← Chapters

ဟွမ်ဇွမ်တျန်အား တာအိုဟောကြားပေးခြင်း

Vol. 102 Ch. 1063

ဟွမ်ဇွမ်တျန်အား တာအိုဟောကြားပေးခြင်း

Vol. 102 Ch. 1063

“ကျွန်တော်တို့တွေ သာလွန်မဟာတာအိုကမ္ဘာနဲ့ ပူးပေါင်းလိုက်ရင် ပဋိပက္ခ မုန်းတီးတာကို မခံရနိုင်ဘူးလား”

“ဟုတ်တယ်၊ ကျွန်တော်တို့တွေ အဲဒီလို ကြော်ငြာလိုက်တာနဲ့ သေချာပေါက် ဝိုင်းတိုက်ခံရမှာ”

“သာလွန်မဟာတာအိုကမ္ဘာက ကောင်းကင်တာအိုနဲ့ အလှမ်းဝေးလွန်းတယ်”

“အရှင်မင်းကြီး... ပြန်ပြီးတော့ စဉ်းစားပေးပါ”

“ဟုတ်ပါတယ် အရှင်မင်းကြီး... ကျွန်တော်တို့တွေ သာလွန်မဟာတာအိုကမ္ဘာနဲ့ ပူးပေါင်းလိုက်တာနဲ့ ကောင်းကင်ရုံးတော် ပဋိပက္ခမှာ တည်ဆောက်ထားတဲ့ အဆက်အသွယ်တွေ အကုန်လုံး ပျောက်သွားလိမ့်မယ်”

အင်မော်တယ်တွေဟာ အငြိမ်မနေနိုင်ဘဲ မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ အဆိုကို ခွန်းတုံ့ပြန်ကြပါတယ်။

မိစ္ဆာ ကောင်းကင်ဧကရာဇ် “ငါ သိတဲ့ တည်ရှိမှုက ကောင်းကင်ရုံးတော်ကို သာလွန်မဟာတာအိုကမ္ဘာဆီ တစ်ချက်တည်း ရွှေ့နိုင်တယ်၊ အဆက်အသွယ်အတွက်တော့ မပူနဲ့၊ အဲဒီတည်ရှိမှုနဲ့ သိကျွမ်းတာက လက်ရှိ ကောင်းကင်ရုံးတော် ပဋိပက္ခထဲမှာ ရှိနေတဲ့ အဆက်အသွယ် အကုန်လုံးထက် အများကြီး သာတယ်”

ဟိန်တျန် ကောင်းကင်စစ်သူကြီးက မေးလိုက်ပါတယ် “ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကရော...”

ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက နှစ်သန်းတစ်ရာကျော် လူရှေ့ထွက်မလာပေမဲ့ မျိုးဆက်ဟောင်းတွေအတွက်တော့ ဒီနာမည်က အထွတ်အထိပ် တည်ရှိမှုကို ကိုယ်စားပြုပါတယ်။ အရင်တုန်းက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ စွမ်းအားဟာ လက်ရှိဟန်ဟွမ်ထက်တောင် ပိုပြီးတော့ ယုတ္တိမရှိပါသေးတယ်။

အန္တိမမူလ နတ်ဘီလူးဟာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိဆိုတဲ့ နာမည်ကို ကြားလိုက်ရတဲ့အခါ ရင်ထဲမှာ တွေ့မြင်ချင်စိတ်တွေ တဖွားဖွား ပေါက်ဖွားလာပါတယ်။ အန္တိမမူလ နတ်ဘီလူးဟာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို တစ်ခါမှ မမြင်ဖူးပေမဲ့ အလွန်တရာမှ ကြည်ညိုလေးစားနေပါပြီ။

မိစ္ဆာ ကောင်းကင်ဧကရာဇ် “ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို ပဋိပက္ခက မပိုင်ဘူး၊ အရင်တုန်းက သူ ကောင်းကင်တာအိုကို ကာကွယ်ခဲ့တယ်၊ အခု သူ ကောင်းကင်တာအိုထဲမှာတောင် ပေါ်မလာတော့ဘူး၊ ဒါက ဘာကိုဆိုလိုလဲဆိုတာ မင်း မသိဘူးလား၊ တာအိုအရှင်သခင် လီတောက်ခုံးနဲ့ လောင်ဇီတို့တောင် မဟာတာအိုကမ္ဘာ တည်ထောင်ပြီးနေပြီ၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက သူ့ကိုယ်ပိုင် မဟာတာအိုကမ္ဘာကို မဖန်တီးဘဲနေပါ့မလား”

“ခေတ်က မတူတော့ဘူး၊ နောက်ကျရင် ပဋိပက္ခလိုမျိုး နေရာတွေ အများကြီး ပေါ်လာလိမ့်မယ်၊ ကောင်းကင်ရုံးတော်က ဒီအခွင့်အရေးကို မဖမ်းဆုပ်နိုင်ဘူးဆိုရင် သမိုင်းထဲမှာ ခြေရာတောင် ကျန်နေခဲ့မှာ မဟုတ်ဘူး၊ ငါတို့တွေ ဒီမဟာတာအိုအနန္တကပ်ဘေးမှာ အရိုးဖြစ်ပြီး အဲဒီအနှိုင်းမဲ့တည်ရှိမှုတွေ ကံတရား အထောက်အပံ့ အတွက် တိုက်ခိုက်တဲ့ တိုက်ပွဲမှာ ခြေနင်းကျောက်တုံး ဖြစ်သွားလိမ့်မယ်”

မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ စကားကြောင့် အင်မော်တယ်တွေ အကုန်လုံး တိတ်ဆိတ်သွားကြပါတယ်။

မဟာတာအိုကမ္ဘာ လျှို့ဝှက်ချက်က ပထမ ပဋိပက္ခ အစည်းအဝေး ပြီးကတည်းက ပဋိပက္ခမှာ ပျံ့နှံ့ခဲ့တာပါ။ ပဋိပက္ခက အကြီးမားဆုံး မဟာတာအိုကမ္ဘာဆိုတဲ့ အချက်က လျှို့ဝှက်ချက်တစ်ခု မဟုတ်တော့ပါဘူး။ ဒီအချက်က သက်ရှိအကုန်လုံးကို ခန့်မှန်းချက် ထုတ်သွားစေပါတယ်။ ပဋိပက္ခကိုလည်း သာလွန်တည်ရှိမှုတစ်ခုက ဖန်တီးထားတာလားဆိုပြီးတော့ပေါ့။

စောစောက ထပြောခဲ့တဲ့ အင်မော်တယ်အိုကြီးက ပြောလိုက်ပါတယ် “ဒီလိုဆိုမှတော့ ကျွန်တော်တို့တွေ အရှင်မင်းကြီးရဲ့ စီစဉ်မှုကို နာခံပါ့မယ်၊ ကောင်းကင်ရုံးတော် တစ်ခုလုံးက အရှင်မင်းကြီးဆီမှာ အသက်တစ်မျှင် ကျန်သည့်တိုင်အောင် အမှုတော် ထမ်းရွက်ပါ့မယ်”

တစ်ယောက် ထပြောတာနဲ့ ကျန်တဲ့လူတွေလည်း သံယောင်လိုက်ကြပါတယ်။ အင်မော်တယ်တွေဟာ သူတို့တွေ ပြောတာနှေးရင် မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို ဒေါသထွက်စေမိမှာလည်း ကြောက်ကြပါတယ်။

“အဲဒါဆို ငါတို့တွေ သာလွန်မဟာတာအိုကမ္ဘာ သွားကြမယ်”

“ကွက်တိပဲ၊ သာလွန်မဟာတာအိုကမ္ဘာရဲ့ နယ်မြေတွေက အရိုင်းမြေတွေဆိုတော့ ကျွန်တော်တို့ အင်မော်တယ်တွေ ဦးဆောင်ဖို့ လိုတယ်”

“ဟုတ်တယ်... အရှင်မင်းကြီး ဆုံးဖြတ်တာ မှန်တယ်”

“နောက်ကျရင် အဆုံးမဲ့ခေတ်ဆိုတော့ ပဋိပက္ခက သမိုင်းဖြစ်သွားမှာ”

“ကျွန်တော်တို့တွေ အဲဒီကိုရောက်ရင် သာလွန်မဟာတာအိုကမ္ဘာကို စုစည်းသင့်တယ်”

အင်မော်တယ်တွေဟာ အပြောင်းအလဲ မြန်ဆန်လွန်းပါတယ်။ မသိတဲ့လူဆိုရင် သာလွန်မဟာတာအိုကမ္ဘာက သူတို့အိမ်လို့ ထင်သွားမှာ အသေအချာပါပဲ။

အန္တိမမူလ နတ်ဘီလူးဟာ အင်မော်တယ်တွေကို စိတ်ထဲမှာ အထင်သေးသွားပါတယ် ‘ကြောင်သူတော် ကြွက်သူခိုးတွေ’

အန္တိမမူလနတ်ဘီလူးဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို ကြည့်ပြီး တစ်ခုခု ပြောချင်ပေမဲ့ အခြေအနေနဲ့ မသင့်တော်မှာကိုလည်း ကြောက်နေပါတယ်။

‘ကောင်းကင်ရုံးတော် သာလွန်မဟာတာအိုကမ္ဘာဆီသွားရင် ငါက ဘာလုပ်ရမှာလဲ’

အန္တိမမူလ နတ်ဘီလူးဟာ ကောင်းကင်ရုံးတော်မှာ ခဏပဲ လာနေတာပါ။ အန္တိမမူလ နတ်ဘီလူးဟာ သူ့ကိုယ်သူ ဖန်တီးရှင်ဧကရာဇ်ရုံးတော်ကလို့ အမြဲတမ်း ခံယူထားပါတယ်။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ သူ့အတွေးကို ထိုးဖောက်မြင်တာကြောင့် “ငါတို့ရဲ့ မဟာမိတ် ဖန်တီးရှင်ဧကရာဇ်ရုံးတော်လည်း သာလွန်မဟာတာအိုကမ္ဘာဆီလိုက်ပြီး ငါတို့ကို ထောက်ပံ့ပေးလိမ့်မယ်”

ဒီစကားကြောင့် အင်မော်တယ် နတ်ဘုရားတွေဟာ ရုတ်ရုတ်သဲသဲဖြစ်ပြီး ပိုပြီးတော့ စိတ်လှုပ်ရှားသွားကြပါတယ်။

ဖန်တီးရှင်ဧကရာဇ်ရုံးတော်က လွန်ခဲ့တဲ့ နှစ်ဆယ်သန်းချီမှာ အကြီးမားဆုံး အင်အားစုလို့ ပြောလို့ရပါတယ်။

ဟန်ယဲ့က ဟန်ဟွမ်နဲ့ တိုက်ခိုက်နေတုန်းပါ။ သူ့စွမ်းအားက ပဋိပက္ခတစ်ခုလုံးကို တုန်လှုပ်သွားစေပါတယ်။

ဒီလိုအင်အားစုက အဖော်ပြုပေးမှတော့ သူတို့တွေ ဘယ်လိုလုပ်ပြီး စိတ်မချဘဲနေမှာလဲ။

အန္တိမမူလ နတ်ဘီလူးဟာ မှင်တက်သွားပြီး အင်မော်တယ် နတ်ဘုရားတွေထက် ပိုပြီးတော့ အံ့အားသင့်သွားပါတယ် ‘ဧကရာဇ်လည်း သာလွန်မဟာတာအိုနဲ့ ပူးပေါင်းမှာလား... ကိုယ်ပိုင် မဟာတာအိုကမ္ဘာ ဖန်တီးသင့်တာ မဟုတ်ဘူးလား...’

.....

ဟန်ကျွယ်အတွက် အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။

[သင့်သည် မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှု အခွင့်အရေးတစ်ကြိမ်အား ရရှိပါသည်။]

ဟန်ကျွယ်ဟာ ဒီအသိပေးချက်ကို မြင်တဲ့အခါ ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ ပထမဆုံး ပဋိပက္ခကို ကြည့်လိုက်တဲ့အခါ တိုက်ပွဲပြီးသွားတာ တွေ့လိုက်ရပါတယ်။ ဒီတိုက်ပွဲမှာ ဟန်ဟွမ်နဲ့ ဟန်ယဲ့ အနိုင်ရသွားပါတယ်။ အင်အားစုတွေ ဘယ်လောက်ပဲ ပါပါ ဟန်ဟွမ်ကို မယှဉ်နိုင်ပါဘူး။ တိုက်ပွဲပြီးသွားဆိုပေမဲ့ အင်အားစုအသီးသီးက နောက်ထပ် ပိုမိုကြီးမားတဲ့ တိုက်ခိုက်မှုကို ပြင်ဆင်နေကြပါတယ်။

ဟန်ကျွယ် တွက်ချက်ကြည့်လိုက်တဲ့အခါ မဟာတာအိုကမ္ဘာလေးပါးက စပြီးတော့ ဆက်သွယ်လာကာ ဟန်ဟွမ်ကို ပူးပေါင်း ရင်ဆိုင်ချင်တယ်ဆိုတာ သိလိုက်ရပါတယ်။ မူလလောကဦးနဲ့ ဟွမ်ဇွမ်တျန်ကတော့ အခုထိ တစ်ခါမှ ပေါ်မလာသေးတဲ့အတွက် ဟန်ကျွယ် အားမရ ဖြစ်သွားပါတယ်။

ဟန်ကျွယ်ဟာ တဒင်္ဂ တွေးတောပြီးနောက် ဟွမ်ဇွမ်တျန်ကို အိပ်မက်ပေးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်ရဲ့ တည်နေရာကို မတွက်ချက်နိုင်ပေမဲ့ အိပ်မက်ထဲမှာတော့ သွားလည်နိုင်ပါသေးတယ်။

အိပ်မက်ထဲမှာ ဟွမ်ဇွမ်တျန်က အလွန်တရာမှ စုတ်ပြတ်သပ်နေပါတယ်။ ဒါပေမဲ့ ဟွမ်ဇွမ်တျန်ဟာ ထုံးစံအတိုင်း မေးမြန်းပါတယ် “မင်းကို... မတွေ့ရတာ ကြာပြီ၊ ငါ အခု လျှို့ဝှက်ဆန်းကြယ် နေရာတစ်ခုမှာ ဧရာမအခွင့်အရေးကြီးနောက် လိုက်နေတယ်၊ မင်း နားထောင်ချင်လား”

“နားမထောင်ချင်ဘူး”

“သခင်ကို ဂါရဝ ပြုပါတယ်” ဟွမ်ဇွမ်တျန်ဟာ ဒူးထောက်ပြီး လက်သီးဆုပ်လိုက်ပါတယ်။

ဟန်ကျွယ် “မင်းပုံစံကြည့်ရတာ အဆင်ပြေပုံ မပေါ်ဘူး၊ ဘာဖြစ်လို့လဲ”

ဟွမ်ဇွမ်တျန်ဟာ ဒေါသထွက်သွားပါတယ် “ဒီကောင်က ကျွန်တော်ကို တကယ်ကို မကောင်းကြံတာ၊ သူက ကျွန်တော်ခန္ဓာကိုယ်ကို သိမ်းပြီးပြီ၊ ဒါပေမဲ့ သခင် မစိုးရိမ်ပါနဲ့၊ ကျွန်တော် သူ့ကို ဘယ်လိုဝါးမျိုရမလဲဆိုတာ သိပြီးပြီ၊ သူက ကျွန်တော်ကို လုံးဝ မဝါးမျိုရဲဘူး၊ ကျွန်တော် ဝိညာဉ်က ကပ်ဘေးထိန်းချုပ်သူ ကံကြမ္မာပါတော့ သူ ကျွန်တော် ခန္ဓာကိုယ်ကို ကျွန်တော်ရဲ့ ဝိညာဉ်မပါဘဲ ထိန်းချုပ်လို့ မရဘူး”

‘ကပ်ဘေး ထိန်းချုပ်သူက ဒီလိုမျိုး အစွမ်းရှိသေးတာလား... မဟာတာအိုကံတရား အထောက်အပံ့ နတ်အခွင့်အာဏာလို့ မပြောရဘူး’

ဟန်ကျွယ် “ငါ အမြင့်ကြီး မျှော်မှန်းထားတဲ့လူလို့ မပြောရဘူး၊ မင်းရဲ့ အရည်အချင်းက ဟန်ဟွမ်လောက် မကောင်းတာ အမှန်ပဲ၊ ဒါပေမဲ့ ကျင့်ကြံမှုက အရည်အချင်းအပေါ်ချည်းပဲ မူတည်နေတာ မဟုတ်ဘူး”

ဟွမ်ဇွမ်တျန်ဟာ ချက်ချင်း စိတ်လှုပ်ရှားသွားပြီး ဟန်ကျွယ်ကို ကျေးဇူးတင်စကား ဆိုပါတယ်။ ဟန်ကျွယ်ရဲ့ ချီးကျူးစကားက ဟွမ်ဇွမ်တျန်ရဲ့ အရေးအကြီးဆုံး အရာပါ။ ဒီစကားက သူ ဟန်ဟွမ်ကို အနိုင်ယူနိုင်တာထက် ပိုပြီးတော့ အဓိပ္ပာယ် ရှိပါတယ်။

“ငါ မင်းကို တာအိုဟောကြားပေးပြီး ကံတရား တာအို တိုးတက်အောင် ကူညီပေးမယ်၊ နောက်ကျ မင်း အသုံးချလို့ ရတာပေါ့”

“ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ် ဆရာ”

ဟန်ကျွယ်ဟာ ဘာမှ ထပ်မပြောတော့ဘဲ တာအိုစတင် ဟောကြားပါတယ်။ အဲဒီနေ့မှာပဲ ဟန်ကျွယ်ဟာ အိပ်မက်ကို အဆုံးသတ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ အိပ်မက်ထဲမှာ အချိန်နိယာမကို အသုံးပြုလိုက်တာကြောင့် တစ်နေ့တည်းလို့ ထင်ရပေမဲ့ တကယ်ကို နှစ်တစ်သန်း ကြာသွားပါတယ်။

နှစ်တစ်သန်း တာအိုနားထောင်တာက အလွန်တရာ များပြားတဲ့ ဝန်ထုပ်ဝန်ပိုးပါ။ ဒါပေမဲ့ မဟာတာအိုပညာရှိချုပ်ကတော့ ဒီဝန်ကို အသာလေး တောင့်ခံနိုင်ပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ စာစောင်တွေကို စပြီးတော့ စစ်ဆေးပါတယ်။

[သင့်သမီး ဟန်လင်သည် သာလွန်မဟာတာအိုကမ္ဘာသို့ ဝင်ရောက်ပြီး သာလွန် ကံတရား အထောက်အပံ့အား ရရှိသွားသည်။]

[သင့်မျိုးဆက် ဟန်ယောင်သည် သာလွန်မဟာတာအိုကမ္ဘာသို့ ဝင်ရောက်ပြီး သာလွန် ကံတရား အထောက်အပံ့အား ရရှိသွားသည်။]

[သင့်သား ဟန်ဟွမ်သည် သာလွန်မဟာတာအိုကမ္ဘာသို့ ဝင်ရောက်ပြီး သာလွန် ကံတရား အ‌ထောက်အပံ့အား ရရှိသွား၏။]

[သင့်တပည့် တာအိုအရှင်သခင်သည် ကပ်ဘေးနတ်ဆိုးတစ်ကောင် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၅၉၂၀၅၇၂

[သင့်တပည့် ဂျိရှင်းရှန်သည်...]

[သင့်တပည့် မုရုံချီသည် ကပ်ဘေးနတ်ဆိုးတစ်ကောင် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၂၈၅၇၇၇

[သင့်တပည့် ဂျိရှင်းရှန်သည် ပဋိပက္ခ အနာဂတ်သို့ ကူးပြောင်းရောက်ရှိပြီး ကံတရား အထောက်အပံ့ အသွင်ပြောင်းလဲသွား၏။]

[သင့်သမီး ဟန်ချင်းအာသည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားသည်။]

သာလွန်မဟာတာအိုကမ္ဘာကို သွားတဲ့လူတွေ အများကြီးပါပဲ။

‘သဏ္ဍာန်မဲ့နတ်မင်းက ငါ့ဆီကနေ လူလာလုတာလား’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး တစ်ခုခုမှားနေတယ်လို့ ခံစားလိုက်ရပါတယ်။

ဟန်လင်နဲ့ ဟန်ဟွမ် နှစ်ယောက်စလုံး သွားတာဆိုတော့ တစ်ခုခု သဘောတူညီချက် ရထားပုံပါပဲ။ ဟန်ကျွယ်ဟာ ကြိုးစား တွက်ချက်ကြည့်ပေမဲ့ အဖြေကို ရှင်းရှင်းလင်းလင်း မသိရပါဘူး။ အဲဒါကြောင့် ဟန်ကျွယ်လည်း ရွေးချယ်စရာမရှိဘဲ တွက်ချက်မှု လုပ်ဆောင်ချက်ကို သုံးလိုက်ရပါတယ်။

“ဟန်လင်က သာလွန်မဟာတာအိုကမ္ဘာကို ဘာသွားလုပ်တာလဲ”

[သက်တမ်း ၁၀ ထရီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

ဟန်ကျွယ်ဟာ ပုံရိပ်ယောင်ထဲ ဝင်ရောက်သွားပြီး မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါ ဗလာနယ်မြေကို တွေ့လိုက်ရပါတယ်။

ဟန်လင် ဟန်ဟွမ်နဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်တို့ဟာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးရှေ့ ရပ်နေကြပါတယ်။ ဒီစွမ်းအားကြီးပုဂ္ဂိုလ်က တောက်ပတဲ့နေမင်းကြီးလို တလက်လက် တောက်ပပြီး မြင့်မြတ်လှပါတယ်။

သဏ္ဍာန်မဲ့နတ်မင်း။

“မင်းတို့တွေ သာလွန်မဟာတာအိုကမ္ဘာကို လာဖို့ဆန္ဒရှိရင် အထဲမှာ မင်းတို့ရဲ့ ကိုယ်ပိုင် မဟာတာအိုကမ္ဘာ ဖန်တီးနိုင်အောင် အာကာသတစ်ခု ဖွင့်လှစ်ပေးမယ်၊ အပြင်မှာဆို မင်းတို့ရဲ့ မဟာတာအိုကမ္ဘာတွေ ပဋိပက္ခဆီ ပျံသန်းပြီး ပဋိပက္ခ ဝါးမျိုတာကို ခံရလိမ့်မယ်၊ သာလွန်မဟာတာအိုကမ္ဘာထဲမှာဆိုရင် အနည်းဆုံး မင်းတို့ရှေ့မှာ ငါတို့တွေ ရှိနေလိမ့်မယ်”

သဏ္ဍာန်မဲ့နတ်မင်းရဲ့ လေသံက သူနဲ့ ဘာမှမဆိုင်တဲ့ ကိစ္စတစ်ခုကို ပြောနေသလိုမျိုး ဘာခံစားချက်မှ မရှိပါဘူး။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters