← Chapters

အခန်း (၈၄၀)

Vol. 60 Ch. 840

အခန်း (၈၄၀)

Vol. 60 Ch. 840

ဟန်မူယဲ့ဆီသို့ ပြေးဝင်လာသော ကျောက်တုံးကြံ့များက နောက်လှည့်ပြီး ထွက်ပြေးသွားကြသည်။

သူတို့က အသိဉာဏ်နိမ့်ပါးသော်လည်း မတုံးအပေ။ ဟန်မူယဲ့၏ ဓားချက်အောက်တွင် စောစီးစွာ မသေဆုံးချင်ကြပေ။

ဓားအလင်းများသည် တစ်ခုပြီးတစ်ခု ပေါ်ထွက်လာပြီး ဖုန်မှုန့်များနှင့် ကခုန်နေသည်။ လူတိုင်းက ကြမ်းတမ်းမှုကြားတွင် ထူးဆန်းသော အလှတရားကို မြင်လိုက်ရသည်။

ဓားအလင်းသည် မလျင်မြန်သော်လည်း အလွန်တည်ငြိမ်သည်။

ကြံ့များက ဓားအလင်း၏အောက်သို့ ရောက်သွားလျှင် ထွက်မပြေးနိုင်တော့ဘဲ သေဆုံးသွားကြသည်။

ကျူးယုံ၏ဘေးတွင်ရှိသော လူသန်ကြီးပြောခဲ့သည့်အတိုင်း ဟန်မူယဲ့၏ဓားက ကြမ်းတမ်းသည်။

ဆယ့်ငါးမိနစ်အကြာတွင် ကျယ်လောင်သောအော်သံကို ကြားရသည်။ ဖုန်မှုန့်များ ငြိမ်သက်သွားသောအချိန်တွင် ဟန်မူယဲ့က ပျောက်ကွယ်သွားခဲ့သည်။

ထိုအချိန်တွင် လူတိုင်းက စိတ်သက်သာရာရစွာ သက်ပြင်းချမိကြသည်။

ထိုဓားသည် အလွန်ဖိအားပေးနိုင်သည်။

“တကယ်လို့ အဲဒီလို ဓားကျင့်ကြံသူမျိုးနဲ့ တိုက်ခိုက်ရမယ်ဆိုရင် စစ်တပ်ဝင်္ကပါကတောင် ဓားတစ်ချက်တည်းနဲ့ ပျက်စီးသွားလောက်တယ်”

ချပ်ဝတ်နှင့် ဓားတစ်လက်ကိုင်ထားသော ဆံပင်ဖြူလူအိုကြီးက အလင်းလွှာကိုကြည့်နေပြီး ညင်သာစွာပြောသည်။

အလင်းလွှာသည် မြင်ကွင်းပြောင်းလဲသွားသော်လည်း စတုတ္ထထပ်၏ ဓားအမှတ်အသားများကို မြင်နိုင်သည်။

ထိုဓားပညာရပ်မျိုးသည် စစ်တပ်တစ်ခုနှင့် ယှဉ်နိုင်သည်။

“ငါးဆင့်မြောက်၊ ဓားဂိုဏ်းရဲ့ တရားဝင်တပည့်”

ယွင်လုမြို့၏ စမ်းသပ်ခြင်းခန်းဆောင်ထဲတွင် ကျောက်ရှုက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး ပြုံးသည်။

ဟန်မူယဲ့က ငါးဆင့်မြောက်သို့ ရောက်သွားသောကြောင့် အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ တရားဝင်တပည့်တစ်ယောက် ဖြစ်လာသည်။

ထိုအရာသည် အပြင်စည်းတပည့်အဆင့်သာ ဖြစ်သော်လည်း တရားဝင်တပည့်တစ်ယောက် ဖြစ်သည်။

“ဒီလူငယ်က တကယ်အထင်ကြီးစရာပဲ။ ကျင်းထိုက်က ငါ့ကို ဝင်္ကပါကနေတစ်ဆင့် စာပို့ခဲ့တယ်။ သူက တမင်သက်သက် အရှုပ်လုပ်နေတာလို့ ငါထင်ခဲ့တယ်”

ကျောက်ရှုက အသံတစ်သံကို ကြားလိုက်ရသည်။

ထိုအသံသည် မကျယ်သော်လည်း အမိန့်အာဏာတစ်ခုကို ပိုင်ဆိုင်ထားပြီး ရှင်းလင်းစွာ ကြားရသည်။

ကျောက်ရှုက အံ့အားသင့်သွားသည်။ သူက တစ်ဖက်သို့လှည့်ပြီး ရုတ်တရက်ပေါ်လာသော အစိမ်းရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်ကို ဦးညွတ်လိုက်သည်။

“ကျောက်ရှုက စောင့်ရှောက်သူမင်ဟယ်ကို နှုတ်ဆက်ပါတယ်”

ယွီကျစ်ဒေသ၏ စောင့်ရှောက်သူ၊ အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းမှ ကျန်းရွှမ်ခန်းဆောင်၏ အကြီးအကဲ ဝမ်မင်ဟယ်။

ဝမ်မင်ဟယ်က ယွီကျစ်ဒေသကို နှစ်သောင်းချီကြာအောင် စောင့်ကြပ်ခဲ့ပြီး လွန်ခဲ့သော နှစ်ပေါင်းသုံးရာတွင် လူသားအင်မော်တယ် အထွတ်အထိပ်အဆင့်ကို ကျော်ဖြတ်၍ ပျက်စီးခြင်းငါးပါးနှင့် ကြုံတွေ့နေရသည်။

သူက လူအများ၏ရှေ့သို့ မကြာခဏ ပေါ်ထွက်မလာခဲ့ပေ။

အင်မော်တယ်ကမ္ဘာတွင် လူသားအင်မော်တယ်များက ရှားပါးပြီး ကောင်းကင်အင်မော်တယ်များက ပိုမိုရှားပါးသည်။

ကောင်းကင်အင်မော်တယ်အဆင့်သို့ ရောက်သွားသော ကျင့်ကြံသူအများစုသည် တံခါးပိတ်ကျင့်ကြံနေကြသည်။

ပြင်ပလောက၏ အရေးကိစ္စများသည် ထိုကျွမ်းကျင်သူများနှင့် သက်ဆိုင်မှုမရှိပေ။

ပုံမှန်အတိုင်းဆိုလျှင် နယ်မြေတစ်ခုကို စောင့်ကြပ်ထားသော အကြီးအကဲများသည် လူသားအင်မော်တယ် အထွတ်အထိပ်အဆင့်ဖြစ်သော နတ်ဘုရားဘုရင်အဆင့်တွင် ရှိနေကြသည်။

ကောင်းကင်အင်မော်တယ်အဆင့်သို့ တက်လှမ်းသွားသူများက ရာထူးကိုစွန့်လွှတ်ပြီး ထွက်သွားကြလိမ့်မည်။

ပျက်စီးခြင်းငါးပါးနှင့် ကြုံတွေ့နေရသော်လည်း ထွက်မသွားဘဲ အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းတွင် နေထိုင်နေသော ဝမ်မင်ဟယ်လိုလူမျိုးက ရှားပါးသည်။

ဝမ်မင်ဟယ်က အပြာရောင်ရေပြင်တွင် ခြေချလိုက်သော ဟန်မူယဲ့ကို ကြည့်သည်။

“ငါးဆင့်မြောက်က တပည့်တွေရဲ့ ရေဓာတ်လိုက်ဖက်ညီမှုနဲ့ ဆုံးဖြတ်ချက်ကို စစ်ဆေးတယ်”

ဝမ်မင်ဟယ်က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ရေလှိုင်းများပေါ်တွင် လျှောက်သွားနေသော ဟန်မူယဲ့ကို ကြည့်သည်။

စမ်းသပ်ပွဲနယ်မြေ၏ ငါးဆင့်မြောက်သည် ပင်လယ်ဒေသ ဖြစ်သည်။

ဟန်မူယဲ့က ရေဓာတ်လိုက်ဖက်ညီမှုစွမ်းအားကို အသုံးပြု၍ ရေလှိုင်းများအပေါ်တွင် တိုက်ရိုက်လျှောက်လှမ်းနေသည်။

ထိုမြင်ကွင်းကြောင့် စောင့်ကြည့်နေသော ဓားကျွမ်းကျင်သူများက စိတ်လှုပ်ရှားသွားကြသည်။

“သူက ပါးနပ်တယ်။ လူတိုင်းက သူ့ကို စောင့်ကြည့်နေမယ်ဆိုတာ သိနေလို့ အစွမ်းကုန်ထုတ်ပြနေတာပဲ”

ဓားကျင့်ကြံသူတစ်ယောက်က တီးတိုးပြောလိုက်သည်။

ယခုအချိန်တွင် မျက်လုံးတစ်ရာခန့်သည် သူ့ကို အနီးကပ် စောင့်ကြည့်နေကြသည်။ သူက ကျွမ်းကျင်မှုများကို ထုတ်ပြလိုက်လျှင် ပိုကောင်းသည်။

အနည်းဆုံး ရေလှိုင်းပေါ်တွင် လမ်းလျှောက်နေသော သူ၏ လှုပ်ရှားမှုသည် အထင်ကြီးစရာကောင်းသည်။

“ဘုန်း”

အနက်ရောင်ငါးများသည် ရေလှိုင်းထဲမှ ခုန်ထွက်လာကြသည်။

ထိုငါးများက ပါးစပ်များကို ဖွင့်လိုက်ပြီး ရှည်လျားချွန်ထက်သော သွားများကို ထုတ်ပြသည်။

သူတို့၏ ချွန်ထက်နေသော သွားများသည် အေးစက်မှုကို ထုတ်လွှတ်ပြီး ရေယပ်များက အရောင်လက်နေကြသည်။

ထို့အပြင် သူတို့၏ ကြေးခွံများက အစိမ်းရောင်သန်းနေသည်။

“ငါးဆင့်မြောက်ရဲ့ ရေလှိုင်းစိမ်းငါးတွေက ရင်ဆိုင်ရမလွယ်ဘူး”

လူတစ်ယောက်က ကိုယ်ပိုင်အတွေ့အကြုံကို ပြန်တွေးလိုက်ပြီး ခေါင်းခါသည်။

တချို့မှတ်ဉာဏ်များသည် အလွန်လေးနက်သည်။

“တိုက်ပွဲစလိုက်တဲ့အချိန်မှာ အမြီးပြားငါးမန်းတွေနဲ့ တိမ်တိုက်မိစ္ဆာတွေက ရေအောက်ကနေ တိုက်ခိုက်ကြလိမ့်မယ်။ သူတို့က ပင်လယ်ရေပြင်ရဲ့ အုပ်စိုးသူတွေပဲ”

လူတစ်ယောက်က ဟန်မူယဲ့၏ ဖြေရှင်းပုံကို သိချင်သောကြောင့် စိုက်ကြည့်နေသည်။

ရေလှိုင်းစိမ်းငါးများ၏ ခုခံနိုင်စွမ်းက အံ့အားသင့်စရာကောင်းသည့်အပြင် ရေထဲတွင် ကူးခပ်နေသောကြောင့် လွင့်မျောတိမ်တိုက်ဓားချက်နှင့် ပေါင်ချိန်တစ်သောင်းဓားချက်တို့က အသုံးဝင်တော့မည်မဟုတ်ပေ။

ဤတစ်ကြိမ်တွင် ဟန်မူယဲ့၏ နည်းလမ်းကို စောင့်ကြည့်ရမည်။

“ကျူးယုံ၊ ကုန်းရှု၊ မင်းတို့ ဘယ်လိုထင်လဲ။ သူက ဆယ့်ငါးမိနစ်စံချိန်ကို ထိန်းထားအုံးမှာလား”

အလယ်တွင်ရပ်နေသော လူအိုကြီးက ခေါင်းလှည့်မကြည့်ဘဲ လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး ပြောသည်။

သူ့နောက်တွင် ကျူးယုံက ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“သူက ဆက်ထိန်းထားမယ်လို့ ထင်တယ်”

လူသန်ကြီးကလည်း ပြုံးလိုက်ပြီး ပြောသည်။

“ဟုတ်တာပေါ့”

ဓားကျင့်ကြံသူတစ်ယောက်သည် ဓားကျင့်ကြံသူတစ်ယောက်၏ မောက်မာမှုမျိုးကို ပိုင်ဆိုင်ထားသည်။

ဟန်မူယဲ့က ငါးဆင့်မြောက်သာမက ဆယ်ဆင့်မြောက်ကိုလည်း တူညီစွာ ဖြတ်ကျော်လိမ့်မည်။

သူက ၁၅မိနစ်နှင့် မကျော်ဖြတ်နိုင်သည်အထိ ရှေ့ဆက်သွားနေလိမ့်မည်။

“သင်္ချိုင်းပင်လယ်ကို ဖြတ်သန်းဖို့ ဆယ့်ငါးမိနစ်လား။ စိတ်ဝင်စားစရာပဲ”

လူအိုကြီးက ပြုံးလိုက်ပြီး ညင်သာစွာ ခေါင်းညိတ်သည်။

ကျူးယုံနှင့် ကုန်းရှုတို့က အကြည့်ချင်းဖလှယ်လိုက်ပြီး တိုက်ခိုက်ချင်နေကြသည်။

ငါးဆင့်မြောက်၏ သင်္ချိုင်းပင်လယ်သည် ရေအောက်တွင်ပုန်းကွယ်နေသော သားရဲများကြောင့် အန္တရာယ်များသည်။

တစ်ချက်ကြည့်လိုက်မည်ဆိုလျှင် ခုန်ထွက်လာသော ငါးမိစ္ဆာများက အစစ်အမှန်ခြိမ်းခြောက်မှုဟု ထင်ရသည်။ သို့သော် အန္တရာယ်သည် ရေအောက်တွင် ပုန်းကွယ်နေသည်။

သင်္ချိုင်းပင်လယ်သည် တပည့်အများစု ကျဆုံးသွားသောနေရာ ဖြစ်သည်။

ယခုအချိန်တွင် ရေလှိုင်းစိမ်းငါးများသည် ပေတစ်ရာမြင့်မားသောရေလှိုင်းကို ဖန်တီး၍ ဟန်မူယဲ့ဆီသို့ ခုန်ဝင်လာကြသည်။

ဟန်မူယဲ့က တည်ငြိမ်သောမျက်နှာထားဖြင့် ဓားကိုင်ထားသည်။

သူ့ခေါင်းပေါ်ရှိ မျက်လုံးများသည် သူ့ကို နီးကပ်စွာ စောင့်ကြည့်နေကြသည်။

“ဒီရေမိစ္ဆာတွေက ဝိညာဉ်ချပ်ဝတ်မိစ္ဆာတွေနဲ့ တကယ်ဆင်တူတာပဲ”

ဟန်မူယဲ့က ပြုံးလိုက်ပြီး တီးတိုးရေရွတ်သည်။ ပေတစ်ရာမြင့်မားသော ခွေသားရဲပုံရိပ်သည် သူ့နောက်တွင် ပေါ်ထွက်လာသည်။

ခွေသားရဲ၏ ဦးချိုသည် ကောင်းကင်ကို ညွှန်ပြနေပြီး ကြံ့ခိုင်သော အနက်ရောင်ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်လျှပ်စီးကြောင်းများကို မြင်နိုင်သည်။

“အဲဒါက ဘာလဲ။ နတ်ဘုရားသားရဲ ခွေလား။ သူက နတ်ဘုရားသားရဲရဲ့ စွမ်းအားကို သန့်စင်ထားတာလား”

ခန်းဆောင်ထဲတွင်ရှိသော လူတစ်ယောက်က အော်ဟစ်လိုက်သည်။

နတ်ဘုရားသားရဲခွေသည် မိုးကြိုးစွမ်းအားကို ထိန်းချုပ်ထားသည်။

ထိုစွမ်းအားသည် ရုပ်ခန္ဓာသန့်စင်ခြင်းအတွက် အကောင်းဆုံးဖြစ်သည်။ ထို့အပြင် ရရှိရန်အခက်ခဲဆုံး အခွင့်အရေးတစ်ခုလည်း ဖြစ်သည်။

“ဘုန်း”

လူတိုင်းက ခွေသားရဲကို ကြည့်လိုက်သည်။ ခွေသားရဲက လျှပ်စီးများကို ထုတ်လွှတ်၍ ပင်လယ်ထဲသို့ ထိုးဆင်းသွားသည်။

အပြာရောင်ရေပြင်သည် လှုပ်ရှားနေပြီး အဖြူရောင်ဝမ်းဗိုက်ကို ပြသနေသော ငါးများသည် ရေမျက်နှာပြင်တွင် ပေါ်လာကြသည်။

ငါးများက တစ်ကောင်ပြီးတစ်ကောင် ပေါ်ထွက်လာပြီး အရွယ်အစား စုံလင်လှသည်။

လူတိုင်းက ကြောင်အသွားသည်။ သူတို့က တုန်ခါပြီး တောင့်တင်းသွားသော ရေလှိုင်းစိမ်းငါးမိစ္ဆာများကို ကြည့်နေကြသည်။

ဟန်မူယဲ့၏ ခြေထောက်အောက်တွင်ရှိသော ရေထုတွင် ပေရာချီရှည်လျားသော အနက်ရောင်ပုံရိပ်များကို မြင်နိုင်သည်။ ထိုပုံရိပ်များက လျှပ်စီးကြောင်းကို ခုခံနေပုံပေါ်သော်လည်း အဆုံးတွင် မခုခံနိုင်တော့ဘဲ ရေမျက်နှာပြင်ပေါ်သို့ ရောက်လာကြသည်။

“အဲဒါက အမြီးပြားငါးမန်းပဲ”

တပည့်တစ်ယောက်က ကြောက်ရွံ့စိတ်များနှင့် ပြောသည်။

“အရမ်းအန္တရာယ်များတယ်။ အမြီးပြားငါးမန်းက အဲဒီနေရာမှာ ပုန်းကွယ်နေတာ ဖြစ်လိမ့်မယ်။ ရေလှိုင်းစိမ်းငါးတွေနဲ့ တိုက်ခိုက်နေတဲ့အချိန်မှာ ငါးမန်းက ရုတ်တရက် တိုက်ခိုက်လိုက်ရင် ဝိညာဉ်သူငယ် အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတောင် ထိခိုက်သွားလိမ့်မယ်”

လူတစ်ယောက်က လေးစား‌‌သောမျက်လုံးများဖြင့် ဟန်မူယဲ့ကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။

“မိုးကြိုးစွမ်းအားက ရုပ်ခန္ဓာစွမ်းအားပဲ။ ပုံမှန်အတိုင်းဆိုရင် စမ်းသပ်ပွဲနယ်မြေထဲမှာ ဖိနှိပ်ခံထားရလိမ့်မယ်၊ အမြီးပြားငါးမန်းကို ဘယ်လိုလုပ်ပြီး အနိုင်ယူခဲ့တာလဲ”

လူတစ်ယောက်က နားမလည်နိုင်ဘဲ ရှေ့ဆုံးတွင်ရပ်နေသော ဝမ်မင်ဟယ်ကို ကြည့်လိုက်သည်။

ထိုစကားများကြောင့် ကျောက်ရှု၏ ဘေးတွင်ရှိသော တပည့်များအပါအဝင် လူအများက မျက်မှောင်ကြုတ်လိုက်ကြသည်။

ဝမ်မင်ဟယ်က ပြုံးလိုက်ပြီး တီးတိုးပြောသည်။

“ကျောက်ရှု၊ ရှင်းပြလိုက်ပါ”

ကျောက်ရှုက ခေါင်းညိတ်လိုက်ပြီး ဓားကို လှုပ်ရှား၍ ရေမိစ္ဆာများကို သတ်ဖြတ်နေသော ဟန်မူယဲ့ကို လှမ်းကြည့်သည်။ သူက တီးတိုးရေရွတ်သည်။

“နှလုံးသားထဲမှာ ဓားရှိပြီး ဓားနဲ့ ရုပ်ခန္ဓာက တစ်သားတည်းဖြစ်သွားတယ်”

ဓားနှင့်ရုပ်ခန္ဓာ တစ်သားတည်းဖြစ်ခြင်း ....

သူ၏ ဓားကျွမ်းကျင်မှုသည် အတွင်းနှင့်အပြင် တစ်သားတည်းဖြစ်နေပြီး ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားဖြင့် ပေါင်းစပ်နိုင်သောအဆင့်သို့ ရောက်နေသည်။

ဟန်မူယဲ့၏ ဓားနည်းစနစ်သည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် သန်မာသည်။

“မိုးကြိုးစွမ်းအားကို ဓားနည်းစနစ်ထဲ ပေါင်းထည့်ပြီး မိုးကြိုးငှက်အဖြစ် ပြောင်းလဲလိုက်တဲ့ နောက်ဆုံးလူက ကျင်းယွီခန်းဆောင်ရဲ့ ကျင်းယုထန်ပဲ။ သူက ကျင်းယွီခန်းဆောင်ရဲ့ လက်ရွေးစင်တစ်ယောက်ဖြစ်ပြီး မဟာအကြီးအကဲသုံးယောက်ထဲက တစ်ယောက် ဖြစ်နေပြီ”

ဝမ်မင်ဟယ်က လျှပ်စီးကြောင်းများဖြင့် ဝိုင်းရံထားသော ဟန်မူယဲ့ကို ကြည့်လိုက်ပြီး သက်ပြင်းချသည်။

“မိုးကြိုးလျှပ်စီးစွမ်းအားက ဘယ်နေရာမှာပဲဖြစ်ဖြစ် တခြားစွမ်းအားတွေကို ဖိနှိပ်နိုင်တာပဲ”

အထူးသဖြင့် ရေလှိုင်းများကြားတွင် ဖြစ်သည်။ တပည့်များက ရေလှိုင်းများကြားတွင် လွယ်ကူစွာသွားလာနေသော ဟန်မူယဲ့ကို ကြည့်လိုက်ပြီး နှလုံးသားထဲတွင် တီးတိုးပြောနေကြသည်။

ဟန်မူယဲ့က ငါးဆင့်မြောက်သို့ ရောက်လာပြီး ထွက်သွားသည်အထိ ဆယ့်ငါးမိနစ် မကျော်ခဲ့ပေ။

သူက ငါးမိစ္ဆာများကို သတ်ဖြတ်နေသောအခါတွင် အချိန်ယူပြီး လေ့လာကြည့်နေသောကြောင့် အနည်းငယ် ကြာမြင့်သွားခဲ့သည်။

အဆင့်တိုင်းတွင် ပေါ်လာသော သားရဲအများစုသည် ကမ္ဘာဦးမိစ္ဆာမျိုးနွယ်၏ မျိုးစိတ်ကွဲများ ဖြစ်နေကြောင်း ဟန်မူယဲ့က သိလိုက်ရသည်။

ဥပမာအနေဖြင့် ရေကိုထိန်းချုပ်နိုင်သော တိမ်တိုက်သားရဲသည် ရေချီလင်၏ သွေးမျိုးဆက်တချို့ကို သယ်ဆောင်ထားသည်။

ဟန်မူယဲ့က တိမ်တိုက်သားရဲ၏ သွေးမျိုးဆက်အနည်းငယ်ကို တိတ်ဆိတ်စွာထုတ်ယူပြီး ခြောက်ဆင့်မြောက်သို့ ရောက်လာခဲ့သည်။

သူက ထိန်ချန်မထားဘဲ အစွမ်းကုန်သုံးပြီး ရှေ့တွင်ရှိနေသော အစိမ်းရောင်ရုပ်သေးရုပ်များကို ဓားဖြင့် ထိုးလိုက်သည်။

အံ့အားသင့်ဖွယ်ကောင်းသော ခုခံနိုင်စွမ်းနှင့် ကျောက်တုံးပြာရုပ်သေးများသည် တပည့်များအတွက် အချိန်အကြာဆုံးရင်ဆိုင်ရသော စိန်ခေါ်မှုတစ်ခု ဖြစ်သည်။

All Chapters