← Chapters

မိုးကောင်းကင် ပါရမီရှင်ကိုးပါး

Vol. 102 Ch. 1064

မိုးကောင်းကင် ပါရမီရှင်ကိုးပါး

Vol. 102 Ch. 1064

“ဟီးဟီး... အဲဒါက ခင်ဗျားကို ကျုပ်တို့ မဟာတာအိုကမ္ဘာတွေ ဒီအတိုင်း ပေးလိုက်တာနဲ့ ဘာထူးမှာလဲ၊ ခင်ဗျားလက်ခုပ်ထဲကရေ ဖြစ်သွားမှာပေါ့” ဟန်ဟွမ်က ခပ်ယဲ့ယဲ့ပြုံးပြီး သရော်သံနဲ့ ပြောလိုက်ပါတယ်။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ကတော့ ဘာမှ မပြောပါဘူး။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဒီကိစ္စကို ဝင်ပါဖို့ စိတ်ကူးမရှိပါဘူး။ ဟန်ဟွမ်နဲ့ ဟန်လင်ကို သူတို့ဘာသာ ဆုံးဖြတ်ခိုင်းမှာပါ။

သဏ္ဍာန်မဲ့နတ်မင်းက ပြန်ဖြေပါတယ် “မဟာတာအိုကမ္ဘာတိုင်းမှာ သူတို့ကိုယ်ပိုင် သာလွန်နိယာမရှိတယ်၊ ငါ့ရဲ့ သာလွန်နိယာမက သည်းခံမှုပဲ၊ နောက်ပြီး ပုံစံဖြစ်တည်လာတဲ့ မဟာတာအိုကမ္ဘာတွေက ပဋိပက္ခနဲ့ ပေါင်းစပ်ပြီး အတူပျက်စီးသွားလိမ့်မယ်၊ အဲဒီကနေမှ အဆုံးမဲ့ခေတ် ဖြစ်ပေါ်လာမှာ၊ နားလည်လွယ်အောင် ပြောရရင် နောက်ကျ သာလွန် မဟာတာအိုကမ္ဘာဆိုတာ ရှိတော့မှာ မဟုတ်ဘူး၊ ငါ မင်းတို့ကို ကူညီတာက သာလွန်မဟာတာအိုကမ္ဘာကို အခွင့်အရေးတစ်ခု ပေးဖို့နဲ့ သက်ရှိတွေကို မျှော်လင့်ချက်ရောင်ခြည် ပေးချင်လို့ပဲ”

ဟန်ဟွမ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။

ဟန်လင်က မေးလိုက်ပါတယ် “မဟာတာအိုကမ္ဘာတွေ ပေါင်းစပ်ရင် သက်ရှိတွေ သေကျေမှာလား”

“တခြားမဟာတာအိုကမ္ဘာတွေရဲ့ သက်ရှိတွေက ပဋိပက္ခသက်ရှိဖြစ်ရင်ဖြစ် မဟုတ်ရင် အဆုံးမဲ့ခေတ်ကို ထောက်ပံ့နိုင်အောင် စွမ်းအားအဖြစ် စုပ်ယူခံရလိမ့်မယ်”

ဟန်လင်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဒီအတိုင်းဆို သူမရဲ့ မဟာတာအိုကမ္ဘာကို ဖန်တီးဖို့ အချိန်ကောင်း မဟုတ်ဘူး မဟုတ်ပါလား။

သဏ္ဍာန်မဲ့နတ်မင်းက ဆက်ပြောပါတယ် “မင်းတို့တွေ စိုးရိမ်စရာ မလိုဘူး၊ မင်းတို့ရဲ့ မဟာတာအိုကမ္ဘာတွေက မွေးကင်းစပဲ ရှိသေးတာဆိုတော့ မဟာတာအိုကမ္ဘာလို့ ယူဆလို့ မရဘူး၊ ပဋိပက္ခ စုပ်ယူတာကို ခံရတာကလွဲရင် မင်းတို့ကို အများကြီး သက်ရောက်မှာ မဟုတ်ဘူး၊ မင်းတို့တွေ သာလွန်မဟာတာအိုကမ္ဘာထဲဝင်ရင် အဆုံးမဲ့ခေတ်ရဲ့ စွမ်းအားကို ခုခံနိုင်ဖို့ သာလွန်မဟာတာအိုကမ္ဘာက မင်းတို့ကို ကူညီပေးလိမ့်မယ်”

ဟန်ဟွမ်နဲ့ ဟန်လင်က မေးခွန်းတွေ ဆက်ပြီး မေးပါတယ်။ သဏ္ဍာန်မဲ့နတ်မင်းကလည်း သူတို့သိချင်တာကို စိတ်ရှည်လက်ရှည်နဲ့ ဖြေကြားပါတယ်။

အကျဉ်းချုပ်ရရင် သဏ္ဍာန်မဲ့နတ်မင်းက သူတို့ကို ကူညီဖို့ သူ့ကိုယ်သူ စတေးဖို့ ပြင်ဆင်ထားပါတယ်။ သဏ္ဍာန်မဲ့နတ်မင်းရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်က သူတို့တွေ သာလွန်မဟာတာအိုကမ္ဘာက သက်ရှိတွေကို ကူညီနိုင်ဖို့ပါ။

နောက်ဆုံးတော့ ဟန်ဟွမ်တို့ မောင်နှမနှစ်ယောက်ဟာ စဉ်းစားပေးမယ်လို့ ပြောလိုက်ပါတယ်။ အဲဒီနောက် ပုံရိပ်ယောင်လည်း ကွဲကြေသွားပါတယ်။

ဟန်ကျွယ်ရဲ့ သိစိတ်လည်း လက်တွေ့လောကကို ပြန်ရောက်သွားပါတယ်။

ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “သဏ္ဍာန်မဲ့နတ်မင်းရဲ့ စကားက ယုံလို့ရလား”

[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[ယုံကြည်၍ ရပါသည်။]

ဟန်ကျွယ်ဟာ သက်သာရာ ရသွားပါတယ်။ ဟန်ကျွယ်ဟာ သဏ္ဍာန်မဲ့နတ်မင်းက ဒီလိုမျိုး ရည်ရွယ်ချက် ရှိလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။ ကြည့်ရတာ နဝမပဋိပက္ခက သူ့ကို အဆုံးသတ်ရောက်အောင် တွန်းပို့ထားပုံပါပဲ။

အဆုံးမဲ့ခေတ်ကို ရောက်တာနဲ့ မဟာတာအိုကမ္ဘာ စုပ်ယူခံရတဲ့ တာအိုဖန်တီးရှင် အကုန်လုံး နဝမပဋိပက္ခရဲ့ ကျေးကျွန်တွေ ဖြစ်သွားမှာပါ။ အရင်တုန်းက နဝမပဋိပက္ခက သူတို့ထက် သာရုံပဲ သာတာပါ။ ဒါပေမဲ့ နောက်ကျရင် တကယ်ကို သခင်နဲ့ကျွန် ဖြစ်သွားမှာပါ။

ဟန်ကျွယ်ရဲ့ အန္တိမမူလကမ္ဘာက သူ့ကလေးတွေရဲ့ မဟာတာအိုကမ္ဘာတွေကို လက်ခံပေးလို့ ရပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ သူ့မဟာတာအိုကမ္ဘာကို ကွဲကြေခံမှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ဟန်ကျွယ် သူ့သားသမီးတွေရဲ့ မဟာတာအိုကမ္ဘာတွေကို လက်ခံတာနဲ့ အန္တိမမူလကမ္ဘာရဲ့ တိုက်စားမှုကို ခံရမှာပါ။ ဒီလိုဆို သူတို့တွေ ဘယ်တော့မှ တာအိုဖန်တီးရှင် ဖြစ်လာနိုင်တော့မှာ မဟုတ်ပါဘူး။

သဏ္ဍာန်မဲ့နတ်မင်းရဲ့ သာလွန်မဟာတာအိုကမ္ဘာက ပျက်စီးခါနီးနေပြီမလို့ သာလွန်မဟာတာအိုကမ္ဘာ မကွဲကြေခင် သက်ရှိတွေအတွက် အကျိုးဆောင်ချင်တာပါ။

အရာအားလုံးထက် သာလွန်ပြီး ကံတရားရဲ့ သက်ရောက်မှုကို မခံရတဲ့ သဏ္ဍာန်မဲ့နတ်မင်းက ဒီလိုမျိုး ကရုဏာတရား ရှိနေလိမ့်မယ်လို့ ဟန်ကျွယ် ထင်မထားပါဘူး။

“အဆုံးမဲ့ခေတ် ရောက်လာရင် သဏ္ဍာန်မဲ့နတ်မင်းရဲ့ သာလွန်မဟာတာအိုကမ္ဘာက ကွဲကြေသွားမှာလား”

ဟန်ကျွယ်ဟာ မေးလက်စနဲ့ ဆက်မေးလိုက်ပါတယ်။

[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[မှန်ပါသည်]

‘ဟင်း... သနားစရာ ကောင်းလိုက်တာ’

ဒါက အားကြီးတဲ့လူ ရှင်သန်တဲ့ တောတွင်းနိယာမပါ။ နဝမပဋိပက္ခ အောင်မြင်သွားတယ်ဆိုပေမဲ့ တခြား တာအိုဖန်တီးရှင်တွေရဲ့ အနာဂတ်ကတော့ စတေးခံလိုက်ရပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ သူ့ကို မတားပါဘူး။

အဲဒီနောက် ဟန်ကျွယ်ဟာ ရှန်ဝေါ်ကို ကြည့်လိုက်ပါတယ်။ ရှန်ဝေါ်ဟာ ကျင့်ကြံအားထုတ်နေတုန်းပါ။

အခုဆိုရင် ဟန်ကျွယ်ဆီမှာ မိုးကောင်းကင် ပါရမီရှင်ဖန်တီးမှု အခွင့်အရေးက ကိုးကြိမ် ပြည့်သွားပါပြီ။ ဟန်ကျွယ်ဟာ ပင်မတာအိုဘုံကျောင်းဆီ သွားကာ အကြောဆန့်လိုက်ပါတယ်။

ဟန်ကျွယ်က တာအိုဖန်တီးရှင်မလို့ သူ့ခန္ဓာကိုယ်က ပြီးပြည့်စုံပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ အကြောဆန့်တာကို အကျင့်ဖြစ်နေပါပြီ။

အကြောဆန့်ပြီးတဲ့နောက် ဟန်ကျွယ်ဟာ နေရာမှာ ပြန်ထိုင်လိုက်ပါတယ်။

[မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှုအား အသက်သွင်းပါပြီ။ သင့်မျိုးဆက်ထဲ၌ မဟာဖန်တီးမှုတစ်ခု ကျပန်း ပေါ်ထွက်လာလိမ့်မည်။]

[သင့်မျိုးဆက် ဟန်တျန်သည် ရှန်တျန်မဟာဖန်တီးမှု သရဲမိစ္ဆာကြယ် နိုးထသွား၏။]

[သင့်မျိုးဆက် ဟန်ရှင်းယွီသည် ရှန်တျန် မဟာဖန်တီးမှု အတွေးပျော်ကြယ် နိုးထသွား၏။]

[သင့်မျိုးဆက် မော့ဇောင်သည် ရှန်တျန် မဟာဖန်တီးမှု ကောင်းကင်ကောင်းချီးကြယ် နိုးသွား၏။]

[သင့်မျိုးဆက် ဟန်ဖန်သည် ရှန်တျန် မဟာဖန်တီးမှု သေခြင်းမဲ့ကြမ္မာကြယ် နိုးထသွား၏။]

[သင့်မျိုးဆက် လုံမင်းကူသည် ရှန်တျန် မဟာဖန်တီးမှု မာနဟန်ကြီးကြယ် နိုးထသွား၏။]

[သင့်မျိုးဆက် ဟန်ရွှမ်ဂျိသည် ရှန်တျန် မဟာဖန်တီးမှု အန္တိမနားလည်မှုကြယ် နိုးထသွား၏။]

[သင့်မျိုးဆက် ဟန်ကျုံးတောက်သည် ရှန်တျန် မဟာဖန်တီးမှု ကောင်းကင်နတ်အလျင်ကြယ် နိုးထသွား၏။]

[သင့်မျိုးဆက် ဟန်ဖုန်းသည် ရှန်တျန် မဟာဖန်တီးမှု အသူရာအမှောင်ကြယ် နိုးထသွား၏။]

[သင့်မျိုးဆက် ဟန်ဝူဟွေသည် ရှန်တျန် မဟာဖန်တီးမှု အနန္တအကြွင်းမဲ့ကြယ် နိုးထသွား၏။]

ဟန်ကျွယ်ဟာ သူ့ရှေ့မှာ ပေါ်လာတဲ့ အသိပေးချက်တွေကို ကြည့်လိုက်ပါတယ်။ အကုန်လုံး ကောင်းတဲ့ပုံ ရှိပါတယ်။ ဟန်ကျွယ်ဟာ တစ်ခုချင်းစီ စစ်ဆေးပါတယ်။ ဒီရှန်တျန် မဟာဖန်တီးမှုတွေရဲ့ စွမ်းအားက သူတို့နာမည်နဲ့ တော်တော်လေး လိုက်ဖက်ပါတယ်။

ရှန်တျန် မဟာဖန်တီးမှု ရသွားတဲ့ မျိုးဆက်အများစုက ကောင်းကင်တာအို ဟန်မိသားစုကနေ လာတာပါ။ ရှန်ဝေါ်လိုမျိုး အပြင်ဘက်က ဟန်မိသားစု‌ သွေးစည်း ဆက်ခံသူတွေလည်း တစ်ယောက်တစ်လေတော့ ပါပါတယ်။

သူတို့ထဲမှာ မော့ဇောင်က ဟန်ကျွယ်ရဲ့ မိတ်ဆွေဟောင်းနဲ့ ပတ်သက်နေပါတယ်။

မော့ကျူဟာ ဟန်ကျွယ်ရဲ့ ယွီဂျင်ဂိုဏ်းတော်ကြီးက ပညာသင်မောင်နှမတစ်ဦးပါ။ သူတို့နှစ်ယောက်က ရင်းနှီးတဲ့ ဆက်ဆံရေး ရှိပါတယ်။

မော့ကျူဟာ ကောင်းကင်တာအိုပညာရှိတစ်ပါး ဖြစ်နေပါပြီ။ အခွင့်အရေးတချို့ကြောင့် မော့ကျူဟာ မော့ဇောင်နဲ့ တွေ့ဆုံမိပြီး တွက်ချက်ကြည့်တဲ့အခါ မော့ဇောင် သွေးစည်းရဲ့ ရင်းမြစ်ကို ရှာတွေ့သွားပါတယ်။ အထီးကျန်ဆန်မှုကြောင့် မော့ကျူဟာ မော့ဇောင်ကို တပည့်အဖြစ် လက်ခံခဲ့ပါတယ်။

ဟန်ကျွယ်ဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး သိပ်မတွေးပါဘူး။ မော့ကျူဟာ မော့မိသားစု ပျက်စီးသွားကတည်းက ဂူအောင်းကျင့်ကြံနေခဲ့ပါတယ်။ တာအိုပညာရှိအတုအဆင့်ကို ရောက်တဲ့အခါမှာ ဟန်ယွီရဲ့ ကူညီမှုနဲ့ တာအိုကို အောင်မြင်စွာ ရယူနိုင်ခဲ့ပါတယ်။ ဟန်ယွီ မော့ကျူကို သိသွားတာက ကျိုးဖန်ကြောင့်ပါ။

ကျိုးဖန်ဟာ မော့ဖူချိုရဲ့ တောင်းဆိုမှုကြောင့် မော့ကျူကို ကောင်းကင်တာအိုပညာရှိဖြစ်အောင် ကူညီခဲ့တာပါ။ မော့ကျူဟာ ဒီအကြောင်းတွေ အကုန်လုံးကို သိပါတယ်။ အဲဒါကြောင့် မော့ကျူဟာ သူ့စွမ်းအားကို သိပ်မသုံးဘဲ ဟန်ကျွယ်လို သိုသိုသိပ်သိပ် နေပါတယ်။

မော့ကျူဟာ ဒီရှည်ကြာလှတဲ့ နှစ်တွေမှာ ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ခဲ့ပါတယ်။ မကြာသေးခင်က အကြောင်းတစ်ခုကြောင့် သေမျိုးကမ္ဘာကို ခရီးနှင်ရာမှ မော့ကျူနဲ့ မတော်တဆ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ဒါက သူမရဲ့ ကံကြမ္မာလို့လည်း ပြောလို့ရပါတယ်။ သူလက်ခံလိုက်တဲ့ တပည့်က ဟန်ကျွယ်ရဲ့ မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှု အခွင့်အရေးကို ရရှိလိုက်တယ် မဟုတ်ပါလား။

ဟန်ကျွယ်ဟာ မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှု အခွင့်အရေး ရရှိသွားတဲ့ တပည့်ကိုးယောက်ကို ရှာဖို့ ကိုယ်ပွားကိုးခု ခွဲထုတ်လိုက်ပါတယ်။

.....

ကောင်းကင်တာအို၊ ကောင်းကင်ဘုံ ၃၃ ဘုံမြောက် အပြင်ဘက်က ထောင့်တစ်ရာမှာ တိတ်ဆိတ်တဲ့ တာအိုစက်ကွင်းတစ်ခု တည်ရှိနေပါတယ်။ တာအိုစက်ကွင်းရှေ့မှာ အမျိုးသမီး ရုပ်တုနှစ်တုသာ ရှိပြီး ဘယ်တပည့်မှ စောင့်ကြပ်မနေပါဘူး။

တာအိုစက်ကွင်းထဲမှာတော့ ဝတ်ရုံဖြူနဲ့ မော့ကျူဟာ ပွင့်ဖတ်တွေ အများကြီးနဲ့ လုပ်ထားတဲ့ ကော်ဇာပေါ် ထိုင်နေပါတယ်။ မော့ကျူရဲ့ မျက်နှာဟာ အေးစက်ပြီး ကိုယ်ဟန်က တစ်မူထူးခြားနေပါတယ်။ သူမရဲ့ ဆံနွယ်တွေက မသိမသာ လူးလွန့်နေပြီး လေပြေလေအေးလေးက သူမကို စက်ဝိုင်းပုံ ဝန်းရံနေပါတယ်။

အဝေးတစ်နေရာက ကျောက်တိုင်ရှေ့မှာတော့ ဝတ်ရုံပြာနဲ့ လူငယ်တစ်ဦးဟာ ဆန်းကြယ်စွမ်းအား တစ်မျိုးကို ကျင့်ကြံအားထုတ်နေပါတယ်။ ဒီလူငယ်ဟာ အသက် ၁၅ နှစ် ၁၆ နှစ်အရွယ် ရှိပြီး ရုပ်ရည် ချောမောပါတယ်။ အသားအရေကလည်း သာမန်လူတွေထက် ဖြူဖွေးပြီး သွေးမရှိတဲ့ အတိုင်းပါပဲ။

ဝတ်ရုံပြာနဲ့ လူငယ်ဟာ ရုတ်တရက် နှလုံးလှုပ်သွားပါတယ်။ အကြောင်းတချို့ကြောင့် လူငယ်ဟာ သူ့ခန္ဓာကိုယ်ထဲမှာ အဆုံးမဲ့ စွမ်းအားတွေ ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်ကို အသွင်ပြောင်းလဲနေတာဆိုတော့ ရုတ်တရက် ခံစားမိလိုက်ပါတယ်။ ဒီခံစားချက်က အရမ်းကို အံ့ဩဆန်းကြယ်ပါတယ်။ အဆင့်ကြီးတစ်ဆင့် ထိုးဖောက်လိုက်သလိုမျိုးပါပဲ။

ဟန်ကျွယ်ဟာ ဝတ်ရုံပြာ လူငယ်ဘေးမှာ ပေါ်လာပြီး အပြုံးနဲ့ ပြောလိုက်ပါတယ် “မင်းဆန်းကြယ်စွမ်းအားကို ကျင့်ကြံပုံက သေမျိုးတစ်ယောက် သိုင်းကျင့်နေသလိုပဲ၊ မင်းအရည်အချင်းနဲ့ မလိုက်ဘူး”

ဝတ်ရုံပြာလူငယ်ဟာ လန့်သွားပြီး ချက်ချင်း နေရာကနေ ခုန်ထကာ ရင်တထိတ်ထိတ်နဲ့ မေးလိုက်ပါတယ် “ခင်ဗျားက ဘယ်သူလဲ”

လူငယ်ဟာ မော့ကျူဘက် ချက်ချင်းလှည့်ပြီး အော်ပြောလိုက်ပါတယ် “ဆရာ... ရန်သူ ရောက်လာတယ်”

မော့ကျူဟာ မျက်လုံးဖွင့်လိုက်တဲ့အခါ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် အံ့ဩမှင်တက်သွားပါတယ်။ ဟန်ကျွယ်ဟာ မော့ကျူကို လှည့်မကြည့်ဘဲ မော့ဇောင်ကိုသာ စိုက်ကြည့်ပြီး အပြုံးနဲ့ ပြောလိုက်ပါတယ် “ငါ မင်းကို ဆန်းကြယ်စွမ်းအား သင်ပေးရမလား”

မော့ဇောင်ဟာ အံကြိတ်လိုက်ပါတယ် “မလိုဘူး၊ ကျွန်တော့်မှာ ဆရာရှိတယ်”

ဟန်ကျွယ်ရဲ့ မျက်နှာအမူအရာဟာ ရုတ်တရက် အေးစက်သွားပြီး သတ်ဖြတ်ငွေ့ ထွက်လာပါတယ် “ငါ မင်းဆရာကို သတ်ချင်ရင် မင်း ငါ့ကို တားနိုင်လို့လား”

ကြောက်စရာကောင်းတဲ့ သတ်ဖြတ်ငွေ့ရဲ့ ပစ်မှတ်ထားမှုကြောင့် မော့ဇောင်ဟာ လန့်ဖျပ်သွာပြီး အရုပ်ကျိုးပြတ် လဲကျသွားပါတယ်။ တစ်ကိုယ်လုံးလည်း ဇောချွေးတွေ စိုရွဲသွားပါတယ်။ မော့ဇောင်ဟာ ဒီလို သတ်ဖြတ်ငွေ့မျိုးကို တစ်ခါမှ မခံစားဖူးပါဘူး။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters