← Chapters

မိစ္ဆာနတ်ဆိုး

Vol. 102 Ch. 1066

မိစ္ဆာနတ်ဆိုး

Vol. 102 Ch. 1066

‘မဆိုးဘူး...’ ဟန်ကျွယ်ဟာ ရှန်ရှင်းကိုးဖော်ကို ကြည့်ရင်း စိတ်ထဲမှာ ကောက်ချက်ချလိုက်ပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ စာစောင်တွေကို စပြီးတော့ စစ်ဆေးတဲ့အခါ လွန်ခဲ့တဲ့ နှစ်ဆယ်သန်းအတွင်း အလှုပ်ရှားဆုံးက ဟန်ဟွမ်လည်း မဟုတ် ဟွမ်ဇွမ်တျန်လည်း မဟုတ်ဘဲ ကျောက်ရွှမ်ကွမ်း ဖြစ်နေတာကို ရှာတွေ့သွားပါတယ်။

ဟန်ကျွယ်ရဲ့ မိတ်ဆွေ အများကြီးက ကျောက်ရွှမ်ကွမ်းကို ဝိုင်းတိုက်ပါတယ်။ ကျောက်ရွှမ်ကွမ်း ဝိုင်းတိုက်ခံရတဲ့ အကြိမ်အရေအတွက်က နည်းနည်းနောနော မဟုတ်ပါဘူး။

‘ကျွတ်..ကျွတ်... ဒီကောင်လေး ဟန်ဟွမ်နောက်ကို လိုက်နေတာလား...’

ကြည့်ရတာ သက်ရှိအားလုံးနဲ့ ယှဉ်ပြိုင်တိုက်ခိုက်တာက ပါရမီရှင်တွေရဲ့ အထွတ်အထိပ် ပန်းတိုင် ဖြစ်လာပုံပါပဲ။

ဟန်ကျွယ်ဟာ ကျောက်ရွှမ်ကွမ်းက ကျို့ကဲ့ဂျိသွမ်ကို တည်ထောင်တာ သတိထားမိလိုက်ပါတယ် ‘ဒါက ပဋိပက္ခကိုးပါး နိဒါန်းပျိုးတာလား... စိတ်ဝင်စားဖို့တော့ ကောင်းလာပြီ...’

‘နောက်ကျ ရှန်ရှင်းကိုးဖော်က ကျို့ကဲ့ဂျိသွမ်ကို ရင်ဆိုင်တိုက်ခိုက်မယ်ဆိုရင် ပိုပြီးတော့ စိတ်ဝင်စားဖို့ ကောင်းမသွားဘူးလား...’

‘ဟုတ်တယ်... ဒီလိုဖြစ်ရမယ်’

ဟန်ကျွယ်ဟာ ရှန်ရှင်းကိုးဖော်အတွက် ပန်းတိုင်ကို တစ်ခါတည်း ချမှတ်လိုက်ပါတယ်။ ဒီလိုမှလည်း သူတို့တည်ရှိမှုတွေက အဓိပ္ပာယ်ရှိသွားမှာပါ။

ဟန်ကျွယ်ဟာ ပြုံးလိုက်ပြီး ဘာမှတော့ မပြောပါဘူး။

အဲဒီနောက် ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်ကို စစ်ကြည့်လိုက်တဲ့အခါ ဟွမ်ဇွမ်တျန်က မကြာမကြာ တိုက်ခိုက်ခံရပြီး ချိပ်ပိတ်ခံရ ဝါးမျိုခံရပေမဲ့ အသက်ရှင်နေသေးတာကို တွေ့လိုက်ရပါတယ်။

‘မူလလောကဦးက ဘာဖြစ်လို့ ပေါ်မလာသေးတာလဲ၊ ဟန်ဟွမ်ရဲ့ ပြီးခဲ့တဲ့ စွမ်းဆောင်ရည်ကြောင့်လား...’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။

မူလလောကဦး ပေါ်မလာတာက ဟန်ကျွယ်အတွက် သတင်းကောင်း မဟုတ်ပါဘူး။ မူလလောကဦး ပေါ်မလာလေလေ ဟွမ်ဇွမ်တျန် ဒုက္ခခံရလေလေပါပဲ။

ဟန်ကျွယ်ဟာ ပင်မတာအိုစက်ကွင်းဆီ ရွှေ့ပြောင်းသွားလာပြီး ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူကာ မူလလောကဦးကို ကျိန်စာတိုက်ဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ ကျိန်စာက လွဲချော်သွားပါတယ်။ ဘယ်လိုမှ ကျိန်စာတိုက်လို့ မရပါဘူး။

ကြမ္မာဆိုးစာအုပ်က အန္တိမ အကောင်းစား ရတနာဆိုပေမဲ့ ရှေးဟောင်း လောကဦးကမ္ဘာကို တစ်ခါမှ မရောက်ဖူးပါဘူး။ အဲဒါကြောင့် ရှေးဟောင်း လောကဦးကမ္ဘာရဲ့ ကံတရားနဲ့ မဆက်သွယ်နိုင်တာပါ။

‘ဒီရှေးဟောင်း လောကဦးကမ္ဘာက တကယ်ကို နေရာကောင်းပဲ... ကျင့်ကြံဖို့ တော်တော်လေး သင့်တော်မှာ... ဟင်း...’

ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ပြီးပြီ ဖြစ်တဲ့အတွက် ဒီအတိုင်းတော့ ပြန်သိမ်းမှာ မဟုတ်ပါဘူး။ မူလလောကဦးကို ကျိန်စာတိုက်လို့ မရပေမဲ့ နဝမပဋိပက္ခကိုတော့ ကျိန်စာတိုက်လို့ ရပါတယ်။ ဟန်ကျွယ်ဟာ မူလလောကဦးရဲ့ အပြစ်တွေကို နဝမပဋိပက္ခဆီ ပုံချလိုက်ပါတယ်။

ဟန်ကျွယ်ဟာ နဝမပဋိပက္ခကို ကျိန်စာ စတိုက်ပါတယ်။ ငါးရက်ကြာတဲ့အခါ ဟန်ကျွယ်ရဲ့ သက်တမ်း စတင် လျော့ကျလာပါတယ်။

လက်တလောမှာ ပဋိပက္ခရဲ့ ကံတရား အထောက်အပံ့က အများကြီး တိုးသွားခဲ့ပါတယ်။ ဒါကြောင့် နဝမပဋိပက္ခ အဆင့်ထိုးဖောက်မှာကို ဟန်ကျွယ် တားချင်ရင် ဒီတစ်ခေါက် သက်တမ်း အများကြီး သုံးရမှာပါ။

သန်းတစ်ရာ။

၁၀ ဘီလီယံ။

၁ ထရီလီယံ။

၁၀၀ ထရီလီယံ။

၁ ကွာဒလီယံ။

၁၀ ကွာဒလီယံ။

၁၀၀ ကွာဒလီယံ။

ဟန်ကျွယ်ဟာ နဝမပဋိပက္ခ ဒဏ်ရာရတယ်လို့ စာစောင် အသိပေးချက် ရောက်မလာသေးတဲ့အတွက် ကျိန်စာတိုက်တာကို မရပ်ပါဘူး။

ဟန်ကျွယ်ရဲ့ သက်တမ်း ကောဋိ တစ်သောင်းသုံးထောင် ကုန်ဆုံးသွားတဲ့အခါမှာတော့ အသိပေးချက်တစ်ချက် ရောက်လာပါတယ်။

[သင့်ကျိန်စာကြောင့် သင့်မိတ်ဆွေ နဝမပဋိပက္ခသည် တာအိုနှလုံးသား ကွဲကြေပြီး အတွင်းနတ်ဆိုးများ ဖြစ်ပေါ်လာ၏။]

‘စွမ်းအားကြီးပါတယ်ဆိုတဲ့ တာအိုဖန်တီးရှင်တောင် အတွင်းနတ်ဆိုးတွေ ပေါ်ထွက်လာပါလား...’

ဟန်ကျွယ်ဟာ ကျိန်စာ ဆက်မတိုက်ရဲတော့ပါဘူး။ နဝမပဋိပက္ခ ရူးပြီး အပြစ်မရှိတဲ့လူတွေကို သုတ်သင်ပစ်မှာစိုးလို့ပါ။

ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို သိမ်းပြီး ပဋိပက္ခကို ကြည့်လိုက်ပါတယ်။

တကယ်ကိုပဲ ပဋိပက္ခရဲ့ ဖွဲ့စည်းမှု ပြိုလဲသွားပါတယ်။ ပဋိပက္ခရဲ့ အစွန်းဟာ အငြိုးအတေး အမြောက်အမြားကို စုပ်ယူပြီး မိစ္ဆာနတ်ဆိုးတွေ မွေးထုတ်ပါတယ်။ သူတို့တွေက နဝမပဋိပက္ခရဲ့ အတွင်းနတ်ဆိုးတွေက ဖြစ်တည်လာတာကြောင့် အလွန်တရာမှ ကြမ်းတမ်းပြီး အရမ်းအရမ်း ကြောက်ဖို့ကောင်းပါတယ်။

ဒါပေမဲ့ ပဋိပက္ခထဲမှာ ထိပ်သီးကျင့်ကြံသူတွေ အများကြီး ရှိတဲ့အတွက် ဒီမိစ္ဆာနတ်ဆိုးတွေက ပဋိပက္ခရဲ့ အုတ်မြစ်ကိုတောင် ခြိမ်းခြောက်နိုင်မှာ မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ တတိယ တာအိုစက်ကွင်းဆီ ပြန်ပြီး မော့ကျူဆီ သွားလည်ပါတယ်။

တခြားတစ်ဖက်က လျှို့ဝှက်ဆန်းကြယ် မှောင်မိုက်တဲ့ အာကာသတစ်ခုမှာတော့ နတ်အလင်းရောင်တွေ ဖြာထွက်နေတဲ့ ရုပ်သွင်နှစ်သွင် တွေ့ဆုံနေပါတယ်။ တစ်ယောက်က မျက်စိရှစ်လုံးနဲ့ ဧရာမခေါင်းကြီးရှိပြီး သရဲလို ကြောက်စရာ‌ကောင်းလှပါတယ်။ တခြားတစ်ယောက်ကတော့ လူသားနဲ့တူပြီး ပုံစံမှန်ကို မတွေ့မြင်နိုင်ပါဘူး။

ဒီနှစ်ယောက်က ပဋိပက္ခသိစိတ်နဲ့ သဏ္ဍာန်မဲ့နတ်မင်းပါ။

“မင်း အာရုံခံမိလား” ပဋိပက္ခသိစိတ်က မေးလိုက်ပါတယ်။

သဏ္ဍာန်မဲ့နတ်မင်းက ပြန်ဖြေပါတယ် “အင်း... ပဋိပက္ခနိယာမက ထပ်ပြီးတော့ ဖရိုဖရဲ ဖြစ်သွားပြန်ပြီ၊ ကြည့်ရတာ သူ့ကျင့်ကြံမှု ပြဿနာတက်နေတယ်နဲ့ တူတယ်၊ တာအိုဖန်တီးရှင် အဆင့်ကို ထိုးဖောက်ဖို့က ရိုးရှင်းတာ မဟုတ်ဘူး”

ပဋိပက္ခသိစိတ် “ပဋိပက္ခထဲမှာ မိစ္ဆာနတ်ဆိုးတွေ ပိုပိုပေါ်လာတယ်၊ ငါ သူတို့ရဲ့ နောက်ခံကို တွက်ချက်လို့ မရဘူး၊ သူနဲ့ ပတ်သက်နေပုံပဲ၊ ဒါ ကောင်းတဲ့ကိစ္စ မဟုတ်ဘူး”

သဏ္ဍာန်မဲ့နတ်မင်းဟာ တိတ်ဆိတ်သွားပါတယ်။

“သူက ဗိုလ်ကျတယ်ဆိုပေမဲ့ သူ့လက်ရှိ သဘောထားက ညင်သာတယ်လို့ ပြောလို့ရတယ်၊ ငါတို့တွေ သူ့လောက် သဘောထားကြီးနိုင်မှာ မဟုတ်ဘူး၊ သူ ပူးကပ်ခံရတာဆိုရင် အဲဒီလောက် ရိုးရှင်းတော့မှာ မဟုတ်ဘူး” ပဋိပက္ခသိစိတ်က ခံစားချက်မသဲကွဲတဲ့ လေသံနဲ့ ပြောလိုက်ပါတယ်။

“ဒါပေမဲ့ သူတကယ်ပဲ ပူးကပ်ခံရတာဆိုရင် ဘာကြောင့် ဖြစ်နိုင်လဲ” သဏ္ဍာန်မဲ့နတ်မင်းက မေးလိုက်ပါတယ်။

“အနန္တဖျက်ဆီးရှင်သခင် ရှီထျန် သိလောက်တယ်”

ပဋိပက္ခသိစိတ်နဲ့ စကားအဆုံးမှာပဲ ဖျတ်ခနဲ ရုပ်သွင်တစ်သွင် ပေါ်လာပါတယ်။ အနန္တဖျက်ဆီးရှင်သခင် ရှီထျန်ပါ။ သူ့ရုပ်သွင်က သဏ္ဍာန်မဲ့နတ်မင်းထက် အများကြီး ပိုကြီးပါတယ်။ သဏ္ဍာန်မဲ့နတ်မင်းက တောင်ကုန်းလေးဆိုရင် အနန္တဖျက်ဆီးရှင်သခင်က တောင်ကြီးပါ။

အနန္တဖျက်ဆီးရှင်သခင်ရှီထျန် “ငါ အကြောင်းရင်းကို သိတယ်”

“ဘာလဲ”

“အမှောင်သခင်ကြီး”

“ဘာ... အမှောင်သခင်ကြီး...”

ပဋိပက္ခသိစိတ်ဟာ နည်းနည်း အံ့အားသင့်သွားပါတယ်။ ပဋိပက္ခသိစိတ်ဟာ အမှောင်သခင်ကြီးကို အစောဆုံး အာရုံစိုက်ခဲ့တဲ့ တာအိုဖန်တီးရှင်ပါ။

ဟိုးအရင်တုန်းက ပဋိပက္ခသိစိတ်ဟာ အမှောင်သခင်ကြီးက အတော်လေး အန္တရာယ်များတယ်လို့ ခံစားခဲ့ရပါတယ်။ ဒါပေမဲ့ ပဋိပက္ခထဲမှာရှိတဲ့ သက်ရှိအများကြီးက အမှောင်သခင်ကြီးအယောင် ဆောင်ကြပါတယ်။ ဘယ်သူက အမှောင်သခင်ကြီးလဲဆိုတာ သေချာမသိတဲ့အတွက် ပဋိပက္ခသိစိတ်ဟာ ဒီသက်ရှိတွေကို စိတ်ထင်တိုင်း မသတ်ဖြတ်ရဲပါဘူး။ ပဋိပက္ခက သူပိုင်တာ မဟုတ်ဘူး မဟုတ်ပါလား။

“ဟုတ်တယ်၊ သူက ငါနဲ့ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို အမှောင်သခင်ကြီးအကြောင်း စုံစမ်းခိုင်းထားတယ်”

သဏ္ဍာန်မဲ့နတ်မင်း “ပြောရရင် အမှောင်သခင်ကြီးနဲ့ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက တစ်ချိန်တည်း ပေါ်ထွက်လာတာ၊ ဒါပေမဲ့ ပြီးခဲ့တဲ့ အဖြစ်အပျက်တွေအရ အမှောင်သခင်ကြီးက တခြားတစ်ယောက်ဆိုတာကို သက်သေပြနေတယ်၊ ငါတို့တွေ သူ့ကို သံသယဝင်လို့ မရဘူး”

ပဋိပက္ခသိစိတ် “ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိလည်း ကျိန်စာတိုက်ခံရတာဆိုတော့ သူတို့နှစ်ယောက်က ရန်သူတွေ ဖြစ်လောက်တယ်၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ မြင့်တက်မှုက တကယ်ကို ယုံနိုင်စရာ မရှိဘူး၊ သူက အခွင့်ထူးတချို့ကို အသုံးပြုလိုက်တာ ဖြစ်ရမယ်၊ ဒီအခွင့်ထူးကနေ တန်ပြန်အင်အားတစ်ခု မွေးဖွားလာတာ ဖြစ်နိုင်တယ်”

တာအိုဖန်တီးရှင်နှစ်ပါးဟာ တိတ်ဆိတ်ပြီး တွေးတွေးဆဆ ဖြစ်သွားပါတယ်။

“ချွမ်တုရော... သူ ဘယ်တော့ ရောက်လာမှာလဲ” ပဋိပက္ခသိစိတ်က မေးလိုက်ပါတယ်။

အနန္တဖျက်ဆီးရှင်သခင်ရှီထျန် “ငါ သူ့ကို ဆက်သွယ်လို့ မရဘူး၊ ဂူအောင်းကျင့်ကြံနေတုန်း ထင်တယ်”

ပဋိပက္ခသိစိတ်က ရုတ်တရက် မေးလိုက်ပါတယ် “သူများ ဖြစ်နေမလား၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက သူနဲ့ ပတ်သက်နေတာများလား”

တာအိုဖန်တီးရှင်နှစ်ပါးဟာ ထပ်ပြီးတော့ တိတ်ဆိတ်သွားပြန်ပါတယ်။

တာအိုဖန်တီးရှင်တစ်ပါးက တခြားတာအိုဖန်တီးရှင်တစ်ပါးကို ကရုဏာသက်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် သူတို့တွေဟာ တစ်ယောက်ကို တစ်ယောက် တော်တော်လေး သတိထားပါတယ်။

သဏ္ဍာန်မဲ့နတ်မင်း “တော်ပြီ... သူ့ဘာသာ ခန့်မှန်းပလေ့စေ၊ ငါတို့တွေက ဖိနှိပ်ခံရတော့မဲ့ တာအိုဖန်တီးရှင်တွေပဲ၊ ဒီအကြောင်းတွေးနေမဲ့အစား ငါတို့တွေရဲ့ပြဿနာကို ဘယ်လို ရင်ဆိုင်မလဲဆိုတာ စဉ်းစားရအောင်၊ ငါတို့ခန့်မှန်းထားတာ တကယ်ဖြစ်လာရင် ငါတို့တွေ ဘယ်လိုလုပ်ကြမှာလဲ”

အနန္တဖျက်ဆီးရှင်သခင်ရှီထျန် “ငါတို့တွေ တခြားတာအိုဖန်တီးရှင်တွေနဲ့ ပူးပေါင်းဖို့ လိုတယ်၊ ဒါပေမဲ့ ငါတို့တွေ အဲဒီလိုလုပ်ရင် ရှာတွေ့ခံရဖို့ လွယ်သွားလိမ့်မယ်”

ပဋိပက္ခသိစိတ် “ဒီလိုလုပ်ရအောင်... ငါတို့တွေ တခြားတာအိုဖန်တီးရှင်နှစ်ပါးကို ရင်ဘတ်ဖွင့်ပြီး စည်းရုံးကြည့်ကြရအောင်၊ ငါတို့မှာ အရဲစွန့်ရုံကလွဲပြီး တခြားလမ်း မရှိဘူး”

တခြား တာအိုဖန်တီးရှင်နှစ်ပါးဟာ တဒင်္ဂ တုံ့ဆိုင်းသွားပေမဲ့ နောက်ဆုံးမှာ ခေါင်းညိတ်လိုက်ကြပါတယ်။

တတိယ တာအိုစက်ကွင်းထဲက တာအိုဘုံကျောင်းအတွင်း။

ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ်ရှေ့မှာ စာကြောင်းတစ်ကြောင်း ရုတ်တရက် ပေါ်လာပါတယ်။

[ပဋိပက္ခသိစိတ်သည် သင့်အား အိပ်မက်ပေးလို၏။ လက်ခံမည်လော။]

ဟန်ကျွယ်ဟာ လျစ်လျူရှုလိုက်ပါတယ်။ ဂူအောင်းကျင့်ကြံတာက အချိန်မပြည့်သေးပါဘူး။

နှစ်ထောင်ချီ ကြာပြီးနောက်။

[အနန္တဖျက်ဆီးရှင်သခင် ရှီထျန်သည် သင့်အား အိပ်မက်ပေးလို၏။ လက်ခံမည်လော။]

ဟန်ကျွယ်ဟာ ဂရုမစိုက်ပါဘူး။

‘တော်တော် စိတ်အနှောင့်အယှက် ပေးတာပဲ’ ဟန်ကျွယ်ဟာ မပျော်မရွှင် ဖြစ်သွားပါတယ်။

နောက်ထပ် နှစ်တစ်သိန်းကြာတဲ့အခါ နောက်ထပ်တစ်ယောက်က အိပ်မက်ပေးပြန်ပါတယ်။

[သဏ္ဍာန်မဲ့နတ်မင်းသည် သင့်အား အိပ်မက်ပေးလို၏။ လက်ခံမည်လော။]

‘ဘာတွေဖြစ်နေတာလဲ... ပဋိပက္ခမှာ တစ်ခုခု ဖြစ်သွားလို့လား’

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး ပဋိပက္ခကို ကြည့်လိုက်တဲ့အခါ အကုန်လုံး အဆင်ပြေနေတာကို တွေ့လိုက်ရပါတယ်။ သူ့မိတ်ဆွေတွေလည်း အကုန်လုံး အသက်ရှင်လျက် ရှိနေကြပါသေးတယ်။

‘ဒါ ထောင်ချောက် ဖြစ်နိုင်တယ်’

ဟန်ကျွယ်ဟာ မျက်လုံးပြန်မှိတ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ သူဂူအောင်းကျင့်ကြံတဲ့ နှစ်ဆယ်သန်းပြည့်မှပဲ ထပ်ပြီးတော့ မျက်လုံးဖွင့်လိုက်ပါတယ်။ အခုဆိုရင် ဟန်ကျွယ်ဟာ အသက် သန်း ၁၇၀ ပြည့်သွားပါပြီ။

ဟန်ကျွယ်ဟာ တဒင်္ဂ စဉ်းစားပြီးနောက် အနန္တဖျက်ဆီးရှင်သခင် ရှီထျန်ကို အိပ်မက်ပေးလိုက်ပါတယ်။ အိပ်မက်နယ်မြေက ဗလာနယ်မြေပါ။ ဟန်ကျွယ်ဟာ အနန္တဖျက်ဆီးရှင်သခင်ကို မြင်တာနဲ့ တန်းမေးလိုက်ပါတယ်။

“ဘာကိစ္စရှိလို့လဲ... ဘာဖြစ်လို့ ငါ့အိပ်မက်ထဲကို လာလည်တာလဲ”

အနန္တဖျက်ဆီးရှင်သခင်ရှီထျန်ဟာ တစ်ခဏ တိတ်ဆိတ်နေပြီးမှ ပြန်ဖြေပါတယ် “မင်း ဘာဖြစ်လို့ လက်မခံတာလဲ”

“ငါ ဂူအောင်းကျင့်ကြံနေတာ၊ ငါ့အိပ်မက်ထဲကို လာလည်ဖို့ ကြိုးစားတာ မင်း တစ်ယောက်တည်း မဟုတ်ဘူး၊ တခြားနှစ်ယောက်ရောပဲ၊ ဘာကိစ္စရှိလို့လဲ” ဟန်ကျွယ်ဟာ နားမလည်နိုင်ဘဲ မေးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ အနန္တဖျက်ဆီးရှင်သခင် ရှီထျန် သံသယမဝင်အောင် လုပ်လိုက်တာပါ။

တစ်ကောဋိ = တစ်နောက်တွင် သုည ၁၄ လုံး ရှိသည်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters