← Chapters

အခန်း (၈၂၈)

Vol. 60 Ch. 828

အခန်း (၈၂၈)

Vol. 60 Ch. 828

‘မဟုတ်သေးဘူး’

‘အရမ်းအားနည်းနေတယ်’

ဟန်မူယဲ့က ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်သို့ ကြည့်လိုက်သည်။ သူက စန်းဟော်တစ်မြို့လုံးကို မြင်နိုင်ပုံရသည်။

“မြို့ရဲ့ မြေအောက်မီးတောက်သွေးကြောတွေ စုစည်းသွားတဲ့နေရာ”

မီးတောက်သွေးကြောများသည် ဗဟိုရင်ပြင်၏ မြေအောက်တွင် စုစည်းနေကြသည်။

မီးအမျိုးအစား နတ်ဘုရားသားရဲသည် စန်းဟော်မြို့၏ မြေအောက်တွင်ရှိသော မီးတောက်သွေးကြောများ၏ စွမ်းအားကို တိတ်တဆိတ် စုပ်ယူနေသည်။

‘စန်းဟော်မြို့က နတ်ဘုရားသားရဲကို အားဖြည့်ပေးဖို့အတွက် မီးတောက်သွေးကြောတွေကို အသုံးပြုနေတာလား’

‘ဒါပေမဲ့ စန်းဟော်မြို့ရဲ့ မီးတောက်သွေးကြောတွေက အကန့်အသတ်ရှိတယ်။ နတ်ဘုရားသားရဲအတွက် သိပ်ပြီး အသုံးဝင်မှာမဟုတ်ဘူး’

မီးအမျိုးအစား နတ်ဘုရားသားရဲသည် နွားသိုးပုံရိပ်ကို အာရုံခံမိပုံပေါ်သည်။ ထိုသားရဲက အနည်းငယ်လှုပ်ရှားသွားသော်လည်း ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ထားလိုက်သည်။

ထိုသို့ဖြင့် သုံးရက်ကုန်ဆုံးသွားသည်။

ဟန်မူယဲ့က တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာသောအခါတွင် တုစန်ကျန်းနှင့် တခြားလူများက အပြင်ဘက်တွင် လေးနက်စွာ မတ်တပ်ရပ်နေကြသည်။

“သခင်လေး၊ ကျောက်သခင်လေးက ကျွန်တော်တို့ကို စောင့်ကြပ်ပေးဖို့ မှာသွားပါတယ်”

တုစန်ကျန်းက ဦးညွတ်လိုက်ပြီး တီးတိုးပြောသည်။

“မြို့ထဲမှာ မငြိမ်မသက်ဖြစ်လာလိမ့်မယ်လို့ ပြောသွားပါသေးတယ်”

ထိုသုံးရက်အတွင်း၌ ရတနာများကို သယ်ဆောင်ထားသော ကုန်သည်အဖွဲ့များသည် မြို့ထဲသို့ ထပ်ရောက်လာကြသည်။

သို့သော် ထိုကုန်သည်အဖွဲ့များသည် အနီးပတ်ဝန်းကျင်တွင် ရှိနေကြသည်။ အဝေးတစ်နေရာမှ ရောက်လာခြင်းမဟုတ်ပေ။

ကျူကျင်းကုန်သွယ်ရေးအဖွဲ့က စုံစမ်းကြည့်ခဲ့သည်။ ထိုကုန်သည်အဖွဲ့များ၏ ဝိညာဉ်သတ္တုနှင့် သတ္တုရိုင်းအချို့သည် မိုင်သန်းချီကွာဝေးသောနေရာတွင်သာ ထွက်ရှိနိုင်သည်။

ထိုပစ္စည်းများကို အနီးပတ်ဝန်းကျင်တွင် နေထိုင်သော ကုန်သည်အဖွဲ့များက မည်သို့ ရရှိနိုင်မည်နည်။

ဟန်မူယဲ့က တည်းခိုဆောင်မှ ထွက်လာသောအခါတွင် ကျောက်ချန်က ရောက်လာပြန်သည်။

ဤတစ်ကြိမ်၌ သူ့နောက်တွင် လူအိုကြီးချူအပြင် ချပ်ဝတ်များနှင့် အစောင့်တပ်ဖွဲ့နှစ်ဖွဲ့လည်း ပါလာခဲ့သည်။

“ကျွန်‌တော်တို့နဲ့အတူ ပါလာတဲ့ ကျင့်ကြံသူအချို့က ချင်းယွင်မြို့ကို စောစောစီးစီး ပြန်သွားကြတယ်။ ကျွန်တော်က အမှတ်အသားလုပ်ထားတဲ့ စာတစ်စောင်ကို အစ်ကိုကြီးဝမ်ကျင်းထိုက်ဆီ ပေးလိုက်တယ်”

ကျောက်ချန်က ဟန်မူယဲ့၏ဘေးတွင် တီးတိုးပြောနေသည်။

“အဲဒီအမှတ်အသားက မိုင်ထောင်ချီအကွာမှာ ရပ်တန့်သွားတယ်”

အမှတ်အသားက ရပ်တန့်သွားခဲ့သည်။

ထိုလူများက အနားယူနေခြင်းဖြစ်နိုင်သလို သေဆုံးသွားခြင်းလည်း ဖြစ်နိုင်သည်။

သို့သော် သေဆုံးသွားခြင်းဖြစ်ကြောင်း ဟန်မူယဲ့က သိနေသည်။

စန်းဟော်မြို့သည် လွတ်လမ်းမရှိဘဲ ဝိုင်းရံခံထားရသည်။

ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ရှေ့တွင်ရှိသော နီစိမ်းရောင်သန်းနေသည့် ရင်ပြင်ကို ကြည့်သည်။

‘လေပြင်းဓားပြတွေက မီးအမျိုးအစား နတ်ဘုရားသားရဲအတွက် ရောက်လာကြတာလား’

ပေထောင်ချီကျယ်ဝန်းသော ရင်ပြင်သည် လူများဖြင့် ပြည့်နှက်နေသည်။

အလယ်ပိုင်းတွင် သစ်သားဆိုင်များကို တည်ဆောက်ထားသည်။

ထိုဆိုင်များပေါ်တွင် မိုင်တစ်သန်း၊ မိုင်ဆယ်သန်းအကွာမှ ရတနာအမျိုးမျိုးကို ပြသထားသည်။

ဝိညာဉ်သတ္တုများ၊ အင်မော်တယ်ဆေးပင်များနှင့် ကောင်းမွန်စွာဖန်တီးထားသော ချပ်ဝတ်အမျိုးမျိုးလည်း ရှိနေကြသည်။

ထိုပစ္စည်းများသည် တချို့နေရာများတွင် သာမန်သာဖြစ်သော်လည်း နေရာပြောင်းသွားသောအခါတွင် တန်ဖိုးနှစ်ဆဖြစ်လာကြသည်။

မြို့တွင်းရှိ ဆိုင်ပိုင်ရှင်၊ ကုန်သည်နှင့် ပန်းပဲပညာရှင်များက ရောက်လာပြီး ဝိညာဉ်သတ္တုနှင့် ရတနာများကို ရွေးချယ်နေသောကြောင့် ရင်ပြင်သည် ဆူပွက်နေသည်။

ကျောက်ချန်က တောက်ပသောမျက်လုံးများဖြင် ပတ်ဝန်းကျင်ကိုကြည့်ပြီး အစောင့်များကို အချက်ပြ၍ ပစ္စည်းများကို ဝယ်ယူစေသည်။

“ဒီကုန်သည်အဖွဲ့တွေက နောက်ခံကောင်းမယ့်ပုံပဲ။ သူတို့က စန္ဒကူးနီအူတိုင်ကိုတောင် ထုတ်ရောင်းနိုင်တယ်”

ကျောက်ချန်က သစ်သားစင်ပေါ်တွင်ရှိသော ခရမ်းကျောက်စိမ်းရောင် ပစ္စည်းတစ်ခုကို မြင်လိုက်ရသောအခါတွင် တီးတိုးပြောသည်။

ဝိညာဉ်ကျောက်တုံး သန်းသုံးဆယ်ဖြင့် ဈေးသတ်မှတ်ထားသော စန္ဒကူးနီအူတိုင်သည် လူအများကြားတွင် ဆွေးနွေးမှုတစ်ခု ဖြစ်နေသည်။

စန္ဒကူးနီးအူတိုင်သည် မှော်ရတနာများကို ဖန်တီးရာတွင် အသုံးပြုနိုင်သည်။ ကံကောင်းလျှင် အင်မော်တယ်ရတနာပင် ဖြစ်လာနိုင်သည်။

ထိုပစ္စည်းကို ကမ္ဘာမြေမီးတောက်ထဲတွင် ပျိုးထောင်ပေးလျှင် မီးစွမ်းအားကို ဖြည်းဖြည်းချင်းစုစည်း၍ ရတနာသန့်စင်ရာတွင် အသိစိတ်တိုးတက်လာစေရန် တိုက်ရိုက်ပေါင်းထည့်နိုင်သည်။

“စန္ဒကူးနီအူတိုင်လား”

ဟန်မူယဲ့က ခရမ်းရောင်တောက်ပနေသော အူတိုင်ကို ကြည့်လိုက်သည်။

‘အဲဒီပစ္စည်းကို စန်းဟော်မြို့ရဲ့ ကျွမ်းကျင်သူတွေက ဝယ်ယူပြီးသွားရင် ကမ္ဘာမြေမီးတောက်သွေးကြောထဲမှာ ထည့်ထားလိုက်မှာလား’

“ငါက ဒီအူတိုင်ကို လိုချင်တယ်”

ကျောက်ချန်က ကျယ်လောင်စွာပြောသည်။

လူစုနေသော ကျင့်ကြံသူများက ချက်ချင်းနောက်ဆုတ်ပြီး သူနှင့် ဟန်မူယဲ့အတွက် လမ်းဖယ်ပေးလိုက်ကြသည်။

သူ့အသံကို ကြားလိုက်ရသောအခါတွင် အစိမ်းရောင်ဝတ်စုံနှင့် ကျင့်ကြံသူတစ်ယောက်က ပျော်ရွှင်နေသောမျက်နှာထားဖြင့် လျင်မြန်စွာရှေ့ထွက်လာသည်။

သို့သော် ဆိုင်ရှင်က လှုပ်ရှားလိုက်သောအချိန်တွင် နောက်ထပ်အသံတစ်သံကို ကြားလိုက်ရသည်။

“စန္ဒကူးနီအူတိုင်က ဒီလူအိုကြီးအတွက် အသုံးဝင်တယ်”

လူတိုင်းက လှည့်ကြည့်လိုက်ကြသည်။ မီးအငွေ့အသက်ကို ထုတ်လွှတ်နေသော အဖြူရောင်ဆံပင်များနှင့် လူအိုကြီးက သွက်လက်စွာ ချဉ်းကပ်လာသည်။

ကျောက်ချန်က မျက်မှောင်ကြုတ်သည်။

“ဝူထိုက်ပန်းပဲဖိုရဲ့ ဆရာကျန့်ရီပဲ”

“ဆရာကျန့်ရီက အရောင်းအဝယ်သိပ်မလုပ်ဘူး။ သူစိတ်ဝင်စားတဲ့ပစ္စည်းက ထူးခြားလိမ့်မယ်”

လူအိုကြီးကို မှတ်မိလိုက်သောလူများက ညင်သာစွာစကားပြောသည်။

စန်းဟော်မြို့တွင် ပန်းပဲဖိုတစ်ခုကို ထိန်းချုပ်ထားသောလူများက ကြွယ်ဝပြီး ဝိညာဉ်သူငယ် သတ္တမအဆင့် သို့မဟုတ် အဌမအဆင့်သို့ ရောက်နေကြသည်။

ကျောက်ချန်ဆီသို့ ချဉ်းကပ်လာသော အစိမ်းရောင်ဝတ်စုံနှင့် ကျင့်ကြံသူက ရပ်တန့်လိုက်ပြီး အပြုံးတစ်ခုနှင့်အတူ နှစ်ဖက်လုံးကိုကြည့်၍ တိတ်ဆိတ်နေသည်။

ထိုအခြေအနေမျိုးသည် စီးပွားရေးကျင့်ကြံသူများကြားတွင် ပုံမှန်ပင်ဖြစ်သည်။

ဈေးပိုပေးနိုင်သောလူက အနိုင်ရလိမ့်မည်။

“အကြီးအကဲကျန့်လား”

ကျောက်ချန်က လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ နှုတ်ဆက်လိုက်ပြီး သစ်သားစင်ပေါ်တွင်ရှိသော စန္ဒကူးနီအူတိုင်ကို ကြည့်သည်။

“အကြီးအကဲက ဒီအူတိုင်ကို စိတ်ဝင်စားနေတာလား”

မီးခိုးရောင်ဝတ်စုံနှင့် ကျန့်ရီက တည်ငြိမ်သောမျက်နှာထားဖြင့် ခေါင်းညိတ်သည်။

“ငါက ရာချီဝိညာဉ်ရွှေကို သန့်စင်ထားတယ်။ ဒီစန္ဒကူးနီအူတိုင်က ရာချီဝိညာဉ်ဓားကို သန့်စင်ဖို့အတွက် ပြီးပြည့်စုံတဲ့ အတွဲအဖက်ပဲ”

လက်နက်သန့်စင်ခြင်း ....

စန်းဟော်မြို့၏ ပန်းပဲပညာရှင်များသည် လက်နက်သန့်စင်ခြင်းကို တစ်ခါတလေမှသာ ဆောင်ရွက်ကြသည်။ ဤနေရာတွင်ရှိသော ကမ္ဘာမြေမီးတောက်သည် လက်နက်သန့်စင်ရန် မသင့်တော်ပေ။

သို့သော် ထိုပန်းပဲပညာရှင်များက လက်နက်သန့်စင်ခြင်းကို နားလည်ကြသည်။

သတ္တုရိုင်းများကို သန့်စင်ခြင်းမှ အကျိုးအမြတ်အများအပြားကို မည်သို့ ရနိုင်မည်နည်း။

ကျန့်ရီက မှော်ရတနာကို သန့်စင်မည်ဟု ပြောလိုက်သောအခါတွင် လူအများအပြား၏ မျက်လုံးများက တောက်ပသွားကြသည်။

ဤနေရာတွင်ရှိသော လူအများစုသည် စီးပွားရေးပညာရှင်များ ဖြစ်ကြသည်။ သူတို့က မှော်ရတနာဓားကို ဝယ်ယူပြီး တခြားနေရာတွင် ပြန်ရောင်းလိုက်လျှင် အလွန်အမြတ်ရလိမ့်မည်။

“အကြီးအကဲကျန့်၊ ကျွန်တော်က စန္ဒကူးနီအူတိုင်ကို လက်လျော့နိုင်ပါတယ်။ ဒါပေမဲ့ ....”

ကျောက်ချန်က ပြုံးလိုက်ပြီး မျက်နှာချင်းဆိုင်တွင်ရှိသော ကျန့်ရီကို ကြည့်သည်။

သူက စန္ဒကူးနီအူတိုင်ကို လက်လျော့မည်ဟု ပြောလိုက်သောအခါတွင် ကျောက်ရီက ရယ်မောလျက် ပြောသည်။

“သခင်လေးကျောက် ပြောချင်တာကို ငါနားလည်တယ်။ ငါက ရာချီဝိညာဉ်ဓားကို သန့်စင်ပြီးသွားရင် ကျူကျင်းကုန်သွယ်ရေးအဖွဲ့ကို ဦးစားပေးမယ်”

ဦးစားပေးမည်။

ထိုစကားသည် လုံလောက်သည်။

ကျောက်ချန်က အကျိုးအမြတ်ရှာဖွေရန်အတွက် စန္ဒကူးနီအူတိုင်ကို ဝယ်ယူချင်သည်။ အကယ်၍ မှော်ရတနာဓားအဖြစ် ပြောင်းလဲသွားမည်ဆိုလျှင်လည်း အရှုံးမရှိပေ။

သူတို့နှစ်ယောက်လုံးက သဘောတူညီမှုရသွားပြီး စိတ်ကျေနပ်နေကြသည်။

ဆိုင်ရှင်က စန္ဒကူးနီအူတိုင်ကို ကျန့်ရီဆီသို့ ပေးလိုက်သည်။ ကျန့်ရီက သိုလှောင်အိတ်တစ်လုံးကို ပြန်ပေးသည်။

ဆိုင်ရှင်က စစ်ဆေးကြည့်လိုက်ပြီး သိုလှောင်အိတ်ထဲတွင်ရှိသော ဝိညာဉ်ကျောက်တုံးများကို လဲလှယ်၍ သိုလှောင်အိတ်ကို ပြန်ပေးသည်။

အင်မော်တယ်ကမ္ဘာ၏ ပတ်ဝန်းကျင်သည် အလွန်တည်ငြိမ်သောကြောင့် သိုလှောင်အိတ်များသည် တန်ဖိုးရှိသည်။

ဟန်မူယဲ့က အင်မော်တယ်ကမ္ဘာသို့ ရောက်လာသောအခါတွင် သိုလှောင်အိတ်များကို အားဖြည့်ပေးခဲ့ရသည်။ ထိုသို့မဟုတ်လျှင် ပျက်စီးသွားကြလိမ့်မည်။

သူက တည်နေရာစွမ်းအားကို နားလည်ထားပြီး သိုလှောင်အိတ်များကို လွယ်ကူစွာ အားဖြည့်ပေးနိုင်သည်။

ကျန့်ရီက စန္ဒကူးနီအူတိုင်ကိုယူပြီး ထွက်သွားသောအခါတွင် လူအုပ်ကလည်း လူစုကွဲသွားသည်။

ကျောက်ချန်၊ ဟန်မူယဲ့နှင့် တခြားလူများက တစ်ဖက်သို့လှည့်ပြီး ခြေလှမ်းအနည်းငယ်ခန့် လျှောက်သွားသောအချိန်တွင် လူတစ်ယောက်က နောက်မှ လိုက်လာသည်။

“တာအိုရောင်းရင်းက စန္ဒကူးနီအူတိုင်ကို စိတ်ဝင်စားလား”

ကျန့်ရီကို စန္ဒကူးနီအူတိုင် ရောင်းချလိုက်သော ဆိုင်ရှင်က လက်နှစ်ဖက်ကိုဆုပ်ကိုင်လျက် ချဉ်းကပ်လာသည်။ သူက ကျောက်ချန်ကို ကြည့်လိုက်ပြီး မေးသည်။

ကျောက်ချန်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ပြောသည်။

“အဲဒီရတနာမျိုးကို စိတ်ဝင်စားတာပေါ့”

ဆိုင်ရှင်က ပျော်ရွှင်သွားပြီး ပတ်ဝန်းကျင်ကိုကြည့်၍ တီးတိုးပြောသည်။

“တာအိုရောင်းရင်း နောက်ကနေ လိုက်ခဲ့ပါ”

သူက တစ်ဖက်သို့လှည့်ပြီး လမ်းပြလိုက်သည်။ ကျောက်ချန်နှင့် ဟန်မူယဲ့က နောက်မှ လိုက်လာသည်။ လူအိုကြီးချူနှင့် အစောင့်များက တိတ်ဆိတ်စွာ သတိထားနေကြသည်။

ခဏအကြာတွင် သူတို့က ဗဟိုရင်ပြင်မှ ထွက်လာပြီး သုံးထပ်စံအိမ်ဆီသို့ ရောက်လာသည်။

သူတို့က စံအိမ်ထဲသို့ ဝင်သွားသောအချိန်တွင် မီးခိုးရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်ကို မြင်လိုက်ရသည်။

“ကျူကျင်းကုန်သွယ်ရေးအဖွဲ့ရဲ့ သခင်လေးကျောက်လား”

လူငယ်က လက်နှစ်ဖက်ကို ဆုပ်ကိုင်ပြီး ကျောက်ချန်နှင့် ဟန်မူယဲ့ကို ကြည့်သည်။ ထို့နောက် ခပ်ဟဟရယ်လိုက်ပြီး ပြောသည်။

“ဝမ်ရှန်ကုန်သွယ်ရေးအဖွဲ့ရဲ့ ဇောင်ပိုင်ချွမ်ပါ”

ကျောက်ချန်၏ခန္ဓာကိုယ်က တုန်ခါသွားပြီး တီးတိုးပြောသည်။

“ငါလုပ်နိုင်တာ ဘာမှမရှိတော့ဘူး”

လူငယ်က ပျော်ရွှင်စွာ ရယ်လိုက်သည်။

“ဒါက ပြိုင်ဘက်တွေကြားက အချစ်ပဲ ဖြစ်လိမ့်မယ်”

ကျောက်ချန်က ရှက်သွားပြီး လက်နှစ်ဖက်ကိုဆုပ်ကိုင်လျက် ပြောသည်။

“ကျောက်ချန်က ညီအစ်ကိုဇောင်ကို နှုတ်ဆက်ပါတယ်”

သူက တစ်ဖက်သို့လှည့်ပြီး ပြောသည်။

“အစ်ကိုဟန်၊ သူက ဒေသသုံးခုကို ဖြန့်ကျက်ထားတဲ့ ဝမ်ရှန်ကုန်သွယ်ရေးအဖွဲ့ရဲ့ သခင်လေးနှစ်ယောက်ထဲက တစ်ယောက်ပဲ”

ထို့နောက် သူက ရပ်တန့်လိုက်ပြီး ညင်သာစွာဆက်ပြောသည်။

“ဝမ်ရှန်ကုန်သွယ်ရေးအဖွဲ့ရဲ့ သခင်လေးနှစ်ယောက်က အကျိုးအမြတ်ရှိတဲ့အရာတိုင်းကို လက်လွှတ်မပေးဘူးလို့ ကြားဖူးတယ်”

အကျိုးအမြတ်ရှိသော စီးပွားရေးတိုင်းကို လက်လွှတ်မခံပေ။ တခြားလူများက သူတို့ကို မည်သို့ ယှဉ်ပြိုင်နိုင်မည်နည်း။

ဉာဏ်များခြင်းဖြစ်စေ၊ ရှင်သန်ရန် ကြိုးစားနေခြင်းဖြစ်စေ ထုတ်ပြောရန် မကောင်းပေ။

ကျောက်ချန်၏မျက်နှာက နီရဲသွားသည့်အတွက် မထူးဆန်းတော့ပေ။ လူတစ်ယောက်၏ရှေ့တွင် ထိုလူ၏အကြောင်းကို ထုတ်ပြောခြင်းက ရှက်ရွံ့ဖွယ်ကောင်းသည်။

“ဒါက အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းရဲ့ လက်ရွေးစင်တပည့် ဖြစ်လာမယ့် အစ်ကိုဟန်ပါ”

‘ဖြစ်လာမှာဆိုတော့ အခုထိ မဖြစ်သေးဘူးပေါ့’

ဇောင်ပိုင်ချွမ်က ဟန်မူယဲ့ကို ကြည့်လိုက်သော်လည်း ထူးခြားမှုကို မမြင်ခဲ့‌ရပေ။

သို့သော် ပုံမှန်အတိုင်း ဖြစ်လေ ပိုမိုအလေးထားရန် လိုအပ်လေ ဖြစ်သည်။

ကျူကျင်းကုန်သွယ်ရေးအဖွဲ့၏ သခင်လေးကျောက်သည် သာမန်လူတစ်ယောက် မဟုတ်ပေ။ သို့သော် သူက အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ တပည့်တစ်ယောက် မဖြစ်သေးသောလူကို ညီအစ်ကိုအဖြစ် အသိအမှတ်ပြုထားသည်။ ထို့ကြောင့် ထိုလူသည် အလွန်ထူးခြားလိမ့်မည်။

“အစ်ကိုဟန်၊ ညီအစ်ကိုကျောက်”

ဇောင်ပိုင်ချွမ်က သူတို့နှစ်ယောက်ကို ထိုင်ရန် အချက်ပြလိုက်ပြီး ညင်သာစွာပြောသည်။

“ကျွန်တော့်လက်ထဲမှာ စန္ဒကူးနီအူတိုင်တချို့ ရှိသေးတယ်။ ညီအစ်ကိုတို့နှစ်ယောက်က စိတ်ဝင်စားလားမသိဘူး”

သူ့မှာ စန္ဒကူးနီအူတိုင်များ ရှိနေသေးသည်။

ကျောက်ချန်က ပြုံးသည်။

“ညီအစ်ကိုဇောင်မှာ ဘယ်လောက်ကျန်သေးတာလဲ”

ဇောင်ပိုင်ချွမ်က လက်သုံးချောင်းထောင်ပြသည်။

“ပေါင်သုံးရာလား”

ကျောက်ချန်က ခေါင်းညိတ်လိုက်ပြီး စဉ်းစားကြည့်သည်။

“အဲဒါဆိုရင် ဝိညာဉ်ကျောက်တုံး သန်းရှစ်ဆယ်ပေးမယ် ....”

သို့သော် သူ့စကားမဆုံးခင် ဇောင်ပိုင်ချွမ်က ညင်သာစွာပြောသည်။

“ပေါင်းသုံးသောင်း”

ပေါင်သုံးသောင်း ....

ကျောက်ချန်၏ပခုံးများက တုန်ခါသွားကြသည်။

All Chapters