← Chapters

အခန်း (၈၃၇)

Vol. 60 Ch. 837

အခန်း (၈၃၇)

Vol. 60 Ch. 837

ဂိုဏ်းအတွင်း၌ တိတ်တဆိတ် မြင့်တက်လာပြီး ကိုယ်ပိုင်ခန်းဆောင်ကို တည်ဆောက်ထားသောလူများလည်း ရှိကြသည်။

သို့သော် အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းကို ထောက်ပံ့ပေးနိုင်သော နာမည်ကြီးခန်းဆောင်များက အနည်းငယ်သာ ရှိကြသည်။

ကျန်းရွှမ်ခန်းဆောင်၊ ကျန်းဟွမ်ခန်းဆောင်၊ ကျန်းရှန်ခန်းဆောင်၊ ကျန်းလင်ခန်းဆောင်၊ ရွှင်းထျန်းခန်းဆောင်နှင့် ကျန်းထျန်းခန်းဆောင်တို့ ဖြစ်ကြသည်။

ရွှင်းထျန်းခန်းဆောင်နှင့် ကျန်းထျန်းခန်းဆောင်က ထူးခြားသည်။ တခြားခန်းဆောင်များ၏ တပည့်များလည်း ဝင်ရောက်နိုင်သည်။ သို့သော် ကြမ်းတမ်းသောစစ်ဆေးမှုကို ကျော်ဖြတ်ရမည်။

တခြားခန်းဆောင်၏ လက်ရွေးစင်များကပင် ရွှင်းထျန်းခန်းဆောင်နှင့် ကျန်းထျန်းခန်းဆောင်၏ စစ်ဆေးမှုကို ကျော်ဖြတ်ရန် ခက်ခဲသည်ဟု ပြောကြသည်။

မဟာခန်းဆောင်လေးခုသည် အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ ခွန်အားကို ကိုယ်စားပြုသည်။

ဟန်မူယဲ့က ဂိုဏ်းတပည့်ပြောလိုက်သော ချီယွမ်ခန်းဆောင်ကို မသိသော်လည်း တိုက်ရိုက်မငြင်းခဲ့ပေ။ သူက စကားမပြောဘဲ ခေါင်းညိတ်ပြလိုက်သည်။

အစိမ်းရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ် ဓားကျင့်ကြံသူတစ်ယောက်က သူ့ကို အဖော်ပြုပြီး စမ်းသပ်ပွဲ၏ စည်းကမ်းများအကြောင်း ရှင်းပြခဲ့သည်။

ဟန်မူယဲ့က ထောက်ခံစာရထားပြီး အခြေတည်ဝိညာဉ် အထွတ်အထိပ်အဆင့်လည်း ဖြစ်သည်။ သူက လက်ရွေးစင်တပည့်တစ်ယောက် ဖြစ်မလာလျှင်ပင် အတွင်းစည်းတပည့်တစ်ယောက် ဖြစ်လာလိမ့်မည်။

“ဂိုဏ်းတူညီလေးဟန်၊ စမ်းသပ်ပွဲနယ်မြေကို တည်နေရာရွှေ့ပြောင်းပြီး ပို့ပေးလိမ့်မယ်။ အားလုံးပေါင်း ရက်သုံးဆယ်ကြာလိမ့်မယ်။ လုံလောက်တဲ့ အကျိုးပြုရမှတ်ကို စုစည်းနိုင်ရင် တပည့်တစ်ယောက် ဖြစ်လာနိုင်ပြီ”

အတွင်းစည်းတပည့်ဖြစ်သူ ဟူကျဲက ဟန်မူယဲ့ကို ကျောက်စိမ်းပြားတစ်ခု ပေးလိုက်ပြီး တီးတိုးပြောသည်။

“ဒါပေမဲ့ လက်ရွေးစင်တပည့်တစ်ယောက် ဖြစ်လာချင်ရင်တော့ အာရုံဖမ်းစားနိုင်အောင် ထူးချွန်ရမယ်”

ဟန်မူယဲ့က ခေါင်းညိတ်သည်။ သူက ကျောက်စိမ်းပြားမှတစ်ဆင့် စမ်းသပ်ပွဲ၏အကြောင်းကို အနည်းငယ် နားလည်ထားသည်။

အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းသည် ဒေသရှစ်ခုကို ထိန်းချုပ်ထားပြီး နေ့စဉ် စမ်းသပ်ပွဲဖြေဆိုသူ သိန်းချီ၍ ရှိသည်။

သို့သော် လူတစ်သောင်းတွင် တစ်ယောက်သာ အမှန်တကယ် ထင်ပေါ်လာနိုင်သည်။

အကယ်၍ ပါရမီရှင်ကျွမ်းကျင်သူအများအပြား ရှိနေလျှင် ယခုအချိန်တွင် အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းသည် လက်ရွေးစင်များဖြင့် ပြည့်နှက်နေလိမ့်မည်။

အစစ်အမှန် လက်ရွေးစင်တစ်ယောက်က စမ်းသပ်ပွဲတွင် ပေါ်ထွက်လာလိမ့်မည်။

ထိုလူမျိုးကို အင်အားစုအသီးသီးက ဖိတ်ခေါ်ကြလိမ့်မည်။

စမ်းသပ်ပွဲသည် ရက်ပေါင်းသုံးဆယ်သာ ဖြစ်သော်လည်း စမ်းသပ်ပွဲနယ်မြေတွင် ရက်ပေါင်းသုံးရာ ဖြစ်သည်။

ထိုရက်ပေါင်းသုံးရာအတွင်း၌ လုံလောက်သောအကျိုးပြုအမှတ်ကို စုဆောင်းနိုင်လျှင် နောက်တစ်ဆင့်သို့ ရောက်သွားလိမ့်မည်။

လူလက်ရွေးစင်များက တစ်ရက်လျှင် တစ်ဆင့်နှုန်းဖြင့် ရက်ပေါင်းသုံးရာ၌ အဆင့်တစ်ရာသို့ ရောက်သွားသည်ဟု ပြောကြသည်။

စမ်းသပ်ပွဲတွင် လက်ရွေးစင်ဖြစ်မလာနိုင်သောလူများက အနည်းဆုံး အဆင့်ရှစ်ဆယ်အထိ ရောက်ကြသည်။

လူတစ်ယောက်က လုံလောက်သော ကျင့်ကြံဆင့်နှင့် တိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်ထားလျှင် နောက်တစ်ဆင့်သို့ ရောက်သွားလိမ့်မည်။

ဟန်မူယဲ့က ကောင်းမွန်စွာ ဆက်ဆံခံနေရသည်။ စမ်းသပ်ပွဲတွင် ပါဝင်မည့် တခြားတပည့်များက အားကျနေရုံသာ တတ်နိုင်ကြသည်။

ထောက်ခံစာကို လူတိုင်းမရနိုင်ပေ။

ထို့အပြင် ချင်းယွင်မြို့မှ ဝမ်ကျင်းထိုက်သည် ယွီကျစ်ဒေသ၏ စောင့်ရှောက်သူဖြစ်သော ဝမ်မင်ဟယ်၏တူ ဖြစ်သည်။

သူတို့၏ ဆက်ဆံရေးသည် အလွန်ခိုင်မာသည်။

လူတစ်ရာသည် ခန်းဆောင်ထဲတွင် စုစည်းနေကြသည်။ အတွင်းစည်းတပည့်တစ်ယောက်က တံဆိပ်ပြားတစ်ခုကို ထုတ်ယူပြီး ရွှေအလင်းစီးကြောင်းနှင့်အတူ အလယ်တွင်ရှိသော ဝင်္ကပါကို အသက်သွင်းသည်။ အလင်းလွှာတစ်ခုသည် လူတစ်ရာကို လွှမ်းခြုံသွားခဲ့သည်။

အလင်းလွှာပျောက်ကွယ်သွားသောအခါတွင် ဟန်မူယဲ့နှင့် တခြားလူများက ပျောက်ကွယ်သွားကြသည်။

“ဂိုဏ်းတူအစ်ကိုတို့၊ အရင်က ဒီလိုမျိုး အရေးကြီးပုဂ္ဂိုလ်နဲ့ တွေ့တဲ့အချိန်မှာ ဝိညာဉ်အလင်းဝင်္ကပါကို အသက်သွင်းတယ်မဟုတ်လား။ ဒီနေ့ရော ဝင်္ကပါကို အသက်သွင်းမှာလား”

ဟူကျဲက ခန်းဆောင်ထဲတွင်ရှိသော လူတိုင်းကိုကြည့်လိုက်ပြီး ပြုံးသည်။

ယခုအချိန်တွင် စမ်းသပ်မှုအတွက် တာဝန်ရှိ‌သော အတွင်းစည့်တပည့် ရှစ်ယောက်အပြင် ရာချီနေသော အမည်ခံတပည့်များက စမ်းသပ်ပွဲသို့ဝင်ရောက်ရန် ဘေးတွင် စောင့်ဆိုင်းနေကြသည်။

ဝိညာဉ်အလင်းဝင်္ကပါ၏အကြောင်းကို ကြားလိုက်ရသောအခါတွင် လူတိုင်း၏ မျက်လုံးများက တောက်ပသွားကြသည်။

ဝိညာဉ်အလင်းဝင်္ကပါသည် စမ်းသပ်ပွဲ၏အခြေအနေကို ပြသနိုင်သည်။

ထိုဝင်္ကပါသည် စမ်းသပ်မှုခန်းဆောင်တိုင်း အလိုရှိသော လက်ရွေးစင်တပည့်ကို ရှာဖွေနိုင်သည်။

စမ်းသပ်ပွဲသို့ မဝင်ရောက်ရသေးသော တပည့်များအတွက် စမ်းသပ်ပွဲ၏အခြေအနေကို မြင်ရမည်ဆိုလျှင် အလွန်အကျိုးရှိလိမ့်မည်။

“ဟားဟား၊ ငါတို့ ယွင်လုမြို့ရဲ့ ဝိညာဉ်အလင်းဝင်္ကပါကို အသက်မသွင်းတာ ၂နှစ် ကြာသွားပြီမဟုတ်လား”

အလယ်တွင်ထိုင်နေသော အနက်ရောင်မုတ်ဆိတ်နှင့် လူအိုကြီးက ခေါင်းညိတ်လိုက်ပြီး ခပ်ဟဟရယ်သည်။

သူ့နာမည်က ကျောက်ရှုဖြစ်သည်။ သူက စမ်းသပ်မှုခန်းဆောင်၏ အကြီးအကဲဖြစ်ပြီး အာဏာပိုင်စိုးထားသည်။

အကယ်၍ စမ်းသပ်ပွဲမှ လက်ရွေးစင်တစ်ယောက် ပေါ်ထွက်လာလျှင် သူလည်း အကျိုးအမြတ်ရလိမ့်မည်။

“၂နှစ်နဲ့ သုံးလရှိပါပြီ”

ချီယွမ်ခန်း‌ဆောင်၏တပည့်က ပြောလိုက်သည်။

“ကောင်းပြီလေ။ အဲဒါဆိုရင်လည်း ဝိညာဉ်အလင်းဝင်္ကပါကို အသက်သွင်းလိုက်မယ်”

ကျောက်ရှုက ခေါင်းညိတ်လိုက်ပြီး မျက်လုံးများကို မှေးကျဉ်းလျက် တည်ငြိမ်စွာပြောသည်။

“ဟန်မူယဲ့ရောက်သွားတဲ့နေရာကို ပြသပေးဖို့ ရွေးချယ်လိုက်”

သူက ဟန်မူယဲ့၏လုပ်ဆောင်ချက်ကို မြင်ချင်သောကြောင့် ဝင်္ကပါကို အသက်သွင်းခဲ့သည်။

ထို့ကြောင့် ဝင်္ကပါက ဟန်မူယဲ့ကို အဓိကထား၍ ပြသလိမ့်မည်။

ဟန်မူယဲ့၏နည်းလမ်းများကိုလည်း မြင်ရလိမ့်မည်။ သို့သော် ထိုအရာသည် ပုံမှန်ပင်ဖြစ်သည်။ ဓားကျင့်ကြံသူများက သတိမထားမိမည်ကိုသာ စိုးရိမ်ကြသည်။

ကျောက်ရှု၏စကားကြောင့် လူတိုင်းက ခေါင်းညိတ်လိုက်သည်။ သူတို့အားလုံးက လက်မြှောက်ပြီး ရွှေအလင်းကို ပစ်လွှတ်လိုက်ကြသည်။

ရွှေအလင်းသည် ခန်းဆောင်၏အလယ်သို့ ရောက်သွားပြီး အလင်းလွှာတစ်ခုအဖြစ် အသွင်ပြောင်းသွားသည်။

အလင်းလွှာပေါ်တွင် တည်နေရာတစ်ခုကို မြင်ရသည်။

“အဲဒါက စမ်းသပ်မှုနယ်မြေပဲ”

အမည်ခံတပည့်တစ်ယောက်က ညင်သာစွာပြောသည်။

“ပေါက်ကရတွေ လျှောက်ပြောမနေဘဲ ကြည့်လိုက်”

သူတို့၏ရှေ့တွင် အစိမ်းရောင်ဝတ်စုံနှင့် အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ တပည့်တစ်ယောက်က နောက်လှည့်ပြီး အော်ဟစ်သည်။

လူတိုင်းက ချက်ချင်းတိတ်ဆိတ်သွားပြီး အလင်းလွှာ၏ ဆက်တိုက်ပြောင်းလဲနေသော မြင်ကွင်းများကို ကြည့်သည်။

စမ်းသပ်ပွဲနယ်မြေသို့ ဝင်ရောက်လာသော တပည့်တိုင်းသည် စမ်းသပ်မှုခန်းဆောင်၏ အမှတ်အသားကို ရရှိထားကြသည်။

ဟန်မူယဲ့ကလည်း တစ်ခုရထားသည်။

အလင်းလွှာသည် လှုပ်ရှားသွားပြီး ဟန်မူယဲ့ကို ပြသလိုက်သည်။

ထိုအချိန်တွင် ဟန်မူယဲ့က လွင်ပြင်တစ်ခု၌ ရပ်နေသည်။ သူက ပေသုံးဆယ်အကွာတွင်ရှိသော ရွှေရောင်မျက်လုံးကို မော့ကြည့်သည်။

ထိုအရာသည် ဝိညာဉ်အလင်းဝင်္ကပါ ဖြစ်သည်။

ဟူကျဲပေးလိုက်သော ကျောက်စိမ်းပြားသည် ဝိညာဉ်အလင်းဝင်္ကပါ၏အကြောင်းကိုလည်း ဖော်ပြထားသည်။

အကယ်၍ ဝိညာဉ်အလင်းဝင်္ကပါ မရှိလျှင်လည်း စမ်းသပ်ပွဲကို ကြည့်ရှုနိုင်သည်။

ထို့ကြောင့် တချို့နည်းစနစ်များကို အသုံးပြုလျှင် မဖြစ်ပေ။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ရှေ့သို့ကြည့်သည်။

စမ်းသပ်ပွဲနယ်မြေသို့ သူနှင့်အတူရောက်လာသော လူများသည် လူစုခွဲလိုက်ကြသည်။ အများစုက ဓားကိုင်ထားပြီး လျှောက်သွားနေကြသည်။

သို့သော် ဟန်မူယဲ့၏နောက်သို့ လိုက်လာသော ဒါဇင်ချီနေသည့် တပည့်အချို့လည်း ရှိသည်။

သူတို့က ဟန်မူယဲ့၏ ခေါင်းပေါ်တွင်ရှိသော ရွှေရောင်မျက်လုံးကို မြင်လိုက်ရသောအခါတွင် ပျော်ရွှင်သွားကြသည်။

တပည့်အများစုအတွက် ရက်သုံးရာကြာသည်အထိ တောင့်ခံပြီး ပထမဆုံးအဆင့်ငါးဆင့်ကို ကျော်ဖြတ်နိုင်လျှင် အပြင်စည်းတပည့်များ ဖြစ်လာကြလိမ့်မည်။

အဆင့်ဆယ်ဆင့်ကို ကျော်ဖြတ်နိုင်လျှင် အတွင်းစည်းတပည့် ဖြစ်လာမည်။

ဟန်မူယဲ့၏နောက်သို့ လိုက်လာသော တပည့်များသည် ရည်မှန်းချက်မကြီးကြပေ။ သူတို့က ငါးဆင့် သို့မဟုတ် ခြောက်ဆင့်မြောက်သို့ ရောက်နိုင်လျှင် ကျေနပ်သည်။

သူတို့က ဤနေရာသို့ ရောက်လာသောအခါတွင် ဟန်မူယဲ့ကို ဦးညွတ်လိုက်ကြပြီး သူ့ဘေးတွင်နေထိုင်ရန် ခွင့်ပြုချက်ရခဲ့သည်။

ယခုအချိန်တွင် ဟန်မူယဲ့က ဝိညာဉ်အလင်းဝင်္ကပါ၏ ပစ်မှတ်ထားခြင်းကို ခံရပြီး လက်ရွေးစင်တစ်ယောက်အဖြစ် သတ်မှတ်ခံထားရကြောင်း သိလိုက်ရသောအခါတွင် သူတို့က ပျော်ရွှင်သွားကြသည်။

လက်ရွေးစင်အဖြစ် သတ်မှတ်ခံထားရသော လူများသည် ဒါဇင်ချီသော အဆင့်များကို လွယ်ကူစွာ ကျော်ဖြတ်သွားကြလိမ့်မည်။

“ဘုန်း”

ရှေ့သို့ ပြေးထွက်သွားသော ဓားကျင့်ကြံသူက ဓားထုတ်လိုက်သည်။

ဓားအလင်းသည် တောက်ပနေပြီး လွင်ပြင်တွင် ပေါ်လာသော အနက်ရောင်လေပြင်းဝံပုလွေကို သတ်ဖြတ်လိုက်သည်။

ကျောက်စိမ်းပြား၏ မှတ်တမ်းများအရ ပထအဆင့်ကို ကျော်ဖြတ်ရန်အတွက် အခြေခံအုတ်မြစ်အဆင့် လေပြင်းဝံပု‌လွေတစ်ရာကို သတ်ဖြတ်ရမည်။

ပထမအဆင့်သည် လွယ်ကူသည်။

ဟန်မူယဲ့က လက်ဖြန့်လိုက်ပြီး ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူသည်။

ယခုအချိန်တွင် ကျောက်စိမ်းပြားက မှိန်ဖျော့နေသည်။ သို့သော် သူက ပထမအဆင့်ကို ကျော်ဖြတ်ပြီးလျှင် ကျောက်စိမ်းပြားက တောက်ပလာပြီး ဒုတိယအဆင့်သို့ ပို့ပေးလိမ့်မည်။

အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ စမ်းသပ်ပွဲနယ်မြေသည် ပြီးပြည့်စုံသည်။

“သွားကြစို့”

ဟန်မူယဲ့က တုံ့ဆိုင်းမနေဘဲ ရှေ့သို့ ခြေတစ်လှမ်းတိုးသည်။

သူက ဤနေရာအထိ ရောက်လာသောကြောင့် ဖုံးကွယ်ထားတော့မည်မဟုတ်ပေ။

သူက ချင်းယွင်မြို့နှင့် စန်းဟော်မြို့တွင် ခွန်အားထုတ်ပြခဲ့သည်။ ယခုအချိန်တွင် အဘယ်ကြောင့် ဖုံးကွယ်ထားရမည်နည်း။

ဤနေရာသည် စမ်းသပ်ပွဲနယ်မြေတစ်ခုသာ ဖြစ်သည်။

ဓားအလင်းသည် စုစည်းသွားသည်။ မရေမတွက်နိုင်သော ဓားများသည် ဟန်မူယဲ့၏နောက်တွင် စုစည်းနေကြသည်။

ဝင်္ကပါဖွဲ့စည်းပြီး တိုက်ခိုက်နေသော ဒါဇင်ချီနေသည့်တပည့်များက စမ်းသပ်ပွဲနယ်မြေတွင် အလွန်ရှားပါးသည်။

“ဝီ”

အစိမ်းရောင်မျက်လုံးသည် ဟန်မူယဲ့၏ခေါင်းပေါ်တွင် ပေါ်လာသည်။

“အဲဒါက စမ်းသပ်ပွဲနယ်မြေက ဝင်္ကပါဝိညာဉ်ရဲ့ မျက်လုံးပဲ”

ဟန်မူယဲ့၏နောက်တွင် လူတစ်ယောက်က အော်ဟစ်လိုက်သည်။

ယွင်လုမြို့၏ စမ်းသပ်ခြင်းခန်းဆောင်တွင် လူများက အံ့အားသင့်နေကြသည်။

“တကယ့်ကို ထူးခြားတဲ့လူပဲ။ အထဲကိုဝင်သွားတာ အသက်ရှူကြိမ်တစ်ရာလောက်ပဲ ရှိသေးပေမဲ့ ဝင်္ကပါဝိညာဉ်ကို ဖမ်းစားနိုင်ခဲ့တယ်”

ဟူကျဲက ပြုံးသည်။

ဝင်္ကပါဝိညာဉ်၏မျက်လုံးက အသက်ဝင်လာသောကြောင့် တခြားခန်းဆောင်များ၏ အာရုံစိုက်မှုကိုလည်း ဆွဲဆောင်လိမ့်မည်။

ထိုသို့ဖြင့် ဟန်မူယဲ့က ပိုမိုနာမည်ကြီးလာနိုင်သည်။

သူတို့၏ ယွင်လုမြို့ကလည်း ဟန်မူယဲ့၏ ဂုဏ်ကျက်သရေကို ခံစားနိုင်လိမ့်မည်။

“သူက မတိုက်ခိုက်ရသေးပေမဲ့ ဝင်္ကပါဝိညာဉ်ကို ဖမ်းစားနိုင်ခဲ့တယ်။ အရင်က အကြီးအကဲတွေရဲ့ တပည့်နဲ့ လက်ရွေးစင်တွေကပဲ ဒီလိုမျိုး ဖြစ်ခဲ့ကြတယ်”

ကျောက်ရှုက ခပ်ဟဟရယ်လိုက်ပြီး မုတ်ဆိတ်ကို ပွတ်သပ်သည်။

ဟန်မူယဲ့က အနည်းငယ် အစွမ်းပြနိုင်လျှင် သူက ထိုအဖြစ်အပျက်မှနေ၍ အကျိုးအမြတ်ရလိမ့်မည်။

“အရင်က ယွင်လုမြို့မှာ ပထမအဆင့်ကို အမြန်ဆုံးဖြတ်သွားနိုင်တဲ့လူက ဘယ်သူလဲ”

ကျောက်ရှု၏ဘေးတွင်ရှိသော တပည့်တစ်ယောက်က ရုတ်တရက် မေးလိုက်သည်။

တခြားလူများက ကြောင်အသွားကြသည်။

“လွန်ခဲ့တဲ့ ၁၈၅နှစ်မှာ စမ်းသပ်မှုခံယူခဲ့တဲ့ ဂိုဏ်းတူအစ်ကို ချန်စစ်ပဲ”

“သူက ပထမအဆင့်မှာ ၁၆နာရီ အချိန်ယူခဲ့ပြီး ရက်ပေါင်းသုံးရာအတွင်းမှာ အဆင့် ၈၄ကို ရောက်သွားခဲ့တယ်။ ပြီးတော့ လက်ရွေးစင်တစ်ယောက် ဖြစ်လာပြီး ကျန်းရွှမ်ခန်းဆောင်ကို ဝင်ရောက်သွားတယ်။ ရွှမ်ထျန်းခန်းဆောင်နဲ့ ကျန်းထျန်းခန်းဆောင်ကို မဝင်ရောက်နိုင်တာ နှမြောစရာပဲ”

ဟူကျဲ၏ဘေးတွင် ရှိနေသော သက်လတ်ပိုင်းအရွယ် ကျင့်ကြံသူက တီးတိုးပြောသည်။

ပထအဆင့်ကို ၁၆နာရီဖြင့် ကျော်ဖြတ်ခဲ့သည်။

ဓားဂိုဏ်း၏ တပည့်များနှင့် စမ်းသပ်မှုခံယူရန် စောင့်ဆိုင်းနေသော တပည့်များက လေးစားမှု၊ အားကျမှုတို့ကို ဖော်ပြလိုက်ကြသည်။

ကျောက်ရှုက ခေါင်းညိတ်လိုက်ပြီး စကားမပြောပေ။

ယနေ့တွင် မည်သို့ ဖြစ်သွားမည်နည်း။

All Chapters