← Chapters

အန္တိမမူလ နတ်ဘီလူး

Vol. 101 Ch. 1051

အန္တိမမူလ နတ်ဘီလူး

Vol. 101 Ch. 1051

‘တာအိုဖန်တီးရှင်ကနေ ဖန်တီးရှင်သခင်အဆင့်ကို တက်ဖို့ အခွင့်အရေးလား...’

ဟန်ကျွယ်ဟာ မယုံသင်္ကာနဲ့ ရေရွတ်လိုက်ပါတယ် “စီနီယာက စွမ်းအားကြီးလာနိုင်သေးတာလား၊ စီနီယာက မဟာတာအိုကမ္ဘာကို ပထမဆုံး ဖန်တီးလို့ စွမ်းအားကြီးတယ်လို့ ထင်ထားတာ၊ ဒီလိုဆို ရှေ့ဆက်သွားဖို့ ကျင့်စဉ် ရှိသေးတာပဲ”

နဝမပဋိပက္ခ “မင်း အမှောင်သခင်ကြီး ဘယ်သူလဲဆိုတာ ရှာတွေ့မှာကို ငါ စောင့်နေမယ်”

အဲဒီနောက် အိပ်မက်ဟာ ကွဲကြေသွားပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ နဝမပဋိပက္ခပေးတဲ့ တာဝန်ကို တစ်စက်မှ ဂရုမစိုက်ပါဘူး။ ဒါပေမဲ့ စဉ်းစားစရာတစ်ခုတော့ ရှိပါတယ်။ နဝမပဋိပက္ခက တခြား တာအိုဖန်တီးရှင်တွေကို သူနဲ့ တန်းတူ ဆက်ဆံတာလား၊ ဒါမှမဟုတ် လက်အောက်ငယ်သားလို့ ဆက်ဆံတာလား ဆိုတာပါ။

လက်အောက်ငယ်သားလို ဆက်ဆံတာဆိုရင် သတင်းကောင်း မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နဝမပဋိပက္ခ သူ့ကို တာဝန်ပေးတာက စမ်းသပ်တာ ဖြစ်သွားလို့ပါပဲ။

‘အင်း... ငါ ဒီကိစ္စကို ဘာလို့ ခေါင်းခြောက်ခံပြီး စဉ်းစားနေမှာလဲ၊ စနစ်ကို မေးလိုက်ရင် ပြီးနေတာပဲ’

“နဝမပဋိပက္ခကို ငါ့ကို တကယ်ပဲ အမှောင်သခင်ကြီး ဘယ်သူလဲဆိုတာ ရှာစေချင်တာလား”

[သက်တမ်း ၁၀၀ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[မှန်ပါသည်။]

ဟန်ကျွယ်ဟာ လုံးဝ စိတ်ချသွားပါတယ်။

တကယ်တော့ ဟန်ကျွယ်ဟာ နဝမပဋိပက္ခကို မကြောက်ပါဘူး။ ဘာပဲဖြစ်ဖြစ် သူ့မှာ တာအိုစက်ကွင်း ရှိပါတယ်။ ဒါပေမဲ့ သူ ဂရုစိုက်တဲ့လူတွေကိုတော့ အများကြီး သက်ရောက်မှာပါ။

ဖိတ်ခေါ်ပညာရပ်ရဲ့ ဆင့်ခေါ်တဲ့အလျင်က နဝမပဋိပက္ခရဲ့ သတ်ဖြတ်ငွေ့ ဖြန့်ကြက်နှုန်းကို ဘယ်လိုမှ မမီနိုင်ပါဘူး။

အဲဒီနောက် ဟန်ကျွယ်ဟာ အာရုံပြောင်းဖို့အတွက် စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။

[သင့်သမီး ဟန်လင်သည် အန္တိမမူလစွမ်းအားကို သုံးသပ်နားလည်ပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]

[သင့်သားဟန်ဟွမ်သည် အထွတ်အထိပ်နိယာမများကို ပေါင်းစပ်ပြီး ဓမ္မစွမ်းအား အသွင်ပြောင်းလဲသွား၏။]

[သင့်တပည့် တာအိုအရှင်သခင်သည် သာလွန်ကမ္ဘာမှ ကျင့်ကြံသူများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၉၇၈၂၁၁၈၃

[သင့်တပည့်...]

[သင့်သား ဟန်ထော်သည် သင့်မိတ်ဆွေ အန္တိမဒဏ်ခတ်နတ်မင်း၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် ကျိန်စာတိုက်ခံခဲ့ရ၏။]

[သင့်မိတ်ဆွေ ကျောက်ရွှမ်ကွမ်းသည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ အမွေအနှစ်ကို ဆက်ခံရရှိပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]

[သင့်ညီ ဟန်မင်သည် ကာလဝဲဂယက်ထဲသို့ ဝင်ရောက်သွားသည်။]

[သင့်မိတ်ဆွေ ဝေ့လန်ရှန်မိသည် သင့်မျိုးဆက် ဟန်ယဲ့၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]

စာစောင်တွေကနေ သူ့မိတ်ဆွေ အသိုင်းအဝိုင်းက အချင်းချင်း ပြန်တိုက်ခိုက်ကြတာကို ဟန်ကျွယ် တွေ့လိုက်ရပါတယ်။ ဒါက ထူးဆန်းတာတော့ မဟုတ်ပါဘူး။ အဆင့်တစ်ခုကို ရောက်တဲ့အခါ သူတို့တွေဟာ ရှေ့ကို ဆက်တက်ချင်ကြမှာပါ။ ဒါပေမဲ့ အခွင့်အရေးတွေက အကန့်အသတ်ရှိတာကြောင့် တိုက်ခိုက်မှုကို ရှောင်လွှဲနိုင်မှာ မဟုတ်ပါဘူး။ အချိန်ကြာလာတာနဲ့အမျှ ရန်သူတွေ ဖြစ်လာမှာပါ။

ဟန်ကျွယ်ဟာ သူ့တပည့်တွေနဲ့ မိတ်ဆွေတွေ အကုန်လုံးက အမြဲတမ်း တစ်ယောက်ကို တစ်ယောက် ချစ်ချစ်ခင်ခင် နေကြလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ပါဘူး။ ကမ္ဘာမကျေ ရန်သူတွေ မဖြစ်လာရင် တော်ပါပြီ။

ဟန်ကျွယ်သာ တစ်ဖက်ကို ရွေးချယ်လိုက်ရင် ကျန်တစ်ဖက်က မကျေနပ်ချက်တွေ များလာပြီး တစ်နေ့ကျ ပေါက်ကွဲထွက်မှာပါ။ အငြိုးအတေးတွေက တစ်ခါတည်း ဖြေရှင်းဖို့ ခက်ပါတယ်။

ဒါပေမဲ့ ဒါကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ မသိမသာနဲ့ ဟန်ကျွယ်ရဲ့ စိတ်ဓာတ်ဟာ ပြောင်းလဲလာခဲ့ပါတယ်။ ဟန်ကျွယ်ဟာ သူစိုးရိမ်ပြီး တန်ဖိုးထားတဲ့ အရာတွေက လုံလောက်တဲ့ စွမ်းအားသာရှိရင် ဘာမှမဟုတ်ဘူးလို့ ခံစားလိုက်ရပါတယ်။

တပည့်တွေ အကုန်လုံးကို ဂရုစိုက်ဖို့ ခက်ပေမဲ့ ဟန်ကျွယ်ဟာ သူ့သားသမီးတွေကိုတော့ ဂရုစိုက်မှာပါ။

ဟန်ကျွယ်ဟာ သူ့သားသမီးတွေ တစ်ယောက်နဲ့ တစ်ယောက် အငြိုးထားမှာကို လုံးဝ ခွင့်မပြုပါဘူး။ မျိုးဆက်လေးငါးဆက် ခြားရင်တော့ ကိစ္စမရှိပါဘူး။

စာစောင်တွေကို ဖတ်ပြီးနောက် ဟန်ကျွယ်ဟာ မျက်စိမှိတ်ပြီး အနားယူပါတယ်။ ရုပ်ခန္ဓာပဲ အနားယူတာပါ။ ဟန်ကျွယ်ရဲ့ စိတ်ကတော့ အပြင်ဘက်ထွက်ပြီး ပဋိပက္ခနဲ့ တခြားမဟာတာအိုကမ္ဘာတွေကို ခရီးနှင်ပါတယ်။

နှစ်သုံးသိန်းကြာတဲ့အခါမှာတော့ ကြမ္မာဆိုးစာအုပ်ရဲ့ အဆင့်မြှင့်တင်မှု ပြီးဆုံးသွားပါတယ်။

[ကြမ္မာဆိုးစာအုပ်သည် အန္တိမတာအိုရတနာ အဆင့်မှ အန္တိမ အကောင်းစား ရတနာအဆင့်သို့ မြင့်တက်သွားပါပြီ။]

ဟန်ကျွယ် မြင်ကွင်းထဲမှာ အသိပေးချက်တစ်ချက် ပေါ်လာပါတယ်။ ကြမ္မာဆိုးစာအုပ်လည်း ပြန်ပေါ်လာပါတယ်။

ကြောက်စရာကောင်းတဲ့ အလင်းနက် ဖြာထွက်လာတဲ့အတွက် တာအိုဘုံကျောင်းထဲက အပူချိန်ကို အေးခဲမှတ်ထိ လျော့ကျသွားစေပါတယ်။ ဒီအေးစက်တဲ့ရောင်ဝါက ဟန်ကျွယ်ရဲ့ ဝိညာဉ်ကို မသက်မသာ ဖြစ်စေပါတယ်။

တာအိုဖန်တီးရှင်တောင် ဒီလိုခံစားရရင် သာမန် မဟာတာအိုပညာရှိက တစ်ချက်တည်း ရုပ်နာမ်နှစ်ပါးစလုံး ပျက်စီးသွားမှာပါ။ ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်လဲ။

ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ပွတ်သပ်ပြီး သက်ပြင်းချလိုက်ပါတယ် ‘ရတနာလေး... တစ်ချိန်တုန်းက မင်းက ဘာမှမဟုတ်ခဲ့ဘူး၊ ဘာလိုလိုနဲ့ ငါ မင်းကို ဒီအဆင့်ထိရောက်အောင် ပျိုးထောင်နိုင်ခဲ့ပြီ’

ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို တယုတယ ပွတ်သပ်လိုက်ပါတယ်။

ကြမ္မာဆိုးစာအုပ်က သူ့ကို ဝါးမမျိုဘူးဆိုတာ အတည်ပြုပြီးမှ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို သိမ်းလိုက်ပါတယ်။ လောလောဆယ်တော့ ဟန်ကျွယ်ဟာ နဝမပဋိပက္ခကို ကျိန်စာ မတိုက်သေးပါဘူး။ အချိန်နည်းနည်းကြာမှ နဝမပဋိပက္ခကို ဂြိုဟ်မွှေပေးမှာပါ။

ဟန်ကျွယ်ဟာ တတိယ တာအိုစက်ကွင်းထဲက တာအိုဘုံကျောင်းဆီ ပြန်ပါတယ်။ ရှန်ဝေါ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲမှာပါ ရှိပါသေးတယ်။ ရှန်ဝေါ်ရဲ့ မျက်နှာပေါ်က အပြုံးကို ကြည့်ရုံနဲ့ အသစ်လေးတွေကို အနိုင်ကျင့်နေတယ်ဆိုတာ တွက်ကြည့်စရာ မလိုပါဘူး။

ရှန်ဝေါ်ဟာ သူ့ထက် အားနည်းတဲ့ ကျင့်ကြံသူတွေနဲ့ တိုက်ခိုက်ရတာကို နှစ်သက်ပါတယ်။ တိုက်ပွဲပုံစံကလည်း ဟန်ကျွယ်လိုမျိုး တစ်ယောက်နဲ့ အများ တိုက်ခိုက်တာပါ။

ဟန်ကျွယ်ဟာ ဘာမှလုပ်စရာ မရှိတာနဲ့ အသွင်တူ လက်ရည်စမ်းပွဲထဲ ဝင်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ အနန္တဖျက်ဆီးရှင်သခင် ငါးသောင်းကို တစ်ခါတည်း စိန်ခေါ်ပါတယ်။ အနန္တဖျက်ဆီးရှင်သခင်က ၂ ကွာဒလီယံ တန်ဖိုးရှိပြီး ပဋိပက္ခသိစိတ်နဲ့ သဏ္ဍာန်မဲ့နတ်မင်းထက် စွမ်းအားကြီးပါတယ်။

ဒါပေမဲ့ ဟန်ကျွယ်ဟာ အရင်က ဟန်ကျွယ် မဟုတ်တော့တဲ့အတွက် အနန္တဖျက်ဆီးရှင်သခင် ငါးသောင်းကို အသာလေး တိုက်ခိုက်နိုင်ပါတယ်။ အနန္တဖျက်ဆီးရှင်သခင်က သူ့ထက် အဆင့်လေးတစ်ဆင့် နိမ့်တယ် မဟုတ်ပါလား။

ဟန်ကျွယ်ဟာ အရေအတွက်ကို ဆက်တိုးပါတယ်။ နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ အနန္တဖျက်ဆီးရှင်သခင် အရေအတွက် တိုးတာကို နှစ်သိန်းမှာ ရပ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဒီလောက်နဲ့တင် အတော်လေးကို ကျေနပ်အားရနေပါပြီ။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်တဲ့အခါ ရှန်ဝေါ်က အသွင်တူ လက်ရည်စမ်းပွဲထဲမှာပဲ ရှိနေသေးတာကို တွေ့လိုက်ရပါတယ်။ ဟန်ကျွယ်လည်း ရှန်ဝေါ်ကို မနှောင့်ယှက်ဘဲ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။

ဖန်တီးရှင်ဧကရာဇ်ရုံးတော်၊ မိုးကောင်းကင်ခန်းမ။

ဟန်လင်ဟာ ဝတ်ရုံနက်လူငယ်ကို ငုံ့ကြည့်နေပါတယ်။ ဒီလူငယ်က ကြမ်းပြင်ပေါ် ဒူးထောက်နေပြီး ၁၅ နှစ် ၁၆ နှစ်အရွယ် ရှိပါတယ်။ သူ့မျက်နှာက ဟန်လင်နဲ့ အ‌တော်လေး ဆင်တူပါတယ်။ လူငယ်ရဲ့ မျက်နှာဟာ ချောမောပြီး စွဲမက်စရာကောင်းပေမဲ့ မျက်လုံးတွေကတော့ မြွေဟောက်တစ်ကောင်လို အေးစက်နေပါတယ်။

“နင်က အန္တိမမူလ ကျင့်ကြံမှု စွမ်းရည်ကနေ ဖြစ်တည်လာတာဆိုတော့ ငါ နင်ကို အန္တိမမူလလို့ ခေါ်မယ်” ဟန်လင်က ဝတ်ရုံနက် လူငယ်ကို ပြောလိုက်ပါတယ်။

ဝတ်ရုံနက်လူငယ် “ပဋိပက္ခမှာ အစွမ်းအထက်ဆုံးက ပဋိပက္ခ နတ်ဘီလူးလို့ ကျွန်တော် ကြားထားတယ်၊ ဒီတော့ ကျွန်တော့်ကိုယ်ကျွန်တော် အန္တိမမူလ နတ်ဘီလူးလို့ခေါ်မယ်၊ နောက်ကျရင် ကျွန်တော် လောကဦး နတ်ဘီလူးနဲ့ ယှဉ်ပြိုင်မယ်၊ မယ်တော် ဘယ်လိုသဘောရလဲ”

ဟန်လင် “အန္တိမမူလနတ်ဘီလူး... ကောင်းတယ်၊ ငါ့ကို မယ်တော်လို့ မခေါ်နဲ့၊ အရှင်မင်းကြီးလို့ပဲခေါ်”

အန္တိမမူလ နတ်ဘီလူးဟာ မျက်မှောင်ကြုတ်သွားပြီး မပျော်မရွှင် ဖြစ်သွားပေမဲ့ ဟန်လင်စကားကို လက်ခံလိုက်ပါတယ်။

ဟန်လင်က ဆက်ပြောပါတယ် “ငါ နင့်ကို နှစ်တစ်သောင်း သင်ကြားပေးမယ်၊ ပြီးရင် ကောင်းကင်ရုံးတော်ဆီသွားပြီး လေ့ကျင့်ရမယ်”

အန္တိမမူလ နတ်ဘီလူးက မေးလိုက်ပါတယ် “ကျွန်တော် တစ်နေရာရာက လာတယ်ဆိုတာကို ကျွန်တော် ခံစားမိတယ်၊ အရှင်မင်းကြီး... ကျွန်တော့်ကို ဘယ်မှာ ရှာတွေ့ခဲ့တာလဲ၊ အဲဒီနေရာမှာ ကျွန်တော် စွမ်းအားကြီးလာနိုင်တယ်၊ ပဋိပက္ခထဲက သက်ရှိအကုန်လုံးကို ဖိနှိပ်နိုင်တဲ့အထိ စွမ်းအားကြီးလာနိုင်မှာ”

ဟန်လင်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ငါပြောတာကို နားမလည်ဘူးလား”

အန္တိမမူလ နတ်ဘီလူးဟာ ခေါင်းငုံ့သွားပါတယ်။

“ငါ နင့်ကို ဖန်တီးထားတာ၊ ငါ့ကြောင့်သာ မဟုတ်ရင် နင် ဘယ်လိုလုပ်ပြီး အသွင်ပြောင်းလဲနိုင်မှာလဲ၊ တခြားလူတွေသာ နင့်ကို ရှာတွေ့ခဲ့ရင် တစ်ခါတည်း သန့်စင်ပစ်မှာ၊ ငါ နင့်အတွက် အကုန်လုံး စီစဉ်ပြီးပြီ၊ ဘာမှ စောဒက မတက်နဲ့၊ ငါပြောတာ နားလည်လား...”

“နားလည်ပါတယ်” အန္တိမမူလ နတ်ဘီလူးဟာ တုန်ယင်တဲ့အသံနဲ့ ပြန်ဖြေပါတယ်။

ဟန်လင် “နင်ရဲ့ မွေးရာပါစွမ်းအားက ဘယ်လောက် စွမ်းအားကြီးလဲဆိုတာ ကြည့်ရအောင်၊ ငါ့ကို တိုက်... အစွမ်းကုန်တိုက်... နင် ငါ့ကို ထိခိုက်အောင် လုပ်နိုင်ရင် နင်သွားချင်တဲ့ ဘယ်နေရာမဆို လိုက်ပို့ပေးမယ်”

အန္တိမမူလ နတ်ဘီလူးဟာ တအံ့တဩ မော့ကြည့်လိုက်ပါတယ် “တကယ်လား”

“တကယ်”

“အရှင်မင်းကြီး... ကျွန်တော်က အရမ်းစွမ်းအားကြီးတယ်၊ အရှင်မင်းကြီး ဂရုစိုက်ပါ”

“တိုက်တော့...”

အန္တိမမူလ နတ်ဘီလူးဟာ မတ်တတ်ရပ်လိုက်ပါတယ်။ သူ့ခန္ဓာကိုယ်ထဲကနေ အနီရောင်ချီ ထွက်ပေါ်လာပြီး အရိပ်တစ်ခုအဖြစ် ခဲသွားပါတယ်။

ဟန်လင်ဟာ ဒီအရိပ်ကို မြင်တဲ့အခါ မှင်တက်သွားပါတယ် ‘တကယ်ပဲ... ဖေဖေ့ရဲ့ စွမ်းအားကိုး’

အန္တိမမူလ နတ်ဘီလူးဟာ ဓမ္မရုပ်တုကို ခဲပြီးတာနဲ့ ဟန်လင်ကို ရုတ်တရက် တိုက်ခိုက်လိုက်ပါတယ်။

မိုးကောင်းကင်ခန်းမဟာ သိမ့်သိမ့်တုန်သွားပါတယ်။ အသက်ရှူကြိမ် လေးငါးဆယ်ကြိမ် အကြာမှာတော့ အန္တိမမူလ နတ်ဘီလူးဟာ ကြမ်းပြင်ပေါ်မှာ သူတောင်းစားလို လဲကျနေပါတယ်။ သူ့ကို ဧကရာဇ်စစ်သားထောင်ချီက ဝိုင်းထားပါတယ်။ ကောင်းကင်မှာလည်း နောက်ထပ် ဧကရာဇ်စစ်သားတစ်ပါးက သူ့ကို နတ်လက်နက်နဲ့ ရွယ်ထားပါတယ်။

အန္တိမမူလ နတ်ဘီလူးဟာ မယုံနိုင်အောင် ဖြစ်သွားပြီး တဆတ်ဆတ် တုန်သွားပါတယ် ‘ငါ ဒီလောက်မြန်မြန် ရှုံးနိမ့်သွားတာလား၊ ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ’

“မင်းရဲ့ စွမ်းအားက ကြီးမားပါတယ်၊ ဒါပေမဲ့ မင်း အပြည့်အဝ မထိန်းချုပ်နိုင်သေးဘူး၊ မင်းရဲ့ ခန္ဓာကိုယ်နဲ့ ကျင့်ကြံမှုက အားနည်းလွန်းတယ်၊ မင်း ကြိုးစားကျင့်ကြံဖို့ လိုတယ်၊ ဒီစွမ်းအားကို အရှက်မရစေနဲ့”

အန္တိမမူလ နတ်ဘီလူးဟာ အံကြိတ်ပြီး မျက်လုံးထဲမှာ လက်မခံလိုမှုတွေ ပြည့်နှက်သွားပါတယ်။

ဒီအချိန်မှာပဲ အသံတစ်သံ ထွက်ပေါ်လာပါတယ် “အရှင်မင်းကြီး... ဒဏ်ခတ်သမားဟန်ဟွမ် အလည်လာပါတယ်၊ အရှင်မင်းကြီး တွေ့ဆုံချင်ပါသလား”

ဒီအသံက မိုးခြိမ်းသံလိုပဲ တစ်နေရာရာက ထွက်ပေါ်လာတာပါ။

ဟန်လင်ဟာ မျက်လုံးကျဉ်းလိုက်ပါတယ် “ဝင်ခွင့်ပေးလိုက်၊ မရိုင်းပျနဲ့”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters