← Chapters

အခန်း (၈၃၈)

Vol. 60 Ch. 838

အခန်း (၈၃၈)

Vol. 60 Ch. 838

“ဘုန်း”

အလင်းလွှာပေါ်တွင် လွင့်မျောနေသော ဟန်မူယဲ့၏ဓားက ပေတစ်ထောင်ရှည်လျားသော ဓားအလင်းအဖြစ် ပြောင်းလဲ၍ ပြေးဝင်လာသော လေပြင်းဝံပုလွေများကို ခုတ်ချသည်။

ထိုဓားသည် အလွန်ထက်မြိသည်။

ထိုဓားချက်ကြောင့် အနည်းဆုံး လေပြင်းဝံပုလွေသုံးဆယ် သေဆုံးသွားကြသည်။

ဓားအလင်းသည် လေပြင်းဝံပုလွေများကို သတ်ဖြတ်ပြီး ပေတစ်သောင်းမြင့်မားသော ဝဲကတော့တစ်ခုကို ဖြစ်ပေါ်စေသည်။ ဓားအလင်းများက ပြန့်ကျဲနေသော လေပြင်းဝံပုလွေများကို သတ်ဖြတ်လိုက်ကြသည်။

လေပြင်းဝံပုလွေအများအပြားသည် ဓားအလင်းကြောင့် သွေးစွန်းသွားကြသည်။

လေပြင်းဝံပုလွေတစ်ရာကို သတ်ဖြတ်ရမည့်တာဝန်သည် ဓားတစ်ချက်ဖြင့် ပြီးမြောက်သွားခဲ့သည်။

သူက လေပြင်းဝံပုလွေတစ်ရာကို သတ်ဖြတ်ရုံသာမက လေပြင်းဝံပုလွေတစ်ထောင်ကျော်ကိုလည်း ချုပ်နှောင်ခဲ့သည်။

ဟန်မူယဲ့က လက်မြှောက်သည်။ သူ့လက်ထဲတွင်ရှိသော ကျောက်စိမ်းပြားက ကြည်လင်လာသည်။ သူက ကျောက်စိမ်းပြားထဲသို့ အင်မော်တယ်ချီကို ထည့်သွင်းလိုက်လျှင် ဒုတိယအဆင့်သို့ ရောက်သွားလိမ့်မည်။

“မင်းတို့ ဆယ့်ငါးမိနစ် အချိန်ရမယ်။ ပြီးရင် ဒုတိယအဆင့်ကို သွားမယ်”

ဟန်မူယဲ့က ကျောက်စိမ်းပြားကို ကိုင်ထားပြီး တည်ငြိမ်စွာပြောသည်။

ဆယ့်ငါးမိနစ်ဖြင့် ဒုတိယအဆင့်သို့ အရောက်သွားမည်။

ယွင်လုမြို့၏ စမ်းသပ်မှုခန်းဆောင်တွင် လူများက ကြောင်အသွားကြသည်။

ဟန်မူယဲ့၏ဓားချက်က စမ်းသပ်ပွဲနှင့်ပတ်သတ်သော လူတိုင်း၏နားလည်မှုကို ဆန်းသစ်သွားစေခဲ့သည်။

‘အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းရဲ့ စမ်းသပ်မှုက ဒီလောက်တောင် လွယ်တာလား’

“နှမြောစရာပဲ။ ဆယ့်ငါးမိနစ် စောင့်မနေဘူးဆိုရင် ....”

ကျောက်ရှုက နောင်တများနှင့် ရေရွတ်သည်။

“ညီလေးဟန်က ခွန်အားကို သိပ်ထုတ်မပြချင်လို့ နေမှာပေါ့”

ဟူကျဲက အလင်းလွှာတွင်ရှိသော ဟန်မူယဲ့၏ပုံရိပ်ကို စိုက်ကြည့်နေပြီး တီးတိုးပြောသည်။

‘ခွန်အားကို ထုတ်မပြချင်ဘူးလား’

‘အဲဒီဓားတစ်ချက်က လုံလောက်နေပြီမဟုတ်ဘူးလား’

ဆယ့်ငါးမိနစ် ကုန်ဆုံးသွားသည်။

ဟန်မူယဲ့၏နောက်သို့ လိုက်လာသော တပည့်များက ဓားအလင်းများကြောင့် ချုပ်နှောင်ခံထားရသော လေပြင်းဝံပုလွေကို သတ်ဖြတ်လိုက်ကြသည်။ ထို့နောက် သူတို့၏ခန္ဓာကိုယ်ပေါ်တွင် ရွှေအလင်းရောင်ပေါ်လာပြီး ဟန်မူယဲ့နှင့်အတူ ပထမထပ်မှ ပျောက်ကွယ်သွားကြသည်။

ရွှေအလင်းသည် ဒုတိယထပ်တွင် တောက်ပနေသည်။

ဟန်မူယဲ့၏ ခေါင်းပေါ်တွင် ရွှေရောင်မျက်လုံးနှင့် အစိမ်းရောင်မျက်လုံး ငါးလုံး ပေါ်လာကြသည်။

ဟန်မူယဲ့က တည်ငြိမ်သောမျက်နှာထားဖြင့် တစ်ချက်ကြည့်သည်။

ဆယ်ပေရှည်လျားသော မီးတောက်နွားသိုးများက သူတို့ဆီသို့ ပြေးဝင်လာကြသည်။

ဟန်မူယဲ့က လက်ထဲတွင်ရှိသော ဓားကို ဖြည်းဖြည်းချင်း မြှောက်သည်။

သူ့နောက်တွင်လိုက်လာသော တပည့်များက စိတ်ကူးယဉ်ဆန်သော မျက်နှာထားဖြင့် ကြည့်လိုက်ကြသည်။

ယွင်လုမြို့၏ စမ်းသပ်ခြင်းခန်းဆောင်တွင် ကျောက်ရှုက အလိုလျောက် လက်သီးဆုပ်မိသည်။

‘ဒီအဆင့်ကိုကျော်ဖြတ်ဖို့ အချိန်ဘယ်လောက်ကြာမှာလဲ’

မီးတောက်နွားသိုးရိုင်းများသည် မီးတောက်ကို စားသုံးပြီး မီးအမျိုးအစား သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားကြသည်။

ထိုသားရဲသည် တခြားကမ္ဘာတွင် နေထိုင်ပြီး ရန်သူများကို ပြာချပစ်နိုင်သည်။

မီးတောက်နွားသိုးရိုင်းများသည် ကမ္ဘာမြေအဆင့်စွမ်းအားကို ပိုင်ဆိုင်ထားပြီး စုစည်းလိုက်သောအခါတွင် ပိုမိုကြောက်မက်ဖွယ်ကောင်းသည်။

အနည်းဆုံး မီးတောက်နွားသိုးရိုင်း အကောင်သုံးဆယ်က ဟန်မူယဲ့ဆီသို့ ပြေးဝင်လာကြသည်။

မီးတောက်များသည် ပေတစ်ထောင်အမြင့်အထိ စုစည်းသွားကြသည်။

သို့သော် ဟန်မူယဲ့၏ ဓားအလင်းနှင့် ယှဉ်လိုက်လျှင် ထိုအလင်းသည် ပိုးစုန်းကြူးနှင့် တူသည်။

ဓားအလင်းသည် မြင့်တက်လာသော လှိုင်းလုံးများကဲ့သို့ ပြေးထွက်သွားသည်။

ဓားအလင်းသည် နွားသိုးရိုင်းများ၏မီးတောက်ကို လွှမ်းခြုံလိုက်ပြီး ရေလှိုင်းများကြားတွင် တဖျပ်ဖျပ်လှုပ်ရှားနေသော မီးအလင်းရောင်အဖြစ် ပြောင်းလဲသွားစေသည်။

မီးအလင်းတိုင်သည် ဘုန်းခနဲ ပေါက်ကွဲသွားခဲ့သည်။

“မြစ်ရေတေးသံ”

ဟန်မူယဲ့၏နောက်တွင် ဓားရှည်ကိုင်ထားသော တပည့်တစ်ယောက်က မျက်လုံးပြူးနေသည်။ သူ၏ ဓားက အဆက်မပြတ် တုန်ခါနေသည်။

“ငါက အဲဒီဓားချက်ကို ထုတ်မသုံးနိုင်ဘူး”

သူက ထိုဓားနည်းစနစ်ကို လေ့ကျင့်ထားသော်လည်း ဟန်မူယဲ့၏ ဓားချက်စွမ်းအားနှင့် အလွန်ကွာခြားနေသည်။

“ရေလှိုင်းတွေကို ဖယ်ရှားပစ်လိုက်တဲ့ ဓားကွက်ပဲ”

ယွင်လုမြို့နှင့် မိုင်သန်းထောင်ချီကွာဝေးသော စမ်းသပ်ခြင်းခန်းဆောင်ထဲတွင် ဆံပင်ဖြူလူအိုကြီးတစ်ယောက်က ခပ်ဟဟရယ်သည်။

သူ့ဘေးတွင် အသက်သုံးဆယ်အရွယ် ဓားကျင့်ကြံသူတစ်ယောက်၏ မျက်လုံးများက တောက်ပနေသည်။

“မီးတောက်ကို သိမ်မွေ့တဲ့ရေလှိုင်းနဲ့ ဖျက်ဆီးနိုင်တယ်။ သူ့ရဲ့ ဓားကျွမ်းကျင်မှုက တကယ်နက်ရှိုင်းတာပဲ”

ထိုလူက ချီးကျူးလိုက်သော်လည်း မျက်လုံးထဲတွင် တိုက်ခိုက်လိုစိတ်များကို မြင်နိုင်သည်။

“ဘာလဲ။ ကျူးယုံ၊ ထျန်းရွှင်းခန်းဆောင်က အဲဒီတပည့်ကို စိတ်ဝင်စားလို့လား”

လူငယ်၏ဘေးတွင် ရပ်နေသော အရပ်မြင့်မားသည့် လူတစ်ယောက်က ကျယ်လောင်စွာပြောသည်။

ဆံပင်ဖြူလူအိုကြီးက ပြုံးနေပြီး စကားမပြောပေ။

ကျူးယုံက တစ်ဖက်သို့ လှည့်မကြည့်ဘဲ မီးတောက်ကို ဖျက်ဆီး၍ နွားသိုးရိုင်းများဆီသို့ တိုးဝင်သွားသော ဓားအလင်းကို ကြည့်နေသည်။

“ထျန်းရွှင်းခန်းဆောင်းက လက်ရွေးစင်တွေကိုပဲ သိမ်းသွင်းတယ်”

“ကျန်းထျန်းခန်းဆောင်ကလည်း အတူတူပဲမဟုတ်လား”

သူ့စကားကြောင့် လူသန်ကြီးက ရယ်လိုက်သည်။

လူသန်ကြီးက မောက်မာသောမျက်နှာထားဖြင့် အလင်းလွှာပေါ်တွင်ရှိသော ဟန်မူယဲ့ကို ကြည့်သည်။

“ကျန်းထျန်းခန်းဆောင်ကို ဝင်ရောက်ချင်ရင် အဆင့်တစ်ရာကို ကျော်ဖြတ်နိုင်ရမယ်”

“ယာယီအခြေအနေက အရေးမပါဘူး”

ရွှင်းထျန်းခန်းဆောင်၊ ကျန်းထျန်းခန်းဆောင် ....

ထိုလူနှစ်ယောက်သည် အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ ထိပ်တန်းအဆင့်ကျွမ်းကျင်သူများ ဖြစ်ကြသည်။

နောက်တွင်ရှိနေသော ဂိုဏ်းတပည့်များနှင့် အမည်ခံတပည့်များက အားကျနေကြသည်။

ရွှင်းထျန်းခန်းဆောင်နှင့် ကျန်းထျန်းခန်းဆောင်၏ ကျွမ်းကျင်သူများဆီမှ ချီးကျူးမှုကို ခံယူနိုင်သောကြောင့် ထိုတပည့်သည် အလွန်ထူးခြားနေလိမ့်မည်။

ဓားတစ်ချက်ဖြင့် ဒုတိယအဆင့်သို့ ရောက်သွားနိုင်သောကြောင့် ချီးကျူးထိုက်သည်။

အပြင်လူများက မသိသော်လည်း စမ်းသပ်ပွဲနယ်မြေတွင် ကျင့်ကြံဆင့်ကို ဖိနှိပ်ထားကြောင်း ဓားဂိုဏ်း၏တပည့်များက သိကြသည်။

ဓားကျင့်ကြံခြင်းတွင် အဆင့်မြင့်သောလူများကသာ စမ်းသပ်ပွဲနယ်မြေတွင် အစွမ်းပြနိုင်သည်။

တခြားဂိုဏ်းမှ နာမည်ကြီးကျင့်ကြံသူတစ်ယောက်သည် ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ပြီး စမ်းသပ်ပွဲသို့ ဝင်ရောက်နိုင်ရန် ကြိုးစားခဲ့သည်ဟု ပြောကြသည်။ သို့သော် စမ်းသပ်ပွဲနယ်မြေတွင် တားဆီးခံလိုက်ရသည်။

သူ၏ ဓားကျင့်ကြံခြင်းက သာမန်သာဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းက အဆင့်မြင့်သော်လည်း စမ်းသပ်ပွဲနယ်မြေတွင် ကောင်းမွန်သောအလားအလာကို မဖော်ထုတ်နိုင်ခဲ့ပေ။

စမ်းသပ်ပွဲနယ်မြေသည် အစစ်အမှန် ဓားကျင့်ကြံသူများအတွက် ဖြစ်သည်။

“ဘုန်း”

ဒုတိယထပ်တွင် ဓားအလင်းက ပေါက်ကွဲသွားပြီး မီးတောက်များကို ငြိမ်းသက်လိုက်သည်။

အပြင်းအထန် ဒဏ်ရာရနေသော နွားသိုးရိုင်းများက တစ်ကောင်ပြီးတစ်ကောင် လဲကျသွားကြသည်။

ဟန်မူယဲ့၏ လက်ထဲတွင်ရှိသော ကျောက်စိမ်းပြားသည် ရွှေအလင်းရောင်ဖြင့် တောက်ပလာသည်။

ဒုတိယအဆင့်ကို အောင်မြင်သွားသည်။

“ဆယ့်ငါးမိနစ်”

ဟန်မူယဲ့က ကျောက်စိမ်းပြားကို ကိုင်ထားပြီး တည်ငြိမ်စွာပြောသည်။

သူ့နောက်တွင်ရှိနေသော ကျင့်ကြံသူများက ပြေးထွက်သွားကြသည်။

ဟန်မူယဲ့က အမဲလိုက်ခံနေရသော ဒဏ်ရာရနေသည့် နွားသိုးရိုင်းများကို ကြည့်လိုက်ပြီး မျက်လုံးများ တောက်ပလာခဲ့သည်။

မီးတောက်နွားသိုးရိုင်းများသည် မူလရင်းမြစ်မီးတောက်ကို တစ်နေရာရာမှ ရှာတွေ့လာပုံပေါ်သည်။ သူတို့၏ မီးတောက်များသည် ပြန်လည်မွေးဖွားခြင်းပုတီးစေ့ကို တုံ့ပြန်စေခဲ့သည်။

သူက မီးတောက်အနည်းငယ်ကို စုပ်ယူပြီး ပြန်လည်မွေးဖွားခြင်းပုတီးစေ့ထဲသို့ ထည့်သွင်းလိုက်သောအခါတွင် ပုတီစေ့က ချက်ချင်း ဝါးမြိုခဲ့သည်။

သို့သော် နွားသိုးရိုင်းများက အလွန်အားနည်းသည်။ အကောင်တစ်‌သောင်းကို သတ်ဖြတ်ခဲ့မည်ဆိုလျှင်ပင် ပြန်လည်မွေးဖွားခြင်းပုတီးစေ့အတွက် မလုံလောက်ပေ။

ထို့အပြင် ဟန်မူယဲ့ကလည်း ဒုတိယအဆင့်တွင်ရှိသော နွားသိုးရိုင်းများကို သတ်ဖြတ်ရန် စိတ်မဝင်စားပေ။

ပြန်လည်မွေးဖွားခြင်းပုတီးစေ့သည် သူ့အတွက် သာမန်ရတနာတစ်ခုသာ ဖြစ်သည်။ အကယ်၍ ဖီးနစ်ငှက်တစ်ကောင် ပြန်လည်မွေးဖွားလာမည်ဆိုလျှင် ကောင်းမွန်သည်။ သို့သော် ပုံမှန်အတိုင်း ဆက်ရှိနေလျှင်လည်း ဘာမှမဖြစ်ပေ။

“ဒုတိယအဆင့် ပြီးသွားပြီ”

ယွင်လုမြို့၏ စမ်းသပ်ခြင်းခန်းဆောင်ထဲတွင် ကျောက်ရှုက လက်သီးဆုပ်လိုက်ပြီး အော်ဟစ်သည်။

အလင်းလွှာထဲတွင် ဟန်မူယဲ့နှင့် တခြားတပည့်များက ရွှေအလင်းဖြင့် လွှမ်းခြုံပြီး ပျောက်ကွယ်သွားကြသည်။

သူတို့က ဆယ့်ငါးမိနစ်မပြည့်ခင် ဒုတိယအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ကြသည်။

တတိယအဆင့် ....

အစိမ်းရောင်သန်းနေသော တောအုပ်ကို မြင်နိုင်သည်။

ပေရာချီမြင့်မားသော သစ်ပင်များသည် ပတ်ဝန်းကျင်ကို လွှမ်းခြုံထားသည်။ သူတို့၏ သွယ်ယှက်နေသော သစ်ကိုင်းများသည် ခမ်းနားသော စံအိမ်များနှင့် တူညီသည်။

ဟန်မူယဲ့နှင့် တပည့်များက တောအုပ်ထဲသို့ ရောက်လာသည်။ သူတို့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ရွှေအလင်းများသည် သစ်ပင်ထိပ်ဖျားတွင် ရှိနေသော ဧရာမငှက်ကြီးများကို ဆွဲဆောင်လိုက်ကြသည်။

ထိုငှက်များသည် သုံးပေမြင့်မားပြီး တောင်ပံဖြန့်လိုက်လျှင် ဆယ်ပေရှည်လျားသည်။ ထိုငှက်များသည် အနက်ရောင်သန်းနေပြီး ငှက်မွေးများက အစိမ်းပုပ်ရောင်အလင်းကို ထုတ်ပေးနေသည်။

သူတို၏ နှုတ်သီးများသည် သတ္တုရောင်တောက်နေပြီး နှစ်လက်မရှည်လျားသည်။

သူတို့၏ အဝါရောင်ခြေထောက်များတွင် ငါးလက်မရှည်လျားသော လက်သည်းချွန်များကို မြင်နိုင်သည်။

“ကျီ”

စူးရှသောမြည်သံကြောင့် ဟန်မူယဲ့နှင့်အတူ ပါလာသော တပည့်များက တုန်ခါသွားကြသည်။

ထိုငှက်အော်သံသည် ဝိညာဉ်တိုက်ခိုက်မှု ဖြစ်သည်။

ဟန်မူယဲ့က ခေါင်းမော့ကြည့်လိုက်ပြီး ဓားကို လှုပ်ရှားသည်။ ဓားအလင်းသည် အလွန်လျင်မြန်ပြီး အနက်ရောင်ငှက်ကြီးတစ်ကောင်ကို ချက်ချင်းနှစ်ပိုင်းဖြတ်လိုက်သည်။

သွေးနီးရောင်အလင်းသည် လေထုထဲတွင် တောက်ပနေသည်။

လေထုထဲတွင် အသက်စွမ်းအားဖြင့် ပြည့်သွားသည်။

“သတိထား”

တပည့်တစ်ယောက်က အော်ဟစ်လိုက်သည်။

“အဲဒါက သံဆူးချွန်ငှက်တွေပဲ။ သူတို့က ရန်ငြိုးကို မှတ်သားထားပြီး မသေမချင်း လက်လျော့မှာမဟုတ်ဘူး။ သူတို့က သွေးချီနဲ့ အပေါင်းအဖော်တွေကို ဆင့်ခေါ်နိုင်ကြတယ်”

တပည့်တစ်ယောက်က အဝေးတစ်နေရာတွင်ရှိသော လှုပ်ရှားနေသည့်သစ်ပင်များကို ကြည့်လိုက်ပြီး ပြောသည်။

“အစ်ကိုဟန်၊ အရင်သွားနှင့်ပါ”

သူတို့က ငှက်သုံးကောင်၊ လေးကောင်ခန့်ကို ကိုင်တွယ်နိုင်ကြသည်။

သို့သော် အုပ်စုလိုက် ရောက်လာလျှင် ရင်ဆိုင်နိုင်မည်မဟုတ်ပေ။

“ဒီကလေးက တကယ်မောက်မာတာပဲ။ သံဆူးချွန်ငှက်တွေက မယုံကြည်နိုင်စရာကောင်းတဲ့ အမြန်နှုန်းကို ပိုင်ဆိုင်ထားကြတယ်။ အဲဒီငှက်တွေရဲ့ တိုက်ခိုက်နိုင်စွမ်းက ကမ္ဘာမြေအဆင့်မှာပဲ ရှိနေပေမဲ့ ကိုင်တွယ်ဖို့ခက်တယ်”

မြို့တစ်မြို့၏ စမ်းသပ်ခြင်းခန်းဆောင်ထဲတွင် အဖြူရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က ခေါင်းခါလိုက်သည်။ သူက ဟန်မူယဲ့၏ ခေါင်းပေါ်တွင်ရှိနေသော မျက်လုံးများကို ကြည့်လိုက်ပြီး စမ်းသပ်ပွဲနယ်မြေကို ဆက်လက်လေ့လာနေသည်။

ယခုအချိန်၌ မျက်လုံး ၁၃လုံးသည် ဟန်မူယဲ့၏ခေါင်းပေါ်တွင် ရှိနေသည်။

“ငါတို့ သွားကြမလား”

ဟန်မူယဲ့က ဓားမြှောက်လိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးသည်။

“သံဆူးချွန်ငှက်က မလာလောက်ဘူး”

ဟန်မူယဲ့က ခပ်အုပ်အုပ် အော်ဟစ်လိုက်ပြိး ဓားပျံကို စီးနင်း၍ သံဆူးချွန်ငှက်များထက် ပိုမိုလျင်မြန်စွာ ပျံသန်းနေသည်။

တတိယအဆင့်သည် ပျံသန်းခြင်းစွမ်းအားကို ဖိနှိပ်ထားသည်။ သို့သော် ဟန်မူယဲ့က တိမ်တိုက်များပေါ်တွင် လမ်းလျှောက်နေသကဲ့သို့ သစ်ပင်ထိပ်ဖျားတွင် လျှောက်သွားနေသည်။

“အဲဒါက ဓားနည်းစနစ်ကနေ အကောင်အထည်ဖြစ်တည်လာတဲ့ ခွန်အားပဲ”

အစိမ်းရောင်ခန်းဆောင်ထဲတွင် အစိမ်းရောင်ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားသော တာအိုတန်ခိုးရှင်က တောက်ပနေသော မျက်လုံးများဖြင့် ဟန်မူယဲ့ကို ကြည့်သည်။

“အဲဒါက လွင့်မျောတိမ်တိုက်ဓားဆန္ဒပဲ ဖြစ်လိမ့်မယ်။ ခန္ဓာကိုယ်က ပေါ့ပါးတဲ့တိမ်တိုက်လို လှုပ်ရှားပြီး ဓားက ကောင်းကင်အထိ ရောက်နိုင်တယ်”

တာအိုတန်ခိုးရှင်၏ ဘေးတွင်ရှိသော လူငယ်က ပြောသည်။

“သူ့ရဲ့ ဓားဆန္ဒက အရမ်းလေးနက်တယ်။ ထျန်းယွင်ခန်းဆောင်ရဲ့ တပည့်တွေထဲမှာ ထိပ်ဆုံးဆယ်ယောက်ထဲ ဝင်လိမ့်မယ်”

ရှေ့တွင်ရှိသော တာအိုတန်ခိုးရှင်က တိတ်ဆိတ်နေသည်။

ဟန်မူယဲ့ကို မျက်လုံးအများအပြားက စောင့်ကြည့်နေသောကြောင့် သူတို့ ထျန်းယွင်ခန်းဆောင်က မည်သို့ သိမ်းသွင်းနိုင်မည်နည်း။

All Chapters