← Chapters

အန္တိမမူလ ကောင်းကင်ထောင်

Vol. 101 Ch. 1055

အန္တိမမူလ ကောင်းကင်ထောင်

Vol. 101 Ch. 1055

ဩဇာသုံးထောင် ခန္ဓာကိုယ်။

မဟာလောကဦး ပဋိပက္ခကံတရား။

ပထမပဋိပက္ခရဲ့ စိတ်ဆန္ဒ။

ဒီနာမည်တွေ အကုန်လုံးက အထင်ကြီးဖို့ ကောင်းပါတယ်။ ဟန်ကျွယ်ဟာ နိုးနိုးကြားကြား ဖြစ်သွားပါတယ် ‘နဝမပဋိပက္ခက သူ့အစ်ကိုတော်တွေကို အသက်ပြန်ရှင်အောင်လုပ်နေတာလား...’

ဟန်ကျွယ် တွေးလည်း တွေးချင်စရာပါ။ အဋ္ဌမပဋိပက္ခက ကျောက်ရွှမ်ကွမ်းအဖြစ် ပြန်ဝင်စားပါတယ်။ အခု ပထမပဋိပက္ခရဲ့ အမွေကို ဆက်ခံတဲ့ ယွီယွမ် ပေါ်လာပါတယ်။ ဒီညီအစ်ကို ကိုးယောက် ပူးပေါင်းရင် ဘယ်လောက် စွမ်းအားကြီးသွားမလဲဆိုတာက တွေးသင့်တဲ့အရာပါ။

နဝမပဋိပက္ခက တစ်ခုခု မှားနေပြီ ဆိုတာကို အာရုံခံမိတယ်နဲ့ တူပါတယ်။ အမှောင်သခင်ကြီးက သူ ကျင့်ကြံမှုကို နှောင့်နှေးအောင် လုပ်နေတဲ့အတွက် အန္တရာယ်အငွေ့အသက်ကို အာရုံခံမိပြီး သူ့အစ်ကိုတွေကို ပြန်ပျိုးထောင်တာ ဖြစ်နိုင်ပါတယ်။

ဟန်ကျွယ်ဟာ ယွီယွမ်ကို လှမ်းကြည့်လိုက်ပါတယ်။ ယွီယွမ်က ကြယ်စကြဝဠာထဲမှာ မဟုတ်ပေမဲ့ ကြယ်စကြဝဠာနဲ့ သိပ်တော့ မဝေးပါဘူး။

ယွီယွမ်ဘေးမှာ တခြားလူတစ်ယောက်လည်း ရှိနေပါတယ်။ ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ပါ။ နှစ်ပေါင်းများစွာ ပြန်ဝင်စားပြီးနောက် ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ရဲ့ ကျင့်ကြံမှုဟာ မဟာတာအို အထွတ်အထိပ်အဆင့်ကို ပြန်ရောက်နေပါပြီ။ သူက အခု ယွီယွမ်ကို ပညာသင်ပေးနေပါတယ်။

ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “ငါ ယွီယွမ်ကို ဆက်သွယ်ရင် နဝမပဋိပက္ခက ငါ့ကို ရန်လိုလာနိုင်လား”

[သက်တမ်း ၁၀၀ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[မှန်ပါသည်။ နဝမပဋိပက္ခတွင် သတ်ဖြတ်ငွေ့ လျှံထွက်သွားလိမ့်မည်။]

ဟန်ကျွယ်ဟာ စိတ်ထဲမှာ ဆဲဆိုလိုက်ပါတယ် ‘ဒါက ထောင်ချောက်လား... မဟုတ်သေးဘူး... သာမန်စွမ်းအားကြီးပုဂ္ဂိုလ်တွေက ယွီယွမ်ကို မြင်နိုင်မှာ မဟုတ်ဘူး’

ယွီယွမ်ရဲ့ ရောင်ဝါအရ သာမန်ပါရမီရှင်တစ်ပါးလို့ပဲ ယူဆလို့ ရပါတယ်။ ဟန်ဟွမ်ထက် အများကြီး နိမ့်ကျပါတယ်။ ဒီလိုအခြေအနေမျိုးမှာ သူက ယွီယွမ်နဲ့ ဆက်ဆံရင် အကြံအစည်ရှိတယ်ဆိုတာ သိသာလွန်းပါတယ်။ ဒီလိုအခြေအနေမျိုးမှာ နဝမပဋိပက္ခက ဘယ်လိုလုပ်ပြီး ရန်မလိုဘဲ နေမှာလဲ။

အခုအချိန် ဟန်ကျွယ်သာ ယွီယွမ်နဲ့ ဆက်ဆံရင် နဝမပဋိပက္ခက သူ့ကို အမှောင်သခင်ကြီးလို့ ယူဆသွားမှာပါ။

ဟန်ကျွယ်ဟာ စိတ်ထဲကနေ ထပ်မေးလိုက်ပါတယ် “နဝမပဋိပက္ခက သူ့အစ်ကိုရှစ်ပါးစလုံးကို အသက်ပြန်ရှင်အောင် လုပ်နေတာလား”

[သက်တမ်း ၁၀ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[မှန်ပါသည်။]

ဟန်ကျွယ်ဟာ မျက်ခုံးလှုပ်သွားပါတယ်။ ဒါပေမဲ့ ယွီယွမ်က အားနည်းလွန်းနေပါသေးတယ်။ တာအိုဖန်တီးရှင် အဆင့်ရောက်ဖို့ ဘယ်လောက်ကြာအောင် ကျင့်ကြံရမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ။ တခြား ပြန်တောင် မရှင်သေးတဲ့ ပဋိပက္ခတွေကတော့ စကားထဲ ထည့်ပြောစရာတောင် မလိုပါဘူး။

စိတ်ဝင်စားဖို့ကောင်းတာက နဝမပဋိပက္ခဟာ ကပ်ဘေးထဲ ဝင်တော့မှာပါ။ အရင်တုန်းက နဝမပဋိပက္ခဟာ အကြံအစည်ထုတ်ဖို့ နည်းနည်းတောင် စိတ်မဝင်စားခဲ့ပါဘူး။ အခုကျမှ အကြံထုတ်လာတာက သူ အထိတ်တလန့် ဖြစ်လာတယ်ဆိုတာကို ပြသနေပါတယ်။

ဟန်ကျွယ်ဟာ ယွီယွမ်ဆီကနေ သူ့အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပါတယ်။ ယွီယွမ်က သူ့ကို ခြိမ်းခြောက်လာမယ်ဆိုရင်တော့ ဟန်ကျွယ်ဟာ ယွီယွမ်ကို ကြမ္မာဆိုးစာအုပ်နဲ့ အပြတ်ရှင်းပစ်မှာပါ။

အဲဒီမတိုင်ခင် သူ ဖန်တီးရှင်သခင် ဖြစ်သွားရင်တော့ ဟန်ကျွယ်ဟာ နဝမပဋိပက္ခ၊ ယွီယွမ်နဲ့ ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ကို လောကဦး ကောင်းကင်ထောင်ထဲ ပစ်ထည့်လိုက်မှာပါ။ ဟန်ကျွယ်ဟာ အကျိုးအမြတ်ကို တွေးကြည့်ရုံနဲ့တင် မျက်နှာတစ်ခုလုံး ပြုံးရွှင်သွားပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ သူ့မျိုးဆက်တွေနဲ့ တပည့်တွေထဲမှာ ထူးချွန်သူများ ထွက်ပေါ်လာလားလို့ ပဋိပက္ခကို လျှောက်ကြည့်ပါတယ်။

နှစ်တစ်ထောင်ကြာပြီးနောက်။

[လောကဦး ကောင်းကင်ထောင်သည် အဆင့်မြှင့်တင်မှု‌ အောင်မြင်ပြီး အန္တိမမူလ ကောင်းကင်ထောင်အဖြစ်သို့ ပြောင်းလဲသွားပါပြီ။]

[အန္တိမမူလ ကောင်းကင်ထောင်: တာအိုစက်ကွင်းထဲ၌သာ တည်ရှိနိုင်ပြီး ဘယ်တည်ရှိမှုကိုမဆို အကျဉ်းချထားနိုင်သည်။ အကျဉ်းသား၏ ကျင့်ကြံမှုအပေါ် မူတည်ပြီး တာအိုစက်ကွင်း၏ ကျေးကျွန် ဖြစ်လာရန် အချိန်ကြာလိမ့်မည်။ တာအိုစက်ကွင်း ကျေးကျွန်များ၏ သေခြင်းရှင်ခြင်းသည် တာအိုစက်ကွင်းအရှင်၏ လက်ထဲတွင် ရှိသည်။ မည်သည့် ဖန်တီးမှု၊ ကံတရား အထောက်အပံ့၊ ကံတရား အစရှိသည်တို့၏ သက်ရောက်မှုဖြစ်ပါစေ၊ လွတ်ကင်းသည်။ အန္တိမမူလ ကောင်းကင်ထောင်သည် တစ်ခါလျှင် အကျဉ်းသားတစ်ယောက်ကိုသာ ချုပ်နှောင်နိုင်ပြီး ထိုအကျဉ်းသားအား အန္တိမမူလသက်ရှိအဖြစ် အသွင်ပြောင်းလဲနိုင်သည်။]

‘ကြမ်းလိုက်တာ... ဘာသက်ရောက်မှုကိုမှ မခံရဘူး... အကျဉ်းသားကိုတောင် အန္တိမမူလသက်ရှိအဖြစ် ပြောင်းလဲနိုင်တယ်..’

နားလည်လွယ်အောင် ပြောရရင် ဟန်ကျွယ် တာအိုဖန်တီးရှင်တစ်ပါးကို ဖမ်းဆီး အကျဉ်းချပြီး အန္တိမမူလသက်ရှိအဖြစ် ပြောင်းလဲလိုက်ရင် အန္တိမမူလကမ္ဘာရဲ့ ကံတရား အထောက်အပံ့ရော ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုရော တိုးသွားမှာပါ။

ချက်ချင်းဆိုသလို ဟန်ကျွယ်ဟာ လူဖမ်းချင်စိတ် ပေါက်သွားပါတယ်။

‘မဖြစ်သေးဘူး... ငါ တစ်ခါမှ လူတစ်ယောက်ကိုပဲ အကျဉ်းချနိုင်တာ၊ နောက်ပြီး ဒါက အရမ်းကြာမှာဆိုတော့ မလိုလားအပ်တဲ့ အာရုံစိုက်မှုကို ခံရနိုင်တယ်’

ဟန်ကျွယ်ဟာ နဝမပဋိပက္ခက တာအိုစက်ကွင်းကို တိုက်ခိုက်မှာ မကြောက်ပါဘူး။ ဒါပေမဲ့ တာအိုစက်ကွင်း အပြင်ဘက်က အရာတွေကို ဖျက်ဆီးမှာ စိုးရိမ်ပါတယ်။ နဝမပဋိပက္ခက သူ့ကို တစ်ချိန်လုံး စိုက်ကြည့်ပြီး အန္တိမမူလကမ္ဘာကို ဆက်တိုက် ဖျက်ဆီးမယ်ဆိုရင် ဟန်ကျွယ်ရဲ့ ကျင့်ကြံမှု ရှေ့တက်နိုင်မှာ မဟုတ်တော့ပါဘူး။

မဟာတာအိုကမ္ဘာက အဆင့်တစ်ခုကို ရောက်ရင် အပြင်ဘက်ကို ဆွဲထုတ်ခံရပါတယ်။ ဒါကြောင့် ဟန်ကျွယ်အနေနဲ့ ပုန်းနေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျင့်ကြံမှုတန့်ပြီး ရှေ့ဆက် မတိုးတက်မှ လုံးဝ ပုန်းနေမှာပါ။ ဒါပေမဲ့ ဟန်ကျွယ်လိုချင်တာက ဒီလိုဘဝမျိုး မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်ပြီး ဖန်တီးရှင်သခင် အဆင့်ကို အရင်ဆုံးရောက်အောင် ကြိုးစားကျင့်ကြံဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။

လေပေါ်ကျွန်းတွေဟာ ကောင်းကင်ပြင်ကို အလှခြယ်ထားတဲ့ ကြယ်လေးတွေလိုပါပဲ။ သစ်သားဘုံကျောင်းနဲ့တူတဲ့ ဇရပ်တစ်ဆောင်မှာ လူငယ်တစ်ယောက်ဟာ တရားထိုင်ပြီး မိုးမြေ စိတ်ဝိညာဉ်ချီကို စုပ်ယူနေပါတယ်။ သူ့ဘေးက ခုံတန်းရှည်ပေါ်မှာတော့ အဘိုးအိုတစ်ယောက် လဲလျောင်းနေပါတယ်။ ဒီလူငယ်လေးက ယွီယွမ်ဖြစ်ပြီး မျက်နှာက ကျက်သရေ ရှိလှပါတယ်။ ဘေးနားက အဘိုးအိုကတော့ ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ကနေ ဖြစ်တည်လာတာ ဖြစ်ပြီး အင်မော်တယ်ချီ တစ်စက်ကလေးတောင် မရှိဘဲ အလွန်တရာမှကို ရိုးရှင်းလွန်းပါတယ်။

“စီနီယာ... စီနီယာ ကျွန်တော်ကို သင်ပေးတဲ့ ကျင့်စဉ်က နည်းနည်း ထူးဆန်းတယ်” ယွီယွမ်က ရုတ်တရက် မျက်လုံးဖွင့်ပြီး မေးလိုက်ပါတယ်။

ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ဟာ တစ်ချက် ရယ်လိုက်ပါတယ် “အ‌တောမသတ်နိုင်အောင် ကျယ်ပြောပြီး နက်နဲတယ်မလား”

“မဟုတ်ဘူး.... အဆင့်အတိုင်းအတွက် လိုအပ်တဲ့ စိတ်ဝိညာဉ်ချီက သာမန်ကျင့်စဉ်တွေထက် ဆယ်ဆကျော် ပိုများနေတယ်၊ နောက်ပြီး ဒီပမာဏက အဆင့်တက်လေလေ များလေလေပဲ၊ ဒီလိုဆို နောက်ကျ ကျွန်တော်က တခြားလူတွေထက် ပိုအားစိုက်ရမှာပေါ့” ယွီယွမ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။

“မင်းက ပါရမီရှင်ပဲ၊ အဲဒါ မကောင်းဘူးလား၊ ကျင့်ကြံဖို့ ခက်ခဲလေလေ ကျင့်စဉ်က စွမ်းအားကြီးလေလေပဲ၊ ဒါကို မင်းနားလည်သင့်တယ်”

“ဒါပေမဲ့...”

“ပဋိပက္ခ အစည်းအဝေးအကြောင်း မတွေးနဲ့၊ မင်း အချိန်မီအောင် လုပ်နိုင်တော့ရော... အဲဒါပြီးရင် ဘာဆက်လုပ်မှာလဲ၊ မင်းရဲ့ ရည်မှန်းချက်က အနှိုင်းမဲ့ထိပ်ဆုံးနေရာမှ မဟုတ်တာ” ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ဟာ လက်ဝှေ့ယမ်းပြီး စိတ်မရှည်တရှည်နဲ့ ပြောလိုက်ပါတယ်။

ယွီယွမ်ဟာ သက်ပြင်းချပြီး ဆက်ကျင့်ကြံပါတယ်။

ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ဟာ ကောင်းကင်ပြင်ကို တအံ့တဩ ကြည့်လိုက်ပါတယ် ‘ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ဘာဖြစ်လို့ ရောက်မလာသေးတာလဲ၊ တကယ်ပဲ သူက တိုက်ခိုက်ရတာ မကြိုက်ဘဲ ဂူအောင်းကျင့်ကြံတာကို နှစ်သက်တာလား’

ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ဟာ ဟန်ကျွယ်ရောက်လာပြီး ယွီယွမ်ကို လက်ခံကာ နယ်ရုပ်အဖြစ် ပြောင်းပစ်လိမ့်မယ်လို့ တွေးထားခဲ့တာပါ။ ဒါပေမဲ့ သူ ဒီနေရာကို ရောက်နေတာ နှစ်ရာချီသွားပါပြီ။ ဟန်ကျွယ်က အခုထိ ပေါ်မလာသေးပါဘူး။

‘ငါပဲ လောလွန်းနေတာလား... ဟုတ်မယ်... ငါ ထပ်စောင့်ကြည့်ဦးမယ်’

ယွီယွမ်ရဲ့ အရည်အချင်းကြောင့် ဘုန်းတန်းခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ ရောက်လာပြီး လက်ခံမယ်ဆိုရင် သူ့အဖေက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို သတ်ပစ်မှာပါ။ ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ရဲ့ မျက်နှာပေါ်က အပြုံးဟာ ပိုပြီးတော့ တောက်ပသွားပါတယ်။ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို သတ်နိုင်တာက သူ့အဖေတစ်ယောက်တည်း ရှိတယ် မဟုတ်ပါလား။

အဲဒါကြောင့် ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ဟာ ဟန်ကျွယ် ရောက်လာတာကို စောင့်မျှော်နေပါတယ်။ ယွီယွမ်ရဲ့ သရုပ်မှန်က လျှို့ဝှက်ချက်ပါ။ ဘယ်သာလွန်တည်ရှိမှုမှ မသိအောင် သူ့အဖေက ဝှက်ထားတယ်ဆိုတာ ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ် သိပါတယ်။

ဒီလိုနဲ့ နှစ်ထောင်ချီ ကုန်ဆုံးပြီး မျက်တောင်တစ်ခတ်အတွင်း နှစ်တစ်သန်း ကြာသွားပါတယ်။ ဒီလောက်ကြာသွားပေမဲ့ ဟန်ကျွယ်ကတော့ ရောက်မလာသေးပါဘူး။ ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ဟာ နည်းနည်း စိတ်ဓာတ်ကျလာပါတယ်။

ဒီအချိန်မှာ ယွီယွမ်ဟာ အပြင်ထွက်ပြီး စွန့်စားခန်း ဖွင့်ချင်နေပါပြီ။ ယွီယွမ်ဟာ အနားက နယ်မြေမှာ ဖန်တီးရှင်ဧကရာဇ်ရုံးတော်က အင်မော်တယ်တွေ စုဆောင်းနေတယ်လို့ ကြားရတဲ့အခါ ခြေတယားယား ဖြစ်သွားပါတယ်။

ယွီယွမ် မွေးဖွားတဲ့ သေမျိုးကမ္ဘာက ထိပ်တန်းဆိုပေမဲ့ ပဋိပက္ခထဲမှာ ဘာမှ မဟုတ်ပါဘူး။ ဒါကြောင့် ယွီယွမ်သာ ပဋိပက္ခထဲမှာ အခြေခိုင်ချင်တယ်ဆိုရင် အင်အားစုကြီးတစ်စုကို မှီခိုဖို့ လိုပါတယ်။ ဒါ့အပြင် ယွီယွမ်ဟာ ဧကရာဇ်ရဲ့ ပုံစံကိုလည်း ကြိုက်ပါတယ်။

ခေါင်းကိုးလု့း နတ်စိတ်ဝိညာဉ်ဟာ ယွီယွမ်ကို မတားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ယွီယွမ် ကြီးပြင်းချင်ရင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ရမယ်ဆိုတာ သိနေလို့ပါပဲ။ ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ဟာ ယွီယွမ် သေမှာကို မစိုးရိမ်ပါဘူး။ သူ့အဖေက ယွီယွမ်ကို ကျင့်စဉ်ပဲ သင်ပေးပြီး ကျန်တာ ဘာမှ ဂရုမစိုက်ဖို့ ပြောခဲ့တယ် မဟုတ်ပါလား။

နားလည်လွယ်အောင် ပြောရရင် ယွီယွမ်က နဝမပဋိပက္ခရဲ့ ကာကွယ်မှုအောက်မှာပါ။ ဘယ်လိုလုပ်ပြီး သေနိုင်မှာလဲ။

‘ကံမကောင်းချင်တော့ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ မလာဘူး’ ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ဟာ ယွီယွမ်နဲ့ လမ်းခွဲရင်း စိတ်ထဲမှာ တွေးလိုက်ပါတယ်။

ယွီယွမ်ဟာ ပဋိပက္ခ ဟင်းလင်းပြင်ဆီ ရောက်သွားပြီး ကျယ်ပြောလှတဲ့ ဟင်းလင်းပြင်ကို ကြည့်ကာ စိတ်လှုပ်ရှားသွားပါတယ်။

‘ပဋိပက္ခ... ငါ လာပြီ... ဖန်တီးရှင် ဧကရာဇ်ရုံးတော်ထဲမှာ ငါကလွဲရင် တခြားပါရမီရှင်တွေက ဘယ်လောက် စွမ်းအားကြီးလဲဆိုတာ ကြည့်ရအောင်’ ယွီယွမ်ဟာ စိတ်ထဲမှာ သူ့ကိုယ်သူ ပြောလိုက်ပါတယ်။

နှစ်ထောင်ချီ ကြာတဲ့အခါမှာတော့ ယွီယွမ်ဟာ ဖန်တီးရှင်ဧကရာဇ်ရုံးတော်ထဲကို အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ပါတယ်။ သူ့အရည်အချင်းက ထူးချွန်ထက်မြက်တဲ့အတွက် နတ်မင်းတစ်ပါးရဲ့ မျက်နှာသာပေးမှုကိုလည်း ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ဧကရာဇ်နဲ့ ဆက်ဆံဖို့တော့ အရည်အချင်း မရှိသေးပါဘူး။ ဧကရာဇ်မပြောနဲ့၊ ဟန်ယဲ့၊ ဟန်ယောင်နဲ့ ဟန်ပါရှန်တို့ကိုတောင် သူ မတွေ့ဆုံနိုင်သေးပါဘူး။ လက်ရှိ ဖန်တီးရှင်ဧကရာဇ်ရုံးတော်က ဧရာမကြီး ဖြစ်နေပါပြီ။ တပည့်အရေအတွက်က ဘီလီယံချီပြီး စွမ်းအားကြီးတဲ့ အင်မော်တယ်နတ်ဘုရားတွေက မြောက်များစွာ ရှိပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters