← Chapters

ဟန်ကျွယ်ရဲ့ ပြင်ဆင်မှု

Vol. 102 Ch. 1062

ဟန်ကျွယ်ရဲ့ ပြင်ဆင်မှု

Vol. 102 Ch. 1062

ဟန်ကျွယ်နဲ့ ရှင်းဟုန်ရွှမ်တို့ တိုက်ပွဲအကြောင်း ဆွေးနွေးနေတုန်းမှာ ဟန်ဟွမ်နဲ့ ဟန်ယဲ့ဟာ နောက်ထပ် စွမ်းအားကြီး ရန်သူတွေကို ထပ်ရင်ဆိုင်လိုက်ရပါတယ်။

ဒီတစ်ကြိမ်က ရှုံဟွာအင်အားစုပါ။ လီတောက်ခုံးက မဟာတာအိုပညာရှိချုပ် ဆယ်ပါးနဲ့ မဟာတာအိုပညာရှိ တစ်ရာကျော်ကို ဦးဆောင်ပြီး တိုက်ခိုက်လာပါတယ်။ သူတို့ရောင်ဝါက အနားမှာရှိတဲ့ ဟင်းလင်းပြင်ကို ဆက်တိုက် ပြိုလဲသွားစေပါတယ်။ အာကာသအလွှာတွေက ပန်းပေါင်းတစ်ရာပွင့်ချပ်လိုမျိုး စစ်မြေပြင်ကို တလက်လက် တောက်ပသွားစေပါတယ်။

ဒါကို မြင်လိုက်ရတဲ့ ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ်။ ပဋိပက္ခက လွန်ခဲ့တဲ့ နှစ်သန်းတစ်ရာအတွင်း လျင်မြန်စွာ တိုးတက်လာခဲ့ပါတယ်။ နဝမပဋိပက္ခက အဆင့်တက်ခါနီးလို့ပဲလား သူ့လွှမ်းမိုးမှုကြောင့်ပဲလားဆိုတာတော့ မသိနိုင်ပါဘူး။

မဟာတာအိုပညာရှိချုပ်ရော မဟာတာအိုပညာရှိရော ပြီးခဲ့တဲ့ခေတ်ထက် အများကြီး ပိုများပါတယ်။ သေချာစဉ်းစားကြည့်ရင် အကုန်လုံးက အန္တိမဒဏ်ခတ်နတ်မင်းကြောင့်ပါ။ အန္တိမဒဏ်ခတ်နတ်မင်းက ပါရမီရှင်တွေကို အလွန်တရာ ကာကွယ်ပေးပြီး မသတ်ဖြတ်ဖို့ အမိန့်ထုတ်ထားပါတယ်။

သာမန်တိုက်ပွဲတွေမှာ သူတို့တွေ သေဆုံးသွားရင်တောင် စွမ်းအားကြီးပုဂ္ဂိုလ်တွေက သူတို့ကိုယ်သူတို့ ကာကွယ်ပြီး အသက်ပြန်ရှင်လာနိုင်ပါတယ်။ သူတို့တွေ ကြောက်တာက သူတို့ရဲ့ ကမ္ဘာမကျေ ရန်သူတွေ အလွတ်မပေးမှာကိုပါ။ အန္တိမဒဏ်ခတ်နတ်မင်းရဲ့ အမိန့်က ပါရမီရှင်တွေ သေသွားရင်တောင် အသက်ပြန်ရှင်လာနိုင်အောင် လုပ်ပေးထားပါတယ်။

ပါရမီရှင်တွေ ရှင်သန်နှုန်း မြင့်မားတဲ့အတွက် အချိန်ကြာလာတာနဲ့အမျှ မဟာတာအိုပညာရှိနဲ့ မဟာတာအိုပညာရှိချုပ် အရေအတွက်ကလည်း တိုးလာပါတယ်။

အရင်တုန်းက မဟာတာအိုပညာရှိတွေနဲ့ မဟာတာအိုပညာရှိချုပ်တွေဟာ ထိပ်တန်း အရည်အချင်းရှိတဲ့လူတွေ မဟုတ်ကြပါဘူး။ နတ်‌ဒေါင်းအရှင် မဟာတာအိုပညာရှိ မဖြစ်အောင် စွမ်းအားကြီးပုဂ္ဂိုလ်တွေ တားခဲ့တာကိုကြည့်ရင် သိနိုင်ပါတယ်။

အဲဒီအချိန်တုန်းက အရည်အချင်း ဘယ်လောက်ရှိရှိ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးပါးက ဒုက္ခပေးရင် အဆင့်ထိုးဖောက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ခဲ့ပါဘူး။

“လီတောက်ခုံးက တကယ်ကို စွမ်းအားကြီးလာပြီ၊ နှမြောဖို့ကောင်းတာက တိတ်ဆိတ်ဂိုဏ်းသား မဟုတ်တော့တာပဲ” ရှင်းဟုန်ရွှမ်ဟာ သက်ပြင်းချလိုက်ပါတယ်။

ချန်ယွီအာဟာ ပြုံးလိုက်ပါတယ် “အဲဒီလို တထစ်ချတော့ ပြောလို့မရဘူး၊ လီတောက်ခုံး သက်ရှိတွေ မရေမတွက်နိုင်အောင် သတ်ခဲ့ပေမဲ့ တိတ်ဆိတ်ဂိုဏ်းတပည့် တစ်ယောက်ကိုမှ မထိသေးဘူး၊ ရှုံဟွာအင်အားစု တစ်ခုလုံးကလည်း ဒီအတိုင်းပဲ၊ အဲဒါ သူ့ကြောင့်ပဲ ဖြစ်လိမ့်မယ်”

ကျန်တဲ့မိန်းမတွေဟာ ဟန်ကျွယ်ကို ကြည့်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “သူက သူ့ကိုယ်သူ တိတ်ဆိတ်ဂိုဏ်းသား ဖြစ်တုန်းလို့ စိတ်ထဲမှာ ခံယူထားလို့ နေမှာပေါ့၊ ဒါပေမဲ့ သူ ဘာတွေးနေလဲဆိုတာ သူပဲ သိလိမ့်မယ်”

ဟန်ကျွယ်ရဲ့ လေသံနဲ့ အပြုံးကို ကြည့်ပြီး လီတောက်ခုံးနဲ့ ဆက်ဆံရေး မကင်းသေးဘူးဆိုတာကို ရှင်းဟုန်ရွှမ်တို့တွေ ခန့်မှန်းမိလိုက်ပါတယ်။ ဒါပေမဲ့ ဘာမှ ထပ်မပြောပါဘူး။

သူတို့တွေဟာ အရင်တုန်းကလိုမျိုး သေမျိုးတွေ မဟုတ်တော့ပါဘူး။ ကျင့်ကြံမှု မြင့်မားလေလေ ပိုပြီးတော့ ကြောက်လာလေလေပါပဲ။ တစ်ခါတစ်လေမှာ စကားတစ်ခွန်း ပြောလိုက်တာနဲ့ အနားမှာ ဘယ်သူမှ မရှိရင်တောင် တွက်ချက်ခံရနိုင်ပါတယ်။

လီတောက်ခုံးဟာ ဟန်ဟွမ်ကို မယှဉ်နိုင်ပါဘူး။ နောက်ဆုံးမှာတော့ လီတောက်ခုံးဟာ ဓားပေါင်း မြောက်များစွာနဲ့ ဖြစ်တည်လာတဲ့ သူ့ဓားကမ္ဘာကို ထုတ်သုံးပါတယ်။ ဓားတန်ခိုးက ကျယ်ပြောပြီး ကြီးမားလှတဲ့အတွက် ဓားတွေအကုန်လုံးကို ဆက်တိုက် တုန်ခါသွားစေပါတယ်။ ဓားတွေက ဓားဘိုးဘေးကို ရှိခိုးသလိုမျိုးပါပဲ။

“လီတောက်ခုံး... မင်းရဲ့ဓားက လောင်ဇီထက် ထက်လှချည်လား” ဟန်ဟွမ်ဟာ ရယ်မောလိုက်ပါတယ်။ ဟန်ဟွမ်ဟာ လီတောက်ခုံးကို တွေ့လိုက်ရတဲ့အတွက် အတော်လေးကိုမှ ပျော်ရွှင်သွားပါတယ်။ ဟန်ဟွမ်ဟာ ပဋိပက္ခမှာ လျှောက်သွားတုန်းက လီတောက်ခုံးရဲ့ အကူအညီကို လေးငါးကြိမ် ယူခဲ့ဖူးပါတယ်။ ဒါကြောင့် လီတောက်ခုံးအပေါ် အကောင်းမြင်စိတ် ရှိပါတယ်။

လီတောက်ခုံးဟာ မိုင်ပေါင်းသန်းတစ်ရာကျော် ရှည်လျားတဲ့ ဓားအလင်းပေါ် တက်နင်းပြီး ဂုဏ်မောက်လွန်းတဲ့ လောကဦးနတ်ဘီလူးအသွင်ကို ကြည့်ကာ သက်ပြင်းချလိုက်ပါတယ်။ အဲဒီနောက် ပြုံးလိုက်ပါတယ် “ဟန်ဟွမ်... မင်းက တကယ်ကို စွမ်းအားကြီးတယ်၊ အဲဒီတည်ရှိမှုရဲ့ သားတော်လို့ မပြောရဘူး၊ ဒါပေမဲ့ ဒီနေ့တိုက်ပွဲမှာ ငါနဲ့ ကပ်ဘေးထိန်းချုပ်သူတွေက ထိုင်ကြည့်နေမှာ မဟုတ်ဘူး”

“ငါ နားလည်ပါတယ်၊ လာပါ... သက်ရှိအားလုံး စိန်ခေါ်တာကို ငါ လက်ခံတယ်၊ ငါ ရှုံးရင် လောကဦးနတ်ဘီလူးဖြစ်ဖို့ အရည်အချင်း မရှိဘူး၊ လောကဦးနတ်ဘီလူးက အရာအားလုံးကို ဖိနှိပ်တဲ့ တည်ရှိမှု ဖြစ်သင့်တယ်... ဟားဟား...”

ဟန်ဟွမ်ရဲ့ ရယ်သံက တော်တော်လေး နားကြားပြင်း ကတ်စရာကောင်းပါတယ်။ သူ့ရယ်သံဟာ ပဋိပက္ခ ဟင်းလင်းပြင်ကို ပဲ့တင်ထပ်ပြီး တော်တော်ဝေးဝေးကို ပျံ့နှံ့သွားပါတယ်။ ဒါပေမဲ့ ပွဲကြည့်ပရိသတ်တွေ အကုန်လုံး ဟန်ဟွမ်ကို လက်မခံဘဲ မနေနိုင်ပါဘူး။

“ဟုတ်တယ်၊ သူက လောကဦး နတ်ဘီလူး မဟုတ်ရင် ပဋိပက္ခ သာလွန် သိစိတ်မဲ့ ရှီထျန် မဟာတာအိုကမ္ဘာတွေထဲမှာရှိတဲ့ ဘယ်သူက လောကဦးနတ်ဘီလူးနဲ့ ထိုက်တန်မှာလဲ”

“ဒီကောင်က မောက်မာပေမဲ့ စွမ်းအားကြီးတာ အမှန်ပဲ”

“လောကဦးနတ်ဘီလူးနဲ့ သက်ရှိတွေကြားမှာ တကယ်ကြီး အဲဒီလောက်တောင် ကွာခြားတာလား”

“ဟန်ဟွမ်ပဲဆို ကိစ္စမရှိဘူး၊ ဟန်ယဲ့ကလည်း စွမ်းအားကြီးလွန်းတယ်လို့ ငါ ဘာဖြစ်လို့ ခံစားနေရတာလဲ၊ သူက မကြာခင်မှာ နောက်ထပ် ဟန်ဟွမ် ဖြစ်လာလောက်တယ်”

“သူတို့နှစ်ယောက်လုံးရဲ့ မျိုးရိုးနာမည်က ဟန်ပဲ၊ ဟန်ယဲ့က ဟန်ဟွမ်ရဲ့ သားများလား”

“ညီအစ်ကို... မင်းပြောတာ မှားတယ်၊ သူတို့နှစ်ယောက်က ဇာစ်မြစ်တူပေမဲ့ သားအဖ မဟုတ်ဘူး၊ ဟန်ဟွမ်က ဟန်မိသားစု တည်ထောင်သူ မဟုတ်ဘူး၊ ဟန်ဟွမ်က ဘယ်လောက်ပဲ စွမ်းအားကြီးကြီး ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကိုတော့ ယှဉ်နိုင်မှာ မဟုတ်ဘူး”

“ဟန်ဟွမ်က ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ သားတော်ပဲ၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ဟန်ဟွမ်ကို ဘယ်လိုလုပ်ပြီး တားမှာလဲ၊ နောက်ပြီး ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက လောကဦးနတ်ဘီလူးဆိုတဲ့ ဂုဏ်သတင်းအတုတွေကို ဂရုစိုက်မှာ မဟုတ်ဘူး”

သက်ရှိအကုန်လုံးဟာ ထင်ရာမြင်ရာ ဆွေးနွေးကြပါတယ်။ ဒီအခြေအနေမှာ သက်ရှိအများကြီးဟာ ဟန်ဟွမ်ကို လောကဦး နတ်ဘီလူးလို့ ယုံကြည်လာကြပါတယ်။

ဟန်ကျွယ်ဟာ တိုက်ပွဲကို ခဏ ကြည့်ပြီးတာနဲ့ ထွက်ခွာသွားပါတယ်။ ရှင်းဟုန်ရွှမ်တို့ကတော့ တိုက်ပွဲကို စိတ်လှုပ်တရှားကြည့်ရင်း ကျန်နေခဲ့ပါတယ်။

တာအိုဘုံကျောင်းကို ပြန်ရောက်တဲ့အခါ ရှန်ဝေါ်ကလည်း တိုက်ပွဲကို စိတ်ဝင်တစား ကြည့်နေတာ တွေ့လိုက်ရပါတယ်။ လက်ထဲမှာလည်း‌ နေကြာစေ့တချို့ကို ကိုင်ထားပါတယ်။

ရှန်ဝေါ်ဟာ ဟန်ကျွယ်ကို တွေ့တာနဲ့ ဂါရဝပြုဖို့ ပြင်လိုက်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး တားလိုက်ပါတယ် “ဆက်ကြည့်ပါ”

အဲဒီနောက် ဟန်ကျွယ်ဟာ ကမ္ဘာဖျက်ကြာနက်ပေါ်ထိုင်ပြီး မျက်စိမှိတ်ကာ စတွေးပါတယ်။

‘ငါ မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှုကို ဘယ်လိုသုံးသင့်လဲ၊ ငါ့မှာ အခု ရှစ်ကြိမ် စုဆောင်းမိထားပြီ’

‘ထားလိုက်ပါတော့... နောက်ထပ် နှစ်ဆယ်သန်း ထပ်စောင့်လိုက်ပါမယ်လေ၊ အဲဒီတော့မှာ ကိုးခါဆက်တိုက်သုံးမယ်... ကိုးက မဟာတာအိုရဲ့ အကန့်အသတ်ဆိုတော့ သေချာပေါက် ကံကောင်းခြင်းကို ဆောင်ယူလာမှာပဲ’

အဲဒီအချိန်ကျရင် မိုးကောင်းကင် ပါရမီရှင် ကိုးပါးက အရင်တုန်းက ဒဏ်ခတ်သမားငါးဖော်လိုမျိုး အဖွဲ့ဖွဲ့လို့ ရပါပြီ။ ဒီလိုဆို သူတို့က ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို ကိုယ်စားပြုတဲ့ မဟာပညာရှိကိုးပါး ဖြစ်လာမှာပါ။ ဟန်ကျွယ်ဟာ ဒီအချိန်ကို မျှော်ကြည့်မိလိုက်ပါတယ်။

ပျင်းရိငြီးငွေ့ဖွယ်ကောင်းတဲ့ ကျင့်ကြံမှုနှစ်တွေမှာ ပျော်စရာတချို့ ထပ်ထည့်သင့်ပါပြီ။ ဟန်ကျွယ်ဟာ ဟန်လင် ထွက်သွားပြီးနောက် နည်းနည်း ပျင်းလာပါတယ်။ ရှန်ဝေါ်က သိပ်ပြီးတော့ စိတ်ဝင်စားစရာ မကောင်းပါဘူး။ ရင်ဖိုလွန်းပြီး အသွင်တူ လက်ရည်စမ်းပွဲထဲမှာ ငနုတွေကို အမြဲလိုလို အနိုင်ကျင့်ပါတယ်။ ဟန်လင်လိုမျိုး ရှုံးနိမ့်ရင်တောင် ဆက်ပြီးတော့ စိန်ခေါ်ရဲတဲ့ သတ္တိမရှိပါဘူး။

.....

ကောင်းကင်ရုံးတော်၊ နတ်ဘုရားခန်းမ။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ပလ္လင်ပေါ်မှာထိုင်ရင်း ခန်းမထဲက အင်မော်တယ်တွေ ဟန်ဟွမ်အကြောင်း ဆွေးနွေးတာကို အပြုံးနဲ့ နားထောင်နေပါတယ်။

အန္တိမမူလ နတ်ဘီလူးလည်း ခန်းမထဲမှာ ရှိနေပါတယ်။ ဟန်လင်က သူ့ကို ကောင်းကင်ရုံးတော်ဆီ လွှတ်ထားတာ အတော်ကြာသွားပါပြီ။ အန္တိမမူလ နတ်ဘီလူးဟာ အရည်အချင်း ထက်မြက်တာကြောင့် လျင်မြန်စွာ အခြေကုပ်နိုင်ပြီး ကောင်းကင်ရုံးတော်မှာ နံပါတ်တစ် ပါရမီရှင် ဖြစ်လပါတယ်။

ဟန်ဟွမ်ရဲ့ ဒဏ္ဍာရီကို ကြားရတဲ့အခါ အန္တိမမူလနတ်ဘီလူးဟာ အတိတ်ကို ပြန်မတွေးဘဲ မနေနိုင်ပါဘူး။ သူက ဟန်ဟွမ်ကိုမီဖို့ ဘယ်လောက် လိုသေးတယ်ဆိုတာကို သူ မသိပါဘူး။

အင်မော်တယ်အိုတစ်ပါးဟာ မတ်တတ်ရပ်ပြီး လက်သီးဆုပ်ကာ “အရှင်မင်းကြီး... ဒီခေတ်က အရှုပ်အရှင်းခေတ်ပဲ၊ ကောင်းကင်ရုံးတော်က မတိုက်ခိုက်ဘဲနေရင် နောက်ကျ ကျန်နေခဲ့လိမ့်မယ်၊ အဆုံးမဲ့ခေတ် ဒဏ္ဍာရီက လူကြားထဲ ပျံ့နေတာ ကြာပြီ၊ အဆုံးမဲ့ခေတ်ရောက်လာရင် ပဋိပက္ခက အပိုင်းအစ အများကြီး ကွဲထွက်သွားမှာ”

“အဲဒီအချိန်ကျရင် အပိုင်းအစတိုင်းက သီးခြားဖြစ်သွားမှာ၊ အခုလိုမျိုး နယ်မြေအသီးသီးမှာရှိတဲ့ သက်ရှိတွေ ကူးလူးဆက်သွယ်လို့ ရတော့မှာ မဟုတ်ဘူး၊ အဲဒီအချိန်ကျရင် အင်အားစုအသီးသီးက မတူကွဲပြားတဲ့ ကံတရားအထောက်အပံ့တွေ ရှိကြလိမ့်မယ်၊ သာမန်သက်ရှိတွေ တခြားနေရာကို သွားရောက်ဖို့ဆိုတာ လွယ်ကူတော့မှာ မဟုတ်ဘူး”

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ခေါင်းညိတ်လိုက်ပါတယ် “မင်းပြောတာ မှန်တယ်၊ ဒါပေမဲ့ ကောင်းကင်ရုံးတော်က ဘယ်လို တိုက်ခိုက်မှာလဲ၊ လောကဦးနတ်ဘီလူး နေရာအတွက်လား၊ နယ်မြေအတွက်လား”

အင်မော်တယ်အိုကြီးက ပြန်ဖြေပါတယ် “နယ်မြေအတွက်ပါ၊ ကောင်းကင်ရုံးတော်မှာရှိတဲ့ ဘယ်သူမှ လောကဦးနတ်ဘီလူးနေရာအတွက် တိုက်ခိုက်ဖို့ အရည်အချင်း မရှိဘူး၊ နောက်ပြီး ဟန်ဟွမ်က ကောင်းကင်ရုံးတော်နဲ့ ဆက်ဆံရေးကောင်းတယ်၊ ဒီတော့ ကျွန်တော်တို့တွေ ဒီဆက်ဆံရေးကို ဖြတ်တောက်စရာ မလိုဘူး၊ နယ်မြေအတွက် တိုက်ခိုက်တာက အကျိုးအများဆုံးပဲ၊ အနားအနီးက နယ်မြေတွေဆို ပိုအဆင်ပြေတယ်၊ ဒီလိုဆို ပဋိပက္ခ ကွဲကြေတဲ့အခါကျ ဒီနေရာတွေက ကောင်းကင်ရုံးတော်နဲ့ နီးတော့ ထိန်းချုပ်ရ ပိုလွယ်လိမ့်မယ်”

အန္တိမမူလနတ်ဘီလူးဟာ ချက်ချင်း မပျော်မရွှင် ဖြစ်သွားပါတယ် “ကောင်းကင်ရုံးတော်က လောကဦးနတ်ဘီလူးနေရာအတွက် မတိုက်ခိုက်နိုင်ဘူးလို့ ဘယ်သူပြောတာလဲ”

အင်မော်တယ်အိုကြီးဟာ အန္တိမမူလနတ်ဘီလူးကို တစ်ချက်ကြည့်ပြီး ရယ်မောလိုက်ပါတယ်။ အင်မော်တယ်အိုကြီးက ဘာမှ ပြန်မပြောတဲ့အတွက် အန္တိမမူလနတ်ဘီလူးကို ပိုပြီးတော့ မကျေမချမ်း ဖြစ်သွားစေပါတယ်။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ အင်မော်တယ်တွေကို အကဲခတ်ပြီး တစ်လုံးချင်း ပြောလိုက်ပါတယ် “ငါက သာလွန်မဟာတာအိုကမ္ဘာနဲ့ အဆက်အသွယ် ရှိတယ်၊ အဲဒီအချိန်ကျရင် အခုလက်ရှိထက် အဆတစ်ရာကျော် ကြီးမားတဲ့နယ်မြေကို ရနိုင်တယ်၊ မင်းတို့တွေ ဘယ်လိုသဘောရလဲ”

မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ စကားကြောင့် အင်‌မော်တယ်တွေ အုတ်အော်သောင်းနင်း ဖြစ်သွားကြပါတယ်။

‘သာလွန်မဟာတာအိုကမ္ဘာ... ဒါ ပဋိပက္ခကို သစ္စာဖောက်တာ မဟုတ်ဘူးလား...’

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters