← Chapters

ကောင်းကင်တာအို တိုးတက်မှု ရပ်တန့်ခြင်း

Vol. 101 Ch. 1056

ကောင်းကင်တာအို တိုးတက်မှု ရပ်တန့်ခြင်း

Vol. 101 Ch. 1056

ယွီယွမ်ရဲ့ ပဋိပက္ခခရီးစဉ်က လမ်းမှန်ပေါ်ကို ရောက်ရှိသွားပါပြီ။ တစ်ချိန်တည်းမှာပဲ တတိယအကြိမ် ပဋိပက္ခအစည်းအဝေးက စပြီးတော့ အရှိန်ယူလာပါတယ်။ နှစ်ဆယ်သန်းချီ ကြာညောင်းပြီးနောက် နောက်ထပ် မျိုးဆက်သစ် ပါရမီရှင်တွေ ထွက်ပေါ်လာပါပြီ။ ဒီပါရမီရှင်တွေက ပါရမီရှင်တွေရဲ့ ထိပ်ဆုံးကို ကိုယ်စားပြုတဲ့ အနှိုင်းမဲ့ထိပ်ဆုံးနေရာကို လိုချင်လာကြပါတယ်။

ပြီးခဲ့တဲ့ ပဋိပက္ခ အစည်းအဝေးနှစ်ကြိမ်က ထိပ်တန်းပါရမီရှင် တစ်သောင်းဟာ သူတို့ကိုယ်သူတို့ သက်သေပြပြီး ပဋိပက္ခရဲ့ နယ်မြေဆယ်သန်းကျော်မှာ နာမည်ကျော်ကြားလှတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေ ဖြစ်လာကြပါတယ်။ အကြွင်းမဲ့ပါရမီရှင် ဆယ်ပါးကတော့ ပိုလို့တောင် နာမည်ကြီးပါသေးတယ်။ သူတို့တွေရဲ့ ကျော်ကြားမှုအသံက ကမ္ဘာပျက်မတတ်ပါပဲ။ ဒီလို အခြေအနေမျိုးမှာ ပဋိပက္ခအစည်းအဝေးရဲ့ အဆင့်အတန်းက ပိုပို မြင့်မားလာပါတယ်။

ဟန်ကျွယ်ဟာ ဒီတစ်ကြိမ် ပဋိပက္ခ အစည်းအဝေးကိုလည်း ကိုယ်တိုင်မသွားဖို့ ဆုံးဖြတ်ထားပါတယ်။ တာအိုစက်ကွင်း သုံးခုစလုံးမှာ သူ့ကိုယ်ပွားတွေ ရှိတဲ့အတွက် ဘယ်တပည့်မဆို အပြင်ထွက်ချင်ရင် အချိန်မရွေး သူ့ကိုယ်ပွားကို ပြောလို့ရပါတယ်။

နှစ်သန်းချီကြာပြီး ဟန်ကျွယ် အသက်က သန်း ၁၁၀ ပြည့်သွားပါတယ်။ ဒါပေမဲ့ စနစ်ကပေးတဲ့ ရွေးချယ်မှုဆုလာဘ်ဟာ ပေါ်မလာပါဘူး။ မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှု အခွင့်အရေးကတော့ တစ်ကြိမ် တိုးလာပါတယ်။

ဒီအချက်ကနေ စနစ်က ပေးတဲ့ ရွေးချယ်မှုဆုလာဘ်ဟာ နှစ်သန်း ၁၀၀ မှ တစ်ခါ လာတော့မယ်ဆိုတာကို ဟန်ကျွယ် သိလိုက်ပါတယ်။ အချိန်က အတော်ကြာညောင်းသွားပေမဲ့ ပေးမဲ့ ဆုလာဘ်ကလည်း ပိုပြီးတော့ ကောင်းလာမှာပါ။

‘ဒီအတိုင်းဆို ငါ ဂူအောင်းကျင့်ကြံတဲ့ စက်ဝန်းကို ငါးသန်းကနေ ဆယ်သန်းထိ တိုးမှပဲ... မဟုတ်ရင် စောင့်ရတာ ပျင်းစရာကြီး’ ဟန်ကျွယ်ဟာ နှစ်ငါးသန်းက တိုတောင်းလွန်းတယ်လို့ ခံစားလာရပါတယ်။

အဲဒီ‌နောက် ဟန်ကျွယ်ဟာ စာစောင်တွေကို စပြီးတော့ စစ်ဆေးပါတယ်။

လွန်ခဲ့တဲ့ နှစ်ငါးသန်းအတွင်း ဟန်ကျွယ်ရဲ့ မျိုးဆက်တွေနဲ့ တပည့်တွေဟာ တိုက်ခိုက်တာ ရပ်သွားကြပါတယ်။ ပြီးခဲ့တဲ့ နှစ်ဆယ်သန်းနဲ့ ယှဉ်ရင် တကယ်ကို တိတ်ဆိတ်သွားတာပါ။

ဟန်ကျွယ်ဟာ စာစောင်တွေကို ဖတ်ပြီးတဲ့နောက် ရှန်ဝေါ်ကို မေးလိုက်ပါတယ် “ရှန်ဝေါ်... ပဋိပက္ခ အစည်းအဝေးက စတော့မယ်၊ မင်း သွားကြည့်ချင်လား”

ရှန်ဝေါ်ဟာ မျက်လုံးဖွင့်ပြီး ဂရုတစိုက် မေးလိုက်ပါတယ် “ကျွန်တော် သွားလို့ရလား”

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ရတယ်၊ ပြန်လာပြီးရင်တော့ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ရမယ်”

ရှန်ဝေါ်ဟာ ကျေနပ်အံ့အားသင့်သွားပြီး ဟန်ကျွယ်ကို ချက်ချင်း ကျေးဇူးတင်စကား ဆိုပါတယ်။

“မင်းရဲ့ ဘိုးဘွား မယ်တော်တွေနဲ့ သွား... အချိန်ကျရင် သူတို့ကို ကာကွယ်စောင့်ရှောက်ချည်”

“ဟုတ်ကဲ့ပါ”

ဟန်ကျွယ်ဟာ မတ်တတ်ရပ်ပြီး တာအိုဘုံကျောင်းထဲက လမ်းလျှောက်ထွက်ကာ သူ့ရဲ့ တာအိုလက်တွဲဖော်တွေဆီ လျှောက်လည်ပါတယ်။

ရှင်းဟုန်ရွှမ်၊ ချင်းလွမ်အာ၊ ရွှမ်ချင်းကျွင်း၊ နတ်မိမယ်ရှီရွှမ်နဲ့ ချန်ယွီအာတို့ဟာ ဒီပဋိပက္ခအစည်းအဝေးကို သွားကြည့်ဖို့ မျှော်လင့်နေကြပါတယ်။ သူတို့တွေဟာ ရုတ်ရုတ်သဲသဲ ဖြစ်တာကို သွားကြည့်ဖို့ ပြင်ဆင်ထားပြီးပြီမလို့ ဟန်ကျွယ်ဟာ သူတို့ကို မတားပါဘူး။

အချိန်ကျရင် ဟန်ကျွယ်ဟာ သူတို့ကို ဒုတိယ တာအိုစက်ကွင်းဆီ ပို့ပေးမှာပါ။ လီယောင်၊ ဝူတောက်ကျန့်နဲ့ တခြားနတ်ဘီလူးတွေကလည်း ပဋိပက္ခအစည်းအဝေးကို သွားကြည့်မှာ ကျိန်းသေပါတယ်။

လီယောင်ဟာ ဒီနှစ်တွေမှာ သိုသိပ်နေပေမဲ့ ဟန်ကျွယ် အလည်ရောက်တိုင်း ကျင့်ကြံမှု အများကြီး တိုးတက်လာတာကို တွေ့ရပါတယ်။ လီယောင်ဟာ မဟာတာအို အထွတ်အထိပ် ထိပ်ဆုံးအဆင့်ကို ရောက်ရှိခဲ့တာ ကြာခဲ့ပြီဆိုပေမဲ့ ကြိုးစား ကျင့်ကြံနေတုန်းပါ။

လီယောင်နဲ့ ပဋိပက္ခ နတ်ဘီလူးတွေရဲ့ အင်အားနဲ့ ပဋိပက္ခကို စိုးမိုးအုပ်ချုပ်ဖို့က ဘာမှခက်တာ မဟုတ်ပါဘူး။

လေးငါးဆယ်ရက် ကြာတဲ့အခါ ဟန်ကျွယ်ဟာ ဒုတိယ တာအိုစက်ကွင်းဆီ ရောက်ရှိလာပါတယ်။ ဟန်ကျွယ်ကို တွေ့လိုက်လို့ ကျေနပ်အံ့အားသင့်သွားတဲ့ ဝူတောက်ကျန့်ဟာ ချက်ချင်း ဟန်ကျွယ် ရင်ခွင်ထဲကို ပြေးဝင်ပါတယ်။

လီယောင်ကလည်း မျက်လုံးဖွင့်ပြီး ဟန်ကျွယ်ကို တိတ်တဆိတ် ကြည့်ပါတယ်။

ဟန်ကျွယ်ဟာ နေရာမှာထိုင်ပြီး သူတို့နဲ့ ကျင့်ကြံမှုအကြောင်း ပြောဆိုပါတယ်။ နှစ်နာရီ ကြာတဲ့အခါမှာတော့ သူတို့သုံးယောက်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲ ဝင်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ လီယောင် ဝူတောက်ကျန့်တို့နဲ့ တိုက်ခိုက်တာက သူတို့ရဲ့ စွမ်းအားကို စစ်‌ဆေးဖို့ပါ။

လီယောင်နဲ့ ဝူတောက်ကျန့် နှစ်ယောက်စလုံးက ပဋပိက္ခ နတ်ဘီလူးတွေမလို့ အရည်အချင်းက သိပ်မကွာခြားပါဘူး။ ဒါပေမဲ့ လီယောင်က ကျင့်ကြံတာကို အမြဲတမ်း အာရုံစိုက်ပြီး ဝူတောက်ကျန့်က မကြာခဏ အပျင်းထူပါတယ်။ ဒါကြောင့် ဝူတောက်ကျန့်ဟာ လီယောင်ကို လိုက်မမီပါဘူး။

တိုက်ပွဲစတဲ့အခါ ဟန်ကျွယ်ဟာ မတိုက်ခိုက်ပါဘူး။ ဝူတောက်ကျန့်နဲ့ လီယောင်ကိုသာ ဆန်းကြယ်စွမ်းအားမျိုးစုံ ထုတ်သုံးခိုင်းပါတယ်။

ဟန်ကျွယ်ဟာ လီယောင်ရဲ့ တာအိုက ပြောင်းလဲသွားတာကို ရှာတွေ့သွားပါတယ်။ အရင်တုန်းက လီယောင်ရဲ့ တာအိုဟာ ဓားတာအိုဖြစ်ခဲ့ပေမဲ့ အခုတော့ လက်နက်တာအို ဖြစ်သွားပါတယ်။ ဓားက လက်နက်ဆိုပေမဲ့ လီယောင်ရဲ့ လက်နက်တာအိုထဲမှာ တခြားလက်နက်တွေလည်း ပါဝင်ပါတယ်။ မဟာတာအိုစွမ်းအားကို သုံးပြီး လက်နက်အဖြစ် ပြောင်းလဲတာ ဖြစ်တဲ့အတွက် ပိုပြီးတော့ ထက်ပါတယ်။

ဝူတောက်ကျန်ရဲ့ တာအိုကတော့ မပြောင်းလဲပါဘူး။ အရင်အတိုင်း ဓားတာအိုပါပဲ။

ငါးမိနစ်ကြာတဲ့အခါမှာတော့ အသွင်တူ လက်ရည်စမ်းပွဲ ပြီးဆုံးသွားပါတယ်။ ဝူတောက်ကျန့်နဲ့ လီယောင်က အရှုံးပေးလိုက်တာပါ။ ဟန်ကျွယ်က အစကနေ အဆုံးအထိ တစ်စက်မှ မတိုက်ခိုက်ပါဘူး။

လီယောင်ဟာ သက်ပြင်းချလိုက်ပါတယ် “ကျင့်ကြံမှု ကွာခြားချက်က ဘယ်လောက်ပဲ ကြိုးစားကြိုးစား လျော့မသွားပါ့လား”

ဝူတောက်ကျန့်ကလည်း လီယောင်စကားကို ခေါင်းညိတ် ထောက်ခံပြီး ဟန်ကျွယ်ကို တလေးတစား ကြည့်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ လီယောင်နဲ့ သူမရဲ့တာအိုအကြောင်း ဆွေးနွေးပါတယ်။

“မိန်းမရဲ့ တာအိုကို လက်နက်မျိုးစုံနဲ့ ပေါင်းစပ်လိုက်တယ်၊ မိန်းမ တကယ် ထိန်းချုပ်တာက တာအိုပဲ၊ မိန်းမက စွမ်းအားအကုန်လုံးကို ထိန်းချုပ်ချင်တယ်၊ မိန်းမရဲ့ တာအိုက တာအိုကို ထိန်းချုပ်ဖို့ပဲ၊ ယောက်ျား ဘယ်လိုထင်လဲ” လီယောင်က အလေးအနက် မေးလိုက်ပါတယ်။

ဟန်ကျွယ် “အလုပ်ဖြစ်နိုင်တယ်၊ တာအိုကို ထိန်းချုပ်နိုင်ရင် တာအိုနဲ့ ပေါင်းစပ်ထားတဲ့ လက်နက်မျိုးစုံကိုလည်း ထိန်းချုပ်နိုင်လိမ့်မယ်၊ နတ်လက်နက်မျိုးစုံကို စီမံတတ်ရင် ကြယ်တွေကို ပြောင်းပြန်လှန်ပြီး လောကကြီးကို တော်လှန်ပစ်လို့ရတယ်”

ဟန်ကျွယ်နဲ့ လီယောင်ဟာ တာအိုအကြောင်း စဆွေးနွေးပါတယ်။ ဝူတောက်ကျန့်ကတော့ ဘေးကနေ ဂရုတစိုက် နားထောင်ပါတယ်။

ဟန်ကျွယ်ဟာ လီယောင်နဲ့ နှစ်တစ်ထောင် တာအိုဆွေးနွေးပြီး သူတို့နဲ့ နှစ်လေးငါးဆယ်လောက် အတူနေပြီးမှ တတိယ တာအိုစက်ကွင်းဆီ ပြန်ပါတယ်။

ဟန်ကျွယ်ဟာ ကမ္ဘာဖျက် ကြာနက်ပေါ် ထိုင်ပြီး ပဋိပက္ခကို ကြည့်လိုက်ပါတယ်။ ဟန်ကျွယ် ပထမဆုံး ကြည့်လိုက်တဲ့လူက ယွီယွမ်ပါ။ လက်ရှိမှာ ယွီယွမ်ဟာ ဖန်တီးရှင်ဧကရာဇ်ရုံးတော်ထဲ အခြေကျနေပြီး နာမည်တစ်ခုတောင် ရနေပါပြီ။ သူ့အဆင့်အတန်းကလည်း လျင်မြန်စွာ မြင့်တက်လာပါတယ်။

ဒီအ‌တောအတွင်း ဖန်တီးရှင်ဧကရာဇ်ရုံးတော်ရဲ့ ဂုဏ်သတင်းကလည်း တစ်ဟုန်ထိုး ကြီးမားလာပါတယ်။ ပဋိပက္ခရဲ့ နံပါတ်တစ် ထိပ်သီး ကျင့်ကြံသူ ဟန်ဟွမ် ရှိနေမှတော့ တခြားအင်အားစုတွေက ဘယ်လိုလုပ်ပြီး မကြောက်ဘဲနေမှာလဲ။

အခုပုံစံအရ ဖန်တီးရှင်ဧကရာဇ်ရုံးတော်ဟာ တားမရဆီးမရပါ။ အဆုံးမဲ့ခေတ်ကို ရောက်ရင် သူတို့တွေ သေချာပေါက် မဟာကံတရား အထောက်အပံ့ကို ရရှိကြမှာ ကျိန်းသေပါတယ်။

ဟန်ကျွယ်ရဲ့ အကြည့်ဟာ ရှုံဟွာတွေဆီ ရောက်သွားပါတယ်။

ရှုံဟွာအင်အားစုဟာ ပဋိပက္ခရဲ့ အစွန်းမှာ ဆက်တိုက် ကျယ်ပြန့်လာပါတယ်။ လတ်တလောမှာ ရှုံဟွာအင်အားစုက ပြဿနာ သိပ်မရှာဘဲ သိုသိပ်နေပါတယ်။

ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန် ပျောက်နေတာကို ရှာတွေ့သွားပါတယ်။ ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်ရဲ့ ရောင်ဝါကို ပဋိပက္ခတစ်ခုလုံးမှာ ရှာမတွေ့ပါဘူး။ အဲဒါကြောင့် မိတ်ဆွေစာရင်းကို စစ်ကြည့်လိုက်တဲ့အခါ ဟွမ်ဇွမ်တျန်ရဲ့ ပုံရိပ်က ရှိနေသေးတာကို တွေ့လိုက်ရပါတယ်။

ဟန်ကျွယ်ဟာ သိပ်ပြီးတော့ မစိုးရိမ်ပါဘူး။ ဟန်ကျွယ်ဟာ ဟန်ဟွမ်ထက် ဟွမ်ဇွမ်တျန်ကို ပိုယုံကြည်ပါတယ်။ ဟွမ်ဇွမ်တျန်က ရှင်သန်တဲ့နေရာမှာ နှစ်ယောက် မရှိပါဘူး။

အဲဒီနောက် ဟန်ကျွယ်ရဲ့ အကြည့်ဟာ လီတောက်ခုံးဆီ ရောက်ရှိသွားပါတယ်။ လက်ရှိမှာ လီတောက်ခုံးက ရှုံဟွာအင်အားစုရဲ့ အစွမ်းအထက်ဆုံး ကပ်ဘေးထိန်းချုပ်သူ ဖြစ်သလို အပေါ်ယံ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။

သူဟာ လောင်ဇီနဲ့ အကြိမ်များစွာ တိုက်ခိုက်ပြီး နိုင်တာလည်း ရှိသလို ရှုံးတာလည်း ရှိခဲ့ပါတယ်။ လီတောက်ခုံးဟာ ဓားတာအိုကို စိုးမိုးပြီး ဓားကျင့်ကြံသူပေါင်း မြောက်မြားစွာ မော်ကြည့်ရတဲ့ ထိပ်ဆုံး တည်ရှိမှုတစ်ခု ဖြစ်လာပါတယ်

ရှီတုတောက်နဲ့ ကျင်းတျန်ကုန်းကလည်း ရှုံဟွာအင်အားစုထဲမှာ ရှိနေပါသေးတယ်။ အမှောင်သခင်ကြီးကို ယုံကြည်သူတွေအနေနဲ့ သူတို့တွေဟာ အတော်လေးကို ဂရုတစိုက် ရှိပါတယ်။ အမှောင်သခင်ကြီး ပေါ်မလာတာ ကြာလို့ ဖြစ်နိုင်သလို ယုံကြည်ချက် မရှိတာလည်း ဖြစ်နိုင်ပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ ကောင်းကင်တာအိုကို ကြည့်လိုက်တဲ့အခါ ကောင်းကင်တာအိုက အပိတ်အဆို့ဆီ ရောက်သွားတာကို တွေ့လိုက်ရပါတယ်။ ကောင်းကင်တာအိုဟာ ရှန်ပေါင်တာအိုကျင့်ကြံသူ လက်အောက်က နယ်မြေအဖြစ် ဆက်လက် ရပ်တည်ပြီး နယ်မြေတစ်ခုရဲ့ အရှင်သခင် ဖြစ်လာပါတယ်။

ဒါပေမဲ့ ကောင်းကင်တာအိုဟာ ဆက်ပြီးတော့ နယ်မချဲ့ရဲတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပတ်ဝန်းကျင်မှာရှိတဲ့ အင်အားစုတွေ အကုန်လုံးက သာလွန်အင်အားစုတွေ ဖြစ်နေတာကြောင့်ပါ။ ရှန်ပေါင် တာအိုကျင့်ကြံသူကလည်း ကောင်းကင်တာအို နယ်မြေတစ်ခုထက် ပိုပြီးတော့ ချဲ့ထွင်ရင် မဟာတာအို နတ်စိတ်ဝိညာဉ်တွေ ဝိုင်းတိုက်တာ ခံရမယ်လို့ သတိပေးပါတယ်။ ကောင်းကင်အရှင်ရွှမ်တုလည်း ရွေးချယ်စရာ မရှိတာကြောင့် ကောင်းကင်တာအို နယ်ချဲ့တာကို ရပ်လိုက်ရပါတယ်။

ဟန်ကျွယ်ဟာ ကောင်းကင်တာအိုရဲ့ တိုးတက်မှုက လုံလောက်ပြီလို့ ခံစားလိုက်ရပါတယ်။ သူ့ကြောင့်သာ မဟုတ်ရင် ကောင်းကင်တာအိုက ဒီနေ့ ဒီအခြေအနေမှာ ရှိနေမှာ မဟုတ်ပါဘူး။ ကောင်းကင်တာအိုက ဒီလောက်နဲ့ ကျေနပ်သင့်ပါတယ်။

ကောင်းကင်တာအိုက သူ့ မဟာတာအိုကမ္ဘာ မဟုတ်တဲ့အတွက် ဟန်ကျွယ်ဟာ နဝမပဋိပက္ခရဲ့ ဖိအားအောက်မှာ ကောင်းကင်တာအိုကို ထောက်ပံ့ပေးမှာ မဟုတ်ပါဘူး။ အခုထိ ဟန်ကျွယ်ဟာ ကောင်းကင်တာအိုက ပန်ကူးရဲ့ မဟာတာအိုကမ္ဘာလား၊ တာအိုဘိုးဘေးရဲ့ မဟာတာအိုကမ္ဘာလားဆိုတာ မသိသေးပါဘူး။

ပန်ကူးက အသက်ပြန်ရှင်နေပြီ ဆိုပေမဲ့ ကောင်းကင်တာအိုနဲ့ အဝေးကြီးမှာ ရှိနေပါတယ်။ သူက ကောင်းကင်တာအိုနဲ့ အဆက်အဆံ ဖြတ်လိုက်သလိုမျိုး လုံးဝကို မဆက်သွယ်ပါဘူး။ ဒီလိုဖြစ်လေလေ ဟန်ကျွယ်ဟာ တစ်ခုခု မူမမှန်ဘူးလို့ ပိုပြီးတော့ ခံစားရလေလေပါပဲ။

ပဋိပက္ခနဲ့ ကောင်းကင်တာအိုကို အကဲခတ်ပြီးနောက် ဟန်ကျွယ်ရဲ့ အကြည့်ဟာ ဗလာနယ်မြေထဲက အန္တိမမူလကမ္ဘာဆီ ကျရောက်သွားပါတယ်။

ဒီအချိန် အန္တိမမူလကမ္ဘာထဲမှာ မဟာတိုက်ပွဲကြီး ဖြစ်ပွားနေပါတယ်။ ပဋိပက္ခ နတ်ဘီလူးရာချီ ပါဝင်သလို အန္တိမမူလဝိညာဉ် မျိုးနွယ်စုနဲ့ ရှကျဲ့မျိုးနွယ်စုက လူပုဂ္ဂိုလ်တွေလည်း ပါဝင်ပါတယ်။ သူတို့တွေဟာ အန္တိမမူလကမ္ဘာထဲမှာ ဩဇာလွှမ်းမိုးနိုင်ဖို့အတွက် တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။

ဟန်ကျွယ်ဟာ ဒီတိုက်ပွဲကို ဝင်ပါလိုစိတ် တစ်စက်တောင် မရှိပါဘူး။

ပထမဆုံး မွေးဖွားလာတဲ့ အသက်ဓာတ် နတ်ဘီလူးက ရှကျဲ့မျိုးနွယ်စုနဲ့ အဆက်အသွယ် ရှိပါတယ်။ ဒီလိုဖြစ်အောင်လည်း ဟန်ကျွယ်က ကြိုးဆွဲလိုက်တာပါ။ ဒါကြောင့် ဒီတိုက်ပွဲက နောက်ဆုံးကျရင် သူတို့ပဲ နိုင်မှာပါ။

ဒီလိုမတိုက်ခိုက်ရင် တခြားနတ်ဘီလူးတွေက လက်ခံနိုင်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့်လည်း ဟန်ကျွယ်က သူတို့ကို စိတ်ကြိုက် တိုက်ခိုက်ခိုင်းတာပါ။ တကယ်လို့ ပဋိပက္ခ နတ်ဘီလူးတွေ သေသွားရင်တောင် ဟန်ကျွယ်ဟာ သူ့စိတ်ဆန္ဒကို အသုံးပြုပြီး နောက်ထပ် ပဋိပက္ခ နတ်ဘီလူးတစ်ပါးကို ဖန်တီးနိုင်ပါတယ်။

အန္တိမမူလကမ္ဘာထဲက ပဋိပက္ခ နတ်ဘီလူးတွေဟာ အတော်လေးကို ပြောင်းလဲသွားခဲ့ပါပြီ။ သူတို့ကို ပဋိပက္ခ နတ်ဘီလူးလို့ ခေါ်မဲ့အစား အန္တိမမူလ နတ်ဘီလူးလို့ ပြောင်းခေါ်သင့်ပါတယ်။

ဒီလိုဆိုပေမဲ့ သူတို့တွေက ဟန်ကျွယ်ရဲ့ မူလကနဦးတာအို အန္တိမမူလ ခန္ဓာကိုယ်ကို မီနိုင်ဖို့ အများကြီး လိုပါသေးတယ်။ သူတို့တွေဟာ မူလကနဦးတာအို အန္တိမမူလခန္ဓာကိုယ်ရဲ့ မျိုးဆက်တွေနဲ့ပဲ ညီမျှပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters