← Chapters

အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုး

Vol. 102 Ch. 1070

အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုး

Vol. 102 Ch. 1070

ကျို့ကဲ့ဂျိသွမ်က ပူးပေါင်းတိုက်တာတောင် ဧကရာဇ်ကို မယှဉ်နိုင်ပါဘူး။ ကျောက်ရွှမ်ကွမ်းရဲ့ ခေါင်းဆောင်မှုအောက်မှာ ကျို့ကဲ့ဂျိသွမ်က ထိပ်သီးကျင့်ကြံသူတွေ ထွက်ပြေးသွားတဲ့အခါ သက်ရှိအားလုံးဟာ ပြိုင်ဘက်ကင်းပုဂ္ဂိုလ် အသစ်တစ်ပါး ထွက်ပေါ်လာတာကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရပါတယ်။

ဖန်တီးရုံးဧကရာဇ်ရုံးတော်၊ ဧကရာဇ်။

ဒီတော့မှာ သက်ရှိတွေဟာ ဟန်ဟွမ်က ဘာဖြစ်လို့ ဖန်တီးရှင်ဧကရာဇ်ရုံးတော်ထဲ ဝင်သွားလဲဆိုတာ သဘောပေါက်သွားပါတယ် ‘သူနဲ့တန်းတူမလို့ ဟန်ဟွမ်က ဖန်တီးရှင်ဧကရာဇ်ရုံးတော်ထဲ ဝင်သွားတာကိုး’

ဧကရာဇ်စစ်သား ဆယ်သန်းက စွမ်းအားကြီးလွန်းပြီး အထင်ကြီးဖို့ ကောင်းလှတဲ့အတွက် ပွဲကြည့်ပရိသတ်အကုန်လုံးကို တစ်သက်မမေ့နိုင်တဲ့ မြင်ကွင်းတွေ ချန်ထားခဲ့ပါတယ်။

တတိယတာအိုစက်ကွင်းထဲက ရှန်ရှင်းကိုးဖော်နဲ့ ရှန်ဝေါ်ဟာ ဟန်ကျွယ်ကို အနှောင့်အယှက် ပေးမိမှာ စိုးတဲ့အတွက် တာအိုဘုံကျောင်းထဲကထွက်ပြီး အပြင်မှာ တိုက်ပွဲအကြောင်း ဆွေးနွေးကြပါတယ်။

“အဲဒါက ဘိုးဘေးဟန်လင်လား၊ ဘယ်လောက်တောင် စွမ်းအားကြီးလိုက်လဲ”

“ငါတို့ဟန်မိသားစုက တကယ်ကို စွမ်းအားကြီးတာပဲ၊ ငါတို့တွေ ဝန်ထုပ်ဝန်ပိုးဖြစ်လို့ မဖြစ်ဘူး”

“ဟန်ဟွမ်၊ ဟန်လင်၊ ဟန်ယဲ့၊ ဟန်ထော်၊ ဟန်ယောင်၊ ဟန်ပါရှန်... ကျွတ်..ကျွတ်... အကုန်လုံးက ပဋိပက္ခကို လှုပ်ခါနိုင်တဲ့ တည်ရှိမှုတွေပဲ၊ ငါတို့တွေလည်း ဘယ်တော့မှာ ပဋိပက္ခကို လှုပ်ခါနိုင်မလဲ မသိဘူး”

“ကြိုးစားကျင့်ကြံကြ... ကနဦးဘိုးဘေးက မင်းတို့ကို အများကြီး‌ တွေးထားတာ၊ မဟုတ်ရင် ကနဦးဘိုးဘေးက မင်းတို့ကို ဘေးနားခေါ်ပြီး ကျင့်ကြံအားထုတ်ခိုင်းမှာ မဟုတ်ဘူး”

“ဘိုးဘေးဟန်ဟွမ်က ဘယ်တုန်းက ထွက်သွားတာလဲ”

“ဖန်တီးရှင်ဧကရာဇ်ရုံးတော်ထဲမှာ ဟန်မိသားစုတပည့်တွေ ဘယ်လောက်ရှိလဲ”

သူတို့တွေဟာ ရောက်တတ်ရာရာ ဆက်ပြီးတော့ ဆွေးနွေးကြပါတယ်။ တတိယ တာအိုစက်ကွင်းထဲက တပည့်တွေတောင် သူတို့ကို ဝန်းရံပြီး စိတ်လှုပ်တရှား စကားပြောကြပါတယ်။

တတိယ တာအိုစက်ကွင်းထဲက တပည့်တွေဟာ အပြင်မထွက်ကြပေမဲ့ ဒီရှည်ကြာတဲ့နှစ်တွေမှာ ပဋိပက္ခကို ကြည့်ရင်း ကြီးပြင်းလာကြတာပါ။ ဒါကြောင့် သူတို့တွေ မြင်တာ ကြားတာတွေက ရှန်ရှင်းကိုးဖော်ထက် အများကြီး ပိုပါတယ်။ ဒါကြောင့် ရှန်ရှင်းကိုးဖော်ဟာ သူတို့တွေရဲ့ စကားတွေကို သေချာဂရုတစိုက် နားထောင်ပါတယ်။

ကျို့ကဲ့ဂျိသွမ်က ဖန်တီးရှင်ဧကရာဇ်ရုံးတော်ကို ရှုံးနိမ့်သွားပေမဲ့ စိတ်ဓာတ်မကျဘဲ ဖန်တီးရှင်ဧကရာဇ်ရုံးတော်ကို ပစ်မှတ်ထားကာ ဗျူဟာအသစ်တွေ တန်ပြန်အစီအစဉ်တွေ ပြင်ဆင်ပြီး နယ်မြေချဲ့ထွင်ပါတယ်။

ဟန်ကျွယ်ဟာ ကျင့်ကြံမှုထဲ အာရုံစိုက်လိုက်တာမလို့ ဒီကိစ္စကို လျစ်လျူရှုလိုက်ပါတယ်။

ဟန်ကျွယ်မျက်လုံးထဲမှာ ကျောက်ရွှမ်ကွမ်းနဲ့ ဟန်လင်ရဲ့ တိုက်ပွဲက ကလေးတိုက်ပွဲပါ။ နဝမပဋိပက္ခ ဝင်မပါရင် ဟန်ကျွယ်ကလည်း ဝင်ပါမှာ မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ တာအိုဖန်တီးရှင် နောက်ဆုံးအဆင့်ကို ရောက်နေပြီမလို့ နဝမပဋိပက္ခကို တစ်ချက်တည်း မသတ်နိုင်ရင်တောင် အကြိတ်အနယ် တိုက်ခိုက်ဖို့ မကြောက်ပါဘူး။

ဟန်ကျွယ်က ပြဿနာတွေ တသီကြီးတက်ပြီး ကျင့်ကြံဖို့ အချိန်မရှိမှာကို ကြောက်တာပါ။

.....

ပဋိပက္ခရဲ့ အစွန်းမှာ လီတောက်ခုံးဟာ ဓားရှည်တစ်ချောင်းကို စီးနင်းပြီး ဟင်းလင်းပြင်မှာ ခရီးနှင်နေပါတယ်။

ရှေ့မှာတော့ ဧရာမ အမှောင်ထုကြီးဟာ တီတောင်လို တွန့်လိမ်ပြီး အော်ဂလီဆန်ကာ ကြောက်စရာ ကောင်းလှပါတယ်။

သေချာကြည့်လိုက်ရင် ဒီအမှောင်ထုကြီးက မိစ္ဆာနတ်ဆိုး အမြောက်အမြားကနေ ဖြစ်တည်လာတာပါ။ ဒီမိစ္ဆာနတ်ဆိုးတွေဟာ လုံးဝ မည်းနက်ပြီး မတူကွဲပြားတဲ့ ရုပ်သွင်တွေ ရှိပါတယ်။ အနက်ရောင်ကလွဲရင် သူတို့တွေမှာ တူညီတဲ့တစ်ချက်က မျက်လုံးစိမ်းတွေပါ။

“ဒီလောက်တောင် များနေပြီလား” လီတောက်ခုံးဟာ မျက်မှောင်ကြုတ်ပြီး ရေရွတ်လိုက်ပါတယ်။

လီတောက်ခုံး မျက်လုံးကျဉ်းလိုက်တဲ့အခါ မျက်လုံးထဲကနေ ဓားချီ ထွက်ပေါ်လာပါတယ်။ လီတောက်ခုံးရဲ့ မျက်လုံးထဲကနေ ထွက်ပေါ်လာတဲ့ ဓားချီဟာ ဟာရီကိန်းလိုမျိုး မိစ္ဆာနတ်ဆိုး အမြောက်အမြားကို လွှမ်းမိုးတိုက်ခိုက်ပြီး သုတ်သင်ပါတယ်။

ဓားချီ လွင့်ပါးပျောက်ကွယ်သွားတဲ့အခါ မိစ္ဆာနတ်ဆိုးတွေလည်း ပျောက်ကွယ်သွားပါတယ်။

လီတောက်ခုံးဟာ တစ်ဖက်လှည့်ပြီး ပြန်ဖို့ ပြင်လိုက်ပါတယ်။

ဒီအချိန်မှာ လီတောက်ခုံးဟာ ဟင်းလင်းပြင်နက်ထဲကနေ မိစ္ဆာနတ်ဆိုး အမြောက်အမြား ပေါ်ထွက်လာတာကို ရုတ်တရက် တွေ့လိုက်ရပါတယ်။ အရပ်ဆယ်မျက်နှာက အာကာသမှာ အက်ကြောင်းတွေထပ်ပြီး ဧရာမ မိစ္ဆာနတ်ဆိုးတွေ တွားသွား ထွက်လာပါတယ်။

ရုတ်ခြည်းဆိုသလို လီတောက်ခုံးဟာ မိစ္ဆာနတ်ဆိုးတွေ ဝိုင်းတာကို ခံလိုက်ရပါတယ်။ ဘယ်ကိုပဲကြည့်ကြည့် မိစ္ဆာနတ်ဆိုးတွေချည်းပါပဲ။ ဟင်းလင်းပြင်က ငရဲပြည် ဖြစ်သွားပါတယ်။

လီတောက်ခုံးဟာ မျက်မှောင်ကြုတ်သွားပါတယ်။ မရေမတွက်နိုင်တဲ့ အစိမ်းရောင် မျက်လုံးတွေ စိုက်ကြည့်တာကို ခံရပေမဲ့ လီ‌တောက်ခုံးက တုန်လှုပ်ချောက်ချားခြင်း မရှိပါဘူး။

‘ဒါက ပဋိပက္ခရဲ့ ထောင့်စွန်းတစ်နေရာပဲ ရှိသေးတယ်၊ ပဋိပက္ခတစ်ခုလုံးမှာရှိတဲ့ မိစ္ဆာနတ်ဆိုးတွေကို ပေါင်းလိုက်ရင် ဒါက သေချာပေါက် ကပ်ဘေးကြီး ဖြစ်လာမှာ’ လီတောက်ခုံးဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။

ဒီအချိန်မှာပဲ အရပ်ဆယ်မျက်နှာက မိစ္ဆာနတ်ဆိုးတွေဟာ အော်ဟစ်ပြီး လီတောက်ခုံးကို တစ်ချိန်တည်း ဝိုင်းတိုက်ပါတယ်။ သူတို့ရဲ့ အလျင်က အနက်ရောင် အလင်းတန်းတွေလိုမျိုး အလွန်တရာ မြန်ဆန်လွန်းပါတယ်။

ရုတ်ခြည်းဆိုသလို ဧရာမတိုက်ပွဲကြီး ဖြစ်ပေါ်လာပါတယ်။

ဒါက ပဋိပက္ခထဲမှာရှိတဲ့ အခြေအနေရဲ့ ‌ရောင်ပြန်ဟပ်မှုတစ်ခုမျှသာပါ။ ပဋိပက္ခရဲ့ အလယ်မှာရှိတဲ့ အင်အားစုတွေက တခြား မဟာတာအိုကမ္ဘာတွေနဲ့ တိုက်ခိုက်နေချိန်မှာ ပဋိပက္ခအစွန်းမှာရှိတဲ့ အင်အားစုတွေကလည်း မိစ္ဆာနတ်ဆိုးတွေ တိုက်ခိုက်တာကို ခံရပါတယ်။

ဒီမိစ္ဆာနတ်ဆိုးတွေက သက်ရှိတွေသိတဲ့ မိစ္ဆာတွေ နတ်ဆိုးတွေနဲ့ ကွဲပြားခြားနားပါတယ်။ မဟာတာအိုစွမ်းအားက သူတို့ကို ထိခိုက်အောင် မလုပ်နိုင်ပါဘူး။ ဓမ္မစွမ်းအားလည်း သူတို့ကို ထိခိုက်အောင် မလုပ်နိုင်ပါဘူး။

ဒါ့အပြင် မိစ္ဆာနတ်ဆိုးတွေရဲ့ ကျင့်ကြံမှုက အတော်လေး အားကောင်းပါတယ်။ သာမန်သက်ရှိတွေက သူတို့ကို လုံးဝ မယှဉ်နိုင်ပါဘူး။

နှစ်သန်းချီကြာသွားပေမဲ့ ပဋိပက္ခ မိစ္ဆာနတ်ဆိုးတွေက လျော့မသွားဘဲ တိုးလို့လာပါတယ်။ ဒါ့အပြင် သူတို့တွေက တားမရဆီးမရ အရှိန်အဟုန်နဲ့ ပဋိပက္ခတစ်ခုလုံးကို အန္တရာယ်ပေးလာပါတယ်။

ဒီမိစ္ဆာနတ်ဆိုးတွေ ပေါ်လာတာက ပဋိပက္ခမှာတင် မဟုတ်ပါဘူး။ ရှီထျန် သာလွန်နဲ့ သိစိတ်မဲ့ မဟာတာအိုကမ္ဘာတွေမှာလည်း ပေါ်လာပါတယ်။ သူတို့ အရေအတွက်က ထိန်းချုပ်လို့မရတဲ့ အဆင့်အထိကို ရောက်ရှိသွားတာကြောင့် အင်အားစုအသီးသီးဟာ ရွေးချယ်စရာမရှိဘဲ အချင်းချင်း တိုက်ခိုက်တာကို ရပ်လိုက်ရကြပါတယ်။

[နဝမပဋိပက္ခသည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်ငါးပွင့်။]

ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ်ဟာ ဒီအသိပေးချက်ကို တွေ့လိုက်ရတဲ့အတွက် လန့်သွားပါတယ်။

ဟန်ကျွယ်ဟာ ချက်ချင်းပဲ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “နဝမပဋိပက္ခက ငါ့ကို အမှောင်သခင်ကြီးလို့ အတပ် သိသွားတာလား”

[သက်တမ်း ၁၀၀ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[သံသယဝင်ရုံသာ ဖြစ်သည်။]

“ဒါဆို သူက တာအိုဖန်တီးရှင် အကုန်လုံးကို သံသယဝင်တာလား”

[မှန်ပါသည်]

မေးခွန်းနှစ်ခုက ဆင်တူမလို့ စနစ်က ဟန်ကျွယ် သက်တမ်းကို ထပ်မနှုတ်ပါဘူး။

ဟန်ကျွယ်ဟာ တဒင်္ဂ ချီတုံချတုံ ဖြစ်သွားပြီးနောက် ဆက်မေးပါတယ် “ငါ အစွမ်းကုန်သုံးရင် နဝမပဋိပက္ခကို သေအောင် ကျိန်စာတိုက်နိုင်လား”

ကြယ်ငါးပွင့် မုန်းတီးမှုက မြင့်လွန်းတဲ့အတွက် ဟန်ကျွယ်ဟာ နဝမပဋိပက္ခ သတ်ချင်လာပါတယ်။

[သက်တမ်း ၁၀၀ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[မသတ်နိုင်ပါ။ သို့သော် နဝမပဋိပက္ခ စိတ်ဆန္ဒ ပျောက်ဆုံးပြီး နေရာတိုင်းတွင် လျှောက်သောင်းကျန်း လိမ့်မည်။]

ဒီအဖြေကြောင့် ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်နဲ့ နဝမပဋိပက္ခကို သေအောင် ကျိန်စာတိုက်ဖို့ လက်လျှော့လိုက်ပါတယ်။ စိတ်ဆန္ဒကို ဆုံးရှုံးတာက တာအိုဖန်တီးရှင်အတွက် သေတာနဲ့ အတူတူပါပဲ။ ဒါပေမဲ့ နဝမပဋိပက္ခရဲ့ စွမ်းအားက နေရာတိုင်းမှာ လျှောက်သောင်းကျန်းမှာ ဖြစ်ပါတယ်။

ဟန်ကျွယ်ဟာ ဒီအချက်ကို လျစ်လျူမရှုထားနိုင်ပါဘူး။ ဒီလိုဖြစ်တာနဲ့ သူ့တာအိုစက်ကွင်းကလွဲရင် သူ့ရဲ့ အန္တိမမူလကမ္ဘာ အပါအဝင် နေရာတိုင်း တည်ရှိမှုတိုင်း ဖျက်ဆီးခံရမှာပါ။

ဟန်ကျွယ်ဟာ အန္တိမမူလကမ္ဘာကို တာအိုစက်ကွင်းထဲ ယူလို့ မရပါဘူး။ အန္တိမမူလကမ္ဘာ ပျက်စီးတာနဲ့ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုကလည်း တန့်သွားမှာပါ။ ဒါကြောင့် အများအတွက်ရော ကိုယ်ကျိုးအတွက်ရော ဟန်ကျွယ်ဟာ ဒီလို မလုပ်နိုင်ပါဘူး။

ဟန်ကျွယ်ဟာ အတွေးတွေကို ခေါင်းထဲကနေ ရှင်းထုတ်ပြီး ဆက်ကျင့်ကြံပါတယ်။ ဟန်ကျွယ်ဟာ နှစ်ဆယ်သန်းပြည့်တဲ့အခါ တံခါးပိတ် ကျင့်ကြံတာကို အဆုံးသတ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ အသက် သန်း ၁၉၀ ပြည့်သွားပြီး မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှု အခွင့်အရေးက ငါးကြိမ် စုမိသွားပါပြီ။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး ပြုံးလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ကျင့်ကြံမှု တိုးတက်တာကို ခံစားမိလို့ပါ။ ဟန်ကျွယ်ဟာ တာအိုဖန်တီးရှင် ထိပ်ဆုံးအဆင့်နဲ့ အလှမ်းဝေးနေသေးပေမဲ့ ဒီစွမ်းအားကြီးလာတဲ့ ခံစားချက်ကို ဘာနဲ့မှ မလဲနိုင်ပါဘူး။

“ကနဦးဘိုးဘေး... နိုးပြီးလား... ပဋိပက္ခမှာ ကိစ္စကြီး ဖြစ်ပျက်သွားတယ်” ရှန်ဝေါ်က ရင်ဖိုဖိုနဲ့ ပြောလိုက်တဲ့အတွက် ရှန်ရှင်းကိုးဖော်လည်း မျက်လုံးပွင့်လာကြပါတယ်။

“ဟုတ်တယ်... ဟုတ်တယ်...”

“မိစ္ဆာနတ်ဆိုးတွေ အများကြီး ပေါ်လာတယ်၊ ကျွန်တော်တို့တွေ သူတို့ကို ကုန်စင်အောင် မသုတ်သင်နိုင်ဘူး၊ ဘိုးဘေးဟန်ဟွမ်နဲ့ ယှဉ်နိုင်တဲ့ တည်ရှိမှုတောင် မွေးဖွားလာတယ်”

“ပဋိပက္ခက ဝရုန်းသုန်းကား ဖြစ်နေပြီ”

“အဲဒါက ငါတို့နဲ့ ဘာဆိုင်လို့လဲ၊ ပြီးခဲ့တဲ့တစ်ခေါက် အဲဒီမိစ္ဆာနတ်ဆိုးတွေ တာအိုစက်ကွင်းကို တရကြမ်းတိုက်ခိုက်တာ ထိုးဝင်လို့မှ မရဘဲ”

“သူတို့တွေ အခုမဝင်နိုင်ပေမဲ့ နောက်ကျလို့ ဝင်လာနိုင်ရင် ဘယ်လိုလုပ်မလဲ၊ ငါတို့တွေ သေမှာကို ထိုင်စောင့်နေလို့ မဖြစ်ဘူး”

ဟန်ကျွယ်ဟာ သူတို့စကားကို ကြားပြီးနောက် ပဋိပက္ခကို လှမ်းကြည့်လိုက်တဲ့အခါ သာမန် မဟာတာအိုပညာရှိချုပ်ထက် စွမ်းအားကြီးတဲ့ မိစ္ဆာနတ်ဆိုး တစ်ကောင်ကို တွေ့လိုက်ရပါတယ်။ ရောင်ဝါချင်းယှဉ်ရင် ဒီမိစ္ဆာနတ်ဆိုးရဲ့ ရောင်ဝါက ဟန်ဟွမ်ထက် မနိမ့်ကျပါဘူး။

အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးလို့ ပြောလို့ရပါတယ်။ ဒီမိစ္ဆာနတ်ဆိုးတစ်ကောင်ပဲ အသိဉာဏ်ရှိပြီး မိစ္ဆာနတ်ဆိုးအကုန်လုံးကို အမိန့်ပေးနိုင်ပါတယ်။

ဟန်ကျွယ်ဟာ ဒီမိစ္ဆာနတ်ဆိုးဆီကနေ တာအိုဖန်တီးရှင်တစ်ပါးရဲ့ စွမ်းအား တစ်စွန်းတစ်စကို ခံစားမိလိုက်ပါတယ်။

နဝမပဋိပက္ခရဲ့ အတွင်းနတ်ဆိုး။

‘နဝမပဋိပက္ခက တကယ်ကြီး သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘူးလား’

“တော်ပြီ၊ ကျင့်ကြံတာပဲ အာရုံစိုက်၊ တာအိုစက်ကွင်း အပြင်မှာ ဖြစ်ပျက်တာက မင်းတို့နဲ့ ဘာမှမဆိုင်ဘူး”

ဟန်ကျွယ်ရဲ့ စကားကြောင့် ရှန်ရှင်းကိုးဖော်ဟာ ချက်ချင်း တိတ်ဆိတ်သွားကြပါတယ်။ သူတို့ရဲ့ စိတ်လေးလံမှုတွေကလည်း ဟန်ကျွယ်ရဲ့ တည်ငြိမ်တဲ့ အမူအရာကို မြင်ရတဲ့အခါ နေလာနှင်းပျောက် ဖြစ်သွားပါတယ်။

ဟန်ကျွယ်ဟာ ပဋိပက္ခကို ဆက်ပြီးတော့ ကြည့်ရှုတဲ့အခါ ကမ္ဘာအများကြီးက မိစ္ဆာနတ်ဆိုးတွေရဲ့ သုတ်သင်ခံရတာကို တွေ့လိုက်ရပါတယ်။ ဒီမိစ္ဆာနတ်ဆိုးတွေက သက်ရှိတွေကို အစိမ်းလိုက်စားပြီး သက်ရှိတွေရဲ့ ဝိညာဉ်နဲ့ သူတို့ကိုယ်သူတို စွမ်းအားကြီးမားလာအောင် လုပ်ပါတယ်။ တော်တော် ရက်စက် ယုတ်မာတဲ့ကောင်တွေလို့ ပြောလို့ရပါတယ်။

ဒါကြောင့် မိစ္ဆာနတ်ဆိုးတွေ လက်ထဲမှာ သေရင် ပြန်မွေးဖွားဖို့ အခွင့်အရေး လုံးဝရမှာ မဟုတ်ပါဘူး။

“အင်း... ဒီကောင်လည်း ရောက်လာတာလား...”

ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်ပြီး မျက်လုံးထဲမှာ ဝမ်းသာတဲ့ အရိပ်အယောင် ယှက်သမ်းသွားပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters