← Chapters

တာအိုဖန်တီးရှင် နောက်ဆုံးအဆင့်၊ သာလွန်တည်ရှိမှုများ ပြန်ပေါ်လာခြင်း

Vol. 101 Ch. 1059

တာအိုဖန်တီးရှင် နောက်ဆုံးအဆင့်၊ သာလွန်တည်ရှိမှုများ ပြန်ပေါ်လာခြင်း

Vol. 101 Ch. 1059

နှစ်သုံးသန်းကြာတဲ့အခါမှာတော့ ဟန်ကျွယ် အဆင့်စတက်ပါတယ်။ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုဟာ အဆုံးစွန်ထိ ဖိနှိပ်ထားတာမလို့ မီးတောင်လို ပေါက်ကွဲထွက်ခါနီးနေပါပြီ။ နောက်ထပ် နှစ်တစ်သန်းကျော် ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ တာအိုဖန်တီးရှင် နောက်ဆုံးအဆင့်ကို ထိုးဖောက်နိုင်သွားပါတယ်။

ဟန်ကျွယ်ရဲ့ အန္တိမမူလစွမ်းအားဟာ စပြီးတော့ တိုးလာပါတယ်။ အန္တိမမူလကမ္ဘာတောင် အလွန်လျင်မြန်စွာ ကျယ်ပြန့်လာပြီး အနီးအနားမှာရှိတဲ့ ဗလာနယ်မြေကို ဝါးမျိုပါတယ်။

ဟန်ကျွယ် ဒီစွမ်းအားကြီးလာတဲ့ ခံစားချက်မှာ နစ်မျောပြီး မခွာနိုင်အောင် ဖြစ်သွားပါတယ်။

ဟန်ကျွယ်ဟာ ကျင့်ကြံမှုကို ခိုင်ခံ့အောင်လုပ်ရင်း ကိုယ်ရေးအကျဉ်းကို စစ်ဆေးလိုက်ပါတယ်။

[အမည်: ဟန်ကျွယ်]

[သက်တမ်း: ၁၃၄,၀၀၁,၉၈၂/ ၅၀, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉]

[မျိုးနွယ်စု: အန္တိမမူလ နတ်ဘီလူး(အနန္တဧကရာဇ်)]

[ကျင့်ကြံမှု: တာအိုဖန်တီးရှင် နောက်ဆုံးအဆင့် (ပြီးပြည့်စုံသော တာအိုပညာရှိ)]

[ကျင့်စဉ်: လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအို (မဟာတာအို)၊ ကောင်းကင်စက်ဝန်း ခန္ဓာကိုယ်ကျင့်စဉ်]

[မဟာတာအို: သေခြင်းရှင်ခြင်း မဟာတာအို၊ ကံတရား မဟာတာအို၊ အန္တိမမူလ မဟာတာအို။]

[ခန္ဓာတည်ဆောက်မှု: မူလကနဦးတာအို အန္တိမမူလခန္ဓာကိုယ်]

‘ကောင်းတယ်... အရမ်းကောင်းတယ်’

ရှည်လျားလှတဲ့ မူလသက်တမ်းက ဟန်ကျွယ်ကို သုခဘုံရောက်သလို ခံစားသွားရစေပါတယ်။

အရေးအကြီးဆုံးက တာအိုဖန်တီးရှင် နောက်ဆုံးအဆင့်ကို ရောက်ပြီးနောက်မှာ တာအိုဖန်တီးရှင် ထိပ်ဆုံးအဆင့်ကို မျှော်ကြည့်နိုင်ပါပြီ။ ဒီအထက်မှာက ရှေးခေတ်ကတည်းကစလို့ ဘယ်သူမှ မရောက်ဖူးသေးတဲ့ ဖန်တီးရှင်သခင် အဆင့်ပါ။

ဖန်တီးရှင်သခင်အဆင့်ကို တွေးမိရုံနဲ့ ဟန်ကျွယ်ရဲ့သွေးတွေ ဆူပွက်သွားပါတယ်။ ပြိုင်ဘက်ကင်းဖို့ အရမ်းကို နီးကပ်လာပြီ မဟုတ်ပါလား။

နှစ်ရှစ်သိန်းကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုဟာ ခိုင်ခံ့သွားပါတယ်။

ဟန်ကျွယ် မျက်လုံးဖွင့်ပြီး ပထမဆုံးလုပ်တာက ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူလိုက်တာပါ။ ရှန်ဝေါ်က တာအိုဘုံကျောင်း အပြင်ဘက်မှာ ရှိနေသေးတဲ့အတွက် ဟန်ကျွယ်ဟာ နဝမပဋိပက္ခကို အေးဆေး ကျိန်စာတိုက်လို့ရပါတယ်။

ဟန်ကျွယ်ဟာ ချက်ချင်း ကျိန်စာ စတိုက်ပါတယ်။

ငါးရက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ သက်တမ်းဟာ စတင်လျော့ကျလာပါတယ်။ တစ်စက္ကန့်ကို နှစ်တစ်သောင်းနှုန်းနဲ့ လျော့ကျတာပါ။ ဒီတစ်ခါတော့ ဟန်ကျွယ်ဟာ သူ့သက်တမ်း ၂၀၀ ကွာဒလီယံကို သုံးပြီး နဝမပဋိပက္ခရဲ့ တာအိုနှလုံးသား ထိခိုက်ကာ ကျင့်ကြံမှုလျော့ကျသွားအောင် လုပ်လိုက်ပါတယ်။

နဝမပဋိပက္ခက ကျင့်ကြံမှု ဘယ်လောက်ကျသွားလဲ ဆိုတာတော့ ဟန်ကျွယ် မသိပါဘူး။ ဒါပေမဲ့ ပဋိပက္ခက ပြိုလဲမဲ့ အရိပ်အယောင်တွေ ထပ်ပြလာတာကြောင့် ဟန်ကျွယ်ဟာ ကျိန်စာ ဆက်မတိုက်ရဲတော့ပါဘူး။

ဟန်ကျွယ်ရဲ့ ရည်ရွယ်ချက်က နဝမပဋိပက္ခရဲ့ ကျင့်ကြံမှုကို နှောင့်နှေးစေချင်ရုံပါ။ သူ ဖန်တီးရှင်သခင် ဖြစ်သွားရင် နဝမပဋိပက္ခ ဖန်တီးရှင်သခင် ဖြစ်လာတာကို ဟန်ကျွယ်က တားမှာ မဟုတ်ပါဘူး။ ဟန်ကျွယ်ဟာ အစွမ်းအထက်ဆုံးနေရာကို သူ့လက်ထဲမှာ ဆုပ်ကိုင်ထားချင်တာပါ။

ဟန်ကျွယ်ဟာ တခြားလူတွေကို မယုံကြည်ပါဘူး။ ဟန်ကျွယ်ဟာ သက်ရှိအားလုံးကို ငြိမ်းချမ်းရေး ပေးနိုင်ပေမဲ့ သက်ရှိတစ်ယောက်အနေနဲ့ ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်တွေက သူ့ကို ထာဝရ ကာကွယ်ပေးလိမ့်မယ်လို့ မယုံကြည်ပါဘူး။

ကျိန်စာတိုက်ပြီးနောက် ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ပြန်သိမ်းပြီး ရှန်ဝေါ်ကို ပြန်ခေါ်လိုက်ပါတယ်။

ရှန်ဝေါ်ဟာ ဟန်ကျွယ်ခေါ်တာကို ကြားတာနဲ့ တဒင်္ဂတောင် မတုံ့ဆိုင်းဘဲ တာအိုဘုံကျောင်းထဲ ခပ်သုတ်သုတ်ဝင်ပြီး ဟန်ကျွယ်ရှေ့မှာ ဒူးထောက်လိုက်ပါတယ်။

“ကနဦးဘိုးဘေး... ကျင့်ကြံတာ အောင်မြင်သွားပြီလား” ရှန်ဝေါ်ကို တရိုတသေ မေးလိုက်ပါတယ် ‘ငါ စောင့်နေရတာ တော်တော်ကြာပြီဆိုတော့ ကနဦးဘိုးဘေး ကျင့်ကြံတဲ့ ဆန်းကြယ်စွမ်းအားက တော်တော် အထင်ကြီးဖို့ ကောင်းရမယ်’

ဟန်ကျွယ်ဟာ ပြုံးပြီး ခေါင်းညိတ်လိုက်ပါတယ် “ငါ အခု စိတ်ကောင်းဝင်နေတယ်၊ မင်းကို တာအိုဟောကြားပြီး ဆန်းကြယ်စွမ်းအားတစ်မျိုး သင်ပေးရမလား”

“ဟုတ်ကဲ့ သင်ပေးပါ” ရှန်ဝေါ်ဟာ ချက်ချင်း သဘောတူလိုက်ပါတယ်။

ဟန်ကျွယ်ဟာ တာအိုစတင် ဟောကြားပါတယ်။ တာအိုဟောကြားမှုအတွင်း ဟန်ကျွယ်ဟာ သူ့တာအိုကျင့်စဉ်တွေကို တူရာစုပြီး ရှင်းလင်းပါတယ်။

တဖြည်းဖြည်းနဲ့ ဟန်ကျွယ်ရဲ့ မဟာတာအိုအသံဟာ တတိယ တာအိုစက်ကွင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး တပည့်အားလုံးကို နစ်မျောသွားစေပါတယ်။

တတိယ တာအိုစက်ကွင်းထဲက သက်ရှိအကုန်လုံးဟာ ဟန်ကျွယ်ကြောင့် အသိဉာဏ် လင်းလက်ခဲ့တာပါ။ သူတို့ရဲ့ အရည်အချင်းတွေက အထင်ကြီးဖို့ မကောင်းပေမဲ့ တာအိုစက်ကွင်းထဲမှာရှိတဲ့ စိတ်ဝိညာဉ်ချီရဲ့ ပံ့ပိုးမှု ဟန်ကျွယ်ရဲ့ မကြာမကြာ တာအိုဟောကြားမှုတွေကြောင့် သူတို့ရဲ့ ကျင့်ကြံမှုအဆင့်တွေဟာ အ‌တော်လေး မြင့်မားကြပါတယ်။

အကုန်လုံးက လွတ်လပ် တာအိုပညာရှိ ဖြစ်နေကြပေမဲ့ အပြင်မထွက်ကြပါဘူး။ ကြယ်စကြဝဠာမှာ နာမည်တစ်ခု ရယူဖို့လည်း စိတ်မဝင်စားကြပါဘူး။

မျက်တောင်တစ်ခတ်အတွင်း နှစ်တစ်သောင်း ကုန်ဆုံးသွားပါတယ်။

ဟန်ကျွယ်ဟာ ရှန်ဝေါ်က တာအိုသုံးသပ်နားလည်တဲ့ အခြေအနေမှာ နစ်မျောနေတာကို တွေ့ရတဲ့အတွက် အသွင်တူ လက်ရည်စမ်းပွဲထဲ ဝင်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ အနန္တဖျက်ဆီးရှင်သခင် ရှီထျန် နှစ်သိန်းကို စိန်ခေါ်ပါတယ်။

အရမ်းကို လွယ်ကူလွန်းပါတယ်။

တာအိုဖန်တီးရှင် နောက်ဆုံးအဆင့်လို့ မပြောရပါဘူး။ အဆင့်လေးတိုင်းရဲ့ ကွာခြားချက်က မိုးနဲ့မြေလိုပါပဲ။ ဟန်ကျွယ်ဟာ အနန္တဖျက်ဆီးရှင်သခင် ရှီထျန် အရေအတွက်ကို ဆက်တိုးပါတယ်။

သုံးသိန်း။ တစ်ချက်တည်း တစ်သိန်း တိုးလိုတာပါ။

ဒါလည်း အသာလေး သတ်ဖြတ်လိုက်နိုင်ပါတယ်။ ဒီအဆင့်မှာ တစ်ချက်တည်း သတ်ဖြတ်နိုင်ဖို့က လွယ်ကူတဲ့ ကိစ္စ မဟုတ်ပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်အတွက်တော့ ထမင်းစားရေသောက်ကမှ ခက်ပါဦးမယ်။

လေးသိန်း။

ဒါလည်း အေးဆေးပါပဲ။

ငါးသိန်း။

ဟန်ကျွယ်ဟာ ခက်ခဲတယ်လို့ ခံစားလာရပါတယ်။ အနန္တဖျက်ဆီးရှင်သခင် ရှီထျန် ငါးသိန်းရဲ့ ပူးပေါင်းဖိအားက အားကောင်းလွန်းပါတယ်။

ဟန်ကျွယ်ဟာ ဒီနေရာမှာ ရပ်လိုက်ပါတယ်။ ဒါက သူ့ရဲ့ အကန့်အသတ် မဟုတ်ပေမဲ့ ခက်ခဲတာ ဖြစ်တဲ့အတွက် သတိကြီးကြီး ထားရပါမယ်။ ဒါမှသာ ပျင်းပြီး ဖျင်းမသွားမှာပါ။

ဟန်ကျွယ်ဟာ သူ့ရဲ့ တိုးတက်မှုနဲ့ ပတ်သက်ပြီး အတော်လေး ကျေနပ်အားရပါတယ်။ ဟန်ကျွယ်ဟာ မတ်တတ်ရပ် အကြောဆန့်ရင်း စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။

[သင့်သမီး ဟန်လင်သည် ကျိန်စာတိုက်ခံခဲ့ရ၏။]

[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် အထွတ်အထိပ် ကြမ္မာဆိုးအား ဆုပ်ကိုင်မိသွား၏။]

[သင့်သား ဟန်ဟွမ်သည် သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်၏ အိပ်မက်မှတစ်ဆင့် တိုက်ခိုက်ခြင်းကို ခံရပြီး ဝိညာဉ် ထိခိုက်သွား၏။]

[သင့်မိတ်ဆွေ ကျောက်ရွှမ်ကွမ်းသည် သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်၏ အိပ်မက်မှတစ်ဆင့် တိုက်ခိုက်ခြင်းကို ခံရပြီး ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားသည်။]

[သင့်တပည့် ဂျိရှင်းရှန်သည် ဗလာနယ်မြေ အက်ကြောင်းတစ်ကြောင်းထဲသို့ ကျရောက်ပြီး အမျိုးအမည်မသိ နယ်မြေတစ်ခုသို့ ရောက်ရှိသွား၏။]

[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် ရှေးဟောင်း လောကဦးကမ္ဘာ၏ ကံတရား အထောက်အပံ့ကို စုပ်ယူပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]

[သင့်တပည့် တာအိုအရှင်သခင်သည် ရှီထျန်မှ မိစ္ဆာနတ်ဆိုးများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၈၀၀၉၃၃၈၃

[သင့်တပည့်...]

[သင့်မိတ်ဆွေ မိစ္ဆာ ကောင်းကင်ဧကရာဇ်သည် သာလွန်တည်ရှိမှုတစ်ခု၏ လမ်းညွှန်မှုကြောင့် ကျင့်ကြံမှု တိုးတက်သွား၏။]

[သင့်မျိုးဆက် ဟန်ယဲ့သည် သာလွန်တည်ရှိမှုတစ်ခု၏ အိပ်မက်ပေးမှုကြောင့် မဟာတာအို ဆန်းကြယ်စွမ်းအား တစ်မျိုးကို သင်ကြား တတ်မြောက်သွား၏။]

‘တော်တော် စည်ကားတာပဲ’

ဒီအတောအတွင်း ဟွမ်ဇွမ်တျန်က တော်တော်လေး လှုပ်ရှားနေပါတယ်။ တိတိကျကျ ပြောရရင်တော့ မူလလောကဦးက လှုပ်ရှားလွန်းနေပါတယ်။ မူလလောကဦးက ဟွမ်ဇွမ်တျန်ရဲ့ မှတ်ဉာဏ်တွေကို ရသွားလား မရသွားလားတော့ မပြောတတ်ပါဘူး။ လော‌လောဆယ်မှာတော့ ဟွမ်ဇွမ်တျန် ဟန်ကျွယ်အပေါ်မှာထားတဲ့ မျက်နှာသာပေးမှုက လျော့ကျမသွားသေးပါဘူး။

ဒါ့အပြင် သာလွန်တည်ရှိမှုတွေလည်း ပေါ်လာပါတယ်။ ဖြစ်နိုင်ခြေအများဆုံးကတော့ ပဋိပက္ခသိစိတ်နဲ့ သဏ္ဍာန်မဲ့နတ်မင်းတို့ လွတ်လာတာပါ။

‘ကျွတ်..ကျွတ်... တာအိုဖန်တီးရှင်တွေ ကျားကစားပြီဆိုတော့ နောက်ကျ ပွဲက ကြည့်ကောင်းတော့မှာပဲ’

တာအိုဖန်တီးရှင်တစ်ပါး အနေနဲ့ ဆက်တိုက် ဖိနှိပ်ခံရတာဆိုတော့ ဟန်ကျွယ်ဆိုရင်လည်း သေချာပေါက် ဒေါသထွက်မှာပါ။ ဒါပေမဲ့ နဝမပဋိပက္ခက စွမ်းအားကြီးလွန်းတော့ သူတို့တွေ ဘာမှ မပြောရဲကြပါဘူး။ တကယ်လို့ အမှောင်သခင်ကြီးက နဝမပဋိပက္ခကို ခြိမ်းခြောက်နိုင်တာသာ သူတို့တွေ သိရင် သေချာပေါက် အကြံထုတ်ကြမှာပါ။

အထူးသဖြင့် ပဋိပက္ခသိစိတ်ပါ။ သူက အလွန်တရာမှ သောင်းကျန်းပါတယ်။

ဟန်ကျွယ်ဟာ စာစောင်တွေကို ဆက်ဖတ်ပါတယ်။ ဒီအတောအတွင်း အများကြီး ဖြစ်ပျက်သွားတယ်ဆိုပေမဲ့ ဟန်ကျွယ် ဂရုစိုက်တဲ့လူတွေကတော့ အခြေအနေ ကောင်းနေပါသေးတယ်။

အခုအချိန်မှာ ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန် ပေါ်လာတာကို စောင့်ဆိုင်းနေပါတယ်။ ဟွမ်ဇွမ်တျန် ပဋိပက္ခထဲမှာ ပေါ်လာတာနဲ့ ဟန်ကျွယ်က ချက်ချင်း တိုက်ခိုက်မှာပါ။

ဟွမ်ဇွမ်တျန်က ဒီလောက်နှစ်အကြာကြီး သူ့အပေါ် သစ္စာရှိခဲ့တာပါ။ ဟွမ်ဇွမ်တျန် ဒုက္ခရောက်နေတာကို ဟန်ကျွယ်က ဘယ်လိုလုပ်ပြီး ထိုင်ကြည့်နေနိုင်မှာလဲ။

ဒါပေမဲ့ ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်ရဲ့ တည်နေရာကို တွက်ချက်လို့ မရသေးပါဘူး။ ဟွမ်ဇွမ်တျန်က အကောင်းစား ရတနာတစ်ပါးနဲ့ ပုန်းနေတာ မဟုတ်ရင် ရှေးဟောင်း လောကဦးကမ္ဘာထဲမှာပဲ ဖြစ်နိုင်ပါတယ်။

ဟွမ်ဇွမ်တျန်က သေချာပေါက် ဟန်ဟွမ်ကို သွားရှာမှာပါ။ တိုက်ပွဲစတာနဲ့ ဟန်ဟွမ်က အန္တိမမူလစွမ်းအားကို ငှားယူမှာပါ။ ဒီလိုဆိုရင် ဟန်ကျွယ် ဟွမ်ဇွမ်တျန်ကို ရှာနိုင်ပါပြီ။

ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ဆက်ကျင့်ကြံပါတယ်။

.....

ဖန်တီးရှင်ဧကရာဇ်ရုံးတော်ရဲ့ မှောင်မိုက်တဲ့ နန်းတော်ထဲမှာ ဟန်ဟွမ်ဟာ တရားထိုင်ပြီး ကျင့်ကြံအားထုတ်နေပါတယ်။ ရုတ်တရက် ဟန်ဟွမ်ဟာ မျက်နှာပြောင်းသွားပြီး ဇက်ကို အသာချိုးလိုက်ပါတယ်။

တစ်ခဏအကြာမှာတော့ ဟန်ဟွမ်ဟာ ရုတ်တရက် မျက်လုံးဖွင့်ပြီး အသက်ရှူထုတ်လိုက်ပါတယ်။ မျက်လုံးထဲမှာလည်း သတ်ဖြတ်ငွေ့တွေ ပြည့်သွားပါတယ် “မင်းက ငါ့ဆီကနေ လောကဦးနတ်ဘီလူး နာမည်ကို လုယူချင်တယ်၊ တန်လို့လား...” ဟန်ဟွမ်ဟာ လူသတ်လိုစိတ်နဲ့ တစ်ကိုယ်တည်း ရေရွတ်လိုက်ပါတယ်။

ဟန်ဟွမ်ဟာ မတ်တတ်ရပ်လိုက်ပြီး ဟန်လင်ရှေ့ ရောက်သွားပါတယ် “ညီမ,လေး... အစ်ကို အချိန်တစ်ခုလောက် အပြင်ထွက်ဦးမယ်”

ဟန်လင်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ဘာဖြစ်လို့လဲ”

ဟန်ဟွမ်ဟာ ဘာမှ မဖုံးကွယ်ဘဲ ရှုံဟွာအင်အားစု ရန်စနေတဲ့အကြောင်းကို အမှန်အတိုင်း ပြောလိုက်ပါတယ်။

“အစ်ကိုနှစ် ဂရုစိုက်ဦး... တစ်ဖက်လူက အစ်ကိုနှစ်ကို ပေါ်တင် ရန်စတယ်ဆိုတော့ ယုံကြည်မှု အပြည့် ရှိလို့ပဲ”

ဟန်ဟွမ်ဟာ လက်ဝှေ့ယမ်းလိုက်ပါတယ် “အစ်ကိုသိပါတယ်၊ အဲဒါကြောင့် အစ်ကို ခဏ ထွက်သွားရလိမ့်မယ်၊ မဟုတ်ရင် ဖန်တီးရှင်ဧကရာဇ်ရုံးတော်ကို သက်ရောက်စေလိမ့်မယ်”

“ညီမ လိုက်ခဲ့ရဦးမလား”

“ဟားဟား... ညီမ,လေး... ညီမက စွမ်းအားကြီးတာ အမှန်ပဲ၊ ဒါပေမဲ့ အစ်ကိုကလည်း အားမနည်းပါဘူး၊ အစ်ကို့ကို ပဋိပက္ခထဲမှာရှိတဲ့ သက်ရှိအကုန်လုံးက အစွမ်းအထက်ဆုံးပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုထားကြတာ၊ အစ်ကိုက ဘယ်လိုလုပ်ပြီး တစ်ဦးချင်း တိုက်ပွဲကို ကြောက်ရမှာလဲ”

ဟန်ဟွမ်ဟာ ဟန်လင်ကို စကားထပ်ပြောဖို့ အခွင့်အရေး မပေးဘဲ ရယ်မောပြီး ထွက်ခွာသွားပါတယ်။

ဟန်လင်ဟာ ဟန်ဟွမ် ထွက်သွားတဲ့ဘက်ကို ကြည့်ရင်း မျက်မှောင်ကြုတ်သွားပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters