← Chapters

ရှေးဟောင်း လောကဦးကမ္ဘာ

Vol. 101 Ch. 1057

ရှေးဟောင်း လောကဦးကမ္ဘာ

Vol. 101 Ch. 1057

“ကနဦးဘိုးဘေး... အရင်က ကျွန်တော်မြင်ခဲ့တဲ့လူ ပြန်ပေါ်လာပြန်ပြီ၊ ဒီတစ်ခါ သူက ကျွန်တော်ကို စကားတောင် ပြောတယ်” ရှန်ဝေါ်ဟာ မျက်လုံးဖွင့်ပြီး လေးလေးနက်နက် ပြောလိုက်ပါတယ်။ သာမန်လူသာဆိုရင် ရုတ်တရက်ကြီးမလို့ လန့်သွားမှာ သေချာပါတယ်။

အန္တိမမူလကမ္ဘာကို ကြည့်နေတဲ့ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး မေးလိုက်ပါတယ် “သူက ဘာပြောလဲ”

ရှန်ဝေါ်က ပြန်ဖြေပါတယ် “သူလာနေပြီလို့ ပြောတယ်”

“ပြီးတော့ရော ဘာပြောသေးလဲ”

“အဲဒါပဲ”

‘အဲဒါပဲ’ ဟန်ကျွယ်ဟာ ဒီစာကြောင်းကို နားမလည်နိုင်တာကြောင့် ရှန်ဝေါ်ကို စိုက်ကြည့်လိုက်ပါတယ်။

ရှန်ဝေါ်ဟာ မချိပြုံး ပြုံးလိုက်ပါတယ် “ကျွန်တော်လည်း ဒီစာကြောင်းကို မစဉ်းစားတတ်ဘူး”

“မစဉ်းစားတတ်ရင် မင်းက ဘာလို့ လန့်နေတာလဲ၊ ငါ့ကို တမင်နောက်တာလား” ဟန်ကျွယ်က မတိုးမကျယ် ပြောလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဖိအားတစ်စွန်းတစ်စ လွတ်ထွက်သွားတဲ့အတွက် ရှန်ဝေါ်ဟာ ကြောက်လန့်ပြီး ချက်ချင်း ဒူးထောက်ကာ ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်။

ရှန်ဝေါ်ဟာ ငိုသံပါနဲ့ “သူဘာလို့ ဒီလိုပြောလဲဆိုတာ ကျွန်တော် တကယ်ပဲ မသိဘူး၊ ဒါပေမဲ့ ဒီစကားက ကျွန်တော်ကို စိတ်လေးစေတယ်၊ သတိလက်လွှတ်မနေသင့်ဘဲ ပိုပြီးတော့ လျစ်လျူမရှုသင့်ဘူးလို့ ခံစားရတယ်”

ဟန်ကျွယ်ဟာ ရှန်ဝေါ်စကားက အဓိပ္ပာယ်ရှိတယ်လို့ ခံစားရတာကြောင့် စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “အဲဒီကောင်က ရှန်ဝေါ်ကို ဘာလို့ အဲဒီလို ပြောတာလဲ”

[ထိုကံတရားအား တွက်ချက်မရပါ။ တစ်ဖက်လူ၌ အန္တိမတာအိုရတနာ ရှိကောင်း ရှိနိုင်သည်။]

ဟန်ကျွယ်ဟာ ရွေးချယ်စရာမရှိတာကြောင့် မေးခွန်းပြောင်းပြီး မေးလိုက်ရပါတယ်။

“နောက်သန်းရာချီမှာ နဝမပဋိပက္ခကလွဲရင် ငါ့ကို ခြိမ်းခြောက်နိုင်တဲ့ တည်ရှိမှုတွေ ရှိသေးလား”

[သက်တမ်း ၉ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[မဖြစ်နိုင်ပါ။]

ဟန်ကျွယ်ဟာ စိတ်သက်သာရာ ရသွားပြီး ရှန်ဝေါ်ကိုလည်း သတိပေးလိုက်ပါတယ် “မင်းလုပ်တာ မှန်တယ်၊ နောက်လည်း ဘာကိစ္စပဲဖြစ်ဖြစ် ငါ့ကို ပြော... ဒါပေမဲ့ မင်းရဲ့ အမူအရာကို ဂရုစိုက်... နောက်ဆို ဘာဖြစ်ဖြစ် မလန့်နဲ့... ကြားလား”

“ကျွန်တော်... ကျွန်တော် အမှားကို သိပါပြီ၊ ကျွန်တော် နားလည်ပါတယ်”

အဲဒီနောက် ဟန်ကျွယ်ဟာ အန္တိမမူလကမ္ဘာကို ဂရုမစိုက်တော့ဘဲ ဂူအောင်းကျင့်ကြံပါတယ်။ ဟန်ကျွယ်ဟာ နှစ်ဆယ်သန်းကြာအောင် ဂူအောင်းကျင့်ကြံဖို့ စီစဉ်ထားတဲ့အတွက် ရှန်ဝေါ်ကို ပဋိပက္ခအစည်းအဝေး သွားချင်ရင် သူ့ကိုယ်ပွားကို သွားရှာဖို့ ပြောခ့ပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ ကျင့်ကြံမှုထဲ နစ်မြောသွားပါတယ်။

ဟန်ကျွယ်ရဲ့ စိတ်ဆန္ဒဟာ အန္တိမမူလကမ္ဘာရဲ့ အထက်ကနေ အခြေအနေ အကုန်လုံးကို ငုံံ့ကြည့်ပါတယ်။ သက်ရှိတွေကြားက တိုက်ပွဲတွေ သဘောထား ကွဲလွဲမှုတွေဟာ ဟန်ကျွယ်ရဲ့ မျက်လုံးထဲမှာ သမိုင်းရဲ့ ရောင်ပြန်ဟပ်မှုသက်သက်ပါ။

မဟာတာအိုသုံးထောင်ကနေ မဟာတာအိုကမ္ဘာရဲ့ အကြောတွေ ဖြစ်ပေါ်လာပါတယ်။ အထွတ်အထိပ် နိယာမတွေကတော့ အိမ်တစ်လုံးရဲ့ ရက်မတွေပါ။ ကမ္ဘာတစ်ခုလုံး ဆက်တိုက် ကျယ်ပြန့်ပြီး နိယာမစွမ်းအားကို ပြီးပြည့်စုံစေပါတယ်။ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုကလည်း ဆက်တိုက် တိုးတက်လာပါတယ်။

အကြောင်းအရင်း ရေရေရာရာမရှိဘဲ ဟန်ကျွယ်ဟာ သူ့သာလွန်နိယာမကို တွေ့မြင်လိုက်ရပါတယ်။

တာအိုဖန်တီးရှင်တွေအတွက် သာလွန်နိယာမက သူတို့ရဲ့ ဝိညာဉ်ပါ။ သာလွန်နိယာမက အန္တိမမူလကမ္ဘာရဲ့ ကံတရား အထောက်အပံ့ကို စုပ်ယူပြီး သူ့ကိုယ်သူ အားကောင်းအောင် လုပ်ပါတယ်။

သာလွန်နိယာမ အားကောင်းလာတာနဲ့အမျှ အန္တိမမူလကမ္ဘာထဲက သက်ရှိမျိုးစုံရဲ့ ပုံရိပ်တွေဟာ ဟန်ကျွယ်ရဲ့ စိတ်ဆန္ဒမှာ ရောင်ပြန်လာဟပ်ပါတယ်။ မြောက်မြားစွာသော ပုံရိပ်တွေ ပေါက်ကွဲထွက်သွားတာက အလွန်တရာမှ ကျယ်ပြောလှတဲ့ သမုဒ္ဒရာကြီးလိုပါပဲ။

ဒီဖြစ်စဉ်က မြန်တယ်လို့ ပြောလို့ရသလို နှေးတယ်လို့လည်း ပြောလို့ရပါတယ်။

ဟန်ကျွယ် နောက်တစ်ခါ နိုးထလာတဲ့အခါမှာတော့ နှစ်ဆယ်သန်း ကုန်ဆုံးသွားခဲ့ပါပြီ။ ပဋိပက္ခ အစည်းအဝေးကလည်း ပြီးဆုံးသွားတာ ကြာပြီမလို့ ရှန်ဝေါ်တောင် သူ့ဘေး ပြန်ရောက်ပြီး ကျင့်ကြံအားထုတ်နေပါပြီ။

ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုကလည်း အများကြီး တိုးတက်သွားပါတယ်။ ဟန်ကျွယ်ဟာ တာအိုဖန်တီးရှင် နောက်ဆုံးအဆင့်နဲ့ တဖြည်းဖြည်း နီးကပ်လာပါပြီ။

ဟန်ကျွယ်ဟာ နောက်ထပ် မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှု အခွင့်အရေးတစ်ကြိမ်ကိုလည်း ရရှိသွားပါတယ်။

ဟန်ကျွယ်ဟာ ရှန်ဝေါ်ကို ကြည့်ပြီး မေးလိုက်ပါတယ် “ပဋိပက္ခအစည်းအဝေးက ပျော်စရာကောင်းရဲ့လား”

ရှန်ဝေါ်ဟာ မျက်လုံးဖွင့်ကြည့်ပြီး မှင်တက်သွားပါတယ်။ အဲဒီနောက် စိတ်လှုပ်ရှားစွာ ပြန်ဖြေပါတယ် “ပျော်စရာကောင်းတယ်၊ ကြည့်လို့လည်း ကောင်းတယ်၊ တော်တော်လည်း စည်တယ်”

“ကနဦးဘိုးဘေး... ကနဦးဘိုးဘေးရဲ့ အဆင့်အတန်းက ဒီလောက်ထိ မြင့်မားလိမ့်မယ်လို့ ကျွန်တော် ထင်မထားခဲ့ဘူး၊ အဲဒီ သက်ရှိအားလုံး လေးစားအားကျရတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေက ကနဦးဘိုးဘေးရဲ့ တပည့်တွေနဲ့ ကလေးတွေကို တကယ်ကြီး လေးစားကြတယ်၊ ဒီတစ်ခေါက် ခရီးစဉ်က ကျွန်တော့်ကို တော်တော်လေး အမြင်ကျယ်သွားစေတယ်၊ ပဋိပက္ခက တကယ်ကို အကြီးကြီးပဲ၊ ကျွန်တော် ပဋိပက္ခ အစည်းအဝေးမှာ ဝင်ပြိုင်ရင်တောင် နာမည်ရဖို့ ခက်လိမ့်မယ်”

ရှန်ဝေါ်ဟာ အလွန်တရာ စိတ်လှုပ်ရှားပြီး သူမြင်ခဲ့ ကြားခဲ့သမျှကို စပြောပါတယ်။ ဟန်ကျွယ်ကလည်း ရှန်ဝေါ် ပြောသမျှကို စိတ်ဝင်တစား နားထောင်ပါတယ်။

အန္တိမဒဏ်ခတ်နတ်မင်းဟာ ဒီတစ်ကြိမ် ပဋိပက္ခအစည်းအဝေးကို ဟန်ကျွယ်မရှိဘဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ အန္တိမဒဏ်ခတ်နတ်မင်းဟာ နဝမပဋိပက္ခရဲ့ အသိအမှတ်ပြုမှုကို ရရှိပြီးကတည်းက သူ့စွမ်းအားနဲ့ အခွင့်အာဏာဟာ အကြီးအကျယ် ပြောင်းလဲသွားခဲ့ပါတယ်။ ဟန်ဟွမ်ကလွဲရင် တာအိုဖန်တီးရှင်အဆင့်အောက်မှာ သူ့ကို ဘယ်သူမှ အပြစ်မပြုရဲပါဘူး။

ဒီတစ်ကြိမ်မှာတော့ တိတ်ဆိတ်ဂိုဏ်းဟာ အကြွင်းမဲ့ဆယ်ပါးရဲ့ နေရာတစ်ဝက်ကို မသိမ်းပိုက်နိုင်ခဲ့ပါဘူး။ ကောင်းကင်တာအိုထဲက ဟန်မိသားစု မျိုးဆက်တစ်ယောက်ပဲ အကြွင်းမဲ့ဆယ်ပါးထဲကို ဝင်နိုင်ခဲ့ပါတယ်။ တိတ်ဆိတ်ဂိုဏ်းက တစ်ယောက်မှ အကြွင်းမဲ့ဆယ်ပါးထဲ မဝင်ပါဘူး။

ဒီလိုဆိုပေမဲ့ တိတ်ဆိတ်ဂိုဏ်းရဲ့ ဂုဏ်သတင်းကို ပျက်ပြားအောင် ဘယ်သူမှ မကဲ့ရဲ့ကြပါဘူး။ ရှန်ဝေါ်ဟာ ရှင်းဟုန်ရွှမ်တို့နောက် လိုက်သွားတာ ဖြစ်တဲ့အတွက် အလေးတယူ ဆက်ဆံမှုမျိုးစုံကို ခံစားခဲ့ရပါတယ်။ ဘယ်လောက်ပဲ စွမ်းအားကြီးကြီး သူတို့ကို အပြုံးနဲ့ ရင်းနှီးပျူငှာစွာ ဆက်ခံကြတယ် မဟုတ်ပါလား။

ဟန်ကျွယ်က မေးလိုက်ပါတယ် “မင်း ဘာလို့ ဝင်မပြိုင်တာလဲ”

ရှန်ဝေါ်ဟာ ခေါင်းကုတ်လိုက်ပါတယ် “ကျွန်တော် အရည်အချင်းကို ကျွန်တော် သိတယ်၊ ကျွန်တော်က နောက်ကွယ်ကနေ ကျိန်စာတိုက်ရုံပဲ ရတာ၊ တကယ်တမ်း သူတင်ငါတင် တိုက်ခိုက်ရင် အနိုင်ရမှာ မဟုတ်ဘူး”

ဟန်ကျွယ်ဟာ ပြုံးလိုက်ပြီး ဆက်မမေးတော့ပါဘူး။

ရှန်ဝေါ် “ကနဦးဘိုးဘေး... ကျွန်တော် ပဋိပက္ခ အစည်းအဝေးမှာ လူတစ်ယောက်ကို တွေ့ခဲ့ရတယ်၊ ဒီလူက ကျွန်တော် အရင်တွေ့ခဲ့ရတဲ့ လျှို့ဝှက်ဆန်းကြယ်လူနဲ့ တော်တော်လေးး ဆင်တူတယ်၊ ကျွန်တော်က ရုပ်သွင်ကို ပြောတာ၊ ရောင်ဝါကိုတော့ ကျွန်တော် အာရုံမခံနိုင်ဘူး”

“အို... ဟုတ်လား... ဘယ်သူများလဲ၊ ငါ့ကို ပြောစမ်းပါဦး”

“အဲဒီလူနာမည်က... ဟွမ်ဇွမ်တျန်လို့ ခေါ်တယ် ထင်တာပဲ... ဟုတ်တယ်၊ ဟွမ်ဇွမ်တျန်”

ရှန်ဝေါ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဟန်ကျွယ်ကတော့ အံ့အားသင့်သွားပါတယ်။ ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်က သူနဲ့ ပတ်သက်တယ်ဆိုတောကို တခြားလူတွေ သိမှာစိုးတဲ့အတွက် ဒီအတိုင်းပဲ နေလိုက်ပါတယ်။

“တကယ်လား”

“တကယ်ပါ၊ ရှုံဟွာအရှင် ဟွမ်ဇွမ်တျန်ဆိုတာ သေချာတယ်၊ သူလည်း ပဋိပက္ခအစည်းအဝေးကို စွမ်းအားကြီးပုဂ္ဂိုလ်အနေနဲ့ လာတက်တယ်၊ ကျွန်တော် သူ မတ်တတ်ရပ်တာ မြင်တော့ ကြက်သေသေသွားတယ်”

ရှန်ဝေါ်က လေးလေးနက်နက် ပြောနေတာကို ကြည့်ပြီး ဟန်ကျွယ်ဟာ အံ့အားသင့်သွားပါတယ် ‘ဒီကောင်လေးက ပုံပြောတော်တော် ကောင်းတာပဲ၊ သံနေသံထားနဲ့‌တောင် ပြောတတ်တယ်’

‘ဟွမ်ဇွမ်တျန်က ကံတရား တာအိုနဲ့ ပါဝင်ပတ်သက်လာပြီလား...’ ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန် ခန္ဓာကိုယ်ထဲက မူလလောကဦးကို တွေးမိလိုက်ပါတယ် ‘ဒီကိစ္စက ဒီကောင်နဲ့ ပတ်သက်နေတာ ဖြစ်ရမယ်’

ဟန်ကျွယ်ကြောင့်သာ မဟုတ်ရင် မူလလောကဦးက လောကဦးနတ်ဘီလူးအဖြစ် ဆင့်ကဲပြောင်းလဲနိုင်မှာပါ။ အဆုံးမဲ့ခေတ်ကို ဖွင့်လှစ်မဲ့ မဟာတာအို အနန္တကပ်ဘေးရဲ့ သားတော်တောင် ဖြစ်လာကောင်း ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ အခုတော့ မူလလောကဦးဟာ ဟွမ်ဇွမ်တျန်ရဲ့ ခန္ဓာကိုယ်ထဲမှာ တွယ်ကပ်နေရပါတယ်။

ဟန်ကျွယ် “မင်းပြောတာ ငါ နားလည်ပြီ၊ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်တော့”

ရှန်ဝေါ်ဟာ ဆက်ပြောချင်ပေမဲ့ ဟန်ကျွယ်ရဲ့ စကားကြောင့် ပါးစပ်ပိတ်လိုက်ရပါတယ်။

ရှန်ဝေါ် မျက်လုံးမှိတ်သွားတဲ့အခါ ဟန်ကျွယ်ဟာ စာစောင်တွေကို စပြီးတော့ စစ်ဆေးပါတယ်။

ပဋိပက္ခ အစည်းအဝေး ပြီးဆုံးသွားတဲ့အခါ ပဋိပက္ခဟာ ထပ်ပြီးတော့ လှိုင်းထန်ခဲ့ပါတယ်။ ဟန်ကျွယ်ဟာ သူ့မိတ်ဆွေ အများစုက မဟာတာအိုကမ္ဘာလောင်းလျာဖြစ်တဲ့ သူတို့ကိုယ်ပိုင်ကမ္ဘာတွေ ဖန်တီးကြတာကို သတိပြုမိလိုက်ပါတယ်။

မဟာတာအိုကမ္ဘာ မဖြစ်ခင် ဒီကမ္ဘာတွေက အထွတ်အထိပ်ကမ္ဘာလို့ပဲ ယူဆလို့ရပါတယ်။ အထွတ်အထိပ်ကမ္ဘာတွေ ပိုပိုပေါ်ပေါက်လာတဲ့အတွက် အဆုံးမဲ့ခေတ် ရေစီးကြောင်းက တားဆီးဖို့ မဖြစ်နိုင်ဘူးလို့ ခံစားလိုက်ရပါတယ်။

‘နဝမပဋိပက္ခ ဖန်တီးရှင်သခင် မဖြစ်ရင်လည်း အဆုံးမဲ့ခေတ်က ရောက်လာမှာလား...’ ဟန်ကျွယ်ဟာ ဒီအချက်ကို တော်တော်လေး သိချင်သွားပါတယ်။

ဟန်ကျွယ်ဟာ စာစောင်တွေ ဖတ်ပြီးနောက် အိပ်မက်ထဲကနေ ဟွမ်ဇွမ်တျန်ဆီ သွားလည်ပါတယ်။ အိပ်မက်နယ်မြေက ယွီဂျင်ဂိုဏ်းတော်ကြီးပါ။ ထုံးစံအတိုင်းပဲ ဟွမ်ဇွမ်တျန်က အခွင့်အရေး ယူမလားလို့ ဟန်ကျွယ်ကို အရင်ဆုံး မေးပါတယ်။ ဟန်ကျွယ်ဆိုတာ သေချာမှ ဦးညွှတ် ဂါရဝ ပြုပါတယ်။

ဟန်ကျွယ်က အပြုံးနဲ့ မေးလိုက်ပါတယ် “ဘယ်လိုနေလဲ... အဆင်ပြေရဲ့လား”

ဟွမ်ဇွမ်တျန် “အကုန်လုံး အဆင်ပြေပါတယ်၊ ကျွန်တော် လက်ရှိ ရှေးဟောင်း လောကဦးကမ္ဘာထဲမှာ”

“ရှေးဟောင်း လောကဦးကမ္ဘာ”

“ဟုတ်တယ်၊ ကျွန်တော်လည်း ဒဏ္ဍာရီတွေက မှန်လိမ့်မယ်လို့ ထင်မထားဘူး၊ မူလလောကဦးကို ကျွန်တော်ကို ဒီကမ္ဘာဆီ ခေါ်လာတာ၊ ကျွန်တော် ဘယ်လို ဝင်လာလို့ ဝင်လာမှန်းတောင် မသိဘူး၊ နောက်ပြီး မူလလောကဦးက တစ်ခုခုမှားနေတယ်လို့ ကျွန်တော် ခံစားရတယ်၊ သူက ကျွန်တော် ခန္ဓာကိုယ်ထဲကနေ ထွက်ခွာပြီး လျှို့ဝှက်ဆန်းကြယ် စွမ်းအားတစ်မျိုးကို စုပ်ယူနေတယ်” ဟွမ်ဇွမ်တျန်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။

ဟန်ကျွယ် “ငါ မင်းကို သင်ပေးထားတဲ့ ဖိတ်ခေါ်ပညာရပ်က ငါ့ကို ဆင့်ခေါ်နိုင်တယ်၊ ဘေးတွေ့ရင်တောင် မကြောက်နဲ့”

“ကျေးဇူးပါ သခင်၊ ဒါပေမဲ့ ကျွန်တော် တစ်ယောက်ကိုမှ ဆင့်ခေါ်လို့ မရဘူး၊ ကျွန်တော် ဘယ်ရောက်နေလဲဆိုတာ သခင်လည်း ခန့်မှန်းနိုင်မှာ မဟုတ်ဘူး၊ ရှေးဟောင်း လောကဦးကမ္ဘာက ကြောက်စရာကောင်းတဲ့ အလောင်းတွေနဲ့ ပြည့်နေတယ်၊ ဒီလိုငရဲကို ကျွန်တော် တစ်ခါမှ မမြင်ဖူးဘူး၊ ကျွန်တော် စိုးရိမ်တာက မူလလောကဦး သူ့ကိုယ်သူ ဆုံးရှုံးသွားမှာကိုပဲ၊ သခင်... ဟန်ဟွမ်က တကယ်ပဲ လောကဦး နတ်ဘီလူးလား၊ မူလလောကဦးပြောတော့ သူက တစ်ဦးတည်းသော လောကဦး နတ်ဘီလူးတဲ့”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters