ဧကရာဇ်စစ်သား ဆယ်သန်းရဲ့ စွမ်းအား
Vol. 102 Ch. 1069
“တာအိုရောင်းရင်းဟန်... မင်းရော ဘယ်လိုနေလဲ” ပဋိပက္ခသိစိတ်က ဟန်ကျွယ်ကို ကြည့်ပြီး မေးလိုက်ပါတယ်။
သဏ္ဍာန်မဲ့နတ်မင်းကလည်း ဟန်ကျွယ်ကို ကြည့်လိုက်ပါတယ်။
အနန္တဖျက်ဆီးရှင်သခင် ရှီထျန်ဟာ ဟန်ကျွယ် ဘာမှမပြောခင်မှာပဲ အရင်ပြောလိုက်ပါတယ် “သူလည်း ကျိန်စာတိုက်ခံရတယ်၊ ငါ ကျိန်စာမတိုက်ခံရခင် သူ ငါ့ကို လာရှာတယ်၊ အဲဒီတုန်းက ငါ သူ့ကို စိတ်အေးအေးထားဖို့ ပြောလိုက်သေးတယ်၊ ငါတို့တွေ အကုန်လုံး ကျိန်စာတိုက်ခံရလိမ့်မယ်လို့ ထင်မထားဘူး၊ အမှောင်သခင်ကြီးက မောက်မာလွန်းတယ်၊ သူက ငါတို့ တာအိုဖန်တီးရှင်တွေ အကုန်လုံးကို စိန်ခေါ်ချင်တာလား”
ဟန်ကျွယ်ဟာ သဏ္ဍာန်မဲ့နတ်မင်းကို မကြည့်ပါဘူး။ ဒါပေမဲ့ မျက်လုံးနဲ့ မကြည့်ရင်တောင် တာအိုဖန်တီးရှင်တွေဟာ လူတိုင်းရဲ့ အမူအရာ တုံ့ပြန်မှုတွေကို အကဲခတ်နိုင်ပါတယ်။
‘ဒီကောင်က တကယ်ကို သရုပ်ဆောင်ကောင်းတာပဲ... မသိရင် တကယ် ကျိန်စာတိုက်ခံရတဲ့အတိုင်းပဲ’
သဏ္ဍာန်မဲ့နတ်မင်း “ယင်ယန် ချွမ်တုနတ်မင်းက ဘယ်မှာလဲ၊ ငါတို့တွေ သူ့ကို မေးသင့်တယ်လို့ ထင်လား...”
ပဋိပက္ခသိစိတ် “တကယ်လို့ သူ ဟုတ်နေရင်ရော ဝန်ခံပါ့မလား၊ ငါတို့တွေ သူ့ကို သွားရှာရင် ရလဒ်က တစ်ခုပဲ ရှိတယ်၊ သူက အမှောင်သခင်ကြီး မဟုတ်ဘူး၊ သူလည်း ကျိန်စာတိုက်ခံရတယ်ဆိုပြီး ဖြေမှာပဲ”
“သူက ကျိန်စာတိုက်မခံရဘူးလို့ ဖြေရင်ရော”
“အဲဒီလိုဆိုရင်တောင် သူက အမှောင်သခင်ကြီး မဟုတ်ဘူးဆိုတာ မင်း အာမခံနိုင်လို့လား၊ သူက ငါတို့တွေ သံသယပိုဝင်အောင် ရည်ရွယ်ချက်ရှိရှိ ကျိန်စာမတိုက်ခံရပါဘူးလို့ ဖြေရင်ရော”
“ဟုတ်တယ်၊ အမှောင်သခင်ကြီးရဲ့ ခေါင်းအစားဆုံးကိစ္စက ကျိန်စာ မဟုတ်ဘူး၊ သဲလွန်စ တစ်စွန်းတစ်စမှ ရှာမတွေ့တာ”
တာအိုဖန်တီးရှင်လေးပါးဟာ တိတ်ဆိတ်သွားပါတယ်။
ဟန်ကျွယ်က အေးစက်စွာ ပြောလိုက်ပါတယ် “ဒီကောင်က ငါ ကောင်းကင်တာအိုထဲမှာ ကောင်းကင်တာအိုပညာရှိ ဖြစ်ကတည်းက ကျိန်စာတိုက်တာ၊ ဒီကောင်က ကောင်းကင်တာအိုနဲ့ ပတ်သက်နေတာများလား”
“ကောင်းကင်တာအိုထဲမှာ အဲဒီလိုမျိုး တည်ရှိမှု မရှိဘူး၊ ပန်ကူးနဲ့ တာအိုဘိုးဘေးက တာအိုဖန်တီးရှင်တွေ မဟုတ်ဘူး၊ သူတို့က သေမင်းတံခါးဝမှာ ရုန်းကန်နေကြတာ” ပဋိပက္ခသိစိတ်က ပြန်ဖြေပါတယ်။
အဲဒီနောက် ပဋိပက္ခသိစိတ်ဟာ ဟန်ကျွယ်ကို ကြည့်ပြီး မေးလိုက်ပါတယ် “မင်း အမှောင်သခင်ကြီးနဲ့ ဆက်သွယ်ဖူးလား”
ဟန်ကျွယ်ဟာ ခေါင်းခါပြီး အံ့အားသင့်တဲ့မျက်နှာနဲ့ ပြန်မေးလိုက်ပါတယ် “မင်းက သူနဲ့ ဆက်သွယ်ဖူးလို့လား”
ပဋိပက္ခသိစိတ် “အင်း ဆက်သွယ်ဖူးတယ်၊ အမှောင်သခင်ကြီးက နဝမပဋိပက္ခကို တော်လှန်ချင်တယ်လို့ ပြောတယ်”
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ် ‘ဒီခွေးသူခိုးတွေက ဉာဏ်တော်တော်များတာပဲ၊ ကိုယ့်ဘာသာ ဇာတ်လမ်းတောင် ထွင်လိုက်သေးတယ်’
သဏ္ဍာန်မဲ့နတ်မင်း “ငါလည်း သူနဲ့ ဆက်သွယ်ဖူးတယ်၊ သူ ပြောတာတော့ တာအိုဖန်တီးရှင်အဆင့်ကို ထိုးဖောက်ပြီး မဟာတာအိုကမ္ဘာစွမ်းအားကို ရချင်တယ်တဲ့၊ သူ့ဆီမှာ အညံ့မခံရင် ငါ့ကို ကျိန်စာဆက်တိုက်မယ်လို့ ပြောတယ်”
အနန္တဖျက်ဆီးရှင်သခင် ရှီထျန်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “ငါ သူနဲ့ မဆက်သွယ်ဖူးဘူး၊ ကြည့်ရတာ သူက ငါတို့ကို သွေးခွဲချင်ပုံပဲ၊ သူက ပေါ်မလာရဲဘူးဆိုတော့ ငါတို့ကို ကြောက်တာ သိသာတယ်၊ အနည်းဆုံး သူက ငါတို့ရဲ့ ပူးပေါင်းအင်အားကို ရင်ဆိုင်ဖို့ ယုံကြည်ချက် မရှိဘူးနဲ့ တူတယ်”
ဟန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပါတယ်။
တာအိုဖန်တီးရှင်သုံးပါးဟာ ဆက်ပြီးတော့ ဆွေးနွေးကြပါတယ်။ ဟန်ကျွယ်ဟာ အငယ်ဖြစ်တဲ့အတွက် အချိန်အများစုမှာ ထိုင်ပြီး နားထောင်ပါတယ်။
လေငါးဆယ်နာရီ ကြာတဲ့အခါမှာတော့ သူတို့တွေ ထွက်ခွာသွားကြပါတယ်။ သူတို့တွေ ဒီလောက်အကြာကြီး ဆွေးနွေးကြပေမဲ့ အကြောင်းရင်းကို သေသေချာချာ နားမလည်ကြသေးပါဘူး။ နောက်ဆုံးမှာ သူတို့တွေဟာ တစ်ယောက်ကို တစ်ယောက် ယုံကြည်ပြီး သတင်းအချက်အလက် ဖလှယ်ကြပါတယ်။
ဟန်ကျွယ်ဟာ တတိယ တာအိုစက်ကွင်းကို ပြန်ရောက်ပြီးနောက် သက်ပြင်းချလိုက်ပါတယ်။ တာအိုဖန်တီးရှင်တွေက ကျင့်ကြံမှုတင် အထင်ကြီးစရာကောင်းတာ မဟုတ်ဘဲ သရုပ်ဆောင်တာကလည်း အထင်ကြီးစရာ ကောင်းလွန်းတယ် မဟုတ်ပါလား။
ဟန်ကျွယ်ဟာ သူသာ အမှောင်သခင်ကြီး မဟုတ်ဘူးဆိုရင် သူတို့စကားကို ယုံမိမှာပါ။
ဒီတာအိုဖန်တီးရှင်တွေ အကုန်လုံးက ဉာဏ်နီဉာဏ်နက် တော်တော်များပါတယ်။ အမှောင်သခင်ကြီး ကျိန်စာတိုက်တာ ခံရတာတောင် အခြေအနေကို ကိုယ်ကျိုးအတွက် အသုံးချချင်ပါသေးတယ်။ ဘာပဲဖြစ်ဖြစ် သူတို့တွေ ဖရိုဖရဲဖြစ်ပြီး သူ့ကို ဂရုမစိုက်ရင် ဟန်ကျွယ်အတွက် အဆင်ပြေပါတယ်။
ဟန်ကျွယ် လိုချင်တာက အေးအေးဆေးဆေး ကျင့်ကြံအားထုတ်ချင်ဖို့ပါ။ ဟန်ကျွယ်ဟာ ရှန်ဝေါ်က သူ့ကိုကြည့်ပြီး ချီတုံချတုံ ဖြစ်နေတာကို တွေ့လိုက်ရတဲ့အတွက် အိပ်မက်ထဲ ဆွဲသွင်းပြီး အကျိုးအကြောင်း မေးကြည့်တဲ့အခါ ကျိန်စာနဲ့ ပတ်သက်ပြီး ပြောချင်နေမှန်း သိလိုက်ရပါတယ်။
ရှန်ဝေါ်ဟာ ရှန်ရှင်းကိုးဖော်ရှိနေလို့ တိုက်ရိုက် မပြောတာပါ။ ရှန်ရှင်းကိုးဖော်က တစ်ချိန်ချိန်မှာ အပြင်ထွက်သွားကြမှာပါ။ သူတို့တွေ အပြင်ထွက်တာနဲ့ အပြင်ကို ပေါက်ကြားနိုင်ပါတယ်။
“ကနဦးဘိုးဘေး... စောစောက ကျွန်တော် အတော်လေး အားကောင်းတဲ့ ကျိန်စာကို ခံစားရတယ်၊ ဒီကျိန်စာစွမ်းအားက အမှောင်သခင်ကြီးဖြစ်ဖို့ များတယ်”
ဟန်ကျွယ်ဟာ အံ့အားသင့်သွားပါတယ် ‘ဒီကောင်လေး ကျိန်စာလမ်းပေါ် လျှောက်လမ်းနိုင်ပြီလား...’
ဟန်ကျွယ် “မင်း ဘာမြင်လဲ”
ရှန်ဝေါ်ဟာ ခေါင်းခါလိုက်ပါတယ် “ကျွန်တော် သဲသဲကွဲကွဲတော့ မမြင်ရဘူး၊ စာအုပ်တစ်အုပ်ပဲ မြင်ရတယ်”
ဒါက ကျိန်စာတိုက်ခံရသူတွေ တွက်ချက်ကြည့်ပြီးမှ သိနိုင်တဲ့ မြင်ကွင်းပါ။
ဟန်ကျွယ် “ငါ့ကို အမှောင်သခင်ကြီးက ကျိန်စာတိုက်ခဲ့တယ်၊ ငါတင် မကဘူး၊ ကျိန်စာတိုက်ခံရတဲ့ထဲမှာ တခြားသာလွန် တည်ရှိမှုတွေလည်း ပါတယ်၊ အဲဒါကြောင့် ငါ ထွက်သွားတာပဲ၊ အမှောင်သခင်ကြီးက အခုအချိန်မှာ တော်တော် အလုပ်များနေတယ်၊ သူနဲ့ ထိပ်တိုက်မတိုးအောင်လည်း ဂရုစိုက်ဦး”
ရှန်ဝေါ်ဟာ ခေါင်းညိတ်လိုက်ပါတယ် “ကျွန်တော် သိပါတယ်၊ ကျွန်တော် သူ့ကို ယှဉ်နိုင်ဖို့ အဝေးကြီး လိုသေးတယ်ဆိုတာ၊ အဲဒီကျိန်စာစွမ်းအားက ကြောက်ဖို့ကောင်းလွန်းတယ်၊ ကျွန်တော် အဲဒီလောက်ကြီးမားတဲ့ အင်အားကို တစ်ခါမှ မမြင်ဖူးသေးဘူး... ကနဦးဘိုးဘေးတောင်...”
“ကနဦးဘိုးဘေးပြောတဲ့ သာလွန်တည်ရှိမှုတွေက ဘယ်သူတွေလဲ”
ရှန်ဝေါ်ဟာ ဟန်ကျွယ်က အမှောင်သခင်ကြီးလောက် စွမ်းအားမကြီးဘူးလို့ ပြောချင်ပေမဲ့ မသင့်တော်တဲ့အတွက် စကားလမ်းကြောင်း ပြောင်းလိုက်ပါတယ်။
ဟန်ကျွယ် “မင်း ငါတို့လို တည်ရှိမှုတွေရဲ့ နာမည်ကို ပြောလို့မရဘူး၊ အဲဒီလိုလုပ်ရင် မင်း ကြီးမားတဲ့ ကံဝန်ကို ထမ်းဆောင်ရလိမ့်မယ်၊ အဲဒီကံဝန်ကို မင်း တောင့်မခံနိုင်ဘူး”
ရှန်ဝေါ်ဟာ နားမလည်ပေမဲ့ အထင်ကြီးဖို့ ကေင်းတယ်လို့ ခံစားလိုက်ရပါတယ်။ စိတ်ထဲမှာလည်း အလိုလို လန့်သွားပြီး ထပ်မမေးရဲတော့ပါဘူး။
အိပ်မက် အဆုံးသတ်သွားတဲ့အခါ ရှန်ဝေါ်ဟာ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။
ရှန်ရှင်းကိုးဖော်က ကျင့်ကြံနေတုန်းမလို့ ဟန်ကျွယ်နဲ့ ရှန်ဝေါ်ရဲ့ အခြေအနေကို သတိမထားမိပါဘူး။
ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ဖို့ ပြင်လိုက်ပေမဲ့ ရုတ်တရက်ဆိုသလို အင်အားကြီးမားတဲ့ ရောင်ဝါကို ခံစားမိလိုက်ပါတယ်။ ရှန်ရှင်းကိုးဖော်လည်း မျက်လုံးဖွင့်ပြီး ရောင်ဝါထွက်ပေါ်ရာကို လှမ်းကြည့်လိုက်ပါတယ်။
ဒီနေရာက ပဋိပက္ခနဲ့ သာလွန် မဟာတာအိုကမ္ဘာ နယ်ခြားပါ။
ကျောက်ရွှမ်ကွမ်းဟာ ဟန်ယဲ့နဲ့ တိုက်ခိုက်ပါတယ်။ လက်ရှိ ကျောက်ရွှမ်ကွမ်းက လျှို့ဝှက်ဆန်းကြယ် အင်အားစုတစ်စုရဲ့ အကူအညီနဲ့ တော်တော်လေး နာမည်ကြီးနေပါတယ်။
ကျောက်ရွှမ်ကွမ်းဟာ နယ်မြေဒါဇင်ကျော်ကို နှစ်ဆယ်သန်းအတွင်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အင်အားစုချင်းယှဉ်ရင် သူက ပဋိပက္ခနဲ့ နံပါတ်တစ် ဖြစ်နေပါပြီ။
ကျောက်ရွှမ်ကွမ်းဟာ သူ့အာဏာကို ခိုင်ခံ့စေချင်တဲ့အတွက် သာလွန်မဟာတာအိုကမ္ဘာဆီ ချီတက်ပြီး ပဋိပက္ခရဲ့ စွမ်းအားကို ပြသပါတယ်။
ဟန်ကျွယ်ဟာ ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်က ကျောက်ရွှမ်ကွမ်းအတွက် အလုပ်လုပ်ပေးနေတာကို တွေ့မြင်လိုက်ရပါတယ်။
ဒါက ပဋိပက္ခအရှင်ရဲ့ အထောက်အပံ့ပါ။ နဝမပဋိပက္ခက နောက်ကနေ ကူညီနေမှတော့ ကျောက်ရွှမ်ကွမ်း ပဋိပက္ခကို စုစည်းဖို့ဆိုတာ ဘယ်လိုလုပ်ပြီး မဖြစ်နိုင်မှာလဲ။
ဟန်ယဲ့ဟာ ကျောက်ရွှမ်ကွမ်းထက် ငယ်ရွယ်ပေမဲ့ ဆက်တိုက် သတ်ဖြတ်မှုကြောင့် သူ့စွမ်းအားက ပုံမှန်တိုးလာနေပါတယ်။ ဒါကြောင့် ကျောက်ရွှမ်ကွမ်းနဲ့ တစ်ဦးချင်း ယှဉ်တိုက်တဲ့အခါ အရေးမနိမ့်ပါဘူး.
ရှန်ရှင်းကိုးဖော်က မဟာတာအိုပညာရှိတွေ ဖြစ်နေပြီမလို့ ဒီတိုက်ပွဲကို အသာလေး ထောက်လှမ်းနိုင်ပါတယ်။ သူတို့တွေဟာ ဒီတိုက်ပွဲကို စိတ်ဝင်တစား ကြည့်ရှုပြီး အချင်းချင်း ဆွေးနွေးကြပါတယ်။
ရှန်ဝေါ်က သူတို့ကို ဟန်ယဲ့နဲ့ မိတ်ဆက်ပေးပါတယ်။ ရှန်ရှင်းကိုးဖော်ဟာ ဟန်ယဲ့အကြောင်း သိလိုက်ရတဲ့အခါ အံ့အားသင့်သွားပြီး ဟန်ယဲ့နိုင်ဖို့ မျှော်လင့်သွားကြပါတယ်။
လောကခွင်းလေးကို ကိုင်ဆောင်ထားတဲ့ ဟန်ယဲ့ဟာ အရမ်းစွမ်းအားကြီးပါတယ်။ ပစ်လိုက်တဲ့ မြားအစင်းတိုင်းက ကြယ်တွေပစ်လိုက်သလို ပဋိပက္ခ ဟင်းလင်းပြင်ကို အက်ကြောင်း အမြောက်အမြား ထပ်သွားစေပါတယ်။
ကျောက်ရွှမ်ကွမ်းဟာ အထွတ်အထိပ် နိယာမတွေကနေ ဖြစ်တည်လာတဲ့ နတ်လက်နက်နှစ်ပါးကို ကိုင်ဆောင်ထားပါတယ်။ ဒီလက်နက်တွေကလည်း စွမ်းအားကြီးမားပါတယ်။ သက်ရှိတွေဟာ ကျောက်ရွှမ်ကွမ်းရဲ့ မောက်မာတဲ့ရောင်ဝါကို ကြည့်ပြီး ဟန်ဟွမ်ကို တွေးမိသွားပါတယ်။
ဟန်ဟွမ် ပဋိပက္ခထဲက သက်ရှိတွေကို အနိုင်ယူတုန်းကလည်း ဒီအတိုင်းပါပဲ။
ဟန်ကျွယ်ဟာ တိုက်ပွဲကို ခဏကြည့်ပြီးနောက် ပျင်းသွားပါတယ်။ တကယ်လို့ ဟန်ယဲ့ ရှုံးသွားရင်တောင် ဟန်ဟွမ် ရှိနေပါသေးတယ်။
နှစ်ဒါဇင်ကျော် ကြာတဲ့အခါမှာတော့ ဟန်ယဲ့ ရှုံးနိမ့်သွားပါတယ်။
ရှန်ရှင်းကိုးဖော်ဟာ ဟန်ယဲ့ကို သနားနေတုန်းမှာပဲ ဖန်တီးရှင်ဧကရာဇ်ရုံးတော်ရဲ့ နောက်ထပ် ထိပ်သီးကျင့်ကြံသူတစ်ဦး ထွက်ပေါ်လာတာကြောင့် အာမေဍိတ်သံ ထွက်သွားပြီး ဟန်ကျွယ်ကို မျက်လုံး ပွင့်သွားစေပါတယ်။
နောက်ရောက်လာတဲ့လူက ဟန်ဟွမ် မဟုတ်ပါဘူး။
ဖန်တီးရှင်ဧကရာဇ်ရုံးတော်ရဲ့ ဧကရာဇ်ပါ။
ဟန်လင်ဟာ ဧကရာဇ်စစ်သား ဆယ်သန်းနဲ့ ကျောက်ရွှမ်ကွမ်းကို ဝိုင်းတိုက်ပြီး မဟာတာအိုကမ္ဘာ အသီးသီးကို တုန်လှုပ်သွားစေပါတယ်။
မဟာတာအို အထွတ်အထိပ် ထိပ်ဆုံးအဆင့် ဧကရာဇ်စစ်သား ဆယ်သန်းက အလိုက်သင့် ပြောင်းလဲနိုင်စွမ်း မရှိပေမဲ့ အရေအတွက် အားကိုးနဲ့ ကျောက်ရွှမ်ကွမ်းကို လုံးဝ ဖိနှိပ်ပစ်လိုက်ပါတယ်။
ကျောက်ရွှမ်ကွမ်းရဲ့ အထွတ်အထိပ် နိယာမတွေဟာ အလျင်အမြန်ပဲ ကွဲကြေသွားပါတယ်။ အခြေအနေ မကောင်းမှန်း တွေ့တာနဲ့ ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ဟာ တိုက်ပွဲထဲ ချက်ချင်းဝင်ပြီး ကျောက်ရွှမ်ကွမ်းကို ကယ်တင်ပါတယ်။
ဒါပေမဲ့ သူတို့နှစ်ယောက် ပူးပေါင်းတာတောင် ဟန်လင်ကို မယှဉ်နိုင်တဲ့အတွက် ကျို့ကဲ့ဂျိသွမ်က ထိပ်သီးကျင့်ကြံသူတွေကို လန့်သွားစေပါတယ်။ ဒါပေမဲ့ သူတို့တွေဟာ ကြောင်ကြည့်မနေဘဲ တိုက်ပွဲထဲ အမြန်ဝင်ကြပါတယ်။
ဟန်လင်ရဲ့ ရောင်ဝါက သက်တန့်လိုပါပဲ။ ဟန်လင်ဟာ ဧကရာဇ်စစ်သား ဆယ်သန်းကို ထိန်းချုပ်ပြီး ကျို့ကဲ့ဂျိသွမ်ကို အသာအယာ တိုက်ခိုက်ပါတယ်။ ဖန်တီးရှင်ဧကရာဇ်ရုံးတော်ကနေ ဘာအကူအညီမှ ပေးစရာ မလိုပါဘူး။
နာမည်ကျော် ကျို့ကဲ့ဂျိသွမ်ကို ဟန်လင်က တစ်ကိုယ်တော် တိုက်ခိုက်တာပါ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။