အခန်း (၈၃၂)
Vol. 60 Ch. 832
ကျားမိစ္ဆာများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့၏ခေါင်းဆောင် သေဆုံးသွားသောကြောင့် သူတို့က လမ်းပျောက်နေကြသည်။
“သေဆုံးသည်အထိ တိုက်ခိုက်ပြီး စတေးမယ်”
ထိုအချိန်တွင် တာအိုသခင်ဖန်မင်က အဝေးမှ အော်ဟစ်လိုက်သည်။ သူ၏ မိစ္ဆာကိုယ်ပွားက ဟိန်းဟောက်လိုက်ပြီး မိစ္ဆာအလင်းကို ကောင်းကင်အထိ ထုတ်လွှတ်သည်။
ကိုယ်ပွားသုံးခုက ပေါက်ကွဲသွားပြီး အင်မော်တယ်အလင်းနှင့် မိစ္ဆာအလင်းကို မြေပြင်ပေါ်တွင် ပြန့်ကျဲသွားစေသည်။
စန်းဟော်မြို့၏ ငြိမ်သက်နေသော မြေအောက်မီးတောက်သည် ထပ်မံလှုပ်ရှားလာပြန်သည်။
“သေတဲ့အထိ တိုက်ခိုက်မယ်”
ကျားမိစ္ဆာများက ဟိန်းဟောက်လိုက်ပြီး ဟန်မူယဲ့ဆီသို့ ပြေးဝင်လာကြသည်။
မိစ္ဆာအလင်းသည် မဟာဝင်္ကပါတစ်ခုအဖြစ် ဖွဲ့စည်းသွားပြီး တာအိုသခင်ဖန်းမင်နှင့် ဆက်သွယ်နေသည်။ အလင်းစက်ကွင်းများသည် သွယ်ယှက်နေပြီး မြေအောက်တွင်ရှိသော ထူးခြားသည့်မီးတောက်စွမ်းအားကို ထုတ်ယူနေသည်။
ထိုစွမ်းအားကြောင့် ကျန်းကျန်ပေါင်၏မျက်နှာက ဖြူဖျော့သွားပြီး ရေရွတ်လိုက်သည်။
“သွားပြီ ....”
“သွေးစတေးခြင်းလား”
ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်သည်။ ပျံထွက်သွားသော ဓားသည် သုံးပေရှည်လျားသောဓားအဖြစ် ပြောင်းလဲနေပြီး သူ့လက်ထဲသို့ ပြန်ရောက်လာသည်။
“အဲဒါဆိုရင် မင်းတို့ကို မျှော်လင့်ချက်မရှိတော့အောင် လုပ်ပေးရမှာပေါ့”
ဟန်မူယဲ့က လှုပ်ရှားလိုက်ပြီး ကောင်းကင်ထက်တွင် ပေါ်လာသည်။
ထို့နောက် သူက ဓားကို အောက်သို့ထိုးစိုက်ထားပြီး တည့်မတ်စွာထိုးဆင်းလာသည်။
သူက လေပြင်းနှင့်မိုးကြိုးစွမ်းအားကို အသုံးပြုပြီး လွှမ်းမိုးနိုင်စွမ်းရှိသော ခွေသားရဲအဖြစ် အသွင်ပြောင်းသည်။ ခွေသားရဲက ခွာဖြင့် ဆောင့်ချလိုက်သည်။
ဓားပညာရပ်နှင့် သွေးမျိုးဆက်စွမ်းအား၏ ပေါင်းစပ်မှု ....
ဓားသည် လေနှင့်မိုးကြိုးစွမ်းအင်ကို ထုတ်ဖော်နေသည်။ ခွေသားရဲ၏ စွမ်းအားသည်လည်း မိုးကြိုးနှင့် လေပြင်း ဖြစ်သည်။
ထို့အပြင် အခြေတည်ဝိညာဉ်ဓားဖြင့် ပေါင်းစပ်ပြီး အင်မော်တယ်ဘုရင်၏ အမွေအနှစ်နည်းလမ်းကိုလည်း အသုံးချထားသည်။
ဓားချက်သည် စွမ်းအားများကို စုစည်းထားပြီး တူတစ်လက်သဖွယ် ကျဆင်းလာသည်။
“ဘုန်း”
မီးတောက်များ ပေါက်ကွဲထွက်လာပြီး မြေပြင်သည် ကျွံဝင်သွားသည်။
ခွေသားရဲ၏ ခြေထောက်အောက်တွင် ပေတစ်ထောင်တွင်းနက်တစ်ခု ဖြစ်တည်လာပြီး ဆက်တိုက်ပေါက်ကွဲမှုများ ဖြာထွက်လာသည်။
စန်းဟော်မြို့တွင် စုစည်းနေသော ကမ္ဘာမြေမီးတောက်စွမ်းအားသည် အပြည့်အဝ ပျောက်ကွယ်သွားသည်။
ကမ္ဘာမြေမီးတောက်ထဲမှာ နာကျင်စွာအော်ဟစ်သံကို ကြားနိုင်ပြီး ရွှေရောင်မီးတောက်တစ်ခု ပေါက်ကွဲထွက်လာသည်။
မီးတောက်သည် ပေတစ်သောင်းအထိ မြင့်တက်လာပြီး အမြီးကိုးချောင်းနှင့် တောင်ပံတစ်စုံရှိသော အရောင်အသွေးစုံလင်သည့် ဖီးနစ်ငှက်တစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။
သို့သော် ထိုဖီးနစ်သည် ခွေသားရဲ၏ ခြေကန်ချက်ကြောင့် ဒဏ်ရာရသွားသည်။ ဖီးနစ်ငှက်က တောင်ပံဖြန့်ထားပြီး တုန်ခါနေသော ခန္ဓာကိုယ်ဖြင့် ညည်းညူနေသည်။
“ဖီးနစ်ဝိညာဉ်”
“ပြန်လည်မွေးဖွားခြင်းကို ဖြတ်ကျော်ထားတဲ့ ဖီးနစ်ငှက်က မသေမျိုးပဲ”
ခွေသားရဲ၏ပုံရိပ်က ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။ ဓားကိုင်ထားသော ဟန်မူယဲ့၏ မျက်လုံးများက တောက်ပနေကြသည်။
ထိုသားရဲသည် ချီလင်၊ ပါ့ရှား၊ ခွေသားရဲတို့နှင့် အဆင့်တူသော ဖီးနစ်ငှက် ဖြစ်သည်။
ဖီးနစ်ငှက်၏ဝိညာဉ်သည် ဤနေရာတွင် တည်ရှိနေပြီး ကမ္ဘာမြေမီးတောက်၏စွမ်းအားကို စုပ်ယူနေခဲ့သည်။
ယခုအချိန်တွင် ကမ္ဘာမြေမီးတောက်က ပျောက်ကွယ်သွားပြီး ဖီးနစ်ငှက်၏ဝိညာဉ်က အပြင်းအထန် ဒဏ်ရာရနေသည်။ ထို့ကြောင့် ကိုယ့်ကိုယ်ကိုယ် မထိန်းသိမ်းနိုင်တော့ဘဲ လေထုထဲတွင် လွင့်မျောနေသော အနီရောင်ပုတီးစေ့တစ်ခုကိုသာ ချန်ထားခဲ့သည်။
‘သေတဲ့အထိတိုက်မယ်’ ‘သွေးစတေးခြင်း’ စသည်ဖြင့် အော်ဟစ်နေသော ကျားမိစ္ဆာများက ပျောက်ကွယ်သွားသော ဖီးနစ်ငှက်ကို ကြောင်အစွာ ကြည့်နေကြသည်။ သူတို့က အလွန်စိတ်ရှုပ်ထွေးနေသည်။
‘ငါတို့က ဒီစွမ်းအားကို ဆွဲထုတ်ဖို့အတွက် သွေးစတေးခြင်းကို လုပ်ရတာမဟုတ်လား’
‘ဒါပေမဲ့ ဖီးနစ်ငှက်က ဓားတစ်ချက်ကိုတောင် မခံနိုင်ခဲ့ဘူး’
တာအိုသခင်ဖန်းမင်က မျှော်လင့်ချက်ကင်းမဲ့နေသော မျက်နှာထားဖြင့် အနီရောင်ပုတီးစေ့ကို ကြည့်သည်။
“ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ဘယ်လိုလုပ်ပြီး ....”
“ဒါက အင်မော်တယ်မိစ္ဆာဘုရင်တစ်ပါးရဲ့ ဝိညာဉ်လေ။ အင်မော်တယ်မိစ္ဆာဘုရင် ....”
သူက လက်မြှောက်ပြီး ဝင်္ကပါစွမ်းအားကို အသုံးပြုချင်သော်လည်း မြေအောက်တွင်ရှိသော ကမ္ဘာမြေမီးတောက်က ကုန်ဆုံးသွားပြီဖြစ်သောကြောင့် ဝင်္ကပါသည် တုံ့ပြန်မှုမရှိခဲ့ပေ။
သူက အထီးကျန်နေသည်။
သူ၏ တွက်ချက်မှုနှင့် မျှော်လင့်ချက်များ အားလုံးသည် ပျောက်ကွယ်သွားခဲ့သည်။
ဟန်မူယဲ့က လက်ဖြန့်လိုက်သည်။ အနီရောင်ပုတီးစေ့သည် သူ့လက်ပေါ်သို့ ရောက်လာသည်။
“တာအိုသခင်ဖန်းမင်၊ မင်းက အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းကို သစ္စာဖောက်ခဲ့တဲ့အတွက် နောက်ဆက်တွဲပြစ်ဒဏ်ကို သိသင့်တယ်”
“မြို့ထဲမှာရှိတဲ့ ကျင့်ကြံသူတွေအားလုံးကို စုစည်းလိုက်ပါ။ အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းရဲ့ ကျွမ်းကျင်သူတွေ ရောက်လာခဲ့ရင် မင်းက ရှင်သန်ဖို့ အခွင့်အရေးရနိုင်သေးတယ်”
ဟန်မူယဲ့က လက်ထဲတွင်ရှိသော ဓားရှည်ကို ပစ်ချလိုက်သည်။ ကျန်းကျန်ပေါင်က မသိစိတ်အလျောက် ဖမ်းယူသည်။
သူက ခေါင်းမော့ကြည့်လိုက်သောအခါတွင် ဟန်မူယဲ့က ပျောက်ကွယ်သွားသည်။
လူတစ်ယောက်ကို သတ်ဖြတ်ပြီး မိုင်တစ်ထောင်အတွင်း၌ ခြေရာလက်ရာ မချန်ခဲ့ပေ။
အရာအားလုံး ပြီးသွားသောအခါတွင် သူက နာမည်ကိုဖုံးကွယ်ပြီး တစ်နေရာရာတွင် ပုန်းကွယ်နေခဲ့သည်။
စန်းဟော်မြို့တွင် ဝင်္ကပါကို ဓားတစ်ချက်ဖြင့် ဖြတ်တောက်ပြီး တက်လှမ်းကျားမိစ္ဆာအား သတ်ဖြတ်သွားသောလူကို မည်သူမှ မသိကြပေ။
ထိုလူသည် အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းနှင့် ဆက်သွယ်မှုရှိပုံရပြီး ရွှေရောင်ဓားမျှော်စင်ကို ထိန်းချုပ်နိုင်သည်။ ကျန်းကျန်ပေါင်က ထိုလူကို ဂိုဏ်းတူအစ်ကိုဟု ခေါ်ခဲ့သည်။
လေပြင်ဓားပြများအားလုံးသည် ကျင့်ကြံဆင့်ဖိနှိပ်ပြီး ဖမ်းဆီးခံလိုက်ရသည်။
အသက်စွန့်ပြီး တိုက်ခိုက်ချင်သော ကျားမိစ္ဆာများက တိုက်ခိုက်လိုစိတ် ပျောက်ဆုံးသွားပြီး လက်နက်ချလိုက်ကြသည်။
သူတို့၏ ကံကြမ္မာကို ဆုံးဖြတ်ပြီးသား ဖြစ်သည်။
မြို့ထဲတွင်ရှိသော သေခြင်းကိုးပါးအင်းဆက်များကိုတော့ ကျွမ်းကျင်သူများက ဖမ်းဆီးပြီး ကျန်းကျန်ပေါင်ဆီသို့ အပ်နှံလိုက်ကြသည်။
အဆုံးတွင် တာအိုသခင်ဖန်းမင်က ကမ္ဘာမြေမီးတောက်၏ လက်ကျန်စွမ်းအားကို ထိန်းချုပ်ပြီး ဝင်္ကပါကိုအသက်သွင်း၍ စန်းဟော်မြို့ကို ပြန်လည်တည်ဆောက်ပေးနေသည်။
သူက အသက်ရှင်ချင်သေးသည်။
အကယ်၍ သူက စကားနားထောင်လျှင် အသက်ရှင်နိုင်သည်ဟု ဟန်မူယဲ့က ပြောခဲ့သည်။
အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းကဲ့သို့ ဂိုဏ်းကြီးတစ်ဂိုဏ်းအတွက် အသုံးဝင်နေသမျှ ရှင်သန်နိုင်မည်။
စန်းဟော်မြို့၏ ကျွမ်းကျင်သူများက လျင်မြန်စွာ စုစည်းလိုက်ကြပြီး မှော်နည်းစနစ်များကို အသုံးပြု၍ ကမ္ဘာမြေမီးတောက်ကို တူးဖော်ပြီး မီးပြင်းဖိုများကို ပြန်လည်တည်ဆောက်နေကြသည်။
စန်းဟော်မြို့က မီးပြင်းဖိုများကို ဆုံးရှုံးသွားလျှင် ရှင်သန်နိုင်မည်မဟုတ်ပေ။
ထိုကိစ္စများအတွက် ဟန်မူယဲ့၏အကူအညီကို မလိုတော့ပေ။
သူက အနားယူရန်အတွက် တည်းခိုဆောင်သို့ ပြန်လာပြီး ကျင့်ကြံနေသည်။
ထိုတိုက်ပွဲသည် သူ၏ ချီနှင့်သွေးစွမ်းအားကို ဓားပညာရပ်တွင် ပေါင်းထည့်ရန် ဉာဏ်အလင်းပေးခဲ့သည်။
သို့သော် အကြီးမားဆုံး အကျိုးအမြတ်သည် ဝိညာဉ်ကျင့်ကြံခြင်းတွင် ချိုးဖောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
သူက လွှမ်းမိုးနိုင်စွမ်းရှိသော ဓားပညာရပ်ဖြင့် မရေမတွက်နိုင်သော ကျင့်ကြံသူများ၏စိတ်ကို တုန်လှုပ်စေခဲ့သည်။
ထိုစွမ်းအားသည် မြစ်တစ်စင်းအဖြစ် ပြောင်းလဲသွားပြီး အင်မော်တယ်ချီစွမ်းအင်ကဲ့သို့ သူ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာသည်။
လွန်ခဲ့သောရက်များတွင် ဟန်မူယဲ့က ချီစွမ်းအင်သာမက ရွှေရောင်ဝိညာဉ်စွမ်းအင် သို့မဟုတ် ယုံကြည်မှုစွမ်းအင်ဖြင့် ရစ်ပတ်လျက် တည်းခိုဆောင်တွင် ကျင့်ကြံနေခဲ့သည်။
ထိုစွမ်းအားသည် လူသားလောက၏ ပူဇော်ခြင်းစွမ်းအားနှင့် တူညီပြီး ဝိညာဉ်စွမ်းအားအဖြစ် စုစည်းသွားမည်။
ဟန်မူယဲ့က တည်းခိုဆောင်တွင် သီးသန့်ကျင့်ကြံနေပြီး သူနှင့်ပတ်သတ်သော ကောလဟာလများသည် မြို့ထဲတွင် ဆက်တိုက်ပျံ့နှံ့နေသည်။
ထို့ကြောင့် သူက ယုံကြည်မှုစွမ်းအားကို ပိုရလာသည်။
ထိုဝိညာဉ်စွမ်းအားသည် သူ့အတွက် ဖီးနစ်ငှက်၏ ပြန်လည်မွေးဖွားခြင်းပုတီးစေ့ထက် ပိုမိုတန်ဖိုးရှိသည်။
အနီရောင်ပုတီးစေ့သည် ဖီးနစ်ငှက်၏ နတ်ဘုရားဝိညာဉ်ပါဝင်သော ပြန်လည်မွေးဖွားခြင်းပုတီးစေ့ ဖြစ်သည်။
ထိုပုတီးစေ့သည် မီးတောက်အမျိုးမျိုးကို စုစည်းပြီး ဖီးနစ်ပုံစံအဖြစ် အသွင်ယူ၍ နောက်ဆုံးတွင် နတ်ဘုရားသားရဲ ဖီးနစ်ငှက်အဖြစ် ပြန်လည်အသွင်ပြောင်းနိုင်မည်။
ဖီးနစ်ငှက်သည် မသေမျိုးစွမ်းအားကို ပိုင်ဆိုင်ထားပြီး အင်မော်တယ်အဖြစ် လူသိများသည်။
ဖီးနစ်ငှက်က သတ်ဖြတ်ခံလိုက်ရသောအခါတွင် နတ်ဘုရားဝိညာဉ်က ပြန်လည်မွေးဖွားခြင်းပုတီးစေ့အဖြစ် ပြောင်းလဲသွားပြီး မီးတောက်များကိုစုပ်ယူ၍ ပြန်လည်မွေးဖွားရန် အခွင့်အရေးရလာလိမ့်မည်။
ဖီးနစ်ငှက်သည် ပြန်လည်မွေးဖွားမည့်အခွင့်အရေးကို တိုးမြှင့်ရန်အတွက် ဆယ်ချီ၊ ရာချီ၊ ထောင်ချီသော ပုတီးစေ့များကို ဖန်တီးနိုင်သည်။
ထိုပုတီးစေ့များသည် ဖီးနစ်ငှက်၏ သွေးမျိုးဆက်၊ ပြန်လည်မွေးဖွားခြင်းစွမ်းအားနှင့် မသေခြင်းစွမ်းအားကို သယ်ဆောင်ထားသည်။
ဖီးနစ်သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသူများကသာ ပြန်လည်မွေးဖွားခြင်းပုတီးစေ့၏ စွမ်းအားကို ထုတ်လွှတ်နိုင်ကြသည်။
ယခုအချိန်တွင် ဟန်မူယဲ့က စွမ်းအားကောင်းသော ပြန်လည်မွေးဖွားခြင်းပုတီးစေ့ကို ကိုင်ဆောင်ထားသော်လည်း အနည်းငယ်ပင် အသုံးမပြုနိုင်ပေ။
သူက ထိုပုတီးစေ့ကို အလှဆင်ရန် အသုံးမပြုလျှင် လက်နက်သန့်စင်မည့် သာမန်မီးအမျိုးအစား ရတနာတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။
ဟန်မူယဲ့က ရတနာများကို မလိုအပ်သောကြောင့် ပြန်လည်မွေးဖွားခြင်းပုတီးစေ့ကို လက်နက်သန့်စင်ရန် အသုံးပြုမည်မဟုတ်ပေ။
သူက ပုတီးစေ့ကို စစ်ဆေးကြည့်လိုက်ပြီး ဝိညာဉ်စွမ်းအားကို ဆက်လက်ကျင့်ကြံနေသည်။
သူက တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာသောအခါတွင် သူ၏ ဝိညာဉ်ကျင့်ကြံခြင်းသည် အဆင့်သစ်တစ်ခုသို့ ရောက်သွားခဲ့သည်။
“သခင်လေး၊ မြို့စောင့်တပ်မှူး ကျန်းကျန်ပေါင်က သခင်လေးပြန်ထွက်လာရင် အလည်လာစေချင်တယ်လို့ ကိုယ်တိုင်လာပြောသွားပါတယ်”
တုစန်ကျန်းက ဟန်မူယဲ့၏ အခန်းအပြင်ဘက်တွင် ရပ်နေသည်။ ဟန်မူယဲ့ကို မြင်လိုက်ရသောအခါတွင် သူက လေးစားစွာ ဦးညွတ်သည်။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး အပြင်ဘက်သို့ ထွက်သွားသည်။
ဤနေရာသည် ကျင့်ကြံခြင်းမြို့တော်တစ်ခု ဖြစ်သည်။ ရက်အနည်းငယ်အတွင်း၌ တိုက်ပွဲမြေပြင်ကို ရှင်းလင်းပြီး အဆောက်အအုံများကို ပြန်လည်ဆောက်လုပ်ထားသည်။
တိုက်ပွဲဖြစ်ပေါ်ခဲ့သော ဗဟိုရင်ပြင်ကိုလည်း ယခင်အတိုင်း ပြန်လည်ပြုပြင်ထားသည်။
သို့သော် ပြတ်တောက်သွားသော ကမ္ဘာမြေမီးတောက်ကိုတော့ ပြန်လည်စုစည်းနိုင်မည်မဟုတ်ပေ။
“အစ်ကိုဟန်”
ဟန်မူယဲ့က ကျန်းကျန်ပေါင်၏ခြံဝိုင်းသို့ ရောက်လာသောအခါတွင် ကျန်းကျန်ပေါင်က တံခါးဝတွင် စောင့်နေပြီး လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ ဦးညွတ်လိုက်သည်။
အကယ်၍ ဟန်မူယဲ့က မလှုပ်ရှားခဲ့လျှင် သူက သေဆုံးသွားလိမ့်မည်။
သူ့အသက်ကို ကယ်တင်ခဲ့သည့်အတွက် အရိုအသေပေးထိုက်သည်။
ထို့အပြင် ဟန်မူယဲ့က အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ အမွေအနှစ်ဓားနည်းစနစ်နှင့် သန်မာသောတိုက်ခိုက်နိုင်စွမ်းကို ပြသခဲ့သည်။ သူက သေဆုံးမသွားလျှင် အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ လက်ရွေးစင်တစ်ယောက် ဖြစ်လာလိမ့်မည်။
ထိုဦးညွတ်မှုသည် ဆက်ဆံးရေးတစ်ခု အစပျိုးခြင်းကိုလည်း ကိုယ်စားပြုသည်။
ဟန်မူယဲ့၏ အထောက်အထားနှင့်ပတ်သတ်၍ ကျန်းကျန်ပေါင်က လွန်ခဲ့သော ရက်အနည်းငယ်တွင် ကျောက်ချန်၊ တုစန်ကျန်းတို့နှင့် တွေ့ဆုံခဲ့သည်။
တုစန်ကျန်းတို့အဖွဲ့က မည်သည့်အရာကိုမှ မဖုံးကွယ်ခဲ့ပေ။ သူတို့က သိသမျှအရာအားလုံးကို ထုတ်ပြောခဲ့သည်။
“ဒါက မင်းရဲ့ ဓားမျှော်စင်ပါ။ အဲဒီနေ့တုန်းက ပင်ပန်းနေတဲ့အတွက် သီးသန့်ကျင့်ကြံဖို့ အလျင်စလိုထွက်သွားမိတယ်။ ဓားမျှော်စင်ကိုလည်း အတူယူသွားမိတယ်။ နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်”
ဟန်မူယဲ့က လေးထပ်ဓားမျှော်စင်ကို ထုတ်ပေးလိုက်သည်။
ကျန်းကျန်ပေါင်က ပျော်ရွှင်သွားပြီး ခေါင်းညိတ်လျက် လက်ခံသည်။
ထိုအရာသည် သူ၏အသက်သွေးကြော ဖြစ်သည်။ ဓားမျှော်စင်ကို လက်မလွှတ်နိုင်ပေ။
ဟန်မူယဲ့က ပင်ပန်းနေသောကြောင့် ကျင့်ကြံရန်ထွက်သွားသည်ဟု ဆင်ခြေပေးလိုက်သည်။ သူက ဓားမျှော်စင်ထဲတွင် များပြားလှသောဓားများကို ကြည့်ရှုခဲ့ပြီး အင်မော်တယ်ကမ္ဘာအကြောင်း ပိုမိုနားလည်လာခဲ့သည်။
ဟန်မူယဲ့က ဓားမျှော်စင်ကို ပြန်ပေးလိုက်သောကြောင့် ကျန်းကျန်ပေါင်က ပျော်ရွှင်နေသည်။
သူတို့က ခြံဝိုင်းထဲသို့ ဝင်သွားပြီး စကားပြောနေကြသည်။ နောက်ပိုင်းတွင် သူတို့၏စကားဝိုင်းက ပေါ့ပါးလာသည်။
ဤတစ်ကြိမ်တွင် စန်းဟော်မြို့က ထိခိုက်သွားသည်ဟု ထင်ရသော်လည်း အဆုံးတွင် မြို့ကို ကာကွယ်နိုင်ခဲ့သည်။ ထို့အပြင် လေပြင်းဓားပြနှင့် ကျားမိစ္ဆာများကို ဖမ်းဆီးနိုင်ခဲ့သောကြောင့် အကျိုးအမြတ် ရခဲ့သည်။
ကျန်းကျန်ပေါင်က ဤကပ်ဘေးမှ မျှော်လင့်မထားသော အကျိုးအမြတ်များ ရလာမည်ကို စိုးရိမ်မိသည်။ သူ၏ အကျိုးဆောင်မှုသည် အလွန်အထင်ကြီးစရာကောင်းသည်။
သူက ဖုံးကွယ်မထားဘဲ ဟန်မူယဲ့ကို ပြောပြလိုက်သည်။
“အစ်ကိုဟန်၊ ကျွန်တော်က အကျိုးပြုအမှတ်တွေကို အရင်သိမ်းထားလိုက်မယ်။ အစ်ကိုဟန်က ဂိုဏ်းရဲ့ တရားဝင်တပည့်တစ်ယောက် မဖြစ်သေးတော့ ဆုကြေးအတွက် လဲလှယ်နိုင်မှာမဟုတ်ဘူး”
“အစ်ကိုဟန်က တရားဝင်တပည့်တစ်ယောက် ဖြစ်လာရင် အကျိုးပြုအမှတ်တွေအားလုံးကို ပြန်ပေးပါ့မယ်”
ကျန်းကျန်ပေါင်က စကားပြောလိုက်ပြီး ရွှေနီရောင်တောက်နေသည့် လက်ဝါးအရွယ်အစား ကျောက်တုံးသုံးခုကို ထုတ်ပေးသည်။
ထိုကျောက်တုံးများသည် မီးစွမ်းအားနှင့် ထူးခြားသောစွမ်းအားကို ထုတ်လွှတ်နေကြသည်။
“ဒါက သေခြင်းကိုးပါးအင်းဆက်တွေရဲ့ အင်မော်တယ်ကျောက်တုံးပဲ။ အတော်လေး အသုံးဝင်တယ်”