← Chapters

အခန်း (၈၂၉)

Vol. 60 Ch. 829

အခန်း (၈၂၉)

Vol. 60 Ch. 829

စန္ဒကူးနီအူတိုင် ပေါင်သုံးသောင်းသည် ဝိညာဉ်ကျောက်တုံး သန်းထောင်ချီ၍ တန်ဖိုးရှိလိမ့်မည်။

ထိုရတနာမျိုးသည် ဝိညာဉ်ကျောက်တုံးများနှင့်သာ မဆိုင်တော့ပေ။

အကယ်၍ ကျူကျင်းကုန်သွယ်ရေးအဖွဲ့က ထိုရတနာကို ရရှိမည်ဆိုလျှင် အဖွဲ့အစည်းတစ်ခုလုံးအတွက် အကျိုးအမြတ်ရှိလိမ့်မည်။

ဝိညာဉ်ကျောက်တုံး သန်းထောင်ချီတန်ဖိုးရှိ‌သော ရတနာပစ္စည်းကို အင်မော်တယ်ရတနာတစ်ခုနှင့် လဲလှယ်နိုင်သည်။

ကျူကျင်းကုန်သွယ်ရေးအဖွဲ့က အင်မော်တယ်ရတနာတစ်ခုကို ရရှိမည်ဆိုလျှင် ခွန်အားနှစ်ဆ တိုးလာလိမ့်မည်။

‘လောင်းကြေးထပ်ရမလား။ မထပ်ရဘူးလား’

ကျောက်ချန်က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ဇောင်ပိုင်ချွမ်ကို ကြည့်သည်။

“ညီအစ်ကိုဇောင်က တကယ်ပဲ အဲဒီလိုရတနာမျိုးနဲ့ ခွဲခွာချင်တာလား”

ဇောင်ပိုင်ချွမ်က ခေါင်းညိတ်သည်။

သူက လက်မြှောက်လိုက်ပြီး ခရမ်းရောင်အလင်းကို ထုတ်ပေးနေသော ကျောက်တုံးတစ်ခုကို ပြသသည်။

“စန္ဒကူးနီအူတိုင်ကို ကြွယ်ဝတဲ့မိုင်းတွင်းမှာပဲ ရှာတွေ့နိုင်တယ်”

ကျောက်ချန်က စန္ဒကူးနီအူတိုင်၏တန်ဖိုးကို နားလည်နေပြီး မျက်လုံးများ တောက်ပသွားသည်။

ကျောက်ချန်က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ဖြည်းဖြည်းချင်း ထရပ်သည်။

“တကယ်လို့ ....”

သူက စကားပြောတော့မည့်အချိန်တွင် ဟန်မူယဲ့က ရုတ်တရက် ဖြတ်ပြောလိုက်သည်။

“ဒီပစ္စည်းက ခါးသီးအင်မော်တယ်နယ်မြေကနေ ရောက်လာတာမဟုတ်လား”

ကျောက်ချန်က ရပ်တန့်လိုက်သည်။ ဇောင်ပိုင်ချွမ်က တည်ငြိမ်စွာ ခေါင်းညိတ်သည်။

“ဟုတ်တယ်”

“စန္ဒကူးနီအူတိုင်က ခါးသီးအင်မော်တယ်နယ်မြေမှာလည်း တန်ဖိုးကြီးတယ်။ မင်းတို့ ကုန်သွယ်‌‌ရေးအဖွဲ့က အများကြီးရလာနိုင်တာ အထင်ကြီးစရာပဲ”

ဟန်မူယဲ့က ညင်သာစွာပြောသည်။

ထိုစကားများကြောင့် ကျောက်ချန်၏မျက်နှာထားက အနည်းငယ်ပြောင်းလဲသွားသည်။

‘အထင်ကြီးစရာကောင်းတယ်တဲ့လား’

‘မိစ္ဆာတွေနဲ့ ပူးပေါင်းထားတဲ့ ကုန်သွယ်ရေးအဖွဲ့ကပဲ ဒီလိုရတနာတွေကို ထုတ်ယူနိုင်လိမ့်မယ်’

‘ဒေသသုံးခုကို လွှမ်းခြုံထားတဲ့ ကုန်သွယ်ရေးအဖွဲ့ရဲ့ နောက်ကွယ်မှာ မိစ္ဆာတစ်ကောင် ရှိနေတာလား’

“စီးပွားရေးမှာ ရှက်စရာကောင်းတာမျိုး မရှိပါဘူး”

ဇောင်ပိုင်ချွမ်က တည်ငြိမ်စွာပြောလိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။

“ဒါက အစ်ကိုဟန်အတွက် အနှောင့်အယှက်ဖြစ်နေလား”

ထိုသို့ ပွင့်လင်းစွာဝန်ခံလိုက်သောကြောင့် ကျောက်ချန်က အငိုက်မိသွားသည်။

ဟန်မူယဲ့က အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ လက်ရွေးစင်တပည့်တစ်ယောက် ဖြစ်လာလိမ့်မည်။ အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းနှင့် မိစ္ဆာများသည် ရန်သူများပင် ဖြစ်ကြသည်။

“ငါက စီးပွားရေးနဲ့ပတ်သတ်ပြီး ပြဿနာမရှိပါဘူး”

ဟန်မူယဲ့က ‌ခေါင်းခါလိုက်ပြီး ပြတင်းပေါက်၏ အပြင်ဘက်သို့ ကြည့်သည်။

“ခါးသီးအင်မော်တယ်နယ်မြေရဲ့ မိစ္ဆာတွေက ဘယ်လိုနတ်ဘုရားသားရဲမျိုးကို စန္ဒကူးနီအူတိုင်တွေ ကျွေးနေတာလဲဆိုတာကိုပဲ သိချင်တာပါ”

နတ်ဘုရားသားရဲကို ကျွေးမွေးခြင်း ....

‌ဇောင်ပိုင်ချွမ်၏မျက်နှာထားက ပြောင်းလဲသွားပြီး ရုတ်တရက် မတ်တပ်ရပ်သည်။

သို့သော် သူစကားမပြောနိုင်ခင် အပြင်ဘက်မှ ကျယ်လောင်သောပေါက်ကွဲသံကို ကြားလိုက်ရသည်။

“ဘုန်း”

ကျယ်ပြန့်သောရင်ပြင်တွင် ကြမ်းတမ်းစွာလောင်ကျွမ်းနေသော ရွှေရောင်မီးတောက်သည် ကောင်းကင်အထိ ထိုးတက်သွားသည်။

မဟာပန်းပဲပညာရှင်ဖြစ်သော ကျန့်ရီက မီးတောက်များဖြင့် လွှမ်းခြုံနေပြီး ကျိုးပဲ့နေသော စန္ဒကူးနီအူတိုင်ကို ကိုင်ထားလျက် ထိတ်လန့်စွာ ထွက်ပြေးနေသည်။

သို့သော် သူက ပေတစ်ထောင်အကွာသို့ ရောက်သွားသောအချိန်တွင် မီးတောက်ထဲမှ အမြီးရှည်တစ်ချောင်းထွက်လာပြီး သူ့ကို ဖမ်းခေါ်သွားသည်။

စန်းဟော်မြို့၏ နာမည်ကြီးပန်းပဲပညာရှင်ဖြစ်သော ကောင်းကင်အဆင့် ကျွမ်းကျင်သူတစ်ယောက်သည် ထိုသို့ပင် သေဆုံးသွားခဲ့သည်။

ရင်ပြင်သည် ဆူပွက်သွားပြီး မရေမတွက်နိုင်သော ကျင့်ကြံသူများသည် နေရာအနှံ့သို့ ထွက်ပြေးနေကြသည်။

သို့သော် မီးတောက်က ကျင့်ကြံသူများကို အလွန်စိတ်ဝင်စားနေပုံပေါ်သည်။ အမြီးရှည်များ တစ်ချောင်းပြီးတစ်ချောင်း ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ကို ရိုက်ခတ်သွားသည်။

“စန္ဒကူးနီအူတိုင်က ရှေးခေတ်မီးသွေးကြောသားရဲအတွက် အရမ်းဆွဲဆောင်မှုရှိတယ်”

ဟန်မူယဲ့က မီးတောက်များကို ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

“သေခြင်းကိုးပါးအင်းဆက်”

ဇောင်ပိုင်ချွမ်က တင်းမာသောမျက်နှာထားဖြင့် အမြီးများထွက်ပေါ်နေသော မီးတောက်ကို ကြည့်လိုက်သည်။ သူက တီးတိုးပြောသည်။

“မီးတောက်ကနေ မွေးဖွားလာတယ်။ သေခြင်းရှင်ခြင်းရဲ့ ပြန်လည်မွေးဖွားခြင်းစွမ်းအားနဲ့ နတ်ဘုရားသားရဲဖီးနစ်ကို အားဖြည့်ပေးနိုင်တယ်”

“အဲဒီတော့ သူတို့က သေခြင်းကိုးပါးအင်းဆက်ရဲ့ ပြန်လည်မွေးဖွားခြင်းစွမ်းအားကို လိုချင်နေကြတာပဲ”

“ဟားဟား၊ ‌‌ဒေသသုံးခုကို လွှမ်းခြုံထားတဲ့ ကုန်သွယ်ရေးအဖွဲ့ကြီးက အစားအသောက်ပို့နေရတာထက် မပိုဘူးပဲ”

ဇောင်ပိုင်ချွမ်က လက်ထဲတွင်ရှိသော ခရမ်းရောင်တောက်ပနေသည့် စန္ဒကူးနီအူတိုင်ကို ကြည့်လိုက်ပြီး အပြင်ဘက်သို့ တိုက်ရိုက် ပစ်ထုတ်သည်။

“ဂါး ....”

မီးတောက်သည် ပေါက်ကွဲသွားပြီး မရေမတွက်နိုင်သော မီးပိုးကောင်များကို ချန်ထားခဲ့သည့် ပေတစ်ထောင်ရှည်လျားသောသားရဲသည် စန္ဒကူးနီအူတိုင်ကို ခုန်အုပ်လိုက်သည်။

ထိုအချိန်တွင် အနက်ရောင်ချပ်ဝတ်နှင့် ပုံရိပ်များသည် လေထုထဲတွင် ပေါ်ထွက်လာသည်။

လေပြင်းဓားပြများပင် ဖြစ်ကြသည်။

ဝိညာဉ်ကိုယ်ခွဲအဆင့် ....

ဝိညာဉ်ကိုယ်ခွဲအဆင့် လေပြင်းဓားပြသုံးယောက်သည် အားကုန်သုံး၍ သေခြင်းကိုးပါးအင်းဆက်ကို ဓားဖြင့် ခုတ်ချလိုက်ကြသည်။

“ဘုန်း”

ပေါက်ကွဲသံနှင့်အတူ မီးတောက်များ ပေါ်ထွက်လာသည်။ ဓားပြသုံးယောက်က တုန်ခါသွားပြီး နောက်သို့ ပေသုံးဆယ်ဆုတ်ပေးလိုက်ရသည်။ အင်းဆက်က မီးတောက်များကို ထုတ်လွှတ်နေပြီး နာကျင်စွာအော်ဟစ်လျက် နောက်ဆုတ်သည်။

အင်းဆက်၏ အော်ဟစ်သံကြောင့် မီးတောက်များ ပေါက်ကွဲထွက်လာကြသည်။

မြေအောက်မီးသွေးကြောသည် လှုပ်ရှားလာပြီး မီးသွေးကြော၏အပေါက်ဝကို ဖိနှိပ်ထားသော ဧရာမမီပြင်းဖိုကြီးက ချက်ချင်းပျက်စီးသွားသည်။

ယခုအချိန်၌ သိပ်သည်းသောမီးခိုးနှင့် မီးတောက်များသည် သွယ်ယှက်နေပြီး တစ်မြို့လုံးကို ဖုံးလွှမ်းထားသည်။ မီးတောက်လှိုင်းများသည် အဆောက်အအုံများကို တစ်ခုပြီးတစ်ခု ပြာကျသွားစေသည်။

“ဘုန်း”

မြေပြင်သည် ပြိုလဲသွားပြီး မီးတောက်များသည် ကောင်းကင်အထိ မြင့်တက်လာသည်။ တွန့်လိမ်နေသော သေခြင်းကိုးပါးအင်းဆက်များက ပြေးထွက်လာကြသည်။

အနည်းဆုံး အကောင်နှစ်ဆယ် ရှိနေသည်။

အင်းဆက်အကောင်နှစ်ဆယ်သည် လောင်ကျွမ်းနေသော မီးတောက်များနှင့်အတူ သောင်းကျန်းနေကြသည်။ မြို့တစ်မြို့လုံး ပြာကျသွားမည့်ပုံပေါ်သည်။

အင်းဆက်များသာမက အနက်ရောင်ချပ်ဝတ်နှင့် ပုံရိပ်များကလည်း မြို့၏ နေရာအသီးသီးမှ ပြေးထွက်လာကြသည်။ သူတို့က အနက်ရောင်မြင်းများကို စီးနင်းထားပြီး လမ်းတွင်ရှိသော အရာရာတိုင်းကို ဝင်တိုက်သွားကြသည်။

အချိန်မီမရှောင်တိမ်းနိုင်သော ကျင့်ကြံသူများက နှစ်ပိုင်းမပြတ်လျှင် အမှုန့်ဖြစ်သွားကြသည်။

ချက်ချင်းဆိုသလိုပင် မြို့တစ်မြို့လုံးသည် ငရဲဖြစ်သွားသည်။

“ဟမ့်၊ စန်းဟော်မြို့က အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းရဲ့ လက်အောက်မှာရှိနေတဲ့ အင်အားစုတစ်ခုပဲ။ မင်းတို့က အဆင်အခြင်မဲ့ သောင်းကျန်းရဲတယ်လား”

လေထုထဲတွင် ကျယ်လောင်သောအော်ဟစ်သံကို ကြားနိုင်သည်။

ရွှေရောင်ဝတ်စုံနှင့် ပေတစ်ထောင်မြင့်မားသောပုံရိပ်သည် ကောင်းကင်ထက်တွင် ပေါ်လာခဲ့သည်။ ထိုပုံရိပ်က လက်မြှောက်လိုက်သောအခါတွင် ရွှေအလင်းများသည် ဧရာမအမိုးအကာတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မြေပြင်ကို ဖိချလိုက်သည်။

မြို့ကြီးတစ်မြို့တွင် အကာအကွယ်ဝင်္ကပါ ရှိနေလိမ့်မည်။

ရွှေအလင်းအမိုးကြောင့် သေခြင်းကိုးပါးအင်းဆက်နှင့် အနက်ရောင်ချပ်ဝတ် လေပြင်းဓားပြများက ဖိနှိပ်ခံလိုက်ရသည်။

အင်းဆက်များ၏ကိုယ်ပေါ်တွင်ရှိသော မီးတောက်များက ငြိမ်းသက်သွားသောကြောင့် ရှုံ့တွနေသော ရုပ်ဆိုးသည့်ပုံစံကို မြင်နိုင်သည်။

သူတို့၏ အမွေးပွပုံရသော သွယ်လျသည့်အမြီးများက အနက်ရောင်အလင်းကို ထုတ်လွှတ်၍ ဆက်တိုက်လှုပ်ရှားနေသည်။

ပိုးကောင်နှင့်တူသော သူတို့၏ခန္ဓာကိုယ်သည် အနက်ရောင်မီးခိုးငွေ့ကို ထုတ်လွှတ်ပေးပြီး ထူးဆန်းသောပုံစံဖြင့် တွန့်လိမ်နေသည်။

ထိုအရာသည် သန်မာ‌သော သေခြင်းကိုးပါးအင်းဆက်များ ဖြစ်ကြသည်။ အနက်ရောင်ချပ်ဝတ်နှင့် မြင်းစီးဓားပြများသည် မြေပြင်ပေါ်တွင် ဖိနှိပ်ခံထားရပြီး ခေါင်းမော့မကြည့်နိုင်တော့ပေ။

စစ်မြင်းများ၏ခွာသည် ကွဲကြေသွားပြီး ကျောရိုးလည်း ကျိုးသွားကြသည်။ ထိုမြင်းများက မြေပြင်ပေါ်တွင် ရုန်းကန်နေကြသည်။

“ဟားဟား၊ အဲဒါက တာအိုသခင်ဖန်းမင်ပဲ”

ရင်ပြင်၏အပြင်ဘက်တွင်ရှိသော လူတစ်ယောက်က အံ့အားသင့်စွာ ပြောသည်။

“တာအိုသခင်ဖန်းမင်က မဟာဝင်္ကပါကို အသက်သွင်းပြီး လှုပ်ရှားလိုက်ပြီ။ ငါတို့က စိုးရိမ်စရာမလိုတော့ဘူး”

လူတစ်ယောက်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး ရယ်မောလျက် ပြောသည်။

ထွက်ပြေးနေသော ကျင့်ကြံသူများက ဖြည်းဖြည်းချင်း အရှိန်လျော့လိုက်ပြီး ကြောက်ရွံ့စိတ်လက်ကျန်များနှင့်အတူ နောက်သို့ ပြန်လှည့်ကြည့်သည်။

စန်းဟော်မြို့သည် တိုးတက်ထွန်းကားနေသော ပန်းပဲပညာမြို့တစ်မြို့ ဖြစ်သောကြောင့် အကာအကွယ်ဝင်္ကပါကို ကောင်းမွန်စွာ တည်ဆောက်ထားခဲ့သည်။

ထိုဝင်္ကပါသည် သေခြင်းကိုးပါးအင်းဆက်များကိုသာမက မြင်းစီးဓားပြများကိုပါ ဖိနှိပ်ခဲ့သည်။

ဓားပြများ၏နောက်ခံက မည်သို့ပင် ဖြစ်နေပါစေ သေခြင်းကိုးပါးအင်းဆက်များသည် အဖိုးတန်ရတနာ ဖြစ်သည်။

လူအများအပြားက တောက်ပနေသော မျက်လုံးများနှင့် မြေပြင်ပေါ်တွင် တွန့်လိမ်နေသော ပိုးကောင်များကို ကြည့်လိုက်ကြသည်။

သေခြင်းကိုးပါးအင်းဆက်များသည် မသေမျိုးမီးတောက်ကို ပိုင်ဆိုင်သောကြောင့် နတ်ဘုရားသားရဲဖီးနစ်အတွက် ကောင်းမွန်သောအစာ ဖြစ်သည်။

ထိုမသေမျိုးမီးတောက်ကို ရုပ်ခန္ဓာနှင့် လက်နက်သန့်စင်ရာတွင်လည်း အသုံးပြုနိုင်သောကြောင့် ကျင့်ကြံသူများအတွက် တန်ဖိုးရှိသည်။

ယနေ့တွင် သေခြင်းကိုးပါးအင်းဆက်များ၏ ကျူးကျော်မှုကြောင့် စန်းဟော်မြို့သည် ဆုံးရှုံးမှုကို ခံစားလိုက်ရသော်လည်း ထိုအင်းဆက်များကို စုဆောင်းနိုင်လျှင် ဆုံးရှုံးမှုကို ဖာထေးနိုင်ရုံသာမက အကျိုးအမြတ်ကိုလည်း ရရှိလာလိမ့်မည်။

“သေခြင်းကိုးပါးအင်းဆက်ကို ဖမ်းနိုင်ရင် ....”

ကျောက်ချန်က ဗဟိုရင်ပြင်ပေါ်တွင် ရုန်းကန်နေသော သေခြင်းကိုးပါးအင်းဆက်များကို ကြည့်လိုက်ပြီး ရေရွတ်သည်။

သူ့ဘေးတွင် ဇောင်ပိုင်ချွမ်၏မျက်နှာထားက လေးနက်နေသော်လည်း တောက်ပနေသော မျက်လုံးများဖြင့် သေခြင်းကိုးပါးအင်းဆက်များကို ကြည့်လိုက်သည်။

သူကလည်း စီးပွားရေးသမားတစ်ယောက် ဖြစ်သောကြောင့် အကျိုးအမြတ်ကို တွက်ချက်ကြည့်နိုင်သည်။

“တကယ်လို့ သေခြင်းကိုးပါးအင်းဆက်တွေကို ဖမ်းနိုင်မယ်ဆိုရင် စန်းဟော်မြို့က ဆုံးရှုံးမှုကို ခံစားရမှာမဟုတ်ဘူး”

ဇောင်ပိုင်ချွမ်က မြေအောက်မှမီးတောက်များ ဖြည်းဖြည်းချင်း ငြိမ်းသက်သွားသောနေရာကို ကြည့်သည်။

ထိုဝင်္ကပါသည် မြေအောက်မီးတောက်ကို ဖိနှိပ်ရန်အတွက် တည်ဆောက်ထားခြင်းဖြစ်သည်။

“ဒီတစ်ခုတည်းပဲဆိုရင် ဘာဖြစ်လို့ ဒုက္ခခံနေမှာလဲ”

ထိုအချိန်တွင် ဟန်မူယဲ့က ရုတ်တရက် ပြောလိုက်သည်။

သူ့စကားကြောင့် ကျောက်ချန်နှင့် ဇောင်ပိုင်ချွမ်က ကြောင်အသွားကြသည်။

သူတို့နှစ်ယောက် စကားမပြောနိုင်ခင် စူးရှသောမြည်သံကို ကြာားလိုက်ရသည်။

ထိုမြည်သံသည် ကောင်းကင်ထက်မှ ဆင်းသက်လာပြီး ပေါက်ကွဲမှုတစ်ခုကို ဖြစ်ပေါ်စေသည်။

အစိမ်းရောင်ဓားအလင်းသည် ရုတ်တရက်ပေါ်လာပြီး ကောင်းကင်အားဖုံးအုပ်ထားသော အမိုးအကာကို နှစ်ပိုင်းဖြတ်၍ အလင်းရောင်ဖြင့် တောက်ပနေသော တာအိုသခင်ဖန်းမင်၏ခန္ဓာကိုယ်ကို ထိုးစိုက်လိုက်သည်။

“ဘန်း”

ဓားအလင်းသည် တာအိုသခင်ဖန်းမင်၏ခန္ဓာကိုယ်ကို ထိုးဖောက်သွားသည်။ တာအိုသခင်ဖန်းမင်က တစ်ကိုယ်လုံးတုန်ခါနေပြီး ဝင်္ကပါ၏ အမိုးအကာက ပျက်စီးသွားခဲ့သည်။

သို့သော် ချက်ချင်းဆိုသလိုပင် သူက ပေသောင်းချီအကွာ၌ ပြန်ပေါ်လာသည်။

ပျက်စီးသွားသော အမိုးအကာကလည်း ပြန်လည်ကောင်းမွန်လာခဲ့သည်။

“ကျန်းကျန်ပေါင်၊ မင်းက တိုက်ခိုက်ခံရတဲ့ ကုန်သည်အဖွဲ့တွေအတွက် စစ်ဆေးဖို့ မြို့ကနေ ထွက်သွားတာမဟုတ်ဘူးလား။ ဘာဖြစ်လို့ ပြန်လာတာလဲ”

တာအိုသခင်ဖန်းမင်၏ မျက်နှာထားက မည်းမှောင်နေသည်။ သူ့ခန္ဓာကိုယ်က အနည်းငယ်ကြည်လင်နေပြီး ရှေ့တွင်ရှိသော ဓားရှည်ကိုကြည့်၍ အေးစက်စွာပြောသည်။

ဓားရှည်သည် လေထုထဲတွင် လွင့်မျောနေသည်။ ထို့နောက် အပြာရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ် ဓားကျင့်ကြံသူတစ်ယောက်သည် တင်းမာသောမျက်နှာထားဖြင့် ရှေ့တက်လာသည်။

သူက ဓားရှည်ကို ဆုပ်ကိုင်လိုက်သည်။ တလက်လက်တောက်ပနေသော အလင်းစက်ကွင်းများသည် သူ့မျက်လုံးထဲတွင် ရှိနေပုံရသည်။

“ငါက စန်းဟော်မြို့ကိုကာကွယ်ဖို့ တာဝန်ရှိတယ်။ ဘာဖြစ်လို့ ပြန်မလာရမှာလဲ”

ဓားကျင့်ကြံသူ၏အသံက ကျယ်လောင်ပြီး ဓားမြည်သံနှင့် တူညီသည်။

သူက မြေအောက်မီးတောက်ကြောင့် ပျက်စီးသွားသော ဗဟိုရင်ပြင်၏ အပြင်ဘက်တွင်ရှိသည့် အဆောက်အအုံကို ကြည့်သည်။

“ဖန်းမင်၊ ငါတို့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ တပည့် ၃၂ယောက်က ဒီနေရာမှာ ရှိနေတာကို မင်းက ဒီလိုမျိုး လုပ်ရဲတယ်လား”

သူ့မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များသည် မရေမတွက်နိုင်သော အနက်ရောင်ဓားလေးများအဖြစ် စုစည်းသွားကြသည်။ ထိုဓားလေးများသည် သူ့မျက်လုံးထဲမှ တိုက်ရိုက်ပြေးထွက်လာနိုင်သည်။

ထိုအဆောက်အအုံသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ တပည့်များ၏နေအိမ် ဖြစ်သည်။ သို့သော် အဆောက်အအုံသည် ပျက်စီးသွားပြီး တပည့်များ၏ အသက်ဓာတ်ကိုလည်း မခံစားရတော့ပေ။

“ညီအစ်ကိုကျန်း၊ ငါတို့က စန်းဟော်မြို့ကို နှစ်တစ်ထောင်ကြာအောင် ပူးပေါင်းစောင့်ကြပ်ခဲ့ကြတယ်။ ငါက မင်းသေမှာကို မမြင်ချင်လို့ မြို့ထဲကနေထွက်သွားအောင် လုပ်လိုက်တာ။ ကံဆိုးတာပဲ ....”

တာအိုသခင်ဖန်းမင်က ခေါင်းခါလိုက်ပြီး ညင်သာစွာသက်ပြင်းချသည်။

ရုတ်တရက်ပြောင်းလဲမှုကြောင့် လူတိုင်းက ကြောင်အသွားကြသည်။

All Chapters