အခန်း (၈၃၁)
Vol. 60 Ch. 831
သူတို့က ငြိမ်းချမ်းစွာကျင့်ကြံပြီး ကိုယ်ပိုင်လမ်းစဉ်ကို ရှာဖွေချင်သော်လည်း အေးချမ်းသောနေရာကို မရှာနိုင်ကြပေ။
သူတို့နှင့်မသက်ဆိုင်သော ကိစ္စရပ်များသည် သူတို့၏ရှင်သန်မှုနှင့် သက်ဆိုင်လာကြသည်။
“သူတို့က ပုရွက်ဆိတ်တွေပဲ”
ကောင်းကင်ထက်တွင် ကိုယ်ပွားသုံးခုနှင့် အစစ်အမှန်ခန္ဓာတစ်ခုကို ပိုင်ဆိုင်ထားသော တာအိုသခင်ဖန်းမင်က နှာမှုတ်သည်။ သူက လက်မြှောက်လိုက်ပြီး ဝင်္ကပါ၏အမိုးအကာကို ဆင်းသက်လာစေသည်။
အမိုးအကာ ဆင်းသက်လာသောအချိန်တွင် မြို့သည် ဖိအားကြီးတစ်ခုကို ခံစားလိုက်ရပြီး အဆောက်အအုံများ ပြိုကျသွားကြသည်။
ကျင့်ကြံသူတိုင်းသည် ပေါင်ထောင်ချီအလေးချိန်ကို သယ်ဆောင်ထားရသကဲ့သို့ ခြေလက်များ လေးလံနေကြသည်။
သို့သော် ကျားမိစ္ဆာများက ဖိနှိပ်မခံရပေ။
သူတို့က ဓားနှင့်လှံကို လျင်မြန်စွာလှုပ်ရှားလိုက်ပြီး ရှင်းလင်းပစ်နေသည်။
ထိုအရာသည် တစ်ဖက်သတ် သတ်ဖြတ်ခြင်းဖြစ်သည်။
စန်းဟော်မြို၏ အကာအကွယ်ဝင်္ကပါသည် မြို့တွင်းရှိ ကျင့်ကြံသူများကို ဆုံးပါးသွားစေသော သတ်ဖြတ်ခြင်းဝင်္ကပါတစ်ခု ဖြစ်လာသည်။
ကျောက်ချန်က ဖြူဖျော့နေသော မျက်နှာဖြင့် အစိမ်းရောင်ပုလဲလုံးကို ကိုင်ထားသည်။
ဇောင်ပိုင်ချွမ်က ဓားဆန္ဒကို ထုတ်လွှတ်၍ ဓားတိုသုံးချောင်းကို လွင့်မျောနေစေသည်။
သူက ဓားကျင့်ကြံသူတစ်ယောက် ဖြစ်နေသည်။
ဝမ်ရှန်ကုန်သွယ်ရေးအဖွဲ့၏ စီးပွားရေးပညာရှင် ဇောင်ပိုင်ချွမ်က ဓားကျင့်ကြံသူတစ်ယောက် ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
သို့သော် ကျောက်ချန်နှင့် ဇောင်ပိုင်ချွမ်တို့၏မျက်နှာထားက လေးနက်နေသည်။
သူတို့က မဟာဝင်္ကပါ၏လက်အောက်တွင် အောင်မြင်စွာထွက်ပြေးနိုင်ရန် ယုံကြည်ချက်မရှိကြပေ။
“အမှန်အတိုင်းပြောရရင် ဒီလိုမျိုး ဒုက္ခခံနေဖို့ မလိုပါဘူး”
ထိုအချိန်၌ ရှေ့တွင်ရပ်နေသော ဟန်မူယဲ့က ရုတ်တရက် ပြောလိုက်သည်။
သူ့စကားအဆုံးတွင် သူက ပေါ့ပါးစွာ လှုပ်ရှားလိုက်ပြီး လေထုထဲ၌ ပြန်ပေါ်လာသည်။
သူက လက်မြှောက်လိုက်သောအခါတွင် လေးထပ်ဓားမျှော်စင်က တုန်ခါသွားသည်။
ကျန်းကျန်ပေါင်၏ ဓားမျှော်စင်က ဟန်မူယဲ့၏ လက်ထဲသို့ ရောက်လာသည်။
“စုစည်းစမ်း”
ဟန်မူယဲ့၏ စကားသံကြောင့် မြို့ထဲတွင်ရှိသော ဓားများအားလုံး တုန်ခါလာသည်။
ဓားများသည် နဂါးတစ်ကောင်အဖြစ် စုစည်းသွားပြီး မြည်သံပေးလျက် ပျံသန်းလာသည်။ ထို့နောက် ဓားမျှော်စင်အတွင်းသို့ ပြေးဝင်သွားသည်။
လေးထပ်ဓားစံအိမ်သည် ဓားအလင်းဖြင့် တောက်ပနေပြီး ရွှေရောင်သန်းနေသော ဧရာမဓားတစ်လက်ကို ထုတ်ပေးသည်။
ဓားသွားသည် အစိမ်းရောင်သန်းနေပြီး ရွှေရောင်အင်းကွက်များဖြင့် တောက်ပနေသည်။ ဓားရိုးသည် လေးထပ်ဓားမျှော်စင်၏ အမှတ်အသားကို သယ်ဆောင်ထားသည်။
“အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းရဲ့ နယ်မြေထဲမှာ သောင်းကျန်းရဲတယ်ပေါ့လေ”
ဟန်မူယဲ့၏အသံက လေထုကို တုန်ခါသွားစေသည်။
ယခုအချိန်တွင် မိုင်ထောင်ချီပတ်ဝန်းကျင်သည် ဓားမြည်သံဖြင့် ပြည့်နှက်နေသည်။
အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ အစစ်အမှန်ဓားနည်းစနစ် ဖြစ်သည်။
အောက်တွင် ကျန်းကျန်ပေါင်က သွေးတစ်လုပ်အန်ထုတ်လိုက်ပြီး အပျက်အစီးများကြားမှ တိုးထွက်လာသည်။ သူက အင်မော်တယ်တစ်ပါးကဲ့သို့ ဓားမျှော်စင်ကို ကိုင်ထားသော ကောင်းကင်ထက်တွင်ရှိနေသည့် ဟန်မူယဲ့ကို ကြည့်လိုက်ပြီး အော်ပြောသည်။
“ကျန်းကျန်ပေါင်က ရန်သူတွေကို သတ်ဖြတ်ဖို့အတွက် ဂိုဏ်းတူအစ်ကိုကို အကူအညီတောင်းပါတယ် ....”
သူက လက်ထဲတွင်ရှိသော ဓားရှည်ကို ပစ်လွှတ်လိုက်သည်။
ဟန်မူယဲ့က လက်မြှောက်ပြီး ဓားရှည်ကိုဖမ်းယူ၍ တည်ငြိမ်စွာပြောသည်။
“ကောင်းတယ်”
ထိုစကားသည် ဓားကျင့်ကြံသူတစ်ယောက်၏ မောက်မာမှုကို ဖော်ပြနေသည်။
‘အားကောင်းတဲ့ရန်သူတွေ ရှိနေရင်ရော ဘာဖြစ်လဲ’
‘လက်ထဲမှာ ဓားကိုင်ထားရင် သွေးတွေ ဆူပွက်နေလိမ့်မယ်’
သန်းချီနေသော လူများ၏ သေခြင်းရှင်းခြင်း၊ ဂိုဏ်း၏ ဂုဏ်သိက္ခာနှင့် အရှက်ရခြင်းကို ကတိစကားတစ်ခွန်းဖြင့် လွှမ်းခြုံလိုက်သည်။
“အစစ်အမှန် ဓားကျင့်ကြံသူတစ်ယောက်ပဲ ....”
ကျောက်ချန်က မောက်မာစွာ ဓားကိုင်ထားသော ဟန်မူယဲ့ကို ခေါင်းမော့ကြည့်လိုက်ပြီး မျက်လုံးပြူးနေသည်။
“ဓားအင်မော်တယ်တစ်ယောက်ရဲ့ ပုံစံပဲ”
ဇောင်ပိုင်ချွမ်က စိတ်လှုပ်ရှားမှုကြောင့် နီရဲနေသောမျက်နှာဖြင့် ဟန်မူယဲ့ကို ကြည့်သည်။
ဟန်မူယဲ့က စကားတစ်ခွန်းဖြင့် အရာအားလုံးကို ဖိနှိပ်ထားခဲ့သည်။
အင်မော်တယ်အလင်းသည် စန်းဟော်မြို့၏ ကောင်းကင်ထက်တွင် တောက်ပနေသည်။
ဟန်မူယဲ့က ဓားမြှောက်လိုက်ပြီး ကောင်းကင်ထက်တွင်ရှိသော အမိုးအကာကို ခုတ်ချသည်။
ထိုဓားချက်သည် အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ လေပြင်းနှင့်မိုးကြိုးစွမ်းအားအပြင် ဟန်မူယဲ့၏ ခွေသားရဲမှ မိုးကြိုးစွမ်းအားလည်း ပါဝင်နေသည်။
လေပြင်းနှင့် မိုးကြိုးများကြောင့် ဓားချက်ရောက်မလာခင် အမိုးအကာက ပင့်တင်ခံလိုက်ရသည်။
“ဘုန်း”
ဓားအလင်းသည် ဝင်္ကပါ၏ အမိုးအကာကို နှစ်ပိုင်းဖြတ်ပစ်လိုက်သည်။
သွယ်ယှက်နေသော အင်မော်တယ်အင်းကွက်များကလည်း နှစ်ပိုင်းပြတ်သွားကြသည်။
ကျန်းကျန်ပေါင်၏ ဓားအလင်း ၁၃ခုသည် အမိုးအကာကို ခုခံထားရုံသာ တတ်နိုင်သည်။ သို့သော် ယခုအချိန်တွင် အမိုးအကာက နှစ်ပိုင်းပြတ်သွားခဲ့သည်။
“ရိုးရှင်းပြီး သပ်ရပ်တယ်။ လေပြင်းနဲ့တိမ်တိုက်က မိုးကြိုးအဖြစ် ပြောင်းလဲသွားတယ်။ အရမ်းကောင်းတဲ့ ဓားနည်းစနစ်ပဲ”
ကျန်းကျန်ပေါင်က တောက်ပနေသော မျက်လုံးများဖြင့် ခေါင်းမော့ကြည့်သည်။
ထိုဓားပညာရှင်မျိုးသည် အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းတွင်လည်း ရှားပါးသည်။
အောက်တွင် မရေမတွက်နိုင်သော ကျင့်ကြံသူများက ခေါင်းမော့ကြည့်လိုက်ကြသည်။
ဇောင်ပိုင်ချွမ်း၏ လွင့်မျောနေသော ဓားသုံးလက်သည် ထိတ်လန့်သွားသကဲ့သို့ တုန်ခါနေကြသည်။
“ငါက စန်းဟော်မြို့ရဲ့ မြေအောက်မီးတောက်ကို ငှားသုံးခဲ့မှတော့ ပြန်ပေးရမှာပေါ့”
ဟန်မူယဲ့က တစ်ကိုယ်လုံးတုန်ခါနေသော တာအိုသခင်ဖန်းမင်ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာပြောသည်။
သူက စကားအဆုံးတွင် ဓားဖြင့် ခုတ်ချလိုက်ပြန်သည်။
“ရွှပ် ....”
ဓားအလင်းသည် မီးတောက်အဖြစ် ပြောင်းလဲသွားပြီး မြေပြင်ပေါ်သို့ ကျဆင်းသွားသည်။
ထိုမီးတောက်သည် အိပ်စက်နေသော မြေအောက်မီးတောက်ကို နှိုးဆွပေးလိုက်ပြီး တောက်ပနေသော မီးတောက်များသည် ကောင်းကင်ကို အလင်းပေးလိုက်သည်။
အလွန်ကြမ်းတမ်းခဲ့သော မီးတောက်များသည် ယခုအချိန်တွင် လူတိုင်းကို သက်တောင့်သက်သာ ရှိနေစေသည်။
စန်းဟော်မြို့ကို ထိုမီးတောက်များဖြင့် လွှမ်းခြုံထားသင့်သည်။
မီးတောက်များသည် မြေအောက်သို့ ပြန်ရောက်သွားကြသည်။ မဟာဝင်္ကပါသည် ပျောက်ကွယ်သွားပြီး ဖိနှိပ်ခံထားရသော လေပြင်းဓားပြနှင့် သေခြင်းကိုးပါးအင်းဆက်များက လွတ်လပ်သွားကြသည်။
သူတို့က မြေပြင်ပေါ်မှ ထရပ်လာကြသည်။
ဟန်မူယဲ့က ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူ၏ ခမ်းနားသောအငွေ့အသက်နှင့် လေးနက်သော ဓားအရှိန်အဝါကြောင့် သူ့ကို တိုက်ရိုက်ကြည့်ရန် မဖြစ်နိုင်ပေ။
“အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းရဲ့ ပိုင်နက်အတွင်းမှာ ပုန်ကန်တဲ့အပြုအမူအားလုံးကို ညှာတာပေးမှာမဟုတ်ဘူး”
ဓားသည် ကောင်းကင်နှင့်မြေကြီးကို ရှင်းလင်းနိုင်သည်။
အနက်ရောင်ချပ်ဝတ်နှင့် လေပြင်းဓားပြများ၊ အင်မော်တယ်ကျင့်ကြံသူများနှင့် တွန့်လိမ်နေသော သေခြင်းကိုးပါးအင်းဆက်များသည် ဖြည်းဖြည်းချင်း ရပ်တန့်သွားကြသည်။
ဟန်မူယဲ့၏ ဓားသည် သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးနိုင်သည်။
ဟန်မူယဲ့က ဓားမြှောက်ပြီး တစ်ကိုယ်လုံးတုန်ခါနေသော တာအိုသခင်ဖန်းမင်ကို ညွှန်ပြသည်။ ထို့နောက် ဗဟိုရင်ပြင်တွင် မတ်တပ်ရပ်နေသော ပေတစ်ရာမြင့်မားသည့် ကျားမိစ္ဆာကို ဆက်လက်ညွှန်ပြသည်။
အစိမ်းပုပ်ရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသည့် ကျားမိစ္ဆာက တင်းကျပ်စွာ လက်သီးဆုပ်လိုက်သည်။ သူ့မျက်နှာထားက လေးနက်နေပြီး မျက်လုံးထဲတွင် အဆုံးမရှိသော တိုက်ခိုက်လိုစိတ်ကို ဖော်ပြသည်။
သူက အနိုင်ရရန် မသေချာသော်လည်း တိုက်ခိုက်ချင်သည်။
ဟန်မူယဲ့၏ ဓားသည် လူများကို တိုက်ခိုက်မှုမှလွဲပြီး ရွေးချယ်စရာမရှိအောင် ပြုလုပ်ထားသည်။
“ခါးသီးအင်မော်တယ်နယ်မြေရဲ့ အင်မော်တယ်မိစ္ဆာဘုရင်လက်အောက်က ကျားမိစ္ဆာမဟုတ်လား”
ဟန်မူယဲ့၏ဓားသည် အစိမ်းရောင်အလင်းဖြင့် တောက်ပသွားသည်။
“မင်းက မိုင်သန်းထောင်ချီအကွာအဝေးကို ကျော်ဖြတ်လာခဲ့တဲ့အတွက် ပြီးပြည့်စုံအောင်လုပ်ရမယ့် တာဝန်တစ်ခုကို ထမ်းပိုးထားလိမ့်မယ်”
“မင်းကို တိုက်ပွဲမှာ သိက္ခာရှိရှိသေနိုင်အောင် အခွင့်အရေးပေးလိုက်မယ်”
“ငါ့ဓားချက်ကို လက်ခံပါ”
မီးခိုးငွေ့များသည် မြို့ကို လွှမ်းခြုံထားသည်။ ဓားတစ်လက်သည် ကောင်းကင်ကို ထိုးဖောက်သွားသည်။
ခါးသီးအင်မော်တယ်နယ်မြေတွင် သောင်းကျန်းခဲ့သော လေပြင်းဓားပြများနှင့် အားကောင်းသော သေခြင်းကိုးပါးအင်းဆက်များသည် ထိုဓားချက်၏အောက်တွင် ရွေးချယ်စရာမရှိဘဲ ဦးညွတ်လိုက်ရသည်။
မြို့စောင့်ဝင်္ကပါကို ထိန်းချုပ်ထားသော တာအိုသခင်ဖန်းမင်က လျစ်လျူရှုခံလိုက်ရသည်။
အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ အစောင့်အကြပ်တပည့်ဖြစ်သော ကျန်းကျန်ပေါင်ကို ဒဏ်ရာရသွားစေသည့် တက်လှမ်းကျားမိစ္ဆာကသာ ထိုဓားချက်ကို လက်ခံရန် အဆင့်မီသည်။
ဟန်မူယဲ့က ဂုဏ်သိက္ခာရှိစွာ သေခွင့်ပေးမည်ဟု ပြောခဲ့သည်။
သူက အလွန်မောက်မာနေသည်။
သို့သော် ယခုအချိန်တွင် မည်သူမှ အသံမထွက်ရဲကြပေ။ သူတို့က ကောင်းကင်ထက်တွင်ရှိသော ဓားကိုင်ထားသည့်ပုံရိပ်ကို မော့ကြည့်နေကြသည်။
“ဝေါင်း ....”
ပေတစ်ရာမြင့်မားသော ကျားမိစ္ဆာက ဟိန်းဟောက်လိုက်သည်။ သူ့လက်သီးများသည် သွေးအငွေ့အသက်နှင့်အတူ အစိမ်းရောင်အင်မော်တယ်အလင်းကို ထုတ်လွှတ်သည်။
အဆုံးမရှိသော စွမ်းအားများကို ထုတ်လွှတ်နေသည့် ရွှေရောင်မိစ္ဆာအင်းကွက်များနှင့် ပေတစ်ထောင်ရှည်လျားသော ကျားဖြူပုံရိပ်ကို မြင်လိုက်ရသည်။
ကျားဖြူပေါ်လာသောအခါတွင် ကြမ်းတမ်းသော မိစ္ဆာအငွေ့အသက်သည် ပေတစ်ရာပတ်ဝန်းကျင်ကို ထိုးဖောက်လိုက်ပြီး အင်မော်တယ်ချီများကို ဝဲကတော့အဖြစ် စုစည်းလိုက်သည်။
ပေတစ်ရာအတွင်း၌ရှိသော အင်မော်တယ်ချီစွမ်းအင်ကို စုစည်းနိုင်ခြင်းသည် ကောင်းကင်အဆင့်ထက် ကျော်လွန်နေသည်။
ကျားဖြူသည် ဖြည်းဖြည်းချင်း ဟိန်းဟောက်သည်။ ထို့နောက် ခေါင်းမော့လိုက်သောအခါ လေထုထဲတွင်ရှိသော ဟန်မူယဲ့နှင့် တန်းတူ ဖြစ်နေသည်။
ဧရာမကျားကြီးသည် ပါးစပ်ဖွင့်လိုက်သည်။ ကြမ်းတမ်းသော မိစ္ဆာအငွေ့အသက်သည် ပေါက်ကွဲထွက်လာပြီး ရှေ့ခြေဖြင့် ရိုက်ချသည်။
ထိုလက်ဝါးချက်သည် လေပြင်းနှင့်မိုးကြိုးစွမ်းအားကို သယ်ဆောင်ထားပြီး ဟန်မူယဲ့၏ ခေါင်းပေါ်သို့ တိုက်ရိုက်ကျဆင်းလာသည်။
တက်လှမ်းကျားမိစ္ဆာသည် အစွမ်းကုန်သုံးထားသည်။
ကျောက်ချန်၏အစောင့်ဖြစ်သော အကြီးအကဲချူနှင့် ဇောင်ပိုင်ချွမ်၏ အစောင့်နှစ်ယောက်က လေးနက်သောမျက်နှာထားဖြင့် လျင်မြန်စွာနောက်ဆုတ်လာကြသည်။
ထိုလက်ဝါးချက်သည် သူတို့၏ ခုခံနိုင်စွမ်းထက် ကျော်လွန်နေသည်။
လေပြင်းသည် လူတိုင်းကို ပြင်းထန်စွာတိုက်ခတ်သွားသည်။
ပေတစ်သိန်းပတ်ဝန်းကျင်၌ တည်ငြိမ်စွာနေနိုင်သောလူ မရှိခဲ့ပေ။
ထိုရိုက်ချက်ကို မည်သူက ခုခံနိုင်မည်နည်း။
အဝေးတစ်နေရာတွင် ဖန်းမင်က ပြုံးလိုက်သည်။
အောက်တွင် ကျန်းကျန်ပေါင်၏မျက်နှာထားက ရှုပ်ထွေးသွားသည်။ သူက လက်ထဲတွင်ရှိသော သစ်သားတုတ်ကို တင်းကျပ်စွာဆုပ်ကိုင်လိုက်ပြီး သွေးချီနှင့် အင်မော်တယ်အလင်းကို ဖြည်းဖြည်းချင်း စုစည်းသည်။
“ငါက ကျားတွေကို သတ်တဲ့နေရာမှာ အတွေ့အကြုံရှိတယ်”
ဟန်မူယဲ့က ရေရွတ်လိုက်ပြီး ကျားဖြူ၏လက်ဝါးချက်ကို ကြည့်သည်။
သူက လက်ထဲတွင်ရှိသော ဓားကို လွှတ်လိုက်သည်။
ဓားရှည်သည် တောက်ပနေသောဓားအလင်းဖြင့် ချက်ချင်းပျံထွက်သွားပြီး ပေတစ်ထောင်ရှည်လျားသော ဓားတစ်လက် ဖြစ်လာသည်။
“သတ်”
“ရွှပ် ....”
ဓားရှည်သည် ကောင်းကင်ထောက်တိုင်တစ်ခုသဖွယ် ကျဆင်းလာခဲ့သည်။
ထိုဓားသည် လူတိုင်း၏ အံ့အားသင့်နေသော အကြည့်အောက်တွင် နှလုံးသားထဲ၌ စွဲထင်သွားသည်။ ထိုဓားသည် ကောင်းကင်ထက်မှ ဆင်းသက်လာပြီး ကျားဖြူ၏ဦးခေါင်းကို ခုတ်ချသည်။
“ဘန်း”
ကျားဖြူက တုန်ခါသွားပြီး ဓားချက်ကြောင့် နှစ်ပိုင်းကွဲသွားသည်။
ဧရာမခန္ဓာကိုယ်ကြီးသည် မိစ္ဆာအလင်းအဖြစ် ပြောင်းလဲသွားသည်။
ကျားအမြီးသည် ခဏတာလှုပ်ရှားနေပြီး နောက်ဆုံးတွင် ပျောက်ကွယ်သွားခဲ့သည်။
အောက်တွင် တက်လှမ်းကျားမိစ္ဆာက လက်သီးဆုပ်ထားပြီး အံတင်းတင်းကြိတ်လျက် ဟန်မူယဲ့ကို စိုက်ကြည့်နေသည်။
“ဘန်း ....”
ပေတစ်ရာမြင့်မားသော ခန္ဓာကိုယ်သည် ကျိုးကြေသွားခဲ့သည်။
ဓားတစ်ချက် ....
ကောင်းကင်နှင့်မြေကြီးကို လွှမ်းမိုးနိုင်ပုံရသော တက်လှမ်းကျားမိစ္ဆာသည် နေရာမှာပင် သေဆုံးသွားခဲ့သည်။
ဟန်မူယဲ့ပြောခဲ့သည့်အတိုင်း ဓားတစ်ချက်ကို ခံယူ၍ တိုက်ပွဲတွင် ဂုဏ်သိက္ခာရှိစွာ သေဆုံးခွင့်ပေးမည်။
“ဝီ”
ကျားမိစ္ဆာကို သတ်ဖြတ်လိုက်ပြီး ဟန်မူယဲ့၏လက်ထဲတွင်ရှိသော ဓားက အနည်းငယ် တုန်ခါနေသည်။ သူက ဓားဖြင့် အောက်သို့ ညွှန်ပြလိုက်သည်။
ကျားမိစ္ဆာများ၏မျက်လုံးသည် နီရဲနေကြသည်။ သူတို့က လက်ထဲတွင်ရှိသော ဓားမော့နှင့်လှံများကို တင်းကျပ်စွာဆုပ်ကိုင်ထားပြီး ဟန်မူယဲ့ကို စိုက်ကြည့်နေကြသည်။
သို့သော် ဟန်မူယဲ့၏ဓားချက်က သူတို့ကို တုံ့ဆိုင်းသွားစေသည်။
မိစ္ဆာနတ်ဘုရားကဲ့သို့ အားကောင်းသော သူတို့၏ ခေါင်းဆောင်က ဓားတစ်ချက်ကိုပင် မခုခံနိုင်ခဲ့ပေ။
သူတို့က ဟန်မူယဲ့နှင့် ရင်ဆိုင်ရန် အရည်အချင်းမရှိပေ။
“လက်နက်ချလိုက်ကြ။ ငါက မင်းတို့ကို ချမ်းသာပေးလိုက်မယ်”
ဟန်မူယဲ့၏အကြည့်က တည်ငြိမ်နေသည်။
ဂုဏ်သိက္ခာသည် သေခြင်းရှင်ခြင်းကဲ့သို့ အရေးမပါပေ။
သူတို့က ခါးသီးအင်မော်တယ်နယ်မြေမှ ထွက်လာပြီး အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ စန်းဟော်မြို့တွင် သောင်းကျန်းရန် စီစဉ်ခဲ့သောအချိန်မှစ၍ သူတို့၏ကံကြမ္မာကို ဆုံးဖြတ်လိုက်ပြီဖြစ်သည်။
ထိုအရာသည် သေခြင်းရှင်ခြင်းနှင့် သက်ဆိုင်သည်။