← Chapters

‌လောကဦးနတ်လှံ

Vol. 101 Ch. 1052

‌လောကဦးနတ်လှံ

Vol. 101 Ch. 1052

အန္တိမမူလနတ်ဘီလူးဟာ မတ်တတ်ရပ်လိုက်ပါတယ်။ အန္တိမမူလ နတ်ဘီလူးဟာ ဟန်ဟွမ်ရဲ့နာမည်ကို ကြားလိုက်ရတဲ့အခါ မျက်နှာမှာ ထူးဆန်းတဲ့ အရိပ်အယောင် ယှက်သမ်းသွားပါတယ်။

အန္တိမမူလနတ်ဘီလူးဟာ မွေးဖွားလာတာ အချိန်တစ်ခု ရှိနေပါပြီ။ သူဟာ ဖန်တီးရှင်ဧကရာဇ် ရုံးတော်ကနေ ဘယ်တုန်းကမှ ထွက်မသွားခဲ့ပေမဲ့ ဟန်ဟွမ်ရဲ့ နာမည်ကို တခြား ကျင့်ကြံသူတွေဆီကနေ မကြာခဏ ကြားခဲ့ရပါတယ်။

ပဋိပက္ခရဲ့ ပထမ တာအိုပညာရှိ။

အနှိုင်းမဲ့ထိပ်ဆုံး။

အစွမ်းအထက်ဆုံး ဒဏ်ခတ်သမား။

ဘွဲ့နာမည်အများကြီးက ဟန်ဟွမ်ရဲ့ ဂုဏ်ရည်ကို ဖော်ပြနေပါတယ်။ သူ့ရဲ့ တိုက်ပွဲ အောင်မြင်မှုတွေကလည်း သမိုင်းမှာ အစဉ်ထာဝရ ကျန်ရစ်ခဲ့မှာပါ။ အန္တိမမူလ နတ်ဘီလူးဟာ ဟန်ဟွမ်ရဲ့ ဒဏ္ဍာရီတွေကို ကြားတိုင်း တမ်းတမ်းစွဲ ဖြစ်သွားတာချည်းပါပဲ။

အခု ဒီလိုပုဂ္ဂိုလ်ကို ကိုယ်တိုင်တွေ့ရမှာ ဖြစ်တဲ့အတွက် အန္တိမမူလ နတ်ဘီလူးဟာ စိတ်မလှုပ်ရှားဘဲ မနေနိုင်ပါဘူး။

မကြာခင်မှာပဲ ခရမ်းရောင် သက်တန့်ဟာ လျင်မြန်စွာ ရောက်ရှိလာပါတယ်။ ခရမ်းရောင် သက်တန့်ပေါ်မှာတော့ လူတစ်ယောက် စီးနင်းလိုက်ပါလာပါတယ်။ သူ့ကိုယ်ဟန်က စိုးမိုးခြယ်လှယ်လွန်းပြီး ခြေလှမ်းတိုင်းမှာ လေပြင်းတွေ တိုက်ခိုက်သွားပါတယ်။ လောကဦး ခရမ်းရောင်ချီကနေ ခဲလာခဲ့တဲ့ ခရမ်းရောင်ချပ်ဝတ်ဟာ နတ်ဝိညာဉ် တွယ်ကပ်နေတာကြောင့် ပဋိပက္ခ နတ်ဘီလူးလိုပါပဲ။ ခရမ်းရောင် ချပ်ဝတ်ဟာ ဟန်ဟွမ် နောက်ကနေ ထက်ကြပ်မကွာ လိုက်ပါလာပါတယ်။

အန္တိမမူလ နတ်ဘီလူးဟာ ဟန်ဟွမ်ကို ကြည့်လိုက်တဲ့အခါ ဒီစိုးမိုးခြယ်လှယ်လွန်းတဲ့ ရောင်ဝါကြောင့် လန့်သွားပါတယ်။ အန္တိမမူလ နတ်ဘီလူးဟာ လောကမှာ ဒီလိုမျိုး စွမ်းအားကြီးတဲ့ ကျင့်ကြံသူ ရှိနေလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။ ရောင်ဝါတစ်ခုတည်းနဲ့တင် တော်တော် ကြောက်ဖို့ကောင်းနေပါပြီ။

အန္တိမမူလ နတ်ဘီလူးဟာ မှင်တက်သွားပါတယ်။

ဟန်ဟွမ်ဟာ အန္တိမမူလ နတ်ဘီလူးကို ဂရုမစိုက်ဘဲ ခန်းမထဲ ဝင်လိုက်ပါတယ်။ အဲဒီနောက် ဟန်ဟွမ်ဟာ ဟန်လင်ကို ကြည့်ပြီး “ညီမ,လေး... နင်တစ်နေ့ ဒီလိုမျိုး ဖြစ်လာလိမ့်မယ်လို့ အစ်ကို ထင်မထားဘူး၊ ဟန်မိသားစုရဲ့ ပါရမီရှင်တွေကို စည်းရုံးသိမ်းသွင်းနိုင်တဲ့ ဧကရာဇ်က ဘယ်သူများလဲလို့... လက်စသတ်တော့ နင်ဖြစ်နေတာကိုး”

ဟန်လင်ဟာ မတ်တတ်ရပ်ပြီး ပြုံးလိုက်ပါတယ် “အစ်ကိုနှစ်ကတော့ နောက်ပြီ၊ အစ်ကိုနှစ် အစောကြီးကတည်းက သိနေတာမလား၊ မဟုတ်ရင် အစ်ကိုနှစ်ရဲ့ စရိုက်နဲ့ စိတ်ရှည်လက်ရှည် ထိုင်စောင့်နေမှာ မဟုတ်ဘူး”

ဟန်ဟွမ်ဟာ ပြုံးပြီး ခေါင်ညိတ်လိုက်ပါတယ်။ ဟန်ဟွမ်ဟာ ဟန်လင်ကို ကြည့်လေလေ ပိုပြီးတော့ ကျေနပ်လေလေပါပဲ။

ဟန်ဟွမ်ဟာ အန္တိမမူလ နတ်ဘီလူးကို ကြည့်ပြီး ပြောလိုက်ပါတယ် “ညီမ,လေး... သူ့ကို ထွက်သွားခိုင်းလိုက်”

ဟန်လင်ဟာ ပြုံးလိုက်ပါတယ် “အစ်ကိုနှစ်... သူက တစ်ယောက်ယောက်နဲ့ တူတယ်လို့ မထင်ဘူးလား”

ဟန်ဟွမ်ဟာ အံ့အားသင့်သွားပါတယ်။

အန္တိမမူလ နတ်ဘီလူးဟာ ရင်ထိတ်သွားပါတယ်။

“အစ်ကို သိပြီ၊ အဲဒါဆိုလည်း သူ့ကို နားထောင်ခိုင်းလိုက်၊ အမြင်ကျယ်သွားတာ‌ပေါ့” ဟန်ဟွမ်ဟာ တစ်ချက်ရယ်မောရင်း ဟန်လင်ကို ပြန်ကြည့်လိုက်ပါတယ်။

ပြုံးရယ်နေတဲ့ ဟန်လင်ဟာ အရင်လိုမျိုး စိုးမိုးခြယ်လှယ်တဲ့ ရောင်ဝါ မရှိတော့ပါဘူး။ သာမန်ညီမလေး တစ်ယောက်လိုပါပဲ။

ဟန်ဟွမ်ရဲ့ ဟန်လင်ရဲ့ အပြုအမူကို အတော် ကျေနပ်ပါတယ် “အစ်ကို ပဋိပက္ခ၊ ရှီထျန်၊ သာလွန်၊ သိစိတ်မဲ့ မဟာတာအိုကမ္ဘာတွေရဲ့ အထွတ်အထိပ် နိယာမတွေကို ပေါင်းစပ်လိုက်ပြီ၊ အစ်ကိုရဲ့ စွမ်းအားက တစ်ခါမှမရှိခဲ့ဖူးတဲ့ အဆင့်ကို ရောက်သွားပြီ၊ ဒီအထွတ်အထိပ် နိယာမလေးပါးနဲ့ အစ်ကို နတ်လက်နက်တစ်ပါးကို ပျိုးထောင်နေတယ်၊ ဒီနတ်လက်နက်မှာ အထွတ်အထိပ် နိယာမလေးပါးရဲ့ စွမ်းအားတွေ ပါဝင်တယ်၊ ဒါပေမဲ့ အစ်ကိုမှာ တခြားလုပ်စရာတွေ ရှိသေးတယ်၊ အဲဒီတော့ အစ်ကို စဉ်းစားကြည့်တော့ အစ်ကိုတို့ မောင်နှမတွေထဲမှာ ညီမ,လေးပဲ ကိုယ်ပိုင်နယ်မြေရှိတယ်၊ အဲဒါကြောင့် အစ်ကို ဒီနတ်လက်နက်ကို ညီမ,လေးဆီ ပေးချင်တယ်”

‘နတ်လက်နက်’ ဟန်လင်ဟာ ဘာမှမတတ်နိုင်တဲ့အပြုံး ပြုံးလိုက်ပါတယ် ‘ငါက အန္တိမမူလ နတ်ဘီလူးကို ပျိုးထောင်ဖို့ မိစ္ဆာ ကောင်းကင်ဧကရာဇ်လက်ထဲ အပ်လိုက်တယ်၊ အခု အစ်ကိုနှစ်က ငါ့ကို နတ်လက်နက် ပေးပြန်ပြီ၊ ဘာတွေ ဖြစ်ကုန်တာလဲ’

ဟန်ဟွမ်ဟာ ဟန်လင်က လက်မခံချင်တာကို တွေ့တဲ့အတွက် “ဖန်တီးရှင်ဧကရာဇ်ရုံးတော်က အင်အားစုဆောင်းနေတာ၊ ဒီနတ်လက်နက်ကို ရတာက ညီမ,လေးအတွက် တချို့ကိစ္စတွေ လွယ်ကူသွားစေလိမ့်မယ်၊ ဖန်တီးရှင်ဧကရာဇ်ရုံးတော်က တကယ် အင်အားစုကြီး ဖြစ်လာရင် အစ်ကို ဒီနတ်လက်နက်ကို ပြန်ယူမှာပါ”

ဟန်လင်ဟာ ပြုံးလိုက်ပါတယ် “တကယ်တော့ ဖန်တီးရှင်ဧကရာဇ်ရုံးတော်မှာ အဲဒီလိုမျိုး နတ်လက်နက် ရှိတယ်၊ အဲဒီနတ်လက်နက်က သူပဲ၊ သူ့ကို အန္တိမမူလ နတ်ဘီလူးလို့ ခေါ်တယ်၊ ညီမ သူ့ကို မိစ္ဆာ ကောင်းကင်ဧကရာဇ် လက်ထဲအပ်ပြီး လေ့ကျင့်သင်ကြားခိုင်းထားတယ်”

ဟန်ဟွမ်ဟာ မှင်တက်သွားပါတယ်။ ဟန်ဟွမ်ဟာ အန္တိမမူလ နတ်ဘီလူးဆီကို အကြည့် ထပ်ရောက်သွားပါတယ် “အန္တိမမူလ နတ်ဘီလူး... အန္တိမမူလက ဘာလဲ”

အန္တိမမူလ နတ်ဘီလူးက ချက်ချင်း ပြန်ဖြေပါတယ် “ပဋိပက္ခနဲ့ လောကဦးပဋိပက္ခ အထက်မှာ အန္တိမမူလပဲ”

“မဖြစ်နိုင်ဘူး” ဟန်ဟွမ်ဟာ မကျေနပ်တဲ့ မျက်နှာနဲ့ အော်လိုက်ပါတယ် “လောကဦး နတ်ဘီလူးက လောကမှာ အစွမ်းအထက်ဆုံးနဲ့ အရည်အချင်း အရှိဆုံးပဲ၊ မင်း တွေ့ဖူးလို့လား”

အန္တိမမူလ နတ်ဘီလူးဟာ ‌လောကဦး သက်ရှိတွေက မယုံကြည်တာတောင် ဟန်ဟွမ်က သူ့ကိုယ်သူ လောကဦးနတ်ဘီလူးလို့ ခေါ်တာ သဘောပေါက်သွားပါတယ်။

အန္တိမမူလ နတ်ဘီလူးဟာ ခေါင်းဆန့်လိုက်ပါတယ် “ကျွန်တော် မတွေ့ဖူးပေမဲ့ ဒီလိုပဲ ဖြစ်မှာပါ”

“ဟီးဟီး... အဲဒီလိုလား” ဟန်ဟွမ်ရဲ့ အသံဟာ အေးစက်သွားပြီး ကြောက်မက်ဖွယ်ရောင်ဝါကို ထုတ်လွှတ်လိုက်ပါတယ်။ ဒီရောင်ဝါရဲ့ ဖိအားကြောင့် အန္တိမမူလ နတ်ဘီလူးဟာ ကြမ်းပြင်ပေါ် ဒူးထောက်ကျသွားပါတယ်။

အန္တိမမူလ နတ်ဘီလူးဟာ ဟန်ဟွမ်ကို မယုံနိုင်စွာ ကြည့်လိုက်ပါတယ် ‘သူ့စွမ်းအားက အရှင်မင်းကြီးထက် မနိမ့်ကျဘူးပဲ... မဖြစ်နိုင်ဘူး... ဒါက လောကဦး နတ်ဘီလူးလား’

“အစ်ကိုနှစ်... သူက ညီမလေးရဲ့ ကလေးလိုပဲ၊ ဘာလို့ ကလေးကို အနိုင်ကျင့်နေတာလဲ” ဟန်လင်ရဲ့ အသံဟာ ညင်သာစွာ ထွက်ပေါ်လာပြီး ဟန်ဟွမ်ရဲ့ ကျယ်ပြောလှတဲ့ ရောင်ဝါဟာ တစ်မုဟုတ်ချင်း ပျောက်ကွယ်သွားပါတယ်။

ဟန်ဟွမ်ဟာ ဟန်လင်ကို တအံ့တဩ ကြည့်လိုက်ပါတယ်။ ဟန်ဟွမ်ဟာ စွမ်းအားအပြည့် မသုံးထားပေမဲ့ ဟန်လင်က သူ့ရောင်ဝါကို ဒီလောက် လွယ်လွယ်ကူကူ ချိုးဖျက်နိုင်လိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။

‘အံ့ဖွယ်ပဲ... ငါ ညီမ,လေးကို လျှော့တွက်မိပြီနဲ့ တူတယ်၊ သူ ဒီအဆင့်အထိ ရောက်လာတာ ဟန်ယဲ့၊ ဟန်ယောင်နဲ့ ဟန်ပါရှန်ကြောင့် မဟုတ်ဘူးပဲ’

‘ဒါက ယုတ္တိမရှိတာတော့ မဟုတ်ဘူး.. ညီမ,လေးက အဖေကို အချိန်အကြာဆုံး အဖော်ပြုပေးခဲ့တာ၊ အခု အပြင်ထွက်လာပြီဆိုတော့ သေချာပေါက် ပြိုင်ဘက်ကင်းတဲ့ စွမ်းအား ရှိမှာပဲ’

ဒီအတွေးကြောင့် ဟန်ဟွမ်ရဲ့ မျက်လုံထဲမှာ တိုက်ခိုက်လိုစိတ်တွေ ပြည့်လျှံလာပါတယ်။ ဟန်ဟွမ်ဟာ ရုတ်တရက်ဆိုသလိူ ဟန်လင်ကို စိန်ခေါ်ချင်သွားပါတယ်။

ဟန်လင်ဟာ ဟန်ဟွမ်ရဲ့ အတွေးကို ခန့်မှန်းမိပါတယ်။ ဒါပေမဲ့ ကြောက်ရွံ ထိတ်လန့်ခြင်း မရှိသလို စိုးရိမ်ဒေါသထွက်ခြင်းလည်း မရှိပါဘူး။ ပြုံးရုံပဲ ပြုံးလိုက်ပါတယ်။

“အစ်ကိုနှစ်က... ညီမကို နတ်လက်နက် ပေးချင်မှတော့ ညီမ လက်ခံပါ့မယ်”

ဟန်ဟွမ်ဟာ ပြုံးလိုက်ပါတယ် “ကျေးဇူးပဲ ညီမ,လေး”

ဟန်လင်က သူ့တောင်းဆိုချက်ကို လက်ခံလိုက်တဲ့အတွက် ဟန်ဟွမ်ဟာ ဟန်လင်ကို ခက်ခဲအောင် မလုပ်တော့ပါဘူး။

“ငါတို့တွေ နောက်ကျ အားလို့ရှိရင် အသွင်တူ လက်ရည်စမ်းပွဲထဲမှာ လက်ရည်စမ်းကြရအောင်လား” ဟန်ဟွမ်က အပြုံးနဲ့ မေးလိုက်ပါတယ်။ ဟန်လင်က အပြုံးနဲ့ ခေါင်းညိတ်ပြီး လက်ခံလိုက်ပါတယ်။

ဟန်ဟွမ် လက်ဝှေ့ယမ်းလိုက်တဲ့အခါ ခရမ်းရောင် ရောင်ဝါ လွှမ်းမိုးနေတဲ့ လှံနက်တစ်ချောင်း ကောင်းကင်ကနေ ဆင်းသက်လာပါတယ်။ ဒီလှံနက်ဟာ မိုးကောင်းကင်ခန်းမရဲ့ ကြမ်းပြင်ကို ထိုးဖောက်သွားပါတယ်၊ အဲဒီနောက် လှံရိုးဟာ ပြင်းထန်စွာ တုန်ခါပြီး တဝီဝီအသံကို ထုတ်လွှတ်ပါတယ်။ ဒီအသံက အန္တိမမူလ နတ်ဘီလူးကို တုန်တက်သွားစေပါတယ်။

‘ဒါ ဘယ်လို နတ်လက်နက်မျိုးလဲ... တော်တော် ကြောက်စရာကောင်းတာပဲ’ အန္တိမမူလ နတ်ဘီလူးဟာ လန့်သွားပါတယ်။ ဟန်ဟွမ်က သူ့ရဲ့ နားလည်မှုကို ထပ်ပြီးတော့ ချိုးဖျက်လိုက်ပြန်ပါပြီ။

ဟန်လင်ရဲ့ အကြည့်ဟာ လှံနက်ဆီ ကျရောက်သွားပါတယ်။ ဒီလှံနက်က ပေတစ်ထောင် ရှည်လျားပြီး လှံသွားက သုံးပုံတစ်ပုံ နေရာယူထားပါတယ်။ ချီလင်နှစ်ကောင် ရစ်ခွေနေသလိုပါပဲ။ ဓားသွားက အေးစက်ပြီး ထက်လွန်းပါတယ်။ ဒါ့အပြင် အထွတ်အထိပ်နိယာမတွေကနေ ဖြစ်တည်လာတဲ့ ခုနစ်ရောင်ခြယ် နတ်သင်္ကေတတွေလည်း ဓားသွားကို ဖုံးလွှမ်းနေပါသေးတယ်။

ဟန်လင်ဟာ ဒီလှံမှာ ပါဝင်တဲ့ အားကောင်းတဲ့ အသက်ဓာတ်နဲ့ အသိဉာဏ်ကို အာရုံခံနိုင်ပါတယ်။ ဒီလှံက သာမန်မဟုတ်ပါဘူး။ ဟန်လင်ဟာ လက်ဝှေ့ယမ်းပြီး လှံနက်ကို ဆုပ်ကိုင်လိုက်ပါတယ်။

ဒီအခါ ပြင်းထန်ကြမ်းတမ်းတဲ့ ခရမ်ရောင်ချီ ထွက်ပေါ်လာပြီး လှံရိုးဟ တုန်ခါသွားပါတယ်။ ဟန်လင် လက်ထဲကနေ ရုန်းထွက်ဖို့ ကြိုးစားတာပါ။ ဒါပေမဲ့ ဟန်လင်ဟာ မျက်လုံးကျဉ်းပြီး အားသုံး ဖိနှိပ်လိုက်ပါတယ် ‘အံ့ဖွယ်လက်နက်ပဲ’

ဟန်ဟွမ်ဟာ တိတ်တဆိတ် သက်ပြင်းချလိုက်ပါတယ်။ ဒီလှံနက် ဘယ်လောက် စွမ်းအားကြီးလဲဆိုတာကို ဟန်ဟွမ် သိပါတယ်။ ဒီလှံရဲ့ စွမ်းအားက မဟာတာအို အထွတ်အထိပ် ထိပ်ဆုံးအဆင့်နဲ့ နှိုင်းယှဉ်လို့ရပါတယ်။ ဒါပေမဲ့ သူ့ညီမက ဒီလိုလှံကို ရုန်းမထွက်နိုင်အောင် လက်တစ်ဖက်တည်းနဲ့ ဖိနှိပ်လိုက်တယ် မဟုတ်ပါလား။

‘ငါ့ညီမက ငါ့ကိုတောင် ယှဉ်နိုင်နေပြီလား... မဖြစ်နိုင်ဘူး... ငါ့အရည်အချင်းက ပြိုင်ဘက်ကင်းတယ်၊ နောက်ပြီး အခွင့်အရေးတွေလည်း အများကြီး ရခဲ့သေးတာ၊ ဘယ်လိုလုပ်ပြီး ညီမ,လေး မီနိုင်မှာလဲ’

ဒါပေမဲ့ ဟန်ဟွမ်ဟာ သူ့အဖေအကြောင်းကို တွေးမိတဲ့အခါမှာတော့ နည်းနည်း ရှုပ်ထွေးသွားပါတယ်။ ဟန်ဟွမ်ဟာ သူ့အဖေက ဘာလိုချင်လဲဆိုတာကို မခန့်မှန်းတတ်ပါဘူး ‘ကြည့်ရတာ ငါ ပြန်သွားပြီး လက်ရည်စမ်းကြည့်မှနဲ့ တူတယ်’

“ဒီလှံက လောကဦးနတ်လှံလို့‌ ခေါ်တယ်၊ မဟာတာအို အကောင်းစား ရတနာတွေကို ကျော်လွန်ပြီး အန္တိမတာအိုရတနာ ဖြစ်သွားပြီ၊ နောက်ပြီး သူ့အောင်မြင်မှုက ဒီလောက်နဲ့ တန့်သွားမှာ မဟုတ်ဘူး၊ ဆက်တိုက် စွမ်းအားကြီးလာပြီး အန္တိမတာအိုရတနာအဆင့်ကိုတောင် ကျော်လွန်သွားနိုင်တယ်၊ ညီမ,လေး ကောင်းကောင်း အသုံးပြုချည်”

ဟန်ဟွမ်ဟာ စကားဆုံးတာနဲ့ လျင်မြန်စွာ ထွက်ခွာသွားပါတယ်။ ဟန်ဟွမ် ထွက်သွားတာနဲ့ ခန်းမထဲမှာ စိုးမိုးနေတဲ့ရောင်ဝါဟာ ရုတ်ခြည်း ပျောက်ကွယ်သွားပါတယ်။

အန္တိမမူလ နတ်ဘီလူးဟာ လောကဦးနတ်လှံကို တောက်လောင်တဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်ပါတယ်။

ဟန်လင်က အပြုံးနဲ့ မေးလိုက်ပါတယ် “လိုချင်လား”

အန္တိမမူလ နတ်ဘီလူးဟာ ကြက်အစာကောက်သလို ခေါင်းညိတ်လိုက်ပါတယ်။

“အိပ်မက်မက်နေလိုက်... သွားတော့”

အန္တိမမူလ နတ်ဘီလူးလည်း ရှက်သွားပြီး ရွေးချယ်စရာမရှိဘဲ ထွက်ခွာသွားရပါတယ်။

ဟန်လင်ဟာ လောကဦးနတ်လှံကို ကြည့်ပြီး ဘယ်သူကို ပေးရမလဲဆိုတာ စဉ်းစားပါတယ်။

‘ဟန်ယဲ့မှာက ဖေဖေပေးထားတဲ့ လောကခွင်းနတ်လေး ရှိတယ်၊ ဒီနတ်လေးက ဒီလှံထက် မနိမ့်ဘူး... ဟန်ယောင်ကို ပေးရင်ကောင်းမလား... ဒါဆို ငါ ဟန်ပါရှန်ကို ဘာပေးရမလဲ’

ဟန်လင်ဟာ ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲ မသိတော့ပါဘူး။ ဟန်လင်ဟာ အန္တိမမူလ နတ်ဘီလူးကိုတော့ စာရင်းထဲ ထည့်မထားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အန္တိမမူလ နတ်ဘီလူးက မရိုးသားလို့ပါပဲ။ ဟန်လင် သူ့ကို ပျိုးထောင်တာကလည်း အသုံးချဖို့သက်သက်ပါ။ တကယ်ကြီး သားအဖြစ် သဘောထားတာ မဟုတ်ပါဘူး။

ဒီအချိန်မှာ လောကဦးနတ်လှံဟာ သူ့ကို လွှတ်ပေးဖို့ တောင်းပန်သလိုမျိုး တုန်ခါလာပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters