← Chapters

အခန်း (၈၃၉)

Vol. 60 Ch. 839

အခန်း (၈၃၉)

Vol. 60 Ch. 839

“ရွှပ် ....”

ဟန်မူယဲ့က ဓားဖြင့် ထိုးချလိုက်ပြီး သစ်ပင်ထိပ်ဖျားမှ ပြန်ထွက်လာသည်။ သူက သံဆူးချွန်ငှက် သုံးကောင်ကို သတ်ဖြတ်ခဲ့သည်။

ငှက်ကြီးများ ပြုတ်ကျသွားသောအချိန်တွင် ဟန်မူယဲ့၏ပုံရိပ်က ဖျတ်ခနဲ လှုပ်ရှားသွားပြီး သူ၏ ဓားက သစ်ပင်များ၏ကြားတွင် တိမ်တိုက်သဖွယ် လွင့်မျောနေသည်။ သူက ခပ်အုပ်အုပ် အော်ဟစ်လိုက်သည်။

“ငါက မင်းတို့အားလုံးကို ဆယ့်ငါးမိနစ် အချိန်ပေးမယ်”

ဆယ့်ငါးမိနစ် ....

အောက်တွင်ရှိနေသော တပည့်များက ခေါင်းမော့ကြည့်လိုက်ကြသည်။ တဖွဲဖွဲပြုတ်ကျလာသော သံဆူးချွန်ငှက်များသည် ဒဏ်ရာရနေသော်လည်း မသေဆုံးကြသေးပေ။

“အစ်ကိုဟန် ....”

တပည့်တစ်ယောက်၏ မျက်နှာက စိတ်လှုပ်ရှားမှုကြောင့် နီရဲနေသည်။ သူက တီတိုးပြောသည်။

“ကျွန်တော်တို့က အစ်ကိုဟန်ကို ဆွဲချမိနေတာပဲ”

တခြားလူများက ခေါင်းညိတ်လိုက်ကြသည်။

“အစ်ကိုဟန်ရဲ့ စေတနာကို အလကားမဖြစ်စေနဲ့။ သူက သံဆူးချွန်ငှက်တွေရဲ့ ဝိုင်းရံတိုက်ခိုက်မှုကို ခံရတော့မယ်”

တပည့်တစ်ယောက်က အော်ပြောလိုက်ပြီး ဓားထုတ်၍ ကျဆင်းလာသော ငှက်တစ်ကောင်ကို နှစ်ပိုင်းဖြတ်သည်။

ကောင်းကင်ထက်တွင် သံဆူးချွန်ငှက်များသည် ဟန်မူယဲ့ကို ဝိုင်းရံထားကြသည်။

အဝေးတစ်နေရာတွင် တိမ်မည်းများနှင့်တူသော ငှက်အုပ်စုကို မြင်နိုင်သည်။

ထိုငှက်များ၏ သွေးချီသည် ပေတစ်သောင်းကြီးမားသော ငှက်တစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ထိုးသုတ်ချလိုက်သည်။

ထိုတိုက်ခိုက်မှုသည် ဆယ်မိုင်ပတ်ဝန်းကျင်တွင်ရှိသော တောင်တန်းနှင့်မြစ်များကို အမှုန့်ဖြစ်သွားစေသည်။

ထိုအချိန်တွင် လူတိုင်းက ဟန်မူယဲ့၏ လက်ထဲတွင်ရှိသော ဓားကို အာရုံစိုက်ထားကြသည်။

ဟန်မူယဲ့က သံဆူးချွန်ငှက်အုပ်ကို တစ်ယောက်တည်း ရင်ဆိုင်ရဲသောကြောင့် တတိယအဆင့်ကို ကျော်ဖြတ်ရန် ယုံကြည်ချက်ရှိလိမ့်မည်။

သို့သော် ချောမွေ့စွာ ကျော်ဖြတ်ခြင်းနှင့် ခက်ခဲစွာ ကျော်ဖြတ်ခြင်းသည် မတူညီကြပေ။

“ငါက တတိယအဆင့်မှာ သံဆူးချွန်ငှက်မဟုတ်ဘဲ အားနည်းတဲ့ တေးသီငှက်တွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ဒါတောင် ၁၃ရက် အချိန်ယူခဲ့ရတယ်”

ယွင်လုမြို့၏ ခန်းဆောင်ထဲတွင် ဟူကျဲက ခေါင်းခါလိုက်ပြီး ညင်သာစွာပြောသည်။

တခြားတပည့်များကလည်း စိုးရိမ်နေကြသည်။

တတိယအဆင့်မှစ၍ ခက်ခဲမှုသည် ဆယ်ဆစီ တိုးမြင့်သွားလိမ့်မည်။

စမ်းသပ်မှုခံယူရန် ‌စောင့်ဆိုင်းနေသော တပည့်များ၏မျက်နှာသည် ဖြူဖျော့နေကြသည်။

သူတို့က သံဆူးချွန်ငှက်များ၏ အမြန်နှုန်းနှင့် ပူးပေါင်းတိုက်ခိုက်မှုကို မြင်ခဲ့ရသည်။

ပျံသန်းနိုင်စွမ်း ထိန်းချုပ်ခံထားရသော ကျင့်ကြံသူများအတွက် ငှက်များနှင့် ရင်ဆိုင်ရန် အလွန်ခက်ခဲသည်။

စမ်းသပ်ပွဲနယ်မြေတွင် လူသေဆုံးမှုများ ရှိသည်။

သေဆုံးသူအရေအတွက်သည် အောင်မြင်သူအရေအတွက်ထက် ရာချီ၊ ထောင်ချီ၊ သောင်းချီပြီး များပြားသည်။

“သူက လှုပ်ရှားလိုက်ပြီ”

လူတစ်ယောက်က တီးတိုးပြောသည်။

“သူ့ဓား၊ သူ့ဓားက ပျံသန်းနေတယ်”

လူတစ်ယောက်က မျက်လုံးပြူးသွားသည်။

“သူက ဓားကို ထိန်းချုပ်နေတာပဲ”

ခန်းဆောင်ထဲတွင် မရေမတွက်နိုင်သော လူများက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။

ဟန်မူယဲ့က ဓားကို လွှတ်ပေးလိုက်သည်။

ဓားသမားတစ်ယောက်က ဓားကို လွှတ်ပေးခဲ့သည်။

ထိုဓားသည် တောက်ပနေသောအလင်းရောင်ကို သယ်ဆောင်ထားပြီး ငှက်များစုစည်းထားသော ဧရာမငှက်ပုံရိပ်ကို ခုတ်ချသည်။

ဓားအလင်းသည် နတ်ဘုရားအင်းကွက်များဖြင့် အဆုံးစွန်အထိ ထက်မြိနေသည်။

ဓားတစ်ချက်ကြောင့် ရာချီနေသောငှက်များသည် နှစ်ပိုင်းပြတ်သွားကြသည်။

ဧရာမငှက်ပုံရိပ်သည်လည်း နှစ်ပိုင်းပြတ်သွားသည်။

ထိုဓားချက်သည် လူတိုင်း၏ စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်နေသည်။

ဓားကျင့်ကြံသူများသည် ဓားထိန်းချုပ်နည်းစနစ်ကို လေ့ကျင့်နိုင်ကြသည်။

သို့သော် များသောအားဖြင့် တစ်ဦးချင်းတိုက်ပွဲတွင်သာ ဓားထိန်းချုပ်နည်းစနစ်ကို အသုံးပြုကြသည်။ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် ဓားလွှတ်လိုက်ခြင်းသည် ရှားပါးသည်။

ဓားသမားတစ်ယောက်အတွက် လက်ထဲတွင်ကိုင်ထားသော ဓားသည် အကြီးမားဆုံး အမှီအခို ဖြစ်သည်။

“လက်ထဲမှာ ဓားမရှိပေမဲ့ နှလုံးသားထဲမှာ ဓားရှိတယ်။ သူက အဲဒီအဆင့်အထိ ရောက်နေပြီလား”

ခန်းဆောင်ထဲတွင် တရားထိုင်နေသော လူအိုကြီးတစ်ယောက်က ဖြည်းဖြည်းချင်း မတ်တပ်ရပ်သည်။

သူ့နောက်တွင်ရှိသော တပည့်များ၏ မျက်လုံးများသည် တောက်ပနေကြသည်။

“ဒီကလေး၊ ဒီဓား။ စိတ်ဝင်စားစရာပဲ”

ရွှင်းထျန်းခန်းဆောင်မှ ကျူးယုံ၏ဘေးတွင် မတ်တပ်ရပ်နေသော လူသန်ကြီးက အော်ဟစ်လိုက်သည်။

“အဲဒီဓားချက်က ငါတို့ ရွှင်းထျန်းခန်းဆောင်ရဲ့ အငွေ့အသက်ကို သယ်ဆောင်ထားတယ်”

ကျူးယုံက ဟန်မူယဲ့၏လက်ထဲသို့ ပြန်ရောက်သွားသောဓားရှည်ကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။

သူ့အသံက အလွန်ညင်သာသောကြောင့် သူတစ်ယောက်တည်းသာ ကြားနိုင်သည်။

ဟန်မူယဲ့က ဓားကို ဆုပ်ကိုင်လိုက်ပြီး နောက်မဆုတ်ဘဲ ပြန့်ကျဲနေသော သံဆူးချွန်ငှက်များဆီသို့ ပြေးဝင်သွားသည်။

ယခုအချိန်တွင် အုပ်စုမဖွဲ့နိုင်သော ငှက်များက သူ၏ ဓားချက်အောက်တွင် သေဆုံးသွားကြသည်။

သူ့ခန္ဓာကိုယ်က အလေးချိန်ကင်းမဲ့နေပြီး လှုပ်ရှားမှုတစ်ခုချင်းစီနှင့် သွေးများဖြာထွက်လာစေသည်။

သူက ဓားကို ပေါ့ပါးစွာလှုပ်ရှားလိုက်ပြီး သံဆူးချွန်ငှက်တစ်ကောင်ကို လည်ပင်းဖြတ်ပစ်လိုက်သည်။

“ကောင်းလိုက်တဲ့ ဓားဆန္ဒပဲ။ သူက လွတ်လွတ်လပ်လပ် လှုပ်ရှားနေပြီး ငှက်တွေကို သတ်လိုက်တာတောင် ငှက်တွေက သူ့နားကို ချဉ်းကပ်လို့မရဘူး”

ခန်းဆောင်၏အလယ်တွင် ရပ်နေသော သက်လတ်ပိုင်းအရွယ် ဓားကျင့်ကြံသူတစ်ယောက်က တောက်ပနေသော မျက်လုံးများဖြင့် ပြောလိုက်သည်။

“အဲဒီလူက ဘယ်သူလဲ ရှာလိုက်။ မြန်မြန်”

သူက ဟိန်းဟောက်သည်။

တပည့်နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး လျင်မြန်စွာ ဦးညွတ်သည်။ ထို့နောက် အလင်းလွှာတွင်ရှိ‌သော ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ခန်းဆောင်ထဲမှ ထွက်သွားကြသည်။

စမ်းသပ်ပွဲနယ်မြေတွင် တိုက်ခိုက်နိုင်စွမ်းသာမက ဓားဆန္ဒနှင့် ဓားနည်းစနစ်ကလည်း အရေးပါသည်။

အကယ်၍ ဟန်မူယဲ့၏ ဓားထိန်းချုပ်နည်းစနစ်က အလွန်လက်ရာမြောက်သည်ဟု ပြောနိုင်လျှင် ယခုအချိန်တွင် တိမ်တိုက်များကဲ့သို့ လွင့်မျောနေသော သူ၏လှုပ်ရှားမှုက အလွန်အံ့အားသင့်ဖွယ်ကောင်းသည်။

ငှက်များကြားတွင် လွင့်မျောနေသောတိမ်တိုက်သဖွယ် လွတ်လပ်စွာလှုပ်ရှားနေပြီး ဓားချက်များကြောင့် ဖြစ်ပေါ်လာသော ဖမ်းစားနိုင်သည့် သွေးစက်များသည် လူတိုင်းကို ယစ်မူးသွားစေခဲ့သည်။

“ဓားကျင့်ကြံသူတစ်ယောက်က ဒီလိုမျိုးပဲ ဖြစ်နေရမယ်”

စမ်းသပ်မှုကိုခံယူမည့် တပည့်တစ်ယောက်က ပြတ်သားသောဓားအလင်းကို ထုတ်လွှတ်သည်။

ဓားသမားတစ်ယောက်သည် နောင်တမရှိဘဲ လွတ်လပ်စွာ ဓားကိုင်နိုင်ရမည်။

ဟန်မူယဲ့၏ လုပ်ဆောင်ချက်သည် အဆင့်နိမ့်ဓားကျင့်ကြံသူများ၏ စိတ်ကူးအတိုင်း ဖြစ်သည်။

“ဒါက အစစ်အမှန် ဓားအင်မော်တယ်ပဲ”

ဓားအင်မော်တယ် ....

ထိုစကားလုံးသည် ငှက်များကြားတွင် ကျက်သရေရှိစွာ လှုပ်ရှားနေသော ဟန်မူယဲ့နှင့် ကိုက်ညီသည်။

“ရွှပ်”

ဟန်မူယဲ့က ဓားဖြင့် ခုတ်ချလိုက်ပြီး ပေသုံးဆယ်ဓားအလင်းကို ဖန်တီးသည်။ ထို့နောက် အောက်သို့ ဆင်းသက်လာသည်။

သူ့လက်ထဲတွင်ရှိသော ကျောက်စိမ်းပြားသည် ရွှေအလင်းကို ထုတ်လွှတ်နေသည်။

ဆယ့်ငါးမိနစ် မပြည့်သေးသော်လည်း စမ်းသပ်မှုကို အောင်မြင်သွားခဲ့သည်။

သူက စောင့်ဆိုင်းမနေဘဲ ကျောက်စိမ်းပြား၏ ရွှေအလင်းသည် သူ့ကို လွှမ်းခြုံလိုက်ပြီး ခေါ်ဆောင်သွားသည်။

စောင့်ဆိုင်းနေရန်လည်း မလိုအပ်ပေ။

သူနှင့်အတူ ပါလာသော တပည့်များသည် လုံလောက်သော သံဆူးချွန်ငှက်များကို သတ်ဖြတ်ခဲ့သည်။

သူတို့က အမှန်တကယ်သတ်ဖြတ်ခဲ့ခြင်း မဟုတ်ပေ။ ဒဏ်ရာရနေသော ငှက်များကို အဆုံးသတ်ပေးရုံသာ ဖြစ်သည်။

“ဘုန်း”

သူတို့က စတုတ္ထအဆင့်သို့ ရောက်သောအခါတွင် ပေသုံးဆယ်ကြီးမားသော မီးခိုးရောင်ကြံ့တစ်ကောင်က ဟန်မူယဲ့ဆီသို့ ပြေးဝင်လာသည်။

ကြံ့သည် သန်မာသောသွေးချီကို ထုတ်လွှတ်နေပြီး ကောင်းကင်တစ်ဝက်အဆင့် စွမ်းအားကို ပိုင်ဆိုင်ထားသည်။

ယခုအချိန်တွင် ရောင်စုံမျက်လုံး ၃၈လုံးသည် ဟန်မူယဲ့၏ လှုပ်ရှားမှုတိုင်းကို နီးကပ်စွာ စောင့်ကြည့်နေကြသည်။

“အစ်ကိုဟန် ကျွန်တော်တို့အတွက် စိုးရိမ်နေစရာမလိုဘူး။ အစွမ်းကုန်ထုတ်သုံးလိုက်ပါ”

နောက်တွင်ပါလာသော တပည့်တစ်ယောက်က ခပ်အုပ်အုပ် အော်ဟစ်လိုက်ပြီး နောက်ဆုတ်သွားသည်။

“အစ်ကိုဟန်၊ ကျွန်တော်တို့က ဆယ်ဆင့်မြောက်ကို ကျော်ဖြတ်ပြီး အတွင်းစည်းတပည့်တွေ ဖြစ်လာလိမ့်မယ်။ ဂိုဏ်းထဲမှာ ပြန်တွေ့ကြမယ်”

ဓားရှည်ကိုင်ထားသော တပည့်တစ်ယောက်က တိုက်ခိုက်လိုစိတ်ကို ထုတ်လွှတ်ပြီး ပေသုံးဆယ်မြင့်မားသော ကြံ့တစ်ကောင်ဆီသို့ ပြေးဝင်သွားသည်။

“အစ်ကိုဟန်၊ ဓားဂိုဏ်းက စောင့်နေတယ်”

“အစ်ကိုဟန်၊ ဓားဂိုဏ်းက စောင့်နေတယ်”

တပည့်များအားလုံးက ဟန်မူယဲ့ကို ဆွဲမထားချင်တော့ဘဲ ကိုယ်တိုင် လှုပ်ရှားလိုက်ကြသည်။

သူတို့က ဟန်မူယဲ့ကို မှီခိုပြီး အနည်းငယ် ဆက်သွားနိုင်လိမ့်မည်ဟု မျှော်လင့်ထားခဲ့ကြသည်။

သို့သော် ဟန်မူယဲ့က တစ်နာရီအတွင်း၌ သူတို့ကို စတုတ္ထအဆင့်အထိ ခေါ်လာခဲ့သည်။

သူတို့က ဟန်မူယဲ့ကို မနှောင့်ယှက်ချင်ကြတော့ပေ။

ယခုအချိန်တွင် မရေမတွက်နိုင်သော မျက်လုံးများက လက်ရွေးစင်အဖြစ် သတ်မှတ်ထားသော ဟန်မူယဲ့ကို စောင့်ကြည့်နေကြသည်။ သူက စမ်းသပ်မှုကို အာရုံစိုက်ထားပြီး ဖြေရှင်းသင့်သည်။

ဟန်မူယဲ့က သူတို့ကို လှည့်ကြည့်လိုက်ပြီး ခေါင်းညိတ်သည်။ ထို့နောက် တည်ငြိမ်စွာပြောသည်။

“ကောင်းတယ်”

သူ့စကားအဆုံးတွင် ဓားအလင်းပေါ်ထွက်လာသည်။

တောက်ပနေ‌သော ဓားအလင်းကြောင့် မျက်လုံး ၃၈လုံးက အဖြူရောင်အလင်းကိုသာ မြင်ရတော့သည်။

“တကယ့်ကို ရက်စက်တဲ့ဓားပဲ”

ကျူးယုံ၏ဘေးတွင် လူသန်ကြီးက ပေါင်ကိုရိုက်လိုက်ပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်သည်။

စမ်းသပ်မှုနယ်မြေ၏ တတိယအဆင့်တွင် ဟန်မူယဲ့၏ လွင့်မျောတိမ်တိုက်ဓားဆန္ဒက လူတိုင်းကို အထင်ကြီးစေခဲ့သည်။

သူ၏ ဓားအလင်းသည် တိမ်မျှင်များသဖွယ် ပေါ့ပါးပြီး လွတ်လပ်စွာ သွားလာနေသည်။ အမှန်တကယ်ပင် ဓားအင်မော်တယ်တစ်ယောက်နှင့် တူညီသည်။

ယခုအချိန်တွင် ဟန်မူယဲ့၏ဓားသည် မွန်းတည့်နေမင်းကဲ့သို့ တောက်ပနေသည်။

ပြင်းထန်သော ဓားအလင်းသည် ပေသုံးဆယ်မြင့်မားသော ကြံ့ကို နှစ်ပိုင်းဖြတ်လိုက်သည်။ ကြံ့၏ခန္ဓာကိုယ်က ကျောက်တုံးအပိုင်းအစများအဖြစ် ပြိုကွဲသွားကြသည်။

ဓားအလင်းသည် မှိန်ဖျော့မသွားဘဲ ပေထောင်ချီအကွာအထိ ဆက်သွားသည်။ ထို့နောက် မြေပြင်ကို ပေသုံးဆယ်အထိ ထိုးဖောက်လိုက်သည်။

“ကြမ်းတမ်းပြီး ချုပ်နှောင်မှုမရှိဘူး။ ဒီဓားက ပြင်းထန်တယ်”

ခန်းဆောင်ထဲတွင် ဓားရှည်ကိုင်ထားသော လူအိုကြီးတစ်ယောက်က အလင်းလွှာပေါ်တွင် ပျောက်ကွယ်သွားသော ဓားအလင်းကို ကြည့်လိုက်ပြီး ညင်သာစွာရေရွတ်သည်။

အစိမ်းရောင်အလင်းသည် သူ့မျက်လုံးထဲတွင် ဖြတ်ပြေးသွားသည်။

“အဲဒီဓားနည်းစနစ်က ငါတို့ ကျန်းလင်ခန်းဆောင်နဲ့ ကွဲပြားနေပေမဲ့ ဆင်တူတယ်”

လူအိုကြီးက ညင်သာစွာရေရွတ်ပြီး ဓားကို လှည့်ပတ်သည်။ ဓားသည် အစိမ်းရောင်အင်မော်တယ်ချီနှင့် ပေါင်းစပ်သွားပြီး အလင်းလွှာထဲတွင်ရှိသော ဓားချက်နှင့် ဆင်တူနေသည်။

သူ့ဘေးတွင် အစိမ်းရောင်ဝတ်စုံနှင့် ဓားကျင့်ကြံသူများ၏ မျက်လုံးများက တောက်ပနေကြသည်။

ကြမ်းတမ်းပြီး ခမ်းနားသည်။

ဟန်မူယဲ့က ဓားဖြင့် လွှဲခုတ်လိုက်သောအခါတွင် နောက်ဆုတ်လိုက်သော တပည့်များ၊ ခန်းဆောင်များမှ စောင့်ကြည့်နေသော ဓားဂိုဏ်း၏ အဖွဲ့ဝင်များနှင့် စမ်းသပ်မှုခံယူရန်အတွက် စောင့်ဆိုင်းနေသော တပည့်များအားလုံးသည် ပျောက်ကွယ်သွားသော ဓားအလင်းကို အာရုံစိုက်ထားကြသည်။

“ကျောက်တုံးကြံ့တွေရဲ့ ခုခံနိုင်စွမ်းက အဆင့်တူထဲမှာ ပြိုင်ဘက်ကင်းတယ်။ ဒါပေမဲ့ ဓားတစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရတယ်”

လူတစ်ယောက်က ကျောက်တုံးအပိုင်းအစများအဖြစ် ပြောင်းလဲသွားသော ကြံ့ကို ကြည့်လိုက်ပြီး ပြောသည်။

“စတုတ္ထထပ်က မြေဓာတ်စွမ်းအားနဲ့ ပြည့်နှက်နေတယ်။ မြေပြင်က ခိုင်မာပေမဲ့ ဓားချက်ကြောင့် ကွဲအက်သွားရတယ်။ သူ့ဓားချက်ရဲ့စွမ်းအားက ပေါင်တစ်သိန်းကျော်လိမ့်မယ်”

ကျူးယုံ၏ဘေးတွင် ရပ်နေသော လူသန်ကြီးက လက်သီးဆုပ်ထားပြီး တီးတိုးပြောသည်။

ကျူးယုံက သူ့ကို လျစ်လျူရှုထားပြီး အလင်းလွှာပေါ်တွင် ဓားမြောက်လိုက်သော ဟန်မူယဲ့ကို ကြည့်သည်။

“ဘုန်း”

ဓားချက် ကျဆင်းလာသောအခါတွင် ကျောက်တုံးများက လိမ့်ဆင်းသွားပြီး ဖုန်မှုန့်များ ထလာခဲ့သည်။

သို့သော် ဓားအလင်းကို ဖုန်မှုန့်များက ဖုံးကွယ်မထားနိုင်ပေ။

တတိယအဆင့်၏ ပေါ့ပါးသွက်လက်သော ဓားအလင်းနှင့်မတူဘဲ ဟန်မူယဲ့၏ ဓားချက်တိုင်းသည် ပေါင်တစ်သောင်းအလေးချိန်ကို သယ်ဆောင်ထားသည်။

မြေပြင်သည် အက်ကွဲသွားသည်။

တောင်တန်းနှင့်မြစ်များ ပျက်စီးသွားရသည်။

All Chapters