉ်ကိုသန့်စင်ပြီး ဓားရှည်နှင့်ပေါင်းစပ်၍ ကိုယ်ပိုင်အသိစိတ်ကို ဖြစ်ပေါ်စေရန် ခြေတစ်လှမ်းသာ လိုတော့သည်။

သို့သော် သူက နတ်ဘုရားဝိညာဉ်ဓားတစ်လက်ကို ပိုင်ဆိုင်ပြီးသားဖြစ်သောကြောင့် ဒုတိယတစ်လက်ကို သန့်စင်ရန်အတွက် ဝိညာဉ်စွမ်းအင်အများအပြား လိုအပ်လိမ့်မည်။

သူက ရတနာများကို မလိုအပ်သော်လည်း ဝိညာဉ်စွမ်းအားကို ချက်ချင်းစုဆောင်း၍ မရနိုင်ပေ။

ထို့ကြောင့် ဟန်မူယဲ့က ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ကျောင်းတော်သားဘဝကို လွမ်းဆွတ်သွားသည်။

သမာဓိစွမ်းအင်ဖြင့် ဝိညာဉ်စွမ်းအင်ကို ကျင့်ကြံလျှင် အလွန်လွယ်ကူသည်။

သမာဓိစွမ်းအင်အကြောင်းကို တွေးမိသောအခါတွင် သူက အကြံရသွားသည်။

ကွန်ဖြူးရှပ်စွမ်းအားကို အသုံးပြုပြီး နတ်ဘုရားဝိညာဉ်ဓားကို သန့်စင်နိုင်လျှင် ကောင်းမွန်လိမ့်မည်။

အကယ်၍ သူက ဒုတိယမြောက် နတ်ဘုရားဝိညာဉ်ဓားကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့လျှင်ပင် အနာဂတ်ကျင့်ကြံခြင်းအတွက် များပြားသော ဝိညာဉ်စွမ်းအားကို လိုအပ်လိမ့်ဦးမည်။

နတ်ဘုရားဝိညာဉ်ဓားနှစ်လက်ကို ထိန်းချုပ်ရန်အတွက် စိတ်ကူးမယဉ်နိုင်သော ဝိညာဉ်စွမ်းအားကို လိုအပ်သည်။

သို့သော် လူသားလောက၏ ကွန်ဖြူးရှပ်တာအိုလမ်းစဉ်ကို အင်မော်တယ်ကမ္ဘာသို့ ယူဆောင်လာရန်အတွက် သေချာစဉ်းစားရမည်။

အင်မော်တယ်ကမ္ဘာ၏စွမ်းအားသည် တည်ငြိမ်ပြီး လူသားလောကနှင့် မတူပေ။

ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို အသုံးပြုရသော ကွန်ဖြူးရှပ်တာအိုလမ်းစဉ်သည် အင်မော်တယ်ကမ္ဘာတွင် ဖော်ထုတ်ရန် အလွန်ခက်ခဲလိမ့်မည်။

အင်မော်တယ်ကမ္ဘာ၏ ကျင့်ကြံသူများသည် လူသားလောက၏ လူသားများကဲ့သို့ ယုံကြည်မှုစွမ်းအားကို လွယ်ကူစွာထုတ်ပေးမည်မဟုတ်ပေ။

အခြေတည်ဝိညာဉ်ဓားသည် လွင့်မျောနေပြီး ပတ်ဝန်းကျင်ကို ပိတ်လှောင်ထားသည်။

သိမ်မွေ့သော ရွှေအလင်းသည် ဟန်မူယဲ့၏ မျက်လုံးထဲတွင် ဖြတ်ပြေးသွားသည်။

ခွေသားရဲပုံရိပ်သည် သူ့နောက်တွင် ပေါ်လာသည်။

အာရုံခံကြည့်ခြင်း ....

ခွေသားရဲပုံရိပ်၏ မိုးကြိုးလျှပ်စီးစွမ်းအားမှတစ်ဆင့် သူက ထူးခြားသောစွမ်းအင်တစ်ခုကို အာရုံခံမိသည်။

မီးစွမ်းအား ....

နတ်ဘုရားသားရဲတစ်ကောင်နှင့် သက်ဆိုင်နေသည်။

‘စန်းဟော်မြို့မှာ မီးသွေးကြောနတ်ဘုရားသားရဲတစ်ကောင် ရှိနေတာလား’

All Chapters